← Chapters

ရန်သူ BOSS ကို မည်သို့ သတ်ရမည်ကို ဆွေးနွေးကြခြင်း

Vol. 36 Ch. 507

ရန်သူ BOSS ကို မည်သို့ သတ်ရမည်ကို ဆွေးနွေးကြခြင်း

Vol. 36 Ch. 507

"စီနီယာ၊ ဓားတစ်ချောင်းသုံးပြီး ကိုယ့်နှလုံးကို ထိုးလို့ရောမရဘူးလား။" အန်လင်းက ဤသည်ကို အကြံမပြုမီတွင် ခေတ္တမျှ တုံ့ဆိုင်းနေလေ၏။

နဂါးမျိုးနွယ် အမျိုးသားက ခေါင်းခါပြလိုက်၏။ "ငါသေချင်ပေမဲ့။ ငါ့ရဲ့'တာအို'က ငါ့ကို သေခွင့်မပြုဘူး။ အဲဒါကြောင့် ငါက ကိုယ့်ကိုယ်ကို သတ်သေလို့မရဘူး။ ငါသတ်သေဖို့ ဘာနည်းလမ်းပဲသုံးသုံး ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက ငါ့ကို အောင်မြင်ဖို့ တားဆီးနေတာ။"

"တာအို"၏ ဆန်းကြယ်စွမ်းအားက တစ်စုံတစ်ယောက်ကို သတ်သေခြင်းက တားဆီးနေတယ်...။ ထိုကဲ့သို့ အရာမျိုးကို ကြားဖူးသည်မှာ အန်လင်းအတွက် ပထမဆုံး အကြိမ်ဖြစ်ပေ၏။

"ကျွန်တော် တစ်ခုမေးလို့ရမလား စီနီယာ။ အစ်ကိုက ဘာတာအို ကျင့်ကြံနေတာလဲ။" အန်လင်းက အလွန်ပင် သိချင်လာ၏။

"ငါက အပျက်အစီးမဲ့ တာအိုကို ကျင့်ကြံနေတာ။" နဂါးမျိုးနွယ် အမျိုးသားက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

အန်လင်း : "..."

အပျက်အစီးမဲ့တာအိုကို ကျင့်ကြံနေသော သူတစ်ဦးက တစ်ခြားသူများကို သူ့၏ သေဆုံးခြင်းအား အာမခံခိုင်းနေသည်...။

ဒီဟာက ဘာကြီးလဲဟ။

မင်း အဲ့လောက်တောင် သေချင်နေရင်လဲ အပျက်အစီးမဲ့တာအိုကို ကျင့်ဖို့ ဘာလို့ ရွေးခဲ့သေးလဲ။ ဟမ်...။

အန်လင်း၏ စိတ်ကို ဖတ်နေသကဲ့သို့ နဂါးမျိုးနွယ် အမျိုးသားက သက်ပြင်းခပ်ဖွဖွ ချလိုက်၏။ "သာမန်ပျက်ပြယ်ခြင်းအဆင့်တွေရဲ့ သက်တမ်းက နှစ်၁သန်းလောက်ပ​ဲ။ ဒါပေမဲ့ ငါက နှစ်သန်းပေါင်းများစွာ အသက်ရှင်ပြီးသွားပြီ... မဟုတ်သေးဘူး အဲဒါက ငါဒီအချိန်ဖျက်ဆီးခြင်း မန္တန်ဖွဲ့စည်းခြင်းထဲမှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေ ထပ်မပေါင်းရသေးဘူး။ အဲ့အချိန်တွေပါ ထပ်​ပေါင်းလိုက်ရင် တကယ့်အချိန်ပမာဏက တကယ်ကို ကြောက်စရာပဲ..."

နဂါးမျိုးနွယ် အမျိုးသားက မထိန်းချုပ်နိုင်ပဲ တုန်ယင်နေလေ၏။ "ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက နည်းနည်းလေးတောင် မတိုးတက်လာဘူး။ ဒီမှာနေနေရတာက သေတာနဲ့ အတူတူပါပဲ...။ မဟုတ်ဘူး၊ မတူတာရှိသေးတယ်။ ဒီမှာ အသက်ရှင်နေရတာက သေရတာထက်ပိုပြီး ဆိုးဝါးတယ်။ ငါ့မှာ လုပ်စရာလဲ မရှိဘူး။ ပြီးတော့ ပတ်ဝန်းကျင်ကလဲ ပြောင်းလဲမှုမရှိဘူး။ အရာရာက သေလောက်အောင်ကို တိတ်ဆိတ်နေတာ..."

"ငါက ဒီမှာ ဘာလုပ်ရမလဲဆိုတာလဲမသိဘူး။ ငါက ဒီနေရာလပ်ထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေ တိုင်းကို မှတ်မိတယ်။ သူတို့ကိုတောင် နာမည်ပေးထားသေးတယ်။ ငါက ဒီမှာ စောက်ရူးလိုပဲ ရပ်နေတာ... လုံးဝကို စောက်ရူးလိုပဲ... တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း၊ နှစ်တစ်သိန်း၊ နှစ်တစ်သန်း၊ နှစ်ဆယ်သန်း၊ နှစ်သန်းတစ်ရာ... ဟမ့်... ဒီဟာက ထာဝရ လှောင်ချိုင့်ကြီးပဲ..."

သူက ပြောနေရင်းနှင့် မျက်ရည်များ စတင်ကျဆင်းလာလေတော့သည်။

ထိုသည်ကို ကြားပြီးနောက် အန်လင်းက ထိုအမျိုးသားကို သနားဂရုဏာစိတ်ဝင်မိသွား၏။

"အဲဒါဆို... ကျွန်တော် အစ်ကို့ကို သတ်ဖို့ကြိုးစားရင် ပြန်ပြီမတိုက်ဘူးမလား။"

"ငါပြန်မတိုက်ဘူး။" နဂါးမျိုးနွယ် အမျိုးသားက စိတ်ရင်းအပြည့်ဖြင့် ခေါင်းခါပြလိုက်၏။

ခေတ္တအကြာတွင် သူက ထပ်ပြောလိုက်၏။ "မင်းတို့တွေ တစ်ကြိမ်စီ စမ်းကြည့်။ ငါက သေရမှာ မကြောက်ပေမဲ့ နာမှာတော့ ကြောက်တယ်..."

အန်လင်း : "..."

အတော်လေး ကျိုးကြောင်းမဆီလျှော်သည့် တောင်းဆိုမှုပင်။

အန်လင်းက နဂါးမျိုးနွယ် အမျိုးသား၏ တောင်းဆိုချက်ကို လျှိုချူးချူးနှင့် တခြားသူများကို ဘာသာပြန်ပေးလိုက်ရာ သူတို့က တိတ်ဆိတ်သွားလေ၏။

"ငါတို့က တစ်ယောက် တစ်ခါပဲ ကြိုးစားရမှာလား။ ငါတို့ရဲ့ အစွမ်းအထက်ဆုံး တိုက်ချက်တွေနဲ့ တစ်ချိန်တည်းမှာ တိုက်ကြရင်ရော။ အဲဒါက ငါတို့အတွက် အောင်မြင်နိုင်ခြေအများဆုံးနော်။" လင်းယင်က အကြံပြုလိုက်၏။

"သူက အပျက်အစီးမဲ့ တာအိုကို ကျင့်ခဲ့တာနော်။ သူက ဘာအကြောက်ဆုံးလဲလို့ အရင်မေးရင်ရော။ အဲဒါဆို သူ့ရဲ့ အားနည်းချက်ကို ပစ်မှတ်ထားလို့ရတာပေါ့။" လျှိုချူးချူးက သူမ၏ အမြင်ကို ထုတ်ပြောလာ၏။

အန်လင်းက သူမမှန်သည်ဟု ခံစားရ၏။ သူက နဂါးမျိုးနွယ်အမျိုးသားဆီသို့ လှည့့်ကာ မေးလိုက်၏။ "စီနီယာ အစ်ကိုက ဘာကို ကြောက်လဲ။ ဘယ်လို အစွမ်းမျိုး ဒါမှမဟုတ်လဲ နည်းစနစ်မျိုးက အစ်ကို့ကို သတ်နိုင်လောက်မလဲ။"

"ငါက နာကျင်မှုကို ​ကြောက်တယ်။"

အန်လင်းက ရှုံ့မဲ့သွားလေ၏။ "ဒါပဲလား။"

နဂါးမျိုးနွယ် အမျိုးသားက ခေတ္တတွေးတောနေပြီးနောက် ခေါင်းငြိမ့်ပြလိုက်၏။ "အထီးကျန်ရမှာလဲ ကြောက်တယ်။"

အန်လင်း : "..."

အကျဉ်းချုံးဆွေးနွေးပြီးနောက်၊ နဂါးမျိုးနွယ်အမျိုးသားကို သတ်ရန် ဟုန်ဒူကို ပထမဆုံး စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြ၏။ နဂါးနွယ်အမျိုးသား၏ အပျက်အစီးမဲ့တာအိုက မည်သို့ဖြစ်သည်ဆိုသည်အား သူတို့ကသိချင်ကြ၏။ သူအောင်မြင်လျှင် အကောင်းဆုံးဖြစ်ပေ၏။ သို့သော် မည်သို့ပင်ဖြစ်စေ မအောင်မြင်ပါကလည်း ၎င်းတို့သည် အချက်အလက်အချို့ကို ရမည်ပင်ဖြစ်၏။ ဤအချက်အလက်သည် ၎င်းတို့နောက်ဆက်တွဲကြိုးစားမှုများကို ပြုလုပ်ရန် အခြေခံ၍ရသော သတင်းအချက်အလက်များ သူတို့အား ပေးမည်ဖြစ်သည်။

ဟုန်ဒူက နဂါးမျိုးနွယ် အမျိုးသားဆီသို့ မကျေမနပ် လျှောက်သွားလိုက်လေ၏။ သူလုပ်နိုင်သည်က တခြားမရှိပါပေ။ တခြားသူများအားလုံးက သူ့အားအရင်ဆုံးသွားရန် မဲပေးခဲ့ကြ၏။ မည်သို့ဆိုဆို နောက်ဆုံးတွင် သူက တစ်စုံတစ်ခု၌ ပထမရခဲ့လေပြီ။

"လာပါ။ ငါက အကာအကွယ်အကုန်လုံးကို ဖြုတ်ချထားပြီးပြီ။ မင်းရဲ့ စွမ်းအားအထက်ဆုံး တိုက်ကွက်ကို သုံးပြီး ငါ့ကို သတ်လိုက်စမ်း။" ထိုသည်ကို ပြောပြီးနောက် နဂါးမျိုးနွယ် အမျိုးသားမှာ သူ့လက်များကို နောက်ကျောတွင် ချိတ်ထားလိုက်၏။ သူက သတ်ဖြတ်ခြင်းခံရန်အတွက် စောင့်မျှော်နေသော သိုးတစ်ကောင်ကဲ့သို့ပင်။

ဟုန်ဒူက အသက်ပြင်းပြင်းရှုလိုက်လေ၏။ သူတို့အားလုံးက ငါ့ကို အထင်သေးလိုက်တာ မဟုတ်လား။

အခု ငါက အားလုံးအတွက် ကိုယ့်ကိုယ်ကို သက်သေပြရမယ်။ ငါ့နောက်ကလူတွေကို ငါဘယ်လောက်ထိသန်မာသလဲဆိုတာ ပြရမယ်ကွ။

ဟုန်ဒူက ဒေါသဖြင့် အော်ဟစ်လိုက်ပြီး လောင်ကျွမ်းနေသော ကြက်သွေးရောင် မီးတောက်များက သူ့ခန္ဓာကိုယ်မှ ထွက်လာလေ၏။ မီးတောက်များမှ ဖြစ်ပေါ်လာသော ပူပြင်းလှသည့် အပူလှိုင်းများက ပတ်ဝန်းကျင်မှ မီတောပေါင်းထောင်ချီဆီသို့ ပျံ့နှံ့သွား၏။ သူ့၏ ခွန်အားကြီး အော်ရာက အထူးသဖြင့် ခြိမ်းခြောက်ဟန်ပေါက်နေလေ၏။

"ခွန်အားကြီး ကြာပန်းနီ ပေါက်ကွဲခြင်း..."

သူက သူ့လက်များကို ရင်ဘတ်တွင် ထားလိုက်ပြီးနောက် "လက်ချောင်းအသည်း"နှင့်ဆင်တူသော အမူအရာတစ်ခုကို ပြုလုပ်လိုက်၏။

ကြက်သွေးရောင် ကြာပန်းတစ်ခုက သူ့ရင်ဘတ်ရှေ့တွင် ပေါ်လာပြီး နဂါးမျိုးနွယ် အမျိုးသားဆီသို့ တဖြည်းဖြည်း ရွှေ့လျားသွားလေ၏။ ကြက်သွေးရောင် ကြာပန်းက ဖျက်ဆီးခြင်းမီးတောက်စွမ်းအားများ ပိုင်ဆိုင်ထားပြီး တောက်ပကာ လောင်ကျွမ်းနေသော အလင်းတစ်ခုကို ထုတ်လုပ်ကာ တဖြည်းဖြည်း သိပ်သည်းကာ သေးငယ်လာလေ၏။

"ဒီကြာပန်းက ငါ့ရဲ့ စွမ်းအားအထက်ဆုံး စိတ်ဝိညာဉ် မီးတောက်တွေကနေ ဖြစ်လာတာ။ အဲဒါ ပေါက်ကွဲသွားတာနဲ့ မီးတောက်တွေရဲ့ အပူချိန်က ဒီဂရီ ၁သိန်းအထိ တိုးလာလိမ့်မယ်။ မင်းက ပျက်ပြယ်ခြင်းအဆင့်ဆိုရင်တောင် ငါ့ရဲ့ မီးတောက်တွေကြောင့် ကြွပ်ကြွပ်ကြော် ခံရနိုင်သေးတယ်။" ဟုန်ဒူက ပြောကာ နောက်ဆုတ်သွားလေ၏။

တခြားသူများသည်လည်း နောက်ဆုပ်သွားကြ၏။ သူတို့က တိုက်ခိုက်မှု လှိုင်းများ၏ လွှမ်းမိုးခြင်း မခံချင်ပါပေ။

နဂါးမျိုးနွယ်အမျိုးသားက အံ့ဩတကြီး ခေါင်းခါလိုက်၏။ ကျောက်ဘီလူးကြီးက သူ့ကို စကားပြောလိုက်တာလား။

သူက ဖြစ်နိုင်တယ်... ဒါပေမဲ့ သူတို့၏ကြားတွင် ဘာသာစကား အတားအဆီးတစ်ခု ရှိနေပေ၏။

သူ့ရဲ့ယုံကြည်ချက်အပြည့်နဲ့ အမူအရာက ဘာလဲ။ သူက သူပြောနေတာကို ငါနားလည်မယ်လို့ မျှော်လင့်နေပုံပဲ...

နဂါးအမျိုးသားက သူ့၏ စိတ်ထဲ၌ တွေးတောနေလေ၏။ ဖြစ်နိုင်တာက သူက ငါ့ကို အဲ့ကြက်သွေးရောင် ကြာပန်းကို မျိုချစေချင်တာလား။ ဟုတ်လား။

ဟင်း... အဲ့လိုဆိုရင်လဲ...။

သည်လိုနှင့် အမျိုးသားက ပါးစပ်ဖွင့်ကာ သူ့ဆီ ရွေ့လာနေသော ကြက်သွေးရောင်ကြာပန်းကို ဝါးမျိုလိုက်လေ၏။

ဟုန်ဒူ : "..."

လူတိုင်း : "..."

ဘုန်း...

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးက ကောင်းကင်နှင့် မြေကြီးကြားတွင် ထွက်ပေါ်လာလေ၏။ သူတို့က နဂါးမျိုးနွယ် အမျိုးသား၏ ဝမ်းဗိုက်က ဖောင်းလာကာ နီရဲလာသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူက ပါးစပ်ကို ထပ်မံ ဖွင့်လိုက်လေ၏။

"ဖွီး..."

သူထွေးထုတ်လိုက်သော မီးတောက်တိုင်များက ကောင်းကင်သို့  လေဆာတိုင်များသဖွယ် ထိုးဖောက်သွားလေ၏။ ထိုသည်က ကောင်းကင်ကို ထိုးဖောက်ရန် ခြိမ်းခြောက်နေသကဲ့သို့ပင်။

ထိုစွမ်းအင် စွန့်ထုတ်မှု၏ နောက်တွင် သူ့၏ ဝမ်းဗိုက်က သာမန် အရွယ်အစားသို့ တဖြည်းဖြည်း ပြန်ကျုံ့သွားလေ၏...။

နဂါးမျိုးနွယ် အမျိုးသားက မျက်နှာ မဲ့လိုက်ကာ သူ့၏ ဝမ်းဗိုက်ကို ပွတ်သပ်လိုက်၏။ "ပူပြီး ဖောင်းနေတာပဲ... နာတာက သေမတတ်ပဲ။ မဟုတ်ဘူး... သေမတတ်မဟုတ်ဘူး။ ဒီအတိုင်း နာတာပဲ... ဝေါ့..."

ဟုန်ဒူ၏ ခန္ဓာကိုယ်က ယမ်းခါနေပြီး မယုံနိုင်သဖွယ် ဖြစ်သွားလေ၏။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ငါ့ရဲ့ စွမ်းအားအရှိဆုံး တိုက်ခိုက်မှုက တကယ်တော့ အစားခံလိုက်ရတယ်...။ အဲဒါက သူ့ဗိုက်ထဲမှာ ပေါက်ကွဲသွားတာတောင် သူက နည်းနည်းပူတာနဲ့ ယောင်တာပဲ ခံစားရတယ်တဲ့လား။"

သူက ​ဖြည်းဖြည်းချင်း စောင့်ကြောင့်ထိုင်ချကာ သူ့ခေါင်းကို လက်ကြားထဲတွင် မြှုပ်ထားလိုက်၏။ "ထင်ထားတဲ့အတိုင်းပဲ။ ငါက အသုံးမကျတဲ့ ကျောက်တုံးတစ်ခုပဲ" သူက တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။ "ငါက တကယ်ကို အသုံးမကျတာပဲ...။"

အန်လင်းနှင့် တခြားသူများက ဟုန်ဒူကို လှောင်ပြောင်ရန် မေ့သွားကြပြီ ဖြစ်၏။ သူတို့က နဂါးမျိုးနွယ် အမျိုးသား၏ မယုံနိုင်ဖွယ် အစွမ်းထက် ခန္ဓာကိုယ်ကြောင့် ဆွံ့အနေကြ၏။ ကြီးမားသော ဘုံးတစ်ခုကို သူက မျိုချလိုက်သော်လည်း ဘာအကျိုးသက်ရောက်မှုမှ မရှိပါပေ...။ ဤကဲ့သို့ ကြံခိုင်မှုမျိုးက ကြောက်မက်ဖွယ် ဖြစ်ပေ၏။

"ငါတော့ သာမန် တိုက်ခိုက်မှုလေးက သူ့ကို မသတ်နိုင်လောက်ဘူးလို့ ခံစားရတယ်။ တခြားတစ်နည်း သုံးရမယ်ထင်တယ်...။ ဒီတစ်ခေါက် ငါသွားလိုက်မယ်။" လျှိုချူးချူးက အတန်ကြာ တွေးတောလိုက်ကာ နောက်တစ်ကြိမ်သွားရန် ကိုယ်တိုင်ပင်ဆုံးဖြတ်လိုက်၏။

သူမက လေးကိုင်းကို ထုတ်လိုက်ကာ သက်ရှိစွမ်းအင်က သူမ၏ လေးကြိုးတွင် စတင်စုစည်းလာလေ၏။ တစ်ဝက်တစ်ပျက်မြင်နိုင်သော မြှားတစ်ခုက စတင်ပေါ်လာလေ၏။

အန်လင်းက ထိုမြှားကို ငေးကြည့်လိုက်ရာ သူ့၏အံ့ဖွယ်အာရုံအား ချွန်ထက်သော နာကျင်မှုတစ်ခုက ထိုးစိုက်လာသည်ကို ခံစားလိုက်ရလေ၏။ မဖော်ပြနိုင်သော စုတ်ဖြဲခြင်း ခံစားချက်တစ်ခုလဲ ရပေ၏။ ထိုသည်မှာ သူက သူ့၏ ဝိညာဉ်ကိုစုတ်ဖြဲပစ်နိုင်​ေသာ တစ်စုံတစ်ခုကို ရင်ဆိုင်လိုက်ရသကဲ့သို့ပင်။

"အံ့ဖွယ် နည်းစနစ်-စိတ်ဝိညာဉ် ချိုးဖျက်ခြင်း ဖျက်ဆီးရေးမြှား...။"

လျှိုချူးချူးက ခပ်ဖျော့ဖျော့ အော်ဟစ်လိုက်ကာ တစ်ဝက်တစ်ပျက် ဖောက်မြင်ရသော မြှားတစ်စင်းက လေထုကို ဖြတ်ကာ ပျံသန်းသွားလေ၏။ ထိုသည်က လေဟာနယ်ကို ဖြစ်သန်းသွားရာ ပုံစံမဲ့ လှိုင်းငယ်များ ဖြစ်လာစေပြီး ချက်ချင်းပင် နဂါးမျိုးနွယ် အမျိုးသား၏ ခေါင်းကို ထိုးဖောက်သွားလေ၏။

"ဒီအံ့ဖွယ်နည်းစနစ်က လူတစ်ယောက်ရဲ့ အံ့ဖွယ်အာရုံကို အထိက ပစ်မှတ်ထားတာ။ အဲဒါက ငါ့ရဲ့ စွမ်းအားအထက်ဆုံး အံ့ဖွယ် အာရုံတိုက်ခိုက်မှုပဲ။ သူ့ရဲ့ အံ့ဖွယ်အာရုံက ငါ့ရဲ့ စိတ်ဝိညာဉ် ချိုးဖျက်ခြင်း ဖျက်ဆီးရေးမြှားကို ခံမိုင်ရည်မရှိရင် သူ့တာအိုက ပျက်ဆီးသွားပြီး သူသေလိမ့်မယ်။" လျှိုချူးချူးက ရှင်းပြလိုက်၏။

သူတို့အားလုံးက စိတ်ဝိညာဉ် ချိုးဖျက်ခြင်း ဖျက်ဆီးရေးမြှားကြောင့် ပြင်းပြင်းထန်ထန် ထိမိသွားသော အမျိုးသားကို ကြည့်လိုက်၏။ သူတို့က တစ်ခုခုကို အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သကဲ့သို့ သူတို့၏ အသက်ရှုသံများက နှေးကွေးလာလေ၏။

နဂါးအမျိုးသားက ထိခိုက်မိသည့်အခိုက်အတန့်တွင် သူ့မျက်နှာက အမူအရာမဲ့ဖြစ်လာကာ ချက်စားချက်များ ကင်းမဲ့နေလေ၏။ ထိုသည်မှာ သူက တစ်ခုခုကို ပျောက်ဆုံးသွားသကဲ့သို့ပင်။

သို့သော် အသက်ဝင်မှုက သူ့မျက်လုံးထဲသို့ လျှင်မြန်စွာ ပြန်ရောက်ရှိလာပြီး သူက မျက်ခုံးများကို နာနာကျင်ကျင် ပွတ်သပ်လိုက်လေ၏။ "ငါ့ခေါင်းထဲက နာကျင်မှုက ငါ့ကို သတ်နေတယ်..."

"မဟုတ်ဘူး ငါ့ခေါင်းထဲက နာကျင်မှုက သတ်နေတာမဟုတ်ဘူး။ အဲဒါက နာပဲနာတာ။ ငါကို မသတ်ဘူး...ဟင်း..."

စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ခုက နယ်မြေတစ်ခုလုံးအား ပျံ့နှံ့သွားလေ၏။ အန်လင်းနှင့် တခြားသူများက အလန့်တကြား မျက်လုံးပြူးသွားကြ၏။ ထိုသည်မှာ သူတို့က မ​ကျော်လွှားနိုင်သော တစ်စုံတစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ပင်။

လျှိုချူးချူး၏ ခန္ဓာကိုယ် သွယ်သွယ်​ေလးက အားနည်းစွာ ယမ်းခါနေကာ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းက သူ့မမျက်နှာအနှံ့ပျံ့နှံ့သွားလေ၏။ "ဘယ်လိုလုပ်ပြီး... ငါ့ရဲ့ အစွမ်းအထက်ဆုံး ဝှက်ဖဲက... သူ့ကို ခေါင်းကိုက်တာပဲ ဖြစ်စေတာလဲ..."

အန်လင်းသည်လည်း လန့်ဖြန့်သွားလေ၏။ လျှိုချူးချူးက သူတို့၏ အဖွဲ့ထဲတွင် အစွမ်းအထက်ဆုံး တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားလေ၏။ ထိုသည်ပင်လျှင် သူမက ခုခံခြင်းမရှိသည့် နဂါးမျိုးနွယ် အမျိုးသားကို မသတ်နိုင်ပါပေ။ ဤစွမ်းအား ကွာခြားချက်မှာ သူ့အား အလေးအနက် စိတ်ပျက်အားငယ်ခြင်း ဖြစ်စေ၏။

ဆိုတော့... သူတို့က နဂါးမျိုးနွယ် အမျိုးသားကို သတ်ရန် တခြားမည့်သည့်နည်းလမ်းများ အသုံးပြုရမည်နည်း။

--------------

All Chapters