← Chapters

ချပ်ပြား ထုတ်လုပ်ရေး ကုမ္ပဏီကို ငါ ဖွင့်ချင်တယ်

Vol. 21 Ch. 310

ချပ်ပြား ထုတ်လုပ်ရေး ကုမ္ပဏီကို ငါ ဖွင့်ချင်တယ်

Vol. 21 Ch. 310

ချင်းယွန် နိုင်ငံတကာကုမ္ပဏီက အကျပ် အ တည်းနဲ့ ရင်ဆိုင်နေရပြီး အလယ်အ လတ် တန်းစားအဆင့်မြင့်ချပ်ပြားများ ရရှိမှု့ ပြ ဿနာဖြစ်နေသည်။

ပီချင်းယွန်က ဖိအားအားလုံးကို တစ်ဦး တည်းတာဝန်ယူထားသဖြင့် တင်းဝိန် စိတ်မသက်မသာ ခံစားနေရ၏။

လျူယောင်ကလည်း သူ့ခံစားချက်ကို နားလည်ပြီး ခေါင်းညိတ်ကာ နှစ်သိမ့် ပေးလိုက်သည်။

“ညီလေး ဒါကို စိတ်ထဲ အများကြီး မ ထား ပါနဲ့.. ဦးလေးပြောတာ မှန်ပါ တယ်.. ကားက တောင်ဘက်က ရောက်ရင်လည်း လမ်းရှိလာ မှာပဲလေ.. ပြဿနာက ဖြေရှင်းပြီးသား ဖြစ် သွားမှာပါ”

နှစ်ယောက်သား လမ်းတစ်လျှောက် စကား ပြောရင်း သွားခဲ့ကြသည်။

“အခု သွားစားကြမလား ငါ မင်းနဲ့အတူ တစ်ခွက် နှစ်ခွက် သောက်ပေးပါ့မယ်...”

လျူယောင် စိတ်ပူကာ မေးလိုက်၏။

“ကောင်းသားပဲ.. ကျွန်တော်လည်း အခု စိတ်အပန်းဖြေဖို့ သောက်ချင်နေတာ.. ဒီတစ်ခါတော့ မမူးမချင်း အိမ်မပြန်ဘူး”

တင်းဝိန် ပြန်ဖြေလိုက်သည်။

လျူယောင့်၏ ညွှန်ကြားချက်အရ ယာဉ် မောင်းက စားသောက်ဆိုင်ကောင်း တစ်ဆိုင် ကို မောင်းသွားခဲ့သည်။ သူတို့နှစ်ယောက်က သီးသန့်အခန်းတစ်ခန်း တောင်းပြီး အရသာ ရှိတဲ့ ဟင်းလျာအပြည့်ကို မှာလိုက်ကြသည်။

တင်းဝိန် ကိုယ်တိုင် 'မောက်တိုင်' အရက် ပုလင်းကို ဖွင့်ကာ ဝိုင်ခွက်နှစ်ခွက်ကို ဖြည့် ပြီး အသံကျယ်ကျယ် ပြောလိုက်သည်။

“အကို..လာ ချီးစ်ယားလ်အရင်တစ်ခွက် သောက်ကြရအောင်..ကျွန်တော့် အဖေ ချပ်ပြားပြဿနာကို ဖြေရှင်းနိုင်ပါစေ.. ချင်းယွန် နိုင်ငံတကာကုမ္ပဏီကလည်း ဒီအခက်အခဲကို ကောင်းကောင်း ကျော် လွှားနိုင်ပါစေလို့ ဆုတောင်းပါတယ်..”

လျူယောင် ဖန်ခွက်ကို ကောက်ယူပြီး ခပ်ဖွ ဖွတို့ကာ ဝိုင်ကို တစ်ငုံ သောက်လိုက် သည်။

နှစ်ယောက်သား စကားပြောရင်း အရက် သောက်နေခဲ့ကြသည်။ စကားပြောဆို ရာ တွင် အဓိကအားဖြင့် ချင်းယွန် နိုင်ငံတကာ ကုမ္ပဏီများရဲ့ ချပ်ပြားများရရှိမှု့ အ ကြောင်းကို ပြောနေကြခြင်းဖြစ်သည်။ တစ်နာရီကျော်ကြာအောင် စားသောက်ပြီး နောက် မောက်တိုင်ပုလင်း တစ်လုံးလုံး ကုန်သွားခဲ့သည်။

စားသောက်ဆိုင်အခန်းမှ ထွက်လာတဲ့အခါ တင်းဝိန်က အနည်းငယ် မူးနေပြီ ဖြစ်သည်။ လျူယောင်ရဲ့ ယာဉ်မောင်းက သူ့ကို တွဲပြီးမှ ကားပေါ် ရောက်ခဲ့ရသည်။ ယာဉ်မောင်းအား တင်းဝိန်ကို အိမ် ပြန်ပို့ရန် လျူယောင် အမိန့်ပေးလိုက်သည်။

..

အမည်မသိ သဲကန္တာရကျွန်း…

ဒီကျွန်းပေါ်မှ သစ်တောထဲတွင် ကွန်တိန်န ာကြီး လေးလုံးရှိနေသည်။ တစ်ခါတစ်ရံ ပင်လယ်ငှက်များက ကွန်တိန်နာဆီ ပျံလာ ပြီး စူးစမ်းစွာ ကြည့်ရှုပြီးနောက် ပျံထွက် သွားကြသည်။

လိပ်ကြီးက ကျွန်းအနီးတွင် အိပ်နေပြီး နိုးလာတဲ့အခါ အနီးနားရှိ ရေမိုင် တစ်ရာ နှစ်ရာအတွင်း အကွာအဝေးတွင် အမဲလိုက် တော့သည်။ စားပြီးနောက် ကျွန်းအနီးကို ပြန်လာခဲ့သည်။

လိပ်ကြီးရဲ့ တာဝန်က ကွန်တိန်နာအကြီး လေးလုံးကို စောင့်ကြပ်ရန် ဖြစ်သည်။ ရက်အတော်ကြာ ဆက်တိုက် ရာသီဥတုက အေးချမ်းနေပြီး ဒီဧရိယာတွင် သင်္ဘောများ ပေါ်မလာသလို လေယာဉ်များလည်း မဖြတ် သန်းခဲ့ပေ။

ရက်အတော်ကြာ ဆက်တိုက်နေပြီးနောက် ဒီနေရာက အလွန်လုံခြုံတာကို လိပ်ကြီး သိလာခဲ့သည်။

လိပ်ကြီးက ကွန်တိန်နာကြီး လေးလုံးကို စောင့်ကြပ်နေစဉ် သူ့သင်္ဘောက ဘယ် တော့များ မှ ရောက်လာမလဲ၊ သူ ဒီမှာ ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ ဆိုတာ မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။

ဒီအချိန်မှာတော့ ဘလူးဝေးလ် သင်္ဘောက ပင်လယ်ပြင်တွင် ရွက်လွှင့်နေခဲ့ သည်။ သင်္ဘောက သင့်တော်တဲ့ အမြန်နှုန်းကို မမောင်းခဲ့ဘဲ လောင်စာဆီ ပိုမိုသုံးစွဲကာ မြန်ဆန်တဲ့ ရွက်လွှင့်နည်းကို အသုံးပြုပြီး မောင်းလာခဲ့သည်။

ညတာရှည် အိပ်မက်မက်နေတာကို လျူယောင် ရှောင်ရှားရန် ဘလူးဝေးလ် သင်္ဘော ကို အမည်မသိ သဲကန္တာရကျွန်းသို့ ပိုစောစောရောက်ရှိပြီး ကွန်တိန်နာကြီး လေးလုံးကို ပိုစောစော ပြန်သယ် ဆောင် နိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

Universal ကုမ္ပဏီတွင်...

လျူယောင် သူ့ရဲ့ ကုလားထိုင်တွင် ထိုင် နေပြီး ပြင်ပအမြင်ကို ဖွင့်ကာ ကွန်တိန်နာ လေးလုံးရဲ့အခြေအနေကို ကြည့်နေသည်။

လိပ်ကြီးကို ဗဟိုပြုပြီး မီတာ ၁,၀၀၀ ပတ် လည်ရှိ အရာအားလုံးကို ရှင်းရှင်း လင်းလင်း မြင်ရသည်။ လိပ်ကြီးက ကျွန်း ပေါ်တွင် နားနေပြီး ကွန်တိန်နာ လေး လုံးနဲ့ သိပ်မဝေး တဲ့ သစ်တောထဲတွင် အိပ်နေခဲ့သည်။

လျူယောင့်၏ အာရုံက ဒီကွန်တိန်နာ လေး လုံးပေါ်တွင် ရှိသည်။ ကြည့်လေလေ ထိုကွန် တိန်နာလေးလုံးက ရိုးရိုးရှင်းရှင်း မဟုတ် ကြောင်း ပို ခံစားလာရသည်။ ဒါတွေက ရိုးရိုး ကွန်တိန်နာများထက် ပိုမို လှပနေ သည်။ ပစ္စည်းမှာ အလူမီနီယမ် အလွိုင်း ဖြစ်နိုင်ပြီး ကွန်တိန်နာများပေါ်တွင် အင်္ဂ လိပ်စကားလုံးများ ရေးသားထားပေသည်။

ဒီအင်္ဂလိပ်စာလုံးများကို လျူယောင် သေချာ ဂရုတစိုက် ကြည့်လိုက်တဲ့အခါ ဒီဟာက လစ်သိုဂရက်ဖီစက်များ ဆိုတာ သံသယဖြစ်စရာမရှိပေ။ထို စက်က နှစ်လုံးတည်းမဟုတ်ဘဲ လေးလုံးရှိပုံရသည်။

"အိုး ဘုရားသခင်..."

"ဒါ လစ်သိုဂရက်ဖီစက်လေးလုံး ဖြစ်နိုင် တယ်.. "

"၅-နာနိုမီတာ လစ်သိုဂရက်ဖီစက် နှစ်လုံးပဲ ငါသိတာလေ...ကျန်နှစ်လုံးက ဘယ် အဆင့် စက်တွေလဲ.. "

ကွန်တိန်နာပေါ်ရှိ အင်္ဂလိပ်စာကို ခွဲခြား သိ မြင်ပြီးနောက် လျူယောင်က လစ်သို ဂရက် ဖီစက်လေးလုံးရှိရမယ်လို့ခန့်မှန်းလိုက်သည်။ ဒီစက်များ အနက် နှစ်ခုက ၅-နာနိုမီ တာ စက်ဖြစ်ပြီးကျန်နှစ်လုံးက ၈-နာနိုမီတာ စက် များဖြစ်နေခဲ့သည်။

"ဒါ ၈-နာနိုမီတာ စက်လား.."

ဒါက အလွန်အဆင့်မြင့်တဲ့ စက်ပဲ ဖြစ်၏။ ၅-နာနိုမီတာထက် အနည်းငယ်သာ နိမ့်သော် လည်း ကမ္ဘာ့အဆင့်မြင့်အဆင့်လို့ သတ်မှတ် နိုင်သည်။ လက်ရှိတွင် ကမ္ဘာပေါ်ရှိ အဓိကချ ပ်ပြား အများစုကို ၈-နာနိုမီတာ ဒါမှမဟုတ် ၁၀-နာနိုမီတာ လုပ်ငန်းစဉ်များကိုသာ အသုံး ပြုခဲ့ကြသည်။

"ဘုရားရေ. ဒီလေးလုံးက အဆင့်မြင့် လစ်သိုဂရက်ဖီစက်တွေ ဖြစ်နေတာလား "

ထိုဖြစ်နိုင်ခြေကို သဘောပေါက်ပြီးနောက် လျူယောင် အနည်းငယ် စိတ်လှုပ်ရှား သွား ခဲ့ရသည်။ ဒီတစ်ကြိမ်က အမှန်တကယ်ပင် ထူးခြားတဲ့ အခြေအနေတစ်ခုပဲ ဖြစ်သည်။

" အဆင်မြင့် လစ်သိုဂရက်ဖီစက် ၄ လုံး ပဲ.."

"အခြားလူတွေက တစ်လုံးကိုတောင် စျေးကြီးပေးပြီး ဝယ်ဖို့ဆိုတာ မဖြစ် နိုင်ဘူး.ကောင်းလိုက်တာ...ငါ့လက်ထဲမှာ လေးလုံး တောင် ရှိနေပြီ.. "

"ဒီ စက် လေးလုံးကို ငါ ဘယ်လို ကိုင်တွယ် ရမလဲ..အခြားသူတွေကို ရောင်းရမလား ဒါမှမဟုတ် ကိုယ့်ဘာသာ သုံးဖို့ ထားရမ လား ..."

စဉ်းစားပြီးနောက် ကိုယ့်ဘာသာ အသုံးပြု တာ ပိုကောင်းမယ်လို့ လျူယောင် ခံစားလို က်ရသည်။ ဥပမာ- ချပ်ပြားထုတ် လုပ်ရေး ကုမ္ပဏီတစ်ခုကို တည်ထောင်တာမျိုး ဖြစ်သည်။

နိုင်ငံတော်ကနှစ်စဉ် ဒေါ်လာ ဘီလျံရာ နှင့် ချီသော ချပ်ပြားများကို တင်သွင်း နေရပြီး ချပ်ပြားလိုအပ်ချက်မှာ အလွန်ကြီးမား နေ သည်။

ဘာ့ကြောင့် ချပ်ပြားများစွာကို တင်သွင်း ရလဲဆိုတာက ပြည်တွင်းကုမ္ပဏီများက ချပ်ပြားများကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီး တီထွင်ထုတ်လုပ်နိုင်ခြင်း မရှိတာကြောင့် မဟုတ်ပေ။

ပြည်တွင်းကုမ္ပဏီ အများအပြားက ၎င်းတို့ ၏ ကိုယ်ပိုင်ချပ်ပြားများကို ဒီဇိုင်းထုတ် နိုင်ကြပေမဲ့ သူတို့တွင် ထုတ်လုပ်နိုင်စွမ်း မရှိတာကြောင့် ချပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီများကို ရှာဖွေခဲ့ကြသည်။

လျူယောင်က ချပ်ပြားထုတ် လုပ်ရေးကု မ္ပဏီတစ်ခု တည်ထောင်လိုက်တာနှင့် အမှာစာများ နှင်းပွင့်လိုမျိုး လာလိမ့်မယ်လို့ ယုံကြည်ထားပြီး အမှာစာမရမှာကို စိုးရိမ်စရာမလိုတော့ပေ။

"ကောင်းပြီ ငါ ဒီလိုပဲ လုပ်ရမယ်.. ချပ် ပြားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို တည် ထောင်ပြီး ချပ်ပြား ကုန်ကြမ်း ထုတ်လုပ် မှု့ကို လုပ်ဆောင်မယ်...ဒါမှသာ နိုင်ငံအ ချို့နဲ့ နိုင်ငံခြားကုမ္ပဏီများက လူတွေကို စိတ်ဆိုးဒေါသထွက် စေနိုင်လိမ့် မယ်.."

"ငါ စိတ်ဆုံးဖြတ်ချက်.. ချပြီးပြီ လုပ်မယ် ကွာ "

လျူယောင် ဖုန်းကို ကောက်ယူပြီး ကျိုးယန်နှင့် ဟူဂျွန်းရှီကို ခေါ်လိုက်သည်။

လျူယောင် ခေါင်းစဉ်ကို တိုက်ရိုက် ပြောပြလိုက်သည်။

“ငါ Universal ချပ်ပြားကုမ္ပဏီတစ်ခုကို ထူထောင်ဖို့ စီစဉ်ထားတယ်.. အဓိကအား ဖြင့် OEM ချပ်ပြားထုတ်လုပ်မှု့အတွက်ပဲ.. မင်းတို့ စီစဉ်လိုက်ကြပါ”

"ဘာ သူဋေးက အဆင့်မြင့်နည်းပညာနဲ့ ကစားချင်တာလား ..."

"ဒါက အလွန်ခက်ခဲတဲ့ ချပ်ပြား ထုတ် လုပ်မှု့လည်း ဖြစ်တယ်လေ..."

နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေပြီး အချိန်အ တော် ကြာမှ ပြန်လည် သတိ ဝင်လာကြသည်။

ကျိုးယန်က သတိပေးလိုက်၏။

“သူဋေး..ချပ်ပြား ထုတ်လုပ်ချင်ရင် ကျွန် တော်တို့မှာ ရန်ပုံငွေက မနည်းပါဘူး.. နည်း ပညာရှင်တွေကိုလည်း ခေါ်ယူနိုင်ပါတယ်.. ထုတ်လုပ်ရေးပစ္စည်းအချို့ကိုလည်း ဝယ်ယူ နိုင်ပါတယ်.. ဒါပေမဲ့ အရေးအကြီးဆုံး ပစ္စည်းဖြစ်တဲ့ လစ်သိုဂရက်ဖီစက်ကိုတော့ ဝယ်ယူနိုင်မယ်လို့ မထင်ဘူး.."

“အကိုယောင်..နိုင်ငံတကာဈေးကွက်ကနေတောင် ဒီစက်ကို ဝယ်လို့မရဘူး.. ဘယ် လောက် ပိုက်ဆံပေးပေး သူတို့က လုံးဝ မရောင်းဘူးနော်.."

“၂၀-နာနိုမီတာ လစ်သိုဂရက်ဖီစက်ကို ယန် နိုင်ငံက အောင်မြင်စွာ တီထွင် နိုင်ခဲ့ ပေမယ့် နည်းပညာက ရင့်ကျက်မှု့မရှိ သေး ပါဘူး... စက်မှု့လုပ်ငန်းသုံးလိုမျိုး အစုလိုက် အပြုံ လိုက် ထုတ်လုပ်တာကို အသုံးပြုရင် သေချာပေါက် အဆင်မပြေပါဘူး.. ဖြစ်နိုင်ရ င်တောင် ၂၀-နာနိုမီတာ လုပ်ငန်းစဉ် ချပ်ပြား က နည်းပညာမှာ အတော်လေး နောက်ကျ နေပြီး ဈေးကွက်မှာလည်း အများကြီး မရှိပါ ဘူး ”

ကျိုးယန်က ရှင်းပြလိုက်သည်။

ဒီနှစ်ယောက်က စိုးရိမ်ပူပန်မှု့များနဲ့ တစ်ဆက်တည်း ပြောနေတာကို မြင်တဲ့အခါ လျူယောင် ပြုံးကာ ပြန်ပြောလိုက်၏။

“ဘယ်သူက မင်းတို့ကို ငါ့မှာ အဲ့စက် မရှိဘူးလို့ ပြောတာလဲ..ငါ့မှာ ၅-နာနိုမီတာ စက်နှစ်လုံးနဲ့ ၈-နာနိုမီတာ စက် နှစ်လုံး ရှိတယ် ”

" ဗျာ.. စက် နှစ်မျိုးတောင် ရှိတာလား.."

နှစ်ယောက်စလုံးက လျူယောင်ကို မျက် တောင်မခတ်ဘဲ စိုက်ကြည့်နေကြပြီး သူတို့ နားကြားမှားနေတာလားလို့ အလေးအနက် ထင်နေကြသည်။

ကျိုးယန် အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“သူဋေး ခင်ဗျားမှာ 5 နာနိုမီတာ စက် နှစ် လုံးနဲ့ ၈-နာနိုမီတာစက် နှစ်လုံး တကယ်ပဲ ရှိတာလား”

လျူယောင် အတည်ပြုကာ ပြန်ဖြေ လိုက် သည်။

“ဟုတ်တယ်. ငါ့ဆီမှာ. ဒီလို စက်လေးလုံး တကယ်ရှိတယ်..”

ဟူဂျွန်းရှီက ဝမ်းသာအားရ အော်ဟစ် တော့ မလို ဖြစ်နေပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောလိုက်သည်။

“ဝိူး..အကိုယောင်.. ခင်ဗျားက အရမ်း မိုက် တာပဲ.. အဆင့်မြင့် စက်တွေတောင် ရှိတယ် ဆိုတော့ ၈-နာနိုမီတာ စက်ကနေ အဆင့်မြင့် တဲ့ ချစ်ပ်ပြားတွေ ထုတ်လုပ်လို့ရပြီ...."

လျူယောင် သေချာ ရှင်းပြလိုက်၏။

"၈-နာနိုမီတာ စက်က လက်ရှိမှာ အဓိက ပဲ.. ၅-နာနိုမီတာ စက် အသုံးပြုတာကတော့ အရမ်းနည်းပါသေးတယ်.. M နိုင်ငံမှာရှိတဲ့ ချပ်ပြား ထုတ်လုပ်တဲ့ ကုမ္ပဏီက ၅-နာ နိုမီတာ စက်နှစ်လုံးကို ဝယ်တာဟာ အဓိက အားဖြင့် ရှေ့ရေးကို တွေးပြီး ကြိုတင် ပြင် ဆင်ထားဖို့ ဝယ်တာပဲ ဖြစ်မှာ ..”

All Chapters