← Chapters

လင်းယွမ်ကို ဝန်းရံတိုက်ခိုက်ခြင်း....

Vol. 46 Ch. 694

လင်းယွမ်ကို ဝန်းရံတိုက်ခိုက်ခြင်း....

Vol. 46 Ch. 694

" ဘာတွေဖြစ်နေတာလဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။

သူ၏ အသက်အနှစ်သာရလျော့နည်းသွားခြင်းက ထိုအထွတ်အထိပ်မျိုးနွယ်များ၏ လက်ချက်ဖြစ်သည်ကို ခန့်မှန်းနိုင်သည်။ ထိုသို့သော လှုပ်ရှားမှုမျိုးက အလွှာဆယ့်နှစ် ကြီးမြတ်သူအဆင့် လက်နက်၏ စွမ်းအား ဖြစ်နိုင်သည်။

သို့သော် လှုပ်ရှားခဲ့သော အထွတ်အထိပ်မျိုးနွယ်က လင်းယွမ်၏ အသက်အနှစ်သာရ ကြွယ်ဝမှုနှင့် အမြင့်ကို မှားယွင်းစွာ ဆုံးဖြတ်ခဲ့ပုံရပြီး လျော့နည်းသွားသော အသက်အနှစ်သာရက လင်းယွမ်၏ အသက်အနှစ်သာရတစ်ခုလုံးနှင့်ယှဉ်လျှင် ပင်လယ်ထဲမှ ရေတစ်စက်သဖွယ် ဖြစ်နေသည်။

အသက်အနှစ်သာရက ကဏ္ဍများစွာအပေါ် မူတည်နေသည်။ ဥပမာ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားတို့ဖြစ်ကြသည်။ ပြင်ပစွမ်းအားအများစုက အသက်အနှစ်သာရအပေါ် သက်ရောက်မှုမရှိသလောက်ဖြစ်သည်။

လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်ပေါင်း ၇၀၀ ဘီလီယံ ကျယ်ဝန်းပြီး သာမန်အလွှာဆယ့်တစ်များ၏ အတွင်းကမ္ဘာမှာ ဆယ်သန်းမှ တစ်ဘီလီယံအထိသာ ရှိကြသည်။ ထို့နောက် သူ၏ ရုပ်ခန္ဓာမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်ခန္ဓာကိုယ် အသားပေးပြီး မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ ရုပ်ခန္ဓာဖွဲ့စည်းပုံများကိုလည်း ပေါင်းစပ်ထားသည်။

ထို့အပြင် ဆန်းကြယ်သော ဘူးသီးခြောက်ကလည်း ရုပ်ခန္ဓာကို မြှင့်တင်ပေးပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကိုလည်း နှစ်ကြိမ် စုပ်ယူထားခဲ့သည်။

စိတ်ဝိညာဉ်ကလည်း အတူတူပင် ဖြစ်သည်။ အစွမ်းထက်သော အတွင်းကမ္ဘာနှင့် ရုပ်ခန္ဓာကြောင့် စိတ်ဝိညာဉ်ကလည်း သန်မာလေသည်။

စိတ်စွမ်းအားက ပြောစရာပင်မလိုပေ။ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က အလွှာဆယ့်နှစ်သို့ မရောက်သေးသော်လည်း စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်နေပြီဖြစ်သည်။ စိတ်စွမ်းအားညွှန်းကိန်း ၃,၃၃၀,၀၀၀ ကျော်က အလွှာဆယ့်နှစ် ကြီးမြတ်သူအချို့ထက်ပင် ကျော်လွန်နိုင်သည်။

အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားတို့ ပေါင်းစပ်မှုက လင်းယွမ်၏ အသက်အနှစ်သာရကို အလွှာဆယ့်တစ် အင်အားကြီးသူများထက် များစွာ သာလွန်စေခဲ့သည်။ အဆသန်းတစ်ရာ သို့မဟုတ် အဆသန်းပေါင်းများစွာ ကွာခြားမှု ရှိနေသည်။

ထိုကဏ္ဍက အချိန်မြစ်ထဲတွင်လည်း ထင်ဟပ်နေသည်။ ထိုနေရာတွင် သာမန် အလွှာဆယ့်တစ် အထွတ်အထိပ်များက ငါးကြီးများသာ ဖြစ်သည်။ သို့သော် လင်းယွမ်၏ ခန္ဓာကိုယ်က အချိန်မြစ်၏ ကြမ်းပြင်ကို ဖုံးလွှမ်းနေပြီး အနည်းငယ် လှုပ်လိုက်သည်နှင့် အနီးရှိ အလွှာဆယ့်တစ် သက်ရှိများစွာကို မတည်မငြိမ်ဖြစ်စေပြီး အချိန်မြစ်၏ စီးဆင်းမှုကိုပင် သက်ရောက်မှုရှိစေနိုင်သည်။

တစ်ချိန်တည်းတွင် အောင်မြင်ခြင်းပလ္လင်၏ အနီးတွင် လေဟာနယ်က ဆုတ်ပြဲသွားပြီး ကြောက်စရာကောင်းသော လေဟာနယ်အက်ကြောင်း ဆယ်ခုကျော် ပေါ်လာခဲ့သည်။ အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက မျိုးနွယ်ကာကွယ်ရေးလက်နက်များနှင့် အခြားရတနာများကို ကိုင်စွဲပြီး အောင်မြင်ခြင်းပလ္လင်ကို တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

" အစွမ်းကုန်ထုတ်သုံးကြ။ "

ကပ်ဘေးမျိုးနွယ်မှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူက အဆုံးမဲ့အော်ရာများဖြင့် ဖုံးလွှမ်းနေသည်။ အခြားအလွှာဆယ့်တစ် အင်အားကြီးသူများကလည်း အလွှာဆယ့်တစ်ထက် ကျော်လွန်သော စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ယုမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ကို ချိန်ခွင်ရတနာနှင့် လျော့ချထားပြီး သူတို့က ထိုအခွင့်အရေးကို အသုံးချကာ နဂါးငွေ့တန်းကြယ်သခင်ကို ရှင်းလင်းပြီး ကြီးမြတ်သူအဆင့် လက်နက်များကို ပြန်လည်ရယူရန် ဖြစ်သည်။

သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို သတ်ပစ်လျှင်တောင် ၎င်းက ကိုယ်ပွားတစ်ခုသာဖြစ်ပြီး မူလခန္ဓာကိုယ်က ကိုယ်ပွားများကို ဆက်လက်ဖန်တီးနိုင်သေးသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ ခန့်မှန်းချက်အရ နဂါးငွေ့တန်းကြယ်သခင်ထိန်းချုပ်ထားသော အလွှာဆယ့်နှစ်အခြေခံက ကန့်သတ်ချက် မြင့်မားနိုင်လေသည်။

မဟုတ်လျှင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော် စုဝေးသည့်အချိန်ထိ စောင့်ပြီးမှ လှုပ်ရှားမည်မဟုတ်ပေ။ ထို့ကြောင့် နဂါးငွေ့တန်းကြယ်သခင်နှင့် အကွာအဝေးတစ်ခုအထိ ထိန်းထားနိုင်သရွေ့ ဖြေရှင်းရန် လွယ်ကူစေသည်။

" သတ်ကြ " အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူက မျိုးနွယ်ကာကွယ်ရေးလက်နက် အိပ်မက်ဆိုးနယ်မြေကို ကိုင်စွဲပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။

အောင်မြင်ခြင်းပလ္လင်တွင် စောင့်ကြပ်နေကြသော လူသားမျိုးနွယ်မဟာမိတ်မှ အင်မားကြီးသူများက ရုတ်တရက် ထိတ်လန့်သွားကြပြီး ပလ္လင်ဆီသို့ ပြေးလာကြသော ပုံရိပ်ဆယ်ခုကျော်ကို မြင်လိုက်ရသည်။ ထိုပုံရိပ်ဆယ်ခုကျော်က စစ်မြေပြင်ရှိ လေဟာနယ်ကို ဖျက်ဆီးပြီး လူသားမျိုးနွယ်မဟာမိတ်မှ အင်မားကြီးသူများ၏ စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေခဲ့သည်။

ရွှမ်ယွမ်ယိုပင် ဦးရေပြားများ ထုံကျဉ်သွားသည်။ ထိုပုံရိပ်ဆယ်ခုကျော်က အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများဖြစ်ကြပြီး လူသားမျိုးနွယ်မဟာမိတ်ကို ချေမှုန်းရန် အစွမ်းထက်ဆုံး နည်းစနစ်များကို အသုံးပြုနေကြသည်။

" နဂါးငွေ့တန်းကြယ်သခင် " ရွှမ်ယွမ်ယို၏ စိတ်က တင်းကြပ်သွားသည်။

ထိုအထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ်များ ရဲတင်းစွာ လာရောက်ရဲခြင်းမှာ နဂါးငွေ့တန်းကြယ်သခင်နှင့် ရင်ဆိုင်ရန် ယုံကြည်မှုရှိခြင်းကြောင့်ဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်မှ လင်းယွမ်ပြသခဲ့သော ကြောက်မက်ဖွယ်ခွန်အားကို ကြည့်ပြီး အထွတ်အထိပ်မျိုးနွယ် ဆယ့်တစ်ခုက သူတို့၏ အလွှာဆယ့်တစ် အင်အားကြီးသူများကို ယုံကြည်မှုမရှိဘဲ သေရန် စေလွှတ်မည်မဟုတ်ပေ။ သူတို့က လှုပ်ရှားခြင်းက လုံလောက်သော ယုံကြည်မှုရှိသည်မှာ ထင်ရှားနေသည်။

" ဟမ် " ပလ္လင်၏ အနက်ရှိုင်းဆုံးမှ လင်းယွမ်က သူ့ဆီသို့ လာနေသော အသန်မာဆုံး အလွှာဆယ့်တစ်များကို သတိပြုမိသည်။

" ပထမဆုံး ငါ့ရဲ့ အသက်အနှစ်သာရကို အားနည်းစေတယ်။ ပြီးတော့ သူတို့က အစွမ်းကုန်တိုက်ခိုက်တယ်။ မဆိုးဘူးပဲ။ " လင်းယွမ်က တည်ငြိမ်နေဆဲ ဖြစ်သည်။

ပြောရလျှင် အထွတ်အထိပ်မျိုးနွယ်များ၏ အစီအစဉ်က ပြည့်စုံပြီး ကြီးမြတ်သူများ၏ အကြံအစည်များ ပါဝင်နေသည်မှာ ထင်ရှားသည်။ သို့သော် ကံမကောင်းစွာဖြင့် သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရ နက်ရှိုင်းမှုကို မှားယွင်းဆုံးဖြတ်ခဲ့ကြသည်။

အမှန်တော့ သူတို့အပြစ်လည်း မဟုတ်ပေ။ အလွှာဆယ့်တစ်က ထိုမျှနက်ရှိုင်းသော အသက်အနှစ်သာရကို ပိုင်ဆိုင်လိမ့်မည်ဟု ကြီးမြတ်သူများပင် မျှော်လင့်ထားကြမည်မဟုတ်ပေ။ လူသားမျိုးနွယ်မှ ကြီးမြတ်သူများလည်း ထို့အတူပင် ဖြစ်သည်။ လင်းယွမ်က အလွှာဆယ့်တစ်နှင့် အလွှာဆယ့်နှစ်ကြားတွင် အဆင့်သစ်တစ်ခု ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေသည်။

" အားလုံးနီးပါး ရောက်လာကြပြီပဲ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ကမ္ဘာနတ်စွမ်းရည်က တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။

" သတ်ကြ။ "

" နဂါးငွေ့တန်းကြယ်သခင် မင်းကိုသတ်ဖို့ ငါတို့လာပြီ။ "

အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက ချဉ်းကပ်လာကြပြီး ပလ္လင်ကို ဖျက်ဆီးရန် မျိုးနွယ်ကာကွယ်ရေးလက်နက်များကို အသက်သွင်းလိုက်ကြသည်။

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးက ပြောင်းလဲသွားပြီး ကမ္ဘာတစ်ခု ဆင်းသက်လာသည်။

" ဟမ် "

" အဲ့ဒါဘာလဲ။ "

" န နဂါးငွေ့တန်း ကြယ်သခင်က ဒီနည်းစနစ်ကို ထပ်သုံးပြန်ပြီ။ "

အလွှာဆယ့်တစ် အင်အားကြီးသူများက ဖြူဖျော့သွားကြပြီး အနည်းငယ် မယုံကြည်နိုင်ဖြစ်နေကြသည်။ ကပ်ဘေးမျိုးနွယ်မှ အင်အားကြီးသူပင် ရုတ်တရက် စိုးရိမ်သွားသည်။

ဖန်ကောင်းမိုက ယုမျိုးနွယ်၏ ချိန်ခွင်ရတနာကို အသုံးပြုပြီး နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရကို လျော့နည်းစေပြီး ထိုအလွှာဆယ့်နှစ် အခြေခံကို အသုံးမပြုနိုင်ဘူးဟု ပြောခဲ့သည်။

သို့သော် ယခု ဘာဖြစ်တာလဲ။ မျက်စိတ်တစ်မှိတ်အတွင်း အလွှာဆယ့်တစ် အင်အားကြီးသူဆယ်ယောက်ကျော်က တုန့်ဆိုင်းခြင်းမရှိဘဲ လှည့်ပြေးကြသည်။ လွန်ခဲ့သော ဆယ့်နှစ်က သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ ကမ္ဘာစွမ်းရည်ကို သူတို့မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

အစွန်အဖျားဒေသတွင် ဖန်ကောင်းမိုက စစ်မြေပြင်ကို စောင့်ကြည့်နေသည်။ သူ၏ ရှေ့တွင် ရွှေရောင်ချိန်ခွင်က ညီမျှနေပြီး နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရက ဆက်လက်အားနည်းနေသည်ကို ဖော်ပြနေသည်။

" အဲ့ဒီအလွှာဆယ့်နှစ် အခြေခံသာမရှိရင် နဂါးငွေ့တန်းကြယ်သခင်က အခြားအသန်မာဆုံး အလွှာဆယ့်တစ်တွေထက် သိပ်မသာနိုင်ဘူး။ အခု ရင်ဆိုင်နေရတာက..."

ဖန်ကောင်းမိုက တွေးလိုက်သော်လည်း မကြာမီ အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်တို့၏ မေးခွန်းများကို လက်ခံလိုက်ရသည်။

" ဖန်ကောင်းမို နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရက လုံးဝ မလျော့နည်းသေးဘူး။ "

" ဖန်ကောင်းမို နဂါးငွေ့တန်းကြယ်သခင်က အဲ့ဒီနည်းလမ်းကို သုံးနိုင်နေတုန်းပဲ။ အခု ငါတို့အားလုံး ဖိနှိပ်ခံနေရပြီ။ "

" ဖန်ကောင်းမို မင်းက ငါ့တို့ကို လိမ်ခဲ့တာလား။ မင်းက လုသားမျိုးနွယ်မဟာမိတ်ဘက်ကို ပါသွားတာလား။ "

မေးခွန်းများတစ်ခုပြီးတစ်ခုက ဖန်ကောင်းမိုကို တွေဝေသွားစေသည်။ သူ၏ ရှေ့ရှိ ရွှေရောင်ချိန်ခွင်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရက ညာဘင်ခြမ်းတွင် ရှိနေဆဲ ဖြစ်သည်။

" မဖြစ်နိုင်ဘူး။ " စစ်မြေပြင်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ ဖန်ကောင်းမိုက ချက်ချင်း နားလည်လိုက်သည်။

ထိုအရှိန်အဝါကို ဖန်ကောင်းမိုက ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။ ၎င်းက လွန်ခဲ့သော ဆယ်နှစ်တွင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ် တစ်သောင်းကျော်ကို သတ်ဖြတ်ရန် အသုံးပြုခဲ့သော နည်းလမ်းဖြစ်ပြီး ထိုနည်းလမ်းက အလွှာဆယ့်နှစ်နှင့် နီးကပ်နေပြီဖြစ်သည်။

သို့သော် ယခု ချိန်ခွင်ရတနာကို အသုံးပြု၍ နဂါးငွေ့တန်းကြယ်သခင်၏ အသက်ကို အားနည်းသွားစေခဲ့သော်လည်း သူက ထိုအလွှာဆယ့်နှစ် အခြေခံကို အသုံးပြုနိုင်သေးသည်။

All Chapters