ကြီးမြတ်သူများ ထွက်ပေါ်လာခြင်း...
Vol. 46 Ch. 695
နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရက လျော့နည်းသွားသော်လည်း ထိုနည်းလမ်းကို အသုံးပြုနိုင်စွမ်းက အားနည်းသွားသင့်ပေသည်။
သို့သော် ယခု စစ်မြေပြင်၏ အလယ်မှ ဖန်ကောင်းမို ခံစားလိုက်ရသော ကြီးမားသည့်အရှိန်အဝါက ယခင်ထက် အားနည်းသွားပုံမရပေ။ နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရက အားမနည်းသွားဘူးလား။
၎င်းက မဖြစ်နိုင်ပေ။ ချိန်ခွင်ရတနာက နဂါးငွေ့တန်းကြယ်သခင်ကို အားနည်းသွားစေခဲ့သည်။ ဖန်ကောင်းမိုက ချိန်ခွင်ရတနာမှ တစ်ဆင့် နဂါးငွေ့တန်းကြယ်သခင်နှင့် ဆက်သွယ်မှုကို ခံစားနိုင်ဆဲ ဖြစ်သည်။
" ဘာဖြစ်နေတာလဲ။ "
" ချိန်ခွင်ရတနာမှာ ပြဿနာတစ်ခုခုရှိနေတာလား။ " ဖန်ကောင်းမို၏ မူလခန္ဓာကိုယ်က ယုမျိုးနွယ်၏ အရှင်ဘုရင်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။
ယုမျိုးနွယ်၏ နန်းတော်အတွင်း ဖန်ကောင်းမိုက အောက်တွင် ရပ်ပြီး ပလ္လင်ပေါ်မှ အရှင်ဘုရင်၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေသည်။ ချိန်ခွင်ရတနာက နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရကို အားနည်းသွားစေခဲ့သောကြောင့် ချိန်ခွင်၏ ညာဘက်တွင် ပေါ်လာခြင်းဖြစ်သည်။
" ချိန်ခွင်ရတနာက နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရကို တကယ် အားနည်းသွားစေခဲ့တယ်။ " ယုမျိုးနွယ်၏ အရှင်ဘုရင်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ဖန်ကောင်းမိုက ချိန်ခွင်ရတနာကို အသုံးပြုနေသော်လည်း ယုမျိုးနွယ်၏ အရှင်ဘုရင်က အနီးကပ်စောင့်ကြည့်နေခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင်ကို တကယ် အားနည်းစေခဲ့တာလား။ " ဖန်ကောင်းမိုက ပို၍ စိတ်ရှုပ်ထွေးသွားသည်။
သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်၏ ပုံစံက အသက်အနှစ်သာရ အားနည်းသွားခြင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။
" ဖြစ်နိုင်တာက မင်းအားနည်းစေခဲ့တဲ့ အသက်အနှစ်သာရက နဂါးငွေ့တန်းကြယ်သခင်အတွက် အရမ်းနည်းလွန်းလို့ သူ့ရဲ့ ခွန်အားကို သက်ရောက်မျိုမရှိခဲ့တာ ဖြစ်နိုင်တယ်။ " ခဏကြာသောအခါ ယုမျိုးနွယ်၏ အရှင်ဘုရင်က ပြန်ဖြေလိုက်သည်။
" အရမ်းနည်းလွန်းတာလား။ " ဖန်ကောင်းမိုက အနည်းငယ် ထိတ်လန့်သွားသည်။
အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ရာ၏ အသက်အနှစ်သာရ အနည်းငယ်က အလွှာဆယ့်တစ် ဆယ်ယောက်၏ အသက်အနှစ်သာရနှင့် ညီမျှပြီး ဆုံးရှုံးမှုကို ထည့်တွက်လျှင်တောင် လေးငါးယောက်၏ အသက်အနှစ်သာရနှင့် ညီမျှနေဆဲ ဖြစ်သည်။ ထိုမျှများပြားသော အသက်အနှစ်သာရက နဂါးငွေ့တန်းကြယ်သခင်အတွက် အရမ်းအားနည်းလွန်းတာလား။
မဟာစစ်မြေပြင်။
လင်းယွမ်က ကမ္ဘာစွမ်းရည်၏ ဝန်းရံမှုအောက်တွင် မျိုးနွယ်ကာကွယ်ရေးလက်နက်များနှင့် ခက်ခဲစွာ ရုန်းကန်နေရသော အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများကို ကြည့်လိုက်သည်။
လွန်ခဲ့သော ဆယ်နှစ်နှင့် ယှဉ်လျှင် လင်းယွမ်က သူ၏ ခွန်အားကို တိုးတက်စေခဲ့ပြီး ပေါင်းစပ်နိယာမဆယ်ခုကျော်ကလည်း သတ္တမအဆင့်သို့ ရောက်ရှိခဲ့ရာ အတွင်းကမ္ဘာက နောက်ထပ် အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
အတွင်းကမ္ဘာ၏ တိုးမြှင့်မှုကြောင့် ကမ္ဘာစွမ်းရည်၏ ပြင်ပကမ္ဘာကလည်း ပိုမိုအားကောင်းလာခဲ့သည်။ ယခင်က အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက သူတို့၏ မျိုးနွယ်ကာကွယ်ရေးလက်နက်များဖြင့် ပြင်ပကမ္ဘာ၏ လေဟာနယ်ကို ဆုတ်ဖြဲကာ အဝေးသို့ ထွက်ပြေးနိုင်ခဲ့သည်။
သို့သော် ဆယ်နှစ်ကြာပြီးနောက် သူတို့က ထိုသို့ မလူပ်နိုင်တော့ပေ။ မျိုးနွယ်ကာကွယ်ရေးလက်နက်များ၏ ကြောက်စရာကောင်းသော စွမ်းအားများက ပေါက်ကွဲနေသော်လည်း အချည်းနှီးသာဖြစ်သည်။ ပြင်ပကမ္ဘာအတွင်း လေဟာနယ်က ခိုင်မာနေပြီး လင်းယွမ်မှလွဲ၍ ဘယ်သူမှ ဆုတ်ဖြဲနိုင်မည်မဟုတ်ပေ။
" ဒါက အလွှာဆယ့်တစ် အင်အားကြီးသူတွေကို ပိတ်လှောင်ဖို့ လုံလောက်ပေမယ့် ပြင်ပကမ္ဘာ ပေါက်ကွဲသွားရင်တောင် သူတို့ထဲက တစ်ယောက်ကို သတ်ပစ်ဖို့ ခက်ခဲလိမ့်မယ်။ " လင်းယွမ်က ကြီးမားသော ကမ္ဘာအတွင်း ရုန်းကန်နေသော အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများကို ငုံ့ကြည့်လိုက်သည်။
မျိုးနွယ်ကာကွယ်ရေးလက်နက်နှင့် ကြီးမြတ်သူအဆင့် လက်နက်များကြား အကြီးမားဆုံး ကွာခြားချက်မှာ ၎င်းတို့၏ စွမ်းအားအဆင့် မဟုတ်ပေ။ အချို့ကြီးမြတ်သူအဆင့် လက်နက်များ၏ စွမ်းအားက မျိုးနွယ်ကာကွယ်ရေးလက်နက်များထက် သိပ်မနိမ့်ပေ။
အဓိကကွာခြားချက်မှာ ကိုင်ဆောင်သူသာဖြစ်၏။ ကြီးမြတ်သူအဆင့် လက်နက်များကို ကိုင်ဆောင်ထားသူများက အလွှာဆယ့်တစ် အင်အားကြီးသူများဖြစ်ကြသောကြောင့် ကြီးမားသော တန်ဖိုးတစ်ခုကြောင့် လုံးဝမလိုအပ်လျှင် ကြီးမြတ်သူအဆင့်လက်နက်များကို အသုံးမပြုကြပေ။
မျိုးနွယ်ကာကွယ်ရေးလက်နက်ကို အမှန်တကယ် ပိုင်ဆိုင်သူများမှာ အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများမဟုတ်ဘဲ သူတို့၏ နောက်ကွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများဖြစ်ကြသည်။
မျိုးနွယ်ကာကွယ်ရေးလက်နက်များ၏ အတွင်း၌ ကြီးမြတ်သူများ ချန်ထားခဲ့သော နည်းစနစ်များ ပါဝင်သည်။ ၎င်းတို့က ပုံမှန်အခြေအနေတွင် ငြိမ်သက်နေသော်လည်း အရေးကြီးသော အခိုက်အတန့်တွင် ပေါက်ကွဲလာပေလိမ့်မည်။ မျိုးနွယ်ကာကွယ်ရေးလက်နက်များကို တိုက်ရိုက်သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်သည်။
မျိုးနွယ်ကာကွယ်ရေးလက်နက်ကို ကိုင်ဆောင်ထားသော အလွှာဆယ့်တစ် အင်အားကြီးသူများက ပြင်ပကမ္ဘာ၏ လေဟာနယ်ကို မဆုတ်ဖြဲနိုင်ခြင်းမှာ မျိုးနွယ်ကာကွယ်ရေးလက်နက်များ၏ စွမ်းအားက မလုံလောက်ခြင်းကြောင့်မဟုတ်ပဲ မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်းရှိ နည်းစနစ်များ အသက်မဝင်သေးသောကြောင့် ဖြစ်သည်။
သို့သော် လင်းယွမ်က အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများကို လုံးဝသတ်ပစ်ရန် ကြိုးစားလျှင် မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်းရှိ ကြီးမြတ်သူအဆင့် နည်းစနစ်များက သေချာပေါက် အသက်ဝင်လာပေလိမ့်မည်။ အထွတ်အထိပ်မျိုးနွယ်များက မျိုးနွယ်ကာကွယ်ရေးလက်နက်များကို စစ်မြေပြင်သို့ ယူဆောင်ခွင့်ပြုထားသောကြောင့် အပြည့်အဝ ပြင်ဆင်ထားမည်ဖြစ်ပြီး အလွယ်တကူ ဆုံးရှုံးခံမည်မဟုတ်ပေ။
" အရင်ဆုံး စွမ်းအား အားလုံးကို စုစည်းပြီး တစ်ယောက်ကို သတ်နိုင်မလား ကြည့်ရမယ်။ " လင်းယွမ်၏ အကြည့်က အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူအပေါ်သို့ ကျရောက်သွားသည်။
ဝုန်း....
မမြင်နိုင်သော တုန်ခါမှုတစ်ခုက မျိုးနွယ်ကာကွယ်ရေးလက်နက် အိပ်မက်ဆိုးနယ်မြေကို ကိုင်ဆောင်ထားသော အင်းဆက်မျိုးနွယ်၏ အင်အားကြီးသူကို ဝန်းရံသွားသည်။
" မကောင်းတော့ဘူး။ " အင်းဆက်မျိုးနွယ်၏ အင်အားကြီးသူက ဦးရေပြားများ ထုံကျဉ်သွားပြီး သူမ မသိလိုက်ခင် နဂါးငွေ့တန်းကြယ်သခင်က သူမအနီးသို့ ရောက်လာသည်။ ထို့နောက် နဂါးငွေ့တန်းကြယ်သခင်က သူ၏ ညာလက်ကို ဆန့်ပြီး သူမဆီသို့ ဖြည်းညင်းစွာ ဖိချလိုက်သည်။
ကမ္ဘာစွမ်းရည်က အသက်သွင်းပြီးနောက် ခြောက်စက္ကန့်သာ ကြာမြင့်သည်။ ထို့ခြောက်စက္ကန့်အတွင်း လင်းယွမ်က အင်းဆက်မျိုးနွယ်၏ အလွှာဆယ့်တစ် အင်အားကြီးသူကို လုပ်ကြံသတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။
အဓိကအားဖြင့် လူသားမျိုးနွယ်မဟာမိတ်နှင့် အင်းဆက်မျိုးနွယ်မဟာမိတ်တို့ကြား ရန်ငြိုးက အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ လင်းယွမ်က မကြီးထွားလာသေးမီကပင် လုပ်ကြံမှုများကို ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့အနက် အများစုက အင်းဆက်မျိုးနွယ်၏ လက်ချက်ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် " အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စိတ်ဝိညာဉ်လှိုင်းများက အရပ်မျက်နှာအားလုံး ပျံ့နှံ့လာသည်။
သို့သော် စိတ်ဝိညာဉ်လှိုင်းများက လင်းယွမ်၏ အနီးသို့ ရောက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသည်။ အင်းဆက်မျိုးနွယ်ဝင်၏ အမြင်တွင် လင်းယွမ် ဖိချလိုက်သော ညာလက်က တဖြည်းဖြည်း ကြီးမာလာပြီး ကြောက်စရာကောင်းသော ဖိအားက ကြီးမြတ်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ဝုန်း....
ထိုအခိုက်အတန့်တွင် အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူ၏ ခေါင်းပေါ်ရှိ အိပ်မက်ဆိုးနယ်မြေက ရုတ်တရက် အလင်းရောင်တစ်ခု ထုတ်လွှတ်လာသည်။
ထိုအလင်းရောင်က အလွှာဆယ့်တစ် အသုံးပြုချိန်တွင် ထွက်ပေါ်လာသော အလင်းရောင်နှင့် မတူပေ။ ၎င်းက အရာအားလုံး အိပ်မက်ဖြစ်သကဲ့သို့ ပုံရိပ်ယောင်များနှင့် ပြည့်နှက်နေသည်။
လင်းယွမ်၏ စိတ်ပင် ခဏနစ်မြှုပ်သွားပြီး သူ၏ သန်မာသော စိတ်စွမ်းအားကြောင့် လွတ်မြောက်သွားသည်။
" ဟင် ဒီလောက် သန်မာတဲ့ စိတ်စွမ်းအား..."
အနည်းငယ် အံ့ဩသွားသော အသံတစ်ခုက ထွက်ပေါ်လာပြီး လင်းယွမ်က မော့ကြည့်လိုက်သောအခါ အိပ်မက်ဆိုးနယ်မြေမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုပုံရိပ်က အလွန်သိမ်မွေ့သော်လည်း လင်းယွမ်အား ကြီးမြတ်သူယုတိုင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားသွားရစေသည်။
" ဒါက အလွှာဆယ့်နှစ် ကြီးမြတ်သူလား။ " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ပလ္လင်တွင် ပြန်ပေါ်လာသည်။
အသန်မာဆုံး အလွှာဆယ့်တစ် တစ်ယောက်ကို သတ်ပစ်ခြင်းက မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်း အလွှာဆယ့်နှစ် ကြီးမြတ်သူ ချန်ထားသော နည်းစနစ်က ထွက်ပေါ်လာမည်ဟု သူက ကြိုတင်ခန့်မှန်းခဲ့သော်လည်း ကြီးမြတ်သူ၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ထိုပုံရိပ်က ကြီးမြတ်သူတစ်ယောက်၏ ကိုယ်ပွားဖြစ်သော်လည်း လက်ရှိအချိန်တွင် လင်းယွမ် ကိုင်တွယ်ဖြေရှင်းနိုင်သော အရာမဟုတ်ပေ။
" ဟားဟား အသွင်ပြောင်းလဲခြင်းဧကရီ ကြီးမြတ်သူတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ ပေါ်လာတာ နည်းနည်း မသင့်တော်ဘူးမဟုတ်လား။ " ပလ္လင်အတွင်း၌ ရွှမ်ယွမ်ယို၏ ညာဘက်မှ လက်စွပ်ကလည်း တောက်ပစွာ လင်းလက်လာသည်။ အလားတူ လူတစ်ယောက်၏ ပုံရိပ်က စုစည်းလာပြီး အဝေးရှိ အိပ်မက်ဆိုးနယ်မြေမှ ထွက်ပေါ်လာသော ကြီးမြတ်သူပုံရိပ်ကို ကြည့်နေသည်။
" ကြီးမြတ်သူရွှမ်ယွမ်ပဲ။ " လင်းယွမ်က အမျိုးသား၏ ပုံရိပ်ကို ကြည့်ပြီး တွေးလိုက်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ထဲတွင် လင်းယွမ်က ကြီးမြတ်သူရှချင်နှင့် အများဆုံး ဆက်သွယ်ဖူးသည်။ အကြောင်းမှာ သူက ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။