တင်းဝိန်၏ နောက်ခံ
Vol. 21 Ch. 303
“ဟိုင်း မစ္စတာလျူ..”
“မစ္စတာလျူ..မင်္ဂလာပါ...”
“မစ္စတာလျူ မင်္ဂလာ နေ့လယ်ခင်းပါ..”
ဟွားဟိုင်ယဥ်ကျေးမှုအဖွဲ့အစည်းကို ဝင် ရောက်လာတာနဲ့ လူများစွာက သူ့ ကို နှုတ် ဆက်ခဲ့ကြသည်။သူတို့အားလုံးဟာ လျူ ယောင် lက Universal ရဲ့ သူဋေး ဖြစ် ကြောင်းနဲ့တင်းဝိန်ရဲ့ သူငယ်ချင်း ဖြစ် ကြောင်းကို သူတို့က သိထားကြသည်။
ဒါကြောင့် အသိပေးစရာမလိုဘဲ လျူယောင် တံခါးခေါက်ပြီး တင်းဝိန်ရဲ့ ရုံးခန်း ထဲ ဝင်သွားခဲ့သည်။
တင်းဝိန်ကို မြင်တဲ့အခါ လျူယောင် အန ည်းငယ် အံ့အားသင့်သွားသည်။ဒီကောင်နဲ့ ရက် အနည်းငယ်သာ မတွေ့ရပေမဲ့ တင်းဝိန် ရဲ့ပုံစံ က ပိန်ချုန်းနေပြီး ရုံးခန်းထဲတွင် တစ် ယောက်တည်း ဆေးလိပ်သောက် နေသည်။
ဆေးလိပ်ခွက်ထဲမှာလည်း ဆေးလိပ်တိုများ ပြည့်နေသည်။ ရုံးခန်းထဲမှ လေထုကလည်း ဆေးလိပ်ငွေ့ များနဲ့ပြည့်နှက်နေပြီး အနည်း ငယ် မွန်းကြပ်နေ ၏။
လျူယောင် မျက်မှောင်ကြုတ်လိုက်ပြီး လေဝင် လေထွက်ကောင်းအောင် ရုံးခန်း ပြတင်းပေါက်ကို ဖွင့်ကာ စိုးရိမ်တကြီး မေးလိုက်သည် ။
“ညီလေး ဘာဖြစ်ခဲ့တာလဲ”
တင်းဝိန် သက်ပြင်းချကာ ပြန်ဖြေလိုက်၏။
“ အစ်ကိုယောင်… ကျွန်တော် ပြဿနာ ကြုံနေတယ်...ကြီးမားတဲ့ပြဿနာတစ်ခုပဲ...”
လျူယောင် စိတ်မကောင်း ဖြစ်ကာ ပြောလိုက်၏။
“ဟွားဟိုင် ယဥ်ကျေးမှုအဖွဲ့အစည်းရဲ့ လုပ် ငန်းတွေမှာ ပြဿနာကြုံနေ တာလား..ရ န်ပုံငွေပြဿနာဆိုရင် ပြောလိုက်ပါ.. မင်းလိုချင်တဲ့ငွေကို ငါချေးပေးပါ့မယ်...”
တင်းဝိန်က ကျေးဇူးတင်ကြောင်း ဖော်ပြကာ ခေါင်းခါပြီး ပြန်ပြောလိုက်သည်။
“အစ်ကိုယောင် ကျေးဇူးတင် ပါတယ်..ခင်ဗျားရဲ့စကားတွေကြားတော့ ကျွန်တော့်ရင်ထဲ နွေးသွားတယ်...ခင်ဗျားလို အစ်ကိုတစ်ယောက်ရှိလို့ ကျွန်တော့်ဘဝက အလွန်တန်ဖိုး ရှိနေတာ.. "
“ဒီလို ဝမ်းနည်းစရာ စကားတွေ မပြောပါနဲ့ ဘာဖြစ်တာလဲဆိုတာ ငါ့ကို အသေးစိတ် ပြောပြ.. ”
တင်းဝိန် ခေါင်းညိတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဟွားဟိုင် ယဥ်ကျေးမှု့အဖွဲ့အစည်းမှာ ပြဿနာဖြစ်တာမဟုတ်ပါဘူး... ကျွန်တော့် မိသားစုဆီမှာ ပြဿနာဖြစ်နေ တာပါ… ဒီလိုကြီး မားတဲ့ပြဿနာမျိုး တစ်ခါမှမ ကြုံဖူးပါဘူး..”
“အဲ့လိုလား “
“မင်းအိမ်မှာ တစ်ခုခုဖြစ်ခဲ့တာလား.. ငါ့ရဲ့အကူအညီလိုသေးလား…”
လျူ ယောင် စိုးရိမ်တဲ့မျက်နှာဖြင့် မေးလိုက် သည်။
နှစ်ယောက်သား ဆက်ဆံရေးက အလွန် ကောင်းမွန်တာကြောင့် တင်းဝိန်ရဲ့ မိသား စုတွင် ပြဿနာကြုံနေတာကို ကြားတဲ့ အခါအခါ လျူယောင် စိတ်ပူပန်လာသည်။
တင်းဝိန် မေးလိုက်၏။
“ အစ်ကိုယောင် ခင်ဗျားအခုချိန်ထိ ကျွန်တော့်မိသားစု နောက်ခံအကြောင်းကို မသိသေးဘူးမဟုတ်လား...”
လျူယောင် ခေါင်းညိတ်ပြလိုက်သည်။
“သူ တကယ်ကို မသိခဲ့ပေ... “
လူကြီးလူကောင်းတို့ မိတ်ဆွေဖွဲ့ခြင်းမှာ ရေကဲ့သို့ ပေါ့ပါးသည်ဆိုသလို လျူယောင် က အလေးထားပြီး မလေ့လာခဲ့ပေ။ တင်းဝိန်ရဲ့ မိသားစုနောက်ခံက သိပ်မရိုးရှင်း ဘူးလို့သာ သူခန့်မှန်းမိသည်။
တင်းဝိန်က ပြောပြလိုက်၏။
“ အစ်ကိုယောင် တကယ်တော့ ..ကျွန်တော် ခင်ဗျားကို ပြောပြသင့်တာပါ...ချင်းယွန် အင်တာနေရှင်နယ်ကို ခင်ဗျားသိမယ်ထင် တယ်”
လျူယောင် သိပေ၏။ ချင်းယွန်း အင်တာနေရှင်က ယန်နိုင်ငံတွင် နာမည် ကြီး၏။ တစ်နှစ်တာဝင်ငွေ ဒေါ်လာ ဘီလီယံရာပေါင်းများစွာရှိပြီး ကမ္ဘာ့ထိပ် တန်း ကုမ္ပဏီ၅၀၀ တွင်လည်း ပါဝင်သည်။
ချင်းယွန် အင်တာနေရှင်နယ်က ကမ္ဘာ့ အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းများ ထုတ် လုပ်တာဖြစ်ပြီး ပိုင်ဆိုင်ထားတဲ့ မူပိုင်ခွင့် နည်းပညာများလည်း များစွာရှိသည်။ ရုံးချုပ်က ပီကင်းတွင်ရှိပြီးကုမ္ပဏီတွင် ဝန်ထမ်းသောင်းပေါင်း များစွာရှိပေသည်။
ချင်းယွန် အဆောက်အအုံက ပီကင်းရှိ အထင်ကရအဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး ချင်းယွန် အဖွဲ့ရဲ့ ဥက္ကဋ္ဌ ပီချင်းယွန်က အသက် ၆၀ ကျော်ပြီဖြစ် ပြီး ဒီကုမ္ပဏီကြီးကို ကိုယ်တိုင်တည်ထောင် ခဲ့တာပဲ ဖြစ်သည်။
ပီချင်းယွန်းက ယန်နိုင်ငံရဲ့ အချမ်းသာ ဆုံးလူဖြစ်လိုကြောင်း အကြိမ်များစွာ ပြော ခဲ့ပြီး နည်းပညာကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌ အနေဖြင့် ချင်းယွန် အဖွဲ့ရဲ့ ခွန်အားကို ပြသနိုင်ခဲ့သည်။
အဓိကအချက်ကတော့ ချင်းယွန်အဖွဲ့က အစုရှယ်ယာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီမဟုတ်သလို စာရင်းသွင်းရန် စိတ် ကူးလည်းမရှိပေ။တကယ်လို စာရင်း သွင်းပါက ပီချင်းယွန်ရဲ့ ကြွယ်ဝမှု့က ဒီ့ထက် မက တိုးလာနိုင်ပေသည်။
တစ်ခါစာရင်းသွင်းလိုက်တာနဲ့ ချင်းယွန် အဖွဲ့ရဲ့ ဈေးကွက်တန်ဖိုးကလည်း အကြိမ် များစွာ တိုးလာမည်ဖြစ်သည်။ ဈေးကွက် တန် ဖိုးတစ်ခုတည်းနဲ့ တင် နိုင်ငံရဲ့ ထိပ်တန်း တွင် ရောက်ရှိနိုင်သည်။
“တင်းဝိန် မင်းရဲ့မိသားစုနောက်ခံက ချင်းယွန်အဖွဲ့နဲ့ ပတ်သက်နေတာလား...”
လျူယောင် မေးလိုက်သည်။
တင်းဝိန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက် ၏။
“ချင်းယွန်အဖွဲ့ရဲ့ ဥက္ကဋ္ဌက ပီချင်းယွန်က ကျွန်တော့် အဖေပါ...ကျွန်တော်က မိသား စုမှာ အငယ် ဆုံးဖြစ်ပြီး အစ်မကြီး နှစ် ယောက်နဲ့ အစ်ကို ကြီးတစ်ယောက် ရှိပါတယ်”
“ ငါ သဘောပေါက်ပါပြီ...”
လျူယောင်က တင်းဝိန်ရဲ့မိသားစုနောက်ခံ ကို သိလိုက်ရပြီး သူ့အဖေရဲ နောက်ခံက ဒီလောက်အစွမ်းထက်ပြီး ချင်းယွန်းအဖွဲ့၏ ဥက္ကဋ္ဌ ပီချင်းယွန်းရဲ့ သားဖြစ်နေလိမ့်မည် ဟု မမျှော်လင့်ထားခဲ့ပေ။
တင်းဝိန်က သူ့မိသားစုတွင် ပြဿနာဖြစ် တာလို့ ပြောတဲ့အခါ လျူယောင်တစ်ခုခုကို ခန့်မှန်းမိသည်။ ပိုတိကျစွာပြောရရင် ချင်းယွန် အင်တာနေရှင်နယ်တွင် တစ်ခုခု ဖြစ်နေပေသည်။
ချင်းယွန် အင်တာနေရှင်နယ်က ကမ္ဘာ့အ ဆင့်မီ ဆက်သွယ်ရေးပစ္စည်းများ ကို ဒီဇိုင်း ဆွဲ တီတွင် ထုတ်လုပ်တာဖြစ်ပြီး မူပိုင်ခွင့် ကိုလည်း ကိုင်ဆောင်ထားသည်။
ဆက်သွယ်ရေးနယ်ပယ်တွင် ရှေ့ဆုံးမှ ရပ် တည်နေတာကြောင့် အချို့နိုင်ငံကြီးများက ခြိမ်းခြောက်ခံနေတယ်လို့ ခံစားလာရပြီး ကြောက်ရွံ့နေကြသည်။ဒါ့ကြောင် ပြီးခဲ့တဲ့ နှစ်ကစပြီး ပစ္စည်းများတင်သွင်းခွင့်ကို ပိတ်ဆို့အရေးယူမူ့များနဲ့ထောက်ပံ့ရေး ဖြတ်တောက်မူ့များလုပ်ခဲ့ကြသည်။
တင်းဝိန်က ဝမ်းနည်းစွာ ရှင်းပြလိုက်သည်။
“M နိုင်ငံက ချင်းယွန် အင်တာနေရှင်နယ်ကို အပြင်းထန်ဆုံးပိတ်ဆို့အရေးယူမှု့တွေလုပ်ခဲ့ တယ်...ကမ္ဘာပေါ်က ဘယ် ချပ်စ်ပြားကုမ္ပဏီ တွေကမှ ကျွန်တော်တို့နဲ့ ပူးပေါင်းရဲခြင်း မရှိ တော့ဘူး...ကံကောင်းလို့ ကျွန်တော် တို့မှာ အရံအစီအစဥ် ရှိပြီး ချပ်စ်ပြားတွေ အလုံ အလောက် အရံ ထားရှိ ထားတာ ပဲ..ကုမ္ပဏီ မှာလည်း ချပ်စ်ပြားထုတ် လုပ်တဲ့စွမ်းရည်ရှိလို့ တော်သေးတယ် “
“ကျွန်တော်တို့ ချင်းယွန် အင်တာနေရှင် နယ်က ချစ်ပ်ပြား တွေကို ဒီဇိုင်းရေးဆွဲပြီး တစ်ခြားကုမ္ပဏီ များကို ထုတ်လုပ်ခိုင်း တယ် သူတို့က M နိုင်ငံဦးဆောင်တဲ့ အခြားနိုင်ငံ များရဲ့ အရေးယူ ပိတ်စို့မှု့ကို မကြောက်ခဲ့ဘူး...ဒါပေမဲ့ အခု အခြေအနေ က ပိုဆိုးရွား လာခဲ့ပြီး M နိုင်ငံကြောင့် အဲ့ကုမ္ပဏီတွေက ကျွန်တော်တို့အတွက် ချစ်ပ်ပြားတွေ ထုတ် လုပ်ဖို့ ဆန္ဒမရှိကြ တော့ဘူး “
တင်းဝိန်က ရှည်လျားစွာ ရှင်းပြလိုက်သည်။
လျူယောင် ခေါင်းညိတ်ပြလိုက်၏။
ဒီအရာများနဲ့ ပတ်သက်တဲ့ သတင်းများက မကြာခဏ ထွက်ပေါ်လာတာကြောင့် လျူ ယောင် အကြမ်းဖျင်းနားလည်ပေသည်။
“မင်းရဲ့ ... ဟွာဟိုင်း ယဥ်ကျေးမှု့ ကုမ္ပဏီ ကရော ဆက်မလုပ် တော့ ဘူးလား...”
လျူယောင် မေးလိုက်သည်။
“ဒါက ကျွန်တော်တည်ထောင်ခဲ့တဲ့ ပထမ ဆုံး ကုမ္ပဏီဖြစ်လို့ ဆက်လုပ်သွားမှာပါ... ဒါပေမဲ့ ကိုယ်တိုင်တော့ ဆက်မလုပ်တော့ ဘူး ကျွမ်းကျင်တဲ့ အမှု့ဆောင်တွေကိုပဲ လုပ်ကိုင်ခိုင်းတော့မယ်...”
“ချင်းယွန် အင်တာနေရှင်နယ်ကိုအာရုံစိုက် ပြီး အဖေနဲ့အစ်ကိုကို လက်ရှိအခက်အခဲ တွေ ကျော်လွှားနိုင်အောင် အစွမ်းကုန်ကူ ညီပေးဖို့ စီစဥ်ထားတယ်...”
လျူယောင်က သူ့အားနားလည်ကြောင်း ဖော်ပြခဲ့သည်။ ချင်းယွန် အင်တာနေရှင် နယ် နှင့် နှိုင်းယှဉ်ပါက ဟွာဟိုင်း ယဥ်ကျေး မှု့အဖွဲ့အစည်းက ဘာမှမဟုတ်ပေ။
ချင်းယွန်အင်တာနေရှင်နယ်တွင် ဒီလောက် ကြီးမားတဲ့ အခက်အခဲကို ကြုံနေတာ ကြောင့် တင်းဝိန်အနေနဲ့ မိသားစု အခက်အ ခဲကို အတူကျော်လွှားရန် ပူးပေါင်းဆောင် ဆောင်ရွက်တာ လုံးဝ မမှားပေ။
လျူယောင် စိုးရိမ်တကြီး ပြောလိုက်၏။
“ညီလေး..ရန်ပုံငွေပြဿနာတွေရှိရင် ဘီလီ ယံအနည်းငယ်လောက် ..ငါကူညီပေးနိုင်ပါ တယ်”
တင်းဝိန်က ခပ်ကြမ်းကြမ်းခေါင်းညိတ်ပြီး သူ့ရင်ထဲတွင် နွေးထွေးမှု့ကို ခံစားနေ ရ သည်။
“ အကိုယောင်..တကယ်လို့ ရန်ပုံငွေလို အပ်ရင် ကျွန်တော် လာခဲ့ပါ့မယ်...တကယ် တော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီး မားဆုံး..အခက်အခဲက ရန်ပုံငွေ ပြဿနာမ ဟုတ်ဘဲ ချပ်ပြားထုတ်လုပ်လို့မရတာပဲ.."
ချင်းယွန် အင်တာနေရှင်နယ်က ချစ်ပ်ပြား များကို သီးသန့်တီထွင်ထုတ်လုပ်နိုင်ပေမဲ့ ဘယ်ကုမ္ပဏီကမှ ချစ်ပ်ပြားများကို ထုတ် လုပ်ရန် မရဲတင်းကြပေ။သူတို့အားလုံးက M နိုင်ငံရဲ့ အရေးယူ ပိတ်ဆို့မှု့ကို ကြောက်နေကြသည်။
လျူယောင် ခေါင်းညိတ်ကာ ပြောလိုက်၏။
“တကယ်လို့ အဆင့်မြင့်လစ်သိုဂရက်ဖီစက် တစ်လုံး နှစ်လုံးလောက်ရှိရင် အရမ်းကော င်းမှာပဲ”
ကမ္ဘာ့အကောင်းဆုံးလစ်သိုဂရက်ဖီစက်က Asmail မှထုတ်လုပ်သော ၅nm လစ်သို ဂရက် ဖီစက် ဖြစ်သည်။ယန်နိုင်ငံတွင် ထုတ် လုပ်တဲ့ လစ်သိုဂရက်ဖီစက်က အများဆုံး ၂၀ နာနိုမီတာအထိသာ ရောက် ရှိ နိုင်သည်။
တင်းဝိန်က ခေါင်းခါကာ ပြန်ဖြေလိုက်၏။
“Asmail ရဲ့ လစ်သိုဂရက်ဖီစက်ကိုစဉ်းစား စရာမလိုပါဘူး.သူတို့က ချင်းယွန် အင် တာနေရှင်နယ်ကို မရောင်းတော့ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့တယ်..ယန်နိုင်ငံ က ဘယ်ကုမ္ပဏီကိုမှလည်း မရောင်းဘူး တဲ့..”
စိတ်မကောင်းဖြစ်ကာ လျူယောင် နှစ်သိမ့် လိုက်သည်။
“ မင်း..အများကြီးတွေးပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့ကွာ အခက်အခဲတွေက ခဏ ပါ ဒါတွေကို ဖြေရှင်းနည်းတွေ ရှိမယ် လို့ ငါယုံတယ် “
“အစ်ကိုယောင် ခင်ဗျားပြောတာ မှန်ပါ တယ်”
တင်းဝိန် သိသိသာသာ စိတ်သက်သာ ရာရသွားပြီး သူ့မျက်နှာက ယခင်ကလို နွမ်းနေခြင်း မရှိတော့ပေ။
“ကဲ ..သွားရအောင်..တစ်နေရာရှာပြီး လက် ဖက် ရည် သွားသောက်ရင်း စိတ်အပန်းဖြေ ကြမယ်..”
လျူယောင် ပြောလိုက်၏။
“ဟုတ်ကဲ့...ပြဿနာမရှိပါဘူး”
တင်းဝိန် ပြန်ဖြေကာ ထရပ်လိုက်၏။
နှစ်ယောက်သား အတူတူထွက်လာပြီး နေရာတစ်ခုရှာကာ နေ့လယ်ဘက်တွင် လက်ဖက်ရည်သောက်ရင်း တစ်နေ့တာ နီးပါး ကုန်ဆုံးခဲ့သည်။
....
ရက်အနည်းငယ်ကြာပြီးနောက်...
ရုံးခန်းထဲတွင် လျူယောင် ထိုင်နေပြီး စာ ရွက်စာတမ်းများနှင့် အစီရင်ခံစာများစွာကို ဖတ်ရှုပြီးနောက် သူ့မိုဘိုင်းဖုန်းပေါ်တွင် သ တင်း များကို ကြည့်လိုက်သည်။
သတင်းတစ်ခုက လျူယောင့်ကို စိတ်ဝင် စားမှု့ ဖြစ်စေခဲ့သည်။ M နိုင်ငံရှိ ချစ်ပ်ပြား ကုမ္ပဏီတစ်ခုဟာ Asmer မှ ၅nm လစ်သို ဂရက်ဖီစက် သုံးလုံးကို ဝယ်ယူခဲ့ပြီး မကြာ မီအချိန်အတွင်း အမေရိကန်ကို လေယာဉ် ဖြင့် ပို့ဆောင်တော့မည် ဖြစ်သည်။
လျူယောင် ခဏတာ မနာလိုစိတ်ဖြစ်ပေါ် လာခဲ့သည်။
“ဒီလစ်သိုဂရက်ဖီစက်တွေ... ငါတို့ကို ကျ..တစ်လုံး မှ မရောင်းဘဲ M နိုင်ငံရဲ့ ကုမ္ပဏီကို...သုံးလုံးစလုံးတစ်ပြိုင်နက်တည်း ရောင်းလိုက်တာလား”
“ကျိန်စာတိုက်တယ် ချီးလ်ပဲ“
“ဒီ လစ်သိုဂရက်ဖီစက် သယ်ဆောင်လာတဲ့ လေယာဉ် ပင်လယ်ထဲ ပျက်ကျပါစေကွာ..”
လျူယောင် ဒေါသထွက်ကာ ကျိန်ဆဲ လိုက် ၏။