အလွှာဆယ့်တစ် အင်အားကြီးသူများကို ရှင်းလင်းခြင်း...
Vol. 46 Ch. 686
လင်းယွမ်အတွက် အလွှာဆယ့်တစ် ပထမအဆင့်နှင့် ပဉ္စမအဆင့်ဟူ၍ အရေးမပါပေ။ သူတို့က ကမ္ဘာစွမ်းရည်၏ ပထမအဆင့် ချေမှုန်းခြင်းကို ခံနိုင်ရည်ရှိသည့်အကြောင်းရင်းမှာ သူတို့ကိုင်စွဲထားသော ကြီးမြတ်သူအဆင့် လက်နက်များကြောင့်ဖြစ်သည်။
အလွှာဆယ့်နှစ်၏ စွမ်းအားက သူတို့ကို ကာကွယ်ပေးထားခြင်းဖြစ်သည်။ ကြီးမြတ်သူအဆင့် လက်နက်ကို အားကိုးပြီး အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း အလွှာဆယ့်တစ် အင်အားကြီးသူများ၏ မျက်နှာများက ဖြူဖျော့နေကြသည်။
ကျယ်ပြန့်သော ကမ္ဘာစွမ်းအား၏ ဖိနှိပ်မှုအောက်တွင် သူတို့၏ ခွန်အား ၉၉ ရာခိုင်နှုန်းက ပိတ်ဆို့ခံထားရပြီး ကြီးမြတ်သူအဆင့် လက်နက်က ကာကွယ်ပေးထားသော်လည်း ကျန်ရှိသော စွမ်းအားက သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိဘဲ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။
" ငါ့ကို ကြီးမြတ်သူအဆင့် ချပ်ဝတ်က ကာကွယ်ပေးထားတာတောင် လုံးဝ မပိတ်ဆို့နိုင်ဘူးလား။ " ထျန်းယုမျိုးနွယ်၏ အလွှာဆယ့်တစ် အင်အားကြီးသူက ထိတ်လန့်နေသည်။ " ဒါ ဘယ်လိုနည်းစနစ်မျိုးလဲ။ "
ထျန်းယုမျိုးနွယ်မှ အလွှာဆယ့်တစ် အင်အားကြီးသူက သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏ မျိုးနွယ်ဝင်များက တစ်ယောက်ပြီးတစ်ယောက် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး ကြီးမြတ်သူလက်နက်ရှိသူ အနည်းငယ်သာ ကျန်နေခဲ့သည်။
" ပြေးကြ။ ငါတို့ ဒီမှာ ဆက်နေလို့မရတော့ဘူး။ " သူက အလွန်ထိတ်လန့်သွားသည်။ ကြီးမြတ်သူများကို ရင်ဆိုင်ချိန်မှလွဲ၍ သူက ထိုကဲ့သို့ စိတ်ပျက်အားငယ်မှုမျိုးကို မခံစားခဲ့ဖူးပေ။
သူက အလွန်ထိတ်လန့်စွာ ထွက်ပြေးလိုက်သော်လည်း ကမ္ဘာ၏ ဖိနှိပ်မှုအောက်တွင် သူ၏ အမြန်နှုန်းက လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးနေခဲ့သည်။ သူက အဝေးသို့ မရောက်မီ ကြီးမားသော ကမ္ဘာစွမ်းအား၏ ဒုတိယလှိုင်း၏ သတ်ဖြတ်မှုစွမ်းအားက ရုတ်တရက် ဆင်းသက်လာသည်။
လင်းယွမ်၏ ခန့်မှန်းချက်အရ ခြောက်စက္ကန့်အတွင်းကြာလျှင် ပြင်ပကမ္ဘာထဲတွင် ငါးစက္ကန့်လျှင် ဖိနှိပ်မှုငါးကြိမ်ကို ပြီးမြောက်နိုင်သည်။ နောက်ဆုံးတစ်စက္ကန့်က ပြင်ပကမ္ဘာတစ်ခုလုံး ပေါက်ကွဲစေရန် အသုံးပြုခြင်းဖြစ်သည်။ ၎င်းက အစွမ်းထက်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ မိုင် ၇၀၀ ဘီလီယံရှိသော ကမ္ဘာတစ်ခု၏ ပေါက်ကွဲမှုက ဘယ်လိုစွမ်းအားမျိုး ထုတ်ပေးနိုင်မလဲ။
" အား....."
ဒုတိယလှိုင်းသတ်ဖြတ်မှုတွင် ကြီးမြတ်သူအဆင့် လက်နက်က သူ့ကို ကာကွယ်ပေးထားသော်လည်း ထိုထျန်းယုမျိုးနွယ်ဝင်က ခံနိုင်ရည်မရှိတော့ဘဲ ကျန်ရှိသော စွမ်းအားအောက်တွင် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။
ဒုတိယစက္ကန့် ကုန်ဆုံးသွားသည်။ ပြင်ပကမ္ဘာ၏ ဒုတိယလှိုင်း သတ်ဖြတ်မှုအောက်တွင် ကြီးမြတ်သူအဆင့် လက်နက် ကိုင်ဆောင်ထားသော အလွှာဆယ့်တစ် အင်အားကြီးသူ ငါးပုံတစ်ပုံ သေဆုံးသွားခဲ့သည်။ သူတို့က အလွှာဆယ့်တစ် အထွတ်အထိပ်များပင် ဖြစ်သည်။
" ဒီအလွှာဆယ့်တစ်တွေကို လျှော့တွက်လို့မရဘူး။ " လင်းယွမ်က တွေးလိုက်သည်။ ပြင်ပကမ္ဘာ၏ တတိယစက္ကန့်သို့ ရောက်ရှိချိန်တွင် တတိယလှိုင်း သတ်ဖြတ်မှုက စတင်လာသည်။
ဝုန်း ဝုန်း ဝုန်း....
အလွှာဆယ့်တစ် ပဉ္စမအဆင့် အင်အားကြီးသူများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီး ကျန်ရှိသော အလွှာဆယ့်တစ် ဆဋ္ဌမအဆင့် အင်အားကြီးသူများ၏ စိတ်ဝိညာဉ်များကလည်း တုန်လှုပ်နေကြသည်။ သူတို့က စောင့်ကြည့်ရန် ပြင်ဆင်ခဲ့ကြသော်လည်း အကျိုးဆက်က ယခုလောက်ထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
" မြန်မြန်ပြေးကြ။ "
" ဘာတွေဖြစ်နေတာလဲ။ "
" နဂါးငွေ့တန်းကြယ်သခင် လှုပ်ရှားနေတာလား။ "
" နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုလုပ် ဒီလိုကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ရှိနေတာလဲ။ "
" အဲ့ဒါကြီးမြတ်သူ ဖြစ်ရမယ်။ ကြီးမြတ်သူ လှုပ်ရှားနေတာဖြစ်ရမယ်။ "
" ကြီးမြတ်သူတစ်ယောက်က သဘောတူညီမှုကို ချိုးဖောက်ပြီး ငါတို့ကို တိုက်ခိုက်နေတာပဲ။ " အလွှာဆယ့်တစ် အင်အားကြီးသူများ၏ အော်ဟစ်သံများက အချိန်လေဟာနယ်လှိုင်းများနှင့်အတူ မိုင် ၇၀၀ ဘီလီယံကျယ်သော ကမ္ဘာအတွင်း ပဲ့တင်ထပ်နေခဲ့သည်။
သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့်မလိုလားမှုများ ပြည့်နှက်နေသည်။ သူတို့၏ အမြင်တွင် ကြီးမြတ်သူများမှ လွဲ၍ ဘယ်သူမှ ထိုမျှကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။
တတိယစက္ကန့်ကုန်ဆုံးသွားသည်။ အလွှာဆယ့်တစ် ပဉ္စမအဆင့် အင်အားကြီးသူ အားလုံးနီးပါး မကျန်တော့ပေ။ အလွှာဆယ့်တစ် ဆဋ္ဌမအဆင့် အင်အားကြီးသူများကလည်း ဒဏ်ရာများ စတင်ရလာကြသည်။
စတုတ္ထစက္ကန့်သို့ ရောက်ရှိလာသည်။
" ငါ.... ငါသေရတော့မှာလား။ " နတ်ဘုရင်က စိတ်ပျက်အားငယ်နေသည်။
ကမ္ဘာစွမ်းအား၏ လေးကြိမ်မြောက် ဖိနှိပ်မှုအောက်တွင် အလွှာဆယ့်တစ် အထွတ်အထိပ် နတ်ဘုရင်က သေလုနီးပါးဖြစ်သွားကြသည်။ ကြီးမြတ်သူအဆင့် လက်နက်၏ ကာကွယ်မှုသာမရှိလျှင် နတ်ဘုရင်၏ ခွန်အားနှင့်ဆိုလျှင် ပထမစက္ကန့်မှာပင် သေဆုံးနေမည်ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် " သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပြိုလဲခြင်းမပြုမီ နတ်ဘုရင်က ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကာ စစ်မြေပြင်၏ အလယ်တွင် ရပ်နေသော နဂါးငွေ့တန်းကြယ်သခင်ကို ကြည့်လိုက်သည်။
မကြားသေးမီက နဂါးငွေ့တန်းကြယ်သခင်မှာ လူသားရွှယ်ယုဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူက မယုံကြည်နိုင်ဖြစ်ရသည့်အပြင် သူနှင့် နဂါးငွေ့တန်းကြယ်သခင်ကြား ကွာဟမှုကို ခံစားလိုက်ရသည်။ ယခုက ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမဟုတ်ပေ။
ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်ထားသူများအပါအဝင် အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်က နဂါးငွေ့တန်းကြယ်သခင်၏ ရှေ့တွင် စက္ကန့်အနည်းငယ်ပင် ခံနိုင်ရည်မရှိပေ။
" ငါ " နတ်ဘုရင်၏ အတွေးများက ရပ်တန့်သွားသည်။ သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်က သေဆုံးသွားခဲ့သည်။
လင်းယွမ်က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ကမ္ဘာစွမ်းရည် စုစည်းလာချိန်တွင် အလွှာဆယ့်တစ် တစ်သောင်းကျော်က ဖိနှိပ်မှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့ပြီး ကြီးမားသော မငြိမ်မသက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ပထမစက္ကန့်ပြီးနောင် အလွှာဆယ့်တစ် အင်အားကြီးသူ ၉၀ ရာခိုင်နှုန်းက သေဆုံးသွားခဲ့သည်။ ပြင်ပကမ္ဘာ၏ လွှမ်းခြုံမှုအောက်တွင် နာကျင်ဖွယ် အော်ဟစ်သံများနှင့် မကျေနပ်သော အသံများက ပြည့်နှက်နေခဲ့သည်။
သို့သော် ဒုတိယစက္ကန့်၊ တတိယစက္ကန့်နှင့် စတုတ္ထစက္ကန့်တို့ ကုန်ဆုံးသွားသောအခါ ပြင်ပကမ္ဘာက လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ ကမ္ဘာစွမ်းအား၏ ဖျက်ဆီးမှုအောက်တွင် အလွှာဆယ့်တစ် အထွတ်အထိပ်များပင် သေဆုံးသွားခဲ့သည်။ အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူအချို့သာ ရုန်းကန်ရင်း ကျန်ရှိနေခဲ့သည်။
လွန်ခဲ့သော လေးစက္ကန့်က အလွှာဆယ့်တစ် အင်အားကြီးသူ တစ်သောင်းကျော်က ပြင်းထန်စွာ တိုက်ခိုက်နေခဲ့သည်။ လေးစက္ကန့်ကြာပြီးသောအခါ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူ တစ်ရာအောက်သာ ကျန်နေခဲ့သည်။
ဝှစ်...
လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ ပြန့်ကြဲနေသော ကြီးမြတ်သူအဆင့် လက်နက်များနှင့် ရတနာများကို သူ၏ အတွင်းကမ္ဘာထဲသို့ သိမ်းဆည်းလိုက်သည်။ ကြီးမားသော ကမ္ဘာစွမ်းအား၏ ဖျက်ဆီးမှုကို ခံနိုင်ရည်ရှိသော မည်သည့်ရတနာမဆို တန်ဖိုးရှိလေသည်။
လူသားမျိုးနွယ် မဟာမိတ်ဘက်တွင် ရွှမ်ယွမ်ယိုနှင့် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက စစ်မြေပြင်တွင် ဖြစ်ပျက်သမျှကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။
အစတွင် ရွှမ်ယွမ်ယိုက အိပ်မက်ဆိုးနယ်မြေ၏ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ခိုက်ရန်အတွက် ကြီးမြတ်သူရွှမ်ယွမ်ပေးထားသော ဝှက်ဖဲကို အသုံးပြုရန် စဉ်းစားနေခဲ့သည်။
သို့သော် ယခု သူက တန်ပြန်တိုက်ခိုက်မှု မပြုလုပ်ရသေးမီ အင်းဆက်မျိုးနွယ်မဟာမိတ်မှ အင်းဆက်မျိုးနွယ်စစ်သည်များအားလုံး သေဆုံးသွားခဲ့ကြသည်။
" ဘာဖြစ်သွားတာလဲ။ " ရွှမ်ယွမ်ယိုက မှင်သက်နေသည်။ သူ၏ ရှေ့မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း သူက ယုံကြည်ရန် ခက်ခဲနေသည်။
" နဂါးငွေ့တန်းကြယ်သခင် " ရွှမ်ယွမ်ယိုက အဝေးမှ လင်းယွမ်ကို ကြည့်လိုက်သည်။
ပြင်ပကမ္ဘာ၏ ဝန်းရံမှုအောက်တွင် အခြားမျိုးနွယ်များမှ အင်အားကြီးသူများအားလုံးက ဖိနှိပ်ခံခဲ့ရသော်လည်း လူသားမျိုးနွယ်မဟာမိတ် မပါဝင်ပေ။ သို့သော် ရွှမ်ယွမ်ယို၏ ခွန်အားဖြင့် ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ် ပြောင်းလဲမှု၏ ရင်းမြစ်မှာ အဝေးရှိ နဂါးငွေ့တန်းကြယ်သခင်ဖြစ်သည်ကို သတိပြုမိလိုက်သည်။
" သေပြီ။ သူတို့အားလုံး သေသွားကြပြီ။ " အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
အလွှာဆယ့်တစ် အင်အားကြီးသူများက ပုရွက်ဆိတ်များသဖွယ် သေဆုံးသွားခဲ့သည်။ ကြီးမြတ်သူများက အလွှာဆယ့်တစ်များကို တိုက်ခိုက်မည်မဟုတ်ပေ။ ၎င်းက အခြားကြီးမြတ်သူများ၏ တန်ပြန်တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင် " ထျန်းယုမျိုးနွယ်မှ ထျန်းယုမန်က လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။ သူမ၏ အပြစ်ကင်းစင်ခြင်းသရဖူက ကမ္ဘာစွမ်းအား၏ ဖိနှိပ်မှု လေးကြိမ်ကို ခုခံပြီး အလင်းလွှာတစ်ခုကို ဖြန့်ကျက်ထားသည်။
ထျန်းယုမျိုးနွယ်၏ မျိုးနွယ်ကာကွယ်ရေးလက်နက်က စွမ်းအားကြီးပြီး ကာကွယ်မှုနှင့် တိုက်ခိုက်မှု နှစ်မျိုးလုံးတွင် အစွမ်းထက်သည်။
" နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုလုပ် ဒီလောက်သန်မာနေတာလဲ။ " ကပ်ဘေးမျိုးနွယ်မှ အင်အားကြီးသူကလည်း မယုံကြည်နိုင်ဖြစ်နေသည်။
ကြီးမားသော ကမ္ဘာစွမ်းအား၏ ပထမအကြိမ် ဖိနှိပ်မှုတွင် သူက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပြီး ချက်ချင်း အဝေးသို့ ထွက်ပြေးခဲ့သည်။ သို့သော် သူက အဝေးသို့ မရောက်မီ ကမ္ဘာစွမ်းအား၏ ဖိနှိပ်မှု လေးကြိမ်ကို ခံစားခဲ့ရသည်။ သူက ခုခံရန် ခက်ခဲပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်ခုလုံး ဒဏ်ရာရရှိခဲ့သည်။
၎င်းက ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူပေးအပ်ထားသော အသက်ကယ်နည်းလမ်းကို အသက်သွင်းခဲ့သောကြောင့်ဖြစ်ပြီး မဟုတ်လျှင် သူက သေဆုံးသည်မှာ ကြာပြီဖြစ်သည်။
" အလွှာဆယ့်နှစ်အောက်မှာ ဒီလိုစွမ်းအားကြီးတဲ့ တည်ရှိမှုမျိုး ဘယ်လိုလုပ်ရှိနေတာလဲ။ " ကပ်ဘေးမျိုးနွယ်၏ အသန်မာဆုံး အင်အားကြီးသူပင် မယုံကြည်နိုင်ဖြစ်နေသည်။ သူက ကပ်ဘေးမျိုးနွယ်တွင် ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်အရှိဆုံးဖြစ်ပြီး ကျင့်ကြံခြင်းနှင့် ပက်သက်သော လျို့ဝှက်ချက်များစွာကို သိရှိထားသည်။
အလွှာဆယ့်တစ်တွင် ကန့်သတ်ချက်များရှိပြီး သူကလည်း ထိုကန့်သတ်ချက်များနှင့် အလွန်နီးစပ်နေပြီဖြစ်သည်။ သို့သော် ယခု လင်းယွမ်၏ ရှေ့တွင် အလွှာဆယ့်တစ်၏ ကန့်သတ်ချက်များက ဟာသတစ်ခုသာ ဖြစ်နေခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
အခန်း ၆၈၇။ မျိုးနွယ်ကာကွယ်ရေးလက်နက်များ၏ စွမ်းအား....
ထျန်းယုမျိုးနွယ်နှင့် ကပ်ဘေးမျိုးနွယ်တို့၏ အသန်မာဆုံး အင်အားကြီးသူများက လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကို နားမလည်နိုင်ကြပေ။ သို့သော် သူတို့အားလုံး၏ စိတ်ထဲတွင် ရှင်းလင်းသော အတွေးတစ်ခုတော့ ရှိနေသည်။ ၎င်းက ထွက်ပြေးရန် ဖြစ်သည်။
အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အင်အားကြီးသူများက ကမ္ဘာစွမ်းအား၏ ပထမဆုံး ဖိနှိပ်မှုအောက်တွင် ရုန်းကန်နေကြချိန်တွင် ခဏအတွင်း ငါးစက္ကန့်၏ ပဉ္စမလှိုင်း ဖိနှိပ်မှုက ဆင်းသက်လာသည်။ ၎င်းက ကျန်ရှိသော အသန်မာဆုံး အင်အားကြီးသူများ၏ သုံးပုံတစ်ပုံကို လျှော့ချသွားသည်။
ချွီလီရှောင်နှင့် အခြားအလွှာဆယ့်တစ်များက မျိုးနွယ်ကာကွယ်ရေးလက်နက်မရှိသောကြောင့် သူတို့၏ ခန္ဓာနှင့် စိတ်ဝိညာဉ်များက ပြိုကွဲသွားကြသည်။
" ငါတို့ နောက်ထပ် စောင့်လို့မရတော့ဘူး။ " ကပ်ဘေးမျိုးနွယ်မှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူက ဟိန်းဟောက်လိုက်သည်။
သူ၏ မျက်လုံးများက ဆန်းကြယ်သော စကြာဝဠာနှစ်ခု လှည့်ပတ်နေသကဲ့သို့ အနက်ရောင် လေဟာနယ်အက်ကြောင်းတစ်ခုကို ဆုတ်ဖြဲပြီး ပြင်ပကမ္ဘာ၏ လွှမ်းခြုံမှုနှင့် ဝေးရာသို့ ထွက်ပြေးသွားသည်။
မကြာမီ ထျန်းယုမန်နှင့် မျိုးနွယ်ကာကွယ်ရေးလက်နက်ကို ကိုင်ဆောင်ထားသော အင်အားကြီးသူများကလည်း အလားတူ ပြုလုပ်ခဲ့ကြသည်။ ကြီးမြတ်သူများ လက်နက်အတွင်း ချန်ထားခဲ့သော စွမ်းအားများကို အသက်သွင်းပြီး လေဟာနယ်ကို အတင်းအကျပ် ဆုတ်ဖြဲကာ ထွက်ပြေးသွားခဲ့ကြသည်။
" သူတို့က ငါ့ကမ္ဘာစွမ်းရည်ရဲ့ လွှမ်းခြုံမှုအောက်ကနေ တကယ် ထွက်ပြေးနိုင်တာလား။ " လင်းယွမ်က ကြောင်းကျိုးဆက်နွယ်မှုမှ တစ်ဆင့် အလွှာဆယ့်တစ် အင်အားကြီးသူအချို့၏ နေရာများကို ပိတ်ဆို့လိုက်သော်လည်း အကြောင်းရင်းအမျိုးမျိုးကြောင့် သူတို့က လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
" အဲ့ဒါက အလွှာဆယ့်နှစ် နည်းစနစ်လား။ " လင်းယွမ်က တွေးလိုက်သည်။
ကမ္ဘာစွမ်းအား၏ ပဉ္စမလှိုင်း ဖိနှိပ်မှုရောက်ပြီးနောက် အသန်မာဆုံး အလွှာဆယ့်နှစ် အင်အားကြီးသူ နှစ်ဆယ်ကျော်က သူတို့၏ နောက်ဆုံး ဝှက်ဖဲများကို အသုံးပြုပြီး စစ်မြေပြင်မှ ထွက်ခွာသွားကြသည်။
" မရဘူး။ ငါ ပထမစက္ကန့်ထဲက ပြင်ပကမ္ဘာကို ပေါက်ကွဲစေခဲ့ရင်တောင် သူတို့ကို သတ်နိုင်မှာ မဟုတ်ဘူး။ သေခြင်းကို ရင်ဆိုင်ရရင် အဲ့ဒီ ကြီးမြတ်သူအဆင့် လျို့ဝှက်နည်းစနစ်တွေက အလိုအလျောက် အသက်ဝင်လာပြီး သူတို့ကို အဝေးကို ခေါ်ဆောင်သွားလိမ့်မယ်။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူ၏ လက်ရှိခွန်အားဖြင့် အလွှာဆယ့်တစ်များကို ရင်ဆိုင်ရာတွင် ကြီးမြတ်သူအဆင့် လက်နက်များကို ကိုင်ဆောင်ထားလျှင်တောင် လက်တစ်ဖက်လှန်သကဲ့သို့ လွယ်ကူလှသည်။ သို့သော် အလွှာဆယ့်နှစ် ကြီးမြတ်သူများ ဝင်ရောက်စွက်ဖက်လျှင် သူတ်ု့က လင်းယွမ်၏ ဖိနှိပ်နိုင်စွမ်းအတွင်း မရှိတော့ပေ။
ထိုအလွှာဆယ့်နှစ် အင်အားကြီးသူများက စစ်မြေပြင်သို့ တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်သော်လည်း မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်း သူတို့ထားရှိသော အရေးပေါ် ပြင်ဆင်မှုများက အသက်ဝင်သွားသောကြောင့် သွယ်ဝိုက်သောနည်းဖြင့် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။
" ထာလိုက်တော့။ နှစ်ဆယ်ကျော်လောက် လွတ်သွားတာပဲ။ " လင်းယွမ်က ကျန်ရှိသော အလွှာဆယ့်တစ် အင်အားကြီးသူများကို အာရုံစိုက်လိုက်သည်။
အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူတိုင်းက မျိုးနွယ်ကာကွယ်ရေးလက်နက်များကို ကိုင်ဆောင်ထားခြင်းမဟုတ်ဘဲ လက်နက်မရှိသူများက ပြင်ပကမ္ဘာ၏ လေဟာနယ်ကို ခွဲထုတ်ပြီး ထွက်ပြေးနိုင်စွမ်းမရှိပေ။
" ကျန်တဲ့ အလွှာဆယ့်တစ်တွေက ပြင်ပကမ္ဘာရဲ့ ဖိနှိပ်မှုကို ခံနိုင်မှာမဟုတ်လို့ ကမ္ဘာကို ဖောက်ခွဲဖို့ မလိုတေ့ာဘူး။ " လင်းယွမ်က တွေးပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ကပ်ဘေးမျိုးနွယ်၏ အသန်မာဆုံး အင်အားကြီးသူရှိနေသေးလျှင် လင်းယွမ်က သတိထားသောကြောင့် ကမ္ဘာကို ဖောက်ခွဲပစ်ပေလိမ့်မည်။ သို့သော် ယခု မျိုးနွယ်ကာကွယ်ရေးလက်နက်နှင့် အသန်မာဆုံး အင်အားကြီးသူများက ထွက်ပြေးသွားသောကြောင့် လင်းယွမ်က ကမ္ဘာစွမ်းရည်၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ရန် မလိုတော့ပေ။
ဝုန်း....
ခဏအတွင်း ကမ္ဘာစွမ်းအား၏ ဆဋ္ဌမလှိုင်း ဖိနှိပ်မှု ရောက်ရှိလာသည်။ ကျန်ရှိသော အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက ထိုဖိနှိပ်မှုဆအာက်တွင် ခန္ဓာနှင့် စိတ်ဝိညာဉ်များ ပျက်စီးသွားပြီး ရတနာများသာ ကျန်ခဲ့ပြီး လင်းယွမ်က အားလုံးကို သိမ်းဆည်းလိုက်သည်။
ကမ္ဘာစွမ်းရည်၏ စွမ်းအားများက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ခြောက်စက္ကန့်အတွင်း ကျယ်ပြန့်သော စစ်မြေပြင်အတွင်း လူသားမျိုးနွယ်မဟာမိတ်မှာ အလွှာဆယ့်တစ် အင်အားကြီးသူများသာ ကျန်နေခဲ့သည်။
အခြားမျိုးနွယ်များမှ အလွှာဆယ့်တစ်အင်အားကြီးသူအားလုံးနီးပါးက သေဆုံးသွားကြပြီး နှစ်ဆယ်ကျော်သာ လွတ်မြောက်ခဲ့သည်။
လင်းယွမ်က ထိုရလဒ်ကို ကျေနပ်လေသည်။ စကြာဝဠာစတင်ချိန်မှ ရှည်လျားသော သမိုင်းတစ်လျှောက်အတွင်း အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများအားလုံး သတ်ဖြတ်ခံရခြင်းက ယခင်က တစ်ခါမှမဖြစ်ဖူးသော အခြေအနေဖြစ်သည်။
" ဒီတစ်ခါတော့ တကယ်ကံကောင်းတာပဲ။ " လင်းယွမ်က အတွင်းကမ္ဘာထဲသို့ ကြည့်လိုက်ပြီး အလွှာဆယ့်နှစ် ရတနာများ ပြန့်ကြဲနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာ ခရီးစဉ်တွင် လူသားမျိုးနွယ်ကို ပြန်ပေးရသော ရတနာများမှလွဲ၍ ရတနာတစ်ရာကျော်ကို ရရှိခဲ့သည်။ ၎င်းတို့အနက် သုံးဆယ်ကျော်က အလွှာဆယ့်နှစ် ကြီးမြတ်သူအဆင့် လက်နက်များ ဖြစ်ကြသည်။ သို့သော် ယခု လင်းယွမ်၏ အတွင်းကမ္ဘာထဲတွင် ကြီးမြတ်သူအဆင့် လက်နက်က အနည်းဆုံး ဆယ်ဆကျော် ရှိနေသည်။
" ဒီအရင်းအမြစ်တွေနဲ့ဆို ငါ့ရဲ့ ရွှမ်ဟွမ်မူလခန္ဓာက အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်ထိ မရောက်ရင်တောင် သိပ်ဝေးမှာမဟုတ်တော့ဘူး။ " လင်းယွမ်က ကျေနပ်သွားသည်။ သူပိုင်ဆိုင်သော ကြီးမြတ်သူအဆင့် လက်နက်အရေအတွက်က လူသားမျိုးနွယ် ဖန်တီးခဲ့သမျှ ကြီးမြတ်သူအဆင့် လက်နက် စုစုပေါင်းအရေအတွက်ထက် သာလွန်နိုင်လေသည်။
" နှမြောစရာကောင်းတာက ငါ မျိုးနွယ်ကာကွယ်ရေးလက်နက်တစ်ခုမှ မရလိုက်တာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
သို့သော် ယခုအချိန်တွင် သူ့ကို မျိုးနွယ်ကာကွယ်ရေးလက်နက် တစ်ခုပေးလျှင်တောင် လင်းယွမ်က လက်ခံချင်လိမ့်မည်မဟုတ်ပေ။ မျိုးနွယ်ကာကွယ်ရေးလက်နက်က သာမန် ကြီးမြတ်သူအဆင့် လက်နက်များထက် ကျော်လွန်ပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ စွမ်းအားကို ထိန်းသိမ်းထားနိုင်သည်။
လင်းယွမ်က ဂရုမစိုက်ဘဲ မျိုးနွယ်ကာကွယ်ရေးလက်နက်တစ်ခုကို လက်ခံထားလျှင် ဝံပုလွေတစ်ကောင်ကို အိမ်ထဲသို့ ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားနိုင်သည်။
" နဂါးငွေ့တန်းကြယ်သခင် " ရွှမ်ယွမ်ယိုက လူသားမျိုးနွယ်၏ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများနှင့်အတူ လင်းယွမ်ဆီသို့ ပျံသန်းလာခဲ့သည်။
" အင်း " လင်းယွမ်က ရွှမ်ယွမ်ယိုကို ကြည့်လိုက်သော်လည်း သူ၏ အာရုံက အတွင်းကမ္ဘာထဲမှ ရတနာများပေါ်တွင် ရှိနေဆဲ ဖြစ်သည်။
" အ အခု ကျုပ်တို့ ဘာလုပ်ရမလဲ။ " ရွှမ်ယွမ်ယိုက သူ၏ စိတ်ထဲမှ မေးခွန်းကို မေးလိုက်သည်။
ပုံမှန်အားဖြင့် လူသားမျိုးနွယ်မဟာမိတ်ဘက်မှာ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် ယခုအချိန်တွင် အခြားမျိုးနွယ်များမှ အလွှာဆယ့်တစ် အင်အားကြီးသူများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေပေလိမ့်မည်။
သို့သော် ယခု အခြားမျိုးနွယ်များမှ အလွှာဆယ့်တစ် အင်အားကြီးသူများကို လင်းယွမ်တစ်ယောက်တည်း ရှင်းပစ်ခဲ့သည်။ ထိုအခြေအနေတွင် လုသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ် အင်အားကြီးသူများက ဘာလုပ်ရမှန်းမသိတော့ပေ။
" ကြီးမြတ်သူတွေရဲ့တုန့်ပြန်မှုကို စောင့်လိုက်ပါ။ " လင်းယွမ်က ပြောလိုက်သည်။
မဟာစစ်မြေပြင်တွင် ဖြစ်ပျက်သမျှက အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။ ယခု ကြီးမြတ်သူများက မည်သို့စီစဉ်မည်ကို စောင့်ဆိုင်းရုံသာ လိုအပ်သည်။
ဥပမာ မဟာစစ်မြေပြင်၏ ပထမဆုံး လွှမ်းမိုးမှုကို စွန့်လွှတ်မလား သို့မဟုတ် အလွှာဆယ့်တစ် အင်အားကြီးသူများ ထပ်မံစေလွှတ်မလား။
" ကောင်းပါပြီ။ " ရွှမ်ယွမ်ယိုက ခေါင်းညိမ့်လိုက်ဝည်။
သူက ထိုအချက်ကို အစောကတည်းက စဉ်းစားမိသည်။ နဂါးငွေ့တန်းကြယ်သခင်၏ လုပ်ဆောင်မှုများကြောင့် သူ၏ စိတ်က ရှုပ်ထွေးသွားပြီး အချိန်အတော်ကြာအောင် မငြိမ်မသက်ဖြစ်နေခဲ့သည်။
မဟာစစ်မြေပြင်၏ အပြင်တွင် ကြီးမြတ်သူများ အားလုံးက တိတ်ဆိတ်နေကြသည်။ လင်းယွမ် စစ်မြေပြင်သို့ ပထမဆုံး ဝင်ရောက်လာချိန်တွင် ခြေဆောင့်ချက်တစ်ခုက အင်းဆက်မျိုးနွယ်မဟာမိတ်တစ်ခုလုံးနီးပါးကို ချေမှုန်းလုနီးပါး ဖြစ်ခဲ့သည်။
ထိုအချိန်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်ကြသည်။ သို့သော် နောက်ဆက်တွဲရလဒ်ကို ကြီးမြတ်သူများ မမျှော်လင့်ထားခဲ့မိပေ။ ခြောက်စက္ကန့်အတွင်း အထွတ်အထိပ်မျိုးနွယ် ဆယ့်နှစ်ခုအနက် လူသားမျိုးနွယ်မဟာမိတ်သာ ကျန်နေခဲ့သည်။
ထိုအချိန်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူအချို့က ဝင်ရောက်စွက်ဖက်လိုခဲ့ကြသည်။ သို့သော် မဟာစစ်မြေပြင်ကို ကြီးမြတ်သူများအားလုံး ပူးပေါင်းတည်ထောင်ခဲ့ကြပြီး အခွင့်အာဏာ၏ တစ်စိတ်တစ်ပိုင်းကို လူသားမျိုးနွယ်၏ ကြီးမြတ်သူများက ကိုင်ဆောင်ထားသည်။
လူသားမျိုးနွယ်မှ ကြီးမြတ်သူများ၏ ခွင့်ပြုချက်မရှိဘဲ အခြားကြီးမြတ်သူများကလည်း အချိန်တိုအတွင်း မဟာစစ်မြေပြင်၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ရန် ခက်ခဲခဲ့သည်။ ၎င်းက အခြားအထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများအတွက်သာမက လူသားမျိုးနွယ်မှ ကြီးမြတ်သူများအတွက်လည်း အတူတူပင် ဖြစ်သည်။
" ကြီးမြတ်သူရွှမ်ယွမ် မင်းတို့ လူသားမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်က တကယ်အထင်ကြီးစရာပဲ။ "
" နဂါးငွေ့တန်းကြယ်သခင် နောက်ဆုံး အသုံးပြုခဲ့တဲ့ နည်းလမ်းက မင်းတို့ လူသားမျိုးနွယ်ရဲ့ အလွှာဆယ့်နှစ် အခြေခံက လာတာလား။ စစ်မြေပြင်ရဲ့ ပထမဆုံး လွှမ်းမိုးမှုကို ရရှိဖို့ မင်းတို့လူသားမျိုးနွယ်က အလွှာဆယ့်နှစ် အခြေခံကိုတောင် အသုံးပြုခဲ့တာလား။ "