← Chapters

အထွတ်အထိပ်မျိုးနွယ်များ အရှုံးပေးခြင်း....

Vol. 46 Ch. 697

အထွတ်အထိပ်မျိုးနွယ်များ အရှုံးပေးခြင်း....

Vol. 46 Ch. 697

ယခင်က စစ်မြေပြင်ကြီးများတွင် ထာဝရလေဟာနယ်အက်ကြောင်းများက နောက်ဆုံးတိုက်ပွဲတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကြီးမြတ်သူအဆင့် စွမ်းအားကို ထုတ်လွှတ်နိုင်သောကြောင့် ဖြစ်သည်။သို့သော် နောက်ဆုံးတိုက်ပွဲက စစ်ပွဲ၏ အဆုံးပိုင်းတွင် ဖြစ်လေ့ရှိသည်။

စစ်ပွဲ၏ ပြင်းထန်မှုက ပထမ ဆယ်နှစ်မှ နှစ်နှစ်ဆယ်အတွင်း မြင့်မားမည်မဟုတ်ပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်ကြောင့် စစ်ပွဲ၏ တိုးတက်မှုက ပြောင်းလဲသွားပြီး အထွတ်အထိပ်မျိုးနွယ်များကို ပူးပေါင်းသွားစေခဲ့သည်။

ထို့အပြင် နဂါးငွေ့တန်းကြယ်သခင်က အင်းဆက်မျိုးနွယ်၏ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူကို သတ်နိုင်စွမ်းရှိသောကြောင့် အိပ်မက်ဆိုးနယ်မြေကို အသက်ဝင်စေခဲ့သည်။

" နောက်ဆုံးတိုက်ပွဲကို တက်လှမ်းဖို့လား။ " အသွင်ပြောင်းလဲခြင်းဧကရီက ပြုံးလိုက်သည်။ " အဲ့ဒါအတွက် မလိုတော့ဘူး။ ငါတို့ အင်းဆက်မျိုးနွယ်က ဒီစစ်ပွဲကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ "

နဂါးငွေ့တန်းကြယ်သခင်၏ လက်ရှိခွန်အားအရ အလွှာဆယ့်တစ် အင်အားကြီးသူများက မျိုးနွယ်ကာကွယ်ရေးလက်နက်များ သို့မဟုတ် အလွှာဆယ့်နှစ် အခြေခံများကို ကိုင်ဆောင်ထားလျှင်တောင် ယှဉ်နိုင်မည်မဟုတ်ပေ။

နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်၏ အလွှာဆယ့်နှစ်အခြေခံကို အမှန်တကယ် အသက်သွင်းခဲ့လျှင် အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများပင် နဂါးငွေ့တန်းကြယ်သခင်၏ နင်းခြေခြင်းခံရပေလိမ့်မည်။

နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်တွင် မရှုံးနိမ့်နိုင်သောအဆင့်သို့ ရောက်ရှိနေသည်ကို မြင်တွေ့ရသောအခါ အသွင်ပြောင်းလဲခြင်းဧကရီက ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့သည်။ ဆုတ်ခွာခြင်းမပြုလျှင် သူမ၏ မျိုးနွယ်မှ အင်အားများ အချည်းနှီး ဆုံးရှုံးသွားပေလိမ့်မည်။

ယခုအချိန်ထိ မဟာစစ်မြေပြင်အတွက် အင်းဆက်မျိုးနွယ်က လုံးလောက်သော တန်ဖိုးကို ပေးဆပ်ခဲ့ပြီးဖြစ်သည်။ ကြီးမြတ်သူအဆင့် လက်နက် တစ်ရာနီးပါး၊ အလွှာဆယ့်တစ် ကိုယ်ပွားများစွာနှင့် ချိန်ခွင်ရတနာအတွက် လိုအပ်သော အသက်အနှစ်သာရတို့ ဖြစ်သည်။

ပြန်လည်အားဖြည့်ရန် အရင်းအမြစ် မည်မျှလိုအပ်သည်ကို မသိနိုင်ပေ။ အင်းဆက်မျိုးနွယ်ဧကရီများ မထိခိုက်သရွေ့ အင်းဆက်မျိုးနွယ်က မပြိုလဲနိုင်သော်လည်း အလွှာဆယ့်တစ် အရေအတွက် ကွာဟမှုရှိလျှင် အင်းဆက်မျိုးနွယ်က နောက်နှစ်ပေါင်း ဘီလီယံ၊ ထရီလီယံအထိ အလွှာဆယ့်နှစ် ဧကရီတစ်ပါး ထွက်ပေါ်လာနိုင်မည်မဟုတ်ပေ။

အခြားအထွတ်အထိပ်မျိုးနွယ်များက ရပ်တန့်နေမည်မဟုတ်ဘဲ အလွှာဆယ့်နှစ် ကြီးမြတ်သူ တစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပို၍ မွေးဖွားလာနိုင်သည်။ အခြားမျိုးနွယ်များတွင် အလွှာဆယ့်နှစ် အရေအတွက် တိုးလာပြီး မိမိ၏ မျိုးနွယ်တွင် မတိုးလာလျှင် အားနည်းသွားခြင်းပင်ဖြစ်သည်။

ထိုအချိန်တွင် အထွတ်အထိပ်မျိုးနွယ်ဆယ့်နှစ်ခုမှ အင်းဆက်မျိုးနွယ်၏ အဆင့်အတန်းက ကျဆင်းသွားပေလိမ့်မည်။ ရှုံးနိမ့်ခြင်းကို ဝန်ခံပြီး ပေးဆပ်ရမည့်တန်ဖိုးက သူတို့နယ်မြေ၏ တစ်သောင်းပုံတစ်ပုံမျှသာဖြစ်သည်။

" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ကဏ္ဍအားလုံးမှာ အရမ်းအစွမ်းထက်ပြီး အလွှာဆယ့်တစ် အထွတ်အထိပ်ခက် ကျော်လွန်နေတယ်။ သူ ဘယ်လိုအောင်မြင်ခဲ့တာလဲ။ အဲ့ဒါက လူသားမျိုးနွယ်မဟာမိတ် ရရှိခဲ့တဲ့ ကြီးမြတ်သူအဆင့် အခွင့်အလမ်းနဲ့ ဆက်စပ်နေတာလား။ "

အသွင်ပြောင်းလဲခြင်းဧကရီက လင်းယွမ်ကို အဝေးမှ စောင့်ကြည့်နေပြီး လျို့ဝှက်ချက်အချို့ကို မြင်တွေ့လိုသော်လည်း ကြီးမြတ်သူရွှမ်ယွမ်၏ ပိတ်ဆို့ခြင်းကို ခံထားရသည်။

ခွန်အားအရ ကြီးမြတ်သူရွှမ်ယွမ်က သူမအောက် နိမ့်ကျခြင်းမရှိပေ။ အပြင်းအထန် တိုက်ခိုက်လျှင် အသွင်ပြောင်းလဲခြင်းဧကရီပင် အားနည်းချက်ရှိနေနိုင်သည်။

ကြယ်စကြာဝဠာထဲရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူ ဆယ်ယောက်ကျော်ထဲတွင် ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူနှစ်ယောက်သာ ကြီးမြတ်သူရွှမ်ယွမ်ကို သတိထားစေနိုင်ပေလိမ့်မည်။ သို့သော် စကြာဝဠာ စိတ်အသိ၏ ဖိနှိပ်ခံရမည်စိုးရိမ်သောကြောင့် ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူများက သူတို့၏ စွမ်းအားအပြည့်ကို ထုတ်ဖော်ရဲခြင်းမရှိပေ။

" ဒါက စစ်ပွဲတစ်ခုရဲ့ အနိုင်အရှုံးပဲ။ နောက်ထပ်စစ်ပွဲတွေမှာ နဂါးငွေ့တန်းကြယ်သခင်ကို မပါဝင်အောင် တားမြစ်လို့ရတယ်။ " အသွင်ပြောင်းလဲခြင်းဧကရီက တွေးလိုက်သည်။

မဟာစစ်မြေပြင်က အလွှာဆယ့်နှစ် ကြီးမြတ်သူများ ပူးပေါင်းဖန်တီးထားခြင်းဖြစ်ပြီး မဟာစစ်မြေပြင်မှ စည်းမျဉ်းများကလည်း ထိုကြီးမြတ်သူများသာ သတ်မှတ်ခြင်းဖြစ်သည်။ မဟာစစ်မြေပြင် သို့မဟုတ် စစ်မြေပြင်ကြီးများမှာပင် ကြီးမြတ်သူများက ကိုယ်ပွားများ ဆင်းသက်ခြင်းကို တားမြစ်သကဲ့သို့ စည်းမျဉ်းအချို့ကို ချမှတ်ကြသည်။

စစ်မြေပြင်အတွင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုအတိုင်းအတာကို ကန့်သတ်ရန် ရည်ရွယ်သည်။ ကြီးမြတ်သူများ၏ က်ိုယ်ပွားများက ဆန္ဒရှိသလို လှုပ်ရှားနေလျှင် စစ်မြေပြင်များရှိနေခြင်းက အဓိပ္ပါယ်မရှိတော့ပေ။

အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ တိုက်ပွဲများကို စစ်မြေပြင်ဖြင့် ကန့်သတ်၍ မရပေ။ ထွက်ပေါ်လာသော ဖျက်ဆီးနိုင်စွမ်းက စကြာဝဠာတစ်ခုလုံးအပေါ်ကိုပင် သက်ရောက်စေနိုင်သည်။

နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို တွေ့မြင်ပြီးနောက် အသွင်ပြောင်းလဲခြင်းဧကရီက အခြားကြီးမြတ်သူများနှင့် ပူးပေါင်းကာ စစ်မြေပြင်၏ စည်းမျဉ်းအသစ်များကို ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ နဂါးငွေ့တန်းကြယ်သခင်ကို စစ်ပွဲပါဝင်မည့်စာရင်းတွင် တားမြစ်ထားရန် ဖြစ်သည်။

" ရွှမ်ယွမ် ငါတို့ မျိုးနွယ်ရဲ့ ကြီးမြတ်သူအဆင့် လက်နက်တွေ ပြန်ပေးလို့ရမလား သိချင်ပါတယ်။ စိတ်ချပါ ငါတို့က အခြားအရင်းအမြစ်တွေနဲ့ လဲလှယ်ပေးနိုင်ပါတယ်။ " အသွင်ပြောင်းလဲခြင်းဧကရီက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

" အဲ့ဒါက နဂါးငွေ့တန်းကြယ်သခင်အပေါ် မူတည်တယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ပြုံး၍ ပြောလိုက်သည်။

လူသားဆင့်ကဲပြောင်းလဲသူများက စစ်မြေပြင်တွင် တိုက်ခိုက်ရန်အတွက် လှုံ့ဆော်ပေးရန် လူသားမျိုးနွယ်မဟာမိတ်က စစ်မြေပြင်ရှိ အကျိုးအမြတ် အားလုံးကို သူတို့တစ်ယောက်ချင်းစီသာ ပိုင်ဆိုင်သည်ဟူသော စည်းမျဉ်းကို ချမှတ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

အများဆုံး လူသားမျိုးနွယ်မဟာမိတ်က အကြံပေးရုံသာဖြစ်ပြီး ဆုံးဖြတ်ချက်များကို ချမှတ်မည်မဟုတ်ပေ။ နဂါးငွေ့တန်းကြယ်သခင်အတွက်ဆို ပို၍ပင် ဖြစ်သည်။ လင်းယွမ်၏ အကျိုးအမြတ်အားလုံးက သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်တွင် လုံးဝ မူတည်လေသည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းဘယ်လိုထင်လဲ။ ငါတို့ အင်းဆက်မျိုးနွယ်မှာ ရှိတာကို မင်းတောင်းဆိုနိုင်တယ်။ " အသွင်ပြောင်းလဲခြင်းဧကရီက လင်းယွမ်ဘက်သို့ လှည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။

" ကျုပ်စဉ်းစားပါမယ်။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

အင်းဆက်မျိုးနွယ်က သူ့ကို ကျေနပ်စေမည့် အရင်းအမြစ်များပေးလျှင် သူက ကြီးမြတ်သူအဆင့် လက်နက်များနှင့် လဲလှယ်နိုင်သည်။ လင်းယွမ်က လူတစ်ယောက်သာဖြစ်ပြီး ကြီးမြတ်သူအဆင့် လက်နက်များစွာကို တစ်ချိန်တည်း အသုံးပြုနိုင်မည်မဟုတ်ပေ။

လူသားမျိုးနွယ်မဟာမိတ်ကလည်း ကြီးမြတ်သူအဆင့် လက်နင်ခြောက်ရာကျော်ကို အချိန်တိုအတွင်း လဲလှယ်ပေးနိုင်မည်မဟုတ်ပေ။

စိုးရိမ်သင့်သည်မှာ အင်းဆက်မျိုးနွယ်သာဖြစ်သည်။ သူတို့လဲလှယ်သော အရင်းအမြစ်များနှင့် လင်းယွမ်က ရွှမ်ဟွမ်မူလခန္ဓာကို အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်မည်ဟု ခန့်မှန်းထားသည်။ လင်းယွမ်၏ ရုပ်ခန္ဓာ အခြေခံအုတ်မြစ်နှင့် ရွှမ်ဟွမ်မူလခန္ဓာ အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်က အလွှာဆယ့်နှစ်သို့ ရောက်ရှိစေနိုင်သည်။

ထိုအချိန်တွင် စိတ်ဝိညာဉ်နှင့် နိယာမနားလည်မှုများကို ချန်လှပ်ထားလျှင်တောင် လင်းယွမ်၏ ရုပ်ခန္ဓာက ကြီးမြတ်သူအဆင့်သို့ ရောက်သွားပေလိမ့်မည်။

" စဉ်းစားမှာလား။ " အသွင်ပြောင်းလဲခြင်းဧကရီက ခဏတိတ်ဆိတ်သွားပြီးနောက် သူမ၏ ပုံရိပ်က အိပ်မက်ဆိုးနယ်မြေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အောက်ရှိ အင်းဆက်မျိုးနွယ်၏ အလွှာဆယ့်တစ် အင်အားကြီးသူများကလည်း လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြပြီး လှည့်ထွက်သွားကြသည်။

စကြာဝဠာစတင်ဖြစ်တည်ချိန်မှစ၍ အသန်မာဆုံး အလွှာဆယ့်တစ်များပင် အလွှာဆယ့်နှစ်ကို ရင်ဆိုင်ရတွင် တုန်လှုပ်ခဲ့ရသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က ကြောက်ရွံ့မှုကို မပြခဲ့ပေ။ လူသားမျိုးနွယ်မဟာမိတ်၏ ထောက်ပံ့မှုပါဝင်သော်လည်း နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပိုင်ခွန်အားက အဓိကဖြစ်သည်။

အင်းဆက်မျိုးနွယ်က မဟာစစ်မြေပြင်မှ ဆုတ်ခွာသွားခြင်းကြောင့် အခြားအထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများကလည်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချခဲ့ကြသည်။ အင်းဆက်မျိုးနွယ်ကဲ့သို့ပင် သူတို့ကလည်း စစ်မြေပြင်မှ ဆုတ်ခွာခဲ့ကြပြီး စစ်မြေပြင်ထိန်းချုပ်ခွင့် ပထမဆုံး အခွင့်အရေးကို စွန့်လွှတ်ခဲ့ကြသည်။

မတတ်နိုင်ပေ။ ချိန်ခွင်ရတနာက နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရကို အားနည်းစေခဲ့သော်လည်း အချည်းနှီးသာဖြစ်ပြီး သူက အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများကို ဖိနှိပ်ခဲ့သည်။

ယခု အင်းဆက်မျိုးနွယ်က ဆုတ်ခွာသွားခဲ့ပြီဖြစ်ရာ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ရန် မျှော်လင့်ချက် ပိုနည်းသွားပြီဖြစ်သည်။ သူတို့၏ မျိုးနွယ်များကို စစ်မြေပြင်သို့ သေရန် ဆက်ပို့နေမည့်အစား ဆုတ်ခွာလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

" ဟားဟား အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကြီးမြတ်သူရွှမ်ယွမ်နှင့် လူသားမျိုးနွယ်မှ အခြားကြီးမြတ်သူရှစ်ယောက်တို့က အခြားကြီးမြတ်သူများကို ကြည့်လိုက်ကြသည်။

ကြယ်စကြာဝဠာခေတ်တွင် လူသားမျိုးနွယ်က အခြားမျိုးနွယ်များအပေါ် အများအားဖြင့် အသာစီးရခဲ့သော်လည်း ယခုလောက် လွယ်ကူခြင်းမရှိခဲ့ပေ။ မဟာစစ်မြေပြင်၏ စစ်ပွဲက ပြီးဆုံးရန် ဆယ်နှစ်သာ ကြာခဲ့သည်။ ထိုဆယ်နှစ်ကလည်း အခြားအထွတ်အထိပ်မျိုးနွယ်များက နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသောကြောင့် ဖြစ်သည်။

All Chapters