← Chapters

အခန်း (၃၆၄)

Vol. 27 Ch. 364

အခန်း (၃၆၄)

Vol. 27 Ch. 364

“ဆွစ် ဆွစ် ဆွစ်”

ထက်ရှသည့် မြားများက ပြင်းပြင်းထန်ထန် ရောက်ရှိလာ၏။ လူတော်တော်များများတို့သည် ချက်ချင်းပဲ သေဆုံးသွားခဲ့ကြ၏။

အနောက်တိုင်း စစ်သည်များသည် တုန်လှုပ်သွားခဲ့ကြသည်။

“ဒါ ဘယ်လိုမြားတွေလဲ။ ဒါက သေးသေးလေးတွေ။ ဒါပေမဲ့ အားကောင်းတဲ့ပုံပဲ”

ကျင်းမိသားစုသည် ကျင်းချန်ကျွန်းကို အနိုင်ယူသိမ်းပိုက်ခဲ့ပြီးနောက် သံမဏိ ထုတ်လုပ်သည့် နည်းစနစ်ကို အသုံးပြုကာဖြင့် ရှမ့်လန်သည် တကယ့်ကို အားကောင်းလွန်းသည့် စတီးမြားကို ဖန်တီး ထုတ်လုပ်ခဲ့၏။ အရည်အသွေးမြင့် စတီးများနှင့် အသုံးပြုထားသောကြောင့် မြားများက ပေါ့ပါးပြီး ထွင်းဖောက်နိုင်စွမ်း ကြီးမား၏။

သေးငယ်သည့် မြားလေးတစ်စင်းသည် လေးကြိုးကောင်းကောင်းအပေါ် တပ်ဆင်ခဲ့ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သေမင်းတမန် လက်နက်မျိုး ဖြစ်လာခဲ့၏။ ထို့အပြင် ရှမ့်လန် ဖန်တီး ထားသည့် လေးသည် တကယ့်ကို အဆင့်မြင့် ဖန်တီးထားခဲ့သည့် လေးမျိုး ဖြစ်ပြီး တစ်ခါပစ်လျှင် မြားနှစ်ချောင်းပင် ထွက်လို့နေသေးသည်။

ရွှီး ရွှီး...

ချက်ချင်းပဲ အသက်ပေါင်းများစွာတို့ ဇီဝိန်ကြွေသွားခဲ့၏။ အဖွဲ့နှစ်ဖွဲ့ ... တစ်ဖွဲ့ နှင့် တစ်ဖွဲ့ အရူးအမူးဆိုသလို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ကြ၏။ အနောက်တိုင်း စစ်သည်များ အားလုံးသည် ပျော်ရွှင်သွားခဲ့၏။ လူရာချီကျော်တို့ သေဆုံးဒဏ်ရာရရှိခဲ့ပြီးနောက် သူတို့သည် နောက်ဆုံး၌ အစစ်အမှန် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရပေတော့မည်။

ဤမိန်းမများသည် သူတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ချေ။ ဓားဖြင့်မဆိုနှင့်။ သူတို့၏ မွေးရာပါတုတ်နှင့်ပင် ရိုက်သတ်နိုင်၏။ သို့ပေမည့် အဆုံးသတ် စစ်မှန်သည့် တိုက်ပွဲတစ်ခုကို စတင်ချိန်မှာတော့ အနောက်တိုင်း စစ်သည်များသည် စိတ်ပျက်လက်ပျက် ခံစားမိ၏။

မှန်ပေ၏။ သူတို့၏ သိုင်းပညာက တကယ့်ကို မြင့်မား၏။ သူတို့သည် လက်ထဲတွင် ရှိနေသည့် ဓားမော့ကြီးများဖြင့် လှည့်ပတ်ကာ တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ သို့ပေမည့် သူတို့က စစ်တပ် မဟုတ်ချေ။ ထို့ကြောင့် အနောက်တိုင်းစစ်သည်တော်အားလုံးတို့သည် တကယ့် စစ်တပ်ကြီးနှင့် ယှဉ်ပြိုင် တိုက်ခိုက်သည့် အချိန်မှာတော့ မည်သို့မျှ ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။ ထို့အပြင် စစ်သည်အမျိုးသမီးများသည် သံမဏိချပ်ဝတ်များကိုလည်း ဝတ်ဆင်ထားခဲ့သေး၏။ ထိုသံမဏိချပ်ဝတ်များကို ဝတ်ဆင်ပြီးနောက် အမျိုးသမီး စစ်သည်တော်များသည် ကြမ်းတမ်းလွန်းသည့် တိုက်ခိုက်ရေးသမားများ ဖြစ်လာခဲ့ကြသည်။

“သတ်စမ်း။ သတ်ကြစမ်း။ သတ် .. သတ်”

အမျိုးသမီး စစ်သည်တော် ၂၀၀ ကျော်တို့သည် အမိန့်အတိုင်း ရှေ့ဆီသို့ လှမ်းတက်၏။ သူတို့သည် ဓားမော့ရှည်ကြီးများကို ထုတ်ယူကာ ခုတ်ပိုင်းကြ၏။ လှုပ်ရှားမှုအားလုံးသည် ဟန်ချက်ညီပြီး အမိန့်အတိုင်း တစ်သွေမတိမ်း လိုက်နာကာ တိုက်ခိုက်နိုင်၏။

ရှေ့တွင်ရှိနေသည့်လူများကို နှစ်ပိုင်း ပိုင်းဖြတ်၏။ သွေးများသည် ရဲရဲတောက် နီရဲလျက် ရှိနေ၏။ တခြားသော မည်သည့် လှုပ်ရှားမှုများ မရှိချေ။ လက်တစ်ဖက်ဖြင့် ဒိုင်းကာကိုမြှောက် နောက်တစ်ဖက်ဖြင့် ဓားကို ခုတ်ပိုင်း၏။ ထိုကဲ့သို့ တပြိုင်နက်တည်း ပြုလုပ်နေခြင်းပင်။ ဓားသွားကလည်း ထက်ရှလွန်းသည်။

ခဏလောက်ကြာပြီးနောက် အနောက်တိုင်း စစ်သည်တော် တစ်စုသည် စိတ်ပျက်လက်ပျက် ခံစား နေခဲ့ကြ၏။ ထို့အပြင် သူတို့သည် မြို့အတွင်းရှိ ဆိုင်များမှ သက်တော်စောင့်လေးများ သာသာ သာလျှင် ဖြစ်၏။ အနောက်တိုင်းမှ လက်ရွေးစင်စစ်သည်များ မဟုတ်ကြချေ။ တစ်ယောက်ချင်း တိုက်ခိုက်လျှင် အားကောင်းမည် ဆိုသော်လည်း ဤကဲ့သို့ အဖွဲ့လိုက်တိုက်ခိုက်သည့်အချိန်မှာတော့ သူတို့သည် ချီးပါ ထွက်ကျလုနီးနီး ကြောက်လန့်ကုန်ကြ၏။

သူတို့သည် အနောက်သို့ရွှေ့လျားပြီး ခုတ်ပိုင်းမှုများကို တားဆီးရန် ချက်ချင်း ပြင်ဆင်လိုက်ကြ၏။ သို့ပေမည့် တားဆီးခြင်းကလည်း အသုံးမဝင်ချေ။ အမျိုးသမီး စစ်သည်တော်၏ အားအင်သည် ကောင်းမွန်လွန်း၏။ တစ်ယောက်ချင်းစီတိုင်းက တိုက်ခိုက်ရေး ကျေးကျွန်များ ဖြစ်ခဲ့ဖူး၏။ တချို့သူများမှာတော့ နပန်းသမားများ ဖြစ်ခဲ့ဖူးသည်။

သူတို့၏ အရပ်အမြင့်က ၁.၈ မီတာခန့်ရှိပြီး ပျမ်းမျှအလေးချိန်ကလည်း ၁၈၀ ကီလိုဂရမ်ထက် ကျော်၏။ ထို့ကြောင့် အားကောင်းသည်သာ မကချေ။ သူတို့ လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားမော့များကလည်း ကျင်းမိသားစုမှ ပေးအပ်ထားသည့် ဓားမော့များဖြစ်ပြီး အလွန်ပဲ ထက်မြက်လွန်းသည့် ဓားမော့များ ဖြစ်၏။

ခုတ်ပိုင်းချက်များကျလာသည်နှင့် တပြိုင်နက် အနောက်တိုင်းစစ်သည်တော်များ၏ ခန္ဓာကိုယ်မှ သားရေချပ်ဝတ်အားလုံးက ပျက်စီးသွားခဲ့ကြပြီး နှစ်ပိုင်းပိုင်းဖြတ်ခြင်းကိုပင် ခံရ၏။ အားအင်၊ အဆင့်၊ စည်းကမ်းလိုက်နာမှု၊ ချပ်ဝတ်၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အရာအားလုံးက သာလွန်လျက် ရှိနေသည်။

ထို့ကြောင့် အားကောင်းလွန်းသည့် အမျိုးသမီး စစ်သည်ပေါင်း ၂၀၀ ကျော်တို့သည် သူတို့ထက် လူဦးရေ နှစ်ဆ၊ သုံးဆ ပိုမိုကာ များပြားသည့် လူများကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်စွမ်း ရှိ၏။ သူတို့အတွက် ပျော်စရာပင် ဖြစ်လာ၏။ တစ်ဖက်သတ် တိုက်ခိုက်မှု ဖြစ်လာလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ သို့ပေမည့် အချိန်အတိုင်းအတာတို အတွင်းမှာပဲ သုံးပုံ တစ်ပုံလောက်ကို သတ်ဖြတ်ခဲ့ပြီးပြီ။

ပြီးနောက် ကြမ်းတမ်းသည့် မြင်းခွာသံများ တဝုန်းဝုန်းနှင့် ထွက်ပေါ်လာခဲ့၏။ ရှမ့်လန်၏ အမိန့်ပေးမှု အောက်တွင် ရှိနေသည့် စစ်သည် တစ်ဒါဇင်ကျော်တို့သည် လက်နက်အပြည့်ကို ဝတ်ဆင်ကာဖြင့် လမ်းထဲသို့ ဝင်ရောက်ပြီး အနောက်တိုင်းစစ်သည်တော်များကို တားဆီးထားခဲ့၏။

ရုတ်တရက်ဆိုသလိုပဲ အနောက်တိုင်း စစ်သည်တော် အားလုံးတို့သည် ကြီးကြီးမားမား ဆုံးရှုံးနေကြသည်။

ပြီးနောက် ရှမ့်လန်က အော်ဟစ်လိုက်၏။ “ဒူးထောက် အညံ့ခံစမ်း”

ဝူလဲ့သည် မည်သို့မျှ မနေနိုင်ဘဲ ကြောင်အသွားခဲ့သည်။ ပြီးနောက် အမျိုးသမီး စစ်သည်တော် တော်တော်များများကလည်း အော်ဟစ်လိုက်ကြသည်။

“ဒူးထောက် အညံ့ခံ”

“ဒူးထောက် အညံ့ခံ၊ မလှုပ်ကြနဲ့”

အနောက်တိုင်းကုန်သည်များသည် ကြောက်လန့်သွားကြသည်။ သို့ပေမည့် သူတို့၏ အသက်ကို သူတို့မပိုင်သော အခြေအနေသို့ ရောက်ရှိနေ၏။

အနောက်တိုင်း စစ်သည်တော် တစ်ယောက်သည် ပထမဦးဆုံး ဒူးထောက်ကာ ထိုင်ချလိုက်သည်။

ပြီးနောက် ဒုတိယ၊ တတိယ..

သို့နှင့် အနောက်တိုင်း စစ်သည်တော်အားလုံးတို့သည် ဒူးထောက်ပြီး အညံ့ခံကြ၏။ သူတို့၏ ဓားမော့များကို ဘေးတစ်ဖက်ဆီသို့ ချလိုက်ကြ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလူတွေအားလုံးရဲ့ ခါးပတ်တွေကို ချွတ်၊ ပြီးတော့ သူတို့ရဲ့ ငယ်ပါတွေကို အပြင်ထုတ်ထား”

အနောက်တိုင်း စစ်သည်တော်အားလုံးသည် ကြောင်အသွား၏။ ဘာလုပ်ချင်သနည်း။ ယခု ဒူးထောက်ပြီးသား ဖြစ်၏။ ဓားမော့များကိုလည်း အောက်သို့ချထားပြီးသား ဖြစ်သည်။ သူတို့၌ ခုခံရန် ရည်ရွယ်ချက်ဟူ၍ မရှိတော့ချေ။ ထို့ကြောင့် ခါးပတ်များချွတ်ချခြင်းခံလိုက်ရ၏။

ရှမ့်လန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “သူတို့ကို ကြိုးနဲ့ ချည်ကြ”

အမျိုးသမီး စစ်သည်တော်များသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး အနောက်တိုင်း စစ်သည်တော် အားလုံးကို ခါးပတ်ကြိုးများဖြင့် ချည်နှောင်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလူတွေ အားလုံးကို မတ်မတ်ရပ်ထားခိုင်း”

ရုတ်တရက် အနောက်တိုင်း စစ်သည်တော် တစ်ရာကျော်တို့သည် မတ်တပ်ရပ်ဖြင့် ကြိုးတုတ်ခြင်းကို ခံထားရ၏။ ခါးပတ်လည်း မရှိသောကြောင့် သူတို့၏ ဘောင်းဘီများက မြေပေါ်သို့ လျောကျသွား၏။ အားလုံးသောသူတို့သည် အောက်ပိုင်း တစ်ခုလုံး ဗလာဟင်းလင်းနှင့်ပင်။

ရှမ့်လန်က ပြောလိုက်၏။ “ညီမတွေ... ဒါတွေ အကုန်လုံးကို သေသေချာချာ လုပ်လိုက်ကြတော့”

အမျိုးသမီး စစ်သည်တော် ၂၀၀ ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်သွားခဲ့သည်။

ရှမ့်လန်က အော်လိုက်၏။ “အားလုံးကို သင်းကွပ်လိုက်”

ထိုစကားစု ထွက်လာသည့် အချိန်မှာတော့ အနောက်တိုင်း စစ်သည်တော်များ အားလုံးတို့သည် သေးများပင် ထွက်ကျသွားခဲ့ကြ၏။ သူတို့ အညံ့ခံလျှင် မသတ်ဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။ သို့ပေမည့် သင်းကွပ်ခြင်းကို ခံရပါက သူတို့သည် သေဆုံးသည်ထက် ပိုမိုကာ ဆိုးဝါးသည့်ဘဝမျိုးသို့ ရောက်ရှိသွားပေလိမ့်မည်။ သူတို့ ထွက်ပြေးချင်၏။ သို့ပေမည့် လက်များ၊ ခြေထောက်များကို ကြိုးချည်ထားခဲ့၏။ အဘယ်သို့ ထွက်ပြေးရမည်နည်း။

“ဆွစ် ဆွစ်”

အမျိုးသမီး စစ်သည်တော်များသည် ဓားများကို မြှောက်ကာဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို ခုတ်ပိုင်းလျက် ရှိနေ၏။ အနောက်တိုင်း စစ်သည်တော်ရာချီတို့သည် ချက်ချင်းပဲ သင်းကွပ်ခြင်းကို ခံလိုက်ရ၏။ ဤမြင်ကွင်းက တကယ့်ကို မယုံကြည်နိုင်လောက်စရာပင်။ ကြည့်ရှုနေသူအားလုံးကလည်း လန့်ဖြန့်ကုန်ကြ၏။

ရှမ့်လန်က အသာပင် ပြောလိုက်သည်။ “ဘာတွေ အော်နေကြတာလဲ။ ဒီလူတွေအားလုံးက လမ်းပေါ်မှာ သေးပေါက်ကြတယ်။ စည်းကမ်း မလိုက်နာဘူး။ ဒီတော့ မလိုက်နာတဲ့ ပစ္စည်းတွေကို ဖြတ်တောက် လိုက်တာပဲ”

အား... အား..

အနောက်တိုင်း စစ်သည်တော်များသည် ဆိုးဝါးစွာ အော်ဟစ်လျက် ရှိနေကြ၏။ ဤအချိန်မှာတော့ သူတို့၏ နောင်တတရားကို ဖော်ညွှန်းရန် စကားလုံးဟူ၍ပင် ရှိတော့မည် မဟုတ်ချေ။ ဤချောမောသည့် မြို့တော်ဝန် သည် ထိုမျှ ရက်စက် ကြမ်းတမ်းလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ ထိုကဲ့သို့သာ သိရှိသည် ဆိုပါက အဘယ်သို့ ထွက်ကာ သေးပေါက်မည်နည်း။

ရှမ့်လန်သည် မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးကို ရုတ်သိမ်းလိုက်၏။ “မင်းတို့ အားလုံးက လူရှုပ်လူပွေတွေ ချည်းပဲ။ ဘယ်နေရာကပဲ ရောက်လာတယ်မဆို ဒီနိုင်ငံထဲကို ရောက်ပြီဆိုရင် မင်းတို့အားလုံးက ဒီနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာရမယ်။ မင်းတို့က လူတွေကို မီးရှို့တယ်၊ သတ်ဖြတ်ပစ်တယ်။

ဘာလို့လဲ ဆိုတော့ မင်းတို့က သိုင်းပညာ တတ်နေလို့ပဲ။ အားလုံးက မကောင်းဆိုးဝါးလိုအလုပ်တွေကို လုပ်ကြတယ်။ ဘာလို့ ကျန်းယွမ်မြို့ကို လာခဲ့ကြတာလဲ။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ ပိုက်ဆံရှာရ လွယ်လို့ပဲ။ ဒီနေရာမှာ လူတွေကို လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့် ဗိုလ်ကျလို့ရလို့ပဲ။

ဟိုခွေးသူခိုးကြီး စုနန်ရဲ့ နှလုံးသားထဲမှာ ပုန်ကန်လိုစိတ် အစောကြီးတည်းက ရှိပြီးသားပဲ။ ဒီတော့ မင်းတို့ အနောက်တိုင်းက လူတွေကို ဖေးမ ထောက်ပံ့ပေးထားတယ်။ ဒါကြောင့် မင်းတို့က လုပ်ချင်တာတွေ လုပ်နေကြတာပဲ။ ဒါပေမဲ့ မင်းတို့က သူ့ရဲ့ ရည်ရွယ်ချက်ထဲမှာ ရှိနေတဲ့ အသုံးချခံလူတွေချည်းပဲ။ တကယ်တော့ အမှိုက်လို လူတွေပဲ။ ကိုယ့်ကိုယ်ကို ကြီးကျယ်မြင့်မြတ်တဲ့ လူတွေလို့ ထင်နေကြတဲ့ အမှိုက်တွေပဲ”

ပြီးနောက် သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးက အေးစက်သွား၏။ သူက တိုက်ရိုက်ပဲ အမိန့်ပေးလိုက်သည်။ “ဒီလူတွေအားလုံးကို အိမ်သာတွင်းတွေထဲ ဆွဲချလိုက်။ ပြီးတော့ ရေနှစ်သတ်စမ်း”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ အနောက်တိုင်း စစ်သည်တော်အားလုံးတို့သည် တကယ်ပင် ကြောက်လန့်သွားခဲ့ကြ၏။ သူတို့ကို သင်းကွပ်ခဲ့ပြီးပြီ မဟုတ်ပါလား။ အဘယ့်ကြောင့် ဆက်လက်ကာ သတ်ဖြတ်ရန် ကြိုးစားနေရသနည်း။ အညံ့ခံလျှင် မသတ်ဖြတ်ဟု ပြောခဲ့သည် မဟုတ်ပါလား။

ရှမ့်လန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ငါက ဓားမြကြီး နာကျည်းမှုပဲ။ ဒီတော့ ငါက မင်းတို့လို လူတွေနဲ့ တရားဥပဒေအကြောင်း ပြောဆိုနေစရာ အကြောင်းမရှိဘူး။ ပြီးတော့ ငါ့စကားကိုလည်း လေလည်သလိုပဲ သဘောထားကြ။ ငါလုပ်ချင်တာ လုပ်မှာပဲ”

ပြီးနောက် အမျိုးသမီးစစ်သည်တော်များသည် ထိုလူအားလုံးကို ကုပ်မှကိုင်ပြီး ခေါ်ဆောင်သွားခဲ့သည်။ “ဒါနဲ့ မင်းတို့ရဲ့ အိမ်သာတွင်းတွေက ဘယ်မှာလဲ”

ခဏလောက်ကြာပြီးနောက် အနောက်တိုင်း စစ်သည်တော်များ အားလုံးတို့သည် လူမဆန်ဆုံး နည်းလမ်းဖြင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။

၁၅ မိနစ် ကြာပြီးနောက် အနောက်တိုင်း ကုန်သည် တစ်ဒါဇင်ကျော်တို့သည် ရှမ့်လန်ရှေ့တွင် ဒူးထောက်လျက် ရှိနေ၏။ တော်တော်များများကသည် ဝဝဖြိုးဖြိုးဖြစ်ပြီး တချို့သောလူများမှာတော့ ပိန်ပိန်းပါးပါးနှင့် နှာခေါင်းချွန်ချွန်များ ရှိ၏။ အနောက်တိုင်း ကုန်သည်အားလုံးတို့သည် ကျန်းယွမ်မြို့ထဲတွင် အခြေချ နေထိုင်ခဲ့ကြပြီး စုကလန်၏ နောက်ခံအားကိုးကို ရရှိခဲ့ကြ၏။ ထို့ကြောင့် မကောင်းသည့် စီးပွားရေး လုပ်ငန်းပေါင်းများစွာကို ပြုလုပ်ခဲ့သည်။

ဝူပြည်နယ်နှင့် ချောင်ပြည်နယ်ကြားမှ မဖွယ်မရာ၊ မကောင်းသည့် စီးပွားရေးလုပ်ငန်းများ အားလုံးကို အဓိကထား ပြုလုပ်ကြသူများ ဖြစ်၏။ သူတို့သည် ပိုးထည်နှင့် အမွှေးအကြိုင်များကိုသာ ရောင်းချခြင်း မဟုတ်ချေ။ တရားမဝင် ကုန်သွယ်မှု အားလုံးကိုလည်း ပြုလုပ်လျက် ရှိနေလေ၏။

အဓိကရောင်းချသည့် ပစ္စည်းများက သံမဏိ၊ အစားအစာနှင့် ကျေးကျွန်များပင် ဖြစ်၏။ ကျန်းရှစ် စီရင်စု၏ မြေတည်နေရာက ကျယ်ပြော၏။ လူဦးရေကလည်း တခြားသော တည်နေရာများနှင့် နှိုင်းယှဉ်သည် ဆိုပါက အတော်အတန် နည်းပါး၏။ ထို့ကြောင့် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ကျွန် ရောင်းဝယ်မှုကို ပြုလုပ်သည် ဆိုသည်မှာ တကယ့်ကို သင့်တော်သည့် အရာမျိုးပင် ဖြစ်သည်။

ထို့ကြောင့် အားကောင်းသည့် နိုင်ငံအသီးသီးတို့သည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ပြီး ကျွန်ဝယ်ယူမှုကို ပြုလုပ်၏။ အနောက်တိုင်းမှ လှပသည့်ကျွန်အားလုံးတို့သည် အရှေ့ဘက်ပိုင်းတွင် ကျော်ကြားသည့် အရာမျိုး ဖြစ်လို့နေ၏။

ရွှဲ့ပြည်နယ်၏ ဘုရင်မင်းမြတ်ဆီမှ ဆက်ခံသူ မျိုးဆက်အသီးသီးတို့သည် ထိုကိစ္စကို ဖြေရှင်းရန် အလွန် ခက်ခဲခဲ့၏။ ထို့အပြင် ရွှဲ့ပြည်နယ်၏ တချို့သောမြို့ထဲပင်လျှင် အနောက်တိုင်းမှ အမျိုးသမီး ကျေးကျွန် တော်တော်များများ တည်ရှိနေခဲ့၏။ ပြောရမည်ဆိုလျှင် သူ၏ရှေ့တွင် ရှိနေသည့် ဤအနောက်တိုင်း ကုန်သည်များသည် အပြစ်ကင်းစင်သည့် လူများ မဟုတ်ချေ။

ရှမ့်လန်သည် အနောက်တိုင်းကုန်သည် တစ်ယောက်၏ ရှေ့ဆီသို့ လျှောက်သွား၏။ ထိုသူ၏ ရှေ့တွင် ဆောင့်ကြောင့် ထိုင်ချကာ ပြောလိုက်၏။ “ခင်ဗျားတို့ နိုင်င်မှာ သမက်တော်နဲ့ ခွေး အထဲကို မဝင်ရဘူးဆိုတဲ့ ဓလေ့ထုံးစံ ရှိသလား။ ကျုပ် မေးချင်ပါတယ်”

အနောက်တိုင်း ကုန်သည်သည် ခေါင်းကို ခါယမ်းလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း .... ခင်ဗျားတို့ နိုင်ငံမှာ သမက်တော်ဆိုရင် မျက်နှာပေါ် စုတ်တံနဲ့ စာရေးပေး လိုက်တာဆို။ ပြီးတော့ စစ်တပ်ထဲပို့ပြီး ရိုက်နှက်ခိုင်းခဲ့တာ မဟုတ်လား”

အနောက်တိုင်း ကုန်သည်သည် ခေါင်းကို ထပ်မံ ခါယမ်းလိုက်သည်။

“ဒါဆိုရင် ခင်ဗျား ကျုပ်ကို ပြောခဲ့တာက လိမ်ညာတာပေါ့”

အနောက်တိုင်း ကုန်သည်သည် ခေါင်းညိတ်ရမလား ခေါင်းခါရမလား မသိတော့ချေ။ “ကျုပ်က ကျန်းယွမ်မြို့ဆီကိုလာပြီး စီးပွားရေး လုပ်တယ်ဆိုပေမဲ့ ကျုပ်တို့ဘုရင်ကိုယ်တိုင် အသိအမှတ်ပြုပြီး လွှတ်လိုက်တာပဲ။ ခင်ဗျား ကျုပ်ကို ထိလို့မရဘူး” အနောက်တိုင်းကုန်သည်သည် တုန်ယင်စွာ ပြောလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က ဓားပြကြီး နာကျည်းမှု။ ဘယ်လိုဖြစ်ပြီးတော့ အဲဒီ ခင်ဗျားရဲ့ သောက်ဘုရင်ကို ကျုပ်က ဂရုစိုက်ရမှာလဲ”

ချီးတဲ့မှ... သမက်တော်တစ်ယောက်လို ခုဏကလေးတင် ပြောနေသည် မဟုတ်ပါလား။ ယခု ဓားပြကြီး နာကျည်းမှု ဖြစ်သွားပြန်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အားလုံးကို သတ်ပစ်လိုက်”

အမိန့်ပေးပြီးနောက် သူ၏လက်က အပေါ်သို့မြောက်သွား၏။ ဓားမော့များက ကျဆင်းလာခဲ့၏။

အနောက်တိုင်း ကုန်သည် တစ်ဒါဇင်ကျော်တို့သည် တစ်ခါတည်း သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ခွေးနှင့် သမက်တော် အထဲ မဝင်ရဟု ပြောဆိုခဲ့သည့် ကုန်သည်သာလျှင် ကျန်ရှိခဲ့၏။ သူသည် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေ၏။ သူ၏ ရှေ့တွင် ရှိနေသည့် ခပ်ချောချော ကောင်လေးက ရူးသွပ်နေသည့် လူများလား။

ဤနေရာက ကျန်းယွမ်မြို့ ဖြစ်၏။ စုကလန်၏ ပိုင်နက် တည်နေရာလည်း ဖြစ်၏။ ထို့အပြင် ကျန်းယွမ် နယ်စားအိမ်တော်နှင့် မိုင်ဒါဇင်ချီ အဝေး၌ ရှိနေသည့် နေရာ ဖြစ်၏။ ရူးသွပ်နေလေသည်လား။

ရှမ့်လန်သည် တစ်ဖက်လူကို ကြည့်ရှုကာ ပြောလိုက်၏။ “ခင်ဗျားအတွက်တော့ အင်း... ကျုပ် ခင်ဗျားရဲ့ အရေခွံကို ချွတ်ပြီး နေလှန်းရမယ်”

အနောက်တိုင်း ကုန်သည်သည် တစ်ကိုယ်လုံး တုန်ယင်ပြီး သေးထွက်ကျလုမတက်ပင် ဖြစ်သွားခဲ့၏။ သူသည် ထိုအဓိပ္ပာယ်ကို ကောင်းကောင်း သိသည်။

ရှမ့်လန်က ကျယ်လောင်စွာ ပြောလိုက်၏။ “ကျန်းယွမ်မြို့မှာ ရှိတဲ့ လူတွေအကုန်လုံး ဒီကွပ်မျက်ပွဲကို လာကြည့်ရမယ်”

.....................

All Chapters