← Chapters

လူသားမျိုးနွယ်ကို တွေးတောမိခြင်း

Vol. 37 Ch. 511

လူသားမျိုးနွယ်ကို တွေးတောမိခြင်း

Vol. 37 Ch. 511

ရှေးဟောင်းထိုက်ချူနယ်မြေပေါ်ရှိ နေရာတစ်ခုပေါ်တွင်...။

ဤနေရာ၌ အာရုံတက်ရော နေဝင်ချိန်ရော မရှိပါပေ။ အဆုံးမရှိ ကြယ်စုံသော ညကောင်းကင်ယံသာ တည်ရှိလေ၏။

ကို့ယို့ကားယားနိုင်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော အကွာအဝေး နယ်မြေများနှင့် ကြမ်းတမ်းပြီး အညှာအတာမဲ့သော ပျက်ပြယ်ခြင်းသားရဲများ၊ ဖရိုဖရဲဖြစ်ခြင်းများနှင့် ပျက်သုန်းခြင်းများမှ မွေးဖွားလာသော ရတနာများ အားလုံး...။ ဤနေရာမှာ အရာအားလုံးရှိနေပေ၏။ ထိုသည်က ရှေးဟောင်းထိုက်ချူကုန်းမြေကြီး၏ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းဖြစ်ကာ အဆုံးမရှိ ဘေးအန္တရာယ်များနှင့် ပြည့်နေသော်လည်း မရေမတွက်နိုင်သော အခွင့်အရေးများရှိနေလေ၏။

ဤနေရာမှာ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များအတွက် အဓိက စစ်မြေပြင် ဖြစ်လေ၏။

ကြီးမားခမ်းနားသော ယဇ်ပလ္လင်တစ်ခုအနီးတွင် အဖြူရောင်ဝတ်ရုံဝတ်ထားသော ဓားအင်မော်တယ်တစ်ဦးသည် သူ့ရှေ့မှ ပြိုးပြိုးပြက်ပြက်လက်နေသော ဓားအလင်းတန်းများကို ဖြတ်တောက်လိုက်ရာ ၎င်းတို့အားလုံးသည် အောက်ဘက် မြေပြင်တွင် အလျားဆယ်ကီလိုမီတာနီးပါးရှိသော ​တွင်းကြီးများ ဖန်တီးနိုင်ခဲ့ကြသည်။

တွန့်လိမ်နေသော ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်သုံးခုက စူးစူးဝါးဝါးအော်ဟစ်ကာ အဖြူရောင်ဝတ်ရုံဖြင့် ဓားအင်မော်တယ်ဆီသို့ တဟုန်ထိုး တိုးဝင်သွားလေ၏။

ဟာလာပြင်စိတ်ဝိညာဉ် ခန္ဓာကိုယ်များထဲမှ တစ်ခုက အချင်းဝက် ၅ကီလိုမီတာအတွင်းရှိ နေရာလပ်ကို ပျစ်ချွဲလှသော သွေးအိုင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်၏။ ဓားအင်မော်တယ်မှ ထုတ်လွှတ်လိုက်သော အလင်းတန်းများအပါအဝင် တိုက်ခိုက်မှုများ အားလုံးက ထိုအဆုံးမရှိ သွေးပင်လယ်ထဲသို့ ဝင်ရောက်လာသောအခါ တဖြည်းဖြည်းပျောက်ကွယ်သွားလေ၏။

တခြား ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်က ဖျက်ဆီးခြင်း လျှပ်စီးကို ကိုင်ဆောင်ထားကာ ထိုသည်က ထုတ်လွတ်လိုက်သော လျှပ်စီးက နေရာလပ်ကိုလည်း ထိုဖောက်သွားနိုင်ပြီး သူ့လမ်းကြောင်းမှ အရာရာကို ချေမှုန်းပစ်နိုင်လေ၏။

နောက်ဆုံး ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်မှာ ပေါ်လာပြီးနောက် သူ့၏ ဖြစ်တည်မှုက ဗလာအဖြစ်သို့ ထပ်မံ ပျောက်ကွယ်သွားလေ၏။ သို့သော် အလွန်ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်က ထိုအရာ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာကာ ထိုသည်က ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်များထဲတွင် သေစေနိုင်ဆုံး ဖြစ်လေ၏။

"ကူးကူး... လုဒုန်းဘင် မင်းမလွတ်ပါဘူး။ မင်းလိုမျိုး အရသာရှိတဲ့ ဝိညာဉ်ကို စားသုံးခွင့်ရတာ တင်မကပဲ မင်းရဲ့ အေးစက်ပြီး သေဆုံးနေတဲ့ လက်တွေထဲက နယ်မြေအူတိုင်ရဲ့အပိုင်းအစတွေကို ကော်ထုတ်ခွင့်ပါရတာ ငါက ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။" ချွဲပစ်နေသော သွေးပင်လယ်၏ အလယ်တွင် မတ်တပ်ရပ်နေသော ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်က ကောက်ကျစ်သော ရယ်သံတစ်ခုကို ပြုလုပ်လိုက်ကာ သူ့၏ တွန့်လိမ်နေသော လက်မောင်းများကို လေထဲတွင် ဝှေ့ယမ်းလိုက်ပြီး သူ့ပတ်လည်မှ သွေးပင်လယ်က မရေမတွက်နိုင်သော ကြက်သွေရောင် လက်ကြီးများအဖြစ်သို့ ပြောင်းသွားပြီး လုဒုန်းဘင်ဆီသို့ တိုးဝင်သွားလေ၏။

"ဟမ့်...။ မင်းက ငါ့ကို မသတ်နိုင်ပါဘူး။" လုဒုန်းဘင်၏ လက်ထဲမှ ဓားရှည်က ဓားကိုးချောင်းအဖြစ် ကွဲထွက်သွားကာ ထိုသည်များ အားလုံးက ဦးတည်ချက်အမျိုးမျိုးသို့ ပျံသန်းသွားကာ ကြီးမာသော မန္တန်ဖွဲ့စည်းခြင်းတစ်ခု ဖြစ်ပေါ်လာစေ၏။

"နတ်ဆိုး နှိမ်နင်းခြင်း ကိုးဆ ဓားဖွဲ့စည်းခြင်း..." သူက အော်ဟစ်လိုက်ရာ မရေမတွက်နိုင်သော အလင်းဓားများက မန္တန်ဖွဲ့စည်းခြင်းအထဲတွင် ပေါ်လာပြီး ကြက်သွေးရောင် လက်များအားလုံးကို ဖမ်းဆီးကာ အပိုင်းအပိုင်းပိုင်းဖြတ်ပစ်မည့် မဖောက်ထွင်းနိုင်သော ပိုက်ကွန်တစ်ခု ဖန်တီးနေလေ၏။

ထိုအချိန်မှာပင် အောက်ဘက်မှ မြေကြီးက ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာပေတော့သည်။

အလွန်အမင်း တောက်ပနေသော အလင်းများက ယဇ်ပလ္လင်ဆီမှ ထိုးထွက်လာကာ အဆုံးမရှိ စွမ်းအားများက အပေါ်မှ ​ကြယ်ပွင့်များဆီမှ ယဇ်ပလ္လင်ဆီသို့ တိုးဝင်သွားလေ၏။

အဖြူရောင် အလင်းတိုင်ကြီးက လေထဲသို့ မြင့်တက်လာကာ မကျော်လွှားနိုင်သည့် ခွန်အားနှင့် ပြည့်နှက်နေသော နဂါးဟိန်းသံတစ်ခုက ကောင်းကင်နှင့် မြေကြီးတစ်လျှောက်တွင် ပျံ့နှံ့နေပေ၏။

လုဒုန်းဘင်မှာ အလင်းတိုင်နှင့် အနီးဆုံးဖြစ်ပေ၏။

သူ့၏ အမူအရာက သိသိသာသာပြောင်းလဲသွားကာ နောက်သို့ တပ်ဆုတ်သွားလိုက်လေ၏။

သို့သော် ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာများက သူ့အား ထိုသို့ပြုလုပ်ရန် ခွင့်မပြုမည်မှာ ရှင်းလင်းနေပြီး ဗလာအဖြစ် ပုန်းကွယ်နေသော တတိယ ဟာလာပြင်စိတ်ဝိညာဉ် ခန္ဓာကိုယ်က ရုတ်တရက် ခုန်ဝင်လာလေ၏။ ထိုအရာ၏ ခန္ဓာကိုယ်က လုဒုန်းဘင်၏ နတ်ဆိုးနှိမ်နင်းခြင်း ကိုးဆ ဓားဖွဲ့စည်းခြင်းကို မတားဆီးနိုင်သည့် အားအင်ဖြင့် စုတ်ဖြဲပစ်ကာ ဟုဒုန်းဘင်၏ ရင်ဘတ်ဆီသို့ ဦးတည်သွားသော အနက်ရောင် လှံတံတစ်အခုအ​ဖြစ် ပြောင်းလဲသွားပေ၏။

လုဒုန်းပင်မှာ သူ့ဓားဖြင့် စက်ဝိုင်းပုံအလင်းပြားတစ်ခုအား သူ့ရှေ့တွင် ဖန်တီးလိုက်ကာ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန်မှလွဲ၍ တခြားနည်းလမ်းမရှိတော့ပါပေ။

တစ်ချိန်တည်းမှာပင် ကြက်သွေးရောင် လက်ပင်လယ်ကြီးနှင့် ဖျက်ဆီးနိုင်သော လျှပ်စီးများက သူ့အပေါ်သို့ ကြောက်မက်ဖွယ်အားအင်ဖြင့် ကျဆင်းလာလေ၏။

ဘုန်း...

ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲခြင်းက အချင်းဝက် ကီလိုမီတာပေါင်းများစွာအတွင်းရှိ မြေပြင်အား ဖုန်မှုန့်အဖြစ် လျော့ချပစ်လိုက်လေ၏။ လုဒုန်းဘင်၏ ခန္ဓာကိုယ်က ​ဖျက်ဆီးနိုင်သော အားတစ်ခုဖြင့် ထိခိုက်မိသောအခါ သူ့ရှေ့ရှိ အလင်းပြားက ပြိုကျသွားကာ သူ့အား ပါးစပ်မှ သွေးများစီးကျကာ လွင့်ထွက်သွားစေလေ၏။ သူက အလင်းတိုင်ကြီးထဲသို့ အမြှောက်ဆံတစ်ခုကဲ့သို့ ဝင်တိုက်မိကာ အလင်းတိုင်ကြီးကို ပြင်းပြင်းထန်ထန် တုန်ယင်လာစေ၏။

"ဝေါင်း..."

အလျားတစ်ဆယ် ကီလိုမီတာနီးပါးရှိသော နဂါးနက်တစ်ကောင်က အလင်းတိုင်ကြီးထဲတွင် ပေါ်လာကာ ကမ္ဘာမြေအက်ကွဲစေလောက်သည့် အော်သံကြီး ထုတ်လွှတ်လိုက်လေ၏။

ထိုသည်က သူ့ပတ်လည်ရှိ အဖြူရောင်အလင်းတိုင်ကြီးကို ဖြတ်သန်းကာ ထွက်လာပြီး ကြောက်မက်ဖွယ် နဂါးခွန်အားများက ချက်ချင်းပင် ဤကမ္ဘာပေါ်သို့ ဆင်းသက်လာလေ၏။ ထိုအရာ၏ ကြီးမားသော ခန္ဓာကိုယ်က လေထဲတွင် လည်ပတ်နေကာ အနက်ရောင် ကြေးခွံများက ကြယ်များ၏ အလင်းရောင်ကို ဝါးမြိုလိုက်သည်မှာ ထိုသည်က အရာအားလုံးကို အမှောင်ထုထဲသို့ တွန်းပို့နေသကဲ့သို့ပင်။

"ငါ့ရဲ့ ပြန်လည်ရှင်သန်ခြင်းကို ဘယ်သူက နှောက်ယှက်ရဲတာလဲ။"

ကောင်းကင်ရှိ နဂါးနက်ကြီးက မိုးခြိမ်းသံတစ်ခုကဲ့သို့ အသံဖြင့် ပြောလိုက်လေ၏။

လုဒုန်းဘင်က အနက်ရောင်နဂါးကြီးကို မော့ကြည့်ကာ သူ့မျက်နှာမှ အရောင်များ ပျောက်ဆုံးသွားလေတော့၏။

သူက ဤနဂါးထက်ကြီးသော သတ္တဝါများကို မြင်ခဲ့ပြီး ဖြစ်သော်လည်း ထိုအရာကဲ့သို့ အစွမ်းထက်သည့် အော်ရာနှင့် သတ္တဝါတစ်ကောင်မှ မရင်ဆိုင်ခဲ့ဖူးပါချေ။ အရှေ့ဘက် ပင်လယ်၏ နဂါးခုံရုံးအတွင်းမှာပင် မရှိပါချေ။ ထိုသည်က ပျက်ပြယ်ခြင်း အထွတ်အထိပ်အဆင့် တောင်ပံပါ နဂါးတစ်စုံဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။ ထို့ပြင် ထိုသည်က တာအိုပေါင်းစပ်ခြင်းအဆင့်မှ အဆင့်တစ်ဝက်သာ လိုပေတော့၏။

ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စု၏ အဖွဲ့ဝင်သုံးဦးက အဝေးတွင် ရပ်နေကာ လုဒုန်းဘင်ကို ​ကောက်ကျစ်သော အပြုံးများဖြင့် ကြည့်နေကြလေ၏။

ထိုသည်က သူတို့၏ ရည်ရွယ်ချက်မှာ လုဒုန်းဘင်ကို သတ်ရန်မဟုတ်သည်မှာ ယခုတွင် အတော်ပင် ရှင်းလင်းသွားပေ၏။ ထိုအစား သူတို့က သူ့အား တောင်ပံနဂါး၏ ပြန်လည်ရှင်သန်ရေး ဖွဲ့စည်းခြင်းထဲသို့ သူ့အား တွန်းအားပေးကာ သူတို့အတွက် တောင်ပံနဂါးက လုဒုန်းဘင်ကို ဂရုစိုက်ပေးရန် ဖြစ်လေ၏။

ထို့နောက်မှ သူတို့က စားသုံးရန် လုဒုန်းဘင်၏ ဝိညာဉ်ကို ဆန်းကြယ်နည်းစနစ်တစ်ခုဖြင့် ခိုးယူနိုင်ပေလိမ့်မည် ဖြစ်သည်။

"အဆင့်တစ် ဓားအင်မော်တယ်ရဲ့ ဝိညာဉ်က အရမ်းကို အရသာရှိမှာပဲ..." လျှပ်စီးကိုင်ဆောင်သော ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်က တောက်လောင်နေသော အကြည့်များဖြင့် ကြည့်ကာ နှုတ်ခမ်းများကို သပ်လိုက်လေ၏။

"အိုး။ ငါ့ရဲ့ ပြန်လည်ရှင်သန်ရေး ဖွဲ့စည်းခြင်းကို ဝင်တိုက်တာ မင်းလား လူသား။" နဂါက လုဒုန်းဘင်ကို ကြီးမား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရာ အဆုံးမရှိသော ခွန်အားက သူ့ဆီသို့ သမုဒ္ဒရာ၏ လှိုင်းများကဲ့သို့ တိုးဝင်လာလေ၏။

လုဒုန်ဘင်က အံတင်းတင်းကြိတ်ကာ ဆင်ခြေတစ်ခုကို ရှာဖွေလိုက်၏။

သို့သော် အနက်ရောင် နဂါးက ဆက်ပြောလာလေ၏။ "ဟီးဟီး... ငါက လူသားတစ်ယောက်ရဲ့ အသတ်ခံလိုက်ရပြီး အခုလဲ နောက်တစ်ယောက်နဲ့ တွေ့ပြန်ပြီ..."

ထိုသည်ကို ကြားပြီးနောက် လုဒုန်းဘင်၏ နှလုံးသားက ချက်ချင်းပင် အေးစက်သွားလေ၏...။

ဤနဂါးက ယခုတွင် လူသားများအားလုံးကို မုန်းတီးနေနိုင်ပေ၏။ ဒီနဂါးကို ဘယ်သူသတ်လိုက်တာလဲ။ ယခုတွင် သူက သတ်ဖြတ်သူအစား နဂါး၏ ဒေါသကို ခံယူရပေတော့မည်။

လုဒုန်းဘင်က ထိုလူသားကို စိတ်ထဲတွင် အကြိမ်တစ်သောင်း ဆဲရေလိုက်ပေ၏။

ဟာလာပြင်စိတ်ဝိညာဉ် မျိုးနွယ်စုမှ ခွန်အားကြီးပုဂ္ဂိုလ် သုံးယောက်က ထိုသည်ကိုကြားပြီးနောက် ချက်ချင်းပင် ရယ်မောလာကြတော့သည်။

"ကူးကူး... ပျော်စရာကောင်းလိုက်တဲ့ တိုက်ဆိုင်မှုပဲ။ လုဒုန်းဘင်တော့ အခုဆို လုံးဝဒုက္ခရောက်ပြီပဲ။" လျှပ်စီးကိုင်ဆောင်သော ဟာလာပြင် စိတ်ဝိညာဉ်ခန္ဓာကိုယ်က ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။

"အဲဒါဆို သူက သူ့ရဲ့ ကိုယ်ပိုင်မျိုးနွယ်ဝင်တစ်ယောက်ကြောင့် ဒုက္ခရောက်ပြီလို့ ဆိုလိုတာလား။" သွေးပင်လယ်ကို အမိန့်ပေးသော ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်က အပြုံးတစ်ခုကို ဆင်မြန်းထားလေ၏။

"ငါကတော့ ဘယ်လိုခွန်အားကြီး ပုဂ္ဂိုလ်က အဲ့လောက် အစွမ်းထက်တဲ့ နဂါးကို သတ်နိုင်တာလဲဆိုတာကို ပိုသိချင်တယ်...။" သူ့တည်ရှိမှုကို ပေါ်နိုင် ဖျောက်နိုင်သော နောက်ဆုံး ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်က သူ့ကိုယ်သူ ဆိုလိုက်၏။

ထိုအချိန်မှာပင် နဂါးနက်က လုဒုန်းပင်ကို ကြည့်ကာ ဆက်ပြောလိုက်၏။ "အဲ့တော့... ငါက မင်းလို လူသားတွေကို အတော်လေး သဘောကျတယ်။ ကြည့်ရတာ မင်းက ဟာလာပြင်စိတ်ဝိညာဉ် မျိုးနွယ်စုက ဟိုကောင်စုတ်သုံး​ကောင်ဆီက အနိုင်ကျင့်ခံနေရတဲ့ပုံပဲ။ ငါမင်းအတွက် သူတို့ကို ရှင်းပေးရမလား။"

ဟမ်...

ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်များက ချက်ချင်းပင် အရယ်ရပ်သွားကြပြီး သူတို့၏ အမူအရာများက ရှုံ့တွသွားကြလေ၏။

လုဒုန်းဘင်မှာ ထိုသည်ကိုကြားပြီးနောက် ပြောစရာစကားမဲ့နေလေ၏။

ဤနဂါးက လူသားတစ်ယောက်၏ အသတ်ခံလိုက်ရသည်ကို လူသားတွေကို သဘောကျကာ သူ့ကို ကူညီချင်တယ်။

ဒီအတွေးအခေါ်က ဘာကြီးလဲဟ။ ဒီနဂါးက စိတ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်နေတာလား။

အခြေအနေကို နားလည်ရန် ကြိုးစားရင်း လုဒုန်းဘင်၏ ဦးနှောက်မှာ ရောထွေးနေလေ၏။ ထိုသည်က သူ့ကို ကူညီနေသရွေ့ နဂါးက စိတ်ဖောက်ပြန်နေသည်လား မပြန်နေသည်လားက အရေးမပါပါပေ။

သို့ဖြစ်၍ လုဒုန်းဘင်၏ မျက်လုံးများတွင် မျက်ရည်များ ဖြစ်တည်လာကာ ပူဆွေးနေသော အသံဖြင့် ပြောလိုက်လေ၏။ "စီနီယာ၊ အစ်ကိုသာ ဒီကို အချိန်မီရောက်မလာရင် ကျွန်တော်က အဲ့ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာကိုယ်တွေရဲ့ အသတ်ခံနေရလောင်ပြီ။ သူတို့က အစ်ကို့ရဲ့ မန္တန်ဖွဲ့စည်းခြင်းကို ဖျက်ဆီးဖို့ ကြိုးစားနေတာ။ ကျွန်တော်က အသက်ပေးရရင်တောင် သူတို့ကို ရပ်ဖို့ ကြိုးစားနေတာ..."

"ဟုတ်ပြီ... ဟုတ်ပြီ...။ ပေါက်ကရတေွ မပြောနဲ့တော့။ ငါသူတို့ကို မင်းအတွက် သတ်ပေးမယ်။" နဂါးနက်က စိတ်သိပ်မရှည်သည်မှာ သိသာလှကာ ထိုသည်က ချက်ချင်းပင် ဟာလာပြင် စိတ်ဝိညာဉ် ခန္ဓာများဆီသို့ ချက်ချင်း လှည့်လိုက်ပြီး ကောက်ကျစ်လှသောအပြုံးတစ်ခုက ထိုသည်၏ မျက်နှာပေါ်တွင် ပေါ်လာလေ၏။ "ငါက အချိန်အကြာကြီး လေ့ကျင့်ခန်းမလုပ်ရသေးဘူး။ မင်းတို့သုံးယောက်က ကောင်းမွန်တဲ့ အဆာပြေလေးတွေ ဖြစ်မှာပဲ..."

ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စု ကျင့်ကြံသူများက ချက်ချင်းပင် လှည့်ကာ အဝေးသို့ ထွက်ပြေးလိုက်ကြ၏။

ထို့နောက်မှာပင် သူတို့ပတ်လည်ရှိ အချင်းဝက် ကီလိုမီတာပေါင်းများစွာ ပိုင်ဆိုင်ထားသော နေရာလပ်တစ်ခုလုံးက လျှပ်စီးပင်လယ်ကြီးအဖြစ် ပြောင်းသွားကာ ကြီးမားသော အကွာအဝေး ကွဲကြောင်းများက လေထဲတွင် ပေါ်လာလေ၏...။

ဆယ်စက္ကန့်အကြာတွင် အနက်ရောင် နဂါးက သူ့အစွယ်များကြားတွင် စုတ်ပြဲနေသော ခန္ဓာကိုယ်နှစ်ခုဖြင့် ယဇ်ပလ္လင်ဆီသို့ ပြန်လာလေ၏။

"ဟမ့်... သူ့ကိုယ်သူ ဗလာနဲ့ ပေါင်းစပ်နိုင်တဲ့ ကောင်စုတ်လေးတစ်ယောက်ရှိတယ်။ သူက နောက်ဆုံးတော့ အဝေး ထွက်သွားတယ်လေ…။ငါ တကယ်ကို လေ့ကျင့်ခန်းလုပ်ခဲ့တာက အရမ်းကြာနေပြီပဲ…။” နဂါးနက်က စိတ်မချမ်းသာသော အမူအရာဖြင့် မြည်တမ်းလိုက်လေသည်။

လုဒုန်းဘင်သည် ယဇ်ပလ္လင်ဘေးတွင် ပြုံးကာ ရပ်နေပေသည်။ နဂါးနက်သည် ပျက်ပြယ်ခြင်းအဆင့်  ဟာလာပြင် စိတ်ဝိညာဉ်မျိုးနွယ်စု ကျင့်ကြံသူနှစ်ဦးကို သတ်ခဲ့ပြီး အခြားတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့၏။ သူ့မှာ ညည်းညူစရာ ဘာတစ်ခုမှ မရှိတော့ပါပေ။

“ဟင်း… ဒါပေမယ့် ဒီ ဟာလာပြင် စိတ်ဝိညာဉ် ကျင့်ကြံသူတွေက တော်တော်အရသာရှိတာပဲ။သူတို့မှာ စေးကပ်ပေမဲ့ ချောမွေ့တဲ့ အထိအတွေ့ရှိပြီး သူတို့ကို စားသုံးတာက ငါ့အသိစိတ်ကို ခိုင်ခံ့စေနိုင်တယ်…။” နဂါးနက်သည် နောက်ထပ် လိုလားတောင့်တနေသော အမူအရာဖြင့် ခန္ဓာကိုယ်နှစ်ခုကို မျိုမချမီ အကြိမ်အနည်းငယ် ဝါးလိုက်လေ၏။

"ကျွန်တော့်ကို ကယ်ပေးတာ ကျေးဇူးပါ စီနီယာ။ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းမှာ အခြား ပျက်ပြယ်ခြင်းအဆင့် ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုက ကျင့်ကြံသူတွေ အနည်းငယ်ရှိတယ်။ အစ်ကိုဆန္ဒရှိရင် အစ်ကိုစားဖို့ ကျွန်တော်က သူတို့ဆီ ခေါ်သွားပေးနိုင်တယ်…။" လုဒုန်းဘင်သည် ဤအကြံပြုချက်ကိုမပြုလုပ်မီတွင် ရယ်မောလိုက္၏။

အနက်ရောင်နဂါးသည် ၎င်း၏ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး ၎င်း၏ကိုယ်ခန္ဓာအသစ်ကို ကျင့်သားမရသေးသကဲ့သို့ ၎င်း၏အမြီးကို ဝှေ့ယမ်းလိုက်၏။ ခဏအကြာတွင် သူက လုဒုန်းဘင်အား လှည့်ကြည့်ကာ မေးခွန်းတစ်ခုမေးလိုက်၏။ "အိုး... ဟုတ်ပြီ၊ မင်းတို့လူသားတွေက တူညီတဲ့ အကွာအဝေးဖြတ်လမ်းကနေတစ်ဆင့် ရှေးဟောင်း ထိုက်ချူနယ်မြေထဲကို ရောက်လာခဲ့တာ ဟုတ်လား။"

လုဒုန်းဘင်သည် နဂါးထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ဟု မဆုံးဖြတ်မီ ခဏမျှ တုံ့ဆိုင်းသွားကာ “ဟုတ်ပါတယ် စီနီယာ” ဟု မဖြေမီ လက်ချင်းချိတ်ကာ အရိုအသေပေးလိုက်၏။

"ဒါဆို မင်းငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ရင် အန်လင်းကို ကျေးဇူးတင်လိုက်။ သူသာငါ့ကိုမသတ်ရင် မင်းကိုကယ်တင်ဖို့ ငါပေါ်လာမှာမဟုတ်ဘူး။" နဂါးနက်ကြီးက သူ့အမြီးကို မသိမသာ ဝှေ့ယမ်းပြလိုက်၏။

လုဒုန်းဘင်သည် ဤစကားကိုကြားသောအခါ လုံးဝပင် နေရာတွင် အေးခဲသွားလေ၏။ သူ့ကိုကြည့်ရသည်မှာ မိုးကြိုးပစ်ခံရသလိုပင်။

သူက ရုတ်တရက် ထိုနေ့က နန်းတော်ထဲတွင် သူ့အား အနည်းငယ် ရှက်ရွံ့နေသော အပြုံးဖြင့် ကြည့်နေသော အမျိုသားငယ်တစ်ယောက်ကို သတိရသွားလေ၏...။

စောက်ကျိုးနည်း...။

အန်လင်းက ဒီနဂါးကို သတ်နိုင်ခဲ့တယ်လား။

ဘုရားရေ...

လုဒုန်းဘင်က သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိပေ၏။

အန်လင်း... အတော်လေးကို ကြောက်စရာကောင်းတဲ့ အစွမ်းထက် အမျိုသားပဲ။

------------

All Chapters