← Chapters

အခန်း (၃၆၃)

Vol. 27 Ch. 363

အခန်း (၃၆၃)

Vol. 27 Ch. 363

ခဏလောက်ကြာပြီးသည့်နောက် ကြီးမားသည့် စာတန်းကြီးက ဆိုင်၏ အပြင်ဘက်တွင် ချိတ်ဆွဲသွား၏။ ခွေးနှင့် သမက်တော် အထဲသို့ ဝင်ခွင့်မပြု။ ဤအရာက သတိပေးစာတန်းတစ်ခုဖြစ်၏။

၁၅ မိနစ်ခန့် မကြာခင်မှာပဲ ဆိုင်တိုင်းဆိုင်တိုင်းတွင် ထိုကဲ့သို့သော စာတန်းများနှင့် ပြည့်နှက်သွားခဲ့သည်။

[ခွေးနှင့် သမက်တော် ဝင်ခွင့်မပြု။]

အနောက်ပိုင်းကုန်သည်သည် ဦးညွှတ်ကာဖြင့် ပြုံးကာ ပြောလိုက်၏။ “တောင်းပန်ပါတယ်။ ကျန်းယွမ် မြို့တော်ဝန်... ဒါ ကျုပ်တို့ရဲ့ ဓလေ့ထုံးစံပါပဲ။ ကျုပ်တို့ ပြောင်းလဲလို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ခင်ဗျားတို့ နိုင်ငံမှာ ဒီလိုဓလေ့ထုံးစံတွေ ရှိနေမယ်လို့ ကျုပ် မထင်မိဘူး။ အံ့အားသင့်စရာပဲ”

အနောက်ပိုင်းကုန်သည်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုကတောက်ပသွားခဲ့ပသည် သူက ဦးကိုညွှတ်ထား၏။ “အားနာပါတယ်၊ အားနာပါတယ်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ခင်ဗျားတို့ နိုင်ငံရဲ့ ထုံးတမ်းဖြစ်တယ်ဆိုမှတော့ ကျုပ်က ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်ဖြစ်တယ်ဆိုရင်တောင်မှ ဒါကို ချိုးဖောက်လို့ မရဘူးပေါ့။ အရာရှိ၊ အရာခံတွေက လူတွေရဲ့ ရိုးရာ ဓလေ့တွေကို ဆုံးဖြတ်ချက် ချပေးလို့မှ မရတာ။ ဒီတော့ အိမ်ပြန်ပြီးတော့ အာလူးပူပူလေး စားနေတာမှ ဟုတ်အုံးမယ်။ ဝူလဲ့.. စစ်သည်တော်တို့ သေသေချာချာမှတ်ထားကြ .... တခြားနိုင်ငံရဲ့ ဓလေ့ကို ကောင်းကောင်း လေးစားလိုက်နာရမယ်”

“ကောင်းပါပြီ”

ရှမ့်လန်က လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဆိုင်ရှင်... ဒါဆိုရင် ကျုပ်ထွက်သွားပါတော့မယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ကျုပ်ဆုတောင်းပါတယ်”

အနောက်တိုင်းကုန်သည်က လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကြွပါ၊ ကြွပါ”

ပြီးနောက် သူက လေးလေးစားစားဖြင့် ဦးညွှတ်ပြီး ရှမ့်လန်ကို အပြင်ဘက်သို့ ထွက်သွားရန် အမူအရာ ပြလျက်ရှိနေ၏။

အနောက်ဘက်မှ အနောက်တိုင်းစစ်သည် တစ်ဒါဇင်ကျော်တို့ကလည်း တစ်လှမ်းချင်းစီ အနီးကပ် လိုက်ပါလာခဲ့သည်။

ရှမ့်လန်သည် ဝူလဲ့ကို ခေါ်ဆောင်ကာဖြင့် ဆိုင်၏ အပြင်ဘက်သို့ ထွက်လာခဲ့၏။

ဘန်း ဘန်း ဘန်း

ချက်ချင်းပဲ ဆိုင်တံခါးများ ပိတ်သွားခဲ့၏။ အနောက်ပိုင်းကုန်သည်များ၏ အသံက အတွင်းဘက်ဆီမှ ထွက်ပေါ်လာသည်။

“ကိုယ့်လူတွေ... ဒီလူ နင်းလျှောက်သွားခဲ့တဲ့ ကြွေပြားတွေအကုန်လုံးကို ခွာပြီး အိမ်သာထဲမှာ သုံးလိုက်ကြ။ သူထိကိုင်တာ ဘယ်နေရာရှိသေးလဲ။ စားပွဲတွေ၊ ခုံတွေ အကုန်လုံးကို ရိုက်ချိုးပြီး မီးရှို့ပစ်လိုက်။”

“သမက်တော်ဆိုတာ ဘာမှကောင်းတာ မဟုတ်ဘူး။ ဘာပဲပြောပြော သူက ငါတို့ရဲ့ ဆိုင်ထဲမှာ ၁၅ မိနစ်လောက် နေခဲ့တယ်လေ။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက လူတွေကို ကျုပ်တို့ဆီကို လာပြီး မကောင်းတဲ့ အငွေ့အသက်တွေ ထွက်ခွာသွားအောင် ဆုတောင်းပေးဖို့လည်း ပင့်ဖိတ်လိုက်အုံး”

ထိုစကားကိုကြားချိန်မှာတော့ ဝူလဲ့နှင့် တခြားသောသူများသည် ဓားများကို ဆွဲထုတ်လိုက်၏။

တစ်ချိန်တည်းမှာပဲ လမ်းတစ်ခုလုံးတွင် ဓားများဆွဲထုတ်လိုက်သည့် အသံမျး ပေါ်ထွက်လာ၏။ အနောက်တိုင်းစစ်သည်နှင့် အစောင့်များ၏ ဓားဆွဲထုတ်သည့် အသံပင်ဖြစ်သည်။

ချလွမ်... ချလွမ်...

အေးစက်သည့် အကြည့်ပေါင်းများစွာတို့ကို သူတို့ အာရုံခံမိ၏။ ဆိုင်၏အတွင်းတွင် စစ်သည်တော် ဒါဇင်ချီက ရောက်ရှိလျက် ရှိနေပြီး ဤအရာက ဆိုင်တစ်ခု မဟုတ်ချေ။ တပ်စခန်းကြီး တစ်ခုကဲ့သို့ပင်။

ရွှဲ့ပြည်နယ်နှင့် ချောင်ပြည်နယ်၏ ကြားတည်နေရာတစ်ခုဖြစ်သောကြောင့် အနောက်ပိုင်းဒေသမှ လူများသည် ဤနေရာတွင် ဆိုင်များဖွင့်၍ စီးပွားရှာကြသည်။ အနောက်ပိုင်းကုန်သည်များနှင့် စုကလန်တို့သည် တူညီသည့် အကျိုးကျေးဇူးများကို ခံစားရယူထားသောကြောင့် သူတို့အား စောင့်ရှောက်ပေးနေသည့် စစ်သည် ရာချီလည်း ရှိလို့နေသည်။

ရှမ့်လန်က ဝူလဲ့နှင့် တခြားသော သူများဓားဆွဲထုတ်သည်ကိုမြင်တော့ ချက်ချင်းပဲ အေးစက်စက်ဖြင့် ဆူငေါက်လိုက်၏။ “ဘာတွေလုပ်နေကြတာလဲ။ ဘာတွေလုပ်နေကြတာလဲ။ ငါတို့က မင်းမှုထမ်းတွေလေ။ ငါက ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်ပဲ။ မင်းမှုထမ်းဖြစ်တယ်ဆိုရုံနဲ့ နိုင်ငံတစ်ခုချင်းစီရဲ့ ဓလေထုံးစံတွေကို ပြောင်းလို့ မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်ကို ပြန်ပြီးတော့ အာလူးပူပူလေးတွေ သွားစားကြတာပဲ ကောင်းတယ်။

ဒီကုန်သည်တွေက ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သူတို့က ကျန်းယွမ်မြို့မှာ စီးပွားရေးလုပ်နေတယ် ဆိုမှတော့ လုပ်ပါစေ .... လုပ်ပါစေ။ ဘာပဲပြောပြော သူတို့ရဲ့ စီးပွားရေးတွေ ကောင်းရင် ဒီမြို့က မြို့သူမြို့သားအားလုံးရဲ့ စီးပွားရေးလည်း ကောင်းတာပဲ။ ဒီတော့ သူတို့က ဘယ်လိုစီးပွားရေးပဲ လုပ်လုပ် ဥပမာ ကျွန်တွေပဲ ရောင်းရောင်း .... ဘာရောင်းရောင်းပေါ့။

သူတို့သာ အခွန်ငွေပေးနေမယ်ဆိုရင် ရွှဲ့ပြည်နယ်အနေနဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးကို ရနေတာပဲ မဟုတ်လား။ ဒီလိုလူမျိုးတွေနဲ့ တွေ့တဲ့အချိန်မှာ ဘယ်လိုဖြစ်ပြီးတော့ မင်းတို့က ဓားတွေဘာတွေ ဆွဲထုတ် နေရတာလဲ။ အင်း... ဓားတွေကို ပြန်သိမ်းလိုက်”

ချက်ချင်းပဲ ဝူလဲ့နှင့် တခြားသောသူများသည် ဓားကို ဓားအိမ်ထဲသို့ ပြန်လည်ကာ ထည့်သွင်းလိုက်၏။

ရှမ့်လန် ပြောဆိုလိုက်သည့်စကားသည် အနောက်တိုင်းကုန်သည်ပေါင်းများစွာတို့ကို စိတ်သက်သာရာ ရစေခဲ့၏။ သူတို့၏ နှလုံးသားထဲတွင်လည်း တစ်စုံတစ်ခု ဝင်ရောက်လာခဲ့သည်။

ရွှဲ့ပြည်နယ်မှ ဤအကောင်သည် ဘာတစ်ခုမှ ကောင်းမွန်သည့်လူ မဟုတ်ကြောင်း သူတို့ဆီ သတင်းစကား ရောက်ရှိထားပြီးဖြစ်၏။ သမက်တော်တစ်ယောက် ဖြစ်သည်မှာ အံ့အားသင့်စရာမဟုတ်ချေ။ မည်သည့် သတ္တိတရားမှလည်း ရှိပုံမပေါ်ပေ။ တစ်ချက်လေး ခြောက်လှန့်ရုံနှင့် ကြောက်လန့်သွားခဲ့၏။

ရွှဲ့ပြည်နယ်၏ ဘုရင်သည် ကျန်းယွမ်မြို့ကို ဤကဲ့သို့ အမှိုက်သရိုက်၏ လက်ထဲသို့ ထည့်လိုက်သည်လား။ တကယ့်ကို မျက်စိကန်းနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ရှမ့်လန်၏ အမူအကျင့်နှင့် စိတ်ဆန္ဒကို မြင်ရပြီးနောက် အနောက်တိုင်းကုန်သည်များအားလုံးတို့သည် ဘာတစ်ခုကိုမှ ကြောက်လန့်စရာမလိုဘဲ သက်တောင့်သက်သာ နေထိုင်နိုင်စွမ်းရှိကြောင်း အလုံးစုံ ယုံကြည်လိုက်ကြသည်။

.......

ရှစ်ပေနီးပါးခန့် အရပ်ရှိသည့် အမျိုးသမီးစစ်သည်တော်ရှမ့်နုသည် တခြားသောစစ်သည်တော်များကို ခေါ်ဆောင်ကာ စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်ရောက်ကာဖြင့် ရေဝယ်ရန် ကြိုးစားခဲ့၏။ ပေးရသည့် တန်ဖိုးသည် ရေတစ်ပုံးအတွက် ရွှေဒင်္ဂါးတစ်ဝက်ပင် ဖြစ်၏။ သို့ပေမည့် အနောက်တိုင်းကုန်သည်များ အားလုံးသည် ခေါင်းကိုခါယမ်းကာဖြင့် ငြင်းပယ်လျက် ရှိနေကြ၏။ သူတို့က ရေကိုရောင်းချချင်ခြင်း မရှိချေ။

အပြင်ဘက်တွင် ရှိနေသည့် ရှမ့်လန်၏စကားကို ကြားရပြီးနောက် အနောက်တိုင်းစစ်သည်တော် တစ်ယောက်သည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “နားထောင်ကြ။ ငါတို့ရဲ့ ရေတွေကို ခွေးတွေ၊ ဝက်တွေကိုပဲ ကျွေးရင်ကျွေး၊ တိုက်ရင် တိုက်လိုက်မယ်။ မင်းတို့ကို ရောင်းမှာမဟုတ်ဘူး။ ရေငတ်ပြီးသာ သေကြ”

ရှမ့်နုက ပြောလိုက်သည်။ “ရှင်တို့ အခုရပ်နေတဲ့ နေရာက ရွှဲ့ပြည်နယ်နော်”

အနောက်တိုင်း စစ်သည်တော်သည် နှာခေါင်းရှုံ့လိုက်၏။ “ဘယ်သူက ပြောတာလဲ။ ဒီနေရာက စုကလန် ပိုင်ဆိုင်တဲ့ နေရာပဲ။ အနာဂတ်စုမျိုးနွယ်တွေရဲ့ ပိုင်နက်ပဲ။ ကျုပ်တို့ အနောက်တိုင်းက လူတွေအကုန်လုံးက စုကလန်အပေါ် ယုံကြည်လေးစားမှု ရှိကြတယ်။ ရေဝယ်ချင်တယ် ဟုတ်လား။ အင်း... မင်းတို့ကို ပေးလို့ရတယ်။ ဒါပိုတောင် ပူနေသေးတယ်။ နွေးနွေးလေးပေါ့”

ပြီးနောက် အနောက်တိုင်းစစ်သည်တော်သည် သူ၏ ခါးပတ်ကို အသာဖြည်လိုက်၏။ ပြီးနောက် သူ၏ ပစ္စည်းကို ထုတ်ယူကာ သေးပေါက်ပေးရန် ပြင်၏။ အနောက်တိုင်း စစ်သည်တော် တစ်ဒါဇင်ကျော် တို့ကလည်း ခါးပတ်များကို ဖြုတ်ကာဖြင့် သူတို့၏ ပစ္စည်းများကို ထုတ်ယူရန် ပြင်ဆင်နေသည်။

“အစ်မကြီး.... အစ်မကြီး လာသောက်လေ၊ လာသောက်လေ။ ပိုတောင် နွေးနေသေးတယ်။ အပြင်ဘက်မှာ ရှိနေတဲ့ ဟို ကြောင်တောင်တောင်ကောင် ရေဆာနေသေးလား။ သူ့ကို ဝင်လာခိုင်းပြီးတော့ စိတ်လိုလက်ရ သောက်ခိုင်းလိုက်။ ဒီအတွက် ငါ ရွှေဒင်္ဂါးတစ်ဝက်ပဲ တောင်းမယ်။ သူ မသောက်ဘူးဆိုရင် ဈေးက တဖြည်းဖြည်း ပိုပြီး မြင့်လာလိမ့်မယ်”

ရှမ့်နုသည် ပေါက်ကွဲလုမတတ်ဖြစ်နေ၏။ သို့ပေမည့် ရှမ့်လန်သည် မည်ကဲ့သို့ အနိုင်အကျင့်ခံရသည်မဆို ဘာတစ်ခုမှ မလုပ်ရန် မှာထားခဲ့၏။ ထို့ကြောင့် သူမက ဒေါသတကြီးနှင့် အပြင်ဘက်သို့ ထွက်လိုက်၏။ ထိုအခြင်းအရာကို မြင်ချိန်မှာတော့ အနောက်တိုင်းဒေသဆီမှ စစ်သည်တော်တစ်ဒါဇင်ကျော်တို့သည် အားရပါးရ ရယ်မောနေခဲ့၏။ ပြီးနောက် သူတို့သည် သူမ၏ နောက်သို့ လိုက်ပါလာခဲ့သည်။

တံခါးမှ ထွက်ခွာပြီးနောက် သူတို့သည် အပြင်ဘက်လမ်းမပေါ်၌ သေးကော့ကာ ပန်းနေ၏။ သေးနံ့များသည် ကောင်းကင်အနှံ့သို့ပင် လှိုင်ထလာခဲ့၏။

“မြို့တော်ဝန်... ရေဝယ်ချင်တာမဟုတ်လား။ ဒီမှာ ရေနွေးနွေးလေးတွေ ရမယ်။ ရေနွေးနွေးလေးတွေ။ ဒါမှမဟုတ် တစ်စုံတစ်ယောက် တစ်ခါတည်းလာပြီး ပါးစပ်နဲ့ တေ့သောက်လိုက်ပါလား” အနောက်တိုင်း စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် သေးပေါက်ရင်း ရယ်မောလျက်ရှိနေကြသည်။

“ဟား ဟား ဟား ဟား”

လမ်းတစ်လျှောက်မှ အနောက်တိုင်းစစ်သည်အားလုံးတို့သည် အားရပါးရ ရယ်မောနေမိ၏။ သေးပေါက်ပြီးနောက် မြို့တော်ဝန်ရှမ့်လန်၏ ဂုဏ်သိက္ခာတစ်ခုလုံးသည် အိမ်သာထဲသို့ ရောက်ရှိ သွားသကဲ့သို့ပင်။

ရှမ့်လန်က လက်သီးဆုပ်ကာ ပြောလိုက်၏။ “အင်း... စစ်သည်တော်တွေက တကယ့်ကို မယုံကြည်နိုင် လောက်အောင် ကြမ်းတမ်းတဲ့ လူတွေပဲ။ ဒီနိမ့်ကျတဲ့ အရာရှိက ချီးကျူးပါတယ်၊ ချီးကျူးပါတယ်”

အနောက်တိုင်းစစ်သည်တော်များက ပြောလိုက်သည်။ “အင်း... ခွေးထက်ပိုပြီး ဟိတ်ဟန်များသလို လုပ်နေတာပဲ။ ဒါက သဘာဝပဲ။ ရွှဲ့ပြည်နယ်မှာရှိတဲ့ မိန်းမတွေက ဒီလိုဟန်များတဲ့ လူမျိုးကို ကြိုက်တယ်။ ဒါပေမဲ့ တကယ့် တကယ်တမ်း သူတို့ရဲ့ စိတ်ကျေနပ်မှုကို မရနိုင်မှာ သေချာတယ်။ ဒီတော့ မင်းရဲ့ မိန်းမတွေကို ငါတို့နဲ့သာ လာအိပ်ခိုင်းလိုက်။”

“မြို့တော်ဝန် ခင်ဗျားရဲ့ မိန်းမတွေ စိတ်ကျေနပ်မှုရော ရှိရဲ့လား။ ကျုပ်တို့ကူညီပေးရမလား”

ဘန်း ဘန်း ဘန်း

ပြီးနောက် ဒါဇင်နှင့်ချီသည့် ဆိုင်များ၏ တံခါးများက ပွင့်သွားခဲ့၏။ အနောက်တိုင်းစစ်သည် ၁၀၀ ကျော်တို့သည် သူတို့၏ လက်နက်များကို ထုတ်ကာဖြင့် လမ်းမပေါ်တွင် သေးပေါက်လျက် ရှိနေ၏။

“မြို့တော်ဝန်က ရေဝယ်ချင်သေးတယ်။ အားလုံးပဲ သေးပေါက်ပေးလိုက်ကြ။ ဒီမှာ ပူပူနွေးနွေးလေးရမယ်။ မြို့တော်ဝန် မြန်မြန်လာ။ အားလုံး မြန်မြန်လာပြီး သောက်ကြလေ”

ဤမြင်ကွင်းက တကယ့်ကို ရွံရှာဖွယ်ရာပင်ဖြစ်သည်။

ရှမ့်လန်က ပြုံးလိုက်၏။ “အင်း... လောကကြီးမှာ ဒီလောက်သူရဲကောင်းဆန်ပြီး ဆန်းကြယ်တဲ့ လူတွေ ရှိနေလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး။ တကယ့်ကို ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်။ စစ်သည်တော်တို့ တကယ်လို့ သေးပေါက်ပြီးပြီဆိုရင်လည်း ကျုပ်ပြန်တော့မယ် ... သွားကြစို့” ရှမ့်လန်သည် မြို့တော်ဝန်အိမ်ရာဆီသို့ အသာပင်လှည့်ပြန်သွားခဲ့၏။

အနောက်တိုင်းဒေသမှ အနောက်တိုင်းစစ်သည်တော် ၁၀၀ ကျော်တို့သည် အားရပါးရ ရယ်မောနေကြသည်။ “မြို့တော်ဝန် မသွားပါနဲ့အုံး။ လာပါအုံး၊ ရေလေးသောက်သွားပါအုံး”

“မြို့တော်ဝန် ... ခင်ဗျားမိန်းမပါလာလား။ ခင်ဗျားမိန်းမက ဘယ်လိုပုံစံရှိလဲဆိုတာ ကျုပ်တို့ကို ကြည့်ခွင့် မပေးနိုင်ဘူးလား”

“မြို့တော်ဝန်... ခင်ဗျားက ရုပ်ချောချောလေးပဲ။ အမျိုးသမီးအဝတ်အစားတွေ ဝတ်ထားရင် ပိုပြီး လှမယ် လို့တောင် ထင်မိတယ်”

ရှမ့်လန်က မြို့တော်ဝန်အိမ်ရာထဲသို့ ဝင်ရောက်သွားခဲ့၏။ ပြီးနောက် သူသည် မျက်နှာဖုံးတစ်ခုကို အသာ ထုတ်ယူကာဖြင့် ဝတ်ဆင်လိုက်၏။ ပြီးနောက် သူ့အနောက်ဘက်တွင် ရှိနေသည့် အမျိုးသမီး စစ်သည်တော် ပေါင်းများစွာတို့ကလည်း မျက်နှာဖုံးများကို ထုတ်ယူကာ ဝတ်ဆင်လိုက်ကြ၏။ ကျင်းမိသားစု၏ စစ်သည်တော်အားလုံးကလည်း မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။

ဘန်း....

ကျား .. ကျား...။

ကျယ်လောင်သော အသံကြီးထွက်ပေါ်လာခဲ့၏။

ရှမ့်လန်သည် လူ ၂၀၀ လောက်ကို ဦးဆောင်ပြီး အော်ဟစ်လိုက်သည်။

“ငါက ဓားပြကြီး နာကျည်းမှုပဲ။ ဒီနေ့ ကျန်းယွမ်မြို့ကိုလာခဲ့တာ ကောင်းကင်အစား တရားမျှတမှုကို ရှာဖွေပေးဖို့ပဲ။ အနောက်တိုင်း စစ်သည်တော်တွေက မိုက်ရိုင်းကြတယ်။ ဒီလူတွေ အကုန်လုံးကို သင်းကွပ်ပေးလိုက်ကြ။ နေရာအနှံ့မှာ သေးတွေ ပေါက်ထားတယ်မလား။ ဒီတော့ ဒီလူတွေအားလုံးကို အပြစ်ပေးတဲ့အနေနဲ့ သင်းကွပ်ပစ်ရမယ်။ ပြီးရင် ဒီလူတွေအားလုံးကို အိမ်သာတွင်းထဲကို ပစ်ချရမယ်”

“ဒီကဆိုင်ရှင်တွေအကုန်လုံးက ဝဖြိုးပြီး ချမ်းသာကြတယ်။ ပြီးတော့ အကြင်နာတရား ကင်းမဲ့တယ်။ လူတွေဆီကနေ ဘယ်လောက်များများ နှိုက်ထုတ်ထားလဲ မသိဘူး။ ကျုပ် .. ဓားပြကြီးနာကျည်းမှုက ချမ်းသာကြွယ်ဝပြီး အကြင်နာတရားကင်းမဲ့တဲ့ လူတွေကို အမုန်းဆုံးပဲ။

ဆိုင်တွေမှန်သမျှကို မီးရှို့။ ရှိသမျှ ရွှေတွေငွေတွေ အကုန်လုံးကို လု။ မြို့ထဲမှာရှိနေတဲ့ လူတွေကို ဝေပေးလိုက်။ ဆိုင်ရှင်တွေ အကုန်လုံးကို အရေခွံချွတ်။ အပြင်မှာ နေပူလှမ်းထားလိုက်မယ်။ သတ်ကြစမ်း။ ငါ ... ဓားပြကြီးနာကျည်းမှုက ကောင်းကင်အစား တရားမျှတမှုကို ရှာဖွေပေးမယ်။ သတ်ကြ၊ သတ်ကြ”

အမျိုးသမီးစစ်သည်တော် ၂၀၀ ကျော်တို့သည် လမ်းတစ်လျှောက်တွင် ရှိနေသည့် ဆိုင်များဆီသို့ ရူးရူးမူးမူး ပြေးဝင်သွားခဲ့၏။ ကြီးမားလွန်းသည့် သတ်ဖြတ်ပွဲကြီးက စတင်ပြီဖြစ်ပြီး သွေးများက ချောင်းကဲ့သို့ပင် စီးဆင်းလျက် ရှိနေသည်။

…

ဆိုင်ထဲမှ အနောက်တိုင်းစစ်သည်တော်များသည် ကြောင်အသွားခဲ့ကြ၏။

“ချီးတဲ့မှ... ဒါက လွန်လွန်းတယ်။ နေ့ခင်းကြောင်တောင်ကြီး မြို့တော်ဝန်အိမ်ရာထဲကို ဝင်သွားတယ်။ ပြီးတော့ ချက်ချင်း ဓားပြကြီး နာကျည်းမှုဆိုပြီး ထွက်လာတယ်။ ဒါ လွန်လွန်းပြီ မဟုတ်လား။ မြို့တော်ဝန် အိမ်ရာထဲက လူတွေအားလုံးက ငါတို့ကို မလေးမစား ဆက်ဆံလိုက်သလိုပဲ။ ငါ အခု သေးတောင် ပေါက်မပြီးသေးဘူး။ မင်းတို့က ချက်ချင်း ဓားပြကြီး နာကျည်းမှုဆိုပြီး ဖြစ်သွားပြီ ဟုတ်လား”

အနောက်တိုင်း စစ်သည်တော် အားလုံးသည် ပထမဦးဆုံး ကြောင်အားသွားခဲ့၏။ ပြီးနောက် ဒေါသထွက်သွားကြ၏။ နောက်ဆုံးမှာတော့ ပျော်ရွှင်သွားခဲ့သည်။ “လူဦးရေ ၂၀၀ ကျော် လောက်နဲ့။ ပြီးတော့ မိန်းမတွေချည်းပဲ။ ငါတို့ကို ရိုက်နှက် တိုက်ခိုက်ချင်တာလား။ အိမ်မက်မက်နေတာပဲ ဖြစ်မယ်”

“ဓားပြကြီး နာကျည်းမှုလောက် အားကောင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား။ မျက်နှာဖုံး တပ်လိုက်ရုံနဲ့ ဓားပြကြီး နာကျည်းမှု ဖြစ်သွားပြီလား။ မင်းက ခပ်ချောချော ကောင်လေး တစ်ယောက်ပဲ။ မင်းရဲ့ အနားမှာ သာမန် စစ်သည်တွေတောင် မရှိဘူး။ မိန်းမတွေပဲ ရှိတာ။ ငါတို့ကို ဘာလုပ်နိုင်မှာလဲ”

အနောက်တိုင်း စစ်သည်တော်များသည် သေးပေါက်ပြီးခြင်း၊ မပြီးခြင်းကို စိတ်မဝင်စားတော့ချေ။ သူတို့၏ မွေးရာပါ လက်နက်များကိုပင်လျှင် ဘောင်းဘီထဲ ပြန်ထည့်နိုင်ခြင်း မရှိပေ။ လူသတ်လက်နက်များကို အရင်ဆုံး ထုတ်ယူပြီး တစ်ခါတည်း ရှေ့သို့ လှမ်းတက်လိုက်၏။

“သတ်စမ်း”

အနောက်တိုင်း စစ်သည်တော်တစ်ရာကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ အနောက်တိုင်း စစ်သည်တော် အားလုံးတို့သည် တရားမရှိ၊ ဓားမရှိ လူများသာ ဖြစ်၏။ သတ်ဖြတ်မှုဆိုသည်မှာ သူတို့ အတွက် ထမင်းစား၊ ရေသောက် ကဲ့သို့ပင်။

သူတို့ ကျန်းယွမ်မြို့သို့ အဘယ်ကြောင့် ရောက်ရှိလာသနည်း။ ဤနေရာတွင် ပိုက်ဆံရှာရန် လွယ်ကူလွန်း သောကြောင့်ပင် ဖြစ်သည်။

ရှမ့်လန်ဆီမှ လူများသည် အရေအတွက် နည်းပါး၏။ ထို့အပြင် သူတို့က မိန်းမများနှင့် ရင်ဆိုင် တိုက်ခိုက်ရပေမည်။ ထို့ကြောင့် မကြောက်လန့်ကြချေ။

“သတ်စမ်း”

အမျိုးသမီးစစ်သူကြီး ဝူလဲ့သည် သန်မာအားကောင်းသည့် အမျိုးသမီး စစ်သည်တော် ၂၀၀ ကျော်တို့ကို ဦးဆောင်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်သွား၏။ ချက်ချင်းပဲ အဖွဲ့နှစ်ဖွဲ့သည် တစ်ခုနှင့် တစ်ခု ထိပ်တိုက် တိုက်ခိုက်ပေတော့မည်။

“မြားနဲ့ ပစ်ကြ” ဝူလဲ့က ချက်ချင်း အမိန့်ပေးလိုက်၏။

အမျိုးသမီး စစ်သည်တော် ၂၀၀ ကျော်တို့သည် ရုတ်တရက် သူတို့၏ မြားများကို အသာမြှောက်လိုက်သည်။

All Chapters