← Chapters

အလွန်မြတ်သော

Vol. 5 Ch. 57

အလွန်မြတ်သော

Vol. 5 Ch. 57

အဇူရာတိမ်ဧည့်ဂေဟာက ဖွင့်ပြီဖြစ်သော်လည်း မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂကတော့ ပြင်ဆင်ဆဲအခြေအနေတွင်သာ ရှ်ိနေသေးသည်။

လက်ရှိတွင် ထိုနေရာကိုပိတ်ထားပြီး ထိုနေရာကို ချင်ယွီရှုကိုယ်တိုင် ကြီးကြပ်နေရုံသာမက အဆောက်အဦးထဲတွင် ပိလင်းကျိနှင့်ပိုင်ယွင်ကျိတို့ပင် ရှိနေကြသေး၏။

ဒါပေါ့ ကျန်းယန်နှင့်စစ်ထူမင်ယွဲ့တို့လည်း အထဲတွင် ရှိနေခဲ့ကြသည်။

“စီနီယာအစ်ကိုကြီး အဲ့တာကအလုပ်ဖြစ်ပါ့မလား” စစ်ထူမင်ယွဲ့သူမရှေ့ရှိမြင်ကွင်းကြောင့် အလွန်ရှက်နေပြီး ကျန်းယန်ကိုပင် မကြည့်ရဲခဲ့ပေ။

စစ်ထူမင်ယွဲ့တင်မဟုတ်ဘဲ ပိလင်းကျိနှင့်ပိုင်ယွင်ကျိတို့လည်း ရှက်ရွံ့နေကြပြီး ကျန်းယန်ကိုမကြည့်ကြပေ။

ကျန်းယန် အလုပ်ရှုပ်နေရင်း ပြောလိုက်၏။

“ဘာလို့ အလုပ်မဖြစ်ရမှာလဲ ဒီတိုင်းအရုပ်လေးအချို့ပဲမလား ဘာရှက်စရာရှိလို့လဲ ငါတို့ဒါတွေကို ဒီလိုသရုပ်ဖော်ပြမထားရင် ၀ယ်သူတွေက ဘယ်လိုသုံးရမလဲ ဘယ်သိပါတော့မလဲ ငါတို့ ဗစ်တိုးရီးယားရဲ့လျှို့ဝှက်ချက်ရှိုးပွဲ(Victoria’s Secret show)လည်း လုပ်မှမလုပ်နိုင်တာ ဒါကငါတို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲ”

သူသည် လတ်တလောတွင် ဇာအတွင်းခံလေးများ၀တ်ဆင်ထားသည့် အမျိုးသမီးပန်းပုပုံများ ထုဆစ်နေခြင်း ဖြစ်သည်။

အချို့ပုံများတွင်ဆိုလျှင် အဖြူအနက် အသားကပ်များကိုပင် ၀တ်ဆင်ထားသေး၏။

ဤအရာများကို ကျန်းယန် ဟွာလင်းကျိနှင့်အတန်ကြာအောင် ပြောဆိုပြီးမှ ရရှိလာခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဟွာလင်းကျိသည် ကျန်းယန်လုပ်ရပ်က မသင့်တော်ဘူးဟု ခံစားနေခဲ့ရသောကြောင့် ဖြစ်၏။ ကျန်းယန် ဒီလောက်ဖြစ်နေရင် တာအိုလက်တွဲဖော်တစ်ယောက်ရှာလိုက်သင့်သည်ဟု ဟွာလင်းကျိက တွေးသည်။

သူကျန်းယန်ကို စစ်ထူမင်ယွဲ့ကို စဉ်းစားကြည့်ဖို့တောင် အကြံပေးခဲ့သေးဧ။။ ထိုကောင်မလေးမှာ လှလည်းလှသလို၊ ဉာဏ်လည်းကောင်းသည် မဟုတ်လော။

ကျန်းယန်က အကြိမ်ကြိမ်ရှင်းပြပြီးမှသာ ဟွာလင်းကျိ တွန့်ဆုတ်စွာဖြင့် ထိုအရုပ်များ ထုလုပ်ပေးခဲ့ကာ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ၏ ဆန်းကြယ်နယ်မြေထဲတွင် ထားခွင့်ရခဲ့ခြင်း ဖြစ်သည်။

မှန်ပေသည်။ ဤနေရာကို ဆန်းကြယ်နယ်မြေဟုခေါ်၏။

ဤနေရာကို တင်းကြပ်သော စည်း၀င်္ကပါများဖြင့် ကာကွယ်ထားပြီး နတ်ဝိညာဉ်အဆင့်များပင် ချောင်းကြည့်နိုင်မည်မဟုတ်ပေ။

ကျန်းယန်လို အမြင်ပွင့်လင်းသူတောင် အဇူရာတိမ်ဂိုဏ်းမျက်နှာကို အိုးမည်းသုတ်မိမည်စိုးသောကြောင့် ဤဆန်းကြယ်နယ်မြေတွင် ရောင်းသောပစ္စည်းများကို ပေါ်တင်မရောင်းရဲခဲ့ပေ။ သူရောင်းခဲ့လျှင်လည်း သူ့ဆီ ချင်းယွင်ကျိ ရောက်ရှိလာလိမ့်မည်သာ။

အရုပ်များစီစဉ်နေရာချပြီးနောက် ကျန်းယန် ပြောလိုက်၏။

“အထဲကအားလုံးနီးပါးကတော့ အဆင်သင့်ဖြစ်နေပြီ မနက်ဖြန် စီးပွားရေးစလုပ်လိုက်ကြတာပေါ့”

မနက်ဖြန် ကုန်သွယ်သမဂ္ဂဖွင့်တော့မည်ဖြစ်သောကြောင့် စစ်ထူမင်ယွဲ့ အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည်။

သူမထိုအရာကိုမျှော်လင့်နေတာကြာပြီ မဟုတ်ပါလော။

အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေဖွင့်ဖို့ တစ်လခန့်လိုသေးသော်လည်း ဂိုဏ်းအတော်များများက အဇူရာတိမ်မြို့ဆီ ရောက်ရှိနေကြပြီဖြစ်၏။

ဆိုင်းဘုတ်ကြေငြာများကြောင့် လူတိုင်းက မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂဟူသောနာမည်ကို သိရှိနေကြပြီး လူအများအပြားက စပ်စုချင်နေကြသော်လည်း ထိုနေရာကအခုထိမဖွင့်သေးသောကြောင့် စောင့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။

မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ ပြင်ဆင်မှု ပြီးစီးသွားပြီဖြစ်သောကြောင့် စစ်ထူမင်ယွဲ့ သူ့အဖေရှိရာ အဇူရာတိမ်ဧည့်ဂေဟာဆီ ရောက်ရှိလာခဲ့၏။

“အဖေ!” စစ်ထူမင်ယွဲ့ ခြံ၀န်း ၉ ထဲသို့ ပြေး၀င်သွားခဲ့လေသည်။

“အဖေဘာလို့အစောကြီးရောက်နေတာလဲ ပြီးတော့ စီနီယာကျိုးနဲ့စီနီယာတောက်လည်း ပါလာတာပဲ”

သူ့သမီးကိုမြင်သောအခါ စစ်ထူဟောင်နန် ပျော်ရွှင်သွားခဲ့၏။

ထို့နောက် သူစိတ်ညစ်နေဟန်ဖြင့် ပြောလိုက်သည်။

“အဖေ ခြံ၀န်း၉ ထဲ၀င်တော့ သမီးအသံကို ကြားလိုက်ရတယ် သမီးဘယ်လိုလုပ် အဲ့ဒီအလုပ်မျိုး လုပ်ရတာလဲ သမီးရယ်”

“သမီးအသံကအကောင်းဆုံးလို့ စီနီယာအစ်ကိုကြီးကပြောလို့ပါ အဲ့တာကြောင့် သူကသမီးကိုရွေးခဲ့တာ” စစ်ထူမင်ယွဲ့ပျော်ရွှင်စွာ ပြောလိုက်၏။

“သမီး ဒီအခွင့်အရေးကိုရဖို့ ဆရာဒေါ်လေး ၄ ဆရာဒေါ်လေး ၇ ချွန်းရှောင်တို့နဲ့တောင် ပြိုင်ခဲ့ရတာနော် သမီးအသံက ဖော်ရွေပြီး နုပျိုတယ်လို့ စီနီယာအစ်ကိုကြီးကပြောတယ် အဲ့ကိစ္စကြောင့် ဆရာဒေါ်လေး ၄ နဲ့ ၇ တို့တောင် အတော်လေး မပျော်မရွှင်ဖြစ်သွားကြသေးတယ်”

စစ်ထူဟောင်နန်ပြောစရာစကားမဲ့သွားခဲ့ရသည်။

သူ့နှလုံးသားထဲ စိုးရိမ်မှု အူကြောင်ကြောင်ဖြစ်မှု နှင့် ဒေါသအနည်းငယ်ပင် ထွက်ပေါ်လာခဲ့၏။ ကျန်းယန်သည် သူ့သမီးကိုချည်နှောင်ဖို့ ကြိုးစားနေခြင်းပေလော။ ဒီမျိုးမစစ်လေးကတော့ ငါ့သမီးကို ဆွဲဆောင်နေပြီ။

“အဖေ သမီးရဲ့စီနီယာအစ်ကိုကြီးနဲ့တွေ့ချင်တယ်” စစ်ထူဟောင်နန် ခပ်တင်းတင်းမျက်နှာထားဖြင့် ပြောလိုက်သည်။

စစ်ထူမင်ယွဲ့ ခေါင်းယမ်းလိုက်ကာ

“မရဘူး စီနီယာအစ်ကိုကြီးက အခုအချိန်ရှိမှာမဟုတ်ဘူး

သူမနက်ဖြန် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂဖွင့်မယ့်ကိစ္စနဲ့ အလုပ်ရှုပ်နေမှာ သူပြီးသွားမှ သမီးအဖေ့ကိုသူနဲ့မိတ်ဆက်ပေးမယ် အဖေ မနက်ဖြန်ကျ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂကို လာ‌အားပေးရမယ်နော်”

စစ်ထူဟောင်နန် စိတ်တိုဟန်ဖြင့် ပြန်ပြောလိုက်၏။

“ငါက ယွင်ထန့်ကုန်သွယ်သမဂ္ဂခေါင်းဆောင်လေ ပြီးတော့ စစ်ထူမိသားစုခေါင်းဆောင်လည်းဟုတ်တယ်

ဒါတောင် ငါတွေ့ချင်တဲ့လူကို မတွေ့နိုင်ဘူးလား ပြီးတော့ နင်ကငါ့ကိုအား‌ေပးခိုင်းနေသေးတယ်”

စစ်ထူမင်ယွဲ့ တခစ်ခစ်ရယ်မောလိုက်ကာ

“အဖေမနက်ဖြန်လာကြည့်တာ ပိုကောင်းလိမ့်မယ်နော် အဲ့ဒီနေရာကနေ ယွင်ထန့်ကုန်သွယ်သမဂ္ဂသင်ယူရမှာတွေရှိတယ်လို့ သမီးထင်တယ် တကယ်လို့ ယွင်ထန့်ကုန်သွယ်သမဂ္ဂကသင်ယူမထားရင် အနာဂတ်မှာ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂက ကျော်တက်သွားလိမ့်မယ်”

စစ်ထူဟောင်နန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

“ဟုတ်ပါပြီ အဖေမနက်ဖြန်သေချာပေါက် လာကြည့်ပါ့မယ်”

မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂတွင် ဘာတွေများ ထူးခြားတာရှိလဲဆိုတာ သူမြင်ချင်နေခဲ့သည်။ အရင်က ချင်ယွီရှုကတစ်ခါပြောခဲ့ဖူးသလို ယခုအခါ သူ့သမီးကလည်း ပြောနေခဲ့ပြန်ချေပြီ။

စစ်ထူဟောင်နန်နှင့်တခဏစကားပြောပြီးသောအခါ အိမ်တွင်ကျန်ခဲ့သော သူ့အမေအကြောင်းလည်း မေးလိုက်ပြီးနောက် စစ်ထူမင်ယွဲ့ ခြံ၀န်း ၉ မှ ထွက်ခွာသွားခဲ့၏။

နောက်တစ်နေ့တွင် စစ်ထူဟောင်နန် စောစောထကာ သူ့အစောင့်နှစ်ယောက်ကိုခေါ်၍ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂဆီ ထွက်ခွာလာခဲ့သည်။

“မင်္ဂလာအချိန်ရောက်ပါပြီ ဖွင့်လှစ်ခြင်းမှ ချမ်းသာကြွယ်၀မှုတွေ ရောက်ရှိလာပါစေ!”

ထိုစကားလုံးများ အဆုံးတွင် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ၏ တံခါးများ ပွင့်လာခဲ့၏။

လူတိုင်းတောက်ပနေသော မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ၏တံခါးများကိုကြည့်ပြီး ကုန်တိုက်အတွင်းသို့ စိတ်၀င်တစား ၀င်လာခဲ့ကြသည်။ အထဲတွင် ကုန်ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နေသော စင်များကိုမြင်လိုက်ရပြီး ပစ္စည်းတိုင်းတွင် ဈေးနှုန်းများ အညွှန်းများ ကပ်ထားခဲ့၏။

သူတို့ဈေးနှုန်းများကိုမြင်သောအခါ အံ့အားသင့်ကုန်ကြသည်။

“ဘာလို့ အရမ်းဈေးချိုနေတာလဲ အခြားကုန်သွယ်သမဂ္ဂတွေက ချီအာဟာရဆေးလုံးကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ နဲ့ရောင်းတာ သူတို့ကဘာလို့ ၁၈၀ တည်းနဲ့ရောင်းနေတာလဲ”

“သေချာကြည့်ကြ အရှေ့မှာ အ‌ဖွဲ့၀င်ဈေးနှုန်းဆိုတဲ့ စာလုံးပါနေတယ်”

“အဖွဲ့၀င် ဆိုတာဘာကြီးလဲ”

မကြာခင်တွင် လူတိုင်းအဖွဲ့၀င်ဈေးနှုန်းအကြောင်း သိရှိသွားခဲ့ကြ၏။

တကယ်တော့ စစ်ထူဟောင်နန်လည်း မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂအဆောက်အအုံထဲ၀င်လာပြီးနောက် ကြောင်သွားခဲ့ရသည်။

ချီအာဟာရဆေးလုံးသည် ဈေးကွက်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ဖြင့်သာ ရောင်းချရသောဆေးလုံးဖြစ်၏။ နှစ်ပေါင်းများစွာကြာအောင် ရောင်းချလာကြပြီးနောက် ထိုဆေးလုံးတွင် ကုန်သည်တိုင်းလက်ခံသည့် တူညီသောဈေးနှုန်းတစ်ခုရှိလာခဲ့ပြီး ၂၀၀ ထက်တော့ လျှော့ရောင်း၍ မဖြစ်နိုင်တော့ပေ။ သို့သော်လည်း မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂကတော့ အဖွဲ့၀င်ဈေးနှုန်းဆိုသော စကားလုံးတပ်ကာ ၁၈၀ တည်းနှင့်ရောင်းနေခဲ့သည်။

အခြားဆေးလုံးများ အဆောင်များနှင့် မှော်ရတနာများအားလုံးနီးပါးတွင်လည်း အဖွဲ့၀င်ဈေးနှုန်းဟူသော ဈေးနှုန်းများ ရှိနေခဲ့၏။

အဖွဲ့‌၀င်ဈေးနှုန်းက ချီအာဟာရဆေးလိုပစ္စည်းမျိုးတွင် ကွာခြားချက်သိပ်မရှ်ိသော်လည်း အခြားဈေးကြီး‌သောပစ္စည်းများတွင်တော့ ကွာခြားချက်က ကြီးမားလွန်းလှသည်။

ရတနာအဆင့်ဓားရှည်တစ်ချောင်းသည် ပုံမှန်အားဖြင့် ဈေးနှုန်း စိတ်ဝိညာဉ်ကျောက်တုံး ၃သိန်းဖြစ်သော်လည်း အဖွဲ့၀င်ဈေးနှုန်းတွင်တော့ ၂သိန်း၇သောင်းတည်းနှင့် ရောင်းချနေခဲ့၏။

စိတ်ဝိညာဉ်ကျောက်တုံး ၃သောင်းလုံးလုံး ဈေးသက်သာနေခြင်း!

စစ်ထူဟောင်နန်ရုတ်တရက် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂကသုံးသည့် သာမန်စီးပွားရေးနည်းစနစ်များကို တော်လှန်နေသော အဖွဲ့၀င်ဆိုသောအရာကို နားလည်သွားခဲ့သည်။

သူအလျင်အမြန်ပင် ကောင်တာသို့သွားကာ မေးလိုက်၏။

“အဖွဲ့၀င်ဖြစ်လာအောင် ဘယ်လိုလုပ်ရမှာလဲ”

မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ၏ ပထမဆုံးဖွင့်လှစ်သောနေ့ဖြစ်သောကြောင့် ကျန်းယန် ထိုနေရာလည်ပတ်နေမှုကို သူကိုယ်တိုင်ကြီးကြပ်နေခဲ့သည်။ စစ်ထူဟောင်နန်ကိုမြင်သောအခါ သူပြုံး၍ပြောလိုက်၏။

“အဖွဲ့၀င်တစ်ယောက်ဖြစ်လာဖို့က ရိုးရှင်းပါတယ် လူကြီးမင်းတို့က ကျွန်တော်တို့ဆီကနေ စိတ်ဝိညာဉ်ကျောက်တုံး ၁သောင်းတန်တဲ့ အဖွဲ့၀င်ကဒ်ပြားတစ်ပြား ရယူဖို့ပဲလိုတာ ပြီးတာနဲ့ လူကြီးမင်းတို့ အဖွဲ့၀င်ဖြစ်နိုင်ပြီ

အဖွဲ့၀င်ဖြစ်သွားတာနဲ့ လျှော့ဈေး ၁၀ရာခိုင်နှုန်းရမယ့်အပြင် လူကြီးမင်းတို့ပေးဆောင်လိုက်ရဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ကိုလည်း မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂမှာ ဈေးပြန်၀ယ်ရင်း ထေ‌မိအောင်လုပ်လို့ရပါတယ် ဒါပေမယ့် တစ်နေ့ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ဖိုးပဲ ပြန်ရယူနိုင်မှာဖြစ်ပြီး ဆယ်ရက်ကုန်သွားရင်တော့ သက်တမ်းကုန်သွားပါလိမ့်မယ်

ဥပမာပြောရရင် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂရဲ့ အဖွဲ့၀င်တစ်ယောက်အနေနဲ့ လူကြီးမင်းတို့က ယနေ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်တန်တဲ့ ပေါက်ကွဲမီးတောက်အဆောင်ကို အလကားရယူနိုင်မှာပါ မနက်ဖြန်ကျရင်လည်း ပေါက်ကွဲမီးတောက်အဆောင်တစ်ခုအလကားရယူနိုင်ပါဦးမယ် ဆယ်ရက်ကြာသွားတဲ့အခါမှ ဒီအခွင့်အရေးလေးက ကုန်ဆုံးသွားမှာပါ”

အဖွဲ့၀င်စနစ်ကို ကျန်းယန် ကိုယ်တိုင်ရှင်းပြပေးလိုက်၏။

သူ့ရှေ့တွင် ရှင်းပြနေသောသူက ကျန်းယန်ဆိုတာကိုတော့ စစ်ထူဟောင်နန်မသိခဲ့ပေ။ တခဏတွေးကြည့်ပြီးနောက် သူ့အမူအရာက လုံး၀ပြောင်းလဲသွားခဲ့သည်။

ဒီအဖွဲ့၀င်စနစ်က ကြောက်စရာကောင်းလိုက်တာ!

ထိုစနစ်က လူဘယ်နှစ်ယောက်ကို ဈေး၀ယ်ဖို့ ဆွဲဆောင်နိုင်ပါမည်နည်း။ အဖွဲ့၀င်ကြေးကပင် အတော်လေးတော့ များနေသည် မဟုတ်ပါလော။

ကျန်းယန် စစ်ထူဟောင်နန်ကိုတစ်ချက်ကြည့်ကာ ကျယ်လောင်စွာ ကြေငြာလိုက်၏။

“ကျွန်တော်တို့ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂရဲ့ ကဒ်ပြားတွေမှာ အတုလုပ်မရတဲ့ အမှတ်အသားတွေနဲ့ အထူးနံပါတ်တွေရှိပါတယ် အဲ့တာကြောင့် အတုလုပ်ဖို့မဖြစ်နိုင်ပါဘူး အဲ့ဒီကဒ်ပြားတွေကို ပြုလုပ်ဖို့အလွန်ခက်ပြီးတော့ နတ်ဝိညာဉ်အဆင့်တစ်ယောက် ကိုယ်တိုင်ထွင်းထုထားတဲ့ ကဒ်ပြားတွေပါ ဒီနေ့တော့ ကျွန်တော်က ဖွင့်ပွဲအတွက် ကဒ်ပြားတစ်ရာပြင်ဆင်လာခဲ့ပါတယ် အဖွဲ့၀င်ကဒ်ပြား ၁၀၀ အရင်လာသူ အရင်ရပါမယ် ကုန်သွားရင်တော့ လူကြီးမင်းတို့ စောင့်ရပါမယ် အဖွဲ့၀င်ကဒ်ပြားမရှိရင် လူကြီးမင်းတို့ ဆယ်ရာခိုင်နှုန်းလျှော့ဈေးကိုလည်း မခံစားနိုင်ပါဘူး”

တွန့်ဆုတ်နေသော လူပေါင်းများစွာသည် ကျန်းယန်ပြောသော တစ်ရာသာရှိသည်ဟူသောစကားကိုကြားသောအခါ လျင်မြန်စွာ ပြောကုန်ကြ၏။

“ငါ့ကိုတစ်ခုပေး!”

သူတို့ အဇူရာတိမ်မြို့တွင် ဆယ်ရက်ပြည့်အောင်နေနေသေးသရွေ့ ထိုကဒ်ပြားဖိုးကလည်း ပြန်ထေမိသွားမည်သာ မဟုတ်ပါလော။

ပစ္စည်းများကို ဆယ်ရာခိုင်‌နှုန်း‌ေလျှာ့‌ေစျးဖြင့်၀ယ်လို့ရမည့်အခွင့်အရေးကလည်း မိုးပြာလမင်းမင်းကုန်သွယ် သမဂ္ဂတွင်သာရှိခြင်း ဖြစ်ပေသည်။

ထို့အပြင် ကဒ်ပြားကလည်းတစ်ရာသာရှိခြင်းဖြစ်၏။

သူတို့ မလောသင့်ဘူးပေလော။

မရေတွက်နိုင်သောလူများက စိတ်ဝိညာဉ်ကျောက်တုံးများကိုင်ကာ ကျန်းယန်ဆီပြေး၀င်လာခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးနေခဲ့ကြသည်။

မကြာခင်တွင် ကဒ်ပြားတစ်ရာလုံးရောင်းထွက်သွားပြီး ကျန်းယန်လည်း စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းရရှိသွားခဲ့၏။

ထိုမြင်ကွင်းကိုကြည့်ပြီး စစ်ထူဟောင်နန်ကြက်သီးမွှေးညှင်းထသွားခဲ့ရသည်။

ဒါက ပိုက်ဆံဘယ်လိုရှာရလဲ ဆိုတာလား!

All Chapters