လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းပါရမီရှင်....
Vol. 46 Ch. 696
လင်းယွမ်က ကြီးမြတ်သူရွှမ်ယွမ်နှင့် အပြန်အလှန် ဆက်သွယ်ဖူးခြင်းမရှိသော်လည်း ကြီးမြတ်သူရွှမ်ယွမ်က လူသားမျိုးနွယ်မှ ထွက်ပေါ်လာသော ပထမဆုံး ကြီးမြတ်သူဖြစ်သည်ကို သိထားသည်။ သူက လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ထဲတွင် ဖိအားအများဆုံး ခံခဲ့ရသာဖြစ်ပြီး အမြင့်ဆုံးတန်ဖိုးကို ပေးဆပ်ခဲ့သူလည်း ဖြစ်သည်။
လူသားမျိုးနွယ်က မဖွံ့ဖြိုးသေးမီ ကြယ်စကြာဝဠာမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက လူသားမျိုးနွယ်ကို စိတ်ဝင်စားမည်မဟုတ်ပေ။ သို့သော် လုသားမျိုးနွယ်အတွင်း ပထမဆုံး ကြီးမြတ်သူထွက်ပေါ်လာချိန်တွင် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း လူသားမျိုးနွယ်အပေါ် အာရုံစိုက်လာကြသည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူများက လှုပ်ရှားရန် အသင့်ရှိနေပြီး လူသားမျိုးနွယ်ကို ဝန်းရံကာ ကြီးမြတ်သူအဆင့် အခွင့်အလမ်းကို သိမ်းပိုက်ရန် ကြံစည်ခဲ့ကြသည်။ ထိုအချိန်ကာလတွင် ကြီးမြတ်သူရွှမ်ယွမ်က လူသားမျိုးနွယ်ကို ဦးဆောင်ရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထကြီးမြတ်သူများ ထွက်ပေါ်လာမှသာ လူသားမျိုးနွယ်၏ အခြေအနေက ပိုမိုကောင်းမွန်လာခဲ့သည်။
" အသွင်ပြောင်းလဲခြင်းဧကရီ " လင်းယွမ်က အိပ်မက်ဆိုးနယ်မြေမှ ထွက်ပေါ်လာသော ပုံရိပ်ကို ကြည့်လိုက်သည်။
အင်းဆက်မျိုးနွယ်၏ ဧကရီများထဲတွင် အသွင်ပြောင်းလဲခြင်းဧကရီကလည်း ရှေးအကျဆုံးနှင့် အစွမ်းထက်ဆုံး ဖြစ်ပြီး မျိုးနွယ်ကာကွယ်ရေးလက်နက် အိပ်မက်ဆိုးနယ်မြေကိုပင် သူမကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
" ဧကရီ " အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူက အသွင်ပြောင်းလဲခြင်းဧကရီကို ဦးညွှတ်လိုက်၏။ အိပ်မက်ဆိုးနယ်မြေထဲမှ အရေးပေါ် အစီအစဉ်က သူမ အမှန်တကယ် အန္တရာယ်နှင့် ရင်ဆိုင်ရမှ ထွက်ပေါ်လာမည်ဖြစ်သည်။ ယခု အသွင်ပြောင်းလဲခြင်းဧကရီ ထွက်ပေါ်လာသောကြောင့် သူမက အမှန်တကယ် သေဆုံးနိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။
" မျိုးနွယ်ကာကွယ်ရေးလက်နက်ရှိတာတောင် နဂါးငွေ့တန်းကြယ်သခင်က ငါ့ကို တကယ် သတ်နိုင်တာလား။ " သူမက မယုံကြည်နိုင်ဖြစ်နေသော်လည်း အခြေအနေက ထိုဖြစ်နိုင်ချေတစ်ခုသာ ရှိသည်။
" ရွှမ်ယွမ် နင်လည်း လှုပ်ရှားခဲ့တာပဲ မဟုတ်လား။ " အသွင်ပြောင်းလဲခြင်းဧကရီက ပြုံးလိုက်သည်။
သူမ၏ စိတ်ဝိညာဉ်လှိုင်းက အရာအားလုံးကို လွှမ်းမိုးသွားပြီး ပလ္လင်အတွင်းရှိ လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ် အင်အားကြီးသူအားလုံးက မသိစိတ်ထဲသို့ နစ်မြှုပ်သွားကြသည်။
" ဟမ့် " ကြီးမြတ်သူရွှမ်ယွမ်က အေးစက်စွာ နှာမှုတ်လိုက်ရာ သူ၏ အသံက လူသားမျိုးနွယ်မဟာမိတ်မှ အင်အားကြီးသူအားလုံး၏ စိတ်ဝိညာဉ်များသို့ ပဲ့တင်ထပ်သွားသည်။
" ပြီးတော့ ငါက နဂါးငွေ့တန်းကြယ်သခင်ကို အနိုင်ကျင့်တယ်လို့ ပြောခဲ့တယ်။ မင်းက နဂါးငွေ့တန်းကြယ်သခင်ကို ကလေးတစ်ယောက်လို့ ခေါ်တာ သူ့ကို လျော့တွက်လွန်းနေတာ မဟုတ်လား။ " အသွင်ပြောင်းလဲခြင်းဧကရီက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ စိတ်စွမ်းအားက အလွှာဆယ့်နှစ်ကို ရောက်နေပြီ။ ဒါတောင် ကလေးတစ်ယောက် ဖြစ်နေတုန်းလား။ "
ထိုစကားများကို ကြားသောအခါ လင်းယွမ်၏ အမူအရာက ရှုံ့မဲ့သွားသည်။ သူက အသွင်ပြောင်းလဲခြင်းဧကရီ၏ လွှမ်းမိုးမှုမှ လျင်မြန်စွာ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ သူ၏ သန်မာသော စိတ်စွမ်းအားကြောင့် ဖြစ်သည်။ အသွင်ပြောင်းလဲခြင်းဧကရီကလည်း ၎င်းကို သတိပြုမိလေသည်။
" ဘာ နဂါးငွေ့တန်းကြယ်သခင်ရဲ့ စိတ်စွမ်းအားက အလွှာဆယ့်နှစ်ကို ရောက်နေပြီလား။ " အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူက လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မြှင့်တင်ခြင်းထက် စိတ်စွမ်းအားကို မြှင့်တင်ခြင်းက ပိုမိုခက်ခဲသည်။ အထူးသဖြင့် စိတ်စွမ်းအားညွှန်းကိန်း ဆယ်သန်းသို့ ရောက်ပြီးနောက် တိုးတက်မှုတိုင်းက ကြီးမားသော တန်ဖိုးကို ပေးရသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်၏ စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်နေခဲ့သည်။
အင်းဆက်မျိုးနွယ်၏ အဖွဲ့ဝင်က မယုံကြည်နိုင်ဖြစ်နေသည်။ နဂါးငွေ့တန်းကြယ်သခင်၏ သက်တမ်းက ဘယ်လောက်ရှိသေးလို့လဲ။ အချိန်၏ စမ်းသပ်မှုမရှိဘဲ သူ၏ စိတ်စွမ်းအားက ဘယ်လိုလုပ် အလွှာဆယ့်နှစ်ကို ရောက်နေတာလဲ။
" အလွှာဆယ့်နှစ် စိတ်စွမ်းအားလား။ " အခြားသူများကလည်း အလွန်တုန်လှုပ်သွားကြသည်။
အင်းဆက်မျိုးနွယ်မှ အသွင်ပြောင်းလဲခြင်းဧကရီပေါ်လာပြီးနောက် ကမ္ဘာစွမ်းရည်က ပြီးဆုံးလုနီးပါး ဖြစ်နေပြီး သူတို့က အချိန်မရွေးထွက်သွားနိုင်ပြီဖြစ်သည်။ သို့သော် အသွင်ပြောင်းလဲခြင်းဧကရီ ရှိနေသောကြောင့် သူတို့က ချက်ချင်း ထွက်မသွားကြသေးပေ။
အစတွင် သူတို့က အသွင်ပြောင်းလဲခြင်းဧကရီနှင့် လူသားမျိုးနွယ်မဟာမိတ်မှ ကြီးမြတ်သူများကြား ရင်ဆိုင်မှုဖြစ်သည်ကို စောင့်ကြည့်ရန် ရည်ရွယ်ထားကြသော်လည်း ယခုကဲ့သို့ မယုံကြည်နိုင်စရာကောင်းသော သတင်းကို ကြားရလိမ့်မည်ဟု မမျှော်လင့်မိခဲ့ကြပေ။
" ငါသူ့ကို ရင်ဆိုင်တုန်းက ကြီးမြတ်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရသလို ခံစားနေရတာ အံ့ဩစရာမရှိဘူးပဲ။ " ကပ်ဘေးမျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူက တိတ်ဆိတ်စွာ တွေးလိုက်သည်။ စမ်းသပ်မှုများစွာကို ဖြတ်ကျော်ခဲ့သော ကပ်ဘေးမျိုးနွယ်အတွက်ပင် အလွှာဆယ့်တစ်တွင် စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ မြှင့်တင်ရန် မဖြစ်နိုင်ခဲ့ပေ။
" ဟားဟား ငါတို့ လူသားမျိုးနွယ်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်က အလွှာဆယ့်နှစ် စိတ်စွမ်းအားရှိနေတာ ဘာပြဿနာရှိလို့လဲ။ " ကြီးမြတ်သူ ရွှမ်ယ်ခမ်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။ အလွှာဆယ့်နှစ် စိတ်စွမ်းအားကြောင့် ကြီးမြတ်သူများ၏ မှတ်ဉာဏ်ညစ်ညမ်းမှုများပင် လင်းယွမ်အပေါ် သက်ရောက်မှုမရှိတော့ပေ။
တစ်နည်းအားဖြင့် လင်းယွမ်က အပြည့်အဝ ကြီးထွားလာပြီဖြစ်ပြီး အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက အများဆုံး လင်းယွမ်၏ ကိုယ်ပွားကိုသာ သတ်နိုင်ပြီး မူလခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။
" ငါ့အထင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ် အခြေခံကို အသုံးပြုခဲ့တာ မဟုတ်ဘူး။ " အသွင်ပြောင်းလဲခြင်းဧကရီက ဆက်ပြောလိုက်သည်။ " ယုမျိုးနွယ်က ချိန်ခွင်ရတနာနဲ့ နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရကို အားနည်းအောင် လုပ်ခဲ့ပေမယ့် ဘာသက်ရောက်မှုမှမရှိခဲ့ဘူး။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရက အလွှာဆယ့်တစ် ကန့်သတ်ချက်ထက် အများကြီး ကျော်လွန်နေတာ ဖြစ်ရမယ်။ "
" ဒီလိုကြီးမားတဲ့ အသက်အနှစ်သာရနဲ့ဆို အလွှာဆယ့်နှစ် အခြေခံကို အသက်သွင်းလိုက်ရင် ထုတ်လွှတ်မယ့်စွမ်းအားက ကြီးမားလိမ့်မယ်။ မျိုးနွယ်ကာကွယ်ရေးလက်နက်ကိုင်ဆောင်ထားတဲ့ အလွှာဆယ့်တစ်တွေတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ "
အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက တုန်လှုပ်သွားကြပြန်သည်။ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ် အခြေခံကို အသက်မသွင်းခဲ့ဘူးလား။ လွန်ခဲ့သော ဆယ်နှစ်က နဂါးငွေ့တန်းကြယ်သခင်က ကိုယ်ပိုင်စွမ်းအားနှင့် အလွှာဆယ့်တစ် တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့တာလား။
" ပြင်ပစွမ်းအားကို အားမကိုးဘဲ နဂါးငွေ့တန်းကြယ်သခင်က မျိုးနွယ်ကာကွယ်ရေးလက်နက်ကို ကျော်လွန်ပြီး ငါ့ကို သတ်နိုင်တယ်။ " အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူကလည်း ထိတ်လန့်သွားသည်။
သူမက ထိုစကားကို လက်မခံချင်သော်လည်း ထိုစကားကို ပြောခဲ့သူက အင်းဆက်မျိုးနွယ်၏ ကြီးမြတ်သူ အသွင်ပြောင်းလဲခြင်းဧကရီဖြစ်နေသည်။ အင်းဆက်မျိုးနွယ်မှ အင်အားကြီးသူပင် မေးခွန်းမထုတ်ရဲပေ။
လင်းယွမ်က ပလ္လပေါ်တွင် ရပ်ပြီး အသွင်ပြောင်းလဲခြင်း ဧကရီ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေသည်။
" အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက်မစစ်ဆေးနိုင်ပေမယ့် လေ့လာမှုနဲ့တင် လျို့ဝှက်ချက်အများအပြားကို သိနေနိုင်တယ်။
လင်းယွမ်က လှုပ်ရှားလိုက်သည်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များမှ အင်အားကြီးသူများက သူ၏ လျို့ဝှက်ချက်အချို့ကို သနိုင်ကြသည်။ သို့သော် လင်းယွမ်က ယခု အပြည့်အဝ ကြီးထွားနေပြီဖြစ်သောကြောင့် လျို့ဝှက်ချက်အချို့ သိနိုင်လျှင်တောင် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
" ငါတို့ လူသားမျိုးနွယ်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်က အဲ့လိုအရည်အချင်းမျိုး ရှိနေတယ်။ အဲ့ဒါ ဘာဖြစ်လဲ။ " ကြီးမြတ်သူရွှမ်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ အံ့အားသင့်နေသည်။
သူက ယုမျိုးနွယ်၏ ချိန်ခွင်ရတနာနှင့် လင်းယွမ်၏ အသက်အနှစ်သာရအား အားနည်းအောင်လုပ်ခဲ့သည်ကို နောက်မှသိရခြင်းဖြစ်သည်။ လင်းယွမ်၏ ခွန်အားက လုံးဝ မထိခိုက်သည်ကို မြင်သောအခါ လင်းယွမ်က သူ့ကိုသူ အားကိုးနေသည်ဟု ခန့်မှန်းခဲ့သည်။
ကြီးမြတ်သူရွှမ်ယွမ်၏ စကားများက အသွင်ပြောင်းလဲခြင်းဧကရီကို တိတ်ဆိတ်သွားသေခဲ့သည်။ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများကလည်း စိတ်ရှုပ်သွားကြသည်။ နဂါးငွေ့တန်းကြယ်သခင်ကြောင့် သူတို့၏ အလွှာဆယ့်တစ်က အမှိုက်များသဖွယ်ဖြစ်နေသည်။
" ကောင်းပြီ။ အသွင်ပြောင်းလဲခြင်းဧကရီ မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။ ငါတို့ နောက်ဆုံးတိုက်ပွဲကို တန်းသွားမလား။ ဒါမှမဟုတ် အငယ်တွေကို ဆက်တိုက်ခိုင်းမလား။ " ကြီးမြတ်သူရွှမ်ယွမ်က တိုက်ရိုက်ပြောလိုက်သည်။
နောက်ဆုံးတိုက်ပွဲကို တက်လှမ်းခြင်းက အလွှာဆယ့်နှစ်ရတနာများ သို့မဟုတ် နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ သို့သော် ၎င်းတို့က အလွှာဆယ့်နှစ် ကြီးမြတ်သူများကြား တိုက်ပွဲများကို ဆိုလိုခြင်းမဟုတ်ဘဲ အခြေခံရတနာများ ထပ်တိုးပြီး စစ်ပွဲအရှိန်ကို မြှင့်တင်ခြင်းဖြစ်သည်။