အခန်း (၃၆၈)
Vol. 27 Ch. 368
“ရှမ့်လန်... မင်းက ကောက်ကျစ်လွန်းအားကြီးတယ်”
စုလင်းက အော်ဟစ်လိုက်လေ၏။ “ဒါပေမဲ့ ဒီကိစ္စက အလုပ်ဖြစ်မယ် ထင်နေလို့လား။ ကျွမ်းကျင်သူပေါင်း ၁၀၀ ကျော်က မင်းကို ဝိုင်းပိတ်ထားတယ်။ မင်းတို့ လွတ်မြောက်နိုင်မယ် ထင်လို့လား။ ငါ့ကိုလွှတ်ပေး။ မင်းတို့ အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်”
စုလင်းက ပြော၍မပြီးသေးချေ။ ရုတ်တရက် အောက်ပိုင်းတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်မိ၏။ ထိတ်လန့်စွာဖြင့် သူ၏ခြေထောက်အောက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ မြေပြင်ပေါ်တွင် ရင်းနှီးနေသည့် အရာတစ်ခု ရှိနေ၏။ ပြီးနောက် ရှမ့်လန်၏ လက်ထဲရှိ ဓားမြှောင်က သွေးများ စွန်းထင်းနေ၏။ သူ .... သင်းကွပ်ခြင်းကို ခံခဲ့ရလေသည်လား။
“အား... အား... ရှမ့်လန်... ခွေးကောင်၊ ခွေးကောင်... မင်း ငါ့ကို သင်းမကွပ်ခင်မှာ အရင်ဆုံး သတိပေးလို့ မရဘူးလား” စုလင်းသည် ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်မိ၏။
အားလုံးသောသူတို့သည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုတော်... အားနာပါတယ်ဗျာ။ ခင်ဗျားရဲ့ဓားမြှောင်က အရမ်းကို ထက်ရှလွန်း တယ်။ ကျုပ် လက်ထဲမှာကိုင်ထားတော့ တစ်စုံတစ်ခုကို လှီးဖြတ်ချင်စိတ်ပေါ်လာတယ်။ အသာလေး လှီးလိုက်မိတာပဲ။ အဲလောက်ကြီး ပြတ်သွားလိမ့်မယ်လို့တော့ မထင်ဘူး”
စုလင်းက ထကာ အော်ဟစ်လိုက်သည်။ “ရှမ့်လန်... ငါ မင်းကို သတ်မယ်။ ငါ မင်းကို သတ်မယ်”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားရဲ့ ပစ္စည်းက တော်တော်ကြီးကို သေးတယ်။ မရီးရဲ့ ခန္ဓာကိုယ်က အရမ်းကို ကြီးမားတယ်။ ဒီကိစ္စက စဉ်းအိုးထဲ သွားကြားထိုးတံ ထိုးထည့်နေသလို ဖြစ်မနေဘူးလား”
စုလင်းသည် ရုတ်တရက် ထကာ အော်ဟစ်ရင်း အမိန့်ပေးလိုက်သည်။ “လုပ်စမ်း။ လုပ်စမ်း။ ရှမ့်လန်ရဲ့ ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်း ပိုင်းစမ်း။ သူ့ရဲ့ခန္ဓာကိုယ်ကို တစ်စစီ ဖြစ်အောင်လုပ်ကြ”
ဟောခန်းထဲတွင် ရှိနေသည့် ကျွမ်းကျင်သူများသည် ချက်ချင်းပဲ ဓားများကို ဆွဲထုတ်လိုက်ကြ၏။ စုလင်း၏ ခပ်ဝဝမိန်းမသည် နောက်ဆုံး၌ တုံ့ပြန်လာ၏။ သူမသည် သူမယောက်ျား၏ သင်းကွပ်ခံထားရသည့် အစိတ်အပိုင်းကို ငုံ့ကြည့်ပြီး ခြောက်ခြားဖွယ်ရာ အော်ဟစ်လိုက်၏။ “မြန်မြန်... ဒီအကောင်ကို အရေခွံခွာစမ်း။ သူ့ရဲ့အကြောတွေကို ဆွဲထုတ်ပြီး တစ်စစီဖြစ်အောင် ခုတ်ပိုင်းကြ။ လှောင်အိမ်ထဲက မိန်းမကိုမြားနဲ့ ပစ်ပြီး သတ်ပစ်ကြ”
“ဆွစ်... ဆွစ်... ဆွစ်...”
ဒါဇင်နှင့်ချီသည့် စစ်သည်တော်များသည် ချက်ချင်းပဲ မြားများကို ပစ်လွှတ်လိုက်၏။ လှောင်အိမ်ထဲတွင် ရှိနေသည့် အမျိုးသမီးဆီသို့ မြားများ ဝင်ရောက်သွားခဲ့လေ၏။ ကျွမ်းကျင်သူ ၁၀၀ ကျော်တို့သည် ရှမ့်လန်နှင့် တခြားသောသူနှစ်ယောက်တို့၏ ရှေ့ဆီသို့ ဝင်ရောက်လာခဲ့၏။ ကြည့်ရသည်မှာ သူတို့သည် စုလင်း၏ အသက်ကို တစ်ချက်ကလေးမှ ဂရုမစိုက်တော့ချေ။
လီချင်းချိုးသည် လက်ချောင်းများကို အသာဖိညှစ်ကာဖြင့် စုလင်း၏ အဓိက လည်ကုပ်ကျောကြီးတစ်ခုလုံးကို ချိုးချေလိုက်၏။ ချက်ချင်းပဲ... ချက်ချင်းပဲ စုလင်းသည် သူ၏လည်ကုပ် မရှိတော့သလိုပင် ခံစားလိုက်မိ၏။ သူ၏ခြေထောက် တည်နေရာကြားတွင် ရှိနေသည့် နာကျင်မှုများကိုပင် လုံးဝမခံစားရတော့ချေ။
“အား...” စုလင်းသည် အသည်းပျက်လောက်ဖွယ်ရာ အော်ဟစ်သံကြီးကို အော်ဟစ်လျက် ရှိ၏။
လီချင်းချိုးသည် သူ၏အင်္ကျီလက်ကြားထဲတွင် ရှိနေသည့် ဓားတစ်ချောင်းကို ထုတ်ယူပြီး အရူးကြီးကို ပြောလိုက်သည်။ “အရူးကြီး... အရူးလေးကို ကာကွယ်ဖို့အတွက် ပြဿနာ ရှိလား”
အရူးကြီးသည် ခေါင်းကို အသာခါယမ်းလိုက်၏။ ပြဿနာ ရှိလား၊ မရှိလားဆိုသည်ကို သူ မသိရှိပေ။
ပြီးနောက် စီနီယာလီချင်းချိုးသည် အလျင်မြန်ဆုံးနှုန်းထားဖြင့် လှုပ်ရှားသွားခဲ့၏။ ပြီးနောက် ကျွမ်းကျင်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေ၏။
ရင်းနှီးသည့် မြင်ကွင်းသည် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။ လီချင်းချိုး၏ ရှေ့တွင် သာမန်လူ၊ သာမန်ကျွမ်းကျင်သူ၊ အားကောင်းသည့် ကျွမ်းကျင်သူ မည်သည့်အရာမှ ခြားနားမှုမရှိချေ။ တိုက်ခိုက်ချက် တစ်ခုတည်းနှင့် အားလုံးသောသူတို့ကို သတ်ဖြတ်သွားခဲ့သည်။
“ဆွစ်... ဆွစ်... ဆွစ်...”
လက်ထဲရှိ ထက်ရှသည့်ဓားက လျှပ်စီးကဲ့သို့ပင် မြန်ဆန်၏။ သို့ပေမည့် တခြားမည်သည့် တိုက်ကွက်မျိုးကိုမှ ထုတ်ဖော် အသုံးပြုခဲ့ခြင်းမရှိချေ။ အလွန်လျင်မြန်စွာဖြင့် သတ်ဖြတ်လျက် ရှိနေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ၏ အနားပတ်ဝန်းကျင်တစ်ခုလုံးတွင် အလောင်းများ ပုံထပ်လို့ နေ၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဓားဘုရင်တစ်ယောက်အတွက် များပြားသည့် လက်နက်အပြည့် ကိုင်ဆောင်ထားသည့် စစ်သည်တော်များနှင့် ရင်ဆိုင်ရဖို့ဆိုသည်မှာ တကယ်ပင် ဒုက္ခများ၏။ အဘယ်ကြောင့် ဆိုသော် ဤစစ်သားအားလုံးတို့သည် ထူထဲသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားကြ၏။ ဓားချက် တစ်ခုချင်းစီတိုင်းအတွက် အတွင်းအားချီ တော်တော်များများ ကုန်ခမ်းပေမည်။
သို့ပေမည့် ဤကျွမ်းကျင်သူများမှာတော့ စစ်သည်များကဲ့သို့ ချပ်ဝတ်များ ဝတ်ဆင်မထားခဲ့ကြချေ။ ထို့ကြောင့် ဓားဘုရင်သည် အမြန်ဆုံးနှုန်းကို အသုံးပြုပြီး အားလုံးသောသူတို့၏ လည်တိုင်များကို ဓားဖြင့် ထိုးစိုက်ကာ သတ်ဖြတ်နေခဲ့၏။
“သတ်စမ်း။ သတ်စမ်း” စုလင်း၏ မိန်းမက ဆိုးဆိုးဝါးဝါး အော်ဟစ်နေခဲ့၏။ အပြင်ဘက် ခြံဝင်းထဲတွင် ရှိနေသည့် စစ်သည်တော် ၁၀၀ ကျော်တို့သည် အထဲဆီသို့ လှမ်းဝင်လာခဲ့သည်။
“သူတို့ကို သေတဲ့အထိ ပစ်သတ်ကြ။ ဒီအကောင်ကို တစ်ခါတည်း ပစ်သတ်” စုလင်း၏ မိန်းမက အမိန့်ပေး လိုက်၏။ သူမသည် သူမ၏ ယောက်ျားကိုပင် ဂရုစိုက်နိုင်ခြင်း မရှိချေ။
ချက်ချင်းပဲ စစ်သည်တော် ၁၀၀ ကျော်တို့သည် လေးများကို ဆွဲထုတ်ကာဖြင့် မြားများဖြင့် ရှမ့်လန်ကို ချိန်ရွယ်ပြီး ရူးရူးမူးမူး ပစ်လိုက်၏။ သို့ပေမည့် အသုံးမဝင်ချေ။ အရူးကြီးသည် ကြီးမားသည့် သံတုတ်ကြီးကို အသုံးပြုကာဖြင့် ထိုမြားများအားလုံးကို ရိုက်ထုတ်လျက် ရှိနေ၏။
အရူးကြီး၏ အမြန်နှုန်းက အလွန်မြန်ဆန်လွန်း၏။ ထို့ကြောင့် အမဲရောင် သံတုတ်ကြီးသည် ကြီးမားသည့် လိုက်ကာကြီးတစ်ခုကဲ့သို့ ဓားများကို ကာကွယ်ထားသလို ဖြစ်လို့နေခဲ့၏။ ထို့အပြင် ဤအမဲရောင်တုတ်ကြီးသည် ဥက္ကာခဲသံဖြင့် ပြုလုပ်ထားသောကြောင့် အားကောင်းသည့် သံလိုက်စက်ကွင်းကိုလည်း ဖြစ်ပေါ်စေ၏။ ထို့ကြောင့် ပစ်ပစ်သမျှသော မြားများအားလုံးသည် သံတုတ်တွင် လာရောက်ကပ်ငြိနေသည်။
ရှမ့်လန်သည် အရူးကြီး၏ နောက်တွင် ပုန်းအောင်းလျက် ရှိနေပြီး မြို့တစ်မြို့၏ နံရံကြီး၏ နောက်ဘက်တွင် ပုန်းကွယ်နေရသကဲ့သို့ပင် လုံခြုံလို့နေ၏။ ထက်ရှသည့် မြားတစ်စင်း သူ၏ပါးနားမှ ဖြတ်ကာ ထွက်သွားသည့် ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းမျိုးကို မဆိုနှင့်။ သူ၏ရှေ့သုံးပေနီးပါးခန့်မှ ရန်သူ ဓားဖြင့် လှမ်းပစ်မည်ကိုပင် ရှမ့်လန်က ကြောက်လန့်စိတ် မရှိခဲ့ချေ။
မြေပေါ်တွင် အသာဆောင့်ကြောင့်ထိုင်ပြီး စုလင်းနှင့် ဆော့ကစားလို့ နေခဲ့၏။
“အစ်ကိုတော်… ဘယ်လိုခံစားရသေးလဲ။ အစ်ကိုတော်… ကျုပ် ခင်ဗျားကို ခုလိုဓားနဲ့ထိုးလိုက်တဲ့ အချိန်မှာ ဘယ်လိုခံစားရလဲ”
စုလင်းသည် မျှော်လင့်ချက်ဟူ၍ လုံးဝမရှိတော့ချေ။ “ရှမ့်လန်... ခွေးကောင်... ခွေးကောင်...”
ရှမ့်လန်သည် စုလင်း၏ ပေါင်၊ လက်၊ ဝမ်းဗိုက်၊ ထိုအရာဆီသို့ ဓားမြှောင်နှင့် ထိုးလိုက်၊ မေးမြန်းလိုက် ပြုလုပ်နေသည်။ ခန္ဓာကိုယ်ထဲမှ သွေးများ တပွက်ပွက်နှင့် ထွက်ပေါ်နေ၏။ ထိုကဲ့သို့ ထွက်ပေါ်နေသည်ကို ကြည့်ရှုပြီး မည်ကဲ့သို့ ခံစားနေရသနည်းဟုလည်း တောက်လျှောက် မေးမြန်းနေ၏။
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုတော်… ကျုပ် နောက်ဆုံးအကြိမ် တစ်ခါလောက် ထိုးဖူးမယ်နော်။”
ဇွိ....
ရှမ့်လန်က ထပ်မံကာ ထိုးသွင်းလိုက်၏။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ သူသည် ဓားကို ပြန်ကာ ဆွဲမထုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏လက်က ဗလာဟင်းလင်း ဖြစ်နေသောကြောင့်ပင်။
ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုတော်… ခင်ဗျား ဘယ်လိုခံစားရလဲ။ ခင်ဗျားက တကယ့်ကို အားကောင်းတာပဲ”
စုလင်းက အော်ဟစ်လိုက်၏။ “ရှမ့်လန်... မင်း ဘယ်နေရာကို ဓားနဲ့ထိုးလိုက်တာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ခင်ဗျားရဲ့ဖင်တည့်တည့်ကိုလေ။ အစ်ကိုတော်… အနာဂတ်မှာ ခင်ဗျား အီးပါးရင် အဆင်ပြေတော့မှာ မဟုတ်ဘူး”
ချက်ချင်းပဲ စုလင်း၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ဖြစ်လို့သွားသည်။ သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ရှမ့်လန်... ခွေးကောင်... ခွေးကောင်... ခွေးမသား”
စုလင်း၏မိန်းမ ဆောင်နိုင်ငံမင်းသမီးသည် အလုံးစုံ ရူးသွပ်လုနီးပါး ဖြစ်နေ၏။ ဤကြီးမားလွန်းသည့် အကောင်ကြီးသည် အဘယ်ကြောင့် ဤမျှ အားကောင်းနေရသနည်း။ မိုးကဲ့သို့ ရွာချနေခဲ့သည့် မြားများကို ကြိမ်ဖန်များစွာ ဖယ်ရှားပြီး ရိုက်ထုတ်လျက် ရှိနေသည်။
“ရှေ့ကိုတက်ပြီး ဒီကြောင်တောင်တောင် အကောင်ကြီးကို သတ်စမ်း။ ဒီကြောင်တောင်တောင် အကောင်ကြီးကို သတ်ကြ” စုလင်း၏ မိန်းမက အမိန့်ပေးလိုက်ပြန်၏။
စစ်သည်တော် ၁၀၀ ကျော်တို့က ရူးရူးမူးမူးပဲ ရှေ့ဆီသို့ လှမ်းတက်လာသည်။ “သတ်ကြ။ သတ်ကြ”
စုလင်း၏ မိန်းမသည် ထိုသူများထဲမှ အပါအဝင် ဖြစ်၏။ ဓားကို အသာဝှေ့ယမ်းပြီး အရူးကြီး၏ ရှေ့ဆီသို့ ပြေးဝင်လာ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရူးကြီး... မင်းမျက်လုံးကို မှိတ်လိုက်”
“အင်း” အရူးကြီးက မျက်လုံးကို မှိတ်လိုက်၏။
စုလင်း၏ မိန်းမက ကြောင်အသွားခဲ့၏။ ပြီးနောက် ပျော်ရွှင်သွားမိ၏။ အရူးကြီးက တကယ်ပဲ မျက်လုံးမှိတ်လိုက် လေသည်လား။ ထိုအရာက တကယ့်ကို သေလမ်းရှာခြင်းပင် ဖြစ်ပေလိမ့်မည်။ ပြီးနောက်မှာတော့ သူမ တကယ်ပင် စိတ်ဓာတ်ကျသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှေ့သို့ ပြေးဝင်လာခဲ့သည့် စစ်သည်တော်များ အားလုံး လွင့်စင်သွားခဲ့သောကြောင့်ပင်။
“ဘန်း... ဘန်း...”
အရူးကြီးက တကယ့်ကို ကြမ်းတမ်းစွာဖြင့် တိုက်ခိုက်ပြီ ဖြစ်၏။ အရူးကြီး၌ မည်သည့် သိုင်းကွက်မှ မရှိချေ။ အလွန်မြန်ဆန်သည့် ရိုက်ချက်များကို အသုံးပြု၍ လူပေါင်းများစွာတို့ကို လိုက်လံ ရိုက်နှက်နေ၏။ သူသည် အလွန်ကို မြန်ဆန်၏။ ထို့ကြောင့် မည်သူမှ ရှောင်ရှားနိုင်စွမ်း မရှိခဲ့ချေ။ ထို့အပြင် မည်သူမှကလည်း တားဆီးနိုင်စွမ်း မရှိချေ။
သံတုတ်တစ်ချက် အရိုက်တွင် လူတစ်ယောက် ဦးနှောက်ပွင့်၍ သေဆုံးသွားခြင်းသာ ရှိ၏။ မည်သည့် စူးရှသည့် အော်ဟစ်မှု၊ မည်သည့် ကြုံးဝါးသံ၊ မည်သည့်အသံ၊ မည်သည့်အရာကိုမှ မကြားရတော့ချေ။ ထိုသူတို့၏ ခန္ဓာကိုယ်အားလုံးက ပြားချပ်သွားခဲ့သည်။
“ဘန်း... ဘန်း...”
ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းက ပေါ်ပေါက်လာခဲ့၏။ လူတစ်ယောက်က ကောင်းကင်ပေါ်သို့ လွင့်စင်သွားခဲ့၏။ အရူးကြီး၏သံတုတ်ဖြင့် ရိုက်နှက်ခံရပြီးသည့်နောက် အားလုံးသောသူတို့သည် ကောက်ရိုးမျှင်များကဲ့သို့ပင် လွင့်စင်ပြီး တဘုန်းဘုန်းနှင့် အောက်သို့ ပြုတ်ကျ၏။
အနည်းငယ်၊ တစ်ဒါဇင်၊ ပြီးနောက် ဒါဇင်ကျော်သည့်လူများအားလုံးက လွင့်စင်သွားခဲ့၏။ ထို့အပြင် အဝေးတစ်နေရာဆီသို့ လွင့်စင်ပြီး နံရံနှင့်ရိုက်ကာ အောက်သို့ ပြုတ်ကျသည့်အချိန်မှာတော့ အားလုံးသောသူတို့၏ ခန္ဓာကိုယ်က ပြားချပ်လို့နေသည်။
ရှမ့်လန်ကလည်း အံ့အားသင့်သွား၏။ ထို့အပြင် ဓားဘုရင် လီချင်းချိုးကလည်း အံ့အားသင့်သွားနေ၏။ ဓားဘုရင် လီချင်းချိုးသည် ပိုမိုကာ တုန်လှုပ်ငေးငိုင်သွားမိလေ၏။ ပြီးနောက် သူပင်လျှင် မနာလိုဖြစ်မိလေ၏။ “ဟင်း..”
ဓားဘုရင်ဟု သူကို လူပေါင်းများစွာ ခေါ်ဆိုခဲ့၏။ သို့ပေမည့် သူက အနှိုင်းမဲ့ မဟုတ်ခဲ့ချေ။ အရူးကြီးမှာတော့ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် လူပင် ဖြစ်သည်။
စုလင်း၏ မိန်းမ ဆောင်နိုင်ငံ၏ မင်းသမီးသည် သာမန်ထက်ပိုသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်၏။ မဟုတ်ပါက သူမ၏ ခန္ဓာကိုယ်က ဤမျှလောက် တောင့်တင်းကြမ်းတမ်းနေလိမ့်မည် မဟုတ်ချေ။ သူမသည် ဓားမော့ကြီးကို ဝှေ့ယမ်းပြီး အရူးကြီးကို ဝင်ရောက်ကာ ခုတ်၏။ ပြီးနောက် သူမ၏ မြင်ကွင်းတစ်ခုလုံးက မဲမှောင်သွားခဲ့၏။
ဘာဖြစ်သနည်း ။ ပြီးနောက် ဘာဖြစ်သည်ဆိုသည်ကို သူမ မသိရှိချေ။ သူမ၏ ၂၅၀ ကီလို ရှိသော ခန္ဓာကိုယ်ကြီးသည် ကောက်ရိုးမျှင်တစ်ခုကဲ့သို့ပင် လေထဲသို့ လွင့်စင်သွားခဲ့၏။ နံရံနှင့် ပစ်တိုက်ပြီး နံရံထက်တွင် သွေးများ ပေကျံသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံး နံရံမှ အလျှောကျသည့်အချိန်မှာတော့ သူမသည် အရိုးများသာမက အတွင်းကလီစာအားလုံး ပျက်စီးပြီး သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သေဆုံးမှုက ရုတ်တရက်ဆန်လွန်းပြီး ရက်စက်ကာ ကြောက်မက်ဖွယ်ရာလည်း ကောင်းသည်။
………..
တစ်ချိန်တည်းမှာပဲ ကျန်းယွမ်မြို့မှ လူပေါင်းများစွာတို့သည် ဆိုးဝါးသည့် ဘေးဒုက္ခကို ခံစားနေရ၏။ မနေ့ကတုန်းက ရှမ့်လန်သည် လူပေါင်းများစွာတို့ကို ခေါ်ဆောင်လာခဲ့ပြီး အနောက်တိုင်း ကုန်သည် များ၏ ဆိုင်ထဲသို့ ဝင်ရောက်ကာ လုယက်ခဲ့ကြ၏။ ထိုထဲတွင် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးပေါင်း များစွာကို ရရှိခဲ့၏။ ထိုအရာများအားလုံးကို ရရှိခဲ့သည့်လူများသည် ကြီးမားသည့် ကောင်းချီးတရားကို ရရှိခဲ့ခြင်းပင်။
သို့ပေမည့် ယနေ့အချိန်မှာတော့ ထိုလူများအားလုံးတို့က ဆိုးဝါးသည့် ကပ်ဘေးကို ခံစားနေရပြီ ဖြစ်၏။ စုလင်း၏ အမိန့်ပေးမှုအတိုင်း ကျန်းယွမ်မြို့မှ အရာရှိအရာခံ၊ စစ်သည်အားလုံးတို့သည် ရှိရှိသမျှသော အိမ်များဆီသို့ ဝင်ရောက်ပြီး တစ်ယောက်ချင်းစီတိုင်း လုယက်သွားခဲ့သည့် ပစ္စည်းများကို ပြန်လည်ကာ တောင်းခံခဲ့၏။ ထိုတင်သာမကသေးချေ။ ထိုသူတို့၏ လက်ထဲတွင် ရှိနေသည့် ပိုက်ဆံများကိုပါ လုယက်သွားခဲ့၏။
“မနေ့က လုယက်တဲ့ပွဲမှာ ပါဝင်ခဲ့သေးလား”
“မပါ... မပါပါဘူး။ ကျုပ်... ဝမ်ရှောင်ရှီက ရိုးသားတဲ့ လူတစ်ယောက်ပါ။ ကျုပ် မပါပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ အိမ်နီးချင်း ဝမ်လောင်ဆန်ကတော့ လုပ်ခဲ့ပါတယ်”
“ကြည့်... မင်းရဲ့မျက်နှာကို ကြည့်ရတာ ကလိမ်ကကျစ်ပဲ။ ဘယ်လိုဖြစ်ပြီးတော့ မပါဘဲနေမှာလဲ။ သူ့အိမ်ထဲကို ဝင်ရှာစမ်း”
ပြီးနောက် စစ်သည်များသည် အိမ်တစ်ခုလုံးကို ရှာဖွေလေ၏။ ပြီးနောက် လုယက်ထားခဲ့သည့် ပစ္စည်းများကို သာမက ထိုသူ ရှာဖွေစုဆောင်းထားသည့် တခြားသော ပိုင်ဆိုင်မှုအားလုံးကိုလည်း သိမ်းဆည်းသွားခဲ့သည်။
“ဆရာတို့... ဆရာတို့ ဒါကျုပ်တို့ရဲ့ ပိုက်ဆံတွေပါ။ ကျုပ်တို့ ၁၀ နှစ်လောက်နီးပါးကို စုခဲ့တာပါ။ ဒါတွေကို ကျုပ်ရဲ့သား မိန်းမယူရင် သုံးဖို့အတွက် စုဆောင်းထားခဲ့တာပါ ဆရာကြီး။ ဒါကို ယူသွားလို့ မရပါဘူး” ဝမ်ရှောင်ရှီက အော်ဟစ်နေ၏။
ရုတ်တရက် အမှုထမ်းတစ်ယောက်သည် ဝမ်ရှောင်ရှီအား တုတ်ဖြင့် ရိုက်နှက်လိုက်၏။ တစ်ဖက်လူ၏ လက်နှင့် ခြေထောက်တို့ကို တစ်ခါတည်း ရိုက်ချိုးလိုက်ခြင်းပင်။ ဝမ်ရှောင်ရှီ၏ မိန်းမကလည်း ရှေ့ဆီသို့ ပြေးဝင်လာခဲ့သည်။
အနောက်တိုင်းစစ်သည်တော် တော်တော်များများတို့က သူမကို မြင်လိုက်ရ၏။ သူမသည် ငယ်ရွယ်သည် မဟုတ်ဘဲ အသွင်အပြင်မှာ သာမန်သာဖြစ်သော်လည်း ခန္ဓာကိုယ်မှာတော့ အနည်းငယ်တောင့်တင်း၏။ ထို့ကြောင့် အိပ်လို့ကောင်းမည့် မိန်းမမျိုးပင် ဖြစ်၏။ ပြီးနောက် ဝမ်ရှောင်ရှီ၏ မိန်းမသည် မြေပြင်ပေါ်သို့ ဖိနှိပ်ခြင်း ခံလိုက်ရ၏။ ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် အဖြစ်ဆိုးများက ဖြစ်တည်လာခဲ့၏။
အနောက်တိုင်းကုန်သည်တို့ငဘ် စုကလန်၏ ပိုက်ဆံအိတ်များ ဖြစ်၏။ ယနေ့ ကျန်းယွမ်မြို့ထဲတွင် ရွှေဒင်္ဂါးပေါင်း အနည်းဆုံး ၂ သိန်းကျော်တို့ လုယက်ခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် ထိုအရာများကို ပြန်လည်ကာ ရယူရပေလိမ့်မည်။
စုလင်းပြောသည်မှာ မှန်ကန်၏။ မနေ့က ရယူခဲ့သည့် ရွှေများငွေများကိုသာမက သူတို့က ထိုထက်ပိုမိုကာပင် ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် အိမ်တိုင်းအိမ်တိုင်းတွင် မူရင်း စုဆောင်းထားခဲ့သည့် ငွေကြေးများ ရှိခဲ့ကြပြီး အမှုထမ်းတို့သည် ထိုငွေကြေးများကိုပါ လုယက်လာခဲ့သောကြောင့်ပင်။
ရုတ်တရက် ကျန်းယွမ်မြို့တစ်ခုလုံးသည် ဆိုးဆိုးဝါးဝါး အော်ဟစ်သည့်အသံများ၊ ငိုကြွေးသံများနှင့် ပြည့်နှက်သွားခဲ့၏။ အိမ်တိုင်းအိမ်တိုင်းသည် သွေးမျက်ရည်များ ကျဆင်းနေခဲ့ကြ၏။ မနေ့က လုယက်ခြင်းတွင် ပါဝင်သည့်လူဖြစ်စေ၊ မပါဝင်သည့်လူဖြစ်စေ မိသားစုတိုင်းအားလုံးသည် ဘေးဒုက္ခကို ခံစားနေကြရ၏။ ပိုက်ဆံများကို မဆိုနှင့်။ တန်ဖိုးကြီးသည့် အရာအားလုံးကိုပင် လုယက်ခံရ၏။
ရုန်းကန်သည့်လူများသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ဖိနှိပ်ရိုက်နှက်ခြင်းကို ခံရ၏။ ခြေထောက်အရိုးများ ကျိုးကုန်၏။ တချို့သည် အသက်ပင် သေဆုံးခဲ့ကြ၏။ အကယ်၍ မိသားစုထဲတွင် လှပသည့် မိန်းကလေးသာ ရှိသည်ဆိုပါက ကျန်းယွမ်မြို့မှ စစ်သည်များက တော်သေး၏။ အနောက်တိုင်းမှ စစ်သည်များကတော့ သားရဲများကဲ့သို့ပင် ထိုမိန်းကလေးများကို အဓမ္မပြုကျင့်ခဲ့ကြသည်။
မြို့ထဲမှ လူပေါင်းများစွာတို့၏ သွေးမျက်ရည်များသည် ကောင်းကင်ပေါ်သို့ပင် လွင့်စင်နေခဲ့၏။
များပြားလွန်းလှသည့် နာကျည်းမှုများ၊ များပြားလွန်းလှသည့် ဒေါသတရားများသည် ကျန်းယွမ်မြို့ကြီး၏ လူပေါင်းများစွာတို့၏ နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့၏။ ထိုဒေါသတရားများကို မည်သူကမှ မီးထွန်းညှ မိပေးသည်ဆိုပါက ဘာမှမဖြစ်လာချေ။ သို့ပေမည့် တစ်စုံတစ်ယောက်က ဒေါသတရားကို မီးထွန်းညှိလိုက်သည့် အချိန်မှာတော့ မြို့ကြီးတစ်ခုလုံးကိုပင်လျှင် ချက်ချင်း လောင်ကျွမ်းနိုင်စွမ်း ရှိလာပေလိမ့်မည်။