← Chapters

ကိုယ့်ဟာကိုယ်လုပ်တော့

Vol. 37 Ch. 509

ကိုယ့်ဟာကိုယ်လုပ်တော့

Vol. 37 Ch. 509

အန်လင်းက သွေးစိတ်ဝိညာဉ် ဆေးတောင့်တစ်ခုကို သောက်သုံးကာ ထိုင်ပြီး တရားမှတ်လိုက်လေ၏။

သူက မစတင်ခင်မှာပင် လုပ်ငန်း၏ ပြင်ပ ရောက်ရှိသွားခြင်းကြောင့် အကြီးအကျယ် အရှက်ရနေလေ၏။

သို့သော် နဂါးမျိုးနွယ်အမျိုးသားမှာ နတ်ဘုရားများသာ မည်မျှကြာသည်ကို သိလောက်သည်အထိ ကြာရှည်စွာ နေထိုင်ခဲ့သည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်၍ သူက မန္တန်နည်းစနစ်များ အများအပြားသိနေခြင်းက မထူးဆန်းပါပေ။ ထို့အတူ အန်လင်း၏ ကျရှုံးခြင်းမှာလည်း နားလည်၍ ရနိုင်ပေ၏။

"အ... အဆင်ပြေရဲ့လား။"

ဟုန်ဒူက အန်လင်းဆီသို့ လျှောက်လာကာ စိုးရိမ်တကြီး မေးလိုက်လေ၏။

အန်လင်း၏ ရင်ဘတ်က တင်းကြပ်သွား၏။ ဟုန်ဒူက သူ့အား အဆင်ပြေရဲ့လားဟု မေးလာသည့်တစ်နေ့ ရှိလာမည်ဟု မည်သူက ထင်မည်နည်း...။ ထိုသည်က အမှန်တကယ်ပင် သိက္ခာကျခြင်းပင်။

နဂါးမျိုးနွယ် အမျိုးသားက အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ဖြင့် သူ့ခေါင်းသူ ကုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ဟုတ်ပြီ...။ ဘာဖြစ်သွားတာလဲ ငါမသိဘူး။ ဒါပေမဲ့ မင်းတို့တွေက ငါ့ကို မသတ်နိုင်ဘူးဆိုတော့ မင်းတို့အားလုံး ငါနဲ့ စကားပြောကြရင်ရော ဘယ်လိုလဲ။"

အန်လင်းက ဒဏ်ရာများမှ အနားယူနေဆဲဖြစ်ကာ တီနာက နှစ်ဖက်လုံးအတွက် ဘာသာပြန်ပေးလိုက်၏။

လူတိုင်းက နဂါးမျိုးနွယ် အမျိုးသား၏ ပတ်လည်တွင် စက်ဝိုင်းပုံစံ ဝိုင်းထိုင်လိုက်၏။ သူက အလွန်အစွမ်းထက်လှ၍ မည်သူကမှ သူ့၏ ဆန္ဒကို မလွန်ဆန်ရဲပါပေ။

"အပြင်က ကမ္ဘာကြီးက ဘာနဲ့တူလဲ ငါ့ကိုပြောပြ။ ငါတို့ရဲ့ ကုန်းမြေကြီးက လုံးဝ ပြိုကျသွားပြီလား။" နဂါးမျိုးနွယ်အမျိုးသားက တည်ငြိမ်သော အသံဖြင့် မေးလိုက်၏။

"နင်က ရှေးဟောင်းထိုက်ချူ ကုန်းမြေကြီးအကြောင်းပြောနေတာဆိုရင်တော့ မဟုတ်ဘူး။ အဲဒါက အခုထိ ပြိုကျနေတုန်းပဲ။ အဲဒါက မူလ ဧရိယာရဲ့ ၁၀၀ပုံတစ်ပုံအထိ လျော့သွားပြီ။ အဲဒါကြောင့် အဲဒါက နောက်နှစ်သောင်းချီကျရင် လုံးဝ ပျောက်ကွယ်သွားတော့မှာ။" လင်းယင်က သူမသိသမျှ သတင်းများကို ဖော်ပြရင်း သူမ၏ လက်တံများကို ဝှေ့ယမ်းလိုက်လေ၏။

နဂါးမျိုးနွယ် အမျိုးသားက အတန်ကြာ တိတ်ဆိတ်နေဆဲ ဖြစ်ကာ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။ "ရှေးဟောင်း ထိုက်ချူ နယ်မြေ... အဲဒါဆို မင်းတို့အားလုံးက တခြားကမ္ဘာက လာခဲ့တာလို့ ဆိုလိုတာလား။ ဟုတ်ပါတယ်လေ။ မင်းတို့အားလုံးက အရမ်းငယ်သေးတယ်။ အပြင်က ပတ်ဝန်းကျင်မှာ သာမန်ဘဝတစ်ခု မွေးလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့အပြင် မင်းတို့ရဲ့ အသက်စွမ်းအင်က မညစ်ညမ်းသေးတာ အရှင်းကြီးပဲ။ အဲ့တော့ မင်းတို့က ဒီကမ္ဘာမှာ မွေးလာတာ မဟုတ်လောက်ဘူး..."

"စီနီယာ၊ ဒီကမ္ဘာကြီးက ဒီလိုဖြစ်မလာခင်က ဘယ်လိုလဲဆိုတာ ပြောပြလို့ရမလား။" လျှိုချူးချူးက စိတ်ဝင်တစား မေးလိုက်လေ၏။

သူမက ရှေးဟောင်းထိုက်ချူကုန်းမြေကြီးအတွင်း အသက်ရှင် သတိရှိနေသော ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်ဟု တစ်ခါမှ မကြားဖူးပါချေ။ ယခုတွင် သူမက တစ်ယောက်ကို တွေ့ရပြီး ဖြစ်ရာ ဤကမ္ဘာအကြောင်း ပိုမိုသင်ယူရန် ဤအခွင့်အရေးကို လက်လွတ်မခံမည်မှာ သိသာလှပေ၏။

နဂါးမျိုးနွယ် အမျိုးသားက ခပ်ဖွဖွ ရယ်မောလိုက်၏။ သို့သော် သူ့အမူအရာက အနည်းငယ် ဖြေမဆည်နိုင်ဖြစ်လာလေ၏။ "အခုအချိန်မှာ အများကြီး သိနေတာက မင်းအတွက် ဘာမှ ကောင်းမှာမဟုတ်ဘူး။ တကယ်တော့ ဗဟုသုတတွေ အရမ်းများရင် မင်းတို့ရဲ့ တာအိုနှလုံးသားတွေကို သက်ရောက်မှုရှိနိုင်တယ်။ မင်းတို့က တစ်ခုပဲ အမှတ်ရနေ၊ အဲဒါက ဘယ်အရာကမှ ထာဝရ မတည်မြဲဘူး။ ကောင်းကင်တောင်မှပဲ...."

အမျိုးသားက ဆက်မပြောမီ ကောင်းကင်ကို ညွှန်ပြလိုက်၏။ "တစ်နေ့နေ့မှာ ပြိုကျလာမှာ။"

နဂါးမျိုးနွယ် အမျိုးသားမှာ ဤကမ္ဘာကြီးက မည်ကဲ့သို့ ဤအခြေအနေသို့ လျော့ချခံရမည်ကို သိထားသည်မှာ ရှင်းလင်းပေ၏။ သို့သော် သူက မည်သည်ကိုမှ ဖော်ပြလိုစိတ် ရှိဟန် မရပါပေ။ ထိုအစား သူက တီနာလာခဲ့သော ကမ္ဘာကို အတော်လေး စိတ်ဝင်စားနေပေ၏။

နဂါးမျိုးနွယ် အမျိုသားက နယ်မြေအဆီအနှစ် သလင်းကျောက်များ ပေါ်လာနိုင်သည့် ပန်းလောင်တောင်အနီးမှ တည်နေရာများနှင့် နယ်မြေအဆီအနှစ်သလင်းကျောက်များ မည်သို့ ဖြစ်တည်လာသည်ဆိုသည့် သတင်းများကိုသာ ပြောပြရန် ဆန္ဒရှိပေ၏။

နယ်မြေအဆီအနှစ် သလင်းကျောက်များမှာ ကမ္ဘာတစ်ခု၏ အဆီအနှစ်၏ သရုပ်သကန်ပင်ဖြစ်၏။ သူတို့မှာ ပြိုကျနေသော ကမ္ဘာများက ချန်ရစ်ခဲ့သော ကမ္ဘာ၏ အခြေခံ တည်ဆောက်ရေးအတုံးများဖြစ်ကာ တာအိုပေါင်းစပ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များက ကမ္ဘာအသစ်တစ်ခုဖန်တီးရန် အသုံးပြုနိုင်ပေ၏။

သူတို့က ကမ္ဘာက ပြင်းပြင်းထန်ထန် ပြိုကျသည့် နေရာများတွင် မကြာခဏ ပေါ်လာတတ်ပြီး ပိုပြီး ဖရိုဖရဲနိုင်သော ပတ်ဝန်းကျင်ဖြစ်လေလေ ထိုသလင်းကျောက်များ ပေါ်လာနိုင်​ချေများလေလေဖြစ်၏။ ထိုသည်မှလွဲ၍ သူတို့က ဖရိုဖရဲ ဖြစ်ခြင်းများမှ မွေးဖွားလာသည့် တစ်ချို့သော သတ္တဝါများ၏ ခန္ဓာကိုယ်များထဲမှ ပေါ်လာနိုင်ပေ၏...။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားကာ အန်လင်း၏ အခြေအနေမှာ တဖြည်းဖြည်း ပြန်ကောင်းလာလေပြီ။

နဂါးမျိုးနွယ်စုအမျိုးသားမှာ စကားမပြောရသည်မှာ အလွန်ကြာပြီ ဖြစ်ပုံရပြီး ဤအခွင့်အရေးဆီသို့ ခုန်ဝင်လာလေ၏။ သူက သတ်သေချင်နေသော ငတုံးတစ်ကောင်ပုံပေါက်သည်က လျော့နည်းလာကာ အထီးကျန်နေသော စကားများသည့် အဘိုးကြီးတစ်ယောက်ကဲ့သို့ ပိုတူလာလေ၏။

အန်လင်းက နဂါးမျိုးနွယ် အမျိုးသားစကားပြောနေသည်ကို နားထောင်ကာ ဘေးတွင် တိတ်တဆိတ်ထိုင်နေပေ၏။ သူက အမျိုးသား၏ အမည်မှာ ရှောင်တုဖြစ်ပြီး သူက တစ်ချိန်က ရှေးဟောင်း ထိုက်ချူနယ်မြေ၏ နဂါးမျိုးနွယ်စု၏ ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့သည်ကို စုစည်းမိ၏။ ထိုအချိန်က နဂါးမျိုးနွယ်စုမှာ အရှေ့ဘက်ပင်လယ်၏ နဂါးခုံရုံးထက် အများကြီးပိုမို ကြမ်းတမ်ကာ သူတို့က သူ့တို့၏ အဆင့်များအတွင်း၌ တာအိုပေါင်းစပ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များ အများအပြားရှိပေ၏။ ပတ်ဝန်းကျင်မှ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်သော နတ်ဘုရားကဲ့သို့ နဂါးတစ်ကောင်ပင် ရှိပေ၏။ ထိုသည်က မျက်လုံးပိတ်လိုက်ပါက ညအချိန်ကျရောက်လာကာ ထိုသည်က မျက်လုံးပြန်ဖွင့်လိုက်ပါက မနက်ခင်း ရောက်လာပြီး ထိုအရာ၏ အသက်ရှုပုံက ရာသီလေးခုကို အဆုံးအဖြတ်ပေးလေ၏။

သူ့၏ ဖော်ပြချက်မှ ဆိုလျှင် ဤကုန်းမြေကြီး၏ နဂါးမျိုးနွယ်စုမှာ လက်ရှိ ကောင်းကင်ဘုံခုံရုံးထက်ပင် အစွမ်းပိုထက် ပုံရပေ၏။ နဂါးမျိုးနွယ်အမျိုးသားသည် တစ်ချိန်က နဂါးမျိုးနွယ်တွင် လက်အောက်ခံဌာနခွဲတစ်ခုရှိခဲ့ကြောင်း လူတိုင်းအား ဖွင့်ဟခဲ့ပြီး အန်လင်းသည် အရှေ့ပင်လယ်နဂါးခုံရုံး၏ ဘိုးဘေးများဖြစ်နိုင်သလားဟု တစ်ကိုယ်တည်း တွေးတောနေခဲ့သည်။

အတန်ကြာအောင် စကားပြောပြီးနောက် ရှောင်တုက အန်လင်းဆီသို့ အကြည့်ပို့လိုက်လေ၏။ "ဂျူနီယာ အန်လင်း၊ မင်းအခုထိ ငါ့ကို သတ်ဖို့နည်း မတွေးမိသေးဘူးလား။ နောက်တစ်ခါတော့ ဘာအကြောင်းမှ မရှိပဲ သွေးမအန်ဖို့ မျှော်လင့်ပါတယ်။"

ထိုသည်ကိုကြားပြီးနောက် အန်လင်း၏ နှုတ်ခမ်းများက ရှုံ့တွသွားလေ၏။ သူက အမှန်တကယ်တော့ တရားထိုင်နေစဉ်တွင် ဖြစ်နိုင်သော နည်းလမ်းတစ်ခုကို တွေးမိသော်လည်း ထိုသည်က အန္တရာယ်ကင်းသော နည်းလမ်းတော့မဟုတ်ပါပေ။ အမှန်တော့ သူသေဆုံးရန်အတွက် အရာများက အနည်းငယ် လွှဲချော်သွားရန်သာ လိုအပ်ပေ၏။

"ကျွန်တော်က ဖြစ်နိုင်တဲ့နည်းတစ်ခုတော့ တွေးမိပါတယ် ဒါပေမဲ့ ရှေ့မဆက်ခင် မေးခွန်းနည်းနည်းမေးရလိမ့်မယ် စီနီယာ ရှောင်တု။" အန်လင်းက ပြန်မဖြေမီ အနည်းငယ် တုံ့ဆိုင်းနေလေ၏။

"ဟုတ်ပြီ။ ငါမင်းရဲ့ မေးခွန်းတွေကို ကြိုးစားပြီး ဖြေပါ့မယ်။" ရှောင်တုက ခေါင်းငြိမ့်လိုက်၏။

"စီနီယာ၊ တကယ်လို့ အစ်ကို့ တာအိုရဲ့ စွမ်းအားက သက်သေခြင်းကနေ တားဆီးနေတာမဟုတ်ရင် ကိုယ့်ကိုယ်ကို သတ်သေဖို့ နည်းစနစ်တွေ ဘယ်လောက်များများရှိလဲ။" အန်လင်းက မေးလိုက်၏။

"အတော်များများရှိတယ်... ငါက ဖျက်ဆီးမဲ့တာအိုကို လေ့လာခဲ့ပေမဲ့ ငါက တာအိုပေါင်းစပ်ခြင်းအဆင့်ကို အောင်အောင်မြင်မြင်မရောက်သေးဘူး။ အဲ့လိုပဲ တိုက်ခိုက်မှုထဲမှာ ပါနေတဲ့ ဖျက်ဆီးခြင်း စွမ်းအင်က ငါ့ရဲ့ ကာကွယ်နိုင်တဲ့ အဆင့်ထက် ပိုပြီး များနေရင် ငါက အသတ်ခံရနိုင်သေးတယ်။ စဉ်းစားကြည့်ရရင်... ငါက ငါ့ကိုယ်ငါသာ သတ်သေနိုင်ရင် အကြမ်းဖျဉ်း နည်းလမ်းပေါင်း သောင်းကျော်တော့ ရှိလောက်မယ်..." ရှောင်တုက ဂရုတစိုက် စဉ်းစားပြီး ပြန်ဖြေလိုက်၏။

ထိုသည်ကို ကြားပြီးနောက် လူတိုင်းက အံ့ဩသွားကာ အားငယ်ခြင်းဖြင့် လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။

ထိုသည်ကို ကြားပြီးနောက် အန်လင်း၏ မျက်လုံးများက အရောင်တောက်လာပြီး သာကဆက်ပြောလိုက်၏။ "အဲ့နည်းစနစ်တွေထဲက ဘယ်လောက်က စွမ်းအင်ကို အခြေခံတာလဲ။ အဲဒါက အောင်မြင်နိုင်ခြေများရမယ်၊ ဘေးထွက်ဆိုးကျိုးမရှိရဘူး၊ ပြီးတော့ အပျက်အဆီးကလည်း ပစ်မှတ်တစ်ခုတည်းပဲ ဖြစ်ရမယ်။"

ရှောင်တုက မျက်တောင် တဖြည်းဖြည်းခပ်ကာ အန်လင်းပြောသည့် အခြေအနေများကို တွေးတောနေလိုက်၏။

အန်လင်းက အဘယ်ကြောင့်ထိုသည်ကို မေးသည်ကို သူမသိသော်လည်း အဖြေကောင်းကို ပေးနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်လေ၏။ "ငါ့မှာ ကြယ်ပွင့်လွှမ်းခြုံခြင်း မီးတောက်လို့ ခေါ်တဲ့ နဂါးအသက်ရှုခြင်း နည်းစနစ်တစ်ခုရှိတယ်။ အဲ့နည်းစနစ်က ပစ်မှတ်ရဲ့ ခန္ဓာကိုယ်နဲ့ သတိတရားကို ချက်ချင်း ဖျက်ဆီးနိုင်ပြီးတော့ မင်းပြောတဲ့ အခြေအနေတွေ အားလုံးနဲ့ ကိုက်တယ်။ ဘယ်လိုထင်လဲ။"

ထိုအကြံကိုကြားတော့ အန်လင်းက တုန်လှုပ်သွား၏။

ဤသည်က သူမည်သို့ထင်သည်နှင့် မဆိုင်ပါပေ။ ထိုသည်မှာ ရိုးရိုးလေးပင် အရမ်းအန္တရာယ်များလှ၏။

ပစ်မှတ်ရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ်ကို ချက်ချင်း ဖျက်ဆီးပစ်မယ်...။ သူ့အစီအစဉ်က လွှဲချော်သွားခဲ့လျှင် သူက သူပင်မသိလိုက်မီတွင် ချေမှုန်းပစ်ခံရလိမ့်မည်ဖြစ်၏ ။  ဒီနည်းစနစ်က အန္တရာယ်များလွန်း၏...

"နောက်တစ်ခုစဉ်းစားလို့ရသေးလား။" အန်လင်းက မေးလိုက်သည်။

ရှောင်တုက ခေတ္တရပ်တန့်ကာ ပြန်ဖြေလာ၏။ "ငါ့မှာ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ဆွဲယူပြီး ပစ်မှတ်ရဲ့ ဝိညာဉ်နဲ့ အကျိုးတစ်ရားကို ဖြတ်ပိုင်းနိုင်တဲ့ ဓားနည်စနစ်တစ်ခုရှိတယ်။"

စောင်ကျိုးနည်း...။ အဲဒါက ပို၍ပင် ခက်ခဲပုံပဲ။

"အဟမ်း... အဲ့ဒီ့ ကြယ်ပွင့်လွှမ်းခြုံခြင်း မီးတောက်နည်းစနစ်အ​ေ​ကြာင်း နည်းနည်းထပ်ပြောရအောင်။ အဲဒါက လမ်းကြောင်းတိုက်ခိုက်မှုတစ်ခု မဟုတ်လား။" အန်လင်းက မေးလိုက်၏။

"လမ်းကြောင်း တိုက်ခိုက်မှု...။" ရှောင်တုက ထိုအခေါ်အဝေါ်က ဘာကိုဆိုလိုသည်ကို မသေချာသည်အား ရှင်းလင်းစွာ စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်တောင်ခတ်လိုက်လေ၏။

"အမ်... အဲဒါက အခြေခံအားဖြင့်တော့ ရှင်းလင်းတဲ့ မျဉ္းဖြောင့် လမ်းကြောင်းရှိတဲ့ တိုက်ခိုက်မှုတစ်ခုကိုပြောတာ။" အန်လင်းက ရှင်းပြလိုက်၏။

"အိုး… ဟုတ်တယ်။" ရှောင်တုက ခေါင်းငြိမ့်ပြလိုက်၏။

အန်လင်းက ထိုသည်ကိုကြားပြီးနောက် သက်ပြင်းချလိုက်ပြီး သူ့မျက်နှာထက်တွင် ယုံကြည်ချက်များ ပြန်ပေါ်လာလေ၏။ "စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော့ကို အစ်ကိုရဲ့ ကြယ်ပွင့် လွှမ်းခြုံခြင်း မီးတောက်နည်းစနစ်နဲ့ တိုက်ခိုက်ပါ။"

ဘာကြီး...။

အလန့်တကြားဖြစ်နေသော လူတိုင်းက အန်လင်းကို လှည့်ကြည့်လိုက်ကြ၏။

"မင်း သေချင်လို့လား။ ဘာလို့လဲ။" ဟုန်ဒူက ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။

"အန်လင်း၊ ဘာ...ဘာလို့ အဲဒါကို နင့်အတွက် လိုချင်တာလဲ။ ပြီးတော့ နင်က သေတမ်းစာမရေးရသေးဘူးလေ။ နင့်ရဲ့ သိုလှောင်လက်စွပ်ကို ဘယ်သူက အမွေခံမှာလဲ။" လျှိုချူးချူးက တအံ့တဩမေးလိုက်သော်လည်း သူမက ဘာက အရေးကြီးသလဲဆိုသည်ကို မမေ့သည်မှာ ရှင်းလင်းလှပေ၏။

"ဘီလူး အန်လင်း၊ နင်က ငါနဲ့အတူတူ ကမ္ဘာကြီးကို ရှာဖွေမယ်လို့ ကတိပေးထားတယ်မလား။" တီနာ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းနေပေ၏။

"မင်းတို့က အပိုတွေ လုပ်နေတာပဲ။ ငါက မသေချင်ပါဘူး။ ပြီးတော့ ငါအဆင်ပြေမှာပါ။ အဲဒါက အစီအစဉ္ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။" အန်လင်းက သူ့လက်ကို ဝှေ့ယမ်းပြကာ ရှောင်တုဆီသို့ လှည့်လိုက်လေ၏။ ထို့နောက် သူက ပြောလိုက်၏။ "ကျေးဇူးပြုပြီး ကျွန်တော့်ကို အစွွမ်းကုန် တိုက်ခိုက်ပါ။ ကြယ်ပွင့် လွှမ်းခြုံးခြင်း နည်းစနစ်က အဆင်ပြေပါတယ်။"

သူက ရှောင်တုကို သူ့အစီအစဉ်ကိုပြောပြလိုက်ခြင်းက အစီအစဉ်၏ မိမိကိုယ်ကို သတ်သေခြင်းအပိုင်းကို သူ့၏ တာအိုအား သတိပေးကာ အစီအစဉ်ကို လုံးဝ ဖျက်စီးပစ်နိုင်သည်မို့ ထိုသည်ကို မပြောပြတော့ပါ။

"တကယ်လား။ မင်းက သေရမှာ မကြောက်ဘူးလား။" ရှောင်တုက စိတ်ဝင်တစား မေးလိုက်လေ၏။

"ကျွန်တော်က သေရမှာ ကြောက်ပေမဲ့ သေမှာမဟုတ်ဘူး။ အချိန်ကျလာတဲ့ အချိန်ကျရင် အစ်ကိုလဲ သေရမှာ မကြောက်ဖို့ မျှော်လင့်ပါတယ်။" အန်လင်းက အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။

"ဟားဟားဟား... ဟုတ်ပြီ။ စိတ်ဝင်စားစရာပဲ။ အဲဒါဆို မင်းပြောတဲ့အတိုင်း ငါလုပ်တော့မယ်။ မသေအောင် ကြိုစားပေါ့။" ရှောင်တုက ဟင်ဟက်ပက်ပက်ရယ်မောကာ သူ့ပါးစပ်ကို ပြန်ဖွင့်လိုက်ပြီး အန်လင်းပေါ်သို့ သူ့ပစ်မှတ်အဖြစ် ချိန်လိုက်လေ၏။

ကြယ်ပွင့် လွှမ်းခြုံခြင်း မီးတောက်နည်စနစ်...

ဘုန်း...

ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မီးတောက်များက ပျက်သုဉ်းခြင်း၏စွမ်းအားဖြင့် အန်လင်းဆီသို့ ပျံ့လွင့်သွားကာ သူ့ရှေ့က နေရာလပ်ကို ကြေမွသွားစေ၏။

------------------

All Chapters