← Chapters

အခန်း (၃၇၂)

Vol. 27 Ch. 372

အခန်း (၃၇၂)

Vol. 27 Ch. 372

နေဝင်သွားခဲ့ပြီ ဖြစ်၏။ ကျန်းယွမ်မြို့၏ အမှုထမ်းပေါင်းများစွာနှင့် အရာရှိ အရာခံ စစ်သည်အားလုံးတို့သည် မြို့တော်ဝန်အိမ်ရာ၏ အပျက်အစီးပုံရှေ့တွင် ဒူးထောက်ကာ ထိုင်လျက်ရှိ၏။

ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “သတ်လိုက်ကြတော့”

သူက လက်ကို မြှောက်လိုက်၏။

သားသတ်သမားများသည် ဓားများကို မြှောက်ကာဖြင့် ခေါင်းတစ်ခုချင်းစီတိုင်းကို လိုက်လံကာ ခုတ်တော့၏။ ရှမ့်လန်သည် စုလင်း၏ ဦးခေါင်းနှင့် သင်းကွပ်ထားခဲ့သည့် ပစ္စည်းကို သေတ္တာထဲသို့ ထည့်၏။ သူ၏ ရှေ့တွင်တော့ ဒူးထောက်လျက်ရှိနေသော စုကလန်၏ စစ်သည်တော်တစ်ယောက် ရှိနေသည်။

“ဒီခေါင်းတွေကို ရထားလုံးထဲထည့်” ရှမ့်လန်က အမိန့်ပေးလိုက်၏။ စုကလန်နှင့် ပတ်သက်သည့် လူပေါင်း များစွာတို့သည် လူဆိုးသူခိုးကဲ့သို့သော လူများသာဖြစ်၏။ လူဦးရေ ရာချီတို့၏ ခေါင်းများကို ရထားလုံးထဲသို့ ထည့်ကြ၏။

“ဒီလက်ဆောင်ကို မြို့စားကြီး စုနန်ဆီ ပို့လိုက်။ ပြီးတော့ ကျန်းယွမ်မြို့မှာ သူ့ကို သတ်ဖြတ်ပစ်တဲ့လူက ငါပဲလို့ ပြောလိုက်။ ဒါပေမယ့် ဒါက မလုံလောက်သေးဘူး။ လူဦးရေ တစ်သောင်းလောက်ကို ထပ်ပြီး သတ်ရအုံးမယ်။ စုကလန်ရဲ့ အောက်ဆွဲတွေ အကုန်လုံးကို သတ်ပစ်ပြီးပြီ။ ပြီးတော့ ပိုင်ရီခရိုင်မှာ ရှိနေတဲ့ မြို့ငါးမြို့က အနောက်တိုင်း ကုန်သည်တွေ အကုန်လုံးကိုလည်း သတ်ပစ်ရမယ်။”

“စုနန်က အမျိုးစပ်ရင် ကျုပ်ရဲ့ ဦးလေးပဲ။ ဒီတော့ ကျုပ် .... သူ့ရဲ့ တူလေးက သူ့ကို ဘယ်လောက်လွမ်းနေတယ်ဆိုတဲ့ အကြောင်း ပြောလိုက်အုံး။ ဒါနဲ့ သူ့ရဲ့ လည်ပင်းကို သေသေချာချာ ဆေးထားလို့။ ကျုပ်လာပြီးတော့ ခုတ်တော့မယ်။ မြန်မြန် သွားတော့။ ကျုပ်ရဲ့ ဦးလေးက ညစာ စားရသေးမှာ မဟုတ်ဘူး။ ဒီခေါင်းကို မစားခင် မြင်မှ ညစာက ပိုပြီး စားကောင်းမှာ”

စုကလန်၏ စစ်သည်တော်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။ သို့ပေမည့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လျက် ရှိနေ၏။ သူသည် ခေါင်းပေါင်းများစွာ ထည့်သွင်းထားသည့် ရထားလုံးကြီးကို မောင်းနှင်ကာဖြင့် မြို့စားကြီး စုနန်ဆီသို့ သွားသည်။

စုကလန်၏ စစ်သည်တော် ထွက်ခွာသွားချိန်မှာတော့ ကျန်းယွမ်မြို့ကြီးတစ်ခုလုံးသည် ရှမ့်လန် ပိုင်ဆိုင်ရာ ဖြစ်၏။ မြို့ထဲမှ စုကလန်သားအောက်ဆွဲများ၊ ထိုသူတို့ပိုင်ဆိုင်ရာများ အားလုံးသည် ရှင်းလင်း သုတ်သင် ဖျက်ဆီးခြင်း ခံထားရ၏။

.................

နယ်စားကြီး စုနန်သည် ကျန်းမာရေးကို တကယ်ပင် အလေးထားသူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူက နည်းနည်းစားပြီး ခဏခဏ စား၏။ ညစာကို အနည်းငယ်သာလျှင် စား၏။ ထို့အပြင် သူက ဆန်ပြုတ်ကိုသာလျှင် သောက်၏။ အရသာရှိသည့် ဟင်းပွဲပေါင်းများစွာရှိပြီး ထိုအရာတစ်ခုချင်းစီတိုင်းသည် တကယ်ကို ဈေးကြီးပြီး ကောင်းမွန်သည့် အရာမျိုးပင်။

ကျန်းယွမ်မြို့၏ ရှမ့်လန်အကြောင်းကို သူ ဂရုမစိုက်ချေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က သေဆုံးရမှာ ဖြစ်သောကြောင့်ပင်။ ရှမ့်လန်၏ လက်အောက်မှ လူဦးရေ ၂၀၀ ကျော်တို့သည်လည်း သေဆုံးရမှာ ဖြစ်၏။ ကျန်းယွမ်မြို့ထဲတွင် ရှမ့်လန်က လူပျက်သာသာ သာလျှင် ဖြစ်၏။

တစ်နာရီ မပြည့်ခင်မှာပဲ သူသည် ရှမ့်လန်တစ်ယောက် စုလင်း၏ အိမ်တော်ထဲသို့ ဝင်ရောက်သွားကြောင်း သတင်းပို့ချက်ကို လက်ခံရရှိပြီးသား ဖြစ်သည်။

စစ်သည်ပေါင်း ၃၀၀၀ ကျော်တို့သည် မြို့တော်ဝန်အိမ်တော်ကို စတင်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ အလုံးစုံသော အခြေအနေတစ်ခုလုံးသည် အစီအစဉ်တကျ ဖြစ်တည်နေ၏။ ထို့ကြောင့် ရှမ့်လန်၏ ဦးခေါင်း သူ့ဆီသို့ ရောက်ရှိလာမည်ကို စောင့်ဆိုင်းပြီး ဝိုင်နှင့် မြည်းရန် ပြင်ဆင်ထားခဲ့၏။ သူ့၏ စိတ်ထဲတွင် အရေးကြီးသည့် ကိစ္စရပ်များနှင့် ပြည့်နှက်လျက် ရှိ၏။

ချောင်စစ်တပ်က လှုပ်ရှားခဲ့ပြီဖြစ်ပြီး ဤလှုပ်ရှားမှုကလည်း တကယ့်ကို ကြီးမား၏။ စစ်သည်ပေါင်း သိန်းချီတို့သည် ရွှဲ့ပြည်နယ်၏နယ်မြေဆီသို့ ချဉ်းကပ်လာခဲ့ပြီး ကျုံးရန်၏စစ်တပ်နှင့် မျက်နှာချင်းဆိုင်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ နေ့နေ့ညည အပြင်မထွက်ရ အမိန့်ကိုလည်း ချမှတ်ထားသည်။

ချင်နိုင်ငံအတွင်းရှိ ပြည်တွင်းစစ် ပြီးဆုံးသွားသည်နှင့်တပြိုင်နက် အာယုထိုင်သည် စစ်သည်ပေါင်းများစွာကို ခေါ်ဆောင်ပြီး ရွှဲ့ပြည်နယ်ဆီသို့ ရောက်ရှိလာမှာ ဖြစ်၏။ စစ်တပ်ကြီးနှစ်ခု ပူးပေါင်းလိုက်သည်နှင့် တပြိုင်နက် သူတို့၏လူဦးရေက လူခြောက်သောင်းနီးပါးခန့် ဖြစ်သွားမည်ဖြစ်ပြီး ပိုင်ရီခရိုင်၏ တစ်ဝက်လောက်ကို လွယ်လွယ်ကူကူဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်မှာ သေချာ၏။

သူသည် ဘုရင်မင်းမြတ်၏ အမိန့်တော်အကြောင်းကို သိရှိပြီး ဖြစ်၏။ ကျန်းချုံးနှင့် ရှမ့်လန်တို့သည် ပိုင်ရီခရိုင်၌ တပ်စွဲ၍ စုကလန်၏ ပုန်ကန်မှုကို တားစီးစေချင်ခဲ့၏။ ဤအရာက အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ စုကလန်၏စစ်တပ်က အစောကြီးတည်းက ပုန်ကန်ခဲ့ပြီး ဖြစ်၏။ လဝက်အတွင်း သူတို့သည် ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းတစ်ခုလုံးကို သိမ်းဆည်းရန် ပြင်ဆင်ပြီးသား ဖြစ်၏။ ကျန်းချုံးနှင့် ရှမ့်လန်တို့ကို မျက်လုံးထဲ ထည့်ရန်ပင် မလိုအပ်ချေ။

ဆန်ပြုတ်တစ်ပန်းကန်ကို စားသောက်ပြီးနောက် အပြင်ဘက်မှ စုရုံ၏ အသံက ထွက်ပေါ်လာသည်။ “သခင်ကြီး... ကျန်းယွမ်မြို့က စစ်သည်တော် ရောက်လာပါတယ်”

စုနန်က မျက်မှောင်ကုပ်လိုက်၏။ စုလင်း ဘာတွေလုပ်နေသနည်း။ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ မဟုတ်လား။ ရှမ့်လန်၏ ဦးခေါင်းကို ပေးပို့ရမည် မဟုတ်ပါလား။

“ကဲ ဝင်ခဲ့တော့” စုကလန်မှ စစ်သည်တော်သည် တုန်ယင်စွာဖြင့် အထဲသို့ လျှောက်ဝင်လာခဲ့၏။ သူ့၏ လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင်ထား၏။ သူသည် စကားမပြောနိုင်လောက်အောင်ပင် ကြောက်လန့်လျက် ရှိ၏။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တဆတ်ဆတ်တုန်ယင်နေ၏။

“ရှမ့်လန်... ဒီခွေးကောင်လေး နောက်ဆုံးတော့ သေဆုံးသွားခဲ့ပြီပဲ”

စုနန်က ပြောလိုက်သည်။ “ငါ လူသား မစားဘူး။ ဘယ်လိုဖြစ်ပြီး မင်း ဒီလောက် ကြောက်နေရတာလဲ”

ပြီးနောက် သူက သေတ္တာကို မထင်မှတ်လှမ်းကာ ဖွင့်ပြီး အမိန့်ပေးလိုက်၏။ “အင်း... ပန်းပုဆရာတစ်ယောက်ကို သွားခေါ်။ ဒီရှမ့်လန်ရဲ့ ဦးခေါင်းကို ဝိုင်ခွက်တစ်ခု လုပ်ချင်..”

စုနန်သည် စကားပင် ဆုံးအောင် မပြောလိုက်ရချေ။ ခန္ဓာကိုယ်တစ်ခုလုံး တန့်ခနဲ ဖြစ်သွား၏။ သေတ္တာထဲတွင် ရှမ့်လန်၏ ဦးခေါင်း မဟုတ်ချေ။ သူ၏တူ စုလင်း၏ ဦးခေါင်းနှင့် စုလင်း၏ ဖွားဖက်တော်ပင် ဖြစ်နေသည်။

စစ်သည်က ထကာ အော်ဟစ်လိုက်၏။ “အရှင်.. ကျန်းယွမ်မြို့က ကျဆုံးသွားခဲ့ပါပြီ။ ရှမ့်လန်က အားလုံးကို သတ်ပစ်ခဲ့တယ်။ ကျန်းယွမ်မြို့ထဲမှာ ရှိနေတဲ့ ကျုပ်တို့ရဲ့ စစ်သည်အကုန်လုံးက သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရတယ်”

စုနန်သည် နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသည်။

သူသည် မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ လီချင်းချိုး သူ့မိန်းမ အပေါ်တွင် ရှိနေသည့် ချစ်ခြင်းတရားက အတုပင် ဖြစ်နေသည်လား။ ရှမ့်လန်နှင့် လီချင်းချိုးသည် ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်သည် ဆိုလျှင်တောင် လင်မယားကြားတွင် ရှိနေသည့် ချစ်ခြင်းမေတ္တာနှင့် နှိုင်းယှဉ်၍ မရနိုင်သင့်ပေ။

ထို့အပြင် ကျန်းယွမ်မြို့တွင် စစ်သည်တော် သုံးထောင်နီးပါးခန့် ရှိ၏။ ထိုသူတို့အားလုံးသည် စုမိသားစု၏ သီးသန့်စစ်သည်များ မဟုတ်သလို လက်ရွေးစင် စစ်သည်များ မဟုတ်ကြသော်လည်း ရှမ့်လန်၏ စစ်တပ်ထက်တော့ ဆယ်ဆမက ပိုမိုကာ အားကောင်း၏။ ထို့အပြင် ကြီးမားများပြားလွန်းသည့် လက်နက်ကို ကိုင်ဆောင်ထားခဲ့၏။ မည်သို့ပင်ဖြစ်ဖြစ် အနိုင်ရရှိနိုင်မည့် အကြောင်းအရာမျိုးပင် ဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှုံးနိမ့်သွားရသနည်း။

သူ၏တူ စုလင်းက ချီးစားခဲ့လေသည်လား။ တကယ်ကို မယုံကြည်နိုင်အောင် ထူးချွန်ခဲ့သည့် လူတစ်ယောက် ဖြစ်ခဲ့၏။ ထို့အပြင် နေရာက ကျန်းယွမ်မြို့ ဖြစ်၏။ နယ်စားကြီး အိမ်တော်နှင့် ဒါဇင်ချီသည့် ကီလိုမီတာ အဝေးတွင်သာ တည်ရှိ၏။ ရှမ့်လန်၌ လူအင်အား တစ်ရာကျော်သာလျှင် ရှိသည်။ သို့ပေမည့် ရှုံးနိမ့်ခဲ့လေသည်။

နယ်စားကြီးစုနန်က မျက်လုံးကို မှိတ်လိုက်၏။

ထိုအချိန်မှာတော့ သူ၏ အကြီးဆုံးအစ်ကိုစုရွှင်သည် အထဲသို့ လှမ်းဝင်လာခဲ့သည်။ သူ့သားစုလင်း၏ ဦးခေါင်းကို စားပွဲတွင် မြင်လိုက်ချိန်မှာတော့ မျက်ရည်များက ကျလာခဲ့၏။

“အရှင်... ကျုပ် ရှမ့်လန်ကို သွားပြီးတော့ သတ်မယ်။ ရှမ့်လန်ကို ကျိန်းသေပေါက် သွားသတ်ပစ်ရမယ်”

ခဏလောက်ကြာပြီးနောက် နယ်စားကြီး စုနန်၏ စိတ်တစ်ခုလုံးက တည်ငြိမ်သွားခဲ့သည်။

“မြို့ထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ” စုနန်က မေးမြန်းလိုက်၏။

စုကလန်က စစ်သည်တော်က ဖြေလိုက်သည်။ “အင်း.. ကျုပ်တို့ ဖမ်းထားတဲ့ မိန်းမက ဓားဘုရင် လီချင်းချိုးရဲ့ မိန်းမ မဟုတ်ဘူး။ ရှမ့်လန်က အစောကြီးတည်းက ဓားဘုရင် လီချင်းချိုးရဲ့ မိန်းမကို တခြားဆီ ပို့ခဲ့ပြီးသွားပြီ”

စုနန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဤကဲ့သို့သော ဖြစ်နိုင်ချေကို သူက စဉ်းစားထားခဲ့ပြီး ဖြစ်၏။ ဓားဘုရင်မိန်းမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်သည် ပြန်လည် ကုသနိုင်သည့်အရာတစ်ခု မဟုတ်သလို ထပ်တူညီစွာ ပြုလုပ်နိုင်သည့်အရာလည်း မဟုတ်ချေ။

ရှမ့်လန်သည် ဓားဘုရင်လီချင်းချိုး မိန်းမ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်သွေးများကို ထုတ်ယူကာ တခြားသော သူ တစ်ယောက်ယောက်ကို အဆိပ်မိအောင် ပြုလုပ်ထားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ထို့အပြင် ဤကဲ့သို့သောဆေးသည် မြွေအဆိပ်ကဲ့သို့ပင် ပြင်းထန်လွန်းသည့် အရာတစ်ခုဖြစ်ပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသည် ဆိုသည်နှင့် ထိုသူ၏ စိတ်တစ်ခုလုံးက လွတ်ကင်း သွားခဲ့၏။ ထို့အပြင် အသားအရေတစ်ခုလုံးက ဖားပြုတ်ကဲ့သို့ပင် ကြောက်စရာ ပြောင်းလဲသွား၏။ အရိုးများကလည်း တွန့်ကွေးသွားခဲ့၏။

ဓားဘုရင် လီချင်းချိုး၏ မိန်းမ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးများကို တခြားသော သူများဆီသို့ ထိုးနှံ လိုက်သည် ဆိုလျှင်တောင်ပင် ဤကဲ့သို့ ထူးခြားသည့် အသွင်အပြင်မျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထိုအရာက ကွာခြားလျက် ရှိနေသောကြောင့်ပင်။ ထို့ကြောင့် ဓားဘုရင် လီချင်းချိုး၏ မိန်းမအဖြစ် ဟန်ဆောင်ဖို့ ဆိုသည်မှာ ခက်ခဲလွန်းလှသည်။

ရှမ့်လန်သည် ဓားဘုရင်လီချင်းချိုး၏ မိန်းမကို ကယ်တင်ခဲ့သည်သာ မကချေ။ စေတီတောင်၏ အဆိပ်ပြင်း လွန်းသည့် ပိုးကောင်များပေါ်တွင် သုတေသန ပြုလုပ်နေကြောင်း စုနန် အဘယ်သို့ သိရှိမည်နည်း။ ထို့အပြင် သူ၏ အဓိက ရည်မှန်းချက်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်ကို ပြောင်းလဲရန် ဖြစ်၏။ လူသားတစ်ယောက်၏ သိုင်းပညာနှင့်ပတ်သက်သော သွေးမျိုးဆက်ကို ကြောက်စရာကောင်းသည့် အခြေအနေ တစ်ခုဆီသို့ မြှင့်တင်ရန် သူ ကြိုးစားနေခြင်းပင်။

“ကျန်းယွမ်မြို့မှာ အစောင့်ပေါင်း သုံးထောင်ကျော်လောက် ရှိတယ်။ သူတို့က ဘယ်လို ဖြစ်သွားတာလဲ” စုနန်က မေးမြန်းလိုက်၏။

စုကလန်က စစ်သည်တော်က ဖြေဆိုလိုက်သည်။ “သူတို့ အားလုံး သေသွားပါပြီ”

စုရုံက ထကာ အော်ဟစ်လိုက်၏။ “ဘယ်လိုဖြစ်ပြီး သေသွားတာလဲ။ ရှမ့်လန်ရဲ့ အမိန့်ပေးမှုအောက်မှာ လူအင်အား နှစ်ရာလောက်ပဲ ရှိတာ။ စစ်သည်တော် သုံးထောင်ကျော်တို့ကို ဘယ်လိုဖြစ်ပြီးတော့ သုတ်သင်ပစ် လိုက်တာလဲ”

စုကလန်၏ စစ်သည်က ပြောလိုက်သည်။ “ရှမ့်လန် အရှင်စုလင်းရဲ့ အိမ်တော်ထဲကို ဝင်လာပြီးတဲ့အချိန်မှာ အရှင်စုလင်းက အမိန့်ပေးခဲ့တယ်။ ကုန်သည်တွေဆီက လုယူခဲ့တဲ့ ပစ္စည်းအားလုံးကို ပြန်ပြီး ယူဖို့တဲ့။ ဒါကြောင့် စစ်သည်တွေက မြို့ထဲကလူတွေရဲ့ အိမ်ထဲဝင်ပြီးတော့ ရှိရှိသမျှ အရာအားလုံးကို ယူကြတယ်။

ဒါပေမယ့် ရှမ့်လန် မသေသွားဘူးလို့ ဘယ်လိုလုပ် ထင်မိမှာလဲ။ ရှမ့်လန်က အသက်ရှင်နိုင်ရုံသာ မကဘူး။ အရှင်စုလင်းကိုပါ အသက်ရှင်လျက် ဖမ်းတယ်။ ပြီးတော့ အရှင်စုလင်းကို သင်းကွပ်တယ်။ အလံတိုင်ထိပ်မှာ ချည်ပြီးတော့ လမ်းမှာ လှည့်လည်လျှောက်ပြခဲ့တယ်”

နယ်စားကြီး စုနန်က လက်ကို အသာ မြှောက်လိုက်၏။ ထပ်မံ ပြောစရာ မလိုအပ်တော့ချေ။ သေးငယ်သည့် မီးပွားလေးတစ်ခုသည် ကြီးမားလွန်းသည့် မီးလောင်ပြင်ကြီးတစ်ခု ဖြစ်စေခဲ့၏။ စုလင်းသည် မြို့ထဲရှိ လူပေါင်းများစွာတို့ကို ထိခိုက်စေခဲ့သည်။ ထို့ကြောင့် ရှမ့်လန်က လက်ဦးသွားခဲ့ခြင်းဖြစ်၏။

စုနန်၏ မဟာဗျူဟာကို လူတော်တော်များများက နားမလည်ခဲ့ကြချေ။ အနောက်တိုင်းလူများကို မြှောက်ပင့်ပြီး ရွှဲ့ပြည်နယ်မှလူများကို အဘယ့်ကြောင့် ဖိနှိပ်ထားရသနည်း။ အကြောင်းအရာက ရိုးရှင်းလွန်း၏။ အဘယ်ကြောင့် ဆိုသော် စုနန်က ရွှဲ့ပြည်နယ်ကို သစ္စာဖောက်ချင်ကြောင့်ပင်။ သူ့အနေနှင့် ရွှဲ့ပြည်နယ်ကို ပုန်ကန်ရန် အစောကြီးတည်းက စဉ်းစားထားပြီးသား ဖြစ်၏။ ထို့ကြောင့် ရွှဲ့ပြည်နယ်မှ သူပိုင်ဆိုင်ရာ ပိုင်နက်မြေအတွင်းရှိ လူများကို ဖိနှိပ်ပြီး သူ၏ ဩဇာညောင်းအောင် ပြလုပ်ထားခဲ့ခြင်းပင်။

စုကလန် ထိပ်ဆုံးအခြေအနေသို့ ရောက်သည့်အချိန်တွင် စုကလန်က ထိပ်ဆုံးတွင်ရှိပြီး ချင်နိုင်ငံက ဒုတိယ ဖြစ်မည်။ အနောက်တိုင်းနိုင်ငံအသီးသီးက တတိယတွင် ရှိနေပြီး ရွှဲ့ပြည်နယ်မှာတော့ အောက်ဆုံးတွင် တည်ရှိပေလိမ့်မည်။

“ရှမ့်လန်... ဒီကောင်လေးက တကယ်ကို ဆိုးယုတ်တဲ့ လူတစ်ယောက်ပဲ”

စုနန်သည် ဤကဲ့သို့ပင် တီးတိုး ရေရွတ်လိုက်မိ၏။ ကျန်းယွမ်မြို့သို့ ရောက်ရှိလာသည်မှာ ဒုတိယရက်သာလျှင် ရှိသေး၏။ သို့ပေမည့် လူဦးရေထောင်ချီကို သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ ကြမ်းတမ်း၏၊ သေချာ၏၊ အားကောင်းလွန်း၏။

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ သတင်းပို့ချက် ရောက်ရှိလာခဲ့သည်။ “အရှင်... ထုဟိုင် ရောက်ရှိလာခဲ့ပါပြီ”

စုနန်က မျက်မှောင်ကြုတ်လိုက်၏။ ထုဟိုင်သည် ဤနေရာသို့ စောစောစီးစီး လာရောက်ကာ သတင်း ပေးပို့သင့်၏။ သို့ပေမည့် မပြုလုပ်ခဲ့ချေ။ စုကလန်ကို အရှက်ရအောင် ပြုလုပ်ချင်နေသည်လား။ စုနန်၏ မျက်နှာသွင်ပြင်က တစ်စက္ကန့်လောက် အေးစက်သွားခဲ့၏။ ပြီးနောက် ချက်ချင်း ရယ်မောကာဖြင့် အပြင်ဘက်သို့ ထွက်ကာ တစ်ဖက်လူကို ကြိုဆို၏။

“စုနန်က ဆရာကြီးကို ကြိုဆိုပါတယ်”

အပြင်ဘက်သို့ ထွက်လိုက်သည့်အချိန်မှာတော့ နယ်စားကြီး စုနန်က ဦးညွှတ်လိုက်သည်။

စုကလန်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၊ အနောက်တိုင်းဒေသနှင့် ချင်နိုင်ငံတို့ တစ်ခုလုံးကို စုစည်းထား ခဲ့ပြီးသား ဖြစ်၏။ ထိုအရာက စုကလန်၏ မူဝါဒအသစ်ပင် ဖြစ်၏။

ထုဟိုင်က အထဲသို့ လျှောက်ဝင်လာခဲ့သည်။ “ဆရာကြီး ထိုင်ပါအုံး”

ထုဟိုင်၏ မျက်နှာတစ်ခုလုံးက အေးစက်လျက် ရှိနေ၏။ သူက တင်းမာ ခက်ထန်စွာဖြင့် ထိုင်ချလိုက်၏။

“ကျေးဇူးတရားနှင့် ရန်ငြိုးကြားမှာ တော်ဝင်ကပ်ဘေးကျောင်းက အကောင်းဆုံး လက်စားချေမယ်”

ထုဟိုင်က ပြောဆိုလိုက်သည်။ “ဒီခွေးကောင် ရှမ့်လန်က တော်ဝင်ကပ်ဘေး ဘုရားကျောင်းအကြောင်းကို သေသေချာချာ မသိသေးဘူးထင်တယ်။ ကျုပ်တို့ရဲ့ ဩဇာအာဏာက ဘယ်လောက်ထိ ကြောက်မက်ဖွယ်ရာ ကောင်းလဲဆိုတာ မသိသေးတာပဲ ဖြစ်ရမယ်”

နယ်စားကြီး စုနန်က ပြောလိုက်၏။ “ဟုတ်လောက်မယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ဘုရားကျောင်းဖြစ်ကြောင်း ကျုပ် ကောင်းကောင်းသိတယ်။ ဒီခွေးလေး မသိလို့ ရိုင်းစိုင်းရဲတာနေမှာပေါ့”

ထုဟိုင်က ပြောလိုက်သည်။ “အင်း.. တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ အခွင့်အာဏာကို ကာကွယ်ဖို့ ကျုပ် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ပြန်ပြီး စစ်သည်တွေကို ခေါ်မယ်။ ကျုပ်ရဲ့တာဝန်က ရှမ့်လန်ကို တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီကို ခေါ်ပြီးအပြစ်ပေးဖို့ပဲ”

နယ်စားကြီး စုနန်က ပြောလိုက်၏။ “ဟုတ်တာပေါ့။ ဒါနဲ့ ခင်ဗျားအနေနဲ့ စစ်သည် ဘယ်လောက်များများကို စုစည်းဖို့ စဉ်းစားထားလဲ”

ထုဟိုင်က ပြောလိုက်သည်။ “ဘုန်းကြီး စစ်သည် ၅၀၀၀ ကျော်ပေါ့”

နယ်စားကြီး စုနန်က ပျော်ရွှင်သွားမိ၏။ “အင်း... ဘုန်းကြီးစစ်သည်တွေက တကယ်ကို အားကောင်းတယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက လူတွေဆိုတော့ ပိုပြီး အားကောင်းမှာပေါ့။ ဒီလူတွေကသာ စုကလန်ရဲ့ပိုင်နက် တည်နေရာအနှံ့ကို ရောက်ရှိသွားခဲ့မယ်ဆိုရင် အကောင်းဆုံး ဖြစ်သွားလိမ့်မယ်”

ထုဟိုင်က ပြောလိုက်သည်။ “စုကလန်သာ ပိုင်ရီခရိုင်ကို သိမ်းပိုက်ပြီးရင် တော်ဝင်ကပ်ဘေးဘုရားကျောင်း ကလည်း အခြေအနေတစ်ခုဆီ ရောက်ရှိသွားမှာ မဟုတ်ဘူးလား”

နယ်စားကြီး စုနန်က ပြောလိုက်၏။ “ကျိန်းသေတာပေါ့။ ပိုင်ရီခရိုင်ထဲမှာ တော်ဝင်ကပ်ဘေး ဘုရားကျောင်း တည်ဆောက်ဖို့ အကောင်းဆုံး ကြိုးစားပေးပါ့မယ်”

ထုဟိုင်က ပြောလိုက်သည်။ “ချင်နိုင်ငံထဲမှာ နှင်းတောင်နတ်ဘုရားကျောင်း ဆိုပြီး ရှိတယ်။ ဒါပေမယ့် အဲတာက မလုံလောက်သေးဘူး။ ဒီထက်ကြီးတာ တစ်ခုခုကို ကျုပ်လုပ်ချင်သေးတယ်။”

သူတို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် အင်ပါယာကျန်းလီ၏ တိုက်ခိုက်မှုကို ခံခဲ့ရ၏။ ပြီးနောက် ရန်အင်ပါယာ၏ နှင်ထုတ်ခြင်းကို ခံနေရ၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် ရွှဲ့ပြည်နယ်မှ ထွက်ခွာသွားရသည်မှာ ကြာပြီ ဖြစ်၏။ ယခုအချိန်မှာတော့ ကြီးကြီးမားမား ဝင်ရောက်တိုက်ခိုက်ပြီး တည်နေရာတစ်ခု၌ အခြေချသွားရန် စဉ်းစားထားခဲ့၏။

All Chapters