← Chapters

ရုဒ်ခေါင်းဆောင်ကို သတ်ဖို့ စီစဥ်ခြင်း

Vol. 21 Ch. 302

ရုဒ်ခေါင်းဆောင်ကို သတ်ဖို့ စီစဥ်ခြင်း

Vol. 21 Ch. 302

အစည်းအဝေးခန်းတွင် ဗိုလ်ချုပ်ဆက်နဲ့ အခြားလူများက ကြိုတင် ပြင်ဆင်မူ့များ အားလုံးကို ပြုလုပ်ထားခဲ့သည်။

လျူယောင်က လူတိုင်းကို ခေါ်ဆောင်ပြီး ဝင်လာတာကို မြင်တဲ့အခါ ဗိုလ်ချုပ်ကြီး ဆက်က ထရပ်လိုက်ပြီး လျူယောင်နဲ့ ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထို့နောက် သူတို့ရရှိထားတဲ့ သတင်းကို လျူယောင်တို့အား ပြောပြလိုက်သည်။

“လူကြီးမင်းတို့..ကျွန်တော်တို့ခုနက ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်နံပါတ် ၇ ဟာ ဒက်ဒ်ရှားမြို့မှာ ရှိနေကြောင်း သ တင်းရရှိခဲ့ပါတယ်”လို့ ပြောပြပြီးနောက် သူက လုပ်ငန်း အစီအစဥ်များကို လျူ ယောင်နဲ့ ဆွေးနွေးခဲ့သည်။

ဆခ်နာမှ ဒက်ဒ်ရှားကို ကီလိုမီတာတစ် ထောင်ကျော် ဝေးပြီး ထိုမြို့ကို ရုဒ် လက် လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထား သည်။အဲ့နေရာတွင် လက်နက်ကိုင် အဖွဲ့ ဝင် တစ်ထောင်ကျော်ခန့် ရှိတာကြောင့် လုပ်ရမှာက ခက်ခဲနိုင်သည်။

ဒီစကားကို ကြားပေမဲ့ ဝံပုလွေကြေးစား အဖွဲ့က စိတ်အားထက်သန်မှု့နှင့် ယုံကြည် မူ့အပြည့် ရှိနေကြသည်။မျိုးရိုးဗီဇဆေး သောက်ပြီးနောက် ဒီအလုပ်ကို လုပ်ဆောင် ဖို့က မခက်ခဲ့တော့ဘူးလို့ သူတို့ ခံစားခဲ့ကြ သည်။

မကြာမီ လူတိုင်း လုပ်ငန်း အစီအစဥ်ကို သ ဘောတူခဲ့ကြသည်။ရဟတ်ယဥ်များနဲ့ လူ တိုင်းကို ဆိပ်ကမ်းအပြင်ဘက်တွင် ချထား ခဲ့မှာ ဖြစ်ပြီးရုဒ်လက်နက်ကိုင်အချို့နဲ့အတူ ခိုးဝင်ကာ နံပါတ် 7 ခေါင်းဆောင်ကို သတ် ပြီးနောက် အနီးနားရှိဆင်ခြေဖုံးတွင် တုံ့ပြန် စောင့်နေမှာပဲ ဖြစ်သည်။

ဝံပုလွေကြေးစားအဖွဲ့က အဓိက လုပ် ဆောင်မှာဖြစ်ပြီး ယီမင် အစိုးရတပ်က လက်နက်ခဲယမ်းများထောက်ပံ့ပေးခြင်း ဆုတ်ခွာမူ့လမ်းကြောင်းကို တုံ့ပြန်ပေးမူ့ အတွက် တာဝန်ယူခဲ့သည်။

အစီအစဥ်ကို အပြီးသတ်ပြီးနောက် လျူ ယောင် ကျယ်လောင်စွာ အော်လိုက်သည်။

“ခင်ဗျားတို့ ယုံကြည်မှု့ရှိလား..”

“ယုံကြည်မှု့ရှိပါတယ်...သူဋေး..”

ကြေးစားအဖွဲ့ဝင်များက ကျယ်လောင်သော အသံနဲ့ ပြန်ဖြေခဲ့သည်။

ပိုမပြောတော့ဘဲ မိနစ် ၂၀လောက် ပြင်ဆင် ပြီး လူတိုင်းက ရဟတ်ယဥ်ပေါ် တက်ပြီး နောက် ယီမင်အနောက်ဘက် ဆိပ် ကမ်းမြို့ ကနေ ဒက်ဒ်ရှားသို့ လေယဥ်နဲ့ ထွက်လာခဲ့

ကြသည်။

လျူယောင်က ဒီလုပ်ငန်းစဥ်တွင် မပါဝင်ခဲ့ပဲ သတင်းကိုသာ စောင်းဆိုင်းနေခဲ့သည်။ သူ့အဖွဲ့ဝင်များ ဘယ်လိုလုပ်မလဲဆိုတာ သိချင်တာကြောင့် ဖြစ်သည်။

ရဟတ်ယဥ် တက်သွားတာ ကြည့်ပြီးနောက် ဆခ်နာမှ အကောင်းဆုံး အခန်းတွင် ဗိုလ် ချုပ် ဆက်နဲ့အတူ လျူယောင် ထိုင်နေခဲ့ သည်။ဆခ် နာက ယီမင်နိုင်ငံရဲ့ မြို့တော် ဖြစ်တာကြောင့် ဒီဟိုတယ်က မဆိုးပေ။

သမ္မတအခန်းတွင် ထိုင်နေပြီးနောက် လျူ ယောင် တတိယအမြင်ကို ဖွင့်ပြီး လိပ်ကြီးနဲ့ ဆက်သွယ်လိုက်သည်။ လိပ်ကြီးက လက် ရှိတွင် ယခင်ထက် ပိုကြီးလာပြီး တစ်နေ့ကို နှစ်တန် သုံးတန်လောက် တက်နေခဲ့သည်။

ရက်ပေါင်းများစွာကြာပြီးနောက် တန်ချိန် ၆၀၀ ကျော်လွန်ကာ ၆၁၂ တန်ကို ရောက် ရောက်ရှိလာခဲ့သည်။လိပ်ကြီးက အခု အေ ဒင်ပယ်လယ်ကွေ့ရေပြင်တွင် ရှိနေပြီး ယီမင်နိုင်ငံရဲ့ အနောက်ဘက်ဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဒက်ရှားနဲ့ဆို ရေမိုင် ၂၀၀-၃၀၀ ခန့် သာ ဝေးသည်။

“ လိပ်ကြီး ဒက်ဒ်ရှားကို အခုသွားပေးအုံး.. ငါ့လူတွေ ရုဒ်လက်နက်ကိုခေါင်းဆောင်ကို သတ်ဖို့ အဲ့ဒီ့မှာ ရောက်နေတယ်.. “

“ ပြဿနာမရှိပါဘူး သခင်...ကျနော်.. ချက်ချင်း သွား လိုက်ပါ့မယ်...”

လိပ်ကြီး ပြောပြီးတာနဲ့ သူ့ရဲ့ မီတာ 60 ရှည်တဲ့လှံကြီးနဲ့ ထွက်ခွာ ခဲ့ပြီး ရေမိုင် 300 ကျော်နူန်းနဲ့ ကူးခတ်လာ တာကြောင့် တစ် နာရီ မပြည့်မီ ဒက်ရှားမြို့ နားကို ရောက်လာခဲ့သည်။

ဒီနေရာက ယီမင်အနောက်ဘက် ဆိပ်ကမ်း မြို့ဖြစ်ပြီး ကမ်းနားက ဆိပ်ခံတံတားတွင် ငါးဖမ်းလှေများ စပိဘုတ်များနဲ့ စစ် သင်္ဘောအဟောင်းတစ်စင်း အပါအဝင် သင်္ဘောအချို့ ဆိုက်ကပ်ထား၏။

မြို့က မကြီးဘဲ လျူယောင်တို့ နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့လောက်သာ ရှိ ပြီး ခန့်မှန်းခြေ လူဦးရေ နှစ်ထောင်သုံးထောင် ခန့် နေထိုင်ကာ အဆောက်အုံများကလည်း အထပ်နိမ့်များဖြစ်ပြီး သုံးထပ်အဆောက် အအုံ များက နည်းပါးပေသည်။စစ်ပွဲရဲ့ဒဏ် ကြောင့် အချို့နေရာများတွင် အပျက်အစီး များ ကျန် ရှိနေသည်။

လျူယောင် တတိယအမြင်မှတစ်ဆင့် ဒက်ဒ်ရှားရဲ့ အခြေအနေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။

လိပ်ကြီးက ပင်လယ်အောက် ၃၀-၄၀ မီ တာ အနက်တွင် လှုပ်ရှားမှု့မရှိဘဲ အိပ်နေသ ည်။တစ်နာရီကျော်ကြာပြီးနောက် ကျိန့်ကန်း နဲ့ အခြားသူများရဲ့ ပုံရိပ်များက လျူ ယောင်၏ အမြင်အာရုံထဲရောက် လာခဲ့ပြီး သူတို့ က အလျင်အမြန် ခိုးဝင်နေသည်။

လူဆယ်ဦးကျော်ရှိတဲ့ အဖွဲ့က အလွန်လျင် မြန်စွာ လှုပ်ရှားသည်။ လက်နက်ကိုင်များ နှင့် ဆုံတဲ့အခါ တိတ်တိတ်လေး သတ်ပစ် လိုက်ကြသည်။ လက်နက်ကိုင်များက တစ်ခဏတာ အတွင်း သတိမထားမိကြပေ။

ဝံပုလွေကြေးစားအဖွဲ့၏ ပစ်မှတ်က အလွန်ရှ င်းတာကြောင့် လမ်းတစ်လျှောက် လုံး ဘာအခက်အခဲမှ မရှိခဲ့ပေ။

ဒက်ဒ်ရှားရဲ့ အနောက်ပိုင်းရပ်ကွက် မှ အ အဆောက်အအုံတစ်ခုထဲတွင် ရုဒ် ရဲ့ခေါင်း ဆောင်နံပါတ် ၇ ရှိနေတာကို ထောက်လှမ်း ရေးသတင်းများအရ သိခဲ့ရသည်။

ကြေးစားအဖွဲ့ဝင်များက ဒက်ဒ်ရှားမြို့ထဲ ခိုးဝင်လာပြီး နောက်ဆုံးတော့ သူတို့ကို တွေ့သွားခဲ့၍ နှစ်ဖက်တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့သည်။

လျူယောင် တတိယအမြင်မှတစ်ဆင့် ရှင်း ရှင်းလင်းလင်း မြင်နေရသည်။ ဒါကတိုက် ရိုက် ထုတ်လွှင့်မှုတစ်ခုကို ကြည့်ရှုနေရသလို ဖြစ်ပြီး အမေရိကန်ရုပ်ရှင်များထက်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းပေသည်။လျူယောင် အလွန်ကျေနပ်ခဲ့၏။

ဝံပုတွေ အဖွဲ့ဝင်များက ၁၀ ဦးခန့်သာရှိပေ မဲ့ ရုဒ်တွင် လက်နက်ကိုင်အများအပြား ရှိနေ သည်။ ကျိန့်ကန်းနဲ့ သူ့လူ ၁၀ ဦးကျော် က ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည်။

ဒက်ဒ်ရှားရဲ့ ဧရိယာက အစကတည်းက သေးငယ်တာကြောင့် လူတိုင်းက ခေါင်း ဆောင်နံပါတ် ၇ ရှိတဲ့ အဆောက်အအုံကို အမြန်ရောက်ရှိသွားကြသည်။

ရုဒ် ခေါင်းဆောင်နံပါတ် ၇ မှာ သူရဲ့လူများ သူတို့ထံသို့ မရောက်နိုင်တာကို သိထာ ကြောင့် ကားတစ် စီးနဲ့ထွက်ပြေးခဲ့သည်။ ဝံပုလွေကြေးစား များစွာက နောက်မှလိုက် ဖမ်းခဲ့ပေမဲ့ သူတို့ အဝေးကြီး မပြေးနိုင်ခဲ့ပေ။

ကျိန့်ကန်းက လူများကိုဦးဆောင်ပြီးနောက် ကနေ လိုက်ပစ်ခတ်တာကြောင့် ကျန်ခဲ့တဲ့ လက်နက်ကိုင်ဒါဇင်ပေါင်းများစွာ သေ ဆုံးခဲ့ရသည်။ရုဒ်ခေါင်းဆောင် နံပါတ် 7 က ဒီ လူတွေက ဒီလောက် မြန်မြန်ပြေးနိုင်ပြီး သူ့ ကားကို လိုက် မှီ ခဲ့လဲဆိုတာကို နား မလည် နိုင်ခဲ့ပေ။

ကျိန့်ကန်းနဲ့ဟီးချန်တို့က ဒီကားထက်ပို မြန် တာကြောင့် မကြာမီတွင် ကျည်ဆန် များ စွာက ကားပေါ်မှ လူများကို ထိမှန်ခဲ့ပြီး ခေါင်းဆောင် နံပါတ် 7 လည်း သေ ဆုံးသွား သည်။

“ပစ်မှတ်ကို ရှင်းလင်းပြီးပြီ...”

ကျိန့်ကန်း ကအချက်ပြလိုက်ပြီး ကျန်နေတဲ့ လက် အောက် ငယ်သားများကို သတ်ခြင်းမှ ာ အဓိပ္ပါယ်မရှိတာကြောင့် လူတိုင်း တိုက် ခိုက်ရင်း ပြန်ဆုတ်ခွာလာ ခဲ့ကြသည်။လ က်နက်ကိုင်ရာပေါင်းများစွာ ကျန်နေပေမဲ့ သူတို့ တိုက် ခိုက်လိုစိတ် မရှိတော့ပေ။

ခုခံရန် ထွက်လာသူများအားလုံးကို ချွင်း ချက်မရှိ ပစ်သတ်လိုက်ပြီး ကျိန့်ကန်းနဲ့ အခြားသူများက ဒက်ဒ်ရှားမှ တစ်ဦးပြီးတစ် ဦး ပြန်ဆုတ်ခွာခဲ့ကြသည်။

လျူယောင်က တည်းခိုနေတဲ့ ဟိုတယ်တွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင် နိုင်တာကြောင့် လူတိုင်းဘေးကင်းစွာ ပြန် ဆုတ်လာတာကို တွေ့တဲ့အခါ စိတ်သက် သာရာ ရသွားခဲ့သည်။

နာရီဝက် မပြည့်မီ မှာပဲ ကျိန့်ကန်းနဲ့ဗိုလ်ချုပ် ကြီး ဆက်တို့ထံမှ ဖုန်းခေါ်တာကို လျူ ယောင် လက်ခံ ရရှိခဲ့သည်။

ဝံပုလွေကြေးစားအဖွဲ့ဝင် နှစ်ဦးသာ ဒဏ် ရခဲ့တာကြောင့် ဒါက ပြဿနာ မရှိခဲ့ပေ။

သူတို့အဖွဲက လူနည်းစုသာ ဖြစ်ပေမဲ့ ပထမ ဆုံး မစ်ရှင် အောင်မြင်ခဲ့တာကို ဝမ်းသာ အားရ ဖြစ်နေကြသည်။ဒါက လျူယောင်ရဲ့ မျိုးရိုးဗီဇပြောင်းဆေးကြောင့် ဆိုတာ သိ တာကြောင့် ကြေးစားအဖွဲ့ဝင်များက လျူ ယောင်ကို ပိုမိုလေးစားပြီး သစ္စာရှိလာခဲ့ သည်။

ဆက်နဲ့ ဝန်ကြီးချုပ်ဟာဆန်း တို့က လျူ ယောင့်ကို ဂုဏ်သရေရှိဧည့်သည် အဖြစ် ဖိတ်ခေါ်ခဲ့သည်။ဒါပေမဲ့ လျူယောင်က ဆခ်နာတွင် တစ်ရက်သာ နေခဲ့ပြီး ယီမင် အစိုးရက ပေးတဲ့ ဆုကြေးငွေ ဒေါ်လာသန်း 40 ရရှိ ပြီးနောက် ဟွာဟိုင်းသို့ ပြန်လာ ခဲ့ သည်။

ဒီတစ်ကြိမ် လျူယောင် ဆခ်နာကို သွားခဲ့ တာက အဖွဲ့ဝင်များကို မျိုးရိုးဗီဇပြောင်း ဆေးပေးချင်လို့သာ အဓိက သွားခြင်း ဖြစ် သည်။

လျူယောင် ဆခ်နာ မှ ပြန်လာတာ ရက်အ နည်းငယ်လောက် ရှိပြီး ရုံးတွင်သွားထိုင်ခြင်း ၊ လီချန်လဲ့နဲ့အတူ စျေးဝယ်ထွက်ခြင်းတို့နဲ့ သာ အချိန်ကုန် ခဲ့သည်။

ယခုလည်း လျူယောင် အိပ်ပျော်နေရာမှ နိုးလာပြီး ရုံးသွားရမလား ဒါမှမဟုတ် တင်းဝိန် ဆီသွားရမလား လို့ တွေးလိုက် သည်။

“တင်းဝိန်ရဲ့ ကုမ္ပဏီကို သွားမယ်ကွာ...”

“ ဒီကောင့်ဆီမှာ ဆုန်ခေတ်က ကြွေပန်း ကန်တွေ အပ်ထားတာ တစ်နှစ်လောက်ရှိပြီ ဒီ ကောင်လေး ရောင်းရောရောင်းပြီးပြီလား မသိဘူး... “

လျူယောင် စိတ်ထဲကနေ တွေးရင်း ကိုယ်ရံ တော်ပင် မခေါ်တော့ပဲ Roll- Royceကားဖြင့် တင်းဝိန်ရဲ့ ကုမ္ပဏီအပြင်ဘက်သို့ ရောက် လာခဲ့သည်။

All Chapters