ဒီ လစ်သိုဂရက်ဖီစက်တွေ ဘယ် ရောက်ကုန်တာလဲ ဟ
Vol. 21 Ch. 308
ကွန်တိန်နာက ရေပေါ်တွင် ပေါ်နေတာ ကြောင့် ဒါကို ကောင်းမွန်စွာပိတ်ထားပြီး ရေလုံးဝ မဝင်ဘူး ဆိုတာ သေချာနေသည်။
အတွင်း၌ ရေရှိပါက ကွန်တိန်နာက နစ်မြုပ် နေလိမ့်မည်။ ဒီအချက်ကို သိရှိတဲ့အခါ လျူ ယောင် ရုတ်တရက် ပျော်ရွှင်လာခဲ့သည်။
ထို့အပြင် ဒီလေးလုံးက စံကွန်တိန်နာ များ မဟုတ်ဘဲ အထူးထုပ်ပိုးထားသော သေတ္တာများဖြစ်ကြောင်းကိုလည်း လျူ ယောင်သိလိုက်သည်။ဒါတွေက ကွန်တိန်န ာများထက် ပိုမိုခိုင်မာပြီး အဓိကအချက်မှာ အလုံပိတ်ကောင်းမွန်ခြင်းဖြစ်သည်။
အရွယ်အစားမှာလည်း စံကွန်တိန်နာ များ ထက် ပိုကြီးမားလှသည်။ အကျယ် နှင့်အ မြင့်မှာ စံကွန်တိန်နာများနဲ့ တူညီပုံရသော် လည်း အလျားက သေချာပေါက် ပိုရှည် သည်။ အမြင်အားဖြင့် စံကွန်တိန်နာ၏ အလျားတစ်ဝက် ခန့် ပိုရှည် နေပေသည်။
“ ငါ့ကောင်ရေ ..အချိန်မနှောင်းသေးဘူး... M နိုင်ငံကလူတွေ မရောက်ခင် ဒီသေတ္တာ လေးလုံးကို ယူသွားရမယ်...”
လိပ်ကြီးလည်း ဒီအချက်ကို နားလည်၏။ အချိန်က အရေးကြီးပေသည်။ ဒီလေယာဉ် ရဲ့အမြီးက ရေပေါ်တွင်ရှိနေပြီး M နိုင်ငံမှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘောများ ဒါမှမဟုတ် ရဟတ်ယာဉ်များက အလွယ် တကူ ရှာဖွေတွေ့ရှိသွားနိုင်သည်။
လိပ်ကြီးက သူ့ဧရာမလှံကို ခဏတဖြုတ် ရှေ့လက်တစ်ဖက်နဲ့ ကိုင်ထားလိုက်ပြီး ပထမဆုံးသေတ္တာကို ပါးစပ်ဖြင့်ကိုင်ကာ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
လျူယောင် သတိပေးလိုက်သည်။
“ လိပ်ကြီးရေ..အနီးအနားမှာ လူမနေတဲ့ ကျွန်းတစ်ကျွန်းကို ရှာပြီး ဒီကွန်တိန်နာ လေးလုံးကို အရင်ဖွက်ထားလိုက်..”
အဲဒါ့တွေကို ရေထဲတွင် ထားရှိရန် မဖြစ် နိုင်ပေ။ ဒါတွေက ရေပေါ်သို့ တက်လာပြီး သမုဒ္ဒရာရေစီးကြောင်းနှ င့်အတူ မျောပါ သွားလိမ့်မည်။ ထို့ကြောင့် ကုန်းပေါ်တွင် ထားရှိရန် လိုအပ်နေသည်။
အနီးအနားတွင် ကုန်းမြေမရှိတာကြောင့် လူမနေသည့်ကျွန်းတစ်ကျွန်းကိုသာ ရှာ ဖွေရမည်။ ကွန်တိန်နာကြီးလေးလုံးကို ကျွန်းပေါ်တွင် ဖွက်ထားကာ တစ်လုံးချင်းစီ သယ်ယူရမည် ဖြစ်သည်။
လိပ်ကြီးက အသက်တစ်ချက်ရှူပြီး ရေမိုင် ဆယ်ဂဏန်းများစွာကို ကူးခတ်လာခဲ့ရာ ဆယ်မိနစ်ကျော်အကြာတွင် လူမနေတဲ့ ကျွန်းတစ်ကျွန်းကို တွေ့သွားခဲ့သည်။
ကျွန်းရဲ့ဧရိယာက မသေးငယ်လှပဲ စတုရန်း ကီလိုမီတာ နှစ်ခု သုံးခုခန့်ရှိတယ်ဟု ခန့်မှန်း ရသည်။ ကျွန်းပေါ်ရှိ သစ်ပင်များမှာ စိမ်း စိုနေပြီး တောကြီးများလည်း ရှိပေသည်။ကွ န်တိန်နာများကို ဒီ ကျွန်းပေါ်တွင် ထားရှိရန် အကောင်းဆုံးဖြစ်၏။
လိပ်ကြီးက ကျွန်းပေါ်သို့ တက်ကာ ပထမ ဆုံးကွန်တိန်နာကို ကမ်းခြေအနီးရှိ တော နက်ထဲတွင်ထားခဲ့ပြီး ကွန်တိန်နာကို လေ ယဥ်ပေါ်ကနေ ဒါမှမဟုတ် အနီး အနား ရှိပင်လယ်မှ မမြင်နိုင်စေရန် သေချာစေ ခဲ့သည်။
ထို့နောက် လိပ်ကြီးက ရပ်နားရန် မရဲ တော့ ပေ။ M နိုင်ငံမှ လူများက လေယာဉ် အပျက်အစီးများကို အချိန်မရွေး တွေ့ရှိနိုင် တာကြောင့်ဖြစ်သည်။
မိနစ်သုံးဆယ် သို့မဟုတ် လေးဆယ်အ ကြာတွင် ဒုတိယကွန်တိန်နာကိုလည်း လိပ်ကြီး ကျွန်းပေါ်သို့ သယ်ယူခဲ့ပြီး နာရီဝက်အကြာတွင် တတိယကွန်တိန်နာ လည်း ကျွန်းပေါ်သို့ ရောက်ရှိလာသည်။
လိပ်ကြီးက တတိယကွန်တိန်နာကို ဖွက် ထားပြီးနောက် လေယာဉ် အပျက်အစီးများ ရှိရာသို့ အမြန်ရေကူးခတ်သွားသည်။
ယခုအချိန်က ဒေသစံတော်ချိန် နံနက် ၉ နာရီကျော်ပြီဖြစ်နေတာကြောင့် ပင်လယ် ရေပြင်ပေါ်ရှိ အဖြူရောင်မြူခိုး အများ အပြားပျောက်ကွယ်သွားပြီး မြင်ကွင်းမှာ တစ်ဝက်ကျော် တိုးတက်လာခဲ့သည်။
နံနက်ခင်းတွင် မြင်ကွင်းက မီတာ ၅၀၀ ရှိပါက ယခုအချိန်တွင် အနည်းဆုံး တစ်ကီလိုမီတာ လောက် ဖြစ်နေသည်။
လျူယောင် စိတ်ထဲကနေ ဆုတောင်းလိုက် ၏။
“လေယာဉ်ပေါ်မှာ ကွန်တိန်နာ တစ်ခုကျန် သေးတယ်..ဘုရားသခင် ကူညီတော်မူပါ..M နိုင်ငံကလူတွေ မလာပါစေနဲ့ လေယာဉ်ရဲ့ အပျက်အစီးတွေကို နောက်မှပဲ သူတို့ တွေ့ပါစေ..."
လိပ်ကြီး၏ အရှိန်က မြန်ဆန်နေဆဲဖြစ်ပြီး ဒီလူမနေတဲ့ ကျွန်းမှ လေယာဉ်ရဲ့ အပျက်အ စီးများရှိသည့် နေရာသို့ ကူးခန်ရန် မိနစ် နှစ်ဆယ် ကျော်သာ ကြာခဲ့သည်။
ထိုအချိန်တွင် လျူယောင်ရဲ့ ရင်ထဲတွင် တုန်လှုပ်သွား၏။သူ့ တတိယအမြင်ရဲ့ အစွန်းတွင် ရဟတ်ယာဉ် တစ်စင်းပေါ်လာ ခဲ့သည်။
ဒါက ရှာဖွေရေးရဟတ်ယာဉ် ဖြစ်လိမ့်မည်။
ဒီ ရဟတ်ယဥ်က အပျက်အစီးများနဲ့ မီတာ ရှစ်ရာ ဒါမှမဟုတ် ကိုးရာခန့်သာ ကွာဝေး တော့သည်။
“လိပ်ကြီး ပိုမြန်မြန်သွား... သူတို့က လေ ယာဉ်ရဲ့အပျက်အစီးတွေကို အချိန်မရွေး တွေ့သွားနိုင်တယ်..”
“ကောင်းပါပြီ သခင်..”
လိပ်ကြီး နောက်ဆုံးကွန်တိန်နာကြီးကို လေယာဉ်မှထုတ်ယူလိုက်ပြီး ထွက်ခွာရန် စတင်ခဲ့သည်။
အဝေးရဟတ်ယာဉ်ပေါ်မှ လူများက ပျက် ကျခဲ့တဲ့လေယာဥ်ကို တွေ့ရှိလိုက်ပုံရ သည်။ ဒါက သာမန်လေယာဥ် သေးသေးလေး မ ဟုတ်ဘဲ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေ ယာဉ်ကြီးပဲ ဖြစ်၏။ လေယာဉ်ရဲ့ အမြီးက ပင်လယ်ရေပေါ်တွင် ပေါ်နေပြီး အဖြူရောင် မြူခိုးများကလည်း တဖြည်းဖြည်း ပျောက် ကွယ်သွားတာကြောင့် ပိုမို သိသာလာခဲ့ သည်။
လိပ်ကြီးနဲ့ ရေမိုင်အနည်းငယ်အကွာတွင် ဒီ ရဟတ်ယာဉ်က ရောက်လာခဲ့ပြီး ပင်လယ် ရေပြင်အထက် မီတာ ၃၀ မှ ၄၀ ခန့်အမြင့် တွင် ပျံဝဲနေခဲ့သည်။
အဲ့ဒါကို ပျက်ကျခဲ့သော စစ်ဘက်သယ် ယူပို့ဆောင်ရေးလေယာဥ်ကြီးဖြစ်ကြောင်း အတည်ပြုပြီးနောက် လေယာဉ်ပေါ်မှလူ များက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက် ကြသည်။
ဒီနေရာမှ ရေမိုင် ၂၀ ကျော်အကွာတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘောက ဒီဘက်ကို အရှိန်အပြည့်ဖြင့် မောင်းနှင် လာခဲ့သည်။ ထိုနေရာကိုရောက်ရှိပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကို စတင်ရန် ရေငုတ်သမားများကို ရေထဲသို့ ချက်ခြင်း စေလွှတ်ခဲ့သည်။
.....
အမည်မသိပဲ လူမနေသည့်ကျွန်းပေါ်တွင်...
လိပ်ကြီးက စုစုပေါင်းကွန်တိန်နာ ကြီး လေးလုံးကို ဒီနေရာကို အောင်မြင်စွာ သယ် ယူနိုင်ခဲ့သည်။ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာနှင့် ရေမိုင် ၅၀ ခန့်အကွာတွင်ရှိပြီး သိပ်မဝေးသလို သိပ်လည်းမနီးပေ။
လျူယောင် သက်ပြင်းရှည်ကြီးချလိုက်ကာ စိတ်ထဲကနေ ပြောလိုက်၏။
“ဟူး တော်ပါသေးရဲ့..လောလောဆယ်တော့ ဘေးကင်းသွားပြီ.."
“သခင်ရ ...ကျွန်တော်ဗိုက်ဆာနေပြီ..အရင် ဗိုက်ဖြည့်ဖို့ တစ်ခုခုရှာပြီးမှပဲ ဆက်လုပ် ကြမယ်လေ..”
လိပ်ကြီးက အေဒင်ပင်လယ်ကွေ့ ရေပြင် မှဒီနေရာကို အသက်တစ်ချက်သာ ရှူပြီး ရေကူးလာခဲ့ခြင်းဖြစ်တာကြောင့် ဆယ်နာရီ ကျော်ကြာ ရပ်နားခြင်းမရှိသလို တစ်ကိုက်မှ မစားခဲ့ရပေ။
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် ၏။
“အင်း...ဟုတ်သားပဲ..မင်းပင်ပန်းသွားပြီ.. အနီးအနားမှာ စားဖို့တစ်ခုခုရှာပြီး ခန အနားယူလိုက်ပါအုံး...”
လိပ်ကြီးက ကျွန်းပေါ်တွင် ဖွက်ထားတဲ့ ကွန်တိန်နာကြီးလေးလုံးကို ကြည့်လိုက်ပြီး ဘာမှမမှားကြောင်း သေချာစေခဲ့ပြီးမှ ပင်လယ်ထဲဆင်းပြီး စားစရာတစ်ခုခုကို ရှာဖွေတော့သည်။
.....
ရေမိုင် ၅၀ ခန့် အကွာရှိ လေယာဉ်ပျက် ကျတဲ့နေရာတွင်...
M နိုင်ငံ၏ ရှာဖွေရေးနဲ့ကယ်ဆယ်ရေး သင်္ဘောမှ ရေငုတ်သမားအချို့ ရေထဲဆင်း ခဲ့ကြသည်။ သူတို့က ဒီနေရာကို အတည်ပြု ပြီး တွေ့ရှိထားတဲ့ အချက်အလက်များကို ရှာဖွေရေးသင်္ဘောပေါ်သို့ အမြန်ပို့ခဲ့သည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတာဝန်ခံ အာနက်စတာက မယုံကြည်နိုင်ပဲ ဖြစ်နေ၏။
“ဘာ ဒီ စက်ရဲ့အရိပ် အယောင်တောင် မရှိဘူးလား... လေယာဉ်ရဲ့ ကုန်သေတ္တာ တင်တဲ့ အခန်းက လွတ်နေတာလား....”
“ဒါ လုံးဝမဖြစ်နိုင်ဘူး...”
အာနက်စတာက ရေထဲကို သူ ကိုယ်တိုင်ဆ င်းသွားချင်စိတ်ပေါက် လာခဲ့သည်။ သူ ဒါကို လုံးဝမယုံကြည်နိုင်ပေ။ ဒါပေမဲ့ ရေငုတ်သမားများစွာက သင်္ဘောပေါ်ကို တစ်ဦးပြီးတစ်ဦး ပြန်တက်လာပြီးနောက် အစီရင်ခံစာများအားလုံးက တူညီနေတာ ကြောင့် သူယုံကြည်ရတော့မည်။
“ငါတို့ရဲ့ လစ်သိုဂရက်ဖီစက်တွေ ဘယ် ရောက်သွားတာလဲ... ငါးတွေ စားသွားတာ လားကွာ... ပင်လယ်ထဲမှာ ရှိတဲ့ ငါးတွေက ဒီလို အရာမျိုးကို မစားဘူးလေ..”
“လေယာဉ်ပျက် မကျမီ ကုန်သေတ္တ ာထဲကနေ ပစ်ထုတ်ခံရတာများလား.. ဒါပေမဲ့ ဒီဖြစ်နိုင်ခြေက သုညနီးပါးပဲကွာ..”
အာနက်စတာက လက်မခံချင်ဘဲ သူ့ လူများ အား လေယာဉ်ပတ်ဝန်းကျင်ရှိ ရေမိုင်အ နည်းငယ်အကွာအဝေးကို စတင်ရှာဖွေရန် အမိန့်ပေးခဲ့သည်။ ထိုစက်တွေကို ရှာ တွေ့ရန်မျှော်လင့်ကာ သင်္ဘောပေါ်မှ ရေငုပ် သင်္ဘောကိုပင် ပင်လယ်အောက်ခြေသို့ ရှာဖွေရန် စေလွှတ်ခဲ့သည်။
ကျွန်းပေါ်တွင်လိပ်ကြီး စားသောက်ပြီး နောက် တစ်ညလုံး ကောင်းစွာအိပ်စက် ခဲ့သည်။ သူနိုးလာတဲ့အခါ စွမ်းအင်အပြည့် အဝ ရှိနေသည်။
မလှမ်းမကမ်း တောနက်ထဲမှ သစ်ပင်ရိပ် အောက်တွင် ကွန်တိန်နာကြီးလေးလုံး ရှိပေသည်။
ကောင်းကင်ယံတွင် ရဟတ်ယာဉ်၏ အသံ ကို လိပ်ကြီး ကြားလိုက်ရတာကြောင့် ရ ဟတ်ယာဉ် ပေါ်မှ လူများ၏ ရှာတွေ့ခြင်းမှ ကာကွယ်ရန် ရေထဲကို အလျင်အမြန် ငုတ် ဆင်းလိုက်သည်။
“သခင်ရေ ရဟတ်ယာဉ် တစ်စင်းပေါ် လာပြီ...”
လျူယောင် တတိယအမြင်ကို ချက်ခြင်း ဖွင့်လိုက်၏။ တကယ်ပင် ရဟတ်ယာဉ် တစ်စင်းက အမြင့်မီတာ နှစ်ရာ သုံးရာခ န့်တွင် ပျံသန်းနေပြီး ကျွန်းပေါ်ကို ပျံသန်း လာခဲ့သည်။ ကျွန်းနှင့် အကွာအဝေးက တစ် ကီလိုမီတာထက်မပိုတော့ပေ။
ရဟတ်ယာဉ် တတိယအမြင်မှ ထွက်ခွာ သွားတာကို မြင်တဲ့အခါ လျူယောင် စိုးရိမ်စွာ တွေးလိုက်သည်။
“ဒီကျွန်းက လုံခြုံပုံ မရဘူး....ဒီ စက်တွေကို ကျွန်းပေါ်မှာ အကြာကြီးထားလို့မရဘူး..."
ဒီစက်တွေကို ထပ်မံရွှေ့ပြောင်းရန် လိုအပ် နေ သည်။ ဒီနေရာက လေယာဉ် ပျက်ကျ တဲ့နေရာနှင့် အလွန်နီးကပ် နေတာ ကြောင့် ပင်။
လျူယောင် ညွှန်ကြားလိုက်၏။
" လိပ်ကြီးရေ ဒီနေရာက မလုံခြုံဘူး.. ငါတို့ ရဲ့ ကွန်တိန်နာလေးလုံးကို ထပ်ရွှေ့ပြောင်းရ မယ်..ဒီနေရာကနေ ရေမိုင်ရာပေါင်းများ စွာအကွာအဝေးကို ရောက်အောင် ရွှေ့မှ ရမယ်...”
လိပ်ကြီးက နားလည်သွားပြီး ချက်ခြင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်..ကျွန်တော်အခုပဲ နောက် ထပ်ကျွန်းတစ်ကျွန်းကို ရှာပြီး ဒီညမှာပဲ ကွန်တိန်နာလေးလုံး စလုံးကို အဲဒီကျွန်းကို ရွှေ့လိုက်ပါ့မယ်..” ဟု ပြန်ဖြေခဲ့သည်။
လျူယောင် ခေါင်းညိတ်ကာ ထပ်ပြော လိုက်၏။
“အချိန်မနှောင်းသေးဘူး...မင်း..အခုပဲသင့်တော်တဲ့ကျွန်းကို ရှာပြီး ဒီည တစ်ညလုံး ကွန်တိန်နာတွေအားလုံးကို ကျွန်းအသစ်ဆီ အပြီး ရွှေ့ထားပေးအုံး...”
လိပ်ကြီးက ကျွန်းမှ ထွက်ခွာလာကာ သင့် တော်တဲ့ကျွန်းတစ်ကျွန်းကို ရှာဖွေရန် ရှေ့သို့ အလျင်အမြန် ကူးခတ်သွားတော့သည်။