← Chapters

အခန်း (၃၆၆)

Vol. 27 Ch. 366

အခန်း (၃၆၆)

Vol. 27 Ch. 366

စုလင်းက အော်ဟစ်လိုက်၏။ “ကျန်းယွမ်မြို့က အစောင့်တွေ... ချီးစားထားတာလား။ ဓားပြကြီး နာကျည်းမှုက မြို့တော်ဝန်အိမ်ရာထဲကိုတောင် ဝင်ပြီး လုပ်ချင်တာ လုပ်နေကြတယ်။ မြို့တော်ဝန် ရှမ့်လန်သာ တစ်ခုခုဖြစ်ရင် မင်းတို့ ပြဿနာတက်မယ်။ ဒီမှာ ရှိတဲ့ အစောင့်အရှောက်တွေ၊ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက ဆရာကြီးတွေ ... ခင်ဗျားတို့ကို ဒုက္ခပေးရတော့မယ်။ ဒီမှာနေပြီး မြို့တော်ဝန် ရှမ့်လန်ကို ကာကွယ်ပေးထားကြ”

“ကောင်းပါပြီ” စစ်သည်တော်ပေါင်းများစွာတို့က အော်ဟစ်လိုက်ကြသည်။

ပြီးနောက် စုကလန်၏ စစ်သည်တော် ၂၀၀၀ ကျော်၊ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သား ၂၀၀ ကျော်၊ အနောက်တိုင်း ကျွမ်းကျင်သူ ၁၀၀ ကျော်တို့သည် ရှမ့်လန်၏ ကျန်းယွမ်မြို့တော်ဝန်အိမ်တော် တစ်ခုလုံးကို ဝိုင်းပတ်ထားလိုက်ကြ၏။

ဤအခြေအနေမှာတော့ ရှမ့်လန်အနေနှင့် ထွက်ပြေးရန် မဖြစ်နိုင်ချေ။ ထို့အပြင် သူ၏လက်အောက်ရှိ အမျိုးသမီးစစ်သည်တော် ၂၀၀ ကျော်တို့သည်လည်း ထွက်ပြေးရန် အလွန် ခက်ခဲနေသည်။

ရှမ့်လန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကာကွယ်ပေးတဲ့အတွက် ကျေးဇူးပါပဲ အစ်ကိုတော်။ ဒီည ကျုပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်ရပြီပေါ့။ ဟား ဟား ဟား ဟား။ ကဲ.. အိမ်ရာထဲကို ဝင်မယ်။ ချက်ကြ၊ ပြုတ်ကြတော့”

ရှမ့်လန်သည် မြို့တော်ဝန် အိမ်ရာထဲဆီသို့ အားလုံးကို ခေါ်ဆောင်ကာ ဝင်ရောက်သွားခဲ့၏။

.............

ထိုည ညစာစားသည့်အချိန်မှာတော့ အမျိုးသမီး စစ်သူကြီးများသည် ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်လျက် ရှိ၏။ ကျန်းယွမ်မြို့၏ လူပေါင်းများစွာတို့သည် သူတို့ကို စိတ်ပျက်စေခဲ့သည်။

မူလအားဖြင့် ရှမ့်လန်သည် အချိန်အတိုင်းအတာတိုအတွင်း တုန်လှုပ်ဖွယ်ကောင်းသည့် မုန်တိုင်းတစ်ခုကို ဖန်တီးခဲ့၏။ လူပေါင်းသောင်းချီတို့တောင်မှ သူ့နောက်သို့ လိုက်ပါလာခဲ့သည်။

သို့ပေမည့် အမျိုးသမီး စစ်သည်များသည် တိုက်ခိုက်ရန် သွေးများကို ကြာကြာဆူဝေသည်ဟု မခံစား လိုက်ရချေ။ အားလုံးတော့သူတို့က ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့၏။ ဤလူများသည် ဤမျှ အသုံးမဝင်သည့် လူများ ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ စုလင်း၏ ခြိမ်းခြောက်မှုကို ခံရပြီးနောက် ထိုသူတို့သည် ချက်ချင်းပင် ရှမ့်လန်ကို သစ္စာဖောက်ခဲ့၏။ ရှမ့်လန်ကို တစ်ယောက်တည်း ထားကာ ထွက်ပြေးသွားခဲ့၏။

“တကယ့်ကို အသုံးမဝင်တဲ့ .... အသုံးမကျတဲ့ လူတွေ။ ဒီလိုလူတွေက စုမိသားစုရဲ့ အနိုင်ကျင့်မှုကို ခံရတာ ထိုက်တန်တယ်။ အနောက်တိုင်းကလူတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံရတဲ့ ထိုက်တန်တဲ့ လူတွေပဲ။ ဒီလူတွေက ခွေးတွေ၊ ဝက်တွေထက်တောင် ဆိုးတဲ့ တန်ဖိုးမရှိသူတွေ” အမျိုးသမီးစစ်သူကြီး ရှမ့်နုက ကျိန်ဆဲလျက် ရှိနေ၏။ သူမက အလွန်တရာ ဒေါသထွက်လျက် ရှိနေ၏။ သူမသည် သိပ်ပြီး စားချင်သောက်ချင် စိတ်ပင် မရှိခဲ့ချေ။ ညစာစားပွဲတွင် ထမင်းပန်းကန်ငါးလုံးသာလျှင် စားနိုင်ခဲ့သည်။

သို့ပေမည့် ရှမ့်လန်မှာတော့ အစမှ အဆုံးအထိ ပြုံးလျက် ရှိနေ၏။ တစ်ချက်ကလေးမှ ဒေါသမထွက် တစ်ချက်ကလေးမှာလည်း စိတ်မပျက်ခဲ့ချေ။ မည်သည် ဂြိုဟ်ကမ္ဘာဆီက လာသည့် လူမဆို ထိုကဲ့သို့ပင် ဖြစ်၏။ ကျိန်းသေပေါက် ကြောက်လန့်လွန်းတတ်ကြ၏။ ရွှေများငွေများကိုရရှိသည့် အချိန်တွင် ပျော်ရွှင်တတ်ကြသော်လည်း အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် အကြောက်ကြီး ကြောက်တတ်ကြသည်။ ထိုအရာက လူသားများ၏ သဘာဝတရားသာလျှင် ဖြစ်၏။

ထို့ကြောင့် မိမိလုပ်စရာ ရှိသည်ကို မိမိဘာသာ လုပ်ရန်သာ ရှိသည်။

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “ကိစ္စမရှိဘူး။ ငါတို့ရဲ့ အစီအစဉ်က အောင်မြင်တယ်”

ဝူလဲ့က ပြောလိုက်သည်။ “မြို့တော်ဝန်.. ဒီည သတိအပြည့် ထားရမယ်။ ရန်သူတွေ အသာရစေဖို့ အခွင့်အရေး တစ်ခုမှ ပေးလို့မဖြစ်ဘူး။

ရှမ့်လန်က ပြောလိုက်၏။ “မလိုဘူး၊ မလိုဘူး။ ဒီည ကောင်းကောင်းသာ အိပ်။ စုလင်းရဲ့ ရည်ရွယ်ချက်က ငါ့ကို သတ်ဖို့ပဲ။ ငါ မသေသေးသရွေ့ သူတို့က မင်းတို့ကို ဝင်ပြီး တိုက်ခိုက်မှာ မဟုတ်ဘူး။ ကောင်းကောင်းမွန်မွန် သာ အိပ်ရေးဝဝ အိပ်ကြ။ မနက်ဖြန်ကျရင် တိုက်ပွဲကြီးကြီးမားမား ရှိတယ်။ ဒီနေ့မှာ ငါတို့က လူပေါင်းရာချီကို သတ်ဖြတ်ခဲ့တယ်လေ။ မနက်ဖြန် ဒီထက်ပိုပြီး သတ်ရမယ်”

ပြီးနောက် ရှမ့်လန်သည် ဓားဘုရင် လီချင်းချိုးကို ပြောလိုက်၏။ “စီနီယာ။ ကျုပ်တို့ သွားပြီးတော့ လေ့ကျင့်ကြမလား။ ဒီည အတွက် သေချာလေ့ကျင့်မှ ဖြစ်မယ်”

နောက်တစ်ရက်မှာတော့ ...

စုမိသားစု၏ စစ်တပ်ဆီမှ လူဦးရေ ၂၀၀၀ ကျော်၊ တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ ဘုန်းကြီး စစ်သားများနှင့် အနောက်တိုင်းကျွမ်းကျင်သူ အားလုံးတို့သည် မြို့တော်ဝန်၏ အိမ်ရာကို ဝိုင်းပတ်ကာ စောင့်ကြပ်လျက် ရှိနေကြ၏။ မည်သူမှအထဲသို့ မဝင်နိုင်သလို မည်သူမှလည်း အပြင်ဘက်သို့ ထွက်၍ မရချေ။ ကံကောင်းစွာဖြင့် မနေ့တုန်းက ရေနှင့် အစားအစာကို လုံလုံလောက်လောက် သိုလှောင်ခဲ့သည်။ မဟုတ်ပါက အစာငတ်ကာ သေနိုင်၏။

နေ့လယ်ခင်းအချိန်သို့ ရောက်သည့်အချိန်မှာတော့ အိမ်ရာအပြင်၌ စောင့်ကြပ်နေကြသော စုကလန်၏ မဟာမိတ် စစ်သည်ပေါင်း သုံးထောင်ကျော်တို့သည် သူတို့၏ချပ်ဝတ်များ၊ လေးမြားလက်နက်များကို စတင်ကာ စစ်ဆေးလျက် ရှိနေကြ၏။

တစ်ယောက်ပြီး တစ်ယောက်တို့သည် မြို့တော်ဝန်အိမ်ရာ၏ အပြင်ဘက်၌ ကြီးမားသည့် လေးမြားကြီး များကို စတင်ကာ ပြင်ဆင်လျက် ရှိနေ၏။ လောက်လွဲ လက်နက်ကြီးများပင် ပါဝင်သေး၏။ ရှမ့်လန်ပြောခဲ့သလိုပင် ဤအရာက အာဏာအားပြိုင်ပွဲ မဟုတ်ချေ။ အသက် သေဆုံးသည်အထိ တိုက်ခိုက်ရမည့် တိုက်ပွဲ ဖြစ်၏။ တိုက်ရိုက် သုတ်သင် ရှင်းလင်းရမည့် အရာမျိုး ဖြစ်၏။ တိုက်ပွဲ စတင်တော့မည်မှာ အသေအချာပင်။

ရန်သူနှစ်ထောင်တို့သည် မြို့တော်ဝန်အိမ်ရာကို တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်၏။ ဤအချိန်မှာပဲ မြို့တော်ဝန်အိမ်တော် ရှိရာဆီသို့ မိန်းမလှလေးတစ်ယောက် လှမ်းလျှောက်လာခဲ့၏။ သူမက နှုတ်ဆက်လိုက်၏။

“မြို့တော်ဝန် ရှမ့်လန်”

ပိုးချည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် ရှမ့်လန်က အပြင်ဘက်ကို ထွက်လိုက်၏။ ဤလှပသည့် မိန်းကလေးကို မြင်သည့်အချိန်မှာတော့ သူက မေးလိုက်သည်။ “မိန်းမလှလေး.. ဘာကိစ္စ ရှိလို့လဲ”

ထိုမိန်းမလှလေးက ပြောလိုက်၏။ “အရှင်စုလင်းက စားပွဲတက်ဖို့ ကျွန်မကို လာပြီး ခေါ်ခိုင်းလိုက်တာပါ။ လိုက်လာမယ်မလား။”

“သွားရမှာပေါ့ သွားရမှာပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားလို လှပတဲ့မိန်းကလေးတစ်ယောက် ရှိနေမှတော့ ကျုပ် ဘယ်လိုလုပ် မသွားဘဲ နေမှာလဲ။ သွားမယ် သွားမယ်”

ရှမ့်လန်က အလောတကြီးဖြင့် မြို့တော်ဝန် အိမ်ရာ၏ အပြင်ဘက်ဆီသို့ ထွက်ခွာလိုက်၏။

“သခင်လေး”

အမျိုးသမီး စစ်သူကြီး ဝူလဲ့က နောက်မှ လိုက်ပါလာခဲ့သည်။ “ကျွန်မ ရှင်နဲ့ လိုက်မယ်”

ရှမ့်လန်က ခေါင်းခါယမ်းကာ ပြောလိုက်၏။ “မလိုဘူး၊ မလိုဘူး။ မြို့တော်ဝန် အိမ်ရာမှာပဲနေ။ တကယ့် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရမှာ မင်းပဲ။ စားပွဲသွားတက်တဲ့ ငါက ဘယ်လိုလုပ် အန္တရာယ် ရှိမှာလဲ။ ပြီးတော့ ဒီလိုမိန်းမလှလေးက လာပြီးတော့ ဖိတ်ခေါ်တာ။ သူ့ကို အားနာရမယ်လေ။”

မိန်းမလှလေးသည် ပါးစပ်ကို အုပ်ကာကာ ပြောလိုက်သည်။ “ဟုတ်တယ်နော် .. ရှမ့်... ကျေးဇူးပြုပြီး ကြွပါ”

ပြီးနောက် သူမက ရှေ့မှ လှမ်းလျှောက်သွား၏။

ရှမ့်လန်သည် သူမအနောက်မှ နီးနီးကပ်ကပ် လိုက်ပါလာခဲ့၏။ သူမ၏ နိမ့်တုံမြင့်တုံ တင်ပါးစုံကို လှမ်းကာ ကြည့်ရှုရင်း သူသည် ပျော်ရွှင်သလိုပင် ခံစားနေမိ၏။ သူ လူနှစ်ယောက်ကိုသာ ခေါ်လာခဲ့၏။ ထိုနှစ်ယောက်သည် အရူးကြီးနှင့် ဓားဘုရင် လီချင်းချိုးသာလျှင် ဖြစ်သည်။

ရှမ့်လန်သည် ထိုမိန်းမလှလေး၏ နောက်မှ တောက်လျှောက် လှမ်းလျှောက်ရင်း မေးလိုက်၏။ “ဒါနဲ့ ညီမလေး။ မင်းနာမည် ဘယ်လိုခေါ်လဲ။ မင်းရဲ့ မွေးရပ်မြေက ဘယ်ကလဲ”

ထိုအမျိုးသမီးလေးက ပြောလိုက်သည်။ “ဒီကျေးကျွန်ရဲ့ နာမည်က ဟယ်နင်နင်လို့ ခေါ်ပါတယ်”

…….

စုလင်း၏အိမ်တော်အတွင်းမှာတော့ ......

ဤအချိန်မှာတော့ စုလင်းသည် တုန်လှုပ်လျက် ရှိနေ၏။ ရှမ့်လန် တကယ်တမ်း လာမည်ဟု သူ မထင်မှတ်ခဲ့ချေ။ တကယ့်ကို သတ်ဖြတ်မည် စားပွဲတစ်ခု ဖြစ်၏။ သူသည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ တစ်ချက်ကလေးမှ ဖုံးကွယ်မထားခဲ့ချေ။ ဟောခန်းကြီးထဲတွင် အနောက်တိုင်း ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့နှင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့ ရှိ၏။ အပြင်ဘက်တွင် စုကလန်မှ စစ်သည်တော်ပေါင်း ရာချီတို့ကလည်း စောင့်ကြပ်လျက် ရှိနေ၏။

“ရှမ့်လန် တကယ် လာတာလား”

ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုတော် ခင်ဗျား စားဖို့သောက်ဖို့ ခေါ်တာလေ။ ကျုပ် ဘယ်လိုဖြစ်ပြီး မလာဘဲ နေမှာလဲ”

ပြီးနောက် ရှမ့်လန်က ဟောခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

“ဒါ ကျုပ်ရဲ့ ထိုင်ခုံ မဟုတ်လား။ ကျုပ် ခင်ဗျားရဲ့ ဘေးနားမှာ ထိုင်လို့ရလား” ရှမ့်လန်က မိန်းမလှလေးကို လှမ်းကာ ပြောဆိုလိုက်၏။ ပြီးနောက် ရှမ့်လန်သည် ထိုင်ခုံတစ်လုံးကို အသာလှမ်းယူကာ ထိုင်ချလိုက်၏။

ဤစားပွဲက တကယ့်ကို လွန်လွန်းလှ၏။ သူ့ဘက်ခြမ်းတွင် ထိုင်ခုံတစ်ခုတည်းသာလျှင် ရှိ၏။ မျက်နှာချင်းဆိုင် မှာတော့ ထိုင်ခုံပေါင်းရာချီ တည်ရှိနေခဲ့ပြီး အပြင်ဘက်တွင်လည်း လေးများ၊ မြားများ ကိုင်ဆောင်ထားခဲ့သည့် စစ်သည်တော်ရာချီ ရှိသည်။

ဘန်း ဘန်း ဘန်း

ဟောခန်း၏တံခါးအားလုံးက ပိတ်သွားခဲ့၏။ ဖယောင်းတိုင်မီးများက လင်းလက်သွားခဲ့၏။

“ထိုင်လေ” ချက်ချင်းပဲ ကျွမ်းကျင်သူရာချီတို့သည် ရှမ့်လန်၏ မျက်နှာစာဘက်ခြမ်းတွင် ထိုင်ချလိုက်ကြ၏။ အလယ်ဆုံးမှာတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ထိပ်တန်းကျွမ်းကျင်သူ ထုဟိုင်သည် ငြိမ်ငြိမ်သက်သက်ဖြင့် အရက်သောက်လျက် ရှိနေ၏။ သူသည် ရှမ့်လန်ကို လူသေတစ်ယောက်ကဲ့သို့ပင် လှမ်းကာ ကြည့်ရှုနေသည်။

ရှမ့်လန်သည် ရန်သူပေါင်း ရာချီကို ရင်ဆိုင်နေရ၏။ အပြင်တွင်လည်း ရန်သူပေါင်း ရာချီက ရှိနေသေး၏။ သို့ပေမည့် မည်သည့်အရာကိုမှ မမြင်သကဲ့သို့ပင် ဟန်ထုတ်နေ၏။

“အစ်ကိုတော်... စားပွဲအတွက် ကျုပ်ကို ဖိတ်ခဲ့တာ မဟုတ်လား။ ဘာလို့ အစားအစာနဲ့ ဝိုင်တွေ မရှိရတာလဲ”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ကျုပ် နေ့လယ်စာတောင် စားရသေးတာ မဟုတ်ဘူး။ တော်တော် ဆာနေပြီ”

စုလင်းက အသာပင် ပြောလိုက်၏။ “ဒါက သတ်ဖြတ်တဲ့ ပွဲတစ်ခု ဆိုမှတော့ စားစရာတွေ ဝိုင်တွေ ဘယ်လိုလုပ် ရှိမှာလဲ။ လိုရင်းကိုပဲ တည့်တည့် ပြောရအောင်။ ဒီနေ့ စားပွဲက မင်းကို သတ်ဖြတ်ဖို့ပဲ။ ပြီးရင် အားလုံးသောသူတွေက မင်းရဲ့ သွေးကို သောက်ပြီး မင်းရဲ့ အသားကို စားလိမ့်မယ်”

ရှမ့်လန်သည် လေအေးများကို ရှူရှိုက်လိုက်မိ၏။ သူသည် ပုခုံးတွန့်ကာ ပြောလိုက်သည်။ “အဲလောက်တောင် ရက်စက်တာလား”

စုလင်းက အသာပင် ပြောလိုက်၏။ “ရှမ့်လန်... ဒါက သတ်ဖြတ်တဲ့စားပွဲတစ်ခု ဆိုတာ မင်း သေသေချာချာ သိပြီးသား။ မင်း လာပြီးတော့ အသေခံရဲတာလား။ ဒါ ငါ့ကို အထင်ကြီးစရာ မဖြစ်ခဲ့ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ ဘေးတစ်ဖက်မှာ စီနီယာ ဓားဘုရင် ရှိတယ်။ ကျုပ်က ဘာကို ကြောက်ရမှာလဲ”

စုလင်းက အသာပင် ပြောလိုက်၏။ “ရှမ့်လန်.. မင်း ကျန်းယွမ်မြို့ကို မလာခဲ့သင့်ဘူး။ ဒါ ငါတို့ စုကလန်ရဲ့ ပိုင်နက်ပဲ။ ဒီထဲရောက်လာတာက သေလမ်းရှာတာပဲ”

ရှမ့်လန်က ခပ်မာမာ ပြောလိုက်သည်။ “ကျုပ်ဆီမှာ စီနီယာ ဓားဘုရင် ရှိတယ်”

စုလင်းက ထပ်ကာ ပြောလိုက်၏။ “ရှမ့်လန်... မင်းက အနောက်တိုင်းကုန်သည်တွေကို သတ်ဖြတ်ရဲတယ်။ ပြီးတော့ သူတို့ရဲ့ ရွှေတွေငွေတွေ အကုန်လုံးကို လုယူခဲ့တယ်။ ဒါက သေလမ်းရှာနေတာနဲ့ တူတူပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ဆီမှာ စီနီယာ ဓားဘုရင် ရှိတယ်”

စုလင်းသည် အံကို ကြိတ်ကာ ပြောလိုက်၏။ “ရှမ့်လန် ခွေးကောင်.. မင်းက စုမိသားစုကို ရင်ဆိုင် ပုန်ကန်ရဲတယ်ပေါ့။ ပြီးတော့ ငါ့ရဲ့ ဦးရီးတော်ကိုလည်း ကျိန်ဆဲရဲတယ်။ ပြီးတော့ ကျင်းမူလန်ကိုလည်း လက်ထပ်ရဲသေးတယ်။ မင်းက သေချင်နေတာပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ဆီမှာ စီနီယာ ဓားဘုရင် ရှိတယ်”

စုလင်းသည် အသာပင် ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “မဟုတ်ဘူး။ မင်းဆီမှာ စီနီယာ ဓားဘုရင် မရှိဘူး။ မင်းကို သူ ကာကွယ်ပေးမှာ မဟုတ်ဘူး”

“သူ့ကို အထဲခေါ်ခဲ့ကြ” စုလင်းက အမိန့်ပေးလိုက်သည်။

စစ်သည်အနည်းငယ်တို့သည် လူတစ်ယောက်ကို ထည့်ထားသည့် သံလှောင်ချိုင့်ကြီးတစ်ခုကို သယ်ဆောင်လာခဲ့၏။ အထဲမှလူကို ကြည့်ရှုရသည်မှာ တကယ့်ကို ရွံ့ရှာဖွယ်ရာကောင်းသည့် လူမျိုးပင် ဖြစ်၏။ ဆံပင်အားလုံးက ကျွတ်ကျနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးက ဖားပြုတ်ကြီးကဲ့သို့ အဖုများအထစ်များနှင့်ပင်။ သူမသည် လူသားလိုလို သရဲလိုလိုပင်။

ထိုသူ့ကိုမြင်ရချိန်မှာတော့ လီချင်းချိုး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ထကာ အော်ဟစ်လိုက်၏။ “မိန်းမ”

လီချင်းချိုး၏ မိန်းမသည် စေတီတောင်၏ အဆိပ် မိထားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက ဤကဲ့သို့ ဖြစ်နေ၏။ ဆံပင်များကလည်း ကျွတ်ကျနေပြီး အသားအရေကလည်း ဖားပြုတ်ကဲ့သို့ပင် ဆိုးဝါးလွန်းလှ၏။ သို့ပေမည့် နေ့စဉ်နေတိုင်း ဆိုသလို သူမက တရားဓမ္မများ ရွတ်ဆိုတတ်၏။ သူမ အကြောက်ဆုံးအရာက အလင်းသာလျှင် ဖြစ်သည်။

“အား အား”

လှောင်အိမ်ထဲမှာ ရှိသည့် အမျိုးသမီးသည် အားကုန် အော်ဟစ်လျက် ရှိနေ၏။ “လီချင်းချိုး ခွေးကောင်.. မြန်မြန် ငါ့ကို လာကယ်၊ မြန်မြန် ငါ့ကို လာကယ်။ ဖယောင်းတိုင်မီးတွေ အားလုံးငြိမ်း၊ ဖယောင်းတိုင်မီးတွေ အားလုံးငြိမ်း”

လီချင်းချိုး၏ မျက်ရည်များသည် ပါးဆီမှ ဆင်းသက်လာခဲ့၏။ သူက အော်ဟစ်လိုက်၏။ “ငါ့မိန်းမကို လွှတ်၊ ငါ့မိန်းမကို လွှတ်စမ်း”

စုလင်းသည် လက်ကို မြှောက်လိုက်၏။ ချက်ချင်းပဲ လေးမြားများသည် လှောင်အိမ်ထဲတွင် ရှိနေသည့် မိန်းမကို ချိန်ရွယ်ပြီးသား ဖြစ်သွားသည်။ “လီချင်းချိုး.. ကျုပ် အမိန့်ပေးပြီဆိုတာနဲ့ ခင်ဗျားမိန်းမက သေသွားလိမ့်မယ်။ ခင်ဗျားမိန်းမနဲ့ ရှမ့်လန်ရဲ့ ကြားမှာ တစ်ယောက်ကို အသက်ရှင်ဖို့ ရွေးရလိမ့်မယ်။ ခင်ဗျား မိန်းမကို သေစေချင်လား။ ဒါမှမဟုတ် ရှမ့်လန်ကို သေစေချင်လား။ ကျုပ် ငါးအထိ ရေမယ်။ ခင်ဗျား ရှမ့်လန်ကို မသတ်ဘူးဆိုရင် ကျုပ် ခင်ဗျားရဲ့ မိန်းမကို သတ်ရမယ်။ ဟား ဟား ဟား ဟား.. ငါး၊ လေး၊ သုံး၊ နှစ်”

ဓားဘုရင် လီချင်းချိုး၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်သလိုပင် တုန်ယင်နေခဲ့၏။ သူသည် အခြေအနေ တစ်ခုလုံးအား ဝေခွဲရခက်လျက် ရှိနေပုံပင်။ မျက်လုံးကိုမှိတ် အံကို ကြိတ်ထား၏။ ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းနေခဲ့၏။

“တစ်” စုလင်း၏ အမှတ်စဉ် ရေတွက်မှုက ပြီးဆုံးသွားခဲ့၏။ ရှမ့်လန် သေမည်လား။ သို့မဟုတ် သူ့၏ မိန်းမ သေမည်လား။

“သေစမ်း” လီချင်းချိုး၏ ဓားသည် ရှမ့်လန်၏ နောက်ဘက်ဆီသို့ ရောက်ရှိလာခဲ့၏။

ဇွိ

ဓားသည် ရှမ့်လန်၏ ရင်အုံထဲသို့ ထိုးစိုက်သွားခဲ့၏။ လတ်ဆတ်သော သွေးများသည် အောက်သို့ တစ်စက်ချင်းစီ ကျဆင်းလာခဲ့သည်။

All Chapters