လီချန်လဲ့နဲ့အတူ
Vol. 21 Ch. 304
ဒါပေမဲ့ လျူယောင် စိတ်ထဲတွင်သာ တွေးပြီး ရယ်မောလိုက်သည်။
“ဟားဟားဟား...ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ပင်လယ်ထဲကို ဘယ်လိုလုပ် ပျက်ကျနိုင်မှာလဲ ..“
လျူယောင် ရယ်ပြီး လက်ကို မြောက်ကာ အချိန် ကြည့်လိုက်သည်။
“အင်း ဒီချိန်ဆို လဲ့လဲ့ အလုပ်ပြီးတော့မယ်.. ဒီနေ့က ကျောင်းသားတွေ အမှတ်စာရင်းကြည့်တဲ့နေ့ပဲ မနက်ဖြန်ဆို နွေရာသီ ကျောင်း ပိတ်ရက်စတော့မှာပဲ “
လျူယောင် စိတ်ထဲကနေပြောလိုက်သည်။ နွေရာသီကျောင်း ပိတ်ရက် စတာနဲ့ လီချန်လဲ့တွင် အချိန်များစွာရှိပြီး ကျောင်းကိုသွားစရာ မလိုတော့ပေ။
လျူယောင် အပြင်ထွက်ကာ ဓါတ်လှေကားနဲ့မြေအောက် ကားပါကင်ကို ဆင်းလိုက်သည်။Universal မှသီးသန့်ကားရပ်ထားရာနေရာတွင် ဇိမ်ခံကားများစွာ ရှိနေသည်။
“လဲ့လဲ့ရဲ့ကျောင်းကို ဘယ်ကားနဲ့ မောင်းသွားရမလဲ... Pagani ကားနဲ့ပဲ သွားရတော့မယ်.. ငါကားရပ်မဲ့နေရာက ကျောင်းရဲ့ တံခါးဝနဲ့ နည်းနည်းဝေးမယ် ထင်တယ်...”
Pagani စူပါကားက ယွမ် သန်း ၃၀ ကျော် တန်ဖိုး ရှိပြီး ပြီးခဲ့တဲ့လက ဟွာဟိုင်း ကားပြပွဲတွင် Universal မှ ဝယ်ယူခဲ့ခြင်းဖြစ် သည်။ကုမ္ပဏီမှ ကား ဖြစ်ပေမဲ့ လျူယောင် တစ်ယောက်တည်းသာ မောင်းပေသည်။
လျူယောင် ဒီစူပါကားကို မောင်းသွားရာ လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများရဲ့ ခေါင်းများက လည်ပြန် ကြည့်နေကြသည်။အထူးသဖြင့် Paganiအင်ဂျင်မှ အရှိန် တင်ရင် ထွက်လာတဲ့ အသံမှာ လူအ များရဲ့စိတ်ဝင်စားမူ့ကို ဆွဲဆောင်ခဲ့သည်။
ရှေ့တွင်လီချန်လဲ့ရဲ့ ကျောင်းတံခါးဝ ရှိနေ၏။ လျူယောင် သူ့ကားကို တမင် တကာ အဝေးတွင် ကားရပ်နားရန်နေရာ ရှာပြီး ရပ်လိုက်သည်။ရှေ့တွင် အများသုံး ကားရပ်နားရန် နေရာရှိသည်။ လျူယောင် ကားရပ်တော့မဲ့အချိန်တွင်Mercedes-Benz စပိစ်ကားတစ်စီးမှာ အရှိန်ဖြင့်ရောက်လာပြီး နေရာလုယူဖို့ပြင်နေသည်။
လျူယောင် စကားမပြောနိုင်တော့ပေ။ သူသာအရှိန်မလျှော့လိုက်ရင် ထို ကားနှင့် တိုက်မိလိမ့်မည်။ လျူယောင် ချက်ချင်း ဘရိတ်အုပ်လိုက်ပြီး ရပ်လိုက်သည်။ ကား နှစ်စီးကြား အကွာအဝေးမှာ ၂၀ စင်တီမီ တာပင် မရှိတော့ပေ။
ကားမောင်းသူက လူငယ်လေးတစ်ဦးပဲ ဖြစ်၏။ ဒီလူငယ်လေးက လျူယောင်ရဲ့ကားက ဘာ ကား အမျိုးအစား ဖြစ်ကြောင်း မြင်လိုက်ပုံမရပေ။တိုက်ခါနီးကျမှ ကြည့်လိုက်ရာ လျူယောင့်ရဲ့ကားက ယွမ် 30 တန် Pagani ဖြစ်တာကိုမြင်တဲ့အခါ ထိုလူငယ်လေး အံ့အားသင့်သွားသည်။
လူငယ်လေးက ကားရပ်ရန်နေရာကို မလုရဲ တော့ဘဲ အလျင်အမြန်ပြောလိုက်သည်။
“အစ်ကို တောင်းပန်ပါတယ်ဗျာ ..ခဗျား ကားလာတာကို ကျွန်တော် မမြင်လို့ပါ”
လူငယ်လေး ပြောပြီးတာနဲ့ ကား အရှိန် တင်ကာ အလျင်အမြန် မောင်းထွက် သွားသည်။သူကား Pagani ကားနဲ့အတူ နေရာယှဥ်မလုရဲခဲ့ပေ။ တစ်ခုခု ဖြစ်ပါက သူ့ကားကို ရောင်းလိုက်ရင်တောင် ပေးချေနိုင်မည် မဟုတ်ပေ။
လျူယောင် ပြုံးလိုက်သည်။ဇိမ်ခံကား ကားမောင်းခြင်းရဲ့ အကျိုးများ ရှိလိမ့် မယ်လို့ သူ မမျှော်လင့်ထားပေ။
အခြားကားပိုင်ရှင်များကလည်း ရှောင် ရှားသွားကြသည်။ကားရပ်ပြီးနောက် လျူ ယောင် ကျောင်းတံခါးဝ သို့ သွားလိုက် သည်။ထိုအချိန်တွင် ကျောင်းသားများစွာ အတွင်းထဲမှ ထွက်လာကြသည်။ အချို့က စကားပြော ရယ်မောနေကြပြီး အချို့က မျက်မှောင်ကြုတ်နေကြသည်။
စာမေးပွဲ အောင်ရင် ပျော်ရွင်ကြမည်။ စာမေးပွဲကျရှုံးရင်တော့ မပျော်ကြပေ။
၁၀ မိနစ်ခန့်စောင့်ပြီးနောက် လီချန်လဲ့ပျော် ရွှင်စွာထွက်လာပြီး အဝေးမှ လျူယောင်ကို ပြုံးပြလိုက်သည်။
“အစ်ကိုယောင် အကြာကြီးစောင့်နေရတာ လား”
“မဟုတ်ပါဘူး၊ ခုနလေးကမှ ရောက်တာပါ”
လျူယောင် ပြုံးကာ ပြန်ဖြေလိုက်၏။
လီချန်လဲ့က လျူယောင်ရဲ့လက်မောင်းကို ကိုင်လိုက်ပြီး စိတ်သက်သာရာရတဲ့မျက်နှာနဲ့ ပြောလိုက်သည်။
“နောက်ဆုံးတော့ နွေရာသီကျောင်း ပိတ် ရက်ရောက်ပြီ..ကျွန်မ နှစ်လလောက် အနားယူလို့ရပြီ”
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် သည်။
“အင်း...မင်းတကယ်အနားယူသင့်ပါတယ် LD အိုလံပစ်ပွဲတော်က နောက်လဆို ဖွင့်တော့မှာ ငါလက်မှတ်တွေ ဝယ်ပြီးပြီ LD ကို ပျော်ဖို့သွားရအောင်...”
“ကောင်းပြီ... အဲဒါဆို သွားကြမယ်လေ”
လီချန်လဲ့က အလွယ်တကူ သဘောတူ လိုက်သည်။
နှစ်ယောက်သား စကားပြောပြီး ရယ်မော နေကြစဥ် လမ်းဘေးတွင် ရပ်ထားသော Pagani ကိုမြင်တဲ့အခါ လီချန်လဲ့ မေးလိုက် သည်။
“ အစ်ကိုယောင် ..ဒါက ရှင့်ရဲ့ ကားအသစ် လား..”
“ဟုတ်တယ်..မကြာခင်ကပဲ ဝယ်လိုက်တာ ဒီနေ့ ပထမဆုံးအကြိမ် မောင်းတာပါ..”
လျူယောင် ပြန်ဖြေလိုက်၏။
လူအများအပြားက စူပါကားကို ဝန်းရံထား ကြပြီး အားလုံးက လူငယ်အမျိုးသားနှင့် အမျိုးသမီးများဖြစ်ကာ ကြည့်ရှု့ခြင်း၊ မှတ်ချက်ပေးခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်နေကြသည်။
“ဝိူး..Pagani စူပါကားပဲ...ပြည်တွင်းစျေး နှုန်းက အနည်းဆုံး သန်း ၃၀ ကျော် ရှိတယ်..”
“ဒါ ဘယ်သူ့ကားမှန်းတော့ မသိဘူး ဟွာ ဟိုင်းမြို့က တကယ်ကိုကြီးမားတဲ့ မြို့ပဲ... ဒီလောက်ချမ်းသာတဲ့သူတွေ အများကြီး ရှိတာပဲ”
“ဒီကားက ...စူပါကားတွေရဲ့ဘုရင်ပဲ ငါသာကားထဲဝင်ပြီး...ခဏလောက်ထိုင်ရရင် အရမ်းကောင်းမှာပဲကွာ “
ထိုစကားများကိုကြားတဲ့အခါ လီချန်လဲ့ ပြုံးလိုက်ကာ တိုးတိုးလေး ပြောလိုက်၏။
“အစ်ကိုယောင် ဒီကားက အရမ်းသိ သာနေတယ် နောက်ထပ်မိနစ်အနည်းငယ် ကြာရင် ဒီမှာကားတွေ ပိတ်သွားနိုင်တယ်...”
လျူယောင် ပြုံးလိုက်ပြီး ရှေ့တိုးကာ အော်ပြောလိုက်သည်။
“အားလုံး ဖယ်ပေးပါ...ခန ဖယ်ပေးပါအုံး..”
ခေတ်ဆန်တဲ့အဝတ်အစားနဲ့ ဓာတ်ပုံရိုက် နေတဲ့ အမျိုးသမီးက ဖယ်မပေးချင်ပဲ မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ်ပြော လိုက်သည်။
“ဓာတ်ပုံရိုက်တဲ့အခါ အရင်လာသူက ဦးစားပေးရတယ်...ကျွန်မ ဓာတ်ပုံရိုက်တာ မပြီးသေးဘူး.. ခဏစောင့်ပါဦး”
သူမက လျူယောင်ကို သူမလို ဓာတ်ပုံရိုက် ဖို့လာတဲ့သူလို့ ထင်လိုက်ပြီး ကားပေါ်မှီကာ ဓာတ်ပုံ ဆက်ရိုက်နေသည်။
လျူယောင် ခေါင်းကို ညင်သာစွာယမ်း လိုက်ပြီး ကားသော့ကိုထုတ်ကာ နှိပ်လိုက် သည်။ ချက်ချင်းဆိုသလို Pagani ရဲ့ရှေ့ မီးများ လင်းလက်ပြီး ကတ်ကြေးပုံစံ တံခါးက ဖြည်းဖြည်းချင်းပွင့်လာသည်။
ထိုအချိန်တွင် လူတိုင်းက ကားပိုင်ရှင် ရော က် လာပြီ ဖြစ်ကြောင်း သိသွား၍ တစ်ဦး ပြီးတစ်ဦး ဖယ်ပေးလိုက်ကြသည်။ကား ရှေ့တွင် ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီး လည်း အံ့အားသင့်သွားသည်။
လျူယောင်ရဲ့လက်ထဲက ကားသော့ကို မြင်တဲ့အခါ အံံံ့သြသွားပြီး ချကိခြင်း မေးလိုက်သည်။
“အစ်ကို ... ဒါ..အကို့ရဲ့...ကားလား”
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် ၏။
“ဟုတ်တယ်..ဒါငါ့ကား...”
ခေတ်ဆန်တဲ့ အမျိုးသမီးတွင် ခုနက မ ကျေနပ်မူ့များက ရုတ်တရက် ချက်ခြင်းပြောင်းလဲသွားပြီး ချွဲ့နဲ့သံနဲ့ ပြောလိုက်သည်။
“အစ်ကို... ကျွန်မဝင်ပြီး ခဏလောက် ထိုင်လို့ရမလားဟင်...”
လျူယောင် ခေါင်းခါကာ ငြင်းဆန် လိုက် သည်။
“တောင်းပန်ပါတယ်..ကျွန်တော်ချက်ချင်း ထွက်သွားရတော့မယ်..”
“အစ်ကို..ကျွန်မတို့ WeChat အကောင့်ဖ လှယ်လို့ရမလား”
လျူယောင် ငြင်းပယ်ရန် ပြင်ဆင်နေစဥ် လီချန်လဲ့က မနေနိုင်တော့ဘဲ ရှေ့နှစ်လှမ်း တိုးကာ လျူယောင့်၏ လက်မောင်းကို ကိုင်လိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။
“အစ်ကိုယောင် ကားထဲဝင်ရအောင်”
ခေတ်ဆန်တဲ့ အမျိုးသမီး မျက်နှာနီမြန်း သွားပြီး အရှက်ရကာ ချက်ချင်းထွက် ပြေးသွားသည်။ လီချန်လဲ့က သူမထက် အများကြီး လှတာကို တွေးမိလို့ဖြစ်လိမ့် မည်။
လူတိုင်း မနာလိုတဲ့ အကြည့်များအောက်တွင် လျူယောင် ကားမောင်းထွက်လာ လိုက် သည်။
ဘေးခုံတွင် ထိုင်နေတဲ့ လီချန်လဲ့က ရယ်ကာ ပြောလိုက်သည်။
“ကျွန်မ.... ရှင့်ကို ....သေချာဂရုစိုက်ဖို့ လိုမယ်ထင်တယ်...ကျွန်မသာဂရုမစိုက်ရင် ရှင့်ကို စကားလာ ပြောတဲ့ မိန်းကလေးတွေ ရှိလာတော့မယ်... “
လျူယောင် ပြုံးကာ ပြန်ဖြေလိုက်၏။
“ငါက ချောတာကိုး”
လီချန်လဲ့က သူမနှုတ်ခမ်းများကို တွန့်လိုက် ပြီး ပြောလိုက်သည်။
“ တော်တော်မာန်တက် နေတယ်နော်..”
လျူယောင် ပျော်ရွှင်စွာရယ်မောလိုက်ပြီး ကောင်း မွန်တဲ့ စားသောက်ဆိုင်ကို မောင်းလိုက်သည်။ဒီစားသောက်ဆိုင်က အလွန် ကောင်းမွန်ပြီး ဈေးနှုန်းကလည်း မြင့်ပေသည်။ လူအများအပြားရှိနေတာ ကို ကြည့်ခြင်းအားဖြင့် ဟွာဟိုင်းမြို့တွင် ချမ်းသာ တဲ့လူ အတော်များများရှိနေတာ သိသာ လှသည်။
နေ့လယ်ခင်းလည်းဖြစ်တာကြောင့် သီးသန့်ခန်းများအားလုံး ပြည့်နေပြီး လျူ ယောင်နဲ့ လီချန်လဲ့တို့က ဧည့်ခန်းတွင်သာ ထိုင်ခဲ့ရသည်။ ကံကောင်း စွာပင် ဒုတိ ယထပ်မှ ပြတင်းပေါက်အနီးရှိ ထိုင်ခုံမျ ားက မဆိုးလှပေ။
လျူယောင် မီနူးကိုယူပြီး အသားနဲ့ အ ရွက်ပါတဲ့ ဟင်းလျာ အချို့ကို မှာလိုက် သည်။ ဒီဆိုင်က အထူးဟင်း လျာနှစ်မျိုး ကိုလည်း မှာယူခဲ့သည်။ ဝိုင်နီ ဒါမှမဟုတ် အခြားအရာများကို မမှာဘဲ အသီးဖျော် ရည်ကိုသာ လျူယောင် မှာလိုက်၏။
မကြာမီ ဟင်းလျာများအားလုံး ရောက်ရှိ လာပြီး နှစ်ယောက်သား စကားပြောရင်း စားသောက်ခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းတဲ့အကြောင်း အရာများကို ပြော နေစဥ် ရယ်သံများက အခါအားလျော်စွာ ထွက်ပေါ်လာသည်။
နာရီဝက် ကြာပြီးနောက် နှစ်ယောက်သ ားစားလို့ပြီးစီးခဲ့ပြီး ရှပ်ရှင်သွားကြည့်ရန် တိုင်ပီးပြီးနောက် ငွေရှင်းရန် ထဖို့ ပြင်နေစဥ် ရုတ်တရက် အံ့အားသင့်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“လဲ့လဲ့... တကယ်ပဲ မင်းလား..."