← Chapters

အညှာအတာမဲ့သော်လည်း ချစ်စဖွယ်ကောင်းလှသော မြူနှင်းဝိညာဉ် သားရဲ့များ

Vol. 37 Ch. 513

အညှာအတာမဲ့သော်လည်း ချစ်စဖွယ်ကောင်းလှသော မြူနှင်းဝိညာဉ် သားရဲ့များ

Vol. 37 Ch. 513

အန်လင်းနှင့် လျှိုချူးချူးမှာ မြူနှင်းဝိညာဉ် သားရဲများကို စိုက်မကြည့်ပဲ မနေနိုင်ပါချေ။

သူတို့မှာ တစ်ကောင်စီက ဖရဲသီး အသေးစားလေးများ အရွယ် အဖြူရောင်အမွေးများဖြင့် ဖုံးအုပ်နေသော ခန္ဓာကိုယ်လုံးလုံးလေးများနှင့် အလွန်နူးညံ့ကာ နွေးထွေးမည့်ပုံပေါ်လေ၏။ သူတို့၏ မျက်လုံးများမှာ ကြီးမားကာ လုံးဝန်းပြီး အပြာရောင်အလင်းတန်းများ ဖြတ်​ပြေးနေလေ၏။ သူတို့က ချစ်စဖွယ် ပန်းရောင်နှာခေါင်းများနှင့် သွားဖြူဖြူလေးများ ရှိ၏။ ခြေထောက်များအစား သူတို့၌ တိုကာ ရှုပ်ထွေးလှသော တောင်ပံတစ်စုံ ရှိကြပေ၏...။

လျှိုချူးချူးမှာ မြူနှင်းဝိညာဉ် သားရဲများကြောင့် မှင်သက်နေပေ၏။ သူတို့၏ ချစ်စရာကောင်းမှုက သူမ၏ မျှော်မှန်းချက်များထက်ပင် ပိုလွန်နေပြီး သူမက ထိုနေရာ၌ပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပေ၏...။ သူမက သူမအတွက် တစ်ကောင် ဖမ်းကို ဖမ်းရမည်။

အန်လင်းက မြူနှင်း ဝိညာဉ် သားရဲများကို ကြည့်လိုက်သောအခါ မသိလိုက်မသိဘာသာ တံတွေးမြိုချမိသွား၏။ သူလည်း ထိုကဲ့သို့ ချစ်စရာ စိတ်ဝိညာဉ်သားရဲတစ်ကောင် လိုချင်၏။

မဟုတ်ဘူး။ သူက တစ်ခုကို ရှောင်လန်ကို ပေးရန်အတွက် နှစ်ကောင် လိုချင်၏။

မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး...။ သူက အကုန်လုံးကို ယူကာ မြူနှင်းဝိညာဉ်သားရဲ အသိုက်တစ်ခုလုံးကို ရှိချင်ပါပေ၏။ သူ့ရှေ့တွင် ၁၂​ကောင်တိတိရှိနေပေ၏။

"နင်တို့က ဘာတွေ ကြည့်နေတာလဲ။ ပြေးတော့ဟ..." လင်းယင်က လွတ်မြောက်သွားပြီပင် ဖြစ်ကာ အန်လင်းနှင့် လျှိုချူးချူးက နေရာတွင် ကြောင် ရပ်နေသည်ကို မြင်သောအခါ ထိပ်ထိပ်ပျာပျာ အော်ဟစ်လိုက်လေ၏။

အန်လင်း၏ မျက်နှာထက်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ပေါ်လာပေ၏။ "ပြေးရမယ်...။"

လျှိုချူးချူး၏ မျက်လုံးများက လောင်ကျွမ်းနေသော ဆန္ဒများဖြင့် တောက်လောင်နေပေ၏။ "ငါတို့က ထပ်ပြီး မပြေးတော့ဘူး။"

လင်းယင် : "..."

"ဟားဟားဟား... မှန်တယ် ငါတို့က ဘယ်မှ မပြေးတော့ဘူးကွ။" ညင်သာသော အသံတစ်ခုက ပြောလိုက်လေ၏။

အန်လင်းက ခေါင်းမော့လိုက်ရာ မြူနှင်း ဝိညာဉ် သားရဲတစ်ကောင်က စကားပြောလိုက်သည်ကို တွေ့လိုက်ရ၏။

"နင်က ထိုက်ချူဘာသာစကားပြောတတ်တယ်...။" လျှိုချူးချူးက မြူနှင်းဝိညာဉ် သားရဲကို အံ့ဩတကြီးစိုက်ကြည့်လိုက်၏။

မြူနှင်း ဝိညာဉ်သားရဲက ချွန်ထက်သော သွားလေးများကို လှစ်ဟပြကာ အပြုံးကြီးတစ်ခုနှင့် ပြန်ဖြေလိုက်၏။ "ဒါပေါ့။ ငါက အစွမ်းထက် ဖြစ်တည်မှုတွေကို မရေမတွက်နိုင်အောင် သုတ်သင်ခဲ့တာ။ ငါ့ဆီကနေ ဘယ်သူကမှ မလွတ်မြောက်နိုင်ဘူး။ ငါက သူတို့ရဲ့ ဗဟုသုတတွေ အားလုံးကို ရအောင် ဝိညာဉ်ရှာဖွေ နည်းစနစ်တွေလဲ သုံးထားတာ။"

အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။ "မင်းက ပိုပြီး ချစ်ဖို့ကောင်းတာတစ်ခုခု ပြောလို့မရဘူးလား။ အဲဒါမှ မင်းပုံရိပ်နဲ့ လိုက်ဖက်မှာ။"

"ဟမ့်... မောက်မာတဲ့ ဆန်ကုန်မြေလေးကောင်။ မင်းက ကြီးမြတ် ရွှယ်ကျန်းထျန်းဆိုတဲ့ ငါ့ကို ဘာပြောရမလဲဆိုပြီး ဝေဖန်ပိုင်ခွင့်မရှိဘူး။" မြူနှင်းဝိညာဉ် သားရဲက ဒေါသဖြင့် အော်ဟစ်လိုက်လေ၏။

အန်လင်း : "..."

ထို့နောက် ရွှယ်ကျန်းထျန်းက သူ့နောက်မှ မြူနှင်း ဝိညာဉ် သားရဲများဆီသို့ တောင်ပံခတ်လိုက်လေ၏။ "သွားစမ်း၊ ကောင်လေး။ ငတုံး လူသားတွေကို အကြောက်တရား အစစ်ဆိုတာ ဘာလဲဆိုတာ ပြလိုက်။"

ကျန်ရစ်သော မြူနှင်း ဝိညာဉ်သားရဲများက ခွဲခြား၍ မရနိုင်သော ကြွေးကြော်သံများကို ထုတ်လွှတ်ကာ သူတို့၏ ခန္ဓာကိုယ်များမှ အပြာရောင် အလင်းတောက်တောက်က ထိုးထွက်လာကာ အထူးမြူနှင်း၏ ကြောက်မက်ဖွယ် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ သူတို့ပတ်ဝန်းကျင်ရှိ အချင်းဝက် မီတာရာပေါင်းများစွာရှိ ဧရိယာကို လွှမ်းခြုံသွားကြလေ၏။

ထိုအချိန်တွင် အန်လင်းက သူ့ပတ်ဝန်းကျင်မှ အရာရာက နှေးကွေးလာသည်ဟု ခံစားလိုက်ရ၏။

သူက ချက်ချင်းပင် သူ့၏ အံ့ဖွယ် မီးတောက်များကို ခုခံရေးပစ္စည်းအဖြစ် ထုတ်လွှတ်လိုက်လေ၏။

သို့သော် သူက သူ့၏ အံ့ဖွယ်မီးတောက်များကို အပြည့်အဝ မထုတ်လွတ်နိုင်ရန် အခွင့်အရေးမရခင်မှာပင် အနက်ရောင် အရိပ်တစ်ခုက သူ့ဆီသို့ တိုးဝင်လာလေ၏။

အနက်ရောင်အရိပ်မှာ မြူနှင်းဝိညာဉ် သားရဲများတွင် အကြီးဆုံး ရွှယ်ကျန်းထျန်ဖြစ်၏။ ထိုသည်က လက်ရှိတွင် အန်လင်း၏ ရင်ဘတ်ဆီသို့ ပျံသန်းလာနေ၏။ အပြာရောင်အလင်းတစ်ခုက အစွမ်းထက်ဉက္ကာခဲတစ်ခုသဖွယ် ထိုအရာ၏ ခန္ဓာကိုယ် ပတ်လည်တွင် လည်ပတ်နေလေ၏။

အန်လင်းက သူ့ကို ခုခံချင်သော်လည်း သူ့၏ အရှိန်မှာ သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသည့် အထူးမြူနှင်း၏ အားအင်ကြောင့် အကြီးအကျယ် နှောင့်နှေးနေ၍ သူ့အား အလိုရှိသလို လှုပ်ရှားခြင်းမှ တားဆီးနေလေ၏။

ဘုန်း...

အန်လင်း၏ ရင်ဘတ်မှာ ကြီးမားလှသည့် အားတစ်ခုဖြင့် ထိခိုက်မိသွားပြီး အမြှောက်ဆံတစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားကာ ပါးစပ်မှသွေးများ စီးကျနေလေတော့သည်။

"ဘီလူး အန်လင်း..."

တီနာ၏ အမူအရာက ပြောင်းသွားကာ သူမ၏ ကြာပွင့်နှလုံးသား ရေခဲဓားဖြင့် ရွှယ်ကျန်းထျန်ဆီသို့ အဖြူရောင် ဓားအလင်းတန်းတစ်ခုဖြင့် ခုတ်ပိုင်းလိုက်လေ၏။

ရွှယ်ကျန်းထျန်က အေးစက်စွာ ချောင်းဟန့်လိုက်ပြီး သူ့၏ သေးငယ်ပြီး လျှင်မြန်သည့် တောင်ပံများကို ခတ်လိုက်၏။ သူ့၏ လုံးဝန်းသော ခန္ဓာကိုယ်က ဓားအလင်းတန်းကို ရှောင်လိုက်ပြီး သိသာထင်ရှားလှသော လျင်မြန်ခြင်းကို ဖော်ပြနေလေ၏။

ထိုအချိန်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုက ရွှေရောင်းလျှပ်စီးကြောင်းတစ်ခုသဖွယ် လေထုကို ဖြတ်ကာ လင်းလက်လာပြီး ရွှယ်ကျန်းထျန်က တီနာ၏ ဓားအလင်းတန်းကို ရှောင်ပြီးပြီးချင်း ပေါ်လာမည့်နေရာတိတိကျကျတွင် ရိုက်ခတ်သွားလေ၏။ ထိုသည်က ပြီးပြည့်စုံသော အချိန်ကိုက်ခြင်းနှင့် တိကျခြင်းတို့နှင့် အပစ်အခတ်ကျွမ်းကျင်မှု အစိတ်အပိုင်းပင် ဖြစ်၏။

ဝှစ် ဝှစ် ဝှစ်...

မြူနှင်းဝိညာဉ် သားရဲများက လေထုကို ဖြတ်သန်းကာ ပျံသန်းသွားပြီး ရွှယ်ကျန်းထျန်၏ ရှေ့တွင် နေရာယူလိုက်ကြသည်။

သူတို့သုံးကောင်စလုံးမှာ တစ်ပြိုင်တည်း တောင်ပံများကို ဖြန့်ကာ ရေခဲသလင်းကျောက်ပုံစံနှင့် အပြာရောင် အကာအကွယ် မန္တန်ဖွဲ့စည်းခြင်းတစ်ခုကို ထုတ်လွှတ်လိုက်ကြ၏။

ကြောက်မက်ဖွယ် ချိတ်စည်း စွမ်းအင်များနှင့် ပြည့်နေသော ရွှေရောင် မြှားက အပြာရောင် မန္တန်ဖွဲ့စည်းခြင်းကို ဝင်တိုက်လိုက်ကာ တောက်ပသော အလင်းတစ်ခုက ရှေ့သို့ ပေါက်ကွဲထွက်လာကာ အထူးမြူနှင်း စွမ်းအားကို လေထဲတွင် ခေတ္တမျှ ချိတ်ပိတ်လိုက်လေ၏။

သို့သော် ထိုသည်က လျှိုချူးချူးထံသို့ ပုံရိပ်ငါးခု အရှိန်ပြင်းပြင်းဖြင့် ရုတ်တရက် ပျံသန်းလာသော အချိန်လည်း ဖြစ်ပေ၏။

"ဂရုစိုက်..." အန်လင်းက သူ့၏ လေတောင်ပံများကို ဖြန့်လိုက်ကာ လျှိုချူးချူးဆီသို့ တစ်ဟုန်ထိုး ​ပြေးသွားလိုက်ကာ မိစ္ဆာရှင်းဓားဖြင့် အနက်ရောင် ဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်လေ၏။

မြူနှင်းဝိညာဉ် သားရဲငါးကောင်မှာ အဖွဲ့လိုက်မန္တန်နည်းစနစ်များကို အသုံးပြုခြင်း၌ အတော်လေး ကျွမ်းကျင်ပုံရပြီး လိမ်​ကွေးနေသောရေလွှာတစ်ခုကို ဖန်တီးရန် ချက်ချင်းပင် လေထဲတွင် သူတို့၏ နေရာများကို ညှိနှိုင်းလိုက်ကြကာ အန်လင်း၏ ဓားအလင်းတန်းကို မူလလမ်းကြောင်းမှ သွေဖယ်သွားစေလေ၏။

"ဉက္ကာပျံ ကျိုင်း..."

မြူနှင်း ဝိညာဉ် သားရဲငါးကောင်မှာ သူတို့၏ ခန္ဓာကိုယ်များကို ကျယ်ပြန့်လိုက်ပြီး အန်လင်းအပေါ်သို့ ကြောက်မက်ဖွယ် အရှိန်နှင့် အစွမ်းများ ပိုင်ဆိုင်နေသော ကျိုင်းများသဖွယ် ကျဆင်းလာလေ၏။

အန်လင်းက လျှိုချူးချူး၏ ရှေ့တွင် နေရာယူလိုက်ကာ ခုခံရေး ဓားအလင်းတန်းများကို အဆက်မပြတ် ထုတ်လွတ်လိုက်လေ၏။

ဘုန်း ဘုန်း ဘုန်း...

မြူနှင်း ဝိညာဉ် သားရဲများက  အန်လင်း၏ အကာအကွယ်များကို ချိုးဖျက်လာကာ သူတို့၏ စုစုပေါင်း ခွန်အားဖြင့် သူ့ကို ထပ်မံ လွင့်ထွက်သွားစေကာ အန်လင်း၏ ပါးစပ်မှ သွေးများ စီးကျလာစေ၏။

မြူနှင်း ဝိညာဉ် သားရဲများအားလုံးမှာ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ္၍ ရပြီး သူတို့၏ အဖွဲ့လိုက် မန္တန်ဖွဲ့စည်းခြင်းများက သူတို့အား ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုများနှင့် ညီမျှပေ၏။ အထူးမြူနှင်း စွမ်းအား၏ တားမြစ်ချက်အောက်တွင် အန်လင်းနှင့် တခြားသူများက အားနည်းချက် အလွန်များနေကာ မြူနှင်း ဝိညာဉ် သားရဲများ၏ အရှိန်မှာ ဤကဲ့သို့ ပတ်ဝန်းကျင်တွင် ပိုမို၍ တိုးတက်သွားပုံ ပေ၏။ သည်လိုနှင့်ပင် အန်လင်းနှင့် တခြားသူများက မကြာခင်မှာပင် အရေးနိမ့်နေပြီ ဖြစ်၏။

လျှိုချူးချူးက ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်ရသေးချိန်တွင် မြူနှင်း ဝိညာဉ် သားရဲနောက်ထပ်လေးကောင်မှာ သူမဆီသို့ ခုန်ဝင်လာလေ၏။

တီနာသည်လည်း မြူနှင်း ဝိညာဉ် သားရဲ သုံးကောင်နှင့် တိုက်ခိုက်နေရပေ၏...။

လျှိုချူးချူး၏ အားနွဲ့သော ခန္ဓာကိုယ်မှာ မြူနှင်း ဝိညာဉ် သားရဲတစ်ကောင်ကြောင့် လေထဲသို့ ပျံသန်းသွားလေ၏။ သူမက မြေပြင်းပေါ်သို့ ပြင်းထန်စွာ ပြန်ကျချိန်၌ သူမ၏ ခန္ဓာကိုယ်မှာ တစစီ ပြုတ်သွားသည်ဟု ခံစားလိုက်ရ၏။

ရွှယ်ကျန်းထျန်က ချက်ချင်းပင် သူ့၏ ခန္ဓာကိုယ်ကို ပြန့်ကားလိုက်ပြီး အေးစက်သော အလင်းတစ်ခုက သူ့၏ ကြီးများ လုံးဝန်းသော မျက်လုံးများကို ဖြတ်ကာ တောက်ပလာလေ၏။ "သေစမ်း..."

ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်မှာ လေထုကို ဖြတ်ကာ အမြှောက်ဆံတစ်ခု ကဲ့သို့ ပျံသန်းလာပြီး  ပေါက်ကွဲသံများ ချန်ရစ်ထားခဲ့ပေ၏။ လျှိုချူးချူးသာ ဤတိုက်ခိုက်မှုကို ခံလိုက်ရပါက မသေဆုံးလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည်ဖြစ်၏။

"ချိတ်စည်း နည်းစနစ်- မြင့်မြတ် လျှပ်စီးမြွေဖြူများ..."

အသံတစ်ခုက လျှိုချူးချူးနောက်တွင် ရုတ်တရက် ပေါ်လာလေ၏။

လင်းယင်မှ တပ်ဆုပ်နေရာမှ ပြန်လာပြီး သူမ၏ လက်တံများမှ လျှပ်စီးကြောင်းဖြူများက မြွေဖြူများသဖွယ် မရေမတွက်နိုင်အောင် ထွက်ပေါ်လာပြီး မြူနှင်း ဝိညာဉ် သားရဲ ၁၂ကောင်နှင့်ပေါင်းစည်းသွားလေ၏။

လျှပ်စီးကြောင်းဖြူများက အလွန် လျှင်မြန်လှပြီး မြူနှင်း ဝိညာဉ် သားရဲများအားလုံးက ရှောင်ရန်အချိန်မရခင်မှာပင် ရိုက်ခတ်ခံလိုက်ရ၏။

လင်းယင်၏ တိုက်ခိုက်မှုမှာ အလွန်အစွမ်းမထက်ပါပေ သို့သော် ထိုသည်က ပစ်မှတ်ကို ခတ္တမျှ အကြောသေသွားစေနိုင်သော စွမ်းအင် ရှိပေ၏။

"ပြေးတော့။ ငါ ဒီမန္တန်ကို တစ်ခါပဲ ထုတ်လွတ်နိုင်တာ။ နင်တို့က နောက်ထပ် ထပ်ပြီး လွတ်ဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး..." လင်းယင်က လျှိုချူးချူး၊ အန်လင်းနှင့် တီနာတို့ဆီသို့ အော်ဟစ်လို့်လေ၏။

"ပြေးရမယ်..."

"ဘာလို့ ပြေးရမှာလဲ။ ဒီလောက် ချစ်စရာကောင်းတဲ့ စိတ်ဝိညာဉ် သားရဲတွေကို ဘယ်လိုလုပ်ပြီး ချန်ထားခဲ့ရမှာလဲ။"

အန်လင်းက တဖြည်းဖြည်း မတ်တပ်ရပ်ကာ အံ့ဖွယ် မီးတောက်လေးခုမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် သံချပ်ကာတစ်ခုသဖွယ် အခြေကျလာလေ၏။ မီးတောက်များမှ ဖြာထွက်နေသော လောင်ကျွမ်းနေသော အပူချိန်များက လေထုကို တောက်ပစေကာ တွန့်ကွေးလာစေပြီး အောင်ဘက်မှ မြေကြီးတစ်ခုလုံးက ကြက်သွေး​ေရာင် ဖြစ်လာလေ၏။

သူက လောင်ကျွမ်းနေမင်း ဆေးတောင့်တစ်ခုကို သောက်သုံးလိုက်ရာ သူ့၏ အော်ရာက ချက်ချင်းပင် ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ တိုးတက်သွားလေ၏။ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ မီးတောက် သံချပ်ကာမှာ ပိုပို၍ ကြောက်မက်ဖွယ် ဖြစ်လာကာ လှိုင်ဂူတစ်ခုလုံးကို ဝါးမြိုပစ်ရန် ခြိမ်းခြောက်နေသကဲ့သို့ပင်။

နူးညံ့သော်လည်း စိတ်ပိုင်းဖြတ်ထားသော အသံတစ်ခုက သဘောတူညီမှုဖြင့် ဝင်ပြောလိုက်လေ၏။ "ဟုတ်တယ်။ ချစ်စရာကောင်းတဲ့ မြူနှင်း ဝိညာဉ် သားရဲတွေအများကြီးက အဖမ်းခံဖို့ ငါ့ကို စောင့်နေတာကို ငါက ဘယ်လိုလုပ်ပြီး ပြေးနိုင်မှာလဲ။"

လျှိုချူးချူးက သူ့ပါးစပ်ကို ဖွင့်ကာ သူမ၏ လောင်ကျွမ်းနေမင်းဆေးတောင့်ကို သောက်သုံးလိုက်လေ၏။

ဘုန်း...

လောင်ကျွမ်းနေမင်း ဆေးတောင့်၏ အကျိုးသက်ရောက်မှုက ချက်ချင်းပင် သူမ ကိုယ်ထဲ၌ ပြသလာကာ သူမ၏ အော်ရာကို အလွန်ကျယ်ပြန့်ကာ အစွမ်းထက်လာစေ၏။ ရလာဒ်တစ်ခု အနေဖြင့် သူမရှေ့ရှိ မြူနှင်း ဝိဉာဉ် သားရဲလေးကောင်က အလန့်တကြား တုန်ယင်စပြုလာလေ၏။

လင်းယင်က လျှိုချူးချူးနှင့် အန်လင်းကို ​အမူအရာမဲ့ ငေးကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေလေ၏။ "သွားပြီ... နင်တို့ နှစ်ယောက်လုံး ရူးသွားပြီ..."

သူမက အန်လင်းနှင့် လျှိုချူးချူးတို့မှာ သူတို့၏ အဆင့်၅ အင်မော်တယ် လောင်ကျွမ်းနေမင်း ဆေ့တောင့်များကို  ဤကဲ့သို့ အခြေအနေမျိုးတွင် အသုံးပြုလိုက်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါချေ။ ဆေးတောင့်များက သူတို့အား အထူး စွွမ်းအင်တိုက်တက်မှုတစ်ခုကို အချိန်တိုတစ်ခု သို့မဟုတ် ဖြစ်နိုင်သည်မှာ မြူနှင်းဝိညာဉ် သားရဲများနှင့် ယှဉ္ပြိုင်ရန် လုံလောက်သော အချိန်ကို ပေးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။

သို့သော် ထိုဆေးတောင့်များက တန်ဖိုးရှိသော ဝှက်ဖဲများ ဖြစ်ကြလေ၏။ မြူနှင်းဝိညာဉ် သားရဲတစ်ကောင်ကို ဖမ်းရန်အတွက်နှင့် ထိုသည်များကို အသုံးပြုရန် အမှန်တကယ်ပင် တန်သည်လား။

--------------

All Chapters