အခန်း (၃၇၀)
Vol. 27 Ch. 370
ဤနေရာအား နှင်းတောင်နတ်ဘုရားကျောင်းဟု ခေါ်ဆိုသော်လည်း တကယ်တော့ ခံတပ်ကြီး တစ်ခုမျှသာ ဖြစ်၏။ ဘုန်းကြီးစစ်သည်ခေါင်းဆောင် ခုဟိုင်နှင့် သူ၏ ဘုန်းကြီးစစ်သည်တို့ သေဆုံးခဲ့ပြီးနောက် ဤခံတပ်ကြီး တစ်ခုလုံးသည် အသုံးပြုသူမရှိဘဲ လွတ်ကင်းလျက် ရှိနေ၏။
ပြီးနောက်မှာတော့ နောက်ထပ် မင်းသားနှစ်ပါးတို့သည် သူတို့၏ တိုက်ရိုက်မျိုးဆက်များနှင့် စစ်သည်များကို ခေါ်ဆောင်ကာ နှင်းတောင်နတ်ဘုရားကျောင်းဆီသို့ ရောက်ရှိလာခဲ့ပြန်သည်။
ထို့ကြောင့် ချင်နိုင်ငံ၏ မင်းသားသုံးပါးတို့သည် ဤနေရာတွင် စစ်သည်အပါအဝင် ၅၀၀၀ ကျော်ကို စုစည်းကာဖြင့် နေထိုင်နေခဲ့၏။ သူတို့သည် နှင်းတောင်နတ်ဘုရားကျောင်းပေါ် နေထိုင်ပြီး အဝေးတစ်နေရာစီမှ အာယုထိုင်ကို ရင်ဆိုင်ချင်ပုံပင်။ ပြောရမည်ဆိုလျှင် သူတို့၌ မည်သည့် ရည်ရွယ်ချက်မှ မရှိကြချေ။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လိုခြင်းသာလျှင် ဖြစ်ပြီး အာယုထိုင်ကိုလည်း သူတို့က မသတ်ဖြတ်ချင်ပေ။
ဆယ်ရက်ကျော်ကြာ စောင့်ဆိုင်းပြီးနောက်မှာတော့ အာယုထိုင်သည် သူ၏စစ်တပ်ကို စေလွှတ်ကာ တိုက်ခိုက်စေခြင်း မရှိခဲ့ချေ။ ချင်နိုင်ငံ၏ မင်းသားသုံးပါးတို့သည် ရည်ရွယ်ချက် မရှိကြောင်း သိသာအောင် ပြသခဲ့၏။
အာယုနာနာမှာလည်း နှင်းတောင်အောက်တွင် နေထိုင်ပြီး သူမ၏ ကိုယ်ပိုင် မြို့တစ်မြို့ကို တည်ဆောက်ထားခဲ့သည်။ သို့ပေမည့် သူတို့က အဘယ့်ကြောင့် ထိုနေရာဆီသို့ မသွားသနည်း။
တော်ဝင်နှင်းတောင်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် နှင်းတောင်နတ်ဘုရားကျောင်းသည် ဖုန်းရွှေသဘောအရ ကောင်းမွန်ပြီး ရတနာကုန်းမြေတစ်ခုကဲ့သို့ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်ပင်လျှင် အချိန်များက တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားခဲ့၏။ အာယုထိုင်သည် သူ၏ စစ်သည်များကို စုဆောင်းပြီး အာယုနာနာဆီသို့ သတင်းစကား ပေးပို့လိုက်၏။ ချက်ချင်းအညံ့ခံရန်နှင့် မဟုတ်ပါက သတ်ဖြတ် ခံရမည် ဆိုသည့် သတင်းစကားပင်။
ကြည့်ရသည်မှာ နှင်းတောင်နတ်ဘုရားကျောင်းပေါ်မှ သူ၏ညီသုံးယောက်ကိုပင် အလုံးစုံ မေ့လျော့နေသည့် ပုံပင်။ နှင်းတောင်နတ်ဘုရားကျောင်းတွင် အရက်၊ ဝိုင်နှင့် အသားများ ရှိ၏။ ထို့ကြောင့်ပင်လျှင် စစ်သည်တော် ငါးထောင်ကျော်တို့ နှစ်ဝက်နီးပါးခန့် လုံလုံလောက်လောက် စားသုံးရန် လုံလောက်၏။
ဤဘုန်းကြီးများက တကယ့်ကို ချမ်းသာလွန်း၏။ ထို့အပြင် နှင်းတောင်နတ်ဘုရားကျောင်းသည် ထူးဆန်းသည့် တည်နေရာ အနေအထားမျိုးတွင် ရှိနေသောကြောင့် သွားရောက် တိုက်ခိုက်ရန် ခက်ခဲလွန်း၏။ ခုခံကာကွယ်ရန်မူ အလွန်လွယ်ကူလှသည်။
ချင်နိုင်ငံမှ မင်းသားသုံးပါးတို့သည် စိတ်အေးသက်သာစွာဖြင့် နေထိုင်နေကြ၏။ သူတို့သည် စားလိုက်၊ သောက်လိုက်၊ ဝေ့လည်ဝေ့လည် လုပ်လိုက်နှင့် တစ်ရက်တာကို ကျော်လွန်နေကြ၏။ သူတို့သည် အလောတကြီး ထွက်ခွာခဲ့သောကြောင့် သူတို့နှင့်အတူ မိန်းမလှလေးများကို ခေါ်ဆောင်မလာခဲ့ချေ။ မဟုတ်ပါက တကယ့်ကို ကောင်းမွန်သည့် အချိန်ကာလများကို ဖြတ်သန်းနေရမှာ သေချာ၏။
ထို့ကြောင့်ပင်လျှင် ချင်နိုင်ငံကြီးတစ်ခုလုံးသည် အစိတ်အပိုင်းသုံးခုအဖြစ်သို့ ကွဲလျက်ရှိနေ၏။ ကြည့်ရသည်မှာ ပြည်တွင်းစစ်ကြီး အဆုံးမရှိ တောက်လောင်တော့မည့်ပုံပင်။ စုနန်၏ အမိန့်ကလည်း တဖြည်းဖြည်းနှင့် အလျင်စလို ဖြစ်လာခဲ့၏။ ချောင်ပြည်နယ်မှ စစ်သည်များသည် တိုက်ခိုက်လုမတတ် ဟန်ရေးပြနေသည်။ ထို့ကြောင့် အချိန်က အလွန်အရေးကြီး၏။ ချင်နိုင်ငံသည် ဖြစ်နိုင်သမျှ အမြန်ဆုံး သူတို့၏ ပြည်တွင်းစစ်ကို အပြီးသပ်သင့်သည်။
စုနန်အနေနှင့် ဤပုန်ကန်မှုတွင် စစ်သည်အပေါင်း နှစ်သောင်းကျော်သာလျှင် ရှိ၏။ ထို့ကြောင့် ချင်နိုင်ငံ၏ အဓိက တပ်သားများကို လိုအပ်သည်။ ချင်နိုင်ငံသည် လူဦးရေတစ်သိန်းနီးပါးခန့် ရှိသည့် လူရိုင်းနိုင်ငံတစ်ခု ဖြစ်၏။ ထို့အတူ နိုင်ငံသားအားလုံးတို့သည် စစ်ပွဲတွင် အသုံးဝင်သည့် လူများဖြစ်၏။ တွေ့ရာယောက်ျားများသည် တွေ့ရာလက်နက်ကို ဆွဲကိုင်ကာ တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ တကယ့်ကို ကြမ်းတမ်းရက်စက်လွန်းသည့် လူများပင်။
ထိုတင်သာမကသေးချေ။ ရွှဲ့ပြည်နယ်ဆီသို့ ကျူးကျော်ဝင်ရောက်သည့်အချိန်တိုင်းတွင် ချင်နိုင်ငံဆီမှ ဤလူရိုင်းများသည် အရင်ဦးဆုံး ရှေ့မှဝင်ရောက်ကာ တိုက်ခိုက်တတ်သည့်လူများ ဖြစ်၏။ ထို့အပြင် သူတို့အတွက် ဝေစုကိုပင် တောင်းခံခဲ့ခြင်း မရှိသူများပင်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကောင်းချီးကိုသာလျှင် မျှော်လင့့်၏။ နှစ်အနည်းငယ်လောက် နွားကျွေးရန် လုံလောက်လျှင် သူတို့အတွက် ဖူလုံပြီ ဖြစ်သည်။
စုနန်၏ လျှို့ဝှက်စာသည် စုကျန့်ထင်နှင့် စုမိုတို့အတွက် တကယ့်ကို အရေးတကြီးဖြစ်လာခဲ့၏။ ရက်ပိုင်းအတွင်း ချင်နိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်ပင်။ တကယ့်ကို မယုံကြည်နိုင်လောက်စရာကောင်းသည့် တာဝန်မျိုးပင် ဖြစ်၏။ ချင်နိုင်ငံသည် စစ်သည်များကို ဖြစ်နိုင်သမျှ အများဆုံး ပေးပို့ရန် အချိန်အခါ ကျရောက်နေပြီ ဖြစ်၏။
................
ဤနေ့မှာတော့ ချင်နိုင်ငံ၏ မင်းသားသုံးပါးတို့သည် နှင်းတောင်နတ်ဘုရားကျောင်းတွင် သောက်သောက်စားစား ပျော်ပျော်ပါးပါးနှင့် လုပ်လျက်ရှိ၏။ သူတို့က သောက်လေ ပိုမိုကာ မူးယစ်လာလေပင်။
“စတုတ္ထအစ်ကို... ကျုပ်တို့ နေ့စဉ်နေ့တိုင်း ရုပ်ဆိုးတဲ့ မိန်းမတွေကိုပဲ မြင်နေရတာ ရွံလှပြီဗျာ။ တောင်အောက်ကို ဆင်းပြီး မိန်းမလှလေး အနည်းငယ်လောက် သွားဖမ်းရင် မကောင်းဘူးလား”
ချင်နိုင်ငံ၏ စတုတ္ထမင်းသားသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဖြစ်ဘူး။ ဒီနေရာက ပိုပြီး လုံခြုံတယ်။ မိန်းမလှလေးတွေကို ဖမ်းဆီးဖို့ လူဘယ်လောက်များများ စေလွှတ်မှာလဲ။ တကယ်လို့ နည်းနည်းလေးသာ စေလွှတ်လိုက်မယ်ဆိုရင် အာယုထိုင်က တစ်ခါတည်း လွယ်လွယ်ကူကူ သတ်ပစ်လိုက်မှာပေါ့။ အများကြီး ပေးပို့လိုက်မယ်ဆိုရင် ဒီနေရာကို ဘယ်လိုခုခံမလဲ။ ဒီလိုလည်း မဖြစ်သေးဘူး”
ပဉ္စမမင်းသားက ပြောလိုက်သည်။ “ဒါဆိုရင် ဒီလိုပုံစံမျိုးနဲ့ ဘယ်လောက်ကြာအောင် နေရမှာလဲ။ ရုပ်ဆိုးဆိုး မိန်းမတွေကို စိတ်ပျက်နေပြီ။ ကျုပ်ဘယ်လိုမှ မခံနိုင်တော့ဘူး”
ထိုအချိန်မှာပဲ ချင်နိုင်ငံ၏စစ်သည်တော်တစ်ယောက်သည် အခန်းထဲသို့ ပြေးဝင်လာခဲ့၏။ “စတုတ္ထမင်းသား၊ ပဉ္စမမင်းသား၊ သတ္တမမင်းသား အပြင်ဘက်မှာ မိန်းမနှစ်ယောက် ရောက်နေပါတယ်။ ကြည့်ရတာ မိဖုရားကြီးနဲ့ တူတယ်”
ချင်နိုင်ငံ၏ မင်းသားသုံးပါးတို့သည် အံ့အားသင့်သွားခဲ့၏။ စုကလန်က မြေခွေးနှစ်ယောက်ပဲလား။ သူတို့ ဘာလာလုပ်သနည်း။
မင်းသားသုံးပါးတို့သည် အပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့၏။ အပြင်ဘက် နှင်းကဲ့သို့ ဖြူဖွေးလျက်ရှိနေသည့် မြေပြင်ပေါ်မှာတော့ ကျက်သရေရှိပြီး လှပသည့် မိန်းမနှစ်ယောက်ကို မြင်လိုက်ရသည်။
နွေရာသီပင် ဖြစ်သော်လည်း နှင်းတောင်တစ်ခုလုံး၌ နှင်းများနှင့် ဖုံးလွှမ်းလျက် ရှိ၏။ ထိုကဲ့သို့ နှင်းများဖြင့် ဖြူဖွေးနေသည့် တည်နေရာထဲတွင် အနီရောင်တောက်တောက် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေး နှစ်ယောက်သည် တကယ့်ကို လှပလွန်းနေ၏။ ဤမိန်းကလေးနှစ်ယောက်သည် စုမိုနှင့် စုနင်ပင် ဖြစ်၏။
ချင်ဘုရင်၏ မိန်းမနှစ်ယောက်သာလျှင် ဖြစ်၏။ သူတို့သည် အနီရောင်ရဲရဲများကို ဝတ်ဆင်ထားခဲ့ကြ၏။ အောက်ပိုင်း ဝတ်စုံက ပါးလွှာလျက် ရှိနေပြီး သူတို့၏ ခန္ဓာကိုယ်ကို အတိုင်းသား မြင်နေရ၏။ ချင်နိုင်ငံ မင်းသားသုံးပါးတို့၏ အသက်ရှုနှုန်းများက မြန်ဆန်လာခဲ့သည်။
သူတို့သည် ဘုရားကျောင်းတံခါးကို မြန်မြန်ပဲ လှမ်းဖွင့်လိုက်၏။
စုမိသားစု၏ မိန်းမများသည် တကယ့်ကို လှပ၏။ ဤမိန်းမနှစ်ယောက်နှင့်သာ ပျော်ပါးရမည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ချင်ဘုရင်ရှိစဉ်က သူတို့သည် ဤမိန်းမ များကို ကြည့်ပင် မကြည့်ရဲချေ။ သို့ပေမည့် ချင်နိုင်ငံမှမိန်းကလေးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤမိန်းမနှစ်ယောက်တို့သည် တကယ့်ကို ဆွဲဆောင်မှု ပြည့်လွန်း၏။ ယခု သူတို့၏ အဖေ ချင်ဘုရင်က သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ဤမိန်းမနှစ်ယောက်ကို အာယုထိုင်က ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရုပ်ဆိုးဆိုးမိန်းမများနှင့်သာ အိပ်စက်ခဲ့ရသည့် မင်းသားသုံးပါးတို့သည် ဤစုမိသားစုဆီမှ မိန်းမနှစ်ယောက်ကို မြင်ရချိန်မှာတော့ စိတ်မထိန်းနိုင်သလိုပင် ခံစားနေမိသည်။ “အမေ... အာယုထိုင်က ဒီကိုလာဖို့ ခိုင်းလိုက်တာလား”
“အင်း”
“အာယုထိုင်ရဲ့ အိပ်ရာပေါ် တက်ပြီးသွားပြီ မဟုတ်လား။ ခင်ဗျားတို့နှစ်ယောက် ဘာလာလုပ်ကြတာလဲ”
မင်းသားသုံးယောက်တို့၏ မျက်လုံးများက ဝင်းဝင်းတောက်လျက် ရှိနေ၏။ သူတို့၏ နှလုံးသားထဲတွင် စပ်စုလိုစိတ်များနှင့် ပြည့်နှက်နေ၏။
စုမိုက ကြင်နာစွာ ပြောလိုက်သည်။ “မင်းသားတို့ ... အာယုထိုင်အစား ဒီကို လာခဲ့တာ မဟုတ်ဘူး။ စုမိသားစု အစား လာခဲ့တာ။ မင်းတို့ ငါတို့နှစ်ယောက်ကို အထဲပေးဝင်နိုင်မလား”
ချင်နိုင်ငံ၏ မင်းသားသုံးပါးတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ချင်စိတ်ပင် ပေါက်သွားကြ၏။ “သူတို့ကို အထဲ ပေးဝင်လိုက်ကြ”
“သူတို့ကို ပေးဝင်လို့ မဖြစ်ဘူး”
“ဒီနေရာမှာ အစီအစဉ်တစ်ခု ရှိတာနေမယ်”
မင်းသားသုံးပါးတို့သည် တစ်ယောက်နှင့်တစ်ယောက် ဝေခွဲ၍ မရနိုင်ခဲ့ချေ။ ငြင်းခုံလျက် ရှိနေ၏။
စုမိုက အသာရယ်မောကာ ပြောလိုက်သည်။ “ငါတို့က မိန်းမနှစ်ယောက်ပါပဲ။ သိုင်းပညာကလည်း အရမ်းကို နိမ့်ပါးတယ်။ အရှင်မင်းသားတို့ဆီမှာ စစ်သည် ၅၀၀၀ လောက်တောင် ရှိတာ။ မိန်းမနှစ်ယောက်ကို ဘာလို့ ကြောက်နေရတာလဲ”
သူမ၏ အပြောသည် ချင်နိုင်ငံမှ မင်းသားသုံးပါးတို့၏ နှလုံးသားများကို အရည်ပျော်ကျသွားစေခဲ့သည်။
ပြီးနောက် စုမိုနှင့် စုနင်တို့သည် သူတို့၏ အနီရောင်ဝတ်စုံများကို အသာပင် ဖြဲလိုက်၏။ ဤကောက်ကြောင်းသည် တကယ့်ကို စွဲမက်လောက်စရာပင်။ ချင်နိုင်ငံမှ မင်းသားသုံးပါးတို့သည် လဝက်နီးပါးခန့် ဤအရာကို ငတ်ပြတ်နေသူများဖြစ်၏။
“အင်း ... သူတို့က မိန်းမနှစ်ယောက်ပဲ။ သိုင်းပညာလည်း နိမ့်ပါးလွန်းတယ်။ ဒီတော့ ဘာလုပ်နိုင်မှာမို့လို့လဲ”
စုမိုက အားတက်သရော ဆိုလိုက်သည်။ “မင်းသားတို့.... ငါတို့ဆီမှာ လက်နက်ပုန်းတွေ ပါလာမှာကို စိုးရွံ့နေတာလား”
ပြီးနောက် သူမသည် အပေါ်ပိုင်း ပိုးထည်ဝတ်စုံများပေါ်သို့ အသာဖွင့်ဟပြလိုက်၏။ ဘာတစ်ခုမှ မရှိချေ။ သွယ်လျလှပလွန်းသည့် ခန္ဓာကိုယ်ကသာလျှင် အတိုင်းသား ပေါ်ပေါက်လာ၏။
ချင်နိုင်ငံ၏ မင်းသားသုံးပါးတို့သည် အလုံးစုံ ကြောင်အသွားခဲ့၏။ နှင်းတောင်နတ်ဘုရားကျောင်းကို စောင့်ကြပ်လျက်ရှိနေသည့် ချင်နိုင်ငံမှ စစ်သည်များကလည်း အလုံးစုံ ဆွံ့အသွားခဲ့၏။ တကယ့်ကို စွဲမက်စရာကောင်းလွန်း၏။ စုကလန်မှ မိန်းကလေးနှစ်ယောက်တို့သည် လက်များကို အသာမြှောက်ကာဖြင့် နှင်းတောင်နတ်ဘုရားကျောင်းဆီသို့ ခြေဗလာဖြင့် လှမ်းဝင်လိုက်ကြသည်။
“သူတို့ ဝင်လာခဲ့ပြီ”
“တကယ်လို့ သံသယရှိတယ်ဆိုရင် တစ်ခါတည်းသာ သတ်လိုက်ကြ”
“ဒီလှပတဲ့ မိန်းကလေးနှစ်ယောက်ကို ဘယ်သူက သတ်ချင်မှာလဲ”
ပိုမို၍ အရေးကြီးမားသည်မှာ ထိုနှစ်ယောက်သည် ချင်ဘုရင်၏ မိန်းမများ ဖြစ်၏။ ချင်နိုင်ငံမှ စစ်သည်များ အနေနှင့် တစ်ဖက်လူများကို အဘယ်သို့ သွားရောက်ကာ ရန်ပြုရဲမည်နည်း။ ထို့အပြင် မိဖုရား ဖြစ်နေ၏။ မိဖုရားသည် ကိုယ်တုံးလုံးနီးပါးဖြင့် အထဲသို့ လျှောက်ဝင်လာလျက် ရှိနေ၏။ အဘယ်သို့ သွားရောက်ကာ သတ်ရမည်နည်း။
ဤကဲ့သို့ပင် စုမိသားစုမှ မိန်းမနှစ်ယောက်တို့သည် နှင်းတောင် နတ်ဘုရားကျောင်းဆီသို့ လှမ်းဝင်လာခဲ့ပြီ ဖြစ်၏။
“အေးလိုက်တာ။ အရမ်းအေးလိုက်တာ။ အရှင်မင်းသားတို့ မီးပုံနားကို ခေါ်သွားပါအုံး”
အဘယ်သို့ မအေးဘဲ နေမည်နည်း။ ဤနေရာက နှင်းတောင်ကြီးတစ်ခု ဖြစ်၏။ အပူချိန်မှာ သုညဒီဂရီ အောက်သို့ပင် ရောက်ရှိနေသည်။
မင်းသားသုံးယောက်တို့သည် ကြီးမားသည့် အခန်းကြီးထဲသို့ ထိုမိန်းကလေးနှစ်ယောက်ကို ခေါ်ဆောင်သွားခဲ့၏။ ဤနေရာတွင် မီးဖိုကြီးတစ်ခု ရှိပြီး နွေဦးလေပြည်ကဲ့သို့ပင် နွေးထွေးစေ၏။
ချင်နိုင်ငံ၏ စတုတ္ထမင်းသားက ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူသည် သူ၏အလိုဆန္ဒများကို ဖိနှိပ်ကာဖြင့် ပြောလိုက်သည်။ “အမေ... ဒီကို ဘာလာလုပ်တာလဲ”
စုမိုက လှမ်းကာ ပြောလိုက်၏။ “ဟုတ်တယ်။ တစ်ခုခု ရှိတယ်။ ဒါပေမယ့် အရင်ဆုံး အိပ်ကြရအောင်။ ဟုတ်ပြီလား”
“အရှင်မင်းသားတို့ ကျေးဇူးပြုပြီးတော့ ငါတို့ကို နွေးထွေးအောင် လုပ်ပေးပါအုံး” စုမိုနှင့် စုနင်တို့သည် သူတို့ ဝတ်ဆင်ထားခဲ့သည့် လက်ကျန်အဝတ်များကို ချွတ်လိုက်ကြ၏။ ပဉ္စမမင်းသားဆီသို့ တစ်ယောက်က လှမ်းလျှောက်သွားခဲ့ပြီး သတ္ထမမင်းသားဆီသို့ တစ်ယောက်က လှမ်းလျှောက်သွားခဲ့၏။
စတုတ္ထမင်းသားက ဒေါသထွက်သွား၏။ “ဘာကို ဆိုလိုတာလဲ။ ကျုပ်ကို အထင်သေးနေတာလား”
နှစ်စက္ကန့်လောက် သူက တွန့်ဆုတ်သွား၏။ ပြီးနောက် သူသည် အာယုသာကို တစ်ခါတည်း ထိုးနှက်လိုက်၏။
စုမိုနှင့် စုနင်တို့သည် ချင်နိုင်ငံ၏ မင်းသားနှစ်ပါးနှင့် နမ်းရှိုက်လို့နေ၏။ စုမိသားစုမှ မိန်းကလေးနှစ်ယောက်ကို သူတို့က တစ်စစီ စုတ်ပြတ်သတ်သွားအောင် ပြုလုပ်ချင်စိတ် ရှိနေကြသည်။
သို့ပေမည့် တစ်မိနစ်ခန့် ကြာမြင့်ပြီးနောက် ချင်နိုင်ငံ၏ စတုတ္ထမင်းသားသည် အရင်ဦးဆုံး ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းသွားခဲ့၏။ အသက်ပင် မရှူနိုင်တော့ချေ။
“အား... အား...”
တစ်စက္ကန့်လောက် ကြာပြီးနောက် မျက်လုံးများက သွေးကဲ့သို့နီရဲလာခဲ့ပြီး သေဆုံးသွားခဲ့၏။ ချင်နိုင်ငံမှ သတ္တမမင်းသားကလည်း ထိုကဲ့သို့ပင် သွေးများအန်ထွက်ကာ သေဆုံးသွားခဲ့၏။
ချင်နိုင်ငံ၏ ပဉ္စမမင်းသားသည် ကြောက်လန့်သွားခဲ့၏။ သူသည် အဝတ်အစားကိုပင် ဝတ်ဆင်ခဲ့ခြင်း မရှိချေ။ လျင်လျင်မြန်မြန် နောက်သို့ဆုတ်ပြီး သူ၏ ဓားမော့ကြီးကို ကိုင်ဆောင်ကာ အော်လိုက်သည်။ “ပါးစပ်ထဲမှာ အဆိပ်တွေ ရှိနေတာလား”
စုမိုက တစ်ခစ်ခစ်နှင့် ရယ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ စေတီတောင်ရဲ့ အဆိပ်က အရမ်းကြမ်းတယ်။ ဒီကို မလာခင်မှာ အဆိပ်ဖြေဆေးကို ငါတို့ ကြိုသောက်ခဲ့ရတယ်”
ချင်နိုင်ငံ၏ ပဉ္စမမင်းသားက ရယ်မောကာ ပြောလိုက်သည်။ “ကံကောင်းတာက ကျုပ် ခင်ဗျားတို့ရဲ့ ပါးစပ်ကို မနမ်းရသေးဘူး။ ဒီတော့ ခင်ဗျားတို့ ကျုပ်ကို သတ်လို့ရမှာ မဟုတ်ဘူး”
သို့ပေမည့် ခဏလောက် ကြာပြီးနောက် သူသည် အသက်ရှူမဝသလို ခံစားမိ၏။ သူ၏ အမြင်အာရုံက မဲမှောင်သွားခဲ့၏။ မျက်လုံးများကလည်း သွေးကဲ့သို့နီရဲလာခဲ့ပြီး ဆိုးဆိုးဝါးဝါး သေခြင်းတရားနှင့် သေဆုံးသွားခဲ့၏။
“ပါးစပ်ကို မနမ်းရင် အဆိပ်မမိဘူးလို့ ဘယ်သူ ပြောလဲ။ ဘယ်နေရာကိုပဲ ကိုက်ကိုက် သေမှာပဲ မဟုတ်လား” စုမို၏ အပြုံးများ ချောမောလွန်းလှ၏။ သူသည် အသာပင် အဝတ်အစားများကို ပြန်လည်ကာ ဝတ်ဆင်၏။ အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် ချင်နိုင်ငံမှ မင်းသားသုံးပါးတို့၏ ဦးခေါင်းများကို ဖြတ်လိုက်၏။ လက်ထဲတွင် ထိုခေါင်းများကို ကိုင်ပြီး တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လျှောက်လိုက်သည်။
“ချင်နိုင်ငံ ဘုရင်ရဲ့အမိန့် ... ပုန်ကန်သူအားလုံးကို သတ်ပစ်မယ်။ ဒီပုန်ကန်တဲ့ မင်းသားသုံးပါးကို ငါတို့ သတ်ခဲ့ပြီးပြီ။ မင်းတို့ ဘာလုပ်ချင်လဲ။ ဘုရင်အသစ်ကို အဆုံးထိ တိုက်ခိုက်မလား။ ဘုရင်အသစ်ကို သစ္စာခံမလား”
ချင်နိုင်ငံမှ စစ်သည်များသည် ကြောင်အသွားခဲ့၏။ မိဖုရားနှစ်ယောက်သည် အဘယ်ကြောင့် ဤမျှ ကြမ်းတမ်းနေရသနည်း။ အဘယ်ကြောင့် ဤကဲ့သို့ ငယ်ရွယ်သည့် မင်းသားသုံးပါးကို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်ရသနည်း။
စစ်သည်တော်များ၏ ခေါင်းဆောင်က မေးလိုက်သည်။ “မိဖုရားတို့... ဘုရင်အသစ်က ကျုပ်တို့ကို မသတ်ဘူး မဟုတ်လား”
စုမိုက ပြောလိုက်၏။ “ဒီမင်းသားသုံးယောက်က ပုန်ကန်တဲ့လူတွေပဲ။ ရှင်တို့က ပုန်ကန်ခဲ့တာ မဟုတ်ဘူး။ ရှင်တို့သာ အညံ့ခံဖို့ စိတ်ဆန္ဒရှိတယ်ဆိုရင် ပြီးခဲ့တာတွေ ပြီးခဲ့သလို ထားရုံသာမကဘူး။ တစ်ယောက်ချင်းစီ တိုင်းကို ရွှေဒင်္ဂါးနှစ်ပြားစီ ပေးအုံးမယ်”