ကျီးကန်း ပါးစပ်
Vol. 21 Ch. 306
ဖုန်းကို လျူယောင် ကောက်ယူကြည့် လိုက်ရာ တင်းဝိန်ထံမှ ဖြစ်ကြောင်း တွေ့လိုက်ရ သည်။
လျူယောင် စိတ်ထဲကနေ ရေရွတ်လိုက်၏။
“ဒီကောင်လေး မြို့တော်ကို ပြန်ရောက်တာ နှစ်ရက်ပဲရှိသေးတယ်.. ဘာလို့ငါ့ကို ဖုန်း ခေါ်ရတာလဲ..”
ဖုန်းခေါ်ဆိုမူ့ ချိတ်ဆက်သွားပြီးနောက် တင်းဝိန်၏ စိတ်လှုပ်ရှားတဲ့အသံက ဖုန်းထဲ ထွက်ပေါ်လာခဲ့သည်။
“အစ်ကိုယောင် ခင်ဗျားမသိ ဘူး ..အက် စ်မေးလ်ကနေ M နိုင်ငံကိုပို့တဲ့ လစ်သိုဂရ က်ဖီစက်နှစ်လုံးက တစ်ခုခုဖြစ်ခဲ့ပြီ”
“အိုး...တကယ်ပဲ တစ်ခုခုဖြစ်ခဲ့တာလား..”
လျူယောင် ရယ်မောလိုက်သည်။ သူက သတင်းကိုဖတ်ပြီးနောက် လေယာဉ်ပျက် ကျပြီး ပုံနှိပ်စက်နှစ်လုံး ပင်လယ်ထဲ ကျပါ စေလို့ ကျိန်ဆဲနေခဲ့သည်။
တင်းဝိန် ကျယ်လောင်စွာ ပြောပြလိုက် သည်။
“ဟုတ်တယ် အကိုယောင် .. လစ်သိုဂရက် ဖီစက် ပို့ဆောင်တဲ့ လေယာဉ်နဲ့ အဆက်အ သွယ်ပြတ်သွားပြီတဲ့ ..အဲဒီမှာ မြူတွေဆိုင်း နေတယ်လို့ ကြားတယ်.. ပင်လယ်ထဲကို ပျက်ကျသွားလောက်တယ်လို့ ခန့်မှန်း ရတယ်..”
“ဘာလဲ..."
လျူယောင် အံ့အားသင့်သွားပြီး စိတ်ထဲ ကနေ ရေရွတ်လိုက်သည်။
“ငါ့ ပါးစပ်က ကျီးကန်းပါးစပ်ဖြစ် နေ ပြီလား...လေယာဉ်ပျက်ကျလိုက်လို့ ပြောလိုက်တာ တကယ်ပျက်ကျသွား တယ်...”
လျူယောင် ချက်ချင်းစိတ်အားထက် သန်လာပြီး ပြန် မေးလိုက်၏။
“အသေးစိတ်အခြေအနေကို ပြောပြပါအုံး.."
တင်းဝိန် သူသိသမျှအားလုံးကို ချန်လှပ်မထားဘဲ ပြောပြခဲ့သည်။
၅nm ပုံနှိပ်စက်စက်နှစ်လုံးကို ပို့ဆောင်ခြင်း ကို M နိုင်ငံက အရေးကြီးတဲ့ မစ်ရှင်လို့ သတ် မှတ်ထားတာကြောင့် သာမန် ကုန် တင် လေ ယာဥ်အစား စစ်ဘက် သယ်ယူပို့ဆောင် ရေးလေယာဉ်ကို အသုံးပြုခဲ့သည်။
ပုံနှိပ်စက်နှစ်လုံးကို သယ်ယူပို့ဆောင်ရေ းလေယာဉ်ပေါ် တင်ဆောင်ခဲ့ပြီး ဥရောပ မှာရှိတဲ့ လေဆိပ်တစ်ခုကနေ ပျံတက် ခဲ့သည်။ M နိုင်ငံကို ပို့ဆောင်ပြီးနောက် M နိုင်ငံမှာရှိတဲ့ ချပ်ပြား ကုမ္ပဏီသို့ ပို့ဆောင် ပေးရန် ပြင်ဆင်ထားသည်။
မမျှော်လင့်ဘဲ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ် ပွားခဲ့ပေသည်။ လေယာဉ်က ပျံတက်ပြီး နာရီဝက်အတွင်း အဆက်အသွယ် ပြတ် တောက် သွားခဲ့သည်။ အချို့လူများက လေယာဉ်က ပင်လယ်ထဲ ပျက် ကျ သွားတယ်လို့ လို့ ခန့်မှန်းခဲ့ကြသည်။
တင်းဝိန်ရဲ့ရှင်းပြချက်ကိုနားထောင်ပြီးနောက် လျူယောင် အတွေးများစွာ ဝင်လာ ခဲ့ သည်။
“ဒါက ၅nm စက်နှစ်လုံးလေ.. ကမ္ဘာ့ အဆင့်အမြင့်ဆုံး လစ်သိုဂရက်ဖီ စက်တွေထဲက တစ်ခုပဲ...တကယ်လို့ အဲဒီ့ စက်နှစ်လုံး ငါ့လက်ထဲရောက်လာရင် အရမ်းကောင်းမှာပဲ...”
ထိုအတွေးက လျူယောင့် စိတ်ထဲ ရုတ်တ ရက်ပေါ်လာပြီးနောက် မတားဆီးနိုင်တော့ဘဲ လျူယောင့်ရဲ့ ဦးနှောက်တစ်ခုလုံးကို သိမ်းပိုက်သွားသည်။
“ငါကြိုးစားကြည့်ရမယ်.. ကံကောင်းပြီး ဒီ စက်နှစ်လုံးကို ငါ တကယ်ရခဲ့ရင် အရမ်း ကောင်းမှာပဲ”
အဲဒါက ပိုက်ဆံနဲ့ တောင် ဝယ်လို့မရ နိုင်တဲ့ပစ္စည်းဖြစ်သည်။ပုံနှိပ်စက်နှစ်လုံးရဲ့ အဓိပ္ပါယ်က ရှင်းလင်းလှသည်။
ဒါက ပြည်တွင်းရှိ အဆင့်မြင့်ချပ်ပြား ထုတ် လုပ်ရေးနဲ့ ထုတ်လုပ်မှု့ပြဿနာများကို လျင် မြန်စွာဖြေရှင်းပေးနိုင်ပေသည်။
ဒီ စက်နှစ်လုံးကို ရရှိရန် ကံကောင်းဖို့ လည်းလို အပ်သည်။
ထိုအချိန်တွင် M နိုင်ငံက ရှာဖွေရေး လုပ် ငန်းစတင်နေပြီလို့ ခန့်မှန်းရပြီး ပျက်ကျ ခဲ့တဲ့လေယာဥ်ကို ရှာတွေ့တာနဲ့ အဲ့စက် တွေကို ပြန် ဆယ်ယူလိမ့်မည်။
ဒီလူတွေ ရှေ့တွင် ပျက်ကျခဲ့တဲ့လေယာဥ်ကို ရှာဖွေပြီးနောက် စက်နှစ်လုံးကို ယူရန် လျူယောင် စဥ်းစားခဲ့သည်။
ဒီ စက်ကို လက်ထဲတွင် ရရှိပြီးနောက် ပျက်စီးသွားခြင်းရှိ၊ မရှိ၊ ပြန်လည် အသုံး ပြုနိုင်ခြင်းရှိ၊ မရှိ၊ ရေစိမ်ခံနိုင်ခြင်းရှိ က လည်း ကံ အပေါ်မူတည်နေသေးသည်။ တကယ်လို့ ရေစိမ်ခံရပါက အများစုမှာ အသုံး မပြုနိုင်တော့ပေ။
အချက်အလက်များစွာရှိတာကြောင့်လျူယောင် ကြိုးစားရန် အသင့်ဖြစ်နေသည်။
လျူယောင် အချိန်မဆွဲဘဲ လိပ်ကြီးနဲ့ ဆက်သွယ်လိုက်သည်။
ထိုအချိန်တွင် လိပ်ကြီးက အေဒင်ပင်လယ် ကွေ့ရေပြင်တွင် ကာကွယ်ပေးနေသည်။ သူ့ရှေ့တွင် Universal ၏ သင်္ဘောကြီး တစ်စင်းက ဟွာဟိုင်းမှ အေဒင်ပင်လယ် ကွေ့ကို ဝင်ရောက်လာပြီး ပြန်ရန် ပြင်ဆင် နေသည်။
“ ငါ့ကောင်ကြီးရေ အလုပ်တစ်ခုရှိတယ်...”
အလုပ်တစ်ခုရှိကြောင်းကြားတဲ့အခါ လိပ်ကြီး ရုတ်တရက်စိတ်ဝင်စားသွားပြီး ချက်ခြင်း မေးလိုက်သည်။
“ ဘယ်လိုအလုပ်လဲ သခင်ရ ကျနော့်ကို အမိန့်သာ ပေးလိုက်ပါ. ..ကျနော်… ချက်ချင်းသွားလိုက်ပါ့မယ်”
စစ်ဘက် သယ်ယူပို့ဆောင်ရေး လေ ယာဉ်ပျက်ကျခဲ့တဲ့ ခန့်မှန်းရေပြင်ကို လျူယောင် အကြမ်းဖျင်း ပြောပြလိုက် သည်။
“လိပ်ကြီး မင်းရဲ့အလုပ်က အဲဒီရေပြင်ကို ချက်ချင်းသွားပြီး ....အဲ့ဒီ့ စက်နှစ်လုံးကို ရှာပြီး ပြန်ယူခဲ့ဖို့ပဲ....”
“အိုခေဘာ သခင် ကျနော် အခုပဲသွား လိုက်ပါ့မယ်”
လိပ်ကြီး ပြန်ဖြေလိုက်သည်။
လိပ်ကြီး၏ လက်ရှိတည်နေရာက အေဒင် ပင်လယ်ကွေ့တွင်ရှိပြီး လေယာဉ်ပျက် ကျခဲ့ တဲ့ နေရာကို ရောက်ရန် လမ်းနှစ်သွယ်ရှိ ပေသည်။
လမ်းကြောင်းတစ်ခုမှာ အာဖရိကတိုက်ကို ရှောင်ကွင်းပြီး အာဖရိကတိုက်ရဲ့ တောင် ဘက်ရှိ မျှော်လင့်ချက်အငူကို ဖြတ်ကာ ဥရောပကမ်းရိုးတန်းကနေ သွားခြင်းပဲ ဖြစ်သည်။
ဒီရေလမ်းကြောင်းက လိပ်ကြီးအတွက် အလုံခြုံဆုံးဖြစ်ပေမဲ့ အကွာအဝေးမှာ ရှည်လျားတာကြောင့် အချိန်များစွာ ကုန်ဆုံးလိမ့်မည်။
ခုအချိန်တွင် အဖိုးအထိုက်တန်ဆုံးအရာက အချိန်ပဲ ဖြစ်၏။လိပ်ကြီးက M နိုင်ငံက လူတွေရှေ့မှာ ပျက်ကျတဲ့လေယာဉ်နဲ့ စက်နှစ်လုံးကို ရှာဖွေရမှာပဲ ဖြစ်သည်။
လိပ်ကြီးအတွက် ဒီလမ်းကြောင်းကို အသုံး ပြုတာက မသင့်တော်ပေ။ ဥရောပက ပင် လယ်ပြင်ကို သွားရန် နောက်ထပ်လမ်း ကြောင်းတစ်ခုရှိပေသည်။
အဲ့တာက ပင်လယ်နီမှ စူးအက်စ် တူး မြောင်း ကိုဖြတ်ပြီး မြေထဲပင်လယ်ကို ကျော် ပြီးနောက် ဥရောပ အနောက်ဘက် ကမ်း ရိုး တန်းကနေ သွားခြင်းပဲ ဖြစ်သည်။ ဒီလမ်းကြောင်းက ပိုနီးစပ်ပေမဲ့ လိပ်ကြီး အတွက် အန္တရာယ်ရှိနိုင်သည်။
လိပ်ကြီးက အခု ၆၂၁ တန်ရှိပြီး ခန္ဓာကိုယ် က အလွန်ကြီးမားကာ အလျား မီတာ ၈၀ ကျော်အမြီးရဲ့ အလျားပင် မီတာ ၃၀ ကျော်ရှိ တာကြောင့် အချို့လူများက တွေ့သွားနိုင် သည်။
အထူးသဖြင့် စူးအက်စ် တူးမြောင်း ကို ဖြတ်တဲ့အခါ ရေလမ်းကြောင်းက ကျဉ်း မြောင်းပြီး ပင်လယ်ရေ အနက်မှာ ၂၀-၃၀ မီတာသာရှိသည်။ လိပ်ကြီးကို ရှာတွေ့ပါက ဆိုးရွားတဲ့အကျိုးဆက်များ ဖြစ်ပေါ်လာနိုင် သည်။
လျူယောင် သေချာ စဥ်းစားနေရ၏။
မိနစ်အနည်းငယ်ကြာအောင် လျူယောင် စဥ်းစားခဲ့ပြီး နောက်ဆုံးတွင် အန္တရာယ်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေခဲ့ သည်။ ဘာ့ ကြောင့်လဲဆိုတော့ အချိန်က အလွန်အဖိုး တန်လှသည်။ ဒီ စက်နှစ်လုံးကို ရရှိလိုပါက M နိုင်ငံကလူများနဲ့ အချိန်လုပြီး ရှာရမှာပဲ ဖြစ်သည်။
“လိပ်ကြီး မင်းပင်လယ်နီကို ဖြတ်ပြီး စူးအ က်စ်တူးမြောင်းကနေတဆင့် မြေထဲပင် လယ်ကို ဝင်လိုက်...ပြီးတော့မှ လေယာဉ် ပျက်ကျတဲ့ရေပြင်ကို သွားလိုက်...”
လိပ်ကြီး သွားရမဲ့ ရေလမ်းကြောင်းကို လျူယောင် ပြောပြလိုက်သည်။
“ဟုတ်ကဲ့ပါ သခင် ဒါဆို ..ကျွန်တော် အခုပဲ သွားတော့မယ်..”
လျူယောင် သတိပေးလိုက်သည်။
“စူးအက်စ်တူးမြောင်းကိုဖြတ်တဲ့အခါ သတိထားပြီးသွား တခြားသူတွေ မတွေ့ အောင် သတိထားပါ”
“ စိတ်ချပါ သခင်ရ ”
လိပ်ကြီး အမြန်ကူးခတ်သွားပြီး မကြာမီ အချိန်အတွင်း အရှိန်က ရေမိုင် ၃၁၀ ခန့်ကို ရောက်ရှိလာကာ ထိုအရှိန်နဲ့ ရှေ့သို့ ကူး ခတ် သွားသည်။
နှစ်နာရီခန့်အတွင်း လိပ်ကြီးက မန်ဒက်ဗ် ရေလက်ကြားကို ရောက်ရှိသွားပြီး အရှိန်ကို အနည်းငယ်လျှော့လိုက်သည်။
မန်ဒက်ဗ်ရေလက်ကြားကို ဖြတ်ပြီး ပင်လယ် နီထဲကို ဝင်ရောက်နိုင်၏ ။ဒါက ရှည်လျားပြီး ကျဉ်း မြောင်းတဲ့ ရေပြင်ဖြစ်ကာ နိုင်ငံတ ကာရေလမ်းကြောင်းလည်း ဖြစ်သည်။
ကံကောင်းစွာပင် ဒါက လိပ်ကြီးအတွက် လုံလောက်တဲ့ အလျားရှိနေပြီး အရှိန်အ နည်းငယ်နှေးတာကြောင့် ဘာလှုပ်ရှားမှု့မှ မဖြစ်ပေါ်ခဲ့ပေ။
မန်ဒက်ဗ်ရေလက်ကြားကို အောင်မြင် စွာ ဖြတ်ကျော်ပြီးနောက် လိပ်ကြီးက ပင်လယ် နီထဲကို ဝင်ရောက် လာခဲ့သည်။ အရှိန်က ရေ မိုင် ၃၀၀ အထက်တွင်ရှိနေပြီး စူးအက်စ် တူးမြောင်းဘက်သို့ လိပ်ကြီး အမြန်ကူးခတ် နေသည်။
နာရီအနည်းငယ်ကြာပြီးနောက် ပင်လယ်နီ ကို ဖြတ်ကျော်ကာ စူးအက်စ်တူးမြောင်းရဲ့ တောင်ဘက်စွန်းတွင်ရှိသော စူးအက်စ်မြို့သို့ လိပ်ကြီး ရောက်လာခဲ့ သည်။
မလှမ်းမကမ်းတွင် စူးအက်စ်တူး မြောင်း ရှိပေသည်။ လိပ်ကြီးရဲ့အရှိန်က သိသိသာ သာလျော့ကျသွားပြီး သတိထား နေပုံရ သည်။လိပ်ကြီး၏ ကူးခတ်နူန်း အရှိန်က ရေမိုင် ၃၀၀ မှ ၃၀ အောက်ကို လျော့ကျ သွားသည်။
ရေမိုင် ဆယ်ဂဏန်းလောက် ရှေ့ကို ကူး ခတ်ပြီးနောက် စူးအက်စ်တူးမြောင်းထဲကို အလွန်နှေးကွေးစွာ လိပ်ကြီး ဝင်ရောက်ခဲ့ သည်။
လိပ်ကြီးရဲ့ရှေ့တွင် တန်ချိန် တစ်သိန်းကျော် ရေနံတင်သင်္ဘောကြီးတစ်စင်းရှိနေသည်။ ဒီ တူးမြောင်းရဲ့ အကျယ်က မီတာ၂၀၀-၃၀၀ ခန့်ရှိပြီး ရေအနက်က ၂၀ မီတာခန့်ရှိသည်။
လိပ်ကြီး နှေးကွေးစွာကူးခတ်နေပြီး ရေနံတ င်သင်္ဘောကြီးကို အကြိမ်များစွာ ကျော်တ က်ချင်ပေမဲ့ မြစ်က ၂၀၀-၃၀၀ မီတာသာ ကျယ်တာကြောင့် စွန့်လွှတ်လိုက်ရသည်။
ရေနံတင်သင်္ဘောကြီးနောက်မှ လိပ်ကြီး ဖြည်းဖြည်းချင်း လိုက်ပါလာကာ တစ်န ာရီကျော်ကြာ ကူးခတ်ခဲ့ရသည်။ ရှေ့က မြစ်မှာ နောက်ဆုံးတွင် အနည်းငယ်ကျယ် လာတာကို မြင်တဲ့အခါလိပ်ကြီး သင်္ဘော ရဲ့ဘေးဘက်မှ ဂရုတစိုက်ဖြတ်ကျော်သွ ားခဲ့သည်။
ထိုရေနံတင်သင်္ဘောကြီးကို ကျော်တက် ပြီးနောက် လိပ်ကြီးအရှိန်က အနည်းငယ် မြန်လာပေမဲ့ အလွန်မြန်အောင် မသွားရဲပေ။ ရေမိုင် ၂၀ ခန့်သွားပြီးနောက် တူးမြောင်း ကိုဖြတ်သွားတဲ့ လှေများထက် အနည်းငယ် သာ မြန်ပေသည်။
ရှေ့တွင် မီးပြတိုက်တစ်ခုရှိပြီး မီးရောင်က တူးမြောင်းရဲ့ ရေပြင်ပေါ်ကို ထွန်းလင်း ထားသည်။ မီးပြတိုက်ထဲတွင်လည်း တူး မြောင်းရဲ့ဝန်ထမ်းအချို့ရှိသည်။
ရုတ်တရက် ဝန်ထမ်းတစ်ဦးက တူးမြောင်း အောက်က ရေပြင်ကို လက်ညိုးထိုးပြီး အော် ပြောလိုက်သည်။
"လူကြီးမင်းတို့ ကြည့်ပါအုံး..ရေအောက်မှာ ကြီးမားတဲ့အရာတစ်ခု ရေကူးနေပုံ ရ တယ်...”