← Chapters

ဟမ် ဒါပဲလား.....

Vol. 46 Ch. 693

ဟမ် ဒါပဲလား.....

Vol. 46 Ch. 693

" မဟာစစ်မြေပြင်ထဲကို ဝင်ကြမယ်။ " ဖန်ကောင်းမိုက ရွှေရောင်ချိန်ခွင်ကို သိမ်းဆည်းလိုက်သည်။

ချိန်ခွင်၏ ဘယ်ဘက်တွင် စုစည်းနေသော

အလွှာဆယ့်တစ် အင်အားကြီးသူတစ်ရာ၏ အသက်အနှစ်သာရများက ကြာရှည်စွာ မတည်တံ့နိုင်ပေ။ သူတို့က မဟာစစ်မြေပြင်သို့ အမြန်ဝင်ရောက်ပြီး နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရကို အတင်းအကျပ် လဲလှယ်ရမည်ဖြစ်သည်။

ဖန်ကောင်းမို၏ ပုံရိပ်က ပျောက်ကွယ်သွား၏။ သူက မဟာစစ်မြေပြင်၏ အနီးသို့ ချက်ချင်း ရောက်ရှိလာပြီး စစ်မြေပြင်သို့ ဆင်းသက်လိုက်သည်။

" ဒီအကွာအဝေးက လုံလောက်သင့်ပါတယ်။ " ဖန်ကောင်းမိုက အချိန်လေဟာနယ်လမ်းကြောင်းအတိုင်း အလယ်ပိုင်းဧရိယာသို့ မဝင်ခဲ့ပေ။ ၎င်းက အလွန်အန္တရာယ်များလှသည်။ ရွှေရောင်ချိန်ခွင်၏ စွမ်းအားဖြင့် ပတ်ဝန်းကျင်နယ်မြေတွင် ရှိရုံမျှဖြင့် နဂါးငွေ့တန်းကြယ်သခင်၏ အော်ရာကို ပစ်မှတ်ထားနိုင်သည်။

" သူတို့အားလုံး အဆင်သင့် ဖြစ်နေလောက်ပြီ။ " ဖန်ကောင်းမိုက အလယ်ပိုင်းဧရိယာသို့ ကြည့်လိုက်သည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်း အထွတ်အထိပ်မျိုးနွယ်များက အင်အားကြီးသူများကို မဟာစစ်မြေပြင်သို့ လျို့ဝှက်စွာ ပြန်လည်စေလွှတ်ခဲ့သည်။ သူတို့က ပတ်ဝန်းကျင်နယ်မြေများတွင်သာ လှည့်ပတ်သွားနေကြပြီး နဂါးငွေ့တန်းကြယ်သခင်ကို ရှောင်ရှားနေခဲ့သည်။

အထွတ်အထိပ်မျိုးနွယ်များ၏ အလွှာဆယ့်တစ် အင်အားကြီးသူများက ဖန်ကောင်းမို နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရအား အားနည်းအောင် လုပ်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

" စမယ်။ " ဖန်ကောင်းမိုက ချိန်ခွင်ရတနာကို အသက်သွင်းလိုက်ပြီး သူ၏ အာရုံက အဆပေါင်းများစွာ ကျယ်ပြန့်လာသည်။

ချိန်ခွင်ရတနာ၏ ဘယ်ဘက်တွင် စုစည်းထားသော အသက်အနှစ်သာရဖြင့် ဖန်ကောင်းမိုက အလင်းနှစ် ထောင်ပေါင်းများစွာအတွင်းရှိ သက်ရှိများ၏ အသက်အနှစ်သာရများကို အလွယ်တကူ ခံစားနိုင်သည်။ သို့သော် သူက အသက်အနှစ်သာရကိုသာ ခံစားနိုင်ပြီး အသက်အနှစ်သာရ၏ အရွယ်အစားကိုတော့ မခံစားနိုင်ပေ။

ချိန်ခွင်ရတနာတွင် ထိုစွမ်းရည်မရှိပေ။ ၎င်းက သက်ဆိုင်ရာပစ္စည်းများကိုသာ လဲလှယ်နိုင်ခြင်းဖြစ်သည်။ ဖန်ကောင်းမိုက အလယ်ပိုင်းဧရိယာမှ ကြောက်စရာကောင်းသော အသက်အနှစ်သာရကို ခံစားလိုက်ရသည်။

" အဲ့ဒါ နဂါးငွေ့တန်းကြယ်သခင်ပဲ။ " ဖန်ကောင်းမိုက ချက်ချင်း အတည်ပြုလိုက်သည်။

သူက နဂါးငွေ့တန်းကြယ်သခင်နှင့် တစ်ကြိမ်သာ တွေ့ဆုံခဲ့သော်လည်း ထိုတွေ့ဆုံမှု၏ သက်ရောက်မှုက မယုံကြည်နိုင်လောက်အောင် နက်ရှိုင်းခဲ့သည်။ ချိန်ခွင်ရတနာသာ မရှိလျှင် ဖန်ကောင်းမိုက နဂါးငွေ့တန်းကြယ်သခင်နှင့် ရင်ဆိုင်ရန် သတ္တိရှိမည်မဟုတ်ပေ။

ဖန်ကောင်းမိုက ချိန်ခွန်ရတနာကို အသုံးပြုပြီး နဂါးငွေ့တန်းကြယ်သခင်၏ အော်ရာကို ပစ်မှတ်ထားလိုက်သည်။

" ဆက်သွယ်မယ်။ လဲလှယ်မှုကို လုပ်ဆောင်ဖို့ နှစ်နာရီတောင် ကြာမှာမဟုတ်ဘူး။ " ဖန်ကောင်းမိုက တွေးလိုက်သည်။

ချိန်ခွင်ရတနာ၏ စွမ်ရည်က မယုံကြည်နိုင်စရာကောင်းသော်လည်း ၎င်းက အသက်ဝင်ရန် အချိန်ယူရသည်။ အတင်းအကျပ် လဲလှယ်ရန်အတွက် ချိန်ခွင်ရတနာက နှစ်ဖက်ကြား ဆက်သွယ်မှု တည်ဆောက်ရန် လိုအပ်သည်။

အောင်မြင်ခြင်းပလ္လင်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ ဆယ်နှစ်တာ ကျင့်ကြံပြီးနောက် လင်းယွမ်က အဓိကပေါင်းစပ်နိယာမ ၁၂ ခုကို သတ္တမအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။

အဓိကပေါင်းစပ်နိယာမများ၏ နားလည်မှု သတ္တမအဆင့်က ကြီးမြတ်သူများသာ ရောက်ရှိနိုင်သော အဆင့် ဖြစ်သည်။ လင်းယွမ်က ထိုအဆင့်သို့ ဆယ်နှစ်အတွင်း ရောက်ရှိခဲ့ပြီး အဓိကပေါင်းစပ်နိယာမကလည်း ၁၂ခုဖြစ်သည်။

" အချိန်လေဟာနယ်။ " လင်းယွမ်၏ မျက်လုံးများက နက်ရှိုင်းနေပြီး အချိန်လေဟာနယ်ကောင်းကင်မြစ်က လှိုင်းထနေသည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်း လင်းယွမ်က သူ၏ စွမ်းအားအများစုကို အချိန်လေဟာနယ်တွင် နစ်မြှုပ်ခဲ့သည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို လေ့လာရာတွင် အချိန်တိုင်း တိုးတက်မှုများ ရှိသည်ဟု ခံစားခဲ့ရသော်လည်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ မရောက်သေးပေ။

" ဆယ်နှစ်က မလုံလောက်သေးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်ဖြစ်လျှင် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်။

လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆက်လက်လေ့လာရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် စောင့်ကြည့်ခံနေရသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး လင်းယွမ်နှင့် သိမ်မွေ့စွာ ဆက်သွယ်လာသည်။

" ဟမ် " လင်းယွမ်က အံ့အားသင့်သွားပြီး အထွတ်အထိပ်မျိုးနွယ် ဆယ့်တစ်ခု၏ တန်ပြန်တိုက်ခိုက်မှု စတင်ပြီကို ချက်ချင်း သိလိုက်သည်။

" ဒီပစ်မှတ်ထားခံရတဲ့ ခံစားချက်က ဘယ်ကလာလဲဆိုတာ ငါမသိဘူး။ " လင်းယွမ်၏ အမူအရာက လေးနက်သွား၏။

သူ၏ သန်မာသော စိတ်စွမ်းအားကြောင့်သော ပစ်မှတ်ထားခံရသော ခံစားချက်ကို ခံစားနိုင်ခဲ့သော်လည်း တိကျသော ရင်းမြစ်ကိုမူ မဆုံးဖြတ်နိုင်ခဲ့ပေ။

" မျှော်လင့်ထားသလိုပဲ။ အထွတ်အထိပ်မျိုးနွယ် ဆယ့်တစ်ခုက လျှော့တွက်လို့မရဘူးပဲ။ " လင်းယွမ်က ပစ်မှတ်ထားခံရသော ခံစားချက်ကို ရှာဖွေရန် ကြိုးစားကြည့်သော်လည်း အချည်းနှီးသာဖြစ်သည်။

" ဒါပေမယ့် ငါ ကြီးမြတ်သူအဆင့် လက်နက်တွေနဲ့ ရတနာတွေကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲ ပို့ထားပြီးပြီ။ ထိုက်ယန်မူလစိတ်ဝိညာဉ် သေဆုံးသွားရင်တောင် ဆုံးရှုံးမှုမကြီးမားဘူး။ " လင်းယွမ်က တည်ငြိမ်စွာရှိနေသည်။

ထို့အပြင် လင်းယွမ်က အရေးပေါ် အခြေအနေများကို ရင်ဆိုင်ရန် ကြီးမြတ်သူရှချင်အား သူ၏ ထိုက်ယင်မူလစိတ်ဝိညာဉ်ကို မဟာစစ်မြေပြင်အနီးသို့ ခေါ်ဆောင်ထားစေခဲ့သည်။

ထိုက်ယန်မူလစိတ်ဝိညာဉ် ကျဆုံးသွားသည်နှင့် မူလခန္ဓာကိုယ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ပြန်လည်ဖန်တီးမည်ဖြစ်ပြီး ထိုအချိန်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က မဟာစစ်မြေပြင်သို့ ဆင်းသက်မည်ဖြစ်သည်။

" ကိုယ်ပွားဖန်တီးတာထက် မူလစိတ်ဝိညာဉ်နှစ်ခုကို ဖန်တီးတာက ငါ့အတွက် ပိုလွယ်ကူတယ်။ ထိုက်ယင်နဲ့ ထိုက်ယန်ကို အလှည့်ကျ အသုံးပြုနေရင် ငါက ပလ္လင်ကို မကာကွယ်နိုင်စရာ အကြောင်းမရှိဘူး။ " လင်းယွမ်က မူလစိတ်ဝိညာဉ်နှစ်ခုလုံး အကြိမ်များစွာ ကျဆုံးနိုင်ခြေအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

နှစ်နာရီကြာပြီးနောက် ချိန်ခွင်ရတနာက လင်းယွမ်နှင့် ဆက်သွယ်မှုတည်ဆောက်နေသည်ကို ဖန်ကောင်းမိုက စောင့်နေခဲ့သည်။

ထိုအခိုက်တွင် ဖန်ကောင်းမို၏ မျက်လုံးများက တောက်ပသွားပြီး ချိန်ခွင်ရတနာက လင်းယွမ်နှင့် ဆက်သွယ်မှု ပြီးဆုံးသွားသည်ကို ခံစားလိုက်ရသည်။

" လဲလှယ်မယ်။ " ဖန်ကောင်းမိုက စိတ်မရှည်တော့ဘဲ ချိန်ခွင်ရတနာကို အသက်သွင်းပြီး ချိန်ခွင်ရတနာ၏ ဘယ်လက်မှ အသက်အနှစ်သာရကို နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရနှင့် လဲလှယ်လိုက်သည်။

ဝုန်း.....

ဖန်ကောင်းမို၏ ရှေ့တွင် ဘယ်ဘက်ကို ပိုလေးနေသော ရွှေရောင်ချိန်ခွင်က စတင်စောင်းလာသည်။ လဲလှယ်မှုစတင်သည်နှင့် ချိန်ခွင်၏ ညာဘက်တွင် အသက်အနှစ်သာရများ စုစည်းလာပြီး ညာဘက်သို့ နိမ့်ဆင်း၍ ချိန်ခွင်က မျှခြေညီသွားသည်။

" ပြီးပြီ။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရကို လဲလှယ်ပြီးသွားပြီ။ " ဖန်ကောင်းမိုက ပြုံးလိုက်သည်။

ချိန်ခွင်၏ ညာဘက်တွင် နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရများ စုစည်းနေသည်။ ထိုအသက်အနှစ်သာရက သာမန်အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်၏ အသက်အနှစ်သာရ လေးငါးဆခန့်နှင့် ညီမျှသည်။

" တန်ပြန်တိုက်ခိုက်မှု စတင်ပြီ။ " ထိုအတွေးဖြင့် ဖန်ကောင်းမိုက အခြားအလွှာဆယ့်တစ် ဆယ်ယောက်နှင့် စတင် ဆက်သွယ်လိုက်သည်။

အလွှာဆယ့်တစ် အင်အားကြီးသူများက ထိုအခိုက်အတန့်ကို ဆယ်နှစ်ကြာအောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင် အားနည်းသွားသည့်အချိန်တွင် သူတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ရယူမည်ဖြစ်သည်။

အောင်မြင်ခြင်းပလ္လင်၏ နက်ရှိုင်းသော နေရာတွင် လင်းယွမ်က ပစ်မှတ်ထားခံရသော ခံစားချက်၏ ရင်းမြစ်ကို ရှာဖွေနေဆဲ ဖြစ်သည်။ သူ၏ စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်ရှိနေသော်လည်း သူ၏ နယ်ပယ်က မလုံလောက်ပေ။ သာမန်အလွှာဆယ့်တစ် အင်အားကြီးသူများဆိုလျှင် ထိုပစ်မှတ်ထားခံရသော ခံစားချက်ကို ခံစားနိုင်မည်မဟုတ်ပေ။

" ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ။ " လင်းယွမ်က အထူးသတိထားနေသည်။

ကြည့်ရသည်မှာ သူက အားနည်းသော အခြေအနေတွင် ရှိပုံရပြီး ရန်သူက မည်သည့်နည်းစနစ်အား အသုံးပြုနေသည်ကိုပင် မသိနိုင်ပေ။ လင်းယွမ်က စောင့်ဆိုင်းနေစဉ် သူ၏ အသက်အနှစ်သာရက လျော့နည်းလာသည်ကို တွေ့လိုက်ရသည်။

" ငါ့ရဲ့ အသက်အနှစ်သာရက လျော့နည်းလာတာလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

အသက်အနှစ်သာရက မည်သည့်သက်ရှိအတွက်မဆို အခြေခံဖြစ်ပြီး ၎င်းလျော့နည်းသွားခြင်းက ထိခိုက်မှုဖြစ်စေသည်။ လင်းယွမ်က သူ၏ အသက်အနှစ်သာရ လျော့နည်းမှုက အလွန်နှေးကွေးပြီး သူ၏ ကြီးမားသော အသက်အနှစ်သာရနှင့် ယှဉ်လျှင် ၎င်းက ဘာမှမဟုတ်ပေ။

သို့သော် လျော့နည်းမှုက လျော့နည်းမှုသာ ဖြစ်သည်။ အထွတ်အထိပ်မျိုးနွယ် ဆယ့်တစ်ခု၏ နည်းလမ်းများအရ ၎င်းက အစသာဖြစ်ပေလိမ့်မည်။

မကြာမီ လင်းယွမ်၏ အသက်အနှစ်သာရ လျော့နည်းမှုက လျင်မြန်စွာ ရပ်တန့်သွားသည်။

" ဟမ် ဒါပဲလား။ " လင်းယွမ်က အနည်းငယ် တုန်လှုပ်သွား၏။

အသက်အနှစ်သာရ လျော့နည်းနှုန်းက အရှိန်မြင့်လာမည်ဟု လင်းယွမ်က ထင်ထားသော််လည်း ၎င်းက လျင်မြန်စွာ ပြီးဆုံးသွားသည်။

လင်းယွမ်က သူ့ကိုသူ စစ်ဆေးကြည့်လိုက်သည်။ သူ၏ အသက်အနှစ်သာရက ဆယ်သန်းပုံတစ်ပုံလောက်သာ လျော့နည်းသွားခြင်းဖြစ်သည်။

" ဒါလေးပဲလားဟ။ " လင်းယွမ်က ထိုင်နေပြီး သူ့ကိုသူ ထပ်မံစစ်ဆေးကြည့်လိုက်ရာ အသက်အနှစ်သာရအနည်းငယ်သာ လျော့နည်းသွားပြီး အခြားထိခိုက်မှုမရှိခဲ့ပေ။

ထိုအသက်အနှစ်သာရ လျော့နည်းမှုက ဆယ်သန်းပုံ တစ်ပုံသာဖြစ်ပြီး လင်းယွမ်၏ ခွန်အားအပေါ် သက်ရောက်မှုမရှိခဲ့ပေ။ ထို့အပြင် အသက်အနှစ်သာရက ခဏ လျော့နည်းသွားခြင်းဖြစ်ပြီး မကြာမီ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

All Chapters