← Chapters

အခန်း (၃၆၇)

Vol. 27 Ch. 367

အခန်း (၃၆၇)

Vol. 27 Ch. 367

ရှမ့်လန်သည် ဤကဲ့သို့ အလှည့်အပြောင်းနှင့် ပတ်သက်၍ အလုံးစုံ ဆွံ့အလို့ နေ၏။ သူသည် ဓားဦးထိပ်ကို ငုံ့ကာ ကြည့်ရှုလိုက်၏။ ထိုဓားဦးထိပ်သည် သူ၏ရင်ဘတ်ဆီမှ ထွက်ပေါ်လျက် ရှိနေပြီး ရင်ဘတ်ဆီမှလည်း သွေးများ တတောက်တောက်နှင့် ကျဆင်းနေ၏။

“အ ...”

သူ၏လည်ချောင်းဆီမှ စို့နင့်နင့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ပြီးနောက် ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။ “ဘာ... ဘာကြောင့်လဲ”

လီချင်းချိုးက ပြန်ပြောလိုက်၏။ “ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့မိန်းမကို ပိုချစ်လို့ပဲ။ သူ့အတွက် ငါ ဘယ်လို အရာမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်သင့်ပဲ”

“ကောင်းတယ်။ ပြောတာ အရမ်းကောင်းတယ်”

စုနန်ရဲ့တူ စုလင်းက ချီးကျူးလိုက်သည်။ “တကယ့်ကို ရင်ထဲ ထိခိုက်စရာပဲ။ စီနီယာဓားဘုရင်ရဲ့ ကိုယ့်ရဲ့မိန်းမအပေါ် ချစ်ခင်မြတ်နိုးမှုကတော့ တကယ့်ကို စိတ်ထဲမှာ ထိခိုက်သွားစေပြီ”

စုလင်းသည် မရှိသည့် သူ၏မျက်ရည်များကို အသာပွတ်သပ်ကာဖြင့် လှမ်းကာ ပြောဆိုလိုက်၏။ “အင်း... အချစ်အကြောင်းနဲ့ ပတ်သက်ပြီး စီနီယာ ဓားဘုရင်ဆီကနေ ကျုပ် သင်ယူရအုံးမယ်။”

ပြီးနောက် သူသည် လက်ခုပ် အသာတီးလိုက်၏။ အမျိုးသမီးတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ သူမသည် အနောက်တိုင်းသူတစ်ယောက် ဖြစ်ပြီး အသက် ၃၀ နီးပါးခန့် ရှိ၏။ သူမသည် အလွန်လှပသော သူတစ်ယောက် ဖြစ်၏။ သို့ပေမည့် သူမသည် အရပ် ၈ ပေ နီးပါးခန့် ရှိပြီး အလေးချိန်ကလည်း ပေါင် ၂၅၀ နီးပါးခန့် ရှိသည်။

စုလင်းက ရှေ့ဆီသို့ လှမ်းလျှောက်သွားပြီး သူ၏ဦးခေါင်းကို ထိုမိန်းမ၏ ရင်ခွင်ထဲသို့ အသာ ထိုးထည့်လိုက်၏။ “မိန်းမ... ငါ အနာဂတ်မှာ စီနီယာဓားဘုရင်လိုပဲ ဖြစ်ချင်တယ်။ မင်းတစ်ယောက်တည်းကိုပဲ ချစ်ချင်တယ်”

စုလင်း၏ မိန်းမသည် တော်ဝင်မျိုးနွယ်အခွဲတစ်ခုဆီမှ ဖြစ်ပြီး သူမကို မင်းသမီးတစ်ပါးဟု သုံးသပ်၍ ရ၏။ စုလင်းသာ မကသေးချေ။ စုကလန်တွင် ရှိနေသည့် လူတော်တော်များများတို့သည် အနောက်တိုင်းဒေသတွင် ရှိနေသည့် နိုင်ငံအသီးသီးနှင့် မဟာမိတ်များအဖြစ် လက်ထပ်ထားခဲ့ကြ၏။ ဤနည်းလမ်းနှင့် သူတို့သည် အနောက်တောင်ပိုင်း တည်နေရာနှင့် ပတ်ဝန်းကျင် နိုင်ငံအသီးသီးတို့ကိုပါ လွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့သည်။

စုလင်း၏ မိန်းမအကြည့်က ရှမ့်လန်ဆီသို့ ရောက်ရှိလာခဲ့၏။ “သူက ကျွန်မနိုင်ငံရဲ့ ကုန်သည်တွေနဲ့ ဝမ်းကွဲတွေကို သတ်ဖြတ်ပစ်ခဲ့တဲ့လူလား”

စုလင်းက ပြန်ပြောလိုက်သည်။ “အင်း... ဟုတ်တယ်။ သူပဲ”

စုလင်း၏မိန်းမက ပြောလိုက်၏။ “သူ့ရဲ့လည်ချောင်းကို လှီးပြီး သွေးထုတ်လိုက်။ ကျွန်မ အဲဒီသွေးကို သောက်ချင်တယ်။ ပြီးရင် သူ့ရဲ့အရေခွံကို ဆွဲခွာပစ်။ ဒါကို ထိုင်ခုံလုပ်ပစ်မယ်။ သူ့ရဲ့ အရိုးနဲ့အသားကို လှီးဖြတ်ပြီး ဟင်းချက်စားပစ်မယ်”

စုလင်းက ပြောဆိုလိုက်သည် “အင်း... မိန်းမ သဘောအတိုင်းပါပဲ”

ပြီးနောက် စုလင်းက ကျယ်လောင်စွာ ပြောလိုက်၏။ “အားလုံးပဲ... ဒီနေ့မှာ အားလုံးသောသူတွေကို ကျုပ်က အစားအသောက်တွေနဲ့ ဧည့်ခံရပေးရမယ်။ ဒါပေမဲ့ ဘာဟင်းလျာမှ မပြင်ဆင်ရသေးဘူး။ ဒီခွေးကောင်လေးကို ချက်ပြီးတော့ အားလုံးကို ကျွေးမယ်”

“ကောင်းတယ် ကောင်းတယ်” အားလုံးသောသူတို့သည် ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်လိုက်သည်။

စုလင်းက ရယ်မောလိုက်၏။ “ကံဆိုးစွာနဲ့ ဒီကောင်လေးက နည်းနည်းလေး ပိန်နေတယ်။ နောက်ထပ် ပေါင် ၁၀၀ လောက်သာ ထပ်ပြီးတော့ လေးမယ်ဆိုရင် အကုန်လုံး ဝဝလင်လင် စားရလောက်တယ်”

ထိုအချိန်မှာပဲ ဓားဘုရင် လီချင်းချိုးက ပြောလိုက်သည်။ “စုလင်း... ငါ့မိန်းမကို လွှတ်ပေးတော့”

စုလင်းက ပြောဆိုလိုက်၏။ “စိတ်မပူပါနဲ့။ ကျုပ် လွှတ်ပေးပါ့မယ်။ ပြီးတော့ ကျုပ်တို့ရဲ့ အဆက်အသွယ်တွေကို စေတီတောင်ဆီ လွှတ်ပြီး အဆိပ်ဖြေဆေး တောင်းခိုင်းထားပါတယ်။ စီနီယာဓားဘုရင်... အနာဂတ်မှာ ကျုပ်တို့က တူညီတဲ့ဘက်ခြမ်းမှာ ရှိမယ်။ ကျုပ်တို့ စုကလန်က စီနီယာဓားဘုရင်လိုမျိုး ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက်ကို အရမ်းနှစ်ခြိုက်ပါတယ်”

စစ်သည်တော်များသည် လက်ထဲတွင ရှိနေသည့် လေးများကို မချသေးသည့်သာမက သံလှောင်အိမ်ထဲတွင် ရှိနေသည့် အမျိုးသမီးကို ချိန်ရွယ်ထားလျက် ရှိနေတုန်းပင်။

“အား... အား... အား...”

ဖားပြုတ်ကဲ့သို့သောအမျိုးသမီးက အော်ဟစ်လျက် ရှိနေပြီး သူမက အဆုတ်ကွဲလုမတတ် အော်ဟစ်နေခြင်းပင်။

စုလင်းက ဓားမြှောင်တစ်ချောင်းကို ထုတ်ယူကာဖြင့် ရှမ့်လန်ကို ကြည့်လိုက်၏။ “လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက ဓားဘုရင် လီချင်းချိုးက ကျုပ်ရဲ့ဦးလေးကို ချုံခိုတိုက်ခိုက်ခဲ့တယ်။ အဲတုန်းက ကျုပ်တို့ စုကလန်ကလည်း အခြေအနေအရ မျက်ပြူးဆန်ပြာ ဖြစ်နေတဲ့ အချိန်မျိုးပေါ့။

ဓားကျွန်းမှာ မျက်ကန်းကျေးကျွန်တစ်ယောက်ပဲ ရှိတယ်။ ဒီတော့ စီနီယာဓားဘုရင်ရဲ့ မိန်းမကို ဒီနေရာဆီ ပင့်ဖိတ်ဖို့ ကြိုးစားခဲ့ရတဲ့ လုပ်ငန်းစဉ်က အရမ်းကို ရိုးရှင်းပြီး လွယ်ကူခဲ့တယ်။ ကျုပ်တို့ အလျင်အမြန် လုပ်ခဲ့ရတာပေါ့။ သူ့ရဲ့ခေါင်းမှာ ဘုနည်းနည်းတောင် ဖြစ်သွားခဲ့တယ်။ သိပ်ပြီးတော့ နားမထောင်တာနဲ့ နည်းနည်း ထုရိုက်လိုက်မိတာပေါ့။ အဲအတွက်လည်း အားနာပါတယ်”

သူသည် ရှမ့်လန်ရှေ့ဆီသို့ လျှောက်သွားခဲ့၏။ စုလင်းသည် အရူးကြီးမျက်လုံးများ ပိတ်ထားသည်ကို တွေ့ရှိလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လျက် ရှိနေပြီး မျက်နှာများကလည်း နီရဲနေခဲ့၏။ ဆိုးဝါးသည်မှာ အရူးကြီးသည် ထိပ်တန်းသိုင်းပါရမီရှင် တစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ တစ်ဖက်လူကို အစိတ်စိတ် အပိုင်းပိုင်း ခုတ်ဖြတ်ရန် အမိန့်ပေးထားခဲ့ပြီးသား ဖြစ်သည်။

စုလင်းသည် လက်ထဲတွင် ရှိနေသည့် ဓားကို ရှမ့်လန်၏ရှေ့တွင် ဝှေ့ယမ်းကာ ဆော့ကစားရင်း ပြုံးလိုက်၏။ “... ဒါက နာတယ် မဟုတ်လား။ ကြည့်လိုက်ရုံနဲ့တင် နာကျင်မှုကို ခံစားနေရတယ်။ ရှမ့်လန်... ဘယ်လိုသတ္တိမျိုးရှိလို့ ကျင်းမူလန်ကို လက်ထပ်ရဲရတာလဲ။ မင်းလိုအဆင့်နိမ့်တဲ့ လူတစ်ယောက်က ကျင်းမူလန်နဲ့ ထိုက်တန်လို့လား”

ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူမိနေ၏။ သူ၏ပါးစပ်ထဲမှ သွေးအမြှုပ်များပင် ထွက်ပေါ်နေသည်။

စုလင်းက ရွှေဒင်္ဂါးတစ်ခုကို ထုတ်ယူကာ သက်ပြင်းချလိုက်လေ၏။ “အင်း... ကျန်းယွမ်မြို့ထဲက လူ ၁၀၀၀၀ လောက်ကို ခေါ်ပြီး အနောက်တိုင်းကုန်သည်တွေရဲ့ ဆိုင်ထဲ ဝင်လုယက်ခဲ့တယ်။ ဒါတွေရတော့ကော သုံးလို့ရမယ် ထင်လို့လား။ ကျုပ်ရဲ့လူတွေက အိမ်တစ်အိမ်ချင်းစီကို လိုက်သွားပြီး ဒီရွှေတွေ၊ ငွေတွေ အကုန်လုံးကို ပြန်ယူလာခဲ့လိမ့်မယ်။ ယုံကြည်တယ် မဟုတ်လား။ စုကလန်က မကြာခင်မှာ ထွန်းတောက်တော့မှာ။ အဲတော့ ရှိရှိသမျှ အန္တရာယ်၊ အရှုပ်အထွေးအားလုံးကို ဖိနှိပ်၊ ဖြေရှင်းနိုင်စွမ်း ရှိတယ်”

စုလင်းက လက်ကို အသာဆန့်တန်းပြီး ရှမ့်လန်၏ ပုခုံးကို ဖမ်းကိုင်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ကျန်းယွမ်မြို့ထဲ လာဖို့အတွက် ဘယ်သူက သတ္တိပေးခဲ့တာလဲ။ ဒါက ငါ့ရဲ့နေရာပဲ။ ပြီးတော့ ကျန်းယွမ်နယ်စားကြီး အိမ်တော်နဲ့ ကီလိုမီတာ ဒါဇင်ချီ အနည်းငယ်ပဲ ဝေးတယ်။

ဒီတော့ လက်တစ်ကမ်းမှာတင် စစ်သည်တော် ဘယ်လောက်ရှိမယ်လို့ ထင်လဲ။ လူဦးရေ ၂၀၀၀၀ ကျော်။ ပြီးတော့ ချင်နိုင်ငံရဲ့ လူရိုင်းတွေကိုတောင် ထည့်မတွက်ရသေးဘူး။ အသက်ရှင်ရမှာ ပျင်းနေပြီလား။ ကျန်းယွမ်မြို့ထဲကို လာရဲတယ်ဆိုတော့ သေချင်နေတာလား”

“ဟား ဟား ဟား ဟား” ရှမ့်လန်သည် အဓိပ္ပာယ်ကင်းမဲ့သည့် ရယ်မောမှုတစ်ခုကို ပြုလုပ်လိုက်မိ၏။

စုလင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “တကယ့် ကြီးမားတဲ့နေ့က ရောက်လာတော့မယ်လေ။ မကြာခင်ပေါ့။ ငါတို့ရဲ့စစ်တပ်ကြီးက ကျန်းရှစ်စီရင်စုရဲ့ တစ်ဝက်လောက်ကို သိမ်းဆည်းနိုင်တော့မှာ။ မကြာခင်မှာ ငါတို့က ချင်နိုင်ငံနဲ့ ပူးပေါင်းတော့မယ်။ ငါတို့ရဲ့ခေတ်သစ်ကြီးက ရောက်ရှိလာခဲ့ပြီ။ ငါတို့ စုကလန်က ပြာပုံထဲက ထိုးထွက်လာခဲ့တဲ့ ဖီးနစ်ငှက်လို ဖြစ်တော့မှာ။

မင်းတို့ ကျင်းကလန်ကတော့ မကြာခင် ဖျက်ဆီးခံရတော့မယ်။ မကြာခင်... သိပ်မကြာခင်ပေါ့။ ကံဆိုးစွာနဲ့ မင်း... ရှမ့်လန်ကတော့ အဲဒါကို မြင်ရတော့မှာ မဟုတ်ဘူး။ မင်းရဲ့ခေါင်းကို ငါ့လက်နဲ့ ကိုယ်တိုင်ဖြတ်ခဲ့လို့ ဦးရီးတော်က ပြောခဲ့တယ်။ ပြီးတော့ မင်းရဲ့ဦးခေါင်းခွံကို အသုံးပြုပြီး သူက ဝိုင်ခွက်လုပ်ချင်တယ်။ ဒီတော့ ငါ ဒီကိစ္စကို လုပ်ရတော့မယ်” စုလင်းက ပြုံးလိုက်၏။ ပြီးနောက် လက်ကို အသာဆန့်တန်းပြီး ရှမ့်လန်၏ ဦးခေါင်းကို ခုတ်ပိုင်းရန် ပြင်ဆင်၏။

ထိုအချိန်မှာပဲ ရှမ့်လန်က ရုတ်တရက် စပ်ဖြီးဖြီးနှင့် ကြည့်ရှုလိုက်သည်။ “အစ်ကိုတော်... တကယ့်ကို အံ့အားသင့်စရာပဲ”

ရှမ့်လန်သည် ထိုစကားကို ပြောသည့်အချိန်မှာတော့ အင်အားအပြည့်ဖြင့် ဖြစ်လို့နေခဲ့၏။ တစ်ချက်ကလေးမှ နာကျင်နေသည့်ပုံ မပေါ်ချေ။

စုလင်းက ရုတ်တရက် တုန်ယင်သွားမိ၏။ သူ၏ကျောရိုးမကြီးတစ်ခုလုံးက စိမ့်တက်သွားခဲ့ပြီး ဆံပင်များ အားလုံးက ထောင်ထသွားခဲ့၏။ သူက အလျင်အမြန် ရှောင်ရှားလိုက်၏။ နောက်ဘက်သို့ လှည့်ကာ ထွက်ပြေးရန် ပြင်ဆင်၏။ သူ၏ လှုပ်ရှားမှုက မြန်ဆန်၏။ သို့ပေမည့် စီနီယာဓားဘုရင်က ပိုမိုကာ မြန်ဆန်၏။ တစ်ခါတည်း ရှေ့ဆီသို့ လှမ်းတက်ပြီး စုလင်း၏ လည်ကုပ်ကို ဖမ်းကိုင်ပြီး လေထဲသို့ ဆွဲမြှောက်ထား၏။ စုလင်း၏ ခြေထောက်များသည် လေထဲသို့ ရောက်ရှိနေပြီး လေထဲတွင် ယက်ကန်ယက်ကန်နှင့်ပင်။ သို့ပေမည့် ရှေ့ဆီသို့ တစ်လှမ်းမှ မသွားနိုင်တော့ချေ။

ရှမ့်လန်သည် အသာမတ်တပ်ရပ်ကာဖြင့် တောက်ခေါက်လိုက်သည်။ “ဟား ဟား ဟား။ ဒါက ဘယ်လိုပုံစံမျိုးလဲ။ လေထဲမှာခုန်ပြီး ကနေတဲ့ ယက်ကန်ယက်ကန်အက က လှသားပဲ”

အားလုံးသောသူတို့က တုန်ယင်သွားခဲ့၏။ ဘာတွေဖြစ်နေသနည်း။ စောဏတုန်းက ရှမ့်လန်သည် နောက်ကျောမှ ဓားနှင့်ထိုးနှက်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။ စီနီယာ ဓားဘုရင်၏ ဓားချက်က တကယ့်ကို ပြင်းထန်ပြီး ရင်ဘတ်ကိုပင် ထွင်းဖောက်သွားခဲ့၏။

ရှမ့်လန်သည် နောက်ကျောတွင် ရှိနေသည့်ဓားကို အသာဆွဲထုတ်ကာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျန်းယွမ်မြို့က ရောင်းရင်းတွေ... အခု အလှည့်အပြောင်းကို မြင်ရဖို့ အချိန်ကျပြီ။ ကျုပ်က ဓားမျိုတဲ့ သရုပ်ပြကွက်ကို လုပ်ပြပါ့မယ်။ ကြည့်လိုက်တော့”

ပြီးနောက် ရှမ့်လန်သည် ချက်ချင်းပဲ ဓားကို ပါးစပ်ထဲထည့်ကာ မျိုချပြလိုက်၏။ ဤအရာက အထူးဖန်တီးထားခဲ့သည့် ဓားတစ်ခုဖြစ်သောကြောင့် အလွှာများ ရှိနေခဲ့၏။ ထို့ကြောင့် ဓားကို တကယ်တမ်း ဖိနှိပ်လိုက်သည်ဆိုပါက သုံးလက်မနီးပါးခန့်သာရှိသော ဓားအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

“အခု အားလုံးသောသူတွေအတွက် အင်း... ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ပုံစံတစ်ခု လုပ်ပြမယ်” ရှမ့်လန်သည် ဓားကို ပုံမှန်အဖြစ်သို့ ပြောင်းလဲပြီးနောက် သူ၏ရင်ဘတ်ဆီသို့ ထိုးသွင်းလိုက်၏။ ရုတ်တရက် ဓားက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။ ပြီးနောက် ရှမ့်လန်သည် အင်္ကျီကို အသာဟကာဖြင့် ရင်ဘတ်ရှေ့ကို ဖော်ပြလိုက်၏။ ထိုထဲတွင်တော့ ဓားဦးထိပ်တစ်ခုက တည်ရှိနေ၏။

“ဆွစ်...” ဓားဦးထိပ်က အပြင်ဘက်သို့ ထိုးထွက်လာခဲ့၏။ ပြီးနောက် ထိုဓားဦးထိပ်သည် သွေးအိတ်တစ်ခုကို ထွင်းဖောက်ထားခဲ့သည်။

ရှမ့်လန် ဓားနှင့်ထိုးသွင်းခံရသည့် အစစ်အမှန်တရားက ဤကဲ့သို့ပင် ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အားလုံးပဲ... အံ့အားသင့်သွားပြီ မဟုတ်လား။ ကျုပ် ပညာရှင် အကယ်ဒမီရှမ့်က အံ့အားသင့်စရာပဲ မဟုတ်လား”

အဘယ်သို့ အံ့အားမသင့်ဘဲ နေမည်နည်း။ နောက်ဆုံးညတုန်းက ရှမ့်လန်နှင့် စီနီယာဓားဘုရင်တို့သည် ဤအရာကို အကြိမ်ပေါင်း ၁၀၀၀ လောက် ကြိုတင်ပြင်ဆင်ကာ လေ့ကျင့်ခဲ့ကြ၏။ ပုံမှန် သဘာဝကျရမည် ဖြစ်ပြီး ဟာကွက်ဟူ၍ မရှိရချေ။

“ဟား ဟား ဟား ဟား ဟား ဟား”

ထိုအချိန်မှာတော့ အရူးကြီးသည် မည်သို့မှ မနေနိုင်တော့ချေ။ မျက်လုံးကိုဖွင့်ကာဖြင့် ရယ်မောလိုက်၏။ သူ့အတွက် စောဏတုန်းကအခြေအနေက အခက်အခဲဆုံး ဖြစ်ခဲ့၏။ သူ၏ သရုပ်ဆောင်မှုစွမ်းရည်သည် ဆိုးဝါးလှ။ ထို့ကြောင့် တကယ့်အခြေအနေကို ရောက်ရှိသည့်အချိန်မှာတော့ သူသည် မျက်လုံးကို မှိတ်ကာဖြင့် မသိသလို နေထိုင်နေရ၏။ ထိုမှသာလျှင် ဘာတစ်ခုမှ ပြစ်ချက် ပေါ်ပေါက်မလာမည် မဟုတ်ပါလား။

သူရယ်ချင်၏။ သို့ပေမည့် ထိုအရာကို သူ မနည်းထိန်းချုပ်ထားရ၏။ ရယ်ချင်စိတ်ကြောင့် မျက်နှာတစ်ခုလုံးနီမြန်းလျက် ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း တဆတ်ဆတ်လည်း တုန်ယင်နေခဲ့၏။ သို့ပေမည့် ထိုအမူအရာကပင်လျှင် ဝမ်းနည်းမှုကို မနည်းကြိုးစား ထိန်းချုပ်ထားရသည့် အမူအရာမျိုး ဖြစ်ခဲ့၏။

စုလင်းသည် ရူးသွပ်လုမတတ်နီးပါး ဖြစ်သွား၏။ “လီချင်းချိုး... ခင်ဗျားရဲ့မိန်းမကို ထပ်ပြီး မလိုချင်တော့ဘူးလား။ သူ့ရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ဘူးလား”

ရှမ့်လန်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “အစ်ကိုတော်... ကျုပ်... စီနီယာဓားဘုရင်ကို ဖိတ်ခေါ်တဲ့အချိန်မှာ ခင်ဗျားဖမ်းနိုင်ဖို့ သူ့မိန်းမကို ကျွန်းပေါ်မှာ ထားခဲ့မယ် ထင်လို့လား။ ခင်ဗျားတို့ စုကလန်က ဒီလောက်ဆိုးယုတ်ပြီး အောက်ခြေစည်းမျဉ်းရှိတာ မဟုတ်ဘူးလေ။ ဒီတော့ စီနီယာ ဓားဘုရင်ရဲ့ မိန်းမကို လုံခြုံတဲ့နေရာဆီကို ရွှေ့ပြောင်းပေးထားခဲ့တာ ကြာလှနေပြီ”

စုလင်းက မယုံကြည်နိုင်သလို ဖြစ်၏။ သူသည် သံလှောင်အိမ်ထဲတွင် ရှိနေသည့် အမျိုးသမီးကို လှမ်းကြည့်ကာ အော်ဟစ်လိုက်၏။ “သူက စီနီယာဓားဘုရင်ရဲ့ မိန်းမလေ။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ဘုတွေ ထစ်တွေနဲ့ အရေပြားတွေကလည်း ဖားပြုတ်ကြီးလိုပဲ။ ဒါ စီနီယာဓားဘုရင်ရဲ့ မိန်းမ မဟုတ်ဘူးလား”

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်သည်။ “ပထမဦးဆုံး စီနီယာဓားဘုရင်ရဲ့ မိန်းမကို ကယ်တင်ဖို့အတွက် ကျုပ်က သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်တွေကို လေ့လာနေခဲ့တယ်။ ပြီးတော့ အခြေခံနမူနာအဖြစ် အဆိပ်အနည်းငယ် ထုတ်ယူထားခဲ့တယ်။ ကျုပ်က အဆိပ်ဖြေဆေးကို ရှာမတွေ့သေးဘူး။ ဒါပေမဲ့ ဒီလိုအဆိပ်မျိုး ဖြစ်အောင်လုပ်ဖို့ကတော့ သိပ်ပြီး ခက်ခဲတာ မဟုတ်ပါဘူး။ အရမ်းလွယ်ပါတယ်။

ဒုတိယအားဖြင့် ခင်ဗျား လှိုဏ်ဂူရဲ့ အတွင်းဘက်မှာ ဒီမိန်းမကို ရှာဖွေတွေ့တဲ့အချိန်မှာ သူမက တောက်လျှောက် အော်နေတယ်။ လီချင်းချိုး... ခွေးကောင်... မြန်မြန် ငါ့ကိုလာကယ်စမ်း။ မြန်မြန် ငါ့ကိုလာကယ်စမ်း။ ဒီလိုမျိုး အော်နေတာမြင်တော့ စီနီယာဓားဘုရင်ရဲ့ မိန်းမဖြစ်ကြောင်း ၁၀၀ ရာခိုင်နှုန်း သေချာသွားမှာပေါ့။ အင်း... ဒါပေမဲ့ အချက်အလက်အားဖြင့် သူ့ရဲ့ဦးနှောက်က ဆိုးဝါးစွာ ထိခိုက်သွားခဲ့ပြီ။ သူ ဒီစကားအော်ရမယ် ဆိုတာပဲ သိတယ်။ ကျန်တာ ဘာမှမသိဘူး။”

စုလင်းက အော်ဟစ်လိုက်၏။ “သူ ... ဘယ်သူလဲ။ သူ ဘယ်သူလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “သူကလား။ သူက သေဖို့ထိုက်တန်တဲ့ လူတစ်ယောက်ပေါ့။ သူ့ကို အသုံးပြုပြီး လူတွေကို ကယ်တင်ဖို့ အစမ်းသပ်ခံဖြစ်နေရတာတောင် သူ့ရဲ့ ကုသိုလ်တရားပဲ။ မွေးလာတည်းက ခုချိန်ထိလုပ်ရတဲ့ တစ်ခုတည်းသော ကောင်းတဲ့အလုပ်ပဲ”

ထိုအချိန်မှာတော့ သံလှောင်အိမ်မှ အမျိုးသမီးက အော်ဟစ်လျက် ရှိနေ၏။ “မီးတွေငြိမ်း... မီးတွေငြိမ်းစမ်း လီချင်းချိုး... ခွေးကောင် မြန်မြန်လာ။ ငါ့ကိုကယ်စမ်း။ မြန်မြန်လာပြီး ကယ်စမ်း”

စုလင်းက အေးစက်စက် ပြောလိုက်သည်။ “ဒီလိုနေ့မျိုးရောက်လာဖို့ အများကြီး မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ မင်း ဒီလိုနေ့မျိုးအတွက် ကြိုပြီး ပြင်ဆင်ထားခဲ့တာလား”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ နေ့စဉ်နေ့တိုင်း ကျုပ်ဘာလုပ်လဲဆိုတာ ခင်ဗျားသိမှာ မဟုတ်ဘူး။ ရန်သူရဲ့နေရာကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် အစားထိုးပြီး အရာအားလုံးကို ကြည့်ရှုခဲ့တယ်။ နေ့စဉ်နေ့တိုင်း ဆိုသလို ကျုပ်က အဲဒီခွေးကောင် ရှမ့်လန်ကို သတ်ဖြတ်ဖို့အတွက်ပဲ စဉ်းစားခဲ့တယ်။ ဘယ်လိုမျိုး သတ်ရမလဲဆိုတာ စဉ်းစားခဲ့တယ်။ တကယ်လို့ ကျုပ်သာ စုနန် ဖြစ်ခဲ့မယ်ဆိုရင် ...... ကျုပ် ထပ်တလဲလဲ တွေးတောခဲ့တယ်။ ကျုပ်ကိုယ်တိုင်တောင် တွေးတောမထားနိုင်စွမ်းရှိတဲ့ နည်းလမ်းတွေကို စုနန် နေရာကနေ စဉ်းစားတွေးတောခဲ့တာပေါ့”

ဤအရာက အမှန်ပင် ဖြစ်၏။ ရှမ့်လန်သည် စီနီယာဓားဘုရင်ကို ဖိတ်ခေါ်ခဲ့သည့်အချိန်တွင် အစောကြီး ကတည်းက စီနီယာဓားဘုရင်၏ မိန်းမကို ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ စေလွှတ်ရန် တိတ်တဆိတ် ကြိတ်ကာ မှာကြားခဲ့ပြီးသား ဖြစ်သည်။

ပြီးနောက် သူသည် ဓားကျွန်းပေါ်တွင် ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးနှင့် မိန်းမတစ်ယောက်ကို ထားရှိရန် စေလွှတ်ခဲ့၏။ ထိုမိန်းမက သေဆုံးရန် ထိုက်တန်သည့် လူမျိုးပင်။ ထို့အပြင် ဓားဘုရင်၏ မိန်းမကို ကယ်တင်ရန် ကြိုးစားခဲ့ခြင်းက အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေပြီဟု ပြောခဲ့ခြင်းမှာ အစစ်အမှန် သာလျှင် ဖြစ်၏။

စုလင်းသည် ရှမ့်လန်ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကာ ကြည့်ရှုနေခဲ့၏။ ရှမ့်လန်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသူတစ်ယောက် ဖြစ်ကြောင်း သူ ယခင်တုန်းက ကြားဖူးခဲ့၏။ သို့ပေမည့် အလုံးစုံ မယုံကြည်နိုင်ခဲ့ချေ။

လက်ထဲတွင် အခွင့်အာဏာကို ပိုင်ဆိုင်သည်ဆိုပါက ကျိန်းသေပေါက် မောက်မာလာခဲ့ကြပြီး အားလုံးသောသူတို့၏ ရှေ့တွင် မိမိကိုယ်ကိုယ် ကြီးကျယ်မြင့်မြတ်သည့်လူဟု ထင်မှတ်လာမည် မဟုတ်ပါလား။ သူလည်း ထိုနည်းလည်းကောင်းပင်။ သူ့ကိုယ်သူသာ အထင်ကြီးပြီး ရှမ့်လန်ကို ခွေးလောက်ပင် အရေးမပါဟု သတ်မှတ်ခဲ့သည်။

ထို့ကြောင့် ရှမ့်လန် ကျန်းယွမ်မြို့ဆီသို့ ရောက်ရှိလာကြောင် ကြားရတော့ စုလင်းသည် ကျိန်းသေပေါက် အထင်အမြင်သေးစွာဖြင့် တစ်ဖက်လူကို ဖိနှိပ်၊ နင်းချေ၊ သတ်ဖြတ်ပစ်ရန် စဉ်းစားခဲ့၏။

ကျန်းယွမ်မြို့တစ်ခုလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။

ရှမ့်လန်က ဤအရာတစ်ခုလုံးကို လူလေး ၁၀၀ ကျော်နှင့် ရောက်ရှိလာခဲ့ပြီး ကောင်းကင်ကို ပြောင်းပြန်လှန်သလို ပြုလုပ်ချင်နေလေသည်လား။ ဤအရာက အရူးအိပ်မက်ပင် ဖြစ်ပေလိမ့်မည်။

သူ စုလင်းသည် ကျိန်းသေပေါက် တစ်ဖက်လူကို လက်တစ်ချောင်းတည်းနှင့်ပင် ဖိနှိပ်ကာ သတ်ဖြတ်နိုင်စွမ်း ရှိနေသည့် လူပင် ဖြစ်သည်။

သို့ပေမည့် ယနေ့မှာတော့ စုလင်းသည် အသာရနေရာမှ ဆိုးဆိုးဝါးဝါး အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ နှစ်ဖက်ခြမ်းသည် တူညီသည့် အဆင့်အတန်းတွင် မရှိခဲ့ပုံပင်။

All Chapters