အခန်း (၃၇၁)
Vol. 27 Ch. 371
နှင်းတောင်မှ စစ်သည်တော်များသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ မင်းသားသုံးပါးတို့ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သူတို့က ထိုအတွက် အဘယ်သို့ ရှုပ်ထွေးခံနေရမည်နည်း။ ချက်ချင်းဆိုသလိုပဲ ချင်နိုင်ငံမှ စစ်သည်တော်များက ဒူးထောက်ကာ ထိုင်ချလိုက်၏။ “လိုလိုချင်ချင်နဲ့ လက်လျှော့အရှုံးပေးပါတယ်”
စုမိုက ပြောလိုက်သည်။ “အရမ်းကောင်းတယ်။ ဘုရင်အသစ်က မကြာခင်မှာ နှင်းတောင်နတ်ဘုရားကျောင်း ဆီလာပြီး မင်းတို့ကို ငွေကြေးတွေ ပေးလိမ့်မယ်”
တကယ်ပဲ နှစ်နာရီခန့် ကြာပြီးနောက် ဘုရင်သစ် အာယုထိုင်သည် ကြီးမားလွန်းသည့် ရွှေဒင်္ဂါးသေတ္တာကြီး နှစ်ခုကို သယ်ဆောင်ကာ ရောက်ရှိလာခဲ့၏။ စကားတစ်ခွန်းမှ မဆိုချေ။ ရွှေဒင်္ဂါးနှစ်ပြားစီကို တစ်ယောက်ချင်းစီတိုင်းအား လှမ်းကာ ပစ်ပေး၏။
“ဒါတွေ အားလုံးက မင်းတို့အတွက်ပဲ။ ငါ့ကို သစ္စာရှိမှာလား”
ချင်နိုင်ငံမှ စစ်သည်တော် ၅၀၀၀ ကျော်တို့က ရုတ်တရက် ထကာ ဟစ်ကြွေးလိုက်၏။ သူတို့သည် ရွှေဒင်္ဂါးများကို အသာကောက်လိုက်၏။ “အရှင်မင်းမြတ် သက်ရှည်ကျန်းမာပါစေ”
ချင်နိုင်ငံ၏ ပြည်တွင်းစစ်က ငြိမ်းသက်သွားသလိုပင်။
နောက်တစ်ရက်အတွင်းမှာပဲ အာယုထိုင်သည် ချင်နိုင်ငံ၏ ဘုရင်အသစ်အဖြစ် ဖြစ်လာခဲ့၏။ စုမိုသည် ပထမဦးဆုံး မိဖုရားခေါင်ကြီး ဖြစ်ပြီး စုနင်မှာတော့ ဒုတိယမိဖုရား ဖြစ်၏။ အာယုထိုင်သည် ဘုရင်အသစ် ဖြစ်လာခဲ့ပြီးနောက် စစ်သည်ပေါင်း လေးသောင်းကို စုစည်းကာဖြင့် မင်းသမီး အာယုနာနာ၏ မျိုးနွယ်စုဆီသို့ ချီတက်၏။
သူသည် ရွှဲ့ပြည်နယ်ဆီသို့ ချီတက်ချင်သည်။။ ပိုမို၍ အရေးကြီးဆုံးအခြေအနေမှာ စုနန်၏ ပုန်ကန်မှုသည် တရားဝင် ဖြစ်တည်ခဲ့ပြီးသား ဖြစ်သည်။
အာယုနာနာ၏ ထိန်းချုပ်မှုအောက်တွင် စစ်သည်တော် သုံးထောင်ကျော်သာလျှင် ရှိ၏။ ထို့ကြောင့် အာယုထိုင်ထက် ဆယ်ပုံတစ်ပုံကျော်ထက်ပင် နည်းပါးလျက် ရှိနေ၏။
ပြောရမည်ဆိုလျှင် အာယုထိုင်အတွက် အာယုနာနာကို ဖျက်ဆီးသတ်ဖြတ်ပစ်ဖို့ ဆိုသည်မှာ ငှက်ပျောသီး အခွံနွှာစားသည်ထက်ပင် လွယ်ကူလျက်ရှိ၏။ အာယုနာနာကို အလုံးစုံ ဖျက်ဆီးနိုင်ခဲ့သည်ဆိုပါက ထိုစစ်တပ်ကြီး တစ်ခုလုံးကို ရွှဲ့ပြည်နယ်ဆီသို့ တစ်ခါတည်း ခေါ်ဆောင်သွားခဲ့ပြီး စုနန်၏ စစ်သည်ပေါင်း နှစ်သောင်းကျော်တို့နှင့် ပူးပေါင်းရပေလိမ့်မည်။
စစ်တပ်ကြီးနှစ်ခု ပူးပေါင်းခဲ့ပြီးနောက် စစ်သည်အင်အားသည် ခြောက်သောင်းနီးပါးခန့် ရှိလာပြီ ဖြစ်၏။ ပိုင်ရီခရိုင်ကို လွယ်လွယ်ကူကူနှင့် သိမ်းပိုက်နိုင်မှာ သေချာ၏။ အချိန်ရောက်လာပြီဆိုပါက သူတို့ အောင်မြင်ရပေလိမ့်မည်။ စုမိသားစုသည် တကယ်ပဲ နိဗ္ဗာန်သို့ ရောက်ရှိမည့် အခြေအနေမျိုးကို ပိုင်ဆိုင်ထား၏။
...........
ကျန်းယွမ်မြို့၏ အတွင်းမှာတော့ ....
“သတ်ကြ။ သတ်ကြ။ ရှမ့်လန်ရဲ့ စစ်သည်တွေ အကုန်လုံးကို သတ်ကြ။ အကုန်လုံးကို သတ်ကြ” မြို့တော်ဝန် အိမ်ရာအား ဝိုင်းပတ် ပိတ်စို့ထားသည့် စုမိသားစု စစ်သည်ပေါင်း ၂၀၀၀၊ ၃၀၀၀ ကျော်တို့သည် တပြိုင်နက်တည်း ပြုမူလှုပ်ရှားလျက် ရှိနေသည်။
ဝူလဲ့ ဦးဆောင်သည့် အမျိုးသမီးစစ်သည်တော် ၂၀၀ ကျော်တို့နှင့် ရှမ့်လန်၏ စစ်သည်ပေါင်း တစ်ဒါဇင်ကျော်တို့သည် အပျက်အစီးပုံများကြားထဲတွင် မတ်မတ်ရပ်ကာဖြင့် စောင့်ကြပ်လျက်ရှိ၏။ ချက်ချင်းပဲ နှစ်ဖက်ခြမ်းက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေ၏။
ရှမ့်လန်ဘက်ခြမ်းမှ စစ်သည်တော်များသည် လက်ရွေးစင်များဖြစ်ပြီး လက်နက်အပြည့်အစုံလည်း ကိုင်ဆောင်ထားခဲ့ကြ၏။ သို့ပေမည့် နှစ်ဖက်ခြမ်းရှိ အရေအတွက်က တကယ့်ကို ကွာခြားလွန်း၏။ ခဏလောက် တိုက်ခိုက်ပြီးနောက် တိုက်ပွဲက ပိုမိုကာ ကြမ်းတမ်းရက်စက်လာခဲ့သည်။
စုမိသားစုမှ လူဦးရေ ၂၀၀၀-၃၀၀၀ ကျော်တို့သည် ရှမ့်လန်ဘက်ခြမ်းတွင် ရှိနေသည့် လူဦးရေ ၂၀၀ ကျော်တို့ကို လွယ်လွယ်ကူကူနှင့် ဖိနှိပ်နိုင်စွမ်း ရှိနေ၏။ ကပ်ဘေးကြီးက ရှမ့်လန်ဘက်ခြမ်းတွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ အကာအကွယ်စည်းမျဉ်းသည် တဖြည်းဖြည်း အားပျော့လျက် ရှိနေပြီး အချိန်မရွေး ပြိုကျ ပျက်စီးတော့မည် သကဲ့သို့ပင်။
အကာအကွယ် အတားအစည်းကို ဖန်တီးပြီး ခြေကုတ်ယူထားသူများမှာ သိုင်းပညာတွင် အဆင့်မြင့်မားသည့် စစ်သည်တော်များ ဖြစ်၏။ ထိုသူတို့သည်သာ ပြိုပျက်သွားသည်ဆိုပါက သူတို့၏ တပ်တစ်ခုလုံးက သတ်ဖြတ်ခြင်း ခံရတော့မည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်၏။
အမျိုးသမီးစစ်သည်တော် ဝူလဲ့သည် ရူးသွပ်စွာဖြင့် သတ်ဖြတ်လျက် ရှိနေ၏။ ရှမ့်နုမှာတော့ ကြီးမားသည့် ဓားကြီးကို အသုံးမပြုချေ။ ထိုအစား တူကြီးနှစ်ချောင်းကို အသုံးပြုကာဖြင့် ရူးရူးမူးမူး ထုရိုက်သတ်ဖြတ်နေခဲ့၏။ သူတို့ လူမည်မျှ များများသတ်ခဲ့ပြီ ဖြစ်ကြောင်း မသိရှိချေ။ သူတို့၏အောက်တွင် ရန်သူအလောင်းများ ပုံလျက်ရှိနေသည်။
သို့ပေမည့် သူတို့၏ ခန္ဓာကိုယ်တွင်လည်း မည်မျှ များပြားလှသည့် ဒဏ်ရာများ ရှိနေပြီ ဖြစ်ကြောင်းလည်း မသိရှိခဲ့ကြချေ။ သူတို့သည် သံမဏိချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့သော်လည်း ရင်ဆိုင်ရသည့် ရန်သူက များပြားလွန်းပြီး ထိုသူတို့၏ တိုက်ခိုက်မှုကလည်း အလှည့်အပြောင်းများ၏။ ထို့ကြောင့် ခန္ဓာကိုယ်မှ သွေးများပင် ကျဆင်းလျက် ရှိနေ၏။
ရှမ့်ဆယ့်သုံး၏ သိုင်းပညာစွမ်းရည်က တော်တော်မြင့်မား၏။ သို့ပေမည့် ထိုအရာက တစ်ဦးချင်း တိုက်ခိုက်မှုမျိုးတွင် ဖြစ်၏။ ဤကဲ့သို့ အလုံးအရင်းများများနှင့် တိုက်ခိုက်မှုပုံစံမှာတော့ သူသည် အမျိုးသမီးစစ်သည်များလောက်ပင် အားမကောင်းသလို ဖြစ်နေ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် အတွင်းအားများက တဖြည်းဖြည်းနှင့် ယုတ်လျော့လာခဲ့၏။ သူက ဒဏ်ရာလည်း ရရှိထားသည်။
“သခင်... အခုအချိန်မှ ပြန်မလာဘူးဆို ကျုပ်တို့အားလုံး သေတော့မယ်”
နောက်ဆုံး အကာအကွယ် စည်းမျဉ်းက ပြိုလဲတော့မည်ကို မြင်ရချိန်မှာတော့ အမျိုးသမီးစစ်သည်တော် ဝူလဲ့က အော်ဟစ်လိုက်၏။ “သေရမှာကို ဘာကိစ္စ ကြောက်ရမှာလဲ။ အတူတူ သေဆုံးပြီးတော့ အတူတူ သတ်ဖြတ်ကြမယ်”
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ အမျိုးသမီးစစ်သည်တော် ၁၀၀ ကျော်တို့သည် သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြသည်။ “သေရမှာကို ဘာလို့ကြောက်ရမှာလဲ။ အတူတူတိုက်ခိုက်ပြီး အတူတူ သတ်ဖြတ်ကြမယ်”
ဤကဲ့သို့သော ဟိတ်ဟန်၊ ဤကဲ့သို့သော စိတ်ဓာတ်နှင့် သတ္တိမျိုးသည် အားလုံးသော သူတို့ကို လွှမ်းမိုးနိုင်သည့် အရာ ဖြစ်လာခဲ့၏။ လက်ကျန် အမျိုးသမီးစစ်သည်တော် ၁၀၀ ကျော်တို့သည် အသက်သေဆုံးမည်ကိုပင် ဂရုမစိုက်ဘဲ တိုက်ခိုက်ကြ၏။ သူတို့သည် အလုံးစုံ သုတ်သင်ရှင်းလင်းပစ်ရန် ရည်ရွယ်ချက်ရှိနေ၏။ မသေမချင်း ရှေ့တွင်ရှိနေသည့် ရန်သူများကို သတ်ဖြတ်ရပေလိမ့်မည်။ တစ်ယောက်ကို သတ်လျှင် ညီမျှ၏။ နှစ်ယောက်ကို သတ်လျှင် အရင်းကျေပြီ ဖြစ်၏။
“သတ်စမ်း။ သတ်စမ်း။ အားလုံးကို တိုက်ခိုက် သတ်ဖြတ်မယ်” နားကွဲလောက်စရာ အသံကြီးသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
“လက်စားချေမယ်။ လက်စားချေမယ်။ သတ်... သတ်...”
“လက်စားချေမယ်။ လက်စားချေမယ်။ သတ်... သတ်...”
“စုလင်းက သေသွားပြီ။ စုလင်း သေသွားပြီ”
ပြီးနောက် မြေပြင်တစ်ခုလုံးက တုန်ခါသွားခဲ့၏။ စုကလန်ဆီမှ စစ်သည်တော် ထောင်ချီတို့သည် အမြန်ဆန်ဆုံးနှုန်းနှုန်းဖြင့် အပြင်ဘက်သို့ လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
ရှမ့်လန်က သေဆုံးသွားပြီ မဟုတ်ပါလား။ ထိုသို့ဆိုလျှင် အလံတိုင်အဖြစ် ကိုင်ဆောင်ထားခံရသည့် လူက မည်သူဖြစ်သနည်း။ ဆိုးရွားလွန်းလှချေ၏။ ပေါင်ကြားထဲတွင် သင်းကွပ်ခြင်းကို ခံထားရပြီး ဖင်ကြား ထဲတွင်လည်း ဓားတစ်ချောင်း စိုက်လျက်ရှိသည်။
ထိုသူက အရှင်စုလင်း မဟုတ်ပါလား။ နယ်စားကြီး စုနန်၏တူ ကျန်းယွမ်မြို့၏ အုပ်စိုးသူ စုလင်း ဖြစ်သည် မဟုတ်ပါလား။ အဘယ့်ကြောင့် ဤမျှ ဆိုးဆိုးဝါးဝါး ဖြစ်နေရသနည်း။ စုမိသားစုမှ စစ်သည်တော် ၃၀၀၀ ကျော် တို့သည် ထိုအခြင်းအရာကို မြင်ရသည့် အချိန်မှာတော့ ကြောက်လန့်သွားခဲ့ကြ၏။
ရှမ့်လန်၏ အနောက်ဘက်တွင် လူပေါင်းများစွာ ရှိနေခဲ့ပြီး လူများက အဆုံးမဲ့သကဲ့သို့ပင်။ ကျန်းယွမ်မြို့မှ လူများအားလုံး ထွက်လာကြသည်လား။ ဤလူများသည် မျက်နှာများအား ဖုံးအုပ် မထားခဲ့ကြချေ။ အားလုံးတို့သည် ပေါက်တူးများ၊ တံစဉ်များ၊ အရာအားလုံးတို့ကို ကိုင်ဆောင်ထားပြီး မျက်နှာများတွင်လည်း ဒေါသတရားနှင့် အမုန်းတရားများထင်ပေါ်နေသည်။
လူမည်မျှ များများရှိသနည်း။ တစ်သောင်းလား။ နှစ်သောင်းလား။ အငယ်ရွယ်ဆုံးက ၁၀ နှစ်ကလေးပင် ပါဝင်ပြီး အကြီးဆုံးမှာ အသက် ၇၀ နီးပါး အဘိုးအိုများပင် ပါဝင်၏။ အားလုံးသော သူတို့က ထွက်လာခဲ့ကြ၏။ စုမိသားစုမှ စစ်သည်ပေါင်း ၃၀၀၀ ကျော်တို့သည် ထိတ်လန့်သွားခဲ့၏။ ပြီးနောက် အော်ဟစ်လိုက်၏။ “စစ်သည်တွေ အားလုံး နောက်ကို ဆုတ်ကြ”
“အစီအစဉ်အတိုင်း တဖြည်းဖြည်း နောက်ကို ဆုတ်ကြမယ်” အားလုံးသော သူတို့က ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။
စုမိသားစုဆီမှ စစ်သည်တော်များသည် မြို့တော်ဝန်အိမ်ရာ တိုက်ပွဲဆီမှ နောက်ဆီသို့ စကာ ဆုတ်ရန်ပြင်လိုက်၏။ “အစီအစဉ်အတိုင်း ဆုတ်မယ်။ ချပ်ဝတ်နဲ့ စစ်သည်တွေ ရှေ့ကနေ နေကြ။ အနောက်ဘက်မှာ လေးသမားတွေ နေကြ။ ပြီးရင် ပစ်ဖို့ပြင်ကြ”
စုမိသားစုမှ စစ်သည်ထောင်ချီတို့သည် အစီအစဉ်အတိုင်း ဆုတ်ခွာကာ ပြင်ဆင်လိုက်ကြပြီ ဖြစ်သည်။
သို့ပေမည့် ထိုစစ်သည်အားလုံးသည် အစီအစဉ်ကို ဆုတ်ခွာရန် အချိန်ပင် မရခဲ့ချေ။ အရူးကြီးသည် ရှေ့ဆီသို့ ပြေးဝင်သွားခဲ့ပြီး လက်ထဲမှ နှစ်မီတာခန့်ရှည်သော တုတ်နက်ကြီးနှင့် အတူ အမြန်ဆန်ဆုံးနှုန်းထားဖြင့် အားလုံးသောသူတို့ကို လိုက်လံရိုက်နှက်နေသောကြောင့်ပင်။ ထိုအချိန်မှာတော့ သူ့၏ တုတ်ကြီးသည် သေမင်းတမန် လက်နက်ကဲ့သို့ပင်။
အရူးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးပွက်ပွက် ဆူလျက် ရှိနေ၏။ အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကို သူ မသိရှိချေ။ သို့ပေမည့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကျွမ်းလောင်နေသကဲ့သို့ပင် ပူလောင်ကာ ခံစားမှုက ကောင်းမွန်လွန်း၏။ သူက ရူးရူးမူးမူးဖြင့် တိုက်ခိုက်သတ်ဖြတ်နေ၏။
“အား... အား...”
သူသည် တစ်ယောက်တည်း ရှေ့ဆီသို့ လှမ်းတက်သွားခဲ့၏။ သူ၏ အမြန်နှုန်းက ပြေးလျက် ရှိနေသည့် မြင်းထက်ပင် ပိုမိုကာ မြန်ဆန်၏။ ခန္ဓာကိုယ်၌ ချပ်ဝတ်များ ဝတ်ဆင်ထားခဲ့သော်လည်း သူ၏ လှုပ်ရှားမှုကို မသက်ရောက်ချေ။
ရှမ့်လန်သည် မဖြစ်မနေ အတင်းတွန်းအားပေးကာဖြင့် အရူးကြီးကို ချပ်ဝတ်နှင့် ဦးထုပ်များ ဝတ်ပေးထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် အရူးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တင့်ကားကြီးကဲ့သို့ပင်။
“ဆွစ် ဆွစ်”
ရန်သူ တစ်ဒါဇင်ကျော်တို့သည် ထိုကဲ့သို့ပင် လွင့်စင်ကာ သေဆုံးသွားခဲ့ကြ၏။ အရူးကြီးသည် သူ၏ လက်ထဲမှ သံမဏိတုတ်ကြီးကို အသုံးပြု၍ တစ်ခါတည်း ဝှေ့ယမ်းတိုက်ခိုက်သတ်ဖြတ်နေ၏။
“ဘန်း... ဘန်း... ဘန်း...”
အရူးကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့် စစ်သည်တော်များတို့၏ နှလုံးသားထဲတွင် စိတ်ပျက်စရာ အတွေးများ အစဉ်အမြဲ ရောက်ရှိနေခဲ့၏။ တစ်ဖက်လူသည် လူသားရော ဟုတ်ပါရဲ့လား။ ကြီးမားလွန်းသည့် တုတ်ကြီးကို အသုံးပြုပြီး တိုက်ခိုက်နေခဲ့ရခြင်းကပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းနေပြီ ဖြစ်၏။ ထိုအရာနှင့် ရိုက်မိပါက တစ်ခါတည်း ပြားချပ်ကာ သေဆုံးသွားသည်။
အနောက်ဘက်မှ ကြည့်ရှုနေသည့် ဓားဘုရင် လီချင်းချိုးသည် ကျောရိုးမကြီးများပင် စိမ့်တက်နေခဲ့၏။ သိုင်းပညာရှင်အားလုံးသည် တစ်ယောက်ချင်း တိုက်ခိုက်မှုတွင် အားကောင်းသည် ဆိုသော်လည်း အများဖြင့် တိုက်ခိုက်သည့်နေရာတွင် ထိုကဲ့သို့ အားကောင်းနိုင်လိမ့်မည် မဟုတ်ချေ။
တိုက်ပွဲတည်နေရာထဲတွင်တော့ ကျွမ်းကျင်သည့် မဟာပညာရှင်တစ်ယောက်ပင်လျှင် အရူးကြီးနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ချောင်ယောင်းအာဆိုလျှင် ပိုမို၍ ဆိုးရွားသည်မှာ ယုတ္တိတန်၏။ တကယ်ကို ကြမ်းတမ်းလွန်းလှချေ၏။ ရန်သူသည် အစီအစဉ်အတိုင်း နောက်သို့ဆုတ်ခွာရန် မပြင်ရသေးခင်မှာပဲ အရူးကြီးသည် အထဲသို့ ဝင်ရောက်ပြီး အားလုံးကို ရိုက်နှက်ပြီး ဖြစ်၏။ တကယ့်ကို ကြီးမားသည့် ကပ်ဘေးကို ယူဆောင်လာခဲ့ခြင်းပင်။
ရှမ့်လန်၏ အနောက်ဘက်တွင် ရှိနေသည့် လူပေါင်း နှစ်သောင်း၊ သုံးသောင်းတို့က ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူတို့က တကယ့်ကို ရဲရင့်လျက် ရှိနေကြပြီး လေနှင်ရာ ဝင်ရောက် တိုက်ခိုက်ကြ၏။ ထိုကဲ့သို့ပင် .....
အရူးကြီးက ရှေ့မှ ဝင်ရောက်ပြီး လမ်းရှင်းပေး၏။ အနောက်ဘက်မှာတော့ လူဦးရေ တစ်သောင်း၊ နှစ်သောင်းလုံးက တိုက်ရိုက်ဆိုသလိုပဲ စစ်သည်တော်များကို ဝင်ရောက်ကာ နင်းချေသတ်ဖြတ် ဖိနှိပ်လျက် ရှိ၏။ ရေကာတာကြီးတစ်ခု ကျိုးပေါက်ပြီး ရေများ ထွက်လာသကဲ့သို့ပင် လမ်းတွင်ရှိသမျှ အရာအားလုံးကို တိုက်စားသွားခဲ့၏။
“သတ်ကြ။ သတ်ကြ”
မြို့တော်ဝန်အိမ်ရာ၏ အတွင်းထဲမှာတော့ အသက်ရှင်ကျန်ရစ်ခဲ့သည့် အမျိုးသမီး စစ်သည်တော် ၁၀၀ ကျော်နှင့် စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် သတ်ဖြတ်ရန် ရုတ်တရက် ရှေ့ဆီသို့ ပြေးထွက်လာခဲ့ပြီ ဖြစ်သည်။
စုကလန်မှ စစ်သည်တော်များသည် မည်သို့မှ မခံနိုင်တော့ချေ။ အလုံးစုံ ပြိုလဲသွားခဲ့ကြ၏။ စစ်သည်ပေါင်း ၂၀၀၀ ကျော်တို့သည် အနောက်သို့ ရူးမတတ် ထွက်ပြေးကြ၏။ ကြက်ပျောက်ငှက်ပျောက် ပြေးခဲ့ခြင်းပင်။ မပြေးသည်မှ တော်သေး၏။ သို့ပေမည့် ပြေးသည်ဆိုပါကလည်း သေဆုံးခြင်းသာလျှင် ရှိ၏။
လူဦးရေ တစ်ထောင်ကျော်နှင့် လူဦးရေ တစ်သောင်းကျော်ကို အဘယ်သို့ ပြန်လည်တိုက်ခိုက်မည်နည်း။ လူတစ်ယောက်နျင့် လူတစ်ဒါဇင်ကျော်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဆိုသည်မှာ အဘယ်သို့ ဖြစ်နိုင်သည့် အရာမျိုး ဖြစ်မည်နည်း။ စုကလန်မှ စစ်သည်တော်များသည် ကျန်းယွမ်မြို့ထဲမှ စစ်သည်များ ဖြစ်ကြပြီး ရွှဲ့ပြည်နယ်၏ မင်းမှုထမ်းများလည်းဖြစ်သည်။ သို့ပေမည့် လက်ရွေးစင် စစ်သည်များတော့ မဟုတ်ကြချေ။
စုကလန်၏ သီးသန့်စစ်တပ်ကြီးကသာလျှင် တကယ့်လက်ရွေးစင်စစ်သည်များဖြစ်ပြီး မျက်စိသုံးလုံး မိစ္ဆာဓားပြကြီး၏ လက်အောက်ငယ်သားများကသာ လက်ရွေးစင် စစ်သည်များ ဖြစ်၏။ ဆယ်ယောက် - တစ်ယောက် တိုက်ခိုက်ဖို့ ဆိုသည်မှာ ဖြစ်နိုင်လောက်သည့် အရာမျိုးမဟုတ်ချေ။
ကျန်းယွမ်မြို့မှလူများသည် မျက်လုံးများ နီရဲလျက် ရှိနေပြီး စစ်သည်တစ်ယောက်ချင်းစီတိုင်းကို လိုက်လံထိုးခုတ် သတ်ဖြတ်လျက်ရှိ၏။ စစ်သည်များကိုကြည့်ရှုပြီးနောက် သူတို့သည် ထိုလူများကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ပိုင်းကာ လှီးကြ၏။ ထိုစစ်သည်များက ထွက်ပြေးချင်၏။ မြို့ထဲမှ အိမ်များထဲသို့ ဝင်ကာ ပြေး၏။ သို့ပေမည့် မည်ကဲ့သို့ ပြေး၍လွတ်တော့မည်နည်း။ သာမန်လူများ၏ အိမ်ထဲသို့ ဝင်ရောက်ကာ ပြေးခြင်းက ပိုမိုကာ ဆိုးရွား၏။ ထိုသူများသည် ဝင်ရောက်ကာ အမဲဖျက်ကြ၏။
“သတ်ကြ။ သတ်ကြတော့”
ဒေါသထွက်နေသည့် လူအုပ်ကြီးသည် အရာအားလုံးကို ချိုးဖျက်တိုက်ခိုက် သတ်ဖြတ်လျက် ရှိနေကြသည်။
စစ်သည်တို့သည် အမြန်ဆန်ဆုံးသော နှုန်းထားဖြင့် နယ်စားအိမ်တော်ဆီသို့ လှည့်ကာ ပြေးကြသေး၏။ သို့ပေမည့် လွယ်လွယ်ကူကူ ပြုလုပ်၍ ရလိမ့်မည် မဟုတ်ချေ။
ဝူလဲ့ ကဲ့သို့သော အမြန်နှုန်းမျိုးနှင့် ကျွမ်းကျင်သူများသည် အရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး သတင်းပေးပို့ရန် ပြင်ဆင်နေသည့် လူများအားလုံးကို တစ်ခါတည်း သတ်ဖြတ်တော့၏။ ပိုမို၍ အရေးကြီးမားသည်မှာ စုလင်း သေဆုံးခြင်းပင်။ ပညာရှိသုံးယောက်တို့လည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် နယ်စားအိမ်တော်ဆီသို့ သတင်းပေးပို့မည့်သူ တစ်ဦးမှမရှိတော့ပေ။
..........
နာရီဝက်ကျော်ကြာမြင့်ပြီးနောက် ကျန်းယွမ်မြို့၏ မြို့စောင့်တပ် ၂၀၀၀-၃၀၀၀ တို့သည် တစ်ခါတည်း သုတ်သင်ရှင်းလင်းခြင်းကို ခံရခဲ့၏။ မြို့စောင့်တပ်တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်းကို ခံရသည်သာမကချေ။ လက်အောက်ငယ်သား စစ်သည်အားလုံးတို့ကလည်း သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ စုကလန်၏ အောက်ဆွဲအားလုံးသည် သတ်ဖြတ်ခံခဲ့ရ၏။ ကျန်းယွမ်မြို့တစ်ခုလုံး သွေးချောင်းစီးလျက် ရှိနေပြီး သတ်ဖြတ်ခံရသူများ၏ ဦးခေါင်းများက မြေပြင်ပေါ်တွင် လိမ့်လျက်ရှိ၏။
လူမည်မျှများများ အသတ်ဖြတ်ခံရသနည်း။ ရှမ့်လန် မသိချေ။ အတိုချုပ် ပြောရမည်ဆိုလျှင် သူထင်မှတ် ထားသည်ထက်ပင် ပိုမိုကာ များပြားမှာ သေချာသည်။
ကျန်းယွမ်မြို့သို့ သူရောက်ရှိခဲသည့် ပထမရက်၌ လူဦးရေ ရာချီကို သတ်ဖြတ်ခဲ့၏။ ဒုတိယရက်သို့ ရောက်ချိန်မှာတော့ လူဦးရေ ထောင်ချီကို သတ်ဖြတ်ခဲ့ပြီ ဖြစ်၏။ အချိန်တိုင်း၊ အချိန်တိုင်းက သတ်ဖြတ်နေခြင်းပင်။
..........