← Chapters

မြူနှင်းဝိညာဉ်သားရဲများ ရှာဖွေခြင်း

Vol. 37 Ch. 512

မြူနှင်းဝိညာဉ်သားရဲများ ရှာဖွေခြင်း

Vol. 37 Ch. 512

"ကျွန်တော် နောက်တစ်ခါ အန်လင်းကို တွေ့ရင် ကျေးဇူးတင်ကြောင်း သေချာပြောပြလိုက်ပါမယ်။"

လုဒုန်းဘင်က လေးလေးစားစားပြန်မဖြေမီတွင် သတိစိတ်ပြန်ဝင်လာလေ၏။

နဂါးနက်ကြီးက အန်လင်းအား သူ့၏ ကျေးဇူးတင်မှုကို လုဒုန်းဘင်မှတစ်ဆင့် ပြသလိုခြင်း ဖြစ်ပေ၏။

နဂါးနက်ကြီးက အန်လင်း၏ အသတ်ခံရပြီးနောက် သူ့ကို အဘယ့်ကြောင့် ပြန်ပေးဆပ်ချင်ရသနည်း ဆိုသည်မှာတော့ သူမှန်းဆ၍ ရနိုင်သည့် တစ်စုံတစ်ရာမဟုတ်ပါပေ။ နဂါးနက်ကြီးက ရူးနေသည်ဖြစ်စေ သူမသိနိုင်သောအခြေအနေများရှိနေသည်ဖြစ်စေ သူက အကြောင်းအရင်းကို မေးမြန်မည်မဟုတ်ပါပေ။

နဂါးနက်ကြီးက ကျေကျေနပ်နပ်ခေါင်းငြိမ့်ကာ ယဇ်ပလ္လင်ဆီသို့ သက်ပြင်းချကာ လှည့်သွားလိုက်လေ၏။

ဘုန်း...

ကမ္ဘာမြေအက်ကွဲစေနိုင်သည့် စုပ်ယူစွမ်းအားက သူ့ပါးစပ်မှ ထွက်လာကာ ယာဇ်ပလ္လင်ကို ပြိုကျသွားစေ၏။

အဆုံးမရှိ စုပ်ယူစွမ်းအားများဖြင့် ပြည့်နေသော မင်နက်ရောင် လေပွေတစ်ခုက နဂါးနက်ကြီး၏ ပါးစပ်ထဲတွင် ပေါ်လာပြီး ယဇ်ပလ္လင်အောင်ရှိ တစ်ချိန်တည်းမှာပင် စစ်မှန်ပုံရော အတုအယောင်ပုံရော ရသည့် အဖြူရောင်အပိုင်းအစတစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ဆွဲယူသွားလေ၏။

"ဟားဟားဟား... ကောင်းတယ်ဟေ့။ အဲဒါက နယ်မြေအူတိုင်ရဲ့ အပိုင်းအစတစ်ခုပဲ။ အဲဒါက ငါ့ရဲ့ ပြန်လည်ရှင်သန်ခြင်းကို ဆင်နွှဲဖို့အတွက် လက်ဆောင်လား။" နဂါးနက်ကြီးက စိတ်လှုပ်ရှားစွာဖြင့် သူ့အမြှီးကို ယမ်းကာ ပျော်ရွှင်မှုကို ပြသလိုက်၏။

လုဒုန်းဘင်က သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာမှမပြောပါချေ။ သူက ပညာရှိသော သက်ပြင်းတစ်ခုသာ ချလိုက်လေ၏။

သူတို့နှး်ဦးက တစ်ယောက်နှင့် တစ်ယောက် စကားပြောနေစဉ်မှာပင် တစ်စုံတစ်ခုက ရုတ်တရက် ဖြစ်သွားလေ၏။

ကောင်းကင်နှင့် မြေကြီး၏ ခွန်အားက ရုတ်တရက် နဂါးနက်ပေါ်သို့ ဆင်းသက်လာကာ သူ့၏ အကြေးခွံများကို အက်ကွဲသွားစေကာ သူ့တစ်ကိုယ်လုံးတွင် သွေးများပန်းထွက်လာစေ၏။

"ဝေါင်း..." နဂါးနက်ကြီးက နာကျင်စွာ အော်ဟစ်လိုက်ပြီး ကောင်းကင်မှ ပြုတ်ကျတော့မလိုဖြစ်သွားလေ၏။ "ဒီဟာက ဘယ်လို စွမ်းအင်အမျိုးအစားလဲ။ ငါလုံးဝ ခုခံလို့ မရဘူး။"

လုဒုန်းဘင်က ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး ကမန်းကတန်း ရှင်းပြလိုက်၏။ "စီနီယာ ဒီပြိုကျနေသော ကုန်းမြေကြီးက တာအိုပေါင်းစပ်ခြင်းအဆင့်နှင့် နီးစပ်သော ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတွေကို မထိန်းသိမ်းထားနိုင်တော့ဘူး။ ဒီလိုမျိုး ကျင့်ကြံရေးအခြေခံရှိတဲ့ ကျင့်ကြံသူတိုင်းက ကောင်းကင်နှင့်မြေကြီးရဲ့ ဥပဒေတွေက တုံ့ပြန်မှုကို ခံရမှာ။”

"ဒီကုန်းမြေကြီးက အဲ့လောက်တောင် ကြောက်စရာ အခြေအနေကို ရောက်သွားပြီလား။”  နဂါးနက်သည် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်မျိုးကို တောင့်ခံနေပုံပေါ်ပြီး အံတင်းတင်းကြိတ်ကာ ခက်ခက်ခဲခဲဖြင့် ပြောလိုက်လေ၏။ “မင်းရဲ့ ဟိုဖက်ကမ္ဘာက နေရာကူးပြောင်းခြင်းတံဆိပ်ကို ငါ့ကို ခဏလောက် ပြပါ။”

လုဒုန်ဘင်သည် သူ့၏ နေရာကူးပြောင်းရေးတံဆိပ်ကို နဂါးနက်ထံ ချက်ချင်းပေးလိုက်လေ၏။

နဂါးနက်ကြီးသည် လုဒုန်းဘင်ဆီသို့ တံဆိပ်ကို ပြန်မပေးမီတွင် ခဏတာ စစ်ဆေးလိုက်၏။  “မင်းလာခဲ့တဲ့ ကမ္ဘာက အရမ်းရင်းနှီးနေတယ်ဆိုတာကို တံဆိပ်ကနေ ငါအာရုံခံနိုင်တယ်…။ အဲဒါက ဒီကမ္ဘာကြီးရဲ့ အမြွှာလိုပဲ။ မဟုတ်ဘူး၊ အဲဒါကို တစ်ထပ်တည်းတူနေတဲ့ ကမ္ဘာလို့ ခေါ်တာ ပိုသင့်တော်တယ်…။”

"ငါ အခုထွက်သွားရတော့မယ်။  ငါ့ခန္ဓာကိုယ်ရဲ့ စွမ်းအားတစ်ခုတည်းကနေ နယ်ပယ်နှစ်ခုကို ဖြတ်ကျော်ပြောင်းရွှေ့ခြင်းက ငါ့အတွက် များပြားလှတဲ့ စွမ်းအင်ပမာဏကို ဆုံးရှုံးစေလိမ့်မယ်။ ဒါပေမယ့် ငါဒီမှာဆက်နေမယ်ဆိုရင် ငါပြန်ပြီးသေဖို့ ဖြစ်နိုင်ချေပိုများတယ်။" နဂါးနက်ကြီးသည် ဤနေရာမှ လွတ်မြောက်ရန် အကွာအဝေး အက်ကွဲကြောင်းတစ်ခုကို မဖွင့်မီတွင် သူ့အမြီးကို ဝှေ့ယမ်းလိုက်လေ၏။

လုဒုန်းဘင်က နဂါးနက်ကြီးက နယ်မြေအူတိုင်၏ အပိုင်းအစနှင့် ခွဲခွာသွားရာ တည်ကြည်စွာ သက်ပြင်းချလိုက်လေ၏။

ဟင်း... လွန်ခဲ့တဲ့ ရက်တွေက သူလုပ်ခဲ့တာတွေအားလုံးက အခုတော့ အလဟသဖြစ်သွားပြီ။

ရှေးဟောင်း အံ့ဖွယ် အပိုင်း၏ ကောင်းကင်ဘုံ မြူနှင်းချောက်နက် တောင်တန်းတွင်...။

ဟုန်ဒူက လှိုင်ဂူကြီးတစ်ခုကို ဖြတ်လျှောက်ကာ သူ့ကိုယ်သူ ဘောလုံးပုံစံ ဖက်ထားပြီး ထိန်းမရအောင် တုန်ရီနေလေ၏။ သူ့ရင်ဘတ်မှ မီးတောက်က အလွန်မှေးမှိန်နေသည်မှာ ထိုသည်က မည်သည့်အချိန်တွင်မဆို ငြိမ်းသွားနိုင်သကဲ့သို့ပင်။

"အခြေအနေကို ဆက်ထိန်းထားအုံး။ ငါတို့က ရေခဲရေကန်ကို ရောက်တော့မယ်။" အံလင်းက အံတင်းတင်းကြိတ်ကာ ရှေ့ကို ရုန်းကန်လှုပ်ရှားနေရပေ၏။

လှိုင်ဂူ၏ မျက်နှာကြက်မှာ ရေခဲပန်းဆွဲများဖြင့် လုံးဝ ဖုံးအုပ်ထားပြီး မြူထူထူ ချွန်ထက်မှုတစ်ခုကို ပေးကာ ဂူထဲရှိ နေရာလပ် ဒီတစ်ခုလုံးက မြူထူထူ အပြာရောင် မြူခိုးဖြင့် ပြည့်နေလေ၏။

ဂူထဲမှ တစ်ကီလိုမီတာပတ်လည်တွင် တောက်ပသော အပြာရောင်အိုင်ကြီးတစ်ခုရှိနေပြီး ၎င်း၏မျက်နှာပြင်တစ်လျှောက် လှိုင်းလုံးကြီးများဖြင့် စီးဆင်းနေသည်။  အပြာရောင်ရေကန်သည် အေးစိမ့်နေသောအပြာရောင်အခိုးအငွေ့များအားလုံး၏ရင်းမြစ်ဖြစ်ပြီး ၎င်းသည် ဂူတစ်ခုလုံးတွင် အအေးဆုံးနေရာဖြစ်ခဲ့သော်လည်း ထိုရေကန်သည် အေးခဲနေသည့်အရိပ်အယောင်မရှိသေးပေ။

ရေကန်နှင့် နီးကပ်လာသည်နှင့်အမျှ အပူချိန်များ ဆက်လက်ကျဆင်းလာလေသည်။

"ချိတ်ဆွဲခြင်းရေခဲကန်အောက်ခြေမှာ မြူနှင်းဝိညာဉ် သားရဲတွေ ရှိတယ်လို့ ရှောင်တုက ပြောပေမယ့် တကယ်ရော ဟုတ်ရဲ့လားလို့ တွေးမိတယ်။ အဲဒါက အမှန်ဆိုရင်တောင် သူတို့ကိုဖမ်းဖို့ ဘယ်သူက ရေကန်ထဲကို ဆင်းမှာလဲ။”  လျှိုချူးချူးက မေးခိုက်အောင် တုန်ယင်နေကာ ပြောလိုက်လေ၏။ သူမ၏ ခန္ဓာကိုယ်မှာ အလွန်နုနယ်ပြီး ဤအေးသောဒေသတွင် သူမ၏ သည်းခံနိုင်မှုသည် လူတိုင်းကြားတွင် အနိမ့်ဆုံးဖြစ်လေသည်။  သူမက သူမကိုယ်သူမ တင်းတင်းဖက်ထားသည်မှာ ဘောလုံးတစ်လုံးနှင့်ပင် တူနေပြီး အေးစက်သော လေများကို တားဆီးဖို့ကြိုးစားရန် မန္တန်နည်းစနစ်များ ထုတ်လွှတ်နေသော်လည်း ရှေ့သို့ လျှောက်နေရင်း သူမက ထိန်းမရအောင် တုန်ယင်နေပေ၏။

"ငါက ရေကူးတော်တာပဲ။ ငါလုပ်နိုင်တယ်။" လင်းယင်က ​ဆိုလိုက်၏။

သူမက အအေးဒဏ် ခံရမှုအနည်းဆုံးဖြစ်ကာ လေထဲတွင် အပန်းဖြေသောအမူအရာဖြင့် သာမန်ကာလျှံကာ မျောနေလေ၏။

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "တီနာ၊ လျှိုချူးချူးနဲ့ ငါက နင်လိုရင် ကူညီရအောင်လို့ ရေကန်နားမှာ ရပ်စောင့်နေမယ်။ ဟုန်ဒူက သူ့ရဲ့မီးတောက်တွေနဲ့ ပတ်ဝန်းကျင်ကို အလင်းပေးတဲ့ တာဝန်ယူလိုက်။"

သူက ဟုန်ဒူဆီသို့လှည့်ကာ ပြောလိုက်လေ၏။

"ဟမ်...။ ဟုန်ဒူဘယ်ရောက်သွားလဲ။"

အန်လင်းက ဟုန်ဒူ ပျောက်သွားသည်ကို ရုတ်တရက် သိသွားလေ၏။

လူတိုင်းက ထိုသည်ကို သိသောအခါ ထိတ်လန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ ဟုန်ဒူမှာ မီတာများစွာအဝေးတွင် ရေခဲရုပ်ထုအဖြစ် အခဲခံလိုက်ရသည်ကို တွေ့လိုက်ရလေ၏။

ဟုန်ဒူက သူ့လက်များကို ရင်ဘက်တွင် ပိုက်ထားကာ သူ့ခြေထောက်များက လေထဲတွင် ခြေလှမ်းလှမ်းလက်စဖြင့် အေခဲနေပြီး ကြောက်ရွံ့ခြင်းနှင့် ဒေါသထွက်ဟန်က သူ့မျက်နှာထက်တွင် အေးခဲနေလေ၏။

လူတိုင်း : "..."

အန်လင်းက ထိုသည်ကို မြင်သောအခါ မျက်နှာမဲ့လိုက်လေ၏။ "သူက မီးအသုံးပြုခြင်းမှာ အတော်လေး စွမ်းဆောင်နိုင်ရမှာ မဟုတ်ဘူးလား။ သူ့ရဲ့ မီးတောက်စွမ်းအင်တွေက ဘာဖြစ်သွားတာလဲ။"

လင်းယင်က လက်နက်ချဟန်ဖြင့် သူမ၏ ခေါင်းကိုကုတ်လိုက်၏။ "ဟုန်ဒူရဲ့ မီးတောက်က သူ့ရဲ့ အသက်အားအင်နဲ့ တိုက်ရိုက် ချည်နှောင်ထားတဲ့ စိတ်ဝိညာဉ် မီးတောက်တစ်ခုလေ။ သူ့အသက်အားအင်က အအေးကိုကြောက်လို့ သူ့မီးကလဲ အအေးကြောက်တယ်။ အဲဒါကြောင့် သူ့မီးတောက်တွေက အထူးအအေးဓာတ်ရဲ့အောက်မှာ ရုပ်သိမ်းဖို့ ရွေးချယ်ပြီးတော့ သူ့အသက်အားအင်ကို ကိုယ်တိုင်ကာကွယ်ဖို့ ရွေးချယ်လိုက်တာပဲ..."

ထိုသည်မှာ လူတိုင်းအတွက် အအေးကြောက်သော မီးတောက်များအကြောင်း ကြားဖူးသည်မှာ ပထမဆုံးဖြစ်လေ၏...။

"အဲ့တော့ နင်ပြောတာက ဟုန်ဒူက အေးစက်တဲ့ အပူချိန်တွေကို အရမ်း ခံစားလွယ်ပြီး အခု ငါတို့အတွက် အသုံးမကျတော့ဘူးပေါ့..." အန်လင်းက မျက်လုံးများ လှန်လိုက်လေ၏။

လင်းယင်၏ မျက်နှာထက်တွင် နေရခက်သော အမူအရာတစ်ခု ပေါ်လာလေ၏။ "သူ့ကို ဒီအတိုင်းသာ ထားခဲ့လိုက်ပါ။ သူ့ကို ရတနာတွေ ခွဲပေးဖို့ကနေ ဖယ်ထားလိုက်လို့ရတာပဲ..."

သို့ဖြစ်၍ လူတိုင်းက ချိတ်ဆွဲခြင်းရေကန်၏ အစွန်းတွင် စုစည်းလိုက်ကြပြီး သူတို့က အရိုးခိုက်အောင် အေးသည့်ဒဏ်ကို ကာကွယ်ရန် မန္တန်နည်းစနစ်များကို အသုံးပြုရန် တွန်းအားပေးခံလိုပ်ရလေ၏။

ထိုသည်က အပြာဖျော့ဖျော့ ရေများနှင့် ​အောက်ခြေမဲ့နေသော ရေကန် တစ်ခုဖြစ်လေ၏။ ရေကန်၏ အောက်ခြေရှိ အမှောင်ထုမှာ ထိုအရာ၏ အနက်ထဲသို့ ဝင်ရောက်လာရဲသည့် သက်ရှိအားလုံးကို ဝါးမြိုပစ်ရန် ခြိမ်းခြောက်နေသကဲ့သို့ပင်။

"အား... ငါထပ်မလုပ်နိုင်တော့ဘူး။ ငါ နည်းနည်း နောက်ဆုပ်မှ ရမယ်။"

လျှိုချူးချူး၏ အနက်ရောင် ဆံပင်ရှည်များနှု့်ခေါင်းကို ဖုံးအုပ်ထားသော အဖြူရောင် မြူနှင်းအလွှာတစ်ခု ရှိနေပြီး သူမ၏ သွားများက ပြင်းပြင်းထန်ထန် တုန်ယင်နေပြီး သူမက နောက်သို့ မီတာတစ်ရာဆုပ်သွားကာ သူမ၏ လေးတံကို ကိုင်ကာ စောင့်နေလေ၏။

ထိုသည်က မြူနှင်း ဝိညာဉ် သားရဲများကြောင့်သာ မဟုတ်ပါက သူမက ဤကဲ့သို့ ​ထိတ်လန့်ဖွယ် နေရာမျိုးကို လာမည်မဟုတ်ပါပေ။

မြူနှင်းဝိညာဉ် သားရဲများမှာ ရှေးဟောင်းထိုက်ချူနယ်မြေ၏ ဒဏ္ဍာရီလာစိတ်ဝိညာဉ် သားရဲဆယ်​ကောင်ထဲမှ တစ်ခုဖြစ်လေ၏။ သူတို့က အလွန်အစွမ်းထက်သော ရေခဲအမျိုးအစား တာအိုအခြေခံများကို ပိုင်ဆိုင်ထားကြပြီး မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ပေးပါက တဖြည်းဖြည်းနှင့် ပျက်ပြယ်ခြင်းအဆင့် သို့မဟုတ် ပိုမြင့်သောအဆင့်ထိပါ ရောက်ရှိနိုင်ပေ၏။

သူတို့က သွင်ပြင်မှာလဲ အလွန်ချစ်စရာ​ကောင်းကြပေ၏။

သူတို့၏ ပုံများက မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများကို ချစ်မြတ်နိုးစေရန် လုံလောက်ပြီး အမျိုးသမီးထုအတွက် အလိုအရှိဆုံး စိတ်ဝိညာဉ် သားရဲဖြစ်လာပေ၏။

သို့သော် ထိုမျိုးစိတ်မှာ ဦးရေ အလွန်နည်းပါပြီး ရှေးဟောင်း ထိုက်ချူနယ်မြေအတွင်း၌သာ ပေါ်လာ၍ လူအနည်းမျှသာ သူတို့အား စိတ်ဝိညာဉ် သားရဲအဖြစ်ပိုင်ဆိုင်ကြလေ၏။

ထိုက်ချူကုန်းမြေကြီပေါ်တွင်ပင် မြူနှင်း ဝိညာဉ် သားရဲကို စိတ်ဝိညာဉ်သားရဲအဖြစ်ရထားသော လူ၁၀ယောက်ထက်နည်းပေ၏။

လျှိုချူးချူးမှာ ရှောင်တုဆီမှ မြူနှင်းဝိညာဉ် သားရဲများ၏ တည်နေရာကို သိရှိပြီးနောက် အလွန်တက်ကြွနေပြီး ချက်ချင်းပင် သူမအတွက် တစ်ကောင်ဖမ်းရန် ဆံုးဖြတ်ပြုလိုက်ပေ၏။

သူတို့က ရှောင်တု၏ လမ်းညွှန်ချက်များကို လိုက်နာကြပြီး နောက်ဆုံးတွင် ချိတ်ဆွဲခြင်း ရေကန်ဆီသို့ လာခဲ့ကြကာ ယခုတွင် ရေကန်ထဲ၌ မြူနှင်းဝိညာဉ်သားရဲများ တကယ်ရှိမရှိကို သိရမည့်အချိန်ဖြစ်ပေ၏။

"ငါ ခဏနေရင် ပြန်လာခဲ့မယ်။ နင်တို့က ငါကို ဒီမှာပဲစောင့်နေကြ။"

လင်းယင်၏ ခန္ဓာကိုယ်အား အဖြူရောင် အရည်အလွှာတစ်ခုက လွှမ်းခြုံလိုက်ပြီး သူမက ရေကန်ထဲဝင်သွားလိုက်လေ၏။

အန်လင်းက ဒူးထောက်ထိုင်ချလိုက်ပြီး သူ့လက်ကို ချိတ်ဆွဲခြင်းရေကန်မျက်နှာပြင်ပေါ်သို့ တင်လိုက်ရာ ရေသည် သူ့လက်ထဲသို့ လှီးဖြတ်ဝင်လာသည့် မရေမတွက်နိုင်သော ရေခဲဓားငယ်များ၏ ကန်ရေနှင့်တူကြောင်း ရှာဖွေတွေ့ရှိလိုက်ရ၏။ ရေထဲရှိ အေးစိမ့်နေသော အော်ရာသည် အလွန်အမင်း ဖျက်ဆီးစေတတ်ကာ မကြာမီပင် သူ့လက်ဖဝါးမှာ မရေမတွက်နိုင်သော ဒဏ်ရာလေးများဖြင့် ပြည့်နှက်နေကာ ထိုဒဏ်ရာများက  အေးခဲသွားပြီး ထပ်မံအက်ကွဲသွားကာ အဆံုးမသတ်နိုင်ပဲ ရှိနေလေ၏။

"အတော်စိတ်ဝင်စားစကားကောင်းတဲ့ စွမ်းအားပဲ..." အန်လင်းက အလွန်ပင် စိတ်ဝင်စားသွားလေ၏။

သူက ရေကို ထပ်မံစူးစမ်းမည့်အချိန်မှာပင် လျှပ်စီးကြောင်းများက ရေကန်အခြေမှ ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။

ဘုန်း...

လျှပ်စီးကြောင်းကြီးတစ်ခုက အထက်ကောင်းကင်ယံတွင် ပေါက်ကွဲသွားကာ ထို့နောက် ချက်ချင်းပင် လင်းယင်က ရေကန်ထဲမှ ထိုးထွက်လာလေ၏။

"ဟင်...။ နင်ပြန်ရောက်လာပြီလား။" အန်လင်းက လင်းယင်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ကြောင်အသွားလေ၏။

"ပြေးတော့။ အဲ့မှာ မြူနှင်း ဝိညာဉ် သားရဲတွေ အရမ်းများတယ်။" လင်းယင်က အော်ဟစ်ကာ လှိုင်ဂူဆီသို့ ပြေးသွားလေ၏။

မြူနှင်း ဝိညာဉ် သားရဲတွေ အရမ်းများတယ်...။

အန်လင်းနှင့် လျှိုချူးချူးတို့၏ မျက်လုံးများက အရောင်လက်သွားလေ၏။

ငါ့-င်ကြီးကို ပြေးပါလား...။

သူတို့က မြူနှင်းဝိညာဉ် သားရဲများ လူတိုင်းအတွက် ခွဲမလောက်မည်ကို စိုးရိမ်နေသည်ဖြစ်၍ အလွန်များနေသည်က ကောင်းသည့်အရာ မဟုတ်ပေဘူးလား။

လင်းယင်က သူမ၏ လက်တံများဖြင့် လျင်မြန်စွာ လက်ဟန်ခြေဟန်ပြကာ အလောတကြီး ရှင်းပြလာလေ၏။ "မြူနှင်း ဝိညာဉ် သားရဲတွေက အရမ္းအစွမ်းထက်တယ်။ ငါတောင် အသက်ကယ် အစီအရင်တစ်ခု သုံးပြီးမှ လွတ်လာနိုင်တာ။"

မရေမတွက်နိုင်သော ရေပွက်များက ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး ပုံရိပ်တစ်သီတစ်တန်းကြီးက မြစ်ပြင်ပေါ်တွင် ပေါ်လာလေ၏။

မြူနှင်းဝိညာဉ် သားရဲများ ရောက်လာလေပြီ။

---------------

All Chapters