လစ်သိုဂရက်ဖီစက်
Vol. 21 Ch. 305
လျူယောင်နဲ့လီချန်လဲ့ နှစ်ဦးလုံး အံ့အား သင့်သွားကြသည်။ သူတို့ စားသောက်ပြီးချိ န်တွင် ဒီနေရာ၌ မိတ်ဆွေများနှင့် တွေ့နိုင်ပါ့ မလားလို့ အတွေးဝင်လာကြသည်။ သူတို့နှစ်ယောက်လုံး အသံလာရာသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
မျက်နှာပေါ်တွင် အံ့အားသင့်မှု့များနဲ့ လူငယ် တစ်ဦးဖြစ်နေ၏။
ထိုလူက ရွှေရောင်ဘောင်ပါသော မျက်မှန် တစ်လက်ကို ဝတ်ဆင်ထားသည်။ ဆံပင်ကို သေသေချာချာဖြီးလိမ်းထားပြီး အဖြူရောင် ရှပ်အင်္ကျီနဲ့ လည်စည်းကိုလည်း ဝတ်ထား သည်။
ဒီလူ့ ပုံစံက “ငါအောင်မြင်တယ်” ဟူတဲ့ ပုံစံမျိုး ဖြစ်နေသည်။
“လဲ့လဲ့..တကယ်မင်းပဲ ငါ လူမှားနေပြီလို့ ထင်နေတာ...”
လီချန်လဲ့က တည်ငြိမ်ပြတ်သားစွာ ပြန် တုံ့ ပြန်လိုက်သည်။
“ချန်ယီယွမ်.. နင်အမေရိကကို မသွားဘူး လား..”
ချန်ယီယွမ် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက်၏။
“ငါပြန်ရောက်တာ သိပ်မကြာသေးဘူး.. ပြန်ရောက်ပြီးကတည်းက မင်းအကြောင်းကို စုံစမ်းနေတာ.. မင်းဟွာဟိုင်းမြို့ အထက်တ န်းကျောင်း နံပါတ် ၁ မှာ စာသင်နေတယ်လို့ ကြားတယ်.. မင်းရဲ့ကျောင်းကို သွားလည် မယ့်လို့ပြင်ထားခဲ့တာ ဒါပေမဲ့ ဒီမှာမင်းနဲ့ တွေ့မယ်လို့ မမျှော်လင့်ထားဘူး..”
သူက တစ်ယောက်တည်းစကားများစွာကို တစ်ဆက်တည်းပြောဆိုနေသည်။
လျူယောင်က ဝေဝါးနေပြီး ချန်ယီယွမ်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ချက်ချင်းမသိသေးပေ။ ကြည့်ရတာ ဒီလူက လဲ့လဲ့ကို သဘောကျပုံရသည်။
လီချန်လဲ့ရဲ့ တုံ့ပြန်မှု့ကတော့ ပုံမှန်သာ ရှိနေပြီး ယဥ်ကျေးစွာ ပြုံးပြနေသည်။
“လဲ့လဲ့ ကျွန်တော်တို့ WeChat အကောင့် ဖလှယ်ရအောင် ..ဒါမှ နောက်ဆို. .အလွယ် တကူ ဆက်သွယ်နိုင်မှာ..”
ချန်ယီယွမ် ဒီလိုပြောပြီးနောက် မိုဘိုင်းဖုန်း ကို ထုတ်လိုက်သည်။
လီချန်လဲ့ မျက်မှောင်ကြုတ်ကာ ပြန်ဖြေ လိုက်၏။
“တောင်းပန်ပါတယ်.. ဒီနေ့ကျွန်မဖုန်း ပါလာဘူး”
ချန်ယီယွမ် အံ့အားသင့်သွားပေ မဲ့လက် မလျှော့ခဲ့ ပေ။ သူ့ရဲ့လုပ်ငန်းကဒ်ပြားကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
“ဒါက ကျွန်တော့်လုပ်ငန်း ကဒ်ပြားပါ… .ကျွန်တော်အလုပ်ပြန်လုပ်တော့မယ်..အလုပ်လည်းရှာထားပြီးပြီ.. Universal မှာ အလုပ်လျှောက်လွှာ တင်တော့မယ်...”
" Universal ထဲ ဝင်ရောက်ချင်တာလား..."
လျူယောင် သတိပေးလိုက်၏။
“Universal မှာ အလုပ်လျှောက်ဖို့အတွက် အရမ်းခက်တယ်... ဘွဲ့ရတွေတောင် ဝင်ဖို့ မလွယ်ဘူး...”
လျူယောင်ကို မထီမဲ့မြင်ကြည့်လိုက်ပြီး ချန်ယီယွမ် စိတ်ထဲကနေ ရေရွတ်လိုက် သည် ။
“ဒီစောက်ရူးက ဘယ်ကလာတာလဲ ..လီချန် လဲ့နဲ့ ဘာလို့ ညစာစားနေရတာလဲ.. လဲ့လဲ့ရဲ့ရည်းစားများလား”
“မဖြစ်နိုင်ပါဘူး.. ငါကျောင်းတက်တုန်းက လဲ့လဲ့ကို ဒီလောက်အကြာ ကြီးလိုက်နေခဲ့ တာတောင်... ဘာ တိုးတက်မှု့မှ မရှိခဲ့ဘူး. ..ဒီကောင်က ဘယ်လိုလုပ် ငါ့ကိုယှဥ်နိုင် မှာလဲ..လဲ့လဲ့က ဒီလိုလူကို ဘယ်လိုလုပ် ချစ်မှာလဲ...”
“ဖြစ်နိုင်တာက လဲ့လဲ့ရဲ့ နောက်လိုက်တစ် ယောက်ဖြစ်လောက်မယ်...ဒီကောင်လေးကတော့ ကံကောင်းတယ်..လဲ့လဲ့နဲ့ အတူ ညစာစားရတာကိုး..."
ချန်ယီယွမ် စိတ်ထဲမှ များစွာတွေးနေပြီး လျူယောင်အပေါ် မထီမဲ့မြင်မူ့များ ပိုသိသာလာကာ အနည်းငယ် ရန်လိုစိတ်ပင် ပါလာသည်။
“ဟဲဟဲ..တခြားသူတွေအတွက်တော့ Universal ထဲကိုဝင်ဖို့ ခက်ခဲလိမ့်မယ်... ငါ့အတွက်တော့ ပြဿနာမရှိဘူး.. ငါက.. ဟွာဟိုင်းတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အ ကြုံလည်းရှိတယ်.. Universal ကို ငါသေချာပေါက် ဝင်နိုင်ပါတယ်...”
လျူယောင် ပြုံးလိုက်ပြီး မသိ နားမလည် သော ချန်ယီယွမ်ကို လျစ်လျူရှုလိုက်သည်။
ဘယ်လိုပဲဖြစ်စေ ညစာစားပြီးတာကြောင့် လျူယောင် ထရပ်ကာ ပြောလိုက်၏။
“လဲ့လဲ့ သွားရအောင်...”
လီချန်လဲ့လည်း ပျော်ရွှင်စွာထရပ်လိုက်ပြီး ရှေ့ကိုနှစ်လှမ်းတိုးကာ လျူယောင်ရဲ့ လက်မောင်းကို ညင်သာစွာကိုင်လိုက်ကာ အလွန်ရင်းနှီးကြောင်း ပြသလိုက်သည်။
“ဒါဘာဖြစ်တာလဲ..”
ချန်ယီယွမ် အံ့အားသင့်သွား၏။
“ဒီကောင်က လီချန်လဲ့ရဲ့ရည်းစားများ လား..မဖြစ်နိုင်ဘူး.. ငါက ဒီလောက် တော်တာကို လီချန်လဲ့က ငါ့လိုရည်းစားမျိုး ကို ရှာမှာပေါ့...”
ချန်ယီယွမ် စိတ်ပူပန်ကာ အလျင်အမြန် နောက်ကနေ လိုက်ပြီး ပြောလိုက်သည်။
“လဲ့လဲ့ မင်းဘယ်သွားမလို့လဲ… ငါ့မှာ ကားပါ တယ်..ငါ့ကားနဲ့လိုက်ခဲ့ပါလား..."
လီချန်လဲ့က ယဥ်ကျေးစွာ ငြင်းလိုက်၏။
“မလိုပါဘူး.. ကျွန်မတို့မှာလည်း ကားပါ တယ်”
ချန်ယီယွမ်က အတင်းပြောနေသည်။
“လဲ့လဲ့ ငါ့ကားက Mercedes-Benz ပါ ..ငါမင်းကို လိုက်ပို့ပေးပါ့မယ်.. နေ့လယ် ခင်း... ရုပ်ရှင်အတူသွား ကြည့်ကြမလား...”
ဒီလူကို လီချန်လဲ့ လျစ်လျူရှု့လိုက်ပြီး လျူယောင်ရဲ့လက်မောင်းကို ကိုင်ကာ အောက်ထပ်ဆင်းသွားကာ စားသောက်ဆို င်မှ ထွက်လာခဲ့သည်။
ချန်ယီယွမ် စိတ်ထဲကနေ တွေးနေသည်။
“ငါ့ကားက Mercedes-Benz လေ ..ယွမ်လေးသိန်းကျော်တန်တဲ့ကားကွ...”
သူက မစွန့်လွှတ်ချင်ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ လဲ့လဲ့ မင်းနောင်တရလိမ့်မယ်”
ရုတ်တရက် ချန်ယီယွမ်၏ အသံက ရပ်တန့်သွားခဲ့သည်။
လျူယောင်က ကားသော့ကိုထုတ်ပြီး နှိပ် လိုက်တာကြောင့်ဖြစ်သည်။ ဟိုတယ် ရဲ့ဝင်ပေါက်မှ Pagani မီးရောင်က လင်းလ က်လာပြီး တံခါးဖွင့်ကာ လျူယောင်နဲ့ လီချန်လဲ့တို့က ကားထဲကို ဝင်ထိုင်လိုက် ကြသည်။
"ဒါဒါ..ပြည်တွင်းစျေးနှုန်း.. ယွမ် သန်း ၃၀ ကျော်တန်တဲ့...Pagani စူပါကားလား...""
ချန်ယီယွမ် ထိုနေရာ၌ အံ့အားသင့်စွာ ရပ်နေခဲ့ပြီး သူ့ကိုယ်သူ ရှက်ရွံ့နေခဲ့သည်။
ကားထဲ ရောက်ပြီးနောက် လီချန်လဲ့က တောင်းပန်တဲ့အမူအရာဖြင့် ပြောလိုက် သည်။
“အစ်ကိုယောင် အများကြီး မတွေးပါနဲ့ နော်.... တက္ကသိုလ်တုန်းက ကျွန်မကို လိုက်ခဲ့တဲ့သူတစ်ယောက်ပါ...ဒီလူက ...ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး”
လျူယောင် ရွှင်ပျစွာပြုံးပြီး ပြန်ဖြေလိုက် ၏။
“ကိုယ် ဂရုမစိုက်ပါဘူး.. ဒီလူက မင်းနဲ့ အဆက်အသွယ်တောင် မရှိတာကိုး...ဒါကို စိတ်ပူစရာမလိုပါဘူး..."
လျူယောင် ဒီလိုပြောလိုက်တဲ့အခါ လီချန်လဲ့က စိတ်သက်သာရာရသွားပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။
........
ဟွာဟိုင်းတက္ကသိုလ်ကလည်း နွေရာသီ ကျောင်း ပိတ်ရက်ရောက်နေပြီ ဖြစ်လို့ တင်းဝိန်က မြို့တော်သို့ ပြန်သွားခဲ့သည်။ ဟွာဟိုင်း ယဥ်ကျေးမှု့ ကုမ္ပဏီ ကိုတော့ ပညာရှင်များက ယာယီစီမံခန့်ခွဲထားသည်။
စာကြည့်ခန်းထဲတွင်.....
တင်းဝိန်နဲ့ သူ့ရဲ့ဖခင် ပီချင်းယွန်တို့ အတူ စာကြည့်ခန်းထဲတွင် ရှိနေပြီး အခြေအနေက အနည်းငယ်တင်းမာနေသည်။
တင်းဝိန် စိုးရိမ်စွာ ပြောလိုက်၏။
“အဖေ...ကျောင်းမှာ အတန်းတွေ သိပ်မရှိတော့ဘူး...ကျွန်တော်..ကုမ္ပဏီကို အကူအညီပေးချင်ပါတယ်”
ပီချင်းယွန် ခေါင်းခါပြီး ပြောလိုက်၏။
“အခု မင်းရဲ့အလုပ်က ကြိုးစားသင်ယူဖို့ပဲ.. ဘွဲ့ရပြီးမှပဲ ပြောကြတာပေါ့.. ကုမ္ပဏီမှာက ..မင်းအစ်ကို..မင်းအစ်မနဲ့ မင်းဦးလေးတွေ ရှိတယ်..အခုချိန်မှာ မင်းရဲ့အကူအညီကို မလိုအပ်သေးဘူး..."
တင်းဝိန် စိတ်ပူကာ ပြောလိုက်၏။
“ဒါပေမဲ့ M နိုင်ငံက ချင်းယွန် အပေါ် ပိတ် ဆို့မှုတွေ တိုးမြှင့်ခဲ့တယ်… ချပ်စ်ပြား ထုတ်လုပ်ရေးမှာတောင် ကျွန်တော်တို့ ပြဿနာရှိနေပြီ.. ဘယ်ကုမ္ပဏီမှ ကျွန်တော် တို့ကို ချပ်စ် ပြား မထုတ်လုပ် ပေးရဲတော့ ဘူး...”
ပီချင်းယွန် နှစ်သိမ့်လိုက်သည်။
“ကားက တောင်ဘက်ကိုရောက်တော့လည်း လမ်းတစ်ခုရှိနေတာပဲလေ.. အခက်အခဲ တွေက အမြဲဖြေရှင်းလို့ရမှာပါ...."
ပီချင်းယွန် ခန္ဓာကိုယ်တစ်ခုလုံးမှ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှု့များ ထုတ်ဖော်ပြသနေပြီး အခက်အခဲများကို မကြောက်ရွံ့ ပုံရသည်။
သူ့ဖခင်ရဲ့ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှု့ကို ခံစားရတဲ့အခါ တင်းဝိန် စိတ်သက်သာ ရာ ရသွားပြီး သတိပေးလိုက်သည်။
“အဖေ..ကျွန်တော်တို့ ပိုကြိုးစားသင့်လား.. နိုင်ငံခြားက အဆင့်မြင့် လစ်သိုဂရက်ဖီ စက်တစ်လုံးလောက်ရရင် အခက်အခဲတွေ အားလုံး ဖြေရှင်းသွားလိမ့်မယ်..."
ပီချင်းယွန် ခေါင်းခါကာ ပြန်ဖြေလိုက်၏။
“ဒီဖြစ်နိုင်ခြေက သုညနီးပါးပဲ... နိုင်ငံခြားမှာ ဘယ်သူမှ ငါတို့ကို လစ်သိုဂရက်ဖီစက်မ ရောင်းဘူး...ဒါကြောင့် ယန်နိုင်ငံကိုပဲ အာရုံ စိုက်ရမယ်..”
တင်းဝိန် ပြောလိုက်သည်။
“ဒါပေမဲ့ ပြည်တွင်းမှာ အဆင့်အမြင့်ဆုံး လစ်သိုဂရက်ဖီစက်တွေက 2၀ နာနိုမီ တာပဲရှိတယ်...ဒါက.. ကျွန်တော် တို့ရဲ့လိုအပ်ချက်တွေကို မပြည့်မီနိုင်ဘူး...”
“ဟုတ်တယ် ၂၀ နာနိုမီတာ လစ်သိုဂရက်ဖီ စက်ကငါတို့ရဲ့ လိုအပ်ချက်တွေကို တကယ် မပြည့်မီဘူး.. လက်ရှိအခက်အခဲတွေကို မင်းစိတ်ပူစရာမလိုပါဘူး... မင်းစိတ်ချ လက်ချ ပညာ သင်ယူပြီး ဘွဲ့ရပြီးမှပဲ ပြော ကြတာပေါ့...”
တင်းဝိန် တစ်ခုခုထပ်ပြောရန် ပါးစပ်ဖွင့် လိုက်ပေမဲ့ ပီချင်းယွန် လက်ကိုမြှောက်ကာ တားမြစ်လိုက်ပြီး စာကြည့်ခန်းထဲမှ ထွက် သွား၏။ တင်းဝိန်လည်း သက်ပြင်းချလိုက် သည်။
သူ့ ဖခင်က အခက်အခဲများအားလုံးကို ပခုံးပေါ်ထမ်းကာ တစ်ဦးတည်း တာဝန်ယူ ထားပြီး သူ့ကို ဖိအားမပေးလိုကြောင်း တင်းဝိန် သိလိုက်သည်။
“ဟုတ်ပါပြီ..”
“အခုအခက်အခဲတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်.. ကျွန်တော်တို့မှာ အဆင့်မြင့် လသ်သို ဂရက်ဖီစက်တစ်လုံးလောက်ရှိရင်အရမ်းကောင်းမှာပဲ..."
“ဟူး အဆင့်မြင့် လစ်သိုဂရက်ဖီစက် မရှိရင်တောင် ချပ်ပြားထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုလောက်ရှိရင် တော်ပါပြီ...”
တင်းဝိန် စိတ်ထဲကနေ ဝမ်းနည်းစွာ ရေရွတ်လိုက်၏။
....
Universal ကုမ္ပဏီတွင်...
ကျိုးယန်အား ချန်ယီယွမ်အမည်ပါတဲ့ လူတစ်ဦး အလုပ်လျှောက်လွှာတင်ပါက ချက်ချင်းပယ်ချရန် လျူယောင် မှာလိုက် သည်။
ထိုဖုန်းခေါ်ဆိုမှု့ပြီးနောက် သူဋေး ကုလား ထိုင်တွင် လျူယောင် ထိုင်နေပြီး သတင်းများကို ကြည့်ရှုနေစဥ် သတိမမူမိဘဲ လစ်သိုဂရက်ဖီစက်နှင့် ပတ်သက်တဲ့ သတင်းတစ်ခုကို တွေ့လိုက်ရသည်။
M နိုင်ငံရှိ ချပ်ပြားကုမ္ပဏီတစ်ခုက မှာယူထားသော ၅nm လစ်သိုဂရက်ဖီစက် နှစ်လုံးကို လေယာဉ်ပေါ် တင်ကာ သယ်ဆောင်လာခဲ့သည်။
လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။
“ဒီ M နိုင်ငံက ၅ နာနိုမီတာ လစ်သိုဂရက် ဖီစက် နှစ်လုံးကို တစ်ပြိုင်နက်တည်း ဝယ် လိုက်တာအရမ်းစိတ်တိုစရာပဲ.. ချင်းယွန် အင်တာနေရှင်နယ်က တစ်လုံးတောင် မဝယ် နိုင်ဘူး.. ချပ်ပြားထုတ် လုပ်ရေး ကုမ္ပဏီ တွေကလည်း သူတို့နဲ့ မလုပ်ရဲကြဘူး..”
“ငါ..ကျိန်စာတိုက်တယ်ကွာ..ဒီလေယာဥ်.. ပင်လယ်ထဲ ပျက်ကျပြီး ၅nm လစ်သို ဂရက်ဖီစက်နှစ်လုံး စလုံး ပင်လယ်ထဲကျ သွားရင် အကောင်းဆုံးပဲ...”
မိနစ်အနည်းငယ်ကြာပြီးနောက်လျူယောင် ကုမ္ပဏီမှ ထွက်လာပြီး အလုပ်စောစော ဆင်းဖို့ ပြင်လိုက်သည်။
လီချန်လဲ့က ဗီလာတွင် ရှိနေတာကြောင့် လျူယောင် သူမကို လွမ်းနေသည်။
လျူယောင် ထရပ်ပြီး ထွက်ဖို့ ခြေလှမ်း လှမ်းနေစဥ် သူ၏ ဖုန်းက မြည်လာခဲ့ သည်။