← Chapters

ငါ့ဆီကသင်ယူတဲ့လူက ရှင်သန်မယ် ငါ့ကိုအတုလုပ်တဲ့သူက သေဆုံးမယ်

Vol. 5 Ch. 60

ငါ့ဆီကသင်ယူတဲ့လူက ရှင်သန်မယ် ငါ့ကိုအတုလုပ်တဲ့သူက သေဆုံးမယ်

Vol. 5 Ch. 60

အဇူရာတိမ်ဂိုဏ်းတွင်

ကျန်းယန်နှင့်စစ်ထူမင်ယွဲ့တို့ ထွက်သွားပြီးနောက် အခြားသူများ ချင်းယွင်ကျိကို လှည့်ကြည့်လိုက်ကြ၏။

“စီနီယာအစ်ကိုကြီး ဒီတစ်ကြိမ် ကျွန်တော်တို့စိတ်ဝိညာဉ်ကျောက်တုံးတွေကိုလည်း အစ်ကိုကြီးကိုပေးမယ် ဒီလောက်စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆို အစ်ကိုကြီး ခဏတော့ အေးဆေးနေလို့ရမှာပါ” လင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်သည်။

“မလိုပါဘူး” ချင်းယွင်ကျိ လက်ကာပြလိုက်၏။

“ငါတို့မှာ လက်ကျန်စိတ်ဝိညာဉ်ကျောက်တုံးတွေလည်း ရှိနေသေးတာပဲ ပြီးတော့ အခုစိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပါထပ်ထည့်လိုက်ရင် ပြဿနာသိပ်မရှိတော့ဘူး နောက်ပြီး အဲ့ဒီကောင်စုတ်လေးကျန်းယန်ပြောတာ မကြားဘူးလား အခုမှပထမရက်ပဲရှိသေးတယ် ငါတို့စိတ်ဝိညာဉ်ကျောက်တုံးတွေ ထပ်ရဦးမှာ”

လင်းယွင်ကျိနှင့်အခြားသူများလည်း ထိုအကြောင်းတွေးကာ စိတ်အေးသွားကြပြီး ထပ်မံတိုက်တွန်းခြင်းမလုပ်ကြတော့ပေ။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့အခုသွားသင့်လား” တန်ချန်ကျိ မေးလိုက်၏။

ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်ပြီး သူ့ဂျူနီယာလေးများကို အဇူရာတောင်ထွတ်ဆီခေါ်သွားကာ နေရာလွတ်တစ်ခုထဲသို့ ၀င်သွားခဲ့လေသည်။

ထို့နောက် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကိုထုတ်ကာ သူ့ကျင့်ကြံခြင်းစွမ်းအားဖြင့် ကျောက်တုံးများကို ချေမွပစ်လိုက်၏။

ထိုအခါ ရုတ်ချည်းဆိုသလို စိတ်ဝိညာဉ်‌ချီများက နေရာလွတ်ထဲတွင် ပြည့်နှက်သွားခဲ့သည်။

ချင်းယွင်ကျိလည်း ကောင်းကင်နှင့်မြေပြင်ဥပဒေသများကို ထိန်းချုပ်ကာ စိတ်ဝိညာဉ်ချီများကို စတင်သန့်စင်ခဲ့၏။ တဖြည်းဖြည်းနှင့် ပုံစံကွက်တစ်ခု သူ့ရှေ့တွင်ပေါ်ပေါက်လာခဲ့သည်။

ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညာဉ်ချီများအောက်တွင် ထိုပုံစံကွက်က လျင်မြန်စွာ ပြန့်ကားလာခဲ့၏။

သူတို့သတိထားမိချိန်တွင်တော့ ထိုပုံစံကွက်က အဇူရာတိမ်ဂိုဏ်းပတ်ပတ်လည်၏ မြေပုံတစ်ချပ်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းအပြင်ဘက် ကောင်းကင်ယံ၌ ကြေးခွံပုံစံတိမ်ဖြူများ ပေါ်ပေါက်လာခဲ့ကာ လျင်မြန်စွာ ပြန့်ကားသွားခဲ့သည်။

ကံဆိုးစွာဖြင့် ဤအချိန်က ညအချိန်ဖြစ်နေသောကြောင့် လူအနည်းငယ်သာ ထိုမြင်ကွင်းကို မြင်လိုက်ကြရ၏။

မြင်သောသူများကလည်း ထိုအရာကို သဘာ၀ဖြစ်စဉ်တစ်ခုအဖြစ်သာ သဘောထားခဲ့ကြပြီး သိပ်အရေးမစိုက်ခဲ့ကြပေ။

ချင်းယွင်ကျိ စိတ်ဝိညာဉ်‌ချီများကို သန့်စင်ပြီး‌သွားသောအခါတွင်မူ ကြေးခွံပုံတိမ်များက အဇူရာတိမ်ဂိုဏ်းပတ်လည်မိုင်တစ်ထောင်ကို ဖုံးအုပ်သွားခဲ့လေသည်။

ထိုနယ်မြေထဲတွင် တိမ်တောင်အင်ပါယာ

၏နယ်မြေတစ်စိတ်တစ်ပိုင်းနှင့် ယွင်ထန့်အင်ပါယာ၏နယ်မြေတစ်စိတ်တစ်ပိုင်းပင် ပါနေသေး၏။

အရင်က တိမ်တောင်အင်ပါယာကကမ်းလှမ်းခဲ့သော ချင်စီရင်စုကလည်း ထိုနယ်မြေထဲတွင် ပါ၀င်နေခဲ့သည်။

“ဆယ်ရာခိုင်နှုန်းတော့ ပြန်ဖြည့်ပြီးသွားပြီ” ချင်းယွင်ကျိ သူ့ရှေ့ရှိ မြေပုံကိုကြည့်ကာ စိတ်လက်ပေါ့ပါးစွာ ပြောလိုက်၏။

“အဲ့ဒီကောင်စုတ်လေး ကျန်းယန်ကနောက်ဆုံးအခေါက်တုန်းက ချင်စီရင်စုကို လိုချင်နေသေးတယ်….ချင်စီရင်စုကဘာများကောင်းလို့လဲ”

ဟွာလင်းကျိ‌ခပ်ဟဟရယ်မောလိုက်ကာ

“သူကအခြေအနေကိုမသိလို့ပါ အဲ့ဒီနယ်မြေတွေအကုန်လုံးက အဇူရာတိမ်ဂိုဏ်းနယ်မြေတွေဆိုတာသာသိရင် အဲ့ကောင်လေး ရူးသွားမှာ သေချာတယ် စကားမစပ် စီနီယာအစ်ကိုကြီး ကျွန်တော်တို့ ဒီကိစ္စ သူ့ကိုဘယ်လောက်ကြာအောင် ဖုံးကွယ်ထားဦးမှာလဲ”

“သူ့မှာလုံလောက်တဲ့ စွမ်းရည်မျိုးမရှိသေးခင်အထိ သူ့ကိုဖုံးကွယ်ထားရမယ်” ချင်းယွင်ကျိ သက်ပြင်းချလိုက်လေသည်။

“ငါတို့အဇူရာတိမ်ဂိုဏ်းမှာ ကျန်းယန်ရှိနေတာ ကံကောင်းတယ် မဟုတ်ရင် ငါတို့ဒုက္ခရောက်နေတာကြာပြီ ငါတပည့်သုံးယောက်လက်ခံခဲ့ဖူးပေမယ့် နောက်ဆုံးတပည့်ကပဲ ငါ့ကိုမျှော်လင့်ချက်တစ်ခုပေးခဲ့တာ …ထူးခြားတဲ့ကိစ္စတွေက သုံးခုမြောက်မှာပဲအမြဲဖြစ်တယ် ကောင်းကင်နဲ့မြေပြင်မှာ အမြဲအကြောင်းပြချက်တစ်ခုရှိတယ်ဆိုတဲ့ ဆိုရိုးလိုပါပဲလေ”

ပိလင်းကျိ သတိပေးလိုက်၏။

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးမှာအခုတပည့်‌ေလးယောက်ရှိနေပြီလေ ညီမလေးတို့အားလုံး မင်ယွဲ့ရဲ့ လုပ်ဆောင်ချက်‌ေတွကိုမြင်ပြီးသွားပြီပဲ သူကအတော်လေးတော်တယ်!”

ချင်းယွင်ကျိရယ်မောလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

“အို့ ဟုတ်သားပဲ မင်ယွဲ့လည်းရှိသေးတယ်”

စစ်ထူမင်ယွဲ့ကို သူ့တပည့်အဖြစ်လက်ခံခဲ့သော်လည်း သူမကို သူတစ်ကြိမ်သာလမ်းညွှန်ပေးခဲ့ဖူးပြီး နည်းစနစ်အချို့သာ သင်ကြားပေးခဲ့ဖူး၏။

သူတို့တွင် တပည့်နှင့်ပတ်သက်ပြီး နာကျင်စရာအတွေ့အကြုံများ ရှိခဲ့ဖူးသောကြောင့် တပည့်တိုင်းကို အလွယ်တကူယုံကြည်ဖို့ တွန့်ဆုတ်နေခဲ့ကြသည်။ အထူးသဖြင့် စစ်ထူမင်ယွဲ့သည်ယွင်ထန့်အင်ပါယာမှဖြစ်သောကြောင့် သူမကိုယုံကြည်ဖို့က ပိုလို့ပင် ခက်နေခဲ့၏။

ထို့အပြင် သူတို့တွင် ကျန်းယန်ရှိနေပြီးဖြစ်သောကြောင့် စစ်ထူမင်ယွဲ့ကို သိပ်ပြီးအာရုံမစိုက်ခဲ့မိကြပေ။

ချင်းယွင်ကျိ တခဏတွေးတောလိုက်ကာ ပြောလိုက်သည်။

“ရက်နည်းနည်းနေရင် မင်ယွဲ့ကိုခေါ်ပြီး ရတနာနည်းနည်းလောက် ပေးလိုက်ကြတာပေါ့”

ဤအရာက သူတို့စစ်ထူမင်ယွဲ့ကိုလက်ခံလိုက်ပြီဆိုတာ ညွှန်ပြနေခဲ့၏။

ထို့နောက်တွင်တော့ သူတို့ နေရာလွတ်နယ်မြေထဲမှ ထွက်လာကာ အဇူရာတိမ်တောင်ထွတ်ဆီ ပြန်လာခဲ့ကြသည်။

“မင်းတို့က နတ်ဝိညာဉ်အဆင့်ပဲရှ်ိသေးတယ်ဆိုတော့ လုပ်စရာမရှိရင် ပိုပြီးကြိုးစားကျင့်ကြံကြဦး” ချင်းယွင်ကျိ သူတို့ကိုတစ်ချက်ကြည့်လိုက်ကာ

“အဲ့ဒီကောင်စုတ်လေးကျန်းယန်က အဇူရာတိမ်ဂိုဏ်းကို လူမြင်ကွင်းဆီပြန်ခေါ်လာပြီဆိုတော့ ပြဿနာတွေလည်းရှိလာတော့မှာ အဲ့ဒီအချိန်ကျ သူမင်းတို့အကူအညီကိုလိုမှာ သေချာတယ်

မင်းတို့နတ်ဝိညာဉ်အဆင့်ကျင့်ကြံခြင်းကမလုံလောက်သေးဘူး အဲ့တာကြောင့် ကြိုးစားကျင့်ကြံဖို့က မင်းတို့အတွက်အရေးအကြီးဆုံး အရာပဲ”

လင်းယွင်ကျိနှင့်အခြားသူများ ဆွံ့အသွားခဲ့ကြသည်။

ထိုစဉ် ကျန်းယန်နှင့်စစ်ထူမင်ယွဲ့တို့ကတော့ ချင်ယွီရှုကို ငွေပေးပြီးနောက် မိုးပြာလမင်းကုန်သွယ်သမဂ္ဂအတွက် နောက်နေ့အစီအစဉ်များကို ဆွေး‌နွေးနေခဲ့ကြ၏။

“စီနီယာအစ်ကိုကြီး ညီမလေးအဖေက အစ်ကိုနဲ့တွေ့ချင်နေတယ် အစ်ကို့မှာအချိန်ရှိလား”

စီးပွားရေးကိစ္စဆွေးနွေးပြီးနောက်စစ်ထူမင်ယွဲ့ သူ့အဖေကိစ္စကို သတိရသွားခဲ့သည်။

ကျန်းယန်ပြုံးကာ ပြောလိုက်၏။

“အစ်ကို့မှာအချိန်မရှိရင်တောင် ဦးလေးစစ်ထူကိုတွေ့ဖို့တော့ အချိန်ပေးကိုပေးရမှာပေါ့”

နောက်ဆုံးတွင်သူသည် ထိုသူ၏ သမီးကိုတောင်ပေါ်ခေါ်လာကာ စိတ်ဝိညာဉ်ကျောက်တုံး များစွာလည်း လက်ခံထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သူတို့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂ၏ အဓိကအဖွဲ့၀င်နှစ်ယောက်သည် စစ်ထူမိသားစုမှဖြစ်နေသောကြောင့် သူထိုလူကိုတွေ့ကို တွေ့ရမည် ဖြစ်၏။

စစ်ထူဟောင်နန် မိုးပြာလမင်းကုန်သွယ်သမဂ္ဂမှ ပစ္စည်းအပုံလိုက်ကြီး ၀ယ်လာပြီးနောက် အဇူရာဧည့်ဂေဟာ ခြံ၀န်း ၉ သို့ပြန်လာကာ ပစ္စည်းအမျိုးမျိုးကို စတင်လေ့လာတော့သည်။

ဝိညာဉ်အခြေတည်အဆင့်အကြီးအကဲနှစ်ယောက်လည်း အခြေအနေကိုသတိထားမိကာ ခါးသက်သက်ပြုံးပြီး ပြောလိုက်၏။

“မိသားစုခေါင်းဆောင် ကျွန်တော်တို့မလုပ်နိုင်မှာ ကြောက်မိတယ် ပထမအချက်က ဒီအဖွဲ့၀င်ကဒ်တွေကို ဆရာအဆင့်သန့်စင်သူတစ်ယောက်က ထုလုပ်ထားတာ ပိုအရေးကြီးတာက အထဲမှာ ဆရာအဆင့်အဆောင်ကဗ္ဗည်းပညာရှင်တစ်ယောက်ရဲ့ ကဗ္ဗည်းတွေလည်း ပါနေသေးတယ် ဒီပစ္စည်းအတွက် ကုန်ကျစားရိတ်က အရမ်းမြင့်လိမ့်မယ် တကယ်လို့ မိသားစုခေါင်းဆောင်ဒီပစ္စည်းကို အတုခိုးချင်တယ်ဆိုရင် ဆရာအဆင့် သန့်စင်သူတစ်ယောက်နဲ့ ကဗ္ဗည်းပညာရှင်တစ်ယောက်ကို ငှားရမှာ လွယ်မှာတော့မဟုတ်ဘူး”

စစ်ထူဟောင်နန် အတော်လေး စိတ်ဒုက္ခရောက်သွားခဲ့သည်။ ထိုကဲ့သို့သော ဆရာအဆင့်ပညာရှင်များကိုငှားဖို့က လွယ်ကူသောအရာမဟုတ်ပေ။

သို့သော်လည်း သူထိုပစ္စည်းကိုအတုမလုပ်နိုင်လျှင်လည်း တစ်နေ့တွင် မိုးပြာလမင်းကုန်သွယ်သမဂ္ဂက ချဲ့ထွင်လာကာ ယွင်ထန့်အင်ပါယာထိရောက်ရှိပြီး သူတို့ကို ကျော်တက်သွားတာကို ထိုင်ကြည့်‌ေနရုံသာ တတ်နိုင်ပေလိမ့်မည်။

နည်းပညာအားနည်းခြင်းက အမှန်တကယ်ပင် စိတ်တိုစရာကောင်းသောအခြေအနေဖြစ်၏။

စစ်ထူဟောင်နန် ပိုပြီးစိတ်တိုသည်မှာ ထိုရတနာပစ္စည်းသန့်စင်ပညာရှင်နှင့်ကဗ္ဗည်းပညာရှင်တို့ ပေါင်းထုတ်ထားသော အသံသွင်းကိရိယာလိုပစ္စည်းမျိုးကို ဖြစ်သည်။ ထိုကဲ့သို့သော ပစ္စည်းမျိုးသည် ယွင်ထန့်အင်ပါယာတွင် အလွန်ပေါက်သွားနိုင်သည် မဟုတ်ပါလော။

ထိုပစ္စည်းများက လတ်တလောတွင်သိပ်အသုံး၀င်ပုံမပေါ်သော်လည်း အနာဂတ်တွင်တော့ မည်သို့ဖြစ်လာနိုင်ပါမည်နည်း။

ထို့အပြင် ထိုဆန်းကြယ်သောနယ်မြေထဲရှိ ပစ္စည်းများကရော မည်သို့သောအရာများ ဖြစ်နိုင်ပါသနည်း။

အနာဂတ်တွင် သူတို့ယွင်ထန့်အင်ပါယာသည် မည်ကဲ့သို့သော ယှဉ်ပြိုင်မှုမျိုးကို ရင်ဆိုင်ရနိုင်ပါသနည်း။

စစ်ထူဟောင်နန် အတွေးထဲ ဒုက္ခရောက်နေစဉ် ကျန်းယန်နှင့် စစ်ထူမင်ယွဲ့တို့ ခြံ၀န်း နံပါတ်၉ထဲ လမ်းလျှောက်၀င်လာခဲ့ကြသည်။

ကျန်းယန်ကိုမြင်သောအခါ စစ်ထူဟောင်နန် အမြန်ပြောလိုက်၏။

“မင်းရောက်နေတာအချိန်ကိုက်ပဲ ငါ့မှာမင်းနဲ့ဆွေးနွေးစရာရှိနေတယ်”

“ဦးလေးစစ်ထူ ဘာဆွေးနွေးချင်လို့လဲ” ကျန်းယန်ပြုံးကာ ပြောလိုက်သည်။

“အဖွဲ့၀င်ကဒ်တွေ ငါ့ကိုရောင်းပေးလို့ရမလား” စစ်ထူဟောင်နန် လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်၏။

“ငါတို့မင်းဆီက ယွင်ထန့်ကုန်သွယ်သမဂ္ဂအတွက်အဖွဲ့၀င်ကဒ်တွေမှာချင်တယ် ဘယ်လောက်လောက်ကျမလဲ”

ကျန်းယန် စစ်ထူဟောင်နန်၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားခဲ့သည်။

သူသည် မိုးပြာလမင်းကုန်သွယ်သမဂ္ဂ၏အဖွဲ့၀င်ကဒ်များကို အတုလုပ်ချင်နေခြင်းပေလော။

အဖွဲ့၀င်ကဒ်များသည် ချိုးမရလောက်အောင်မာသောအရာများ မဟုတ်ကြသော်လည်း ထိုအရာကို အတုလုပ်ဖို့ကတော့ အလွန်ခက်ခဲလွန်းလှ၏။

ဒါတောင် အဇူရာတိမ်ဂိုဏ်းက ထိုအရာကို အတုလုပ်မရအောင်အလွန်အားစိုက်၍လုပ်ထားခြင်းမျိုးမဟုတ်သေးပေ။ ဟွာလင်းကျိက ကဗ္ဗည်းအနည်းငယ်သာထည့်ရေးထားခြင်း ဖြစ်သည်။

စစ်ထူဟောင်နန်၏ ရည်ရွယ်ချက်ကိုကြည့်ရသည်မှာ ထိုသူသည် အဖွဲ့၀င်ကဒ်များကို အများကြီးထုတ်လုပ်၍ ရောင်းချင်နေပုံရ၏။

သူခပ်ဟဟရယ်မောလိုက်ကာ

“ဦးလေးစစ်ထူ ဦးလေးက ကျွန်တော့်ဂျူနီယာညီမလေးရဲ့ အဖေပါ ကျွန်တော်တို့အားလုံးက မိသားစုတွေပါပဲ အဲ့တာကြောင့် ကျွန်တော်ဦးလေးကို ရိုးရိုးသားသားပဲပြောလိုက်မယ် ကျွန်တော့်ကို အတုယူတဲ့သူတွေက အောင်မြင်လိမ့်မယ် ကျွန်တော့်ကို အတုခိုးပြီးလိုက်လုပ်ရင်တော့ ကျရှုံးမှာပဲ တကယ်လို့ ဦးလေးကကျွန်တော်တို့နဲ့ အဖွဲ့၀င်ကဒ်ကဏ္ဍမှာပြိုင်ချင်တယ်ဆိုရင် ယွင်ထန့်ကုန်သွယ်သမဂ္ဂက နောက်ဆုံးမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်

ဒါပေါ့ ကျွန်တော်ဦးလေးအတွက် ဦးလေးလိုသလောက် အဖွဲ့၀င်ကဒ်တွေရောင်းပေးလို့လည်းရပါတယ်

ဒါပေမယ့် နောက်ဆုံးမှာ ဦးလေးဆုံးရှုံးမှုတွေရှိလာရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့နော်”

သူသည် အဖွဲ့၀င်ကဒ်များကိုရောင်းချနေဆဲဖြစ်သော်လည်း အနာဂတ်တွင်လုပ်မည့်အစီအစဉ်များကလည်း ရှိနေသေးသည်။

ထိုအခါတွင်လည်း သူနောက်ထပ်အကျိုးအမြတ်ကြီးကြီးမားမား ရရှိပေလိမ့်ဦးမည်။

ငွေကြေးဆင့်ပွားခြင်းဆိုသည်မှာ စစ်ထူဟောင်နန်လုံး၀မကြားဖူးသော စကားရပ်ဖြစ်တာ သေချာ၏။ ဒါတောင် ထိုလူက သူနှင့်အဖွဲ့၀င်ကဒ်ကဏ္ဍတွင် ယှဉ်ပြိုင်ချင်နေခြင်းပေလော။

All Chapters