← Chapters

သူတကယ်ပဲ ကိုယ့်ကိုကိုယ် သက်သေသွားတယ်

Vol. 37 Ch. 510

သူတကယ်ပဲ ကိုယ့်ကိုကိုယ် သက်သေသွားတယ်

Vol. 37 Ch. 510

အကွာအဝေး အက်ကြောင်းလေးများက အနက်ရောင်မီးတောက်များနှင့်အတူ ပေါ်လာလေ၏။

ပျက်သုဉ်းခြင်း၏ ဖျက်ဆီးစေနိုင်သော စွမ်းအားက အပြင်ဘက်သို့ ထွက်လာကာ လူတိုင်းကို အသက်ရှုကြပ်သွားစေ၏။

အားအပြည့်သွင်းထားသော ဗာမီလီယမ်ငှက်ကြေးမုံက အန်လင်း၏ လက်ထဲတွင် ပေါ်လာလေ၏။ သူက ကြေးမုံကို အသက်သွင်းလိုက်သောအခါ အန်လင်းခန္ဓာကိုယ်၏ ပတ်လည်တွင် လှိုင်းထနေသည့် ကြေးမုံမျက်နှာပြင်တစ်ခုက အကာအကွယ်တစ်ခုအဖြစ် ပေါ်လာလေ၏။

ဘုန်း...

ကြယ်ပွင့်လွှမ်းခြုံမီးတောက် နည်းစနစ်က လှိုင်းထနေသော ကြေးမုံ အကာအကွယ်ကို ထိမှန်ကာ ထူးဆန်းသည့် စွမ်းအင် အတက်အကျတစ်ခုကို အစပျိုးပေးလိုက်၏။ ထို့နောက် မီးတောက်များက တစ်ခြားသော ကမ္ဘာတစ်ခုထဲသို့ ပျောက်ကွယ်သွားပုံရလေ၏။

ရှောင်တုက အနည်းငယ် တုံ့ဆိုင်းသွားလေ၏။ သူက အန်လင်းကို ကြည့်လိုက်သောအခါ သူ့ပုံရိပ်သူ ပြန်မြင်နေရ၏။

သူ့ပုံရိပ်က ပါးစပ်ကို ဖွင့်လိုက်ကာ အနက်ရောင်မီးတောက်များ ထုတ်လွတ်လိုက်၏။

ဘုန်း...

ကြယ်ပွင့်လွှမ်းခြုံခြင်းမီးတောက် နည်းစနစ်က လှိုင်းထနေသော ကြေးမုံမှ ထွက်လာပြီး ဖျက်သုဉ်းခြင်း၏ အလွန်အမင်း ​ကြောက်မက်ဖွယ်စွမ်းအင်နှင့်ပြည့်နှက်နေသော အနက်ရောင်မီးတောက်များက ရှောင်တုထံသို့ တိုးဝင်သွားလေ၏။

ဤတစ်ကြိမ်တွင် ရှောင်တုက တကယ်ပင် ကြောင်အသွားလေ၏။

သူက သူ့ဆီသို့ တိုးဝင်လာသော အနက်ရောင်မီးတောက်များကို စိုက်ကြည့်ကာ ခေတ္တမျှ တွေးတောနိုင်စွမ်း ပျောက်ဆုံးသွားလေ၏။

သူ့စိတ်ထဲတွင် အတွေးတစ်ခုက ပျံ့နှံ့နေလေ၏။ ရှောင်ရမည်လား။ မရှောင်ပဲနေရမည်လား။

ဤသည်က ကိုယ့်ကိုယ်ကို သတ်သေခြင်းဟု ယူဆ၍ မရဘူး မဟုတ်လား။ ဤသည်က အန်လင်း၏ တိုက်ခိုက်မှု ဟုတ်သည်မလား။ ထိုသည်က သူ့၏ တာအိုကို မချိုးဖောက်သည်မှာ သေချာပါ၏...။

ထိုအတွေးများအားလုံးက သူ့ခေါင်းထဲတွင် ပြေးလွှားနေစဉ်မှာပင် မီးတောက်နက်များက သူ့အား လုံးဝ လွှမ်းခြုံသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် သတိတရားများကို ပျက်သုဉ်းသွားစေလေ၏။

နောက်ဆုံးတိုက်ခိုက်မှုက မည်မျှ ကြောက်မက်ဖွယ် ဖြစ်သည်ကို အထူးပြုပေးနေသည့် ချွင်းချက်အနေဖြင့် လေထဲတွင် အကွာအဝေး အက်ကြောင်းများ ပေါ်နေသည်မှလွဲ၍ အရာရာမှာ အရင်အတိုင်း ပြန်ဖြစ်သွားလေ၏။

လျှိုချူးချူးနှင့်တခြားသူများက ရှောင်တု ထိုင်နေခဲ့သောနေရာကို ကြည့်ကာ ထို့နောက် ခြစ်ရာတစ်ခုပင် မရသော အန်လင်းဆီသို့လှည့်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်ကြလေ၏။

"အဲဒါက ဘယ်လို မန္တန်နည်းစနစ်မျိုးလဲ။ အဲဒါက အဲ့လို ကြောက်စရာ တိုက်ခိုက်မှုမျိုးကို ဘယ်လိုလုပ်ပြီး တန်ပြန်စေနိုင်တာလဲ။" လင်းယင်က အန်လင်းကို အံ့ဩ၊ ထိတ်လန့်၊ လေးစားခြင်းများဖြင့် ကြည့်ရှုလိုက်လေ၏။

"နင်က တိုက်ခိုက်ခံဖို့ တောင်းဆိုတာ မအံ့ဩတော့ပါဘူး။ နင့်မှာ တစ်လျှောက်လုံး ပြင်ဆင်လာတဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ် ရှိနေတာပဲ။" လျှိုချူးချူး၏ မျက်နှာထက်တွင်လည်း လေးစားမှုများပေါ်လာကာ အန်လင်းအား မျက်လုံးတောက်တောက်များဖြင့် ငေးကြည့်နေလေ၏။

တီနာက အန်လင်း၏ ပတ်လည်တွင် ပျော်ရွှင်စွာ ပျံသန်းကာ ချီးကျူးစကားများဆိုလိုက်လေ၏။ "ဘီလူး အန်လင်း၊ နင်ရဲ့ အစီအစဉ်က လုံးဝကို ပြီးပြည့်စုံတာပဲ။ လူတိုင်းရဲ့ အဆိုးဆုံး ရန်သူက သူတို့ကိုယ်တိုင်ပဲဆိုတဲ့ စကားပုံလိုပဲ။ ရှောင်တုကို သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ပြန်သတ်လိုက်တာက လုံးဝကို ပြောင်မြောက်လွန်းတဲ့ ညာဏ်ကြီးရှင်ပဲ။ အား~~~ ဘီလူးအန်လင်း၊ နင်က ထူးချွန်သူတွေကြားက ထူးချွန်သူပဲ။"

တီနာပြောသမျှမှာ အသုံးမကျသော်လည်း အန်လင်းမှာ ထိုကဲ့သို့ ချီးကျူးမှုကို ခံရသည်အား အလွန်ပျော်နေပေ၏။ သူက တည်ငြိမ်သော အပြုံးဖြင့် လူတိုင်းဆီသို့လှည့်လိုက်လေ၏။

ဟုန်ဒူမှာ ထိုအပြုံးက အလွန်တောက်ပနေသည်ဟု ခံစားရကာ နောက်သို့ပင် အနည်းငယ် ပြန်ကျသွားလေ၏။

ထိုအချိန်မှာပင် တခြားကမ္ဘာမှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေ၏။ "အား... ငါက လွတ်မြောက်သွားပြီ။ ကျေးဇူးပဲ အားလုံး။ ကျေးဇူးပဲ အန်လင်း။ ငါဒီလောက်ထိ ပျော်ရလိမ့်မယ်လို့ မထင်ထားဘူး...။"

ထိုအသံကို ကြားပြီးနောက် လူတိုင်းက တုန်ယင်သွားလေ၏။ ထိုသည်က ရှောင်တု၏ အသံဖြစ်ပေ၏။

ထိုစကားများက ထိုက်ချူဘာသာစကားရော ရှေးဟောင်းလူသား ဘာသာစကားရော မဟုတ်ပါပေ။ သို့သော် ထိုအစား ထိုသည်က အလွန်ထူးခြားသော ဘာသာစကားတစ်ခုဖြစ်ကာ သူတို့၏ နားထဲသို့ တိုက်ရိုက်စီးဝင်ကာ ရှောင်တုပြောသည်အား သူတို့ကို နားလည်စေ၏။

အန်လင်းနှင့် တခြားသူများက ချက်ခြင်းပင် ပတ်ဝန်းကျင်သို့ အံ့ဩတကြီး လိုက်ရှာလိုက်သော်လည်း ရှောင်တု၏ ​လမ်းစ လုံးဝ မတွေ့ရပါပေ။

"ငါ့ကို ရှာစရာ မလိုတော့ဘူး။ ငါက သေပြီးသွားပြီ။ အခု မင်းတို့ကို စကားပြောနေတာက ငါ့ရဲ့ တာအိုစိတ်ဆန္ဒ အနည်းငယ်ပဲ။ ဒီတာအို စိတ်ဆန္ဒလေးက မကြာခင် ပျောက်ကွယ်တော့မှာ။ ပြီးတော့ အဲ့အချိန်ကျရင် ငါ့ရဲ့ ပြန်လည်ရှင်သန်ခြင်း မန္တန်ဖွဲ့စည်းခြင်းက အသက်ဝင်လာလိမ့်မယ်။"

ပြန်လည် ရှင်သန်ခြင်း ဖွဲ့စည်းခြင်း...။

အန်လင်းက ထိုသည်ကို ကြားပြီးနောက် သွေးအန်တော့မလိုပင် ဖြစ်သွားလေ၏။ "စောက်ကျိုးနည်း။ အစ်ကိုက ကိုယ့်ကိုယ်ကို ပြန်ပြီး အသက်သွင်းနို်င်တာလား။ အဲဒါဆို အစ်ကိုက တကယ်တောင် မသေဘူးပေါ့။"

"မဟုတ်ဘူး။ ငါက တကယ်သေသွားတယ်လေ။ အဲ့လိုမှ မဟုတ်ရင် ပြန်လည် ရှင်သန်ခြင်း ဖွဲ့စည်းခြင်းက ဘယ်လိုလုပ်ပြီး အသက်ဝင်မှာလဲ..."

"ဒီလှောင်ချိုင့်က ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ နိယာမတွေနဲ့ ဖန်တီးထားတာ။ ငါက သေခြင်းကနေ ပြန်ရှင်မလာခင် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက အတားအဆီးကို ဖြတ်ပြီးမှ အဲဒါကနေ ချိုးဖောက်နိုင်မှာ။

"ဟီးဟီး... ကံကောင်းတာက ငါက ငါ့ရဲ့ ပြန်လည် ရှင်သန်ခြင်းကို လိုလိုမယ်မယ် ပြင်ဆင်ထားခဲ့လို့။ အဲ့လိုမှ မဟုတ်ရင် ငါက တကယ်ပဲ ထာဝရသေဆုံးသွားမှာလား ဒါမှမဟုတ် သေပြီး ဝိညာဉ်ဖြစ်တဲ့အခြေအနေမှာ ပိတ်မိနေမှာလားဆိုပြီး ဖိအားပေး ရွေးချယ်ရတော့မှာ...

"မင်းတို့အချိန်တွေကို ထပ်မဖြုန်းတော့ပါဘူး။ ငါက ဒီကိုလာတာ ပြိုကျနေတဲ့ ကျောက်တုံးတိုင်ရဲ့အောက်မှာ ငါဒီမှာ ပိတ်မိနေတဲ့ အချိန်အတွင်း ငါဖော်ထားတဲ့ အဆင့် ၅ အင်မော်တယ်ဆေးတောင့်၊ လောင်ကျွမ်းနေမင်းဆေးတောင့် ခြောက်တောင့် ရှိတယ်ဆိုတာ ပြောမလို့။ အဲ့ဆေးတောင့် သောက်သုံးရင် စားသုံးသူရဲ့ ငုပ်လျှိုးနေတဲ့ အလားအလာကို အချိန်တိုအတွင်းမှာ ထုတ်ပေးနိုင်တယ်။ အဲဒါက သုံးရတာ ပျော်စရာကောင်းတယ်..."

ရှောင်တု၏ အသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် လေပြည်လေးတစ်ခုကဲ့သို့ လေထုကို ဖြတ်သွားလေ၏။

ထိုသည်ကို ကြားပြီး လူတိုင်း၏ မျက်လုံးများက  အရောင်တောက်သွားကာ အားလုံးက ပြိုကျနေသော ကျောက်တိုင်ကြီးဆီသို့ ပြေးသွားကြ၏။

ဘုန်း ဘုန်း ဘုန်း...

နေရာကူးပြောင်းခြင်း နည်းစနစ်။ တူးဖော်ခြင်း နည်းစနစ်။

မကြာမီတွင် ရှုပ်ထွေးလှသော သေတ္တာတစ်ခုသည် လူတိုင်း၏ရှေ့တွင် ပေါ်လာလေ၏။

အန်လင်းက သေတ္တာအဖုံးကို မကြည့်လိုက်သောအခါ အတွင်းရှိ ဆေးဆောင့်များ၏ ရနံ့က ၎င်းတို့ပတ်လည် နေရာအနှံ့ ပျံ့နှံ့သွားလေ၏။ ဆေးတောင့်များမှ ဖိတ်စင်လာသော စွမ်းအင်များသည် မီတာရာနှင့်ချီ၍ အပြင်ဘက်သို့ လွင့်ထွက်သွားသော လောင်ကျွမ်းနေသည့် အပူလှိုင်းကို ဖန်တီးကာ လူတိုင်း၏ မျက်လုံးများကို စိတ်လှုပ်ရှားမှုဖြင့် လင်းလက်သွားစေ၏။

"ငါက အလုပ်အများဆုံး လုပ်ခဲ့တာဆိုတော့ နှစ်ခုယူခွင့်ရှိတယ် ဟုတ်တယ်မလား။" အန်လင်းက နှုတ်ခမ်းသပ်ကာ မေးလိုက်လေ၏။

မည်သူကမှ မငြင်းဆန်ပါပေ။ သို့ဖြစ်၍ အန်လင်းက လောင်ကျွမ်းနေမင်းဆေးတောင့်သုံးခုကို သိမ်းယူလိုက်လေ၏။

ဟုန်ဒူကလည်း လောင်ကျွမ်းနေမင်းဆေးတောင့်ကို ရှက်ရွံ့စွာယူလိုက်၏။ မည်သို့ဆိုဆို သူကို့ သူတို့က လမ်းတစ်ခုလုံး သယ်ဆောင်လာရ၍ ဆေးတောင့်တစ်ခုယူရခြင်းကို အနည်းငယ် အားနာနေလေ၏။

လျှိုချူးချူးသည် အခြားတန်ဖိုးရှိသောအရာများ ရှိမရှိကို သိရှိရန် မြေပြင်တွင် ဆက်လက်တူးဖော်နေပြီး အန်လင်း၏ အတင်းဆွဲထုတ်ခံရပြီးနောက်တွင်မှ သူမက မကျေမနပ် ရပ်တန့်သွားခဲ့၏။

ဤဘေးမဲ့တောသည် အချင်းဝက်ပေတစ်သောင်းဝန်းကျင်သာရှိပြီး အတွင်းရှိအရာအားလုံးသည် အဖြူရောင်ဖုန်မှုန့်များအဖြစ်သို့ လျော့ကျသွားခဲ့၏။ အန်လင်းနှင့် အခြားသာများကြောင့် အရိုးစု ဘီလူးများပင် လုံးလုံးလျားလျား ချေမှုန်းခံလိုက်ရ၏။

သူတို့သည် ဘေးမဲ့တောကို နောက်ထပ် ရှာဖွေမှု ပြုလုပ်ပြီးနောက် ဘာမှမတွေ့သောကြောင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။

ရေကန်ဖြူ၏ အလယ်ဗဟိုတွင် ကြီးမားသော ရေစက်ပေါက်ကြီးတစ်ခု ပေါ်လာပြီး ပုံရိပ်ငါးဦးက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်လာလေ၏။

အချိန်တွေက မိုးကုပ်စက်ဝိုင်းကို ကျော်နေပြီဖြစ်ကာ သူတို့မသိခင်မှာပင် နောက်တစ်ရက် ကုန်လွန်သွားခဲ့၏။

"ငါတို့က ပန်းလုံတောင်နဲ့ အနီးဆုံးနေရာဖြစ်တဲ့ ကောင်းကင်ဘုံနှင်းချောက်နက်တောင်သို့ သွားမှာ။ ရှောင်တု၏ ပြောပုံအရဆို နယ်မြေအဆီအနှစ် သလင်း​ကျောက်တွေက အဲ့ဒေသတွေမှာ ပေါ်လာနိုင်ချေ များတယ်တဲ့။ နင်တို့ အတူတူ လိုက်ခဲ့ချင်လား။"  အန်လင်းက ဟုန်ဒူနှင့် လင်းယင်ကို လှည့်ကြည့်လိုက်သည်။

လင်းယင်က ခေါင်းညိတ်ပြလိုက်၏။ "ငါတို့က ပန်းလုံတောင် အများစုကို ဖြတ်လာပြီး နယ်မြေအဆီအနှစ် သလင်းကျောက်များတွေ ငါတို့တတ်နိုင်သလောက် ရခဲ့ပြီးပြီမို့ ကောင်းကင်ဘုံနှင်း ချောက်နက်တောင်တန်းကိုလည်း သွားဖို့ စီစဉ်ထားကြတာ။ ပြောကြတာတော့ အဲဒီမှာရှိတဲ့ နှင်းသားရဲတစ်ကောင်ချင်းစီရဲ့ခန္ဓာကိုယ်ထဲမှာ နယ်မြေအဆီအနှစ်သလင်းကျောက်တွေရှိတယ်တဲ့။ အဲဒါအမှန်ပဲလားဆိုတာ ငါသိချင်တယ်။"

လျှိုချူးချူးက သူမ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ "အဲဒါက မှန်တော့လဲ ဘာဖြစ်လဲ။  ရန်သူတွေကို သတ်တာက နှင်းသားရဲတွေကိုသတ်တာထက် အမြတ်ပိုပြီး မြန်မြန် ရနိုင်တာကို။ ငါ့ကိုမေးရင်တော့ လူသတ်ပြီး လုယက်တာကသာ သွားရမယ့်လမ်းပဲ။”

လင်းယင် : "..."

ဟုန်ဒူ : "..."

အန်လင်းက နောက်ဆုံး ဆုံးဖြတ်ချက်မချမီ ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်ပြီ။ အဲဒါဆို ကောင်းကင်ဘုံ မြူနှင်း ချောက်နက်တောင်ကို သွားကြရအောင်။"

ကောင်းကင်ဘုံ မြူနှင်း ချောက်နက်တောင်။

ထိုသည်က အဆုံးမရှိ ရေခဲနှင့် မြူနှင်းများဖြင့် လွှမ်းခြုံထားသော ဒေသဖြစ်၏။

ထိုဒေသသို့ ကျရောက်မှသာ နေရောင်က သူတို့အတွက် နွေးထွေးမှု အရိပ်အယောင်လုံးဝမရှိသည့် အပြာရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းသွားကြ၏။

ကောင်းကင်တစ်ခုလုံးကို ဖြတ်သန်းကာ ကျယ်ပြန့်နေသော အနက်ရောင် အက်ကွဲကြောင်းကြီးတစ်ခုရှိကာ သေဆုံးခြင်းနှင့် ပျက်သုန်းခြင်း၏ အော်ရာများထုတ်လွတ်နေသည်မှာ ကောင်းကင်ဘုံများးက ဒဏ်ရာရနေသကဲ့သို့ပင်။

တောင်ထိပ်တွင် ဧရာမရေခဲပုံဆောင်ခဲကြီးတစ်ခု ရှိနေပြီး ကောင်းကင်ယံရှိ အက်ကွဲကြောင်းကြီးအတွင်း ပျက်စီးနေသော စွမ်းအားကို စုပ်ယူရင်း မျက်လုံးမှိတ်ကာ တရားထိုင်နေသော အလွန်လှပသည့် အမျိုးသမီးတစ်ဦး ထိုင်နေပေ၏။

အစွမ်းထက် မြူနှင်း နတ်မိမယ်ခြောက်ယောက်က သူတို့၏ပတ်ဝန်းကျင်ကို သတိကြီးကြီးထားကာ ကြည့်ရှုနေပြီး ရေခဲပုံဆောင်ခဲတစ်ဝိုက်တွင် စောင့်ကြပ်နေလေသည်။

“နန်းတော်ခေါင်းဆောင် ချီ၊ ရှန်းကွမ်ယီရဲ့ စုပ်ယူမှုနှုန်းက ငါတို့ မျှော်လင့်ထားတာထက် ပိုမြန်ပုံရတယ်။ ဒီနှုန်းနဲ့ဆို သူမက ရေခဲမျိုးနွယ်စုခေါင်းတောင်အမျိုးသမီးရဲ့ စိတ်ဝိညာဉ် အော်ရာကို နောက်ရက်ကျရင် အများဆုံး နိုးထနိုင်လောက်မှာ။ ဒါဆို ငါတို့က ဒုတိယအစီအစဥ်ကိုလည်း ပြီးအောင်လုပ်နိုင်တယ်မလား။” သေးသွယ်သော မြူနှင်း နတ်မိမယ်တစ်ဦးက အကြံပြုလိုက်သည်။

"ငါတို့က ဒုတိယအစီအစဥ်ကို ပြီးမြောက်အောင်လုပ်ဖို့ အချိန်အလုံအလောက်ရှိတယ်။ ဒါပေမဲ့ ရှန်းကွမ်ယီကိုကာကွယ်ခြင်းက ငါတို့ရဲ့ ပ်မဦးစားပေးတာကို မမေ့နဲ့။ ရှန်းကွမ်ယီကို အန္တရာယ် လမ်းကြောင်းပေါ် ရောက်စေမဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို ငါတို့ ရှောင်ရမယ်။" ကျောပြင်ပေါ်တွင် ကြီးမားသော ရေခဲတောင်ပံများ ပေါက်နေသော ရေခဲနတ်မိမယ်တစ်ဦးက ခိုင်မာသောအသံဖြင့် အကြံပြုချက်ကို ပယ်ချလိုက်၏။ သူမသည် ဤရေခဲနတ်မိမယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်မှာ ထင်ရှားလှပေသည်။

"အဟမ်း... အဲဒါဆိုလဲ ပြီးရောလေ... အဲဒါက နှမြောစရာပဲ..." သေးသွယ်သော ရေခဲနတ်မိမယ်​လေးက နှုတ်ခမ်းဆူကာ အေးစက်သော အမူအရာဖြင့် ကိုယ်စားလှယ် နန်းတော်ခေါင်းဆောင်ဆီမှ အဝေးသို့ လှည့်သွားလိုက်လေ၏။

------------

All Chapters