← Chapters

လူလုပ် တူးမြောင်းများ

Vol. 21 Ch. 307

လူလုပ် တူးမြောင်းများ

Vol. 21 Ch. 307

"မဖြစ်နိုင်ဘူး..."

ကျန်လူအချို့ကလည်း တူးမြောင်း ရှိရာ ရေ ပြင် ဘက်ကို တစ်ဦးပြီးတစ်ဦး ကြည့်လိုက် ကြသည်။ ရေပြင်တွင် ထူးခြားသည့်အရာကို ဘာမှ မတွေ့ခဲ့ရပေ။

“ဟုတ်တယ်..ငါလည်း ဘာမှမတွေ့ဘူး..”

ထိုထူးခြားမှု့ကို တွေ့ရှိခဲ့တဲ့ ဝန်ထမ်းက ထပ် ပြောလိုက်သည်။

“တကယ်ရှိပါတယ်.. ကျွန်တော်လုံးဝ မမှားဘူး..ရေပြင်မှာ အနက်ရောင်အရိပ်တစ် ခုရှိတယ်.. အလျားမီတာတစ်ရာနီးပါးရှိပြီး ဒီကနေမြန်မြန်ဖြတ်သွားတာ..”

အခြားသူများက ခေါင်းယမ်းလိုက်ကြ သည်။

လူတစ်ယောက်က မယုံံကြည်ပဲ ပြောလိုက် ၏။

“ခရော့ဖ်.. မင်းမျက်လုံးတွေေဝဝါးနေပြီပဲ.. ဒီလောက်ကြီးတဲ့အရာကြီး ဘယ်လိုလုပ်ရှိ နိုင်မှာလဲ..”

“ကျွန်တော်တကယ်မြင်ခဲ့တာ..ကြီးမားတဲ့အနက်ရောင်အရာကြီးတစ်ခုပဲ..အရှိန်လည်း တော်တော်မြန်တယ်...”

“ခရော့ဖ် မင်းညဘက် အရက်မသောက်သင့် ဘူး..မင်းအရက်သောက်လို့ မှားမြင် နေတာ ဖြစ်ရမယ်...”

ခရော့ဖ်ရဲ့ သူငယ်ချင်းများက ဘယ်သူ့ မှမ ယုံကြဘဲ အားလုံးက ပြုံးပြီး ခေါင်းယမ်းလို က်ကြသည်။ အချို့က ဒီနေရာကို ဝေလင ါးကြီးတစ်ကောင် ရေကူးသွားတာ လားလို့ ပင် လှောင်ပြောင်ပြောဆိုကြနေသည်။

ဒီနေရာကနေ လိပ်ကြီး ဖြတ်သွားတာ အမှန် ပင်။ အခုက ညဘက်ဖြစ်နေတာကြောင့် ၎င်း၏အရှိန်မှာ ၂၀ ရေမိုင်ကျော်အထိ ရောက်ရှိနေပြီ ဖြစ်၍ အမြန် ကူးခတ်လာခဲ့ ခြင်း ဖြစ်၏။

စူးအက်စ်တူးမြောင်းရဲ့ စုစုပေါင်းအလျားက ကီလိုမီတာ ၂၀၀ ကျော်ရှိသည်။ ဒါက ကြီး မားတဲ့ ရေကန်များကို လူလုပ်တူးမြောင်း များစွာဖြင့် ဆက်သွယ်ထားတာပဲ ဖြစ် သည်။ တောင်မှမြောက်ကို အသေးစား ခါးသောရေကန်၊ အကြီးစား ခါးသော ရေကန်၊ တင်မ်ဆားရေကန်နှင့် မန်ဇာလာ ရေကန်တို့ရှိပေသည်။

လိပ်ကြီးက တူးမြောင်းရဲ့ ပထမဆုံး အပိုင်း ကို အတော်လေး ချောမွေ့စွာ ဖြတ်သန်းပြီး အသေးစားခါးသောရေကန်ထဲ ဝင်ရောက် ခဲ့သည်။

ဒီ ရေကန်ထဲ ဝင်လာပြီးနောက် သူ့ရဲ့ အရှိန် က ရုတ်တရက် တိုးလာခဲ့သည်။ ရေကန်ကို ဖြတ်ကျော်ပြီး ဒုတိယအပိုင်းကို ဝင်ရောက် ရန် အချိန်သိပ်မကြာလိုက်ပေ။

တူးမြောင်းထဲသို့ ဝင်ရောက်တာနဲ့လိပ်ကြီးက အရှိန်ကိုပြန်လျှော့လိုက်ပြီး ဒီအပိုင်းကို ဂရု တစိုက်ဖြတ်သန်း လာခဲ့သည်။ ညဘက်ဖြ စ်တာကြောင့် ရေအောက်ရှိ ထူးခြားနေမှု့ကို ဘယ်သူမှသတိမထားမိကြပေ။

လိပ်ကြီးက စူးအက်စ်တူးမြောင်းရဲ့ ရေ ကန်အချို့ကို တစ်လှည့်စီဖြတ်ကျော်ပြီး ပို့တ်ဆိုက်ဒ်မှ ထွက်ခွာပြီးနောက် နောက် ဆုံးတွင် မြေထဲပင်လယ်ထဲ ဝင်ရောက် လာခဲ့သည်။

မြေထဲပင်လယ်ကို ဝင်ရောက်ပြီးနောက် လိပ်ကြီး ရုတ်တရက် ပိုမိုသက်တောင့်သ က်သာဖြစ်လာပြီး ပုန်းရှောင်နေစရာမလို တော့ဘဲ အပြည့်အဝအရှိန်ဖြင့် ရှေ့သို့ ကူးခတ်လာခဲ့သည်။

.......

ဒေသစံတော်ချိန် အရုဏ်တက်ချိန်တွင်..

ခရီးရှည်ကြီး လာခဲ့ရပြီးနောက် နောက်ဆုံး တွင် လျူယောင်ပြောတဲ့ ရေပြင်ကို လိပ်ကြီး ရောက်လာခဲ့သည်။

ဒီ ပင်လယ်ရေပြင်ပေါ်တွင် အဖြူရောင် မြူခိုးတစ်လွှာ ဖုံးလွှမ်းနေပေသည်။ဒါက အဖြူရောင်ပိတ်သားတစ်လွှာကဲ့သို့ဖြစ်နေတာကြောင့် M နိုင်ငံကလူများရဲ့ ရှာဖွေ ရေးလုပ်ငန်းကို ကြီးမားတဲ့အခက်အခဲများ ဖြစ်စေခဲ့သည်။ အဖြူရောင်မြူခိုးက မြင်ကွင်းကို သိသိသာသာ လျော့နည်းစေ သည်။

ဒါက လိပ်ကြီးအတွက် အလွန်ကောင်းမွန်တဲ့ အရာဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိ ပြီးနေ ာက် လျူယောင်ကို အသိပေးလိုက်သည်။

“သခင်ရေ..ကျွန်တော် ..ရောက်ပါပြီ...”

လိပ်ကြီး၏ အသံက သူ့စိတ်ထဲတွင် ထွက် ပေါ် လာတဲ့အခါ လျူယောင် တတိယ အမြင်ကိုဖွင့်လိုက်သည်။ ပင်လယ်ထဲတွင် ကြီးမားတဲ့ လိပ်ကြီးကိုသာမက ပင်လယ်ရေ ပြင်ပေါ်ရှိအဖြူရောင်မြူခိုးများကိုပါ လျူ ယောင် မြင်လိုက်ရသည်။

“အဖြူရောင်မြူခိုးတွေ ဖုံးနေတာလား အရမ်း ကောင်းတယ်...”

“ဒါက M နိုင်ငံရဲ့ ရှာဖွေရေးလုပ်ငန်းအတွက် ကြီးမားတဲ့ပြဿနာတွေဖြစ်စေပြီး သူတို့ ရဲ့အလုပ်တွေကို ပိုခက်ခဲစေလိမ့်မယ်...”

“ ဒီလူတွေ ပျက်ကျခဲ့တဲ့လေယာဥ်ကို မတွေ့သေးပါစေနဲ့ ပင်လယ်ထဲကျသွားတဲ့ လစ်သိုဂရက်ဖီစက်နှစ်လုံးကိုလည်း မတွေ့သေးပါစေနဲ့”

လျူယောင်ရဲ့ စိတ်ခံစားမှု့က ရုတ်တရက် တိုးတက်လာခဲ့ကာ လိပ်ကြီးကို ချီး ကျူး လိုက်သည်။

" လိပ်ကြီး မင်းပင်ပန်းသွားပြီ...”

“.ကျွန်တော်မပင်ပန်းပါဘူး သခင်ရ.. ..ရေမို င်ထောင်ပေါင်းများစွာကို တစ်ကြိမ် တည်း ရေကူးရတာ ကျွန်တော့်အတွက် ဘာပြဿန ာမှမရှိပါဘူး...”

လိပ်ကြီးကို လျူယောင် ညွှန်ကြားလိုက်၏။

“ကျေးဇူးပြုပြီး ပိုကြိုးစားပေး လိပ်ကြီး .. ပျက်ကျခဲ့တဲ့လေယာဉ်ကို ချက်ချင်းရှာပြီး ပင်လယ်ထဲကျသွားတဲ့ စက်နှစ်လုံးကို ရှာပေးပါအုံး...”

ပြောပြီးတာနဲ့ လျူယောင် စိတ်ထဲကနေ ဆုတောင်းလိုက်သည် ။

“ဘုရားသခင် ကူညီတော်မူပါ.. ဒီ စက်နှ စ်လုံးကို M နိုင်ငံကလူတွေ မတွေ့သေး ပါစေနဲ့.. ဒီစက်နှစ်လုံးကို ပျက်စီးမသွားဘဲ အသုံးပြုနိုင်ပါစေ...”

လျူယောင်ရဲ့အမိန့်အရ လိပ်ကြီးက ရေပြင် ကို မရပ်မနားရှာဖွေခဲ့သည်။ ဒီနေရာက ဥရောပတိုက် ရဲ့ ကမ်းရိုးတန်း ရေပြင်ပဲ ဖြစ်သည်။

ပင်လယ်ရေ အနက်က ယေဘုယျအားဖြင့် မီတာသုံးရာမှ ငါးရာသာရှိပြီး အချို့ နေရ ာများတွင် မီတာဆယ်ဂဏန်းသာ ရှိ သည်။ထို ရေပြင်တွင် ကျွန်းငယ် အချို့ လည်း ပြန့်ကျဲနေ၏။

လိပ်ကြီးနဲ့ ရေမိုင် ၂၀ မှ ၃၀ ခန့်အကွာတွင် M နိုင်ငံမှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသ င်္ဘောတစ်စီးရှိနေပြီး သူတို့ကလည်း ပျက် ကျတဲ့လေယာဥ်ကို ရှာဖွေနေကြသည်။

ရှာဖွေရေးတာဝန်ခံ အာနက်စတာက ညည်းညူနေသည် ။

“ဒီရာသီဥတုက အတော်ဆိုးတယ်ကွာ.. မနေ့ကမွန်းလွဲပိုင်းကနေ ဒီနေ့မနက်အထိ ဆယ်နာရီကျော် အလုပ်လုပ်ခဲ့ရတာ ဘာမှမတွေ့သေးဘူး..."

“ခေါင်းဆောင်..မိုးလင်းနေပြီ၊ ကျွန်တော် တို့ရဲ့ ရဟတ်ယာဉ်ပျံတက်လို့ရပြီလား..."

အာနက်စတာ စိတ်မရှည်စွာ ပြောလိုက် ၏။

“ပျံတက်လိုက်...ဂရုစိုက်အုံး.. ပင်လယ် ရေပြင်ပေါ်မှာ မြူတွေအရမ်းထူနေတယ်...”

ရှာဖွေရေးနှင့်ရဟတ်ယာဉ်များက သင်္ဘော ပေါ်တွင် ရပ်ထားကြသည်။ ညဘက်တွင် မြူတွေထူနေတာ ကြောင့် ရဟတ်ယာဉ်ကို မပျံတက်ခဲ့ပေမဲ့ အခုတော့ ရှာဖွေရန် နောက်ဆုံးတွင် ပျံတက်နိုင်တော့မည်။

ခဏအကြာတွင် ရှာဖွေရေးရဟတ်ယာဉ် များက ရှာသင်္ဘောမှ ထွက်ခွာလာပြီး ပင် လယ်ရေပြင်ကိုစတင်ရှာဖွေခဲ့သည်။ ဒါပေမဲ့ မြူတွေ ထူထပ် နေတာကြောင့် မြင်ကွင်းက အကန့်အသတ်ရှိနေပြီး တစ်ခုခုကိုရှာဖွေရန် ကံပေါ်တွင်သာ မူတည်ရမည်ဖြစ်သည်။

လိပ်ကြီး၏ ကံကောင်းခြင်းက သူတို့ထက် များစွာသာလွန်သည်။ ယခုအချိန်တွင် လိပ် ကြီးက လေယာဉ် အပျက်အစီးများကို ရှာ ဖွေတွေ့ရှိ သွားပြီဖြစ်သည်။

တွေ့ရှိတဲ့ နေရာက ရေတိမ်ပိုင်းဖြစ်ပြီး ရေ အနက်ဆုံးမှာ မီတာ ဆယ်ဂဏန်းသာ ရှိ ပေသည်။ လေယာဉ်အပျက်အစီးများက ပင်လယ်ရေပြင်ပေါ်တွင် ကန့်လန့်ဖြတ် ရှိနေ၏။ လေယာဉ်ရဲ့တောင်ပံက အောက် ကိုကျနေပြီး လေယာဉ်ရဲ့ အမြီးအပိုင်းက ရေပေါ်တွင်ရှိနေဆဲ ဖြစ်သည်။

ကြီးမားသောအရှိန်ကြောင့် ဒီသယ် ယူပို့ ဆောင်ရေးလေယာဉ်က ပြင်းထန်စွာ ပျက်စီ းသွားပြီး ကွဲအက်လုနီးပါး ဖြစ်နေသည်။

“သခင်ရေ... အဲ့တာက ဒီလေယာဉ်ပဲ ဖြစ်ရမယ်...”

လိပ်ကြီးရဲ့အသံက စိတ်လှုပ်ရှားမှု့ အပြည့် ရှိနေသည်။ ဆယ်နာရီကျော်ကြာ ခရီးသွား ခဲ့ပြီးနောက် ဒီနေရာသို့ရောက်ရှိပြီး တစ် နာရီ နှစ်နာရီအတွင်း လေယာဥ်ရဲ့ အပျက်အစီးများကို ရှာတွေ့နိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

လျူယောင်လည်း ပိုစိတ်လှုပ်ရှားနေ ပုံရ သည်။ဒီလို ကံကောင်းခြင်းက ကောင်းမွန် လှပြီး ကောင်းကင်ကိုတောင် ဆန့်ကျင်နေသ လိုပင်။

M နိုင်ငံမှ လူများက လေယာဉ်အ ပျက် အစီးများကို မတွေ့သေးပုံ ရသည်။ သူတို့မတွေ့သေးခင်တွင် လေယာဥ်ပေါ်မှ လစ်သိုဂရက်ဖီစက်နှစ်လုံးကို ယူဆောင်သွ ားရန် ကောင်းမွန်တဲ့ အခွင့်အရေးပဲ ဖြစ်သည်။

လျူယောင်ရဲ့အမိန့်မပါဘဲ လိပ်ကြီးက လေယာဉ်အပျက်အစီးများရှိရာကို ကူးခတ်လာခဲ့သည်။

လျူယောင်ကတော့ တတိယအမြင်မှ တစ်ဆင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး လေယာဉ်အပျက်အစီးများကို အာရုံစိုက် ကြည့်နေခဲ့သည်။

လျူယောင်ကို ပိုစိတ်လှုပ်ရှားစေတာက စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့ ပျက်စီးနေတဲ့ဂိုဒေါင်ထဲတွင် စံကွန်တိန်နာ ကြီးလေးလုံးရှိနေခြင်းပဲ ဖြစ်သည်။

၎င်းတို့ကို အတူတကွသွယ်ထားတဲ့ ကေ ဘယ် ကြိုး အများစုက ပြတ်တောက်နေပြီး ကွန်တိန်နာကြီးလေးလုံးကလည်း လိမ် နေသည်။

“ လစ်သိုဂရက်ဖီစက်တွေကို ဒီကွန်တိန်န ာတွေထဲ ထည့်ထားတာပဲ..နေမှာ....”

“ဒါပေမဲ့ ဘာလို့ ကွန်တိန်နာနှစ်လုံးအစား လေးလုံးဖြစ်နေရတာလဲ… ယုတ္တိရှိရှိ ပြောရရင် စက်နှစ်လုံးဆို ကွန်တိန်နာနှ စ်လုံးပဲဖြစ်သင့်တယ်... လေးလုံး ရှိရမှာ မဟုတ်ဘူး လေ..."

ဒီမျှကြီးမားတဲ့ ကွန်တိန်နာမျိုးဆို စက်တစ်လုံးအတွက် တစ်ဘူးလောက်သာ လုံလောက်ပြီး နှစ်ဘူး မလိုအပ်ပေ။

“အခုလောလောဆယ် ငါ ဒါကိုမတွေးတော့ဘူး...အားလုံးကို ဖယ်ရှားပစ်တာ အဓိကပဲ..”

လျူယောင် အမိန့်ပေးလိုက်သည်။

“လိပ်ကြီး လေယာဉ်ကုန် တင်ခန်းထဲမှာ ကွန်တိန်နာကြီးလေးလုံးတွေ့လား.. အားလုံးကို ဖယ်ရှားလိုက်ပါ..."

“ကောင်းပါပြီ သခင်...."

လိပ်ကြီး ချက်ချင်းအလုပ်စလုပ်လိုက်၏။ ဂိုဒေါင်က အလွန်ပျက်စီးနေတာကြောင့် သူက ဂိုဒေါင်မှ ပထမဆုံးကွန်တိန်နာကို အလွယ်တကူထုတ်ယူလိုက်သည်။

လိပ်ကြီး၏ အလေးချိန်က တန် ၆၂၀ ကျော်ရှိတာကြောင့် တန် ၁၀၀၀ ကျော်ရှိတဲ့အရာများကိုပင် အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။

ပထမဆုံးကွန်တိန်နာကို လိပ်ကြီး အမြန်ထုတ် ယူလိုက်သည်။ဘာတစ်ခုမှ မပျက်စီးဘဲ မည်သည့်ပုံပျက်ပန်းပျက်မူ့မှ မရှိပေ။

“ဒီဟာတွေက မပျက်စီးသေးဘူး”

လျူယောင် စိတ်ထဲကနေ ပြောလိုက်သည်။

“အတွင်းက လစ်သိုဂရက်ဖီစက်လည်း မပျက်စီးပါစေနဲ့လို့ ငါ မျှော်လင့်တယ်... ဒါပေမဲ့ ရေဝင်သွားလားဆိုတာတော့ ငါ မသိဘူး...ရေစိမ်ခံထုပ်ပိုးထားတာ ဖြစ်ပါစေလို့ကွာ.. ”

လိပ်ကြီးက ပထမဆုံးကွန်တိန်နာကို ထုတ်လိုက်တဲ့ အခါ ၎င်းက နစ်မြုပ်မသွား ဘဲ ရေမျက်နှာပြင်ပေါ်သို့ ပေါ်တက်လာ သည်။

“သခင်... ဒါဘာဖြစ်တာလဲ... ဒါက အောက် ကိုကျမသွားဘူး.. ကျွန်တော်ကိုင်ထားမှ ဖြစ်မှာ..မဟုတ်ရင် ရေမျက်နှာပြင်ပေါ်မှာ ပေါ်နေလိမ့်မယ်...”

လျူယောင် အနည်းငယ် ရှုပ်ထွေးနေသော် လည်း မကြာမီတွင် ဘာဖြစ်နေလဲဆိုတာကို နားလည်သွားတာကြောင့် စိတ်ထဲကနေ ပျော်ရွှင်လာခဲ့သည်။

All Chapters