← Chapters

ပထမဆုံး တာဝန်

Vol. 21 Ch. 301

ပထမဆုံး တာဝန်

Vol. 21 Ch. 301

သူဋေး၏ မေးခွန်းကို ကျိုးယန် ပြန်ဖြေ လိုက်သည်။

"ကျွန်တော် ဟူဂျွန်းရှီနဲ့ တိုင်ပင်ပြီးပါပြီ... ဒုတိယအဆင့်မှာ ဓာတ် လှေကား အ ဆောက် အအုံ ၁၂ လုံးကနေ ၁၆ လုံးအထိ ဆောက်ဖို့ စီစဉ်ထားပါတယ်..."

ကျိုးယန်က အသေးစိတ်အစီအစဥ်ကို ရှင်းပြလိုက်၏။

ထိုအစီအစဥ်ကို နားထောင်ပြီးနောက် လျူ ယောင် ခေါင်းကို ညင်သာစွာယမ်းကာ ပြော လိုက်သည်။

“ဒုတိယအဆင့်ရဲ့ အစီအစဥ်ကို အနည်းငယ် ပြောင်းလဲရမယ်”

လျူယောင်က သူဋေး ဖြစ်တာကြောင့် သူ့ စကားသာ အတည်ဖြစ်ပေသည်။ ကျိုးယ န်နှင့် ဟူဂျွန်းရှီတို့ တပြိုင်နက်တည်း ပြော လိုက်ကြသည်။

“သူဋေး..ခင်ဗျားပြောသလိုပဲ ကျွန်တော်တို့ နားထောင်ပါမယ်..ခင်ဗျားပြောတဲ့အတိုင်းပဲ..ဒုတိယအဆင့်ကို ဆောက်လုပ်ပါ့မယ်...”

လျူယောင် သူရဲ့ အစီအစဥ်ကို ပြောပြ လိုက် သည်။

"ဓာတ်လှေကား အဆောက်အအုံ ၁၀ လုံး ဆောက်ရမယ်... တစ်လုံးစီကို ပထမ အဆင့် လိုပဲ ၃၂ ထပ်.. အခန်းနှစ်ခန်း စီပါဝင် ရ မယ်. .ကျန်တဲ့နေရာမှာတော့ .. ဗီလာအိမ်ရာ ၅၀-၆၀ လောက် ငါတို့ ဆောက်လို့ရနိုင်ပါ တယ်.."

“ဗီလာ ဆောက်မှာလား...”

သူတို့ရဲ့မျက်လုံးများ အရောင်တောက် သွားကြသည်။

ဟွာဟိုင်းမြို့တွင် ဗီလာများတွင် နေထိုင်နိုင် သူများက အလွန်အောင် မြင်တဲ့သူများ ဖြစ် ကြသည်။ ဒေါ်လာ သန်းပေါင်းများစွာ ပိုင် ဆိုင်ထားတဲ့သူများပင် ဗီလာတွင် နေထိုင် ခြင်းမရှိဘဲ တိုက်ခန်းကြီးများ ဒါမှမဟုတ် နှစ်ထပ်အိမ်များတွင် နေထိုင်ကြသည်။

တိုက်ခန်းကြီးဖြစ်စေ နှစ်ထပ်အိမ်ဖြစ်စေ ဗီလာထက် အဆင့်နိမ့်ပေသည်။

လျူယောင် ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဗီလာတစ်လုံး ရှေ့နဲ့နောက်ခြံဝင်းပါတဲ့ သုံးထပ်ဗီလာအိမ်ရာငယ်လေး ဆောက် မယ်.."

ကျိုးယန်နဲ့ဟူဂျွန်းရှီတို့ ဝမ်းသာ သွားကြ သည်။ ကျိုးယန် ဝမ်းသာအားရ ပြော လိုက်၏။

“သူဋေး ကုမ္ပဏီရဲ့ အလယ်အလတ်နဲ့ အ ဆင့်မြင့်အမှုဆောင်တွေကသာ ဗီ လာ ဆောက်မယ်ဆိုတာသာ သိသွားရင် ဝမ်း သာလွန်းလို့ ရူးသွားကြလောက်မယ် ထင် တယ်... ”

လျူယောင် ပြုံးပြီး ပြန်ပြောလိုက်၏။

"ဒီသတင်းကို ဖုံးကွယ် စရာမလိုပါဘူး. .. လူ တိုင်းကို ပျော်အောင် လုပ်ပေးလိုက်ပါ...."

ဒီသတင်းက ကုမ္ပဏီတစ်ခုလုံးကို တစ်ဟုန်ထိုး ပျံ့နှံ့သွားလေသည်။

“ဘုရားရေ.. ကုမ္ပဏီက..ဒုတိယအဆင့်ကို မကြာခင် စတင်ဆောက်လုပ်တော့မယ်တဲ့ ... ဗီလာဒါဇင်ပေါင်းများစွာ ဆောက်မယ်လို့ ကြားတယ်...”

“ဟုတ်တယ်...ငါလည်း ကြားလိုက်တယ်... ရှေ့နဲ့နောက်ခြံဝင်းပါတဲ့ သုံးထပ်ဗီလာ အမျိုးအစားပဲ...”

“ငါ ..ကြိုးစားပြီး ရာထူးတက်အောင်လု ပ် ရမယ်..တစ်နေ့နေ့တော့ ကုမ္ပဏီရဲ့ ဗီလာမှာ နေနိုင်အောင်...”

Universal က အိမ်များကို ခွဲဝေပေးခြင်းနှင့် ဗီလာများ ဆောက်လုပ်ရန် ပြင်ဆင်နေခြင်း ကြောင့် ဝန်ထမ်းများကို ပိုမို အလုပ်လုပ် ချင် စိတ် ဖြစ်ပေါ်စေခဲ့သည်။

ဒါ့အပြင် လူ့စွမ်းအားအရင်းအမြစ်ဌာနက နေ့စဥ်နှင့်အမျှ လျှောက်လွှာပေါင်းများစွာ လက်ခံရရှိနေပြီး သူတို့အားလုံးက Universal တွင် အလုပ်လုပ်ကိုင်ချင်တဲ့ သူများဖြစ်ကြသည်။

Universal က အလုပ်အကိုင် ကြော်ညာ ရန် မလိုအပ်တော့ဘဲ ဝန်ထမ်းခေါ်ယူလို ပါကထို လျှောက်လွှာများထဲမှ စိတ်ကြိုက် ရွေးချယ် ပြီး အင်တာဗျူးခေါ်ဆိုနိုင်ပေ သည်။

......

လေ့ကျင့်ရေးစခန်းတွင်…

ကျိန့်ကန်းနဲ့ဟီချန်းတို့က လူတိုင်းကို ဦး ဆောင်ပြီး လေ့ကျင့်နေကြသည်။ လက် ရှိတွင် ဝံပုလွေအဖွဲ့ဝင် ၁၅ ဦးရှိပြီး ၇ ဦးက မျိုးဗီဇပြောင်းဆေးဝါးများ သောက်သုံး ထားကြသည်။

ကျန် ၈ ဦးက အရမ်းတော်တဲ့သူတွေနဲ့ စစ်သည်ဘုရင်တွေဖြစ်ကြပေမဲ့ မျိုးရိုး ဗီဇပြောင်းဆေးဝါးတွေ မသောက်သုံးရ သေးတဲ့အတွက် ခြားနားမှု့က သိသာနေ ခဲ့သည်။

သူတို့ရဲ့မျက်လုံးတွေထဲတွင် မနာလိုစိတ်က သိသာစွာပေါ်လွင်နေသည်။ လွန်ခဲ့တဲ့ မိနစ် ၂၀ လောက်က လက်နက်တပ်ဆင်ပြီး တော လမ်းဖြတ်ပြေးတဲ့ ပြိုင်ပွဲတွင် မျိုးဗီဇပြောင်း ဆေးဝါးသောက်သုံးထားတဲ့ အဖွဲ့ဝင်များက သက်သောင့်သက်သာရှိနေခဲ့ပေမဲ့ မျိုးရိုးဗီဇ ပြောင်းဆေးဝါး မသောက်သုံးရသေးသူ များကတော့ ချွေးများရွှဲနေပြီး အားအင် ကုန်ခမ်းနေပုံရသည်။

သူတို့ အနားယူပြီးနောက် ယခု ပစ်ခတ် လေ့ကျင့်ရေးလုပ်နေစဥ်တွင်လည်း ခြားနားချက်များက သိသာနေသည်။

မျိုးရိုးဗီဇပြောင်းဆေးဝါးသောက်သုံးထားသည့် အဖွဲ့ဝင်များက တုံ့ပြန်မှု့မြန်ဆန်ပြီး လှုပ်ရှားမှု့လည်းမြန်ဆန်ကာ ပစ်ခတ်မှု့လည်း ကောင်းမွန်နေသည်။

မျိုးရိုးဗီဇပြောင်းဆေးဝါးများ မသောက် သုံးရသေးတဲ့ အဖွဲ့ဝင်များရဲ့ စွမ်းဆောင် ရည်ကလည်း ကောင်းမွန်တယ်ဟု ဆိုနိုင် သည်။ မည်သည့် အထူးတပ်ဖွဲ့တွင်မဆို သူတို့၏ စွမ်းဆောင်ရည်ကို မနာလိုဖြစ်ကြ လိမ့်မည်။ဒါပေမဲ့ အချင်းချင်းနှိုင်း ယှဥ် လိုက်ရင်တော့ အလွန်ကွာခြားနေသည်။

ကားတစ်စီးက စခန်းထဲသို့ မောင်း ဝင်လာခဲ့ သည်။ ပစ်ခတ်လေ့ကျင့်ရေးနေရာအနီးသို့ ရောက်ရှိလာပြီးနောက် ကားပေါ်မှ လူအချို့ ဆင်းလာကြသည်။

ခေါင်းဆောင်က လျူယောင်ဖြစ်ပြီး သူ့နေ ာက်တွင် လျူယောင်ကို လာပို့ပေးတဲ့ ယီမ င်နိုင်ငံ၏ စစ်သားအချို့ လိုက်ပါလာသ ည်။

အမှန်ပါပဲ လျူယောင် ဒီနေရာကို ပြန် ရောက်လာခဲ့၏။

ဟွာဟိုင်းမြို့မှ ယီမင် မြို့တော် ဆခ်နာကို ခရီးသွားရန် ပိုအဆင်ပြေသည်။ လေယာဉ်ဖြင့်သွားမယ်ဆိုပါက ဒူဘိုင်းတွင် တစ်ဆင့်သာ ပြောင်းစီးရန် လိုအပ်ပေသည်။

“သူဋေး ”

လျူယောင် ကားပေါ်မှဆင်းလာတာကို မြင် တော့ ကျိန့်ကန်းနဲ့ဟီချန်း တို့က အပြေးအ လွှား ဦးညွှတ်ကာ အရိုအသေ ပြုလိုက်ကြ သည်။

လျူယောင် ကျေနပ်စွာ ပြောလိုက်၏။

“တော်တယ်..အဖွဲ့ဝင် ၁၃ ဦးအထိ တိုးလာ ပြီပဲ..”

ကျိန့်ကန်းနဲ့ဟီချန်း တို့အပါအဝင် ဝံပုလွေ ကြေးစားအဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးရှိသည်။

ကျိန့်ကန်း ရှင်းပြလိုက်၏။

“ဝံပုလွေကြေးစားအဖွဲက လစာကောင်း ကောင်းပေးတာဆိုတော့ ကြေးစားစစ် သားအများအပြား ဝင်ချင်ကြတယ်... ကျွန် တော်တို့က စည်းမျဥ်းတွေကို အရမ်းတင်း ကြပ်ထားလို့သာ ဒီလိုဖြစ်နေတာ.. စည်းမျဥ်း တွေသာ လျှော့ချလိုက်ရင် လူ ၂၀-၃၀ လောက်ကို ခေါ်ပြီးသားဖြစ်နေလောက်ပြီ..”

လျူယောင် ခေါင်းညိတ်ကာ ပြန်ပြော လိုက်သည်။

“စည်းမျဥ်းတွေက ပိုတင်းကြပ်ရမယ်.. ဝံပုလွေအဖွဲ့ ထဲကို ဝင်နိုင်တဲ့သူတွေက အထူးလူတွေထဲကမှ အထူးလူတွေ ဖြစ် ရမယ်...”

“ဒီနေ့ အလုပ်တစ်ခုရှိတယ်... ဗိုလ်ချုပ်ကြီး ဆက်က ခင်ဗျားတို့ကို သတင်းအချက် အ လက်တွေ မကြာခင် ပို့ပေးလိမ့်မယ်...”

“အလုပ်တစ်ခု လုပ်ရတော့မှာလား..."

ကျိန့်ကန်းနဲ့ ဟီချန်းတို့ ပျော်ရွှင်နေကြသည်။ သူတို့က အလုပ်တစ်ခုမလုပ်ရတာ ကြာပြီ ဖြစ်တာကြောင့် ပျော်ပျော်ပါးပါး လုပ်ချင် နေကြသည်။

လျူယောင် အဝေးမှ အဖွဲ့ဝင်များကို ကြည့် လိုက်ပြီး လက်ဝှေ့ယမ်းကာ အော်ပြောလိုက် သည်။

“လူစုပါ...”

မကြာမီ အဖွဲ့ဝင်များက တန်းစီပြီး ရပ်လိုက် ကြကာ လျူယောင်ကို လေးစားတဲ့ အကြည့် များဖြင့် ကြည့်နေကြသည်။

သူတို့ရှေ့မှာ ရပ်နေတဲ့လူက ဒဏ္ဍာရီလာ သူဋေးဖြစ်ကြောင်း သူတို့ သိထားကြသည်။

ကျိန့်ကန်းနဲ့ ဟီချန်းတို့ ဘယ်လောက် အစွမ်းထက်ကြောင်း သူတို့ သိထားသည်။ သူတို့က သူရဲကောင်းကြီးများ ဖြစ်ကြပြီး တီဗီဇာတ်လမ်းများထဲက ကပ္ပတိန်အမေ ရိက လို လူများကလည်း သူတို့ထက် မသာ လွန်နိုင်ပေ။

လျူယောင်ရဲ့ စွမ်းရည်က ပိုမို ကြောက် စရာကောင်းတယ်ဟု သူတို့ သိထားကြ သည်။

အထူး ကြေးစားစစ်သည်တော် တစ်ဦး အ နေဖြင့် အားကောင်းတဲ့ သူများကို ရင်ထဲမှ လေးစားကြသည်။ ဒါ့ကြောင့် သူတို့က လျူ ယောင့်ကို လေးစားတဲ့ မျက်လုံးများဖြင့် ကြည့်နေကြတာ မဆန်းပေ။ အထူးသဖြင့် မျိုးဗီဇပြောင်းဆေးဝါး သောက်သုံးထားတဲ့ အဖွဲ့ဝင်များက ပိုလေးစားကြသည်။

လျူယောင်ရဲ့အကြည့်က လူတိုင်း၏ မျက် နှာများပေါ်ကို ရောက်ရှိသွားပြီး စိတ် ကျေ နပ်မှု့များ သူ ခံစားရသည်။ ကျိန့်ကန်း နဲ့ဟီချန်းတို့ စုဆောင်းထားတဲ့ လူများက သာမန်လူများမဟုတ်ကြောင်း ပထမ ဆုံးအကြည့်နဲ့ပင် သိသာသည်။

လူဖြူများ၊ လူမည်းများနှင့် လူဝါများလည်း ပါဝင်ပေသည်။

" အားလုံး မင်္ဂလာပါ... "

လျူယောင် အင်္ဂလိပ်စကားဖြင့် ကျယ် လောင်စွာနူတ်ဆက်လိုက်သည်။

“သူဋေး မင်္ဂလာပါ!”

အားလုံးက တစ်ပြိုင်နက်တည်း ပြန်ဖြေကြ သည်။ စုစုပေါင်း အဖွဲ့ဝင် ၁၃ ဦး ရှိပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ပဲ ဖြစ်သည်။

“ ခင်ဗျားတို့မှာ အလုပ်တစ်ခုရှိတယ်... အဲဒါက ဝံပုလွေကြေးစားအဖွဲ့ တည် ထောင်ပြီးနောက်ပိုင်း ပထမဆုံးတရားဝင် အလုပ်လည်း ဖြစ်တယ်..”

လျူယောင် ပြောလိုက်၏။

အလုပ်တစ်ခုရှိတယ်လို့ ကြားတဲ့အခါ လူတိုင်းရဲ့မျက်လုံးများက တောက်ပလ ာကြပြီး လုပ်ဆောင်ချင်စိတ်များ ပိုမို ပြင်းပြနေကြသည်။

လျူယောင် ဆက်ပြောလိုက်၏။

“ဒီအလုပ်မှာ လူတိုင်း ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်မယ်လို့ ငါ မျှော်လင့်တယ်.. လူတိုင်းရဲ့ ဘေးကင်းလုံခြုံမှု့ကို မြှင့်တင် ဖို့အတွက် ငါ့ မှာ မျိုးရိုး ဇပြောင်းဆေးဝါး တွေ ရှိပါတယ်.. မျိုးရိုး ဗီဇပြောင်းဆေးဝါး မသောက်ရသေးတဲ့သူတွေ ရှေ့ထွက်လာခဲ့ ...”

ချက်ချင်းပင် မျိုးဗီဇပြောင်းဆေးဝါး မ ရသေးတဲ့ အဖွဲ့ဝင်များက စိတ်လှုပ်ရှားစွာနဲ့ တစ်ဦးပြီးတစ်ဦး ရှေ့ထွက်လာ ကြသည်။

လျူယောင်က သူတို့အား အပြာရောင်ပု လင်းငယ်တစ်ခုကို ပေးလိုက်ပြီး တစ်ဦးစီအား စွမ်းရည်အမှတ် ၁၀၀ စီ ပေးလိုက်သည်။

သူတို့ရဲ့ စွမ်းရည်အမှတ်များမှာ ယခင်က ၉၀ မှ ၁၀၀ အထိသာရှိခဲ့ပေမဲ့ မျိုးဗီဇ ပြောင်းဆေးဝါးသောက်ပြီးနောက် အမှတ် ၁၉၀ မှ ၂၀၀ အထိ တိုးတက်လာခဲ့သည်။

ဒီကမ္ဘာပေါ်တွင် ထူးချွန်တဲ့ လူများရဲ့ စွမ်း ရည်အမှတ်က ၁၀၀ ကို မရောက်ရှိသေးဘဲ ၁၀၀ ကိုကျော်လွန်နိုင်သူများက အလွန်န ည်းပါးလှသည်။ သူတို့ရဲ့ စွမ်းရည်အမှတ်က ၁၉၀ မှ ၂၀၀ အထိ တိုးလာတာကြောင့် စစ်သည်ဘုရင်များထက် အလွန်သာလွန် သွားကြသည်။

ကိုယ်ခန္ဓာကြံ့ခိုင်မှု့၊ ခွန့်အား၊ တုံ့ပြန်မှု့အရှိန်၊ အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်မှု့၊ အပူဒဏ် နှင့် အအေးဒဏ်ခံနိုင်ရည်၊ ခံနိုင်ရည်အား စသည်တို့ကလည်း အလုံးစုံတိုးတက်လာ သည်။

မျိုးဗီဇပြောင်းဆေးဝါးများသောက်ပြီးနောက် သူတို့က လျူယောင်ကို ကျေးဇူးတင် ခဲ့ကြပြီး တပြိုင်နက်တည်း ပြောလိုက် ကြသည်။

“ကျေးဇူးတင်ပါတယ် သူဋေး.. ကျွန်တော်တို့အားလုံး .. ခင်ဗျားအတွက် အစွမ်းကုန်အလုပ်လုပ်ပေးပါ့မယ်”

လျူယောင် လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်၏။

“ကဲ..အစည်းအဝေးခန်းကို သွားကြရ အောင်.. ဗိုလ်ချုပ်ကြီး ဆက်က ငါတို့ကို စောင့်နေလောက်ပြီ...”

All Chapters