← Chapters

ဘလူးဝေးလ်နဲ့ သယ်ခိုင်းခြင်း

Vol. 21 Ch. 309

ဘလူးဝေးလ်နဲ့ သယ်ခိုင်းခြင်း

Vol. 21 Ch. 309

လျူယောင် ပြင်ပအမြင်အာရုံကို ပိတ်ပစ်လိုက်၏။

ခုအချိန်တွင် လျူယောင် စိတ် ကောင်းဝင် နေသည်။ သူစိတ်ကူးယဉ်နေတဲ့ လစ်သို ဂရက်ဖီစက် ကိုရခဲ့တာကြောင့် ဖြစ်သည်။

ဒါက ချင်းယွန် အင်တာနေရှင်နယ်လို ပြည်တွင်းနည်းပညာကုမ္ပဏီကြီးများက ပင် ဝယ်ယူချင်ပေမဲ့ ဝယ်လို့ မရနိုင်တဲ့ ပစ္စည်းပဲ ဖြစ်သည်။ ဒီ စက်အတွက် နိုင်ငံတော်ကပင် ရှေ့တန်းမှနေပြီး အလှူငွေများ ထည့်ဝင်ပေး ခဲ့ရသည်။

"5nm လစ်သိုဂရက်ဖီစက်လား.."

လျူယောင် စိတ်လှုပ်ရှားစွာ ထရပ်ပြီး အ ခန်းပတ်လည်တွင် လမ်းလျှောက်နေကာ အချိန်အတော်ကြာအောင် စိတ်မငြိမ်မသက် နိုင်ဘဲ ရှိနေသည်။

ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေတဲ့အပြင် သူ့ စိတ်ထဲတွင် ဒီ စက်ကို ရရှိခဲ့တဲ့ နည်းလမ်း က ရှက်စရာကောင်းတယ်လို့ သူတော်စင် အချို့က ပြောမလားဟု တွေးမိပြီး လျူ ယောင် စိတ်ထဲကနေ တဟားဟား ရယ်မိလိုက်သည်။

ဒီစက်နဲ့ပတ်သက်လို့ တစ်ဖက်လူက ပြင်း ထန်စွာ ပိတ်ဆို့အရေးယူခဲ့ပြီး နိုင်ငံတကာဥ ပဒေများကို လုံးဝလေးစားခြင်း မရှိခဲ့ပေ။ တစ်ဖက်လူက အရင်ကြင်နာမူ့မပြတာ ကြောင့် ကျွန်တော့် ကိုမတရားဘူးဆိုပြီး အပြစ်မတင်ပါနဲ့။

ပြည်တွင်းနည်းပညာမြင့်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှု့များ မရှိခဲ့ပါက စက်များ ရောင်းချတာကို တားမြစ်ထားခြင်း မရှိခဲ့ပါ က ကျွန်တော့်အတွက် ထိုကွန်တိန်နာ ကြီး လေးလုံးကို ရရှိရန် အချိန်နှင့်အားထုတ်မှု့မျ ားစွာ လိုအပ်မှာဖြစ်သည်။

သူတို့ကသာ ရောင်းချဖို့သဘောတူခဲ့ရင် ကျွန်တော်တို့က ငွေနဲ့ တိုက်ရိုက် ဝယ် ယူနိုင်ပေသည်။ ကျွန်တော်က ထိုဒေါ် လာသန်းပေါင်းများစွာအတွက် ငွေမရှိတဲ့ သူမဟုတ်ပေ။

တစ်ဖက်လူက ရောင်းချမှု့ကို တားမြစ်ခဲ့လို့ နိုင်ငံတကာဥပဒေများကို အာရုံမစိုက် တာ ကြောင့် ကျွန်တော့်အား ဒီလိုနည်းလမ်းများ ကို အသုံးပြုတဲ့အတွက် အပြစ်တင်လို့ မရ‌ပေ။

"ခင်ဗျားရဲ့ စက်ကို သယ်သွားရုံပါပဲ... အခု..ကျွန်တော့်ကို ကိုက်ဦးလေ ..."

......

နောက်တစ်နေ့တွင်...

လျူယောင် ပျော်ရွှင်စွာဖြင့် Universal ကုမ္ပဏီကို ရောက်လာခဲ့သည်။ ရုံးခန်းထဲတွင် ထိုင်နေပြီး မကြာမီပင် ထိုကွန်တိန်နာကြီးလေးလုံးကို ဘယ်ဘို ပြန်သယ် ရမလဲဆိုတာ သူ တွေးနေမိနေသည်။

ပြီးခဲ့တဲ့ ညများတွင် လိပ်ကြီးက အလုပ် များသောညတစ်ညကို ပိုင်ဆိုင်ခဲ့ရပြီး လူမ နေသောကျွန်းတစ်ခုကို ထပ်မံတွေ့ရှိ ခဲ့ သည်။ဒီကျွန်းက ပျက်ကျသည့်နေရာမှ ရေမိုင်ရာပေါင်းများစွာအကွာတွင်ရှိနေပြီး နိုင်ငံတကာရေကြောင်းလမ်းမှ သွေဖည် နေသည်။

ကွန်တိန်နာကြီးလေးလုံးကို ထိုနေရာတွင် ခေတ္တထားထားလို့ လုံခြုံမှု့ ရှိပေသည်။

ဒီလို လူမနေတဲ့ ကျွန်းကို ဆယ်စုနှစ်ပေါင်း များစွာ ဘယ်သူ့မှ သွားရောက်နိုင်မည် မ ဟုတ်ပေ။ ကွန်တိန်နာလေးလုံးကို ထို နေရာ တွင် လအနည်းငယ်ထားရှိခြင်းက ပြဿနာ မရှိလှပေ။

"အခု ပြဿနာက အဲ့ဒါကို ဘယ်လို ပြန်ယူရမလဲ "

လျူယောင် လိပ်ကြီးကိုလည်း ထည့်သွင်းစ ဉ်းစားခဲ့ပေမဲ့ လိပ်ကြီးက ကွန်တိန်နာ တစ် ခုကို တစ်ကြိမ်လျှင် သယ်ယူနိုင်မည် ဖြစ် သည်။ သူ့ရဲ့အရှိန်က မြန်ပေမဲ့ အကွာ အ ဝေးက ဝေးလွန်းနေ၏။

ထိုလူမနေတဲ့ကျွန်းမှ ဟွာဟိုင်းမြို့ကို ဆူး အက်တူးမြောင်းမှတဆင့် သွားလို့မရနိုင်ဘဲ အာဖရိကတိုက်ပတ်လည်ကနေသာ သွား ရမည်ဖြစ်သည်။ အကွာအဝေးက ရေမိုင် ၂၀,၀၀၀ ဖြစ်ပြီး အလယ်တွင် အနား ယူ ခြင်းနှင့် အစာ စားခြင်းများပါ ထည့်သွင်း လိုက်ပါက အသွားအပြန်ဆို လိပ်ကြီး အ တွက် အနည်းဆုံး တစ်ပတ်လောက် ကြာ လောက်မည်။

ဒီကွန်တိန်နာကြီးလေးလုံးကို သယ်ရန် လေးကြိမ်သွားရမှာဖြစ်ပြီး တစ်လကျော် ကြာလိမ့်မည်။ တစ်လကျော်ကြာတာ ကြောင့် လိပ်ကြီး၏ ခန္ဓာကိုယ်က အား ကောင်းပေမဲ့ ပင်ပန်းနွမ်းနယ် ပေလိမ့်မည်။

လျူယောင် အချိန်အတော်ကြာ တွေးတော ပြီးနောက် သူ၏ ပင်လယ်ကူးသင်္ဘောကြီး ဘလူးဝေးလ်ကို သတိရ မိသည်။

ဘလူးဝေးလ်ပေါ်တွင် ကိုယ်ပိုင် ဝန်ချီ စက်ပစ္စည်းများပါတာကြောင့် အလေးချိန် တန်ဒါဇင်များစွာရှိတဲ့ ကွန်တိန်နာကြီးကို သင်္ဘောပေါ်သို့ မတင်ရန်မှာ လွယ်ကူတဲ့ ကိစ္စတစ်ခုပဲ ဖြစ်သည်။ ဟွာဟိုင်းမြို့ကနေ ဒီလူမနေတဲ့ကျွန်းသို့ ရောက်ရှိရန် တစ်လ ကျော်ကြာပေမဲ့ ဒါက လုံလောက်တဲ့ အချိ န်ပဲ ဖြစ်သည်။

ဒါ့ကြောင့် လျူယောင် ဖုန်းကို ကောက် ယူပြီး ဘလူးဝေးလ် ကပ္ပတိန် ရမ်ဇီကွမ်းကို ရုံးခန်းထဲ လာရန် အမိန့်ပေးလိုက်သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ကပ္ပတိန်ရမ်ဇီ ကွမ်းက တံခါးကို ခေါက်ကာ အလွန်လေး စားတဲ့ မျက်နှာဖြင့် ရောက်လာကာ မေး လိုက် သည်။

'သူဋေး ကျွန်တော့်ကို ရှာနေတာလားခဗျ...'

လျူယောင် လက်ယပ်ခေါ်ပြီး ပြော လိုက်သည်။

'ကပ္ပတိန်ရမ် လာပါဦး ခင်ဗျားကို လုပ်ငန်း တစ်ခု အပ်နှံစရာရှိတယ်..."

ကပ္ပတိန်ရမ်ဇီကွမ်း လျူယောင့်အနားကို ချက် ချင်း ရောက်လာခဲ့သည်။

လျူယောင်က ကမ္ဘာ့မြေပုံတစ်ခုကို သူ့စားပွဲ ပေါ်တွင် ဖြန့်ချပြီး ကွန်တိန်နာလေးလုံး ရှိတဲ့ လူမနေသည့်ကျွန်း၏ တည်နေရာကို ပြော ပြလိုက်သည်။

အမှန်ပါပဲ လူမနေတဲ့ကျွန်းက ဒီ မြေပုံ ပေါ်တွင် မှတ်သားထား ခြင်းမရှိပေ။ အတ္တလန္တိတ်သမုဒ္ဒရာတွင် ဒီလိုမျိုး ကျွန်းပေါင်း ထောင်နှင့်ချီ ရှိပေသည်။

လျူယောင်က လူမနေတဲ့ကျွန်း ရဲ့ တည် နေရာကို လက်ညိုးထိုးပြပြီး ရှင်းပြလိုက်သည်။

'ကပ္ပတိန်ရမ်.. ဒီတည်နေရာမှာ လူမနေ တဲ့ကျွန်းတစ်ကျွန်းရှိတယ်.. အဲဒီကျွန်းမှာ ကွန်တိန်နာကြီးလေးလုံးရှိပြီး ..ကွန်တိန်နာ တစ်ခုချင်းစီက တန်ဒါဇင်များစွာ လေး တယ်.. ခင်ဗျားရဲ့တာဝန်က အားလုံးကို သယ်လာပြီး ကျွန်တော့်ဆီ ပြန်ယူလာ ပေးဖို့ပဲ'

ကပ္ပတိန်ရမ်ဇီကွမ်းက တည်နေရာကို မှတ်မိ သွားပြီး ချက်ချင်းသဘောတူခဲ့သည်။

'ဟုတ်ကဲ့ပါ သူဋေး 'ဘလူးဝေးလ်' နဲ့ ချက် ချင်းထွက်ခွာပြီး ...ကျွန်တော်တို့ အဲဒီကွန် တိန်နာလေးလုံးကို သေချာပေါက် ပြန် သယ်လာခဲ့ပါမယ်'

ကပ္ပတိန်ရမ်ဇီကွမ်းက ဒီ ကွန်တိန်နာ လေး လုံးထဲတွင် ဘယ်အရာများပါဝင်သလဲ ထို အရာများက တားမြစ်ထားသည့် အရာ များဖြစ်မလား ဥပဒေချိုးဖောက်ပါသလား စသဖြင့် ဘာတစ်ခုမှ မေးမြန်းခဲ့ခြင်းမရှိ ပေ။

ကပ္ပတိန်ရမ်ဇီကွမ်းက လျူယောင့်အပေါ် အလွန်သစ္စာရှိပြီး ကျေးဇူးတင်စိတ် အပြည့် သာ ရှိနေသည်။

အခုဆို သူက ဟွာဟိုင်း ဝန်ထမ်းအိမ်ရာ တွင် စတုရန်းမီတာ ၁၄၀ ကျော်ကျယ်ဝန်း တဲ့ အခန်းကောင်းတစ်ခု၌ နေထိုင်ရသည်။ လစဉ်လစာနှင့် ခံစားခွင့်များက မနည်းလှတ ာကြောင့် သူဋေးကို အလွန်ကျေးဇူးတင် မိသည်။

လျူယောင် ခေါင်းညိတ်ပြကာ ပြော လိုက်၏။

'ဒါဆို ခင်ဗျားတို့အားလုံး ကံကောင်းပြီး မကြာခင်ပြန်လာပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်'

ကပ္ပတိန်ရမ်ဇီကွမ်း ထွက်သွားတာကို ကြည့်ပြီးနောက် ဒီ ကိစ္စက အခြေခံ အားဖြင့် ပြီးဆုံးသွားပြီဟု သူ့ စိတ်ထဲတွင် တွေးမိခဲ့သည်။

......

လေယာဉ်ပျက်ကျသည့်နေရာ....

ကြီးမားတဲ့ ကယ်ဆယ်ရေးသင်္ဘော များစွာက ထိုနေရာတွင် စုရုံးနေကြပြီး လေယာဉ်ရဲ့ အပျက် အစီးများကို အခြေ ခံအားဖြင့် ဆယ်ယူနိုင်ခဲ့ကြကာ လေယာဉ် ပေါ်တွင်ရှိတဲ့ အလောင်းအနည်းငယ် ကို လည်း ဆယ်ယူနိုင်ခဲ့သည်။

ထိုလူများ နားမလည်နိုင်တာက လေယာဉ် ပေါ်တွင် ကွန်တိန်နာလေးလုံး၏ အရိပ် အယောင် မရှိခြင်းပင် ဖြစ်သည်။

"အဲ့တာတွေက ဘယ်မှာလဲ ..."

ကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး တာဝန်ယူထားတဲ့ M နိုင်ငံမှလူများအတွက် ဒါဟာ လျှို့ဝှက်ဆန်းကြယ်မှု့တစ်ခု ဖြစ် လာခဲ့ပြီး ဘယ်လိုဖြစ်ပျက်ခဲ့လဲ ဆိုတာကို ဘယ်သူ့မှ မသိကြပေ။

ဟွာဟိုင်းမြို့၏ ဆိပ်ကမ်းတွင်..

တန်ချိန် ၈၅,၀၀၀ ရှိသော ယန်နိုင်ငံ၏ အကြီးဆုံး ပင်လယ်ကူးသင်္ဘောကြီး ဘလူးဝေးလ်က လောင် စာဆီပြည့်နေကာ သင်္ဘောသားများကလည်း ထွက်ခွာဖို့ စိတ်အားထက်သန်နေကြသည်။

" ဘော်..."

ဆူညံသောအသံတစ်ခုနှင့်အတူ ဘလူးဝေး လ်မှာ ဖြည်းဖြည်းချင်းထွက်ခွာသွားပြီး အတ္တလန္တိတ်သမုဒ္ဒရာသို့ ခရီးစတင်ခဲ့သည်။ သူတို့ရဲ့ တာဝန်က ကွန်တိန်နာကြီး လေးလုံး ကို ပြန်လည်သယ်ယူရန် ပဲဖြစ်သည်။

လျူယောင် သင်္ဘောကို လိုက်ပို့ရန်အတွက် ဆိပ်ခံတံတားသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဘလူးဝေးလ်ကို လက်ပြခဲ့ကာ သူ့စိတ်ထဲ ကနေ သူတို့ ပြန်လာတဲ့အခါ ကွန်တိန်နာ လေးလုံးလည်း ပြန်ရောက်လာမည်ဟု တွေးတောနေသည်။

ခန တွေးပြီးနောက် လျူယောင် ကားထဲဝ င် လိုက်ပြီး ထွက်လာခဲ့သည်။ ကျိန့်ကန်းနဲ့ ဟီချန်းတို့က ဒီအချိန်တွင် မရှိကြပေ။ ယာဉ်မောင်းအသစ်က ကုမ္ပဏီ၏ လုံခြုံရေး ဌာနမှ စစ်မှု့ထမ်းဟောင်း တစ်ဦးဖြစ်ပြီး ကားမောင်း အလွန်ထူးချွန်သောသူလည်း ဖြစ်သည်။

ဆိပ်ခံတံတားမှ ထွက်ခွာလာပြီး မကြာမီမှာပဲ လျူယောင်၏ ဖုန်းက မြည်လာခဲ့ရာ တင်း ဝိန် အသံကို ဖုန်းထဲမှ ကြားလိုက်ရသည်။

'အစ်ကိုယောင် မြန်မြန်လုပ်ပြီး လေဆိပ်မှာ ကျွန်တော့်ကို လာကြိုပါဦး..."

လျူယောင် ပြုံးလိုက်ကာ ပြန်ပြောလိုက်၏။

'မင်း တကယ်ပဲ ဟွာဟိုင်းမြို့ကို ပြန်ရောက် လာပြီပေါ့..မြို့တော်မှာ နောက်ထပ် ရက် အ နည်းငယ်လောက် ထပ်မနေတော့ဘူး လား.."

'မိသားစုကိစ္စတွေကို စိတ်ပူစရာမလိုဘူးလို့ အဖေက ပြောတယ်..မြို့တော်မှာ ရက် အ နည်းငယ်နေပြီးတဲ့နောက် ဟွာဟိုင်း မြို့မှာပဲ သက်သောင့်သက်သာဖြစ်တယ်လို့ ကျွန် တော်ခံစားရတယ်... ကျွန်တော် လေယာဉ် ပေါ်က ဆင်းလာပြီ..မြန်မြန်လာပါ'

ဖုန်းဖြေပြီးနောက် ယဥ်မောင်းအား

' လေဆိပ်ကို သွား' လို့ လျူယောင် ပြော လိုက်သည်။

လျူယောင်ရဲ့ ရိုးရိုက်ကားက လေဆိပ်ကို ရောက် လာတအခါ တင်းဝိန်က ထွက် ပေါက်တွင် အသင့်စောင့်နေကာ ဘယ် ညာကြည့်နေသည်။

ကားက သူ့ရှေ့တွင် ရပ်သွားပြီး လျူယောင် ပြတင်းပေါက်ကိုချကာ လက်ပြပြီး ပြော လိုက်သည်။

'ကားထဲဝင်လာခဲ့....'

တင်းဝိန် ပျော်ရွှင်စွာဖြင့် ကားထဲ ဝင်လာခဲ့ပြီး ရက်အနည်းငယ်ကြာအောင် မတွေ့ရသဖြင့် သူ့မှာ ပြောစရာ အဆုံးမ ရှိသောကိစ္စများစွာရှိနေတာဟု ထင်ရပြီး စကားများစွာပြောခဲ့သည်။

လျူယောင်က မျက်နှာပေါ်တွင် အပြုံးနှင့် အတူ ဂရုတစိုက် နားထောင်နေသည်။

တစ်ဆက်တည်း စကားများစွာပြော ပြီး နောက် တင်းဝိန်က အကြောင်းအရာကို ပြောင်းကာ သက်ပြင်းချရင်း ပြောလိုက် သည်။

'အပြစ်တစ်ခုကတော့ ကျွန်တော့်အဖေက ဖိအားများစွာအောက်မှာ ရောက်နေတာပဲ.. သားတစ်ယောက်အနေနဲ့ ကူညီ မပေးနိုင် တာတော့ စိတ်မကောင်းဘူးဗျာ.. "

All Chapters