← Chapters

မဖြတ်ဆီးနိုင်သော ရန်သူ

Vol. 36 Ch. 508

မဖြတ်ဆီးနိုင်သော ရန်သူ

Vol. 36 Ch. 508

အန်လင်းက သူ့ဦးနှောက်ကို အပြင်းအထန်အလုပ်ပေးကာ သူ့တွင် မည်သည့်အစွမ်းထက် နည်းစနစ်ရှိသည်ကို ကြည့်ရန် ကြိုးစားလိုက်၏။

သူပထမဆုံး တွေးမိသည်မှာ သူ့၏ နျူလျှပ်လက်သီး ဖြစ်ပေ၏။ ဤနည်းစနစ်မှာ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို မသတ်နိုင်လျှင်တောင် အနည်းဆုံး ဒဏ်ရာအပြင်းအထန် ရနိုင်ပေ၏။

သို့သော် ဤအမျိုးသားမှာ နဂါးမျိုးနွယ်စုမှ ဖြစ်ကာ သာမန်ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမဟုတ်သည်မှာ ရှင်းလှပေ၏။ သူက ဖျက်ဆီးမဲ့တာအိုတွင် ညဏ်အလင်းရနေကာ သူ့အား ရူးသွပ်ဖွယ် HP statပေးနေသော ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လေ၏။

သူက ဟုန်ဒူ၏ အဆုံးသတ်နည်းစနစ်ကို ခံယူထားပြီးဖြစ်ကာ ထိုသည်ကို မနက်စာအဖြစ် စားသုံးလိုက်ပြီး ဖြစ်လေ၏။ ထိုကဲ့သို့ ကြောက်မက်ဖွယ် ခန္ဓာကိုယ်တစ်ခုဖြင့် သူက နျူလျှပ်လက်သီးတစ်ခုကို ခံယူကာ သေဆုံးမည်မှာ လုံးဝ မဖြစ်နိုင်ပါပေ...။

ထိုအချိန်၌ လင်းယင်က နဂါးမျိုးနွယ် အမျိုးသားဆီသို့ မြောသွားလိုက်လေ၏။

"ငါကို စမ်းကြည့်ခွင့်ပြုပါ။ သူ့၏ ခန္ဓာကိုယ်နှင့် သတိတရားက အစွမ်းထက်တယ် ဒါပေမဲ့ အဲဒါက သူ့ခန္ဓာကိုယ်က အဆိပ်ကို ခံနိုင်ရည်ရှိတယ်လို့ မဆိုလိုဘူးလေ။"

လင်းယင်၏ အော်ရာမှာ သိသိသာသာတိုးတက်သွားပြီး ရုတ်တရက် အနက်ရောင် အရည်များက သူမ၏ အရှည်ဆုံး လက်တံမှ ပန်းထွက်လာလေ၏။ အနက်ရောင် အရည်စက်က လေထဲတွင် မြောနေကာ သေဆံူးခြင်း၏ အောရာများကို ထုတ်လွှတ်နေပေ၏။

"ဒီအဆိပ်တစ်စက်က ငါ့ခန္ဓာကိုယ်ထဲမှာ သုံးနှစ်ကျော် သန့်စင်ထားတာ။ ငါအဲဒါကို ပင်လယ်ထဲချလိုက်ရင် အချင်းဝက် ၅၀ကီလိုမီတာအတွင်းမှာရှိတဲ့ သက်ရှိတွေအားလုံးကို အဆိပ်သင့်သွားစေတယ်။ အဲဒါက ပစ်မှတ်ရဲ့ ကိုယ်တွင်းမှာ ရှိတဲ့ ဆဲလ်တွေ အားလုံးကို အလျင်အမြန် သတ်ပစ်နိုင်ပြီးတော့ အဲဒါမို့ ပစ်မှတ်ရဲ့ အသက်ကို နုတ်ယူနိုင်ပြီး ခန္ဓာကိုယ်ကို အသေးငယ်ဆုံး အမှုန်တွေအဖြစ် ဖြိုခွဲပစ်တာ။ ကျေးဇူးပြုပြီး မြိုချလိုက်ပါ။"

လင်းယင်က အနက်ရောင် အရည်ကို နဂါးမျိုးနွယ် အမျိုးသားဆီသို့ ပို့လိုက်လေ၏။ နဂါးမျိုးနွယ် အမျိုးသားက အနက်ရောင် အရည်ကို အထင်အမြင်သေးစွာ ကြည့်လိုက်လေ၏။

အန်လင်းက ချက်ချင်းပင် လင်းယင​်ပြောသည်ကို နဂါးမျိုးနွယ် အမျိုးသားအား ဘာသာပြန်ပေးလိုက်၏။

"ဟုတ်ပြီ။ ငါ အောင်အောင်မြင်မြင်သာ သေမယ်ဆိုရင် သည်းခံလိုက်ပါမယ်။"

နဂါးမျိုးနွယ် အမျိုးသားက မျက်မှောင်ကြုတ်ကာ အနက်ရောင်အရည်ကို မြိုချလိုက်လေ၏။

လူတိုင်းက အမျိုးသားကို စိုးရိမ်စိတ်၊ ​မျှော်လင့်စောင့်စားမှုများဖြင့် ကြည့်လိုက်ကြ၏။

နဂါးမျိုးနွယ် အမျိုးသား၏ ခန္ဓာကိုယ်မှာ ဓာတ်လိုက်သွားသကဲ့သို့ တုန်ယင်သွားလေ၏။

ထို့နောက် သူက သူ့ဗိုက်ကို ပွတ်လိုက်ပြီး ထပ်မံတောင်းဆိုနေဟန်ဖြင့် နှုတ်ခမ်းသပ်လိုက်လေ၏။

"ငါက အဲ့အမဲရောင်အရည်ကြီးက အရမ်းရွံစရာ​ကောင်းမယ် ထင်နေတာ။ ဒါပေမဲ့ အဲဒါက တကယ်တော့ အရသာကောင်းသားပဲ။ မျိုချလိုက်တော့ ငါ့ခန္ဓာကိုယ်တစ်ခုလုံးက ထိန်းမရအောင် တုန်သွားပြီးတော့ ထုံပေမဲ့ အတော်လေူ စိတ်ကျေနပ်စရာကောင်းတဲ့ ခံစားချက်တစ်ခုက ငါ့တစ်ကိုယ်လုံးကို ဖြတ်သွားပြီးတော့ ငါ့ရဲ့ သနိစိတ်တွေထဲ စီးဆင်းသွားပြီး စိတ်ဝိညာဉ္ ပြီးမြောက်ခြင်းကို ရစေတယ်။"

နဂါးမျိုးနွယ် အမျိုးသားက လင်းယင်ကို လက်မထောင်ပြလိုက်၏။ "အဲဒါကောင်းတယ်။"

အန်လင်းက သူ့၏ သတင်းစကားကို အမူအရာမဲ့ ပြန်ပြောပြလိုက်၏။

ထိုသည်ကို ကြားပြီးနောက် လူတိုင်းက အန်လင်းကို အလန့်တကြား စိုက်ကြည့်နေလေ၏။ လင်းယင်၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သူမက လေထဲက ပြုတ်ကျတော့မလိုပင် ဖြစ်သွားလေ၏။

"နင့်မှာ ဒီအရည်ထပ်ရှိသေးလား။ ငါ နင့်ကို့ ချွင်းချက်ထားပြီးတော့ ငါ့ကို ဒုတိယအကြိမ် အဆိပ်ခတ်ခွင့်ပေးမယ်။" နဂါးမျိုးနွယ် အမျိုးသားက ဆက်ပြောလာ၏။

လင်းယင်က သွေးအန်တော့ မလိုပင် ဖြစ်သွားရလေ၏။

ငါ့-င်ကြီးကို အဆိပ်ထပ်ခတ်လိုက်။ သူက အဆိပ်အား မူးယစ်ဆေးတစ်ခုကဲ့သို့ အသုံးပြုချင်နေသည်မှာ ရှင်းနေပေ၏။

လင်းယင်မှာ ထိုအမျိုးသားက စိတ်ဝိညာဉ္ ဆိုင်ရာ ပြီးမြောက်ခြင်း တစ်မျိုးရရန်အတွက် ထိုအဆိပ်စက်လေးအား သုံးနှစ်လုံးလုံး သူမ၏ ခန္ဓာကိုယ်ထဲတွင် သန့်စင်ခဲ့ရသည်ဖြစ်၏။

လင်းယင်က ထွက်သွားလေ၏။ သူမက ဟုန်ဒူဘေးတွင် ရပ်ကာ သူမ၏ လက်တံများနှင့် စက်ဝိုင်းတစ်ခု ဆွဲလိုက်လေ၏။

အန်လင်းက ဖိအားကြောင့် အလွန်ပင် လွှမ်းမိုးခံနေရလေ၏။ သူတွင် တခြားသော ဝှက်ဖဲ မကျန်တော့ပါပေ။

သူ့၏ မန္တန်နည်းစနစ်အများစုမှာ အတော်လေး အစွွမ်းထက် သော်လည်း အကြမ်းထည်ဖြစ်ကာ ရိုးရှင်းလှ၍ ထိုကဲ့သို့ ရူးသွပ်ဖွယ် ခံနိုင်ရည်အားနှင့် တစ်စုံတစ်ဦးအတွက် အလုပ်မဖြစ်မည်မှာ ရှင်းလင်းလှပေ၏။ သို့ဖြစ်၍ သူကတခြားနည်းလမ်း ရှာရပေမည်။

"တီနာ... နင့်အလှည့်။" အန်လင်းက ပြောလိုက်လေ၏။

"ဟမ်... အိုး..." တီနာက နာနာခံခံဖြင့် ခေါင်းငြိမ့်ပြကာ သာမ၏ ကြာပွင့်နှလုံးသား ရေခဲဓားကို ကိုင်ဆောင်ကာ နဂါးမျိုးနွယ် အမျိုးသားဆီသို့ တိုးဝင်သွားလေ၏။

သူမ၏ တိုက်ခိုက်မှုမှာ ရိုးရှင်းလှပေ၏။ သူမ၏ ကြာပွင့်နှလုံးသား ရေခဲဓားက အဆုအဆမဲ့ ကျယ်ပြန့်လာကာ အပြာရောင် မျဉ်းတစ်ကြောင်းက ​ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းလိုက်သကဲ့သို့ နဂါးမျိုးနွယ်အမျိုးသား၏ လည်ပင်းကို ပြိုင်ဖက်မရှိ ချွန်ထက်မှုဖြင့် ခုတ်ပိုင်းပစ်လိုက်လေ၏။

ဇွတ်...

ကြောက်မက်ဖွယ် တိုက်ခိုက်မှုက နဂါးမျိုးနွယ် အမျိုးသား၏ လည်ပင်းကို ဖြတ်ပိုင်းလိုက်နိုင်ကာ သေများ ပန်းထွက်လာလေ၏။

နဂါးမျိုးနွယ် အမျိုးသားမှာ ဤသည်ကြောင့် အနော်အတန်ပင် တုံ့ဆိုင်းသွားလေ၏။ ထိုကဲ့သို့ သေးငယ်လှ​ေသာ နတ်သမီးလေးတစ်ဦးက သူ့အား ထိုကဲ့သို့ စိတ်ကျေနပ်ဖွယ် အံ့ဩမှုတစ်ခု ပေးနိုင်သည်ဟု သူမထင်ထားခဲ့ပါပေ။

"ပြင်းပြင်းလေး။ နင်က အရမ်းနီးစပ်နေပြီ။ အခု အရှုံးမပေးသေးနဲ့အုံး။"

သူက ပါးစပ်မှ သွေးများ စီးကျနေကာ တီနာအား အားပေးလိုက်ပြီး အတော်ပင် ကို့ယို့ကားယားနိုင်လှသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်လေ၏။

တီနာက စစ်ကြေညာသံတစ်ခုကို ပြုလုပ်ကာ မြင့်မြတ်အလင်း၏ စွမ်းအားက သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကြာပွင့်နှလုံးသား ရေခဲဓားနှင့် ပေါင်းစပ်သွားပြီး သူမ၏ နောက်ထပ်ခုတ်ချက်၏ စွမ်းအားများကို တိုးမြှင့်ပေးလိုက်လေ၏။

ဇွတ်...

လေထဲတွင် သွေးများ ပန်းထွက်လာကာ နဂါးမျိုးနွယ် အမျိုးသား၏ ခေါင်းက ပြတ်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

အန်လင်းနှင့် တခြားသူများအားလုံးက အသက်ပြင်းပြင်းရှုလိုက်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြလေ၏။

"ငါတို့က နောက်ဆုံးတော့ ငတုံးကောင်ကို သတ်လိုက်နိုင်ပြီ။ တော်တယ် နာလေး။" အန်လင်းက ချီးကျူးစကားများ ဆိုလိုက်လေ၏။

"သူက ဟုန်ဒူရဲ့ တိုက်ခိုက်မှုကို မျိုချလိုက်တာကို မြင်ပြီးတော့ သူ့ရဲ့အကာအကွယ်က ဖြိုဖျက်လို့မရဘူးဆိုပြီး ငါတို့က အရူးလုပ်ခံလိုက်ရတာ။ ဒါပေမဲ့ တစ်ခါတစ်လေကျရင် လုံလုံလောက်လောက်အစွမ်းထက်တဲ့ လုပ်ဆောင်ရည် အရမ်းမြင့်တဲ့ လက်နက်တစ်ခုက သူ့လိုမျိုး ထူးဆန်းတဲ့ အကာအကွယ်ကို ချိုးဖောက်နိုင်တာကို ငါတို့က မေ့သွားတာ။" လျှိုချူးချူးက အပြုံးလေးတစ်ခုနှင့် ခွဲ့ခြမ်း စိတ်ဖြာလိုက်လေ၏။

ထိုသည်ကို ကြားပြီးနောက် ဟုန်ဒူက မြေပြင်ပေါ်တွင် စက်ဝိုင်းများ ဆက်ဆွဲနေလေ၏။

"ခုဏက ဘယ်သူ ငါ့ကို ငတုံး​ကောင်လို့ ခေါ်လိုက်တာလဲ။" ရင်းနှီးကျွမ်းဝင်သော အသံတစ်ခုက ထွက်ပေါ်လာလေ၏။

လူတိုင်းက တပြိုင်နက်တည်း တုံ့ဆိုင်းသွားကြပြီး သူ့တို့နောက်သို့ လှည့်ကြည့်လိုက်ကာ အတူတကွ သက်ပြင်းချလိုက်ကြလေ၏။

နဂါးမျိုးနွယ်အမျိုးသားမှာ "ငတုံးကောင်" ဟု အခေါ်ခံလိုက်ရသည်အတွက် မကျေမနပ်အမူအရာဖြင့် သူ့ခေါင်းကို ညာဘက်လက်တွင် ကိုင်ထားလေ၏။

အန်လင်း : "..."

လူတိုင်း : "..."

"အဲဒါ ဟုန်ဒူပါ..." အန်လင်းက စင်းလုံးချော ရိုးသားမှုဖြင့် ပြန်ဖြေလိုက်၏။

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ် ငါကလဲ ဂရုမစိုက်ပါဘူး။ အဲ့ နတ်သမီးလေးက အတော်တော်တယ်။ ငါ တကယ်တော့ ခဏလေး သေမလိုခံစားလိုက်ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အဲဒါက ထင်ယောင်ယုံမှားဖြစ်တာပဲ။ ဒီလို တိုက်ခိုက်မှုမျိုးက ငါ့ကို သတ်ဖို့အတွက် အားနည်းလွန်းတယ်...။ မင်းရဲ့ စွမ်းအားအဆင့်နဲ့ဆိုရင် ငါကို အပိုင်းတစ်ထောင် ဖြတ်လိုက်ရင်တောင် ငါ့ကို ကူညီနိုင်မယ်လို့ ငါတော့မထင်ဘူး။"

နဂါးမျိုးနွယ် အမျိုးသားက သူ့ခေါင်းကို လည်ပင်းပေါ်သို့ ပြန်တင်လိုက်သောအခါ အသားများက ပြန်လည် ပေါင်းစပ်သွားကြ၏။

လူတိုင်းက သူတို့ရှေ့တွင် ဖြစ်သွားသော ကို့ယို့ကားယားမြင်ကွင်းကြောင့် တံတွေးမျိုချလိုက်လေ၏။

"မင်းအလှည့်ပဲ။ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။" နဂါးမျိုးနွဟ် အမျိုးသားက အပြုံးတစ်ခုနှင့် အန်လင်းဆီသို့လှည့်လိုက်၏။

အန်လင်းက အမျိုသားဆီသို့ စိုးရိမ်တကြီးကြည့်လိုက်ကာ သူ့အားသတ်ရန် နည်းတစ်ခုကို စဉ္းစားရန် ကြိုစားနေလေ၏။

တီနာ၏ ကြိုးစားမှုကို တွေ့ပြီးနောက် သူက စစ်နတ်ဘုရား၏ ဓားချက် ခြောက်ချက်ကို မကြိုးစားသင့်တော့ဟု ထင်၏။ ထိုသို့ဖြင့် သာစမ်းကြည့်နိုင်သော နည်းလမ်းတစ်ခုသာ ကျန်တော့ပေ၏...။

အန်လင်းက သူ့ခေါင်းကိုမော့ကာ နဂါးမျိုးနွယ်အမျိုးသား၏ မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်ရာ ရွှေရောင်မျက်လုံးတစ်ခုက သူ့နဖူးပေါ်တွင် ပေါ်လေ၏။

အံ့ဖွယ် အဓမ္မလုယူခြင်း နည်းစနစ်...

ရွှေရောင်လှိုင်းများက လေထုထဲတွင် တစ်ဟုန်ထိုး များပြားလာကာ နဂါးမျိုးနွယ်အမျိုးသားဆီသို့ တိုးဝင်သွားလေ၏။

ဘုန်း...

သောင်းနှင့်ချီသော မတူညီသည့် အစွမ်းထက် မန္တန်နည်းစနစ်များနှင့် မတူညီသော စရိုက်များက အန်လင်း၏ စိတ်ထဲတွင် ပေါ်လာလေ၏။

အန်လင်းမှာ သူ့စိတ်က သတင်းအချက်အလက် အလွန်များပြားပြည့်လျှံလာခြင်းကြောင့် သူ့ခေါင်းက ပေါက်ထွက်တော့မလို ခံစားလိုက်ရ၏။

ငလူး...

သာမန်လူတွေက အဓမ္မလုယူဖို့ စွွမ်းအင် အနည်းအကျဉ်းပဲ ရှိတာ မဟုတ်ဘူးလား။ ဒီနဂါးမျိုးနွယ် အမျိုးသားက ဘာလို့ သောင်းချီရှိနေရတာလဲ။ သူက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲဟ။

ဖွီး...

အန်လင်းမှာ မန္တန်နည်းစနစ်၏ တုံ့ပြန်မှုကြောင့် သွေးအန်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး သူ့ကိုယ်သူ သတိမေ့မသွားအောင် ထိန်းထားရလေ၏။

အံ့ဖွယ် အဓမ္မလုယူခြင်း နည်းစနစ်က ဝန်ပိသွားလေ၏...။

သူက အခုထိ မည်သည့် စွမ်းရည်ကိုမှ မခိုးယူရသေးပေ...

တခြားသူများကဲ့သို့ပင် နဂါးမျိုးနွယ် အမျိုးသားက အန်လင်းအား စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေလေ၏။

ဘာဖြစ်သွားတာလဲ။ သူက ဘာလို့ သွေးတွေ အန်နေတာလဲ။

"ငလူး...။ ငါပြီးပြီ။ ငါအနားယူဖို့ လိုနေပြီ...။"

အန်လင်းက လူတိုင်းကို လက်ယမ်းပြလိုက်လေ၏။

နဂါးမျိုးနွယ် အမျိုးသား : "..."

လူတိုင်း : "..."

သို့ဖြစ်၍ အန်လင်းက မကြိုးစားရခင်မှာပင် ရှုံးနိမ့်သွားလေ၏။

သူက နဂါးမျိုးနွယ် အမျိုးသား၏ အော်ရာကြောင့် ဒဏ်ရာရရှိသွားပြီး ဖြစ်လေ၏။

ထိုအမျိုးသားက မည်မျှအထိ အစွမ်းထက်ပါသနည်း။

------------

All Chapters