လူသားမျိုးနွယ်၏ သာယာမှု...
Vol. 46 Ch. 691
အထွတ်အထိပ်မျိုးနွယ် ၁၁ ခုကြား ကြီးမြတ်သူများ၏ ဆွေးနွေးပြီးနောက် နောက်နှစ်တစ်ရာအတွင်း အထွတ်အထိပ်မျိုးနွယ် ၁၁ခုလုံး ပူးပေါင်းပြီး နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားကို သတ်ဖြတ်၍ ကြီးမြတ်သူအဆင့် လက်နက်များအားလုံးကို ပြန်လည်ရယူရမည်ဖြစ်သည်။ ယုမျိုးနွယ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များက ရတနာများစွာကို ထပ်မံ အသုံးပြုရန် ရည်ရွယ်ထားကြသည်။
" ၈၄ ခုမြောက် ရတနာ။ " ဖန်ကောင်းမိုက အသက်ပြင်းပြင်း ရှူလိုက်သည်။
၈၄ ခုမြောက် ရတနာက မျိုးနွယ်ကာကွယ်ရေးလက်နက်မဟုတ်သော်လည်း စွမ်းအားကို ချက်ချင်း မြှင့်တင်ပေးနိုင်ပြီး မျိုးနွယ်ကာကွယ်ရေးလက်နက်ထက် သာလွန်နိုင်သည်။
မျိုးနွယ်ကာကွယ်ရေးလက်နက်များက ၎င်းတို့၏ မြင့်မားသော စွမ်းရည်များကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများကိုပင် ထင်ရှားသော သက်ရောက်မှုများ ပေးနိုင်ပြီး ၈၄ခုမြောက် ရတနာက အလွှာဆယ့်နှစ် အောက်ရှိ မည်သည့်သက်ရှိမျိုးကို မဆို ချေမှုန်းနိုင်စွမ်းရှိသည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ၈၄ ခုမြောက် ရတနာနှင့် ရင်ဆိုင်ရာတွင် သတိထားရပေလိမ့်မည်။
" သွားတော့။ " ယုမျိုးနွယ်၏ အရှင်ဘုရင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
နောက်ခဏတွင် ဖန်ကောင်းမိုက နန်းတော်၏ အပြင်ဘက်သို့ ချက်ချင်း ရောက်ရှိသွားသည်။
" ၈၄ ခုမြောက် ရတနာ " ဖန်ကောင်းမို၏ မျက်လုံးများက တောက်ပသွားပြီး နဂါးငွေ့တန်းကြယ်သခင်၏ ဖိအားက အနည်းငယ် လျော့နည်းသွားပုံရသည်။
ယုမျိုးနွယ်က စကြာဝဠာ၏ အစ မူလယုမျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့အပြင် မူလယုမျိုးနွယ်က ရှေးအကျဆုံးနှင့် အနက်ရှိုင်းဆုံး မျိုးနွယ်တစ်ခုဖြစ်သည်။ မူလယုမျိုးနွယ်၏ အထွတ်အထိပ်ကာလတွင် သူတို့နှင့် ယှဉ်ရပ်နိုင်သူများမှ ယခင်စကြာဝဠာခေတ်မှ ကပ်ဘေးမျိုးနွယ်ဖြစ်သည်။
ယုမျိုးနွယ်၏ ရတနာခန်းမမှ ၈၄ ခုမြောက် ရတနာက မူလယုမျိုးနွယ်အတွင်း၌ပင် ထိပ်ဆုံးရတနာတစ်ရာ စာရင်းဝင်နိုင်သည်။ တန်ဖိုးအရ သာမန်ကြီးမြတ်သူအဆင့် လက်နက်များထက် သာလွန်သည်။
မကြာမီ ဖန်ကောင်းမိုက ယုမျိုးနွယ်၏ ရတနာခန်းမသို့ ရောက်ရှိလာသည်။
" ကျွန်တော် အရှင်ဘုရင်ရဲ့ အမိန့်အရ ၈၄ခုမြောက် ရတနာကို လာရောက်ယူဆောင်တာပါ။ " ဖန်ကောင်းမိုက ရတနာခန်းမ၏ အပြင်ဘက်တွင် ရပ်၍ ပြောလိုက်သည်။
ယုမျိုးနွယ်၏ ရတနာခန်းမက အမြဲတမ်း စောင့်ကြပ်ထားသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ရတနာများကို အတင်းအကျပ် ယူဆောင်ပြီး ထွက်ပြေးနိုင်မည်မဟုတ်ပေ။
" ခွင့်ပြုတယ်။ ၈၄ ခုမြောက်ရတနာက အရင်စကြာဝဠာခေဆ်က ကျန်ရစ်ခဲ့တာပဲ။ ဂရုတစိုက် အသုံးပြုပါ။ " ရတနာခန်းမအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။
စကြာဝဠာခေတ်၏ အဆုံးသတ်တွင် စကြာဝဠာတစ်ခုလုံး အပြည့်အဝ ပျက်စီးသွားပြီး နိယာမများနှင့် လမ်းစဉ်များအားလုံး ပြိုကွဲသွားပေလိမ့်မည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ရန် မရွေးချယ်ဘဲ စကြာဝဠာအတွင်း ကျန်နေခဲ့လျှင် နောက်ဆုံးတွင် သေဆုံးရမည်ဖြစ်သည်။
ကပ်ဘေးမျိုးနွယ်က ယခင် စကြာဝဠာခေတ်မှ ရှင်သန်နိုင်ခဲ့ခြင်းမှာ လုံးဝ ထူးခြားသော အခြေအနေတစ်ခုဖြစ်ပြီး ၎င်းက သူတို့၏ အကြီးမားဆုံး လျို့ဝှက်ချက်ဖြစ်သည်။ သို့သော် သက်ရှိများအတွက် စကြာဝဠာခေတ်နှစ်ခုကို ဖြတ်သန်းနိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ သို့သော် အချို့အထူးရတနာများက စကြာဝဠာခေတ်နှစ်ခုကို ဖြတ်သန်းနိုင်စွမ်းရှိကြသည်။
စကြာဝဠာ၏ အစမှ မူလယုမျိုးနွယ်က စကြာဝဠာကို ဦးစွာ ရှင်းလင်းရှာဖွေခဲ့သည်။ ယခုစကြာဝဠာခေတ်မှ ကျန်ရှိနေသော ရတနာများက မူလယုမျိုးနွယ်၏ လက်ထဲသို့ ကျရောက်ခဲ့သည်။
နောက်ပိုင်းတွင် မူလယုမျိုးနွယ်က ယုမျိုးနွယ်နှင့် ကျိုးမျိုးနွယ်အဖြစ် ကွဲထွက်သွားပြီး မျိုးနွယ်နှစ်ခုလုံးက မူလယုမျိုးနွယ်၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်။ ၈၄ခုမြောက် ရတနာက ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
မကြာမီ ရွှေရောင်ချိန်ခွင်တစ်ခုက ဖန်ကောင်းမို၏ ရှေ့တွင် ပေါ်လာသည်။
" ချိန်ခွင် " ဖန်ကောင်းမိုက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
နဂါးငွေ့တန်းကြယ်သခင်သာ မရှိလျှင် သူက ထိုရတနာနှင့် တွေ့ဆုံရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။ ရွှေရောင်ချိန်ခွင်၏ သက်ရောက်မှုက ရိုးရှင်းသည်။ ၎င်းက တူညီသော လဲလှယ်ခြင်းဖြစ်သည်။
ချိန်ခွင်၏ တစ်ဖက်တွင် ပစ္စည်းတစ်ခု ထားရှိသရွေ့ ၎င်းက သတ်မှတ်ထားသော အချိန်အတွင်း ရန်သူထံမှ ပစ္စည်းတစ်ခုကို အတင်းအကျပ် လဲလှယ်ယူနိုင်သည်။ ဥပမာ မိမိ၏ တိုက်ခိုက်ရေးလက်နက်ကို ချိန်ခွင်၏ တစ်ဖက်တွင် ထားပြီး ရန်သူကို ပစ်မှတ်ထားခဲ့လျှင် ရန်သူ၏ တိုက်ခိုက်ရေးလက်နက်က ခဏတာ ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုနေရာတွင် ပစ္စည်းက ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများအတွက်သာမက စိတ်ကူးယဉ်အရာဝတ္ထုများလည်း ပါဝင်သည်။ ဥပမာ သက်တမ်းဖြစ်၏။ ချိန်ခွင်ကို တူညီသော အဆင့်ကြားတွင်သာ အသုံးပြုနိုင်ပြီး လဲလှယ်နေစဉ် ဆုံးရှုံးမှုရှိနိုင်သည်။ ထို့အပြင် မိမိထည့်သွင်းထားသော ပစ္စည်းက အပြီးတိုင် ဆုံးရှုံးသွားမည်ဖြစ်ပြီး ရန်သူပစ္စည်းကိုတော့ အချိန်တစ်ခုထိသာ ကန့်သတ်ထားနိုင်သည်။
သို့သော် ချိန်ခွင်က မိမိ၏ လက်ထဲတွင် ရှိနေသောကြောင့် အရေးပါသော အခိုက်အတန့်တွင် ရန်သူအတွက် သေစေနိုင်သော ချို့ယွင်းချက်များကို ဖန်တီးပေးနိုင်သည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ချိန်ခွင်၏ အတင်းအကျပ် လဲလှယ်မှုအောက်တွင် သူတို့၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားရနိုင်သည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ဘယ်စွမ်းရည်ကို လဲလှယ်ဖို့ မင်းစီစဉ်ထားလဲ။ " ရတနာခန်းမထဲမှ အသံထွက်ပေါ်လာသည်။
မဟာစစ်မြေပြင်ရှိ အဖြစ်အပျက်များက အရေးပါသောကြောင့် သူတို့က ၈၄ခုမြောက် ရတနာကို ယူဆောင်ခြင်း၏ ရည်ရွယ်ချက်ကို သိကြလေသည်။
" ဘယ်စွမ်းရည်လဲ။ " ဖန်ကောင်းမိုက အတွေးနက်သွားသည်။ ချိန်ခွင်က အစွမ်းထက်သော်လည်း မှန်ကန်စွာ အသုံးပြုရမည်ဖြစ်သည်။
" သက်တမ်းကို လဲလှယ်မှာလား။ " ရတနာခန်းမ စောင့်ကြပ်သူက မေးလိုက်သည်။
" သက်တမ်းလား။ မဟုတ်ဘူး။ အဲ့ဒါက တန်ဖိုးမရှိဘူး။ " ဖန်ကောင်းမိုက သူ၏ ခေါင်းကို ချက်ချင်း ခါလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က အလွှာတစ်ဆယ်နှင့် အောက်တွင် ရှိနေလျှင် ထိုနည်းလမ်းက စမ်းကြည့်နိုင်သည်။ သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်သို့ ရောက်နေပြီဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်၏ သက်တမ်းကို အရေးပါသော အဆင့်သို့ လျှော့ချနိုင်ရန် သက်တမ်းဘယ်လောက်ထည့်သွင်းရမှာလဲ။
ထို့အပြင် သက်တမ်းကို လျှော့ချခြင်းက သူတို့၏ စွမ်းအားကို သက်ရောက်မှုမရှိပေ။ သက်တမ်းကလည်း ခဏပျောက်ကွယ်သွားရုံသာဖြစ်ပြီး ပြီးလျှင် ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ အလွှာဆယ့်နှစ် အခြေခံကို လဲလှယ်မှာလား။ " ရတနာခန်းမစောင့်ကြပ်သူက ထပ်မေးလိုက်သည်။
" အလွှာဆယ့်နှစ် အခြေခံလား။ " ဖန်ကောင်းမိုက ချက်ချင်း ခေါင်းခါလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်၏ လက်ထဲမှ အလွှာဆယ့်နှစ် အခြေခံကို လဲလှယ်ရန် ဖန်ကောင်းမိုက ယုမျိုးနွယ်၏ အလွှာဆယ့်နှစ် အခြေခံကို ပေးဆပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ဆုံးရှုံးမှုမျိုးကို ယုမျိုးနွယ်က လက်ခံမည်မဟုတ်ပေ။
အချိန်အတော်ကြာစဉ်းစားပြီးနောက် ဖန်ကောင်းမိုက လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော် နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရကို လဲလှယ်မယ်။ "
" အကြံမဆိုးဘူး။ " ရတနာခန်းမစောင့်ကြပ်သူက လက်ခံလိုက်သည်။
အသက်အနှစ်သာရက သက်ရှိများ၏ အခြေခံဖြစ်သည်။ အချိန်မြစ်ထဲမှ ပုံရိပ်က သူတို့၏ အသက်အနှစ်သာရအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဖန်ကောင်းမိုက နဂါးငွေ့တန်းကြယ်သခင်၏ အလွှာဆယ့်နှစ် အခြေခံကို လဲလှယ်ရန် တတ်နိုင်ခြင်းမရှိပေ။ သို့သော် သူက နဂါးငွေ့တန်းကြယ်သခင်၏ အလွှာဆယ့်နှစ် အခြေခံအား အသုံးပြုနိုင်စွမ်းကို ဆုံးရှုံးအောင် လုပ်နိုင်လေသည်။
ကန့်သတ်ချက်များထက် များစွာသာလွန်သော ကြီးမြတ်သူအဆင့် ရတနာတစ်ခုကို အသက်သွင်သရန် အသက်အနှစ်သာရလိုအပ်ချက် များစွာရှိသည်။ နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရက ပြင်းထန်စွာ ကျဆင်းသွားလျှင် သို့မဟုတ် အနည်းငယ် ကျဆင်းသွားရုံနှင့် အလွှာဆယ့်နှစ် အခြေခံကို အသက်သွင်းရန် မဖြစ်နိုင်ပေ။
ထိုအချိန်ရောက်လျှင် အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများအတွက် အခွင့်အရေးရနိုင်လေသည်။ အသက်အနှစ်သာရ ကျဆင်းသွားလျှင် အရာအားလုံးကို သက်ရောက်မှုရှိပြီး နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပိုင်ခွန်အား ကျဆင်းသွားမည်ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် အို နဂါးငွေ့တန်းကြယ်သခင် ငါတို့ မျိုးနွယ်ရဲ့ ဒီရတနာကို သုံးဖို့ တွန်းအာပေးနိုင်တာ မင်းက တကယ်ထူးခြားတဲ့သူပဲ။ " ဖန်ကောင်းမိုက တွေးလိုက်သည်။
အတိတ်တွင် ယုမျိုးနွယ်က ချိန်ခွင်ရတနာကို အကြိမ်များစွာ အသုံးပြုခဲ့သော်လည်း ၎င်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများကိုသာ ပစ်မှတ်ထားခဲ့သည်။ အစမှအဆုံးထိ ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများက ချိန်ခွန်၏ စစ်မှန်သော စွမ်းရည်များကို နားလည်ခြင်းမရှိကြပေ။
ဖန်ကောင်းမိုက ချိန်ခွင်ကို သိမ်းဆည်းပြီး ထွက်ခွာသွားသည်။ သူက အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် ဆွေးနွေးရန် ရှိနေသည်။ ယုမျိုးနွယ်က ချိန်ခွင်ကို အသုံးပြုလျှင် အခြားအထွတ်အထိပ်မျိုးနွယ်များကလည်း တူညီသော တန်ဖိုးတစ်ခုကို ပေးဆပ်ရမည်ဖြစ်သည်။
မဟာစစ်မြေပြင်၏ အလယ် အောင်မြင်ခြင်းပလ္လင်တွင် လူသားမျိုးနွယ်မဟာမိတ်မှ ဆင့်ကဲပြောင်းလဲသူများက ထိုနေရာတွင် စောင့်ကြပ်နေကြသည်။
" အရမ်းသက်သာတာပဲ။ "
" ဟုတ်တယ်။ အရင် စစ်မြေပြင်တွေမှာဆို ငါတို့ လူသားမျိုးနွယ်က အောင်မြင်ခြင်းပလ္လင်ကို သိမ်းပိုက်ခဲ့ရင်တောင် အင်အားအများကြီးသုံးရပြီး အခြားမျိုးနွယ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ "
" ဒါပေမယ့် အခု နှစ်နှစ် သုံးနှစ်တောင် ရှိနေပြီ။ အဲ့ဒီအထွတ်အထိပ်မျိုးနွယ်တွေက တန်ပြန်တိုက်ခိုက်ဖို့မပြောနဲ့ အနားတောင်မကပ်ရဲကြဘူး။ "
" ဟားဟား နဂါးငွေ့တန်းကြယ်သခင်က အဲ့ဒီ အလွှာဆယ့်တစ် အင်အားကြီးသူတွေအားလုံးကို သတ်ဖြတ်ခဲ့တာ မဟုတ်လား။ သူတို့ တန်ပြန်တိုက်ခိုက်ချင်ရင်တောင် အင်အားစုစည်းဖို့ လိုသေးတယ်။ "
" မှန်တယ်။ ကိုယ်ပွားတွေ ဆုံးရှုံးပြီး ပြန်လည်ဖန်တီးဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ အချိန်တိုအတွင်း အဲ့ဒီအထွတ်အထိပ်မျိုးနွယ်တွေက တန်ပြန်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ "