ငါ့ရဲ့ ချစ်မွှေးလေး
Vol. 37 Ch. 514
အန်လင်းနှင့် လျှိုချူးချူးနှစ်ဦး စလုံးမှာ မြူနှင်းဝိညာဉ် သားရဲများကို လိုက်ဖမ်းရင်း အလွန်အလုပ် ရှုပ်နေကြသည်မို့ လင်းယင်၏ မေးခွန်းများကို ပြန်မဖြေပါပေ။
မြူနှင်းဝိညာဉ် သားရဲငါးကောင်က အန်လင်းဆီသို့ ခုန်ဝင်လာသော်လည်း သူတို့က အန်လင်းထုတ်လွှတ်လိုက်သော အံ့ဖွယ်မီးတောက်လေပြင်းကြောင့် တပ်ဆုပ်ရန် ဖိအားပေး ခံလိုက်ရပေ၏။
ယခုတွင် သူ့၏ တိုက်ခိုက်မှုတိုင်းက ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအင်များ ပိုင်ဆိုင်နေကာ သူက အစွမ်းပြည့် တိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်လိုက်ပါက ထိုသည်၏ ခွန်အားမှာ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် နီးကပ်ပေ၏။
"အံ့ဖွယ် မီးတောက်ပင်လယ်..."
သူက ရှေ့သို့ တက်လှမ်းလိုက်ပြီး ကြီးမြတ် သန့်စင်မီးတောက်၊ ကောင်းကင်ဘုံ ဟာလာပြင် မီးတောက်၊ ကြယ်မိစ္ဆာမီးတောက် နှင့် လရောင်ရှုခင်းမီးတောက်များ အားလုံးက တစ်ပြိုင်တည်း ပေါ်လာကာ လှိုင်ဂူတစ်ခုလုံးက အဆုံးမရှိ မီးတောက်များဖြင့် ချက်ချင်းပင် ဝါးမြိုခံလိုက်ရကာ မြူနှင်းနှင့် ရေခဲများကို အရည်ပျော်သွားစေပြီး လှိုင်ဂူတစ်ခုလုံးကို ကြက်သွေးရောင် ချော်ရည်တွင်းတစ်ခုအဖြစ် ပြောင်းပစ်လိုက်လေ၏။
မြူနှင်း ဝိညာဉ် သားရဲ ၁၂ကောင်လုံးမှာ ကြောက်မက်ဖွယ်မီးတောက်များဖြင့် ထိခိုက်မိကာ နာနာကျင်ကျင် အော်ဟစ်လိုက်လေ၏။
သူတို့အားလုံးက အတူတကွ စုစည်းကာ ဆန်းကြယ် မန္တန်တစ်ခု ဖန်တီးလိုက်၍ အထူးမြူနှင်း စွမ်းအားများထုတ်လွှတ်နေသော ရေခဲပြာ သလင်းကျောက် ဘောလုံးတစ်ခု ပေါ်လာပြီး မီးတောက်များကို တားဆီထားပေ၏။
"သူတို့က ကမူးရူးထိုး လျှောက်လုပ်နေတာပါ။ သူတို့က အချိန်ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး။" ရွှယ်ကျန်းထျန်က စစ်သည်များကို စိတ်ဓာတ်မြှင့်တင်ပေးရန် ဟစ်ကြွေးကာ အားပေးလိုက်လေ၏။
"ဟမ့်..." လျှိုချူးချူးက သူမ၏ လေးကိုင်းကို အပြည့်ဝဆုံး စိတ်ဆန္ဒအဖြစ် ဆွဲလိုက်ကာ သူမ၏ နောက်တွင် ကွန်ပန်၏ ပုံရိပ်က ပေါ်လာလေ၏။ ကွန်ပန်၏ ပုံရိပ်က အဆုံးမဲ့ အော်ရာများ ထုတ်လွှတ်နေကာ သူ့၏ မျက်လုံးများက ကြီးမြတ်သော ခွန်အားဖြင့် တောက်ပနေပြီး မြူနှင်းဝိညာဉ် သားရဲများ၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် အမွှေးများကို ထောင်လာစေ၏။
ပြိုင်ဘက်ကင်း ချွန်ထက်မှု အော်ရာနှင့် ရွှေရောင်မြှားတစ်ခုက သူမ၏ လေးကြိုးပေါ်တွင် ပေါ်လာလေ၏။
အံ့ဖွယ် နည်းစနစ်- ပြိုင်ဘက်ကင်း ဖွဲ့စည်းခြင်း : ပျောက်ကွယ်ခြင်း မြှား...
ဝှစ်...
ရွှေရောင်မြှားက မီးတောက်ပင်လယ်ကို ဖြတ်သန်းကာ မြူနှင်းဝိညာဉ် သားရဲ ၁၂ကောင်၏ မန္တန်ဖွဲ့စည်းခြင်းကို ရိုက်ခတ်သွားလေ၏။
မြှားတံက မန္တန်ဖွဲ့စည်းခြင်းနှင့် တိုက်ခတ်မိသွားသည့်အချိန်တွင် မန္တန်ဖွဲ့စည်းခြင်း ပတ်လည်ရှိ နေရာလပ်မှာ တွန့်လိမ်ကာ အက်ကွဲစပြုလာပြီး အခြေခံပတ်ဝန်းကျင်အတွင်းရှိ အရာရာကို ချေမှုန်းပစ်မည့် အစွမ်းထက် လှိုင်းလုံးများ ဖန်တီးလိုက်လေ၏။
သလင်းကျောက်ဘောလုံးမှာ ကြက်ဥခွံတစ်ခုကဲ့သို့ အက်ကွဲစပြုလာပြီး ကြောက်မက်ဖွယ် အော်သံများ ထွက်ပေါ်လာလေတော့သည်။ သလင်းကျောက်ဘောလုံးပေါ်တွင် အက်ကြောင်းများ ပိုပိုပေါ်လာပြီး တစစီ ကွဲကြေသွားလေတော့သည်။ ထို့နောက် ချက်ချင်းပင် အံ့ဖွယ် မီးတောက် ၄ခုက မြူနှင်းဝိညာဉ် သားရဲများကို ဝါးမျိုပစ်ကာ နာနာကျင်ကျင် အော်ဟစ်စေလိုက်၏။
မြူနှင်း ဝိညာဉ် သားရဲများ၏ အဖြူစွတ်စွတ် အမွှေးများက အနက်ရောင် မီးကျွမ်းသည့် လက္ခဏာများ ပြလာသောအခါ အန်လင်း၏ နှလုံးသားထဲတွင် ဂရုဏာစိတ်များဖြစ်လာကာ သူက မီးတောက်၏ အရှိန်များကို လျော့လိုက်လေ၏။
ထိုအချိန်၌ လျှိုချူးချူးမှာ သူမ၏ လေးကို ဒုတိယအကြိမ် ဆွဲလိုက်ပြီး ဖြစ်ကာ ခန္ဓာကိုယ်တစ်လျှောက်လုံးတွင် ထူးခြားသည့် လှိုင်းများထနေသော ရွှေရောင်မြှားတံတစ်ခုက လေးကြိုးပေါ်တွင် ဖြစ်တည်လာလေ၏။ မြှားတံက တောက်ပသော ရွှေရောင်အလင်း ထွန်းလင်းနေကာ အလွန်အမင်းအစွမ်းထက်လှသော ချိတ်စည်းစွမ်းအင်များ ထုတ်လွှတ်နေပေ၏။
အံ့ဖွယ် နည်းစနစ်- အံ့ဖွယ် မိစ္ဆာ ဖျောက်ဖျက်ခြင်းမြှား...။
ရွှေရောင် မြှားတံက သူမရှေ့မှ နေရာလပ်ကို ထိုးဖောက်ကာ မြူနှင်း ဝိညာဉ် သားရဲများဆီသို့ ပျံသန်းသွားပြီးနောက် ဆယ်ခုကွဲသွားပြီးနောက် အခုတစ်ရာ၊ အခုတစ်ထောင်ဖြစ်သွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ကျဆင်းလာသော အဆုံးမဲ့ ရွှေရောင်မြှားများကို ဖန်တီးလိုက်ပေသည်။
မြူနှင်းဝိညာဉ် သားရဲ၁၂ကောင်က သူတို့၏ ခန္ဓာကိုယ်များက ထူးဆန်းသော အာအင်းတစ်နှင့် ပေါင်းစည်းခြင်း ခံလိုက်ရသည်ကို ခံစားရလေ၏။
ထိုသည်ပင်မက သူတို့၏ သက်ရှိစွမ်းအင်နှင့် အကြောများမှာလည်း ချိတ်ပိတ်သွားလေပြီ။
"ဒီ... ဒီဟာက ချိတ်စည်း မန္တန်နည်းစနစ်တစ်ခုပဲ။"
ရွှယ်ကျန်းထျန်၏ ကြီးမား လုံးဝန်းသော မျက်လုံးများက မယုံနိုင်စွာဖြင့် ပြူးကျယ်လာလေ၏။
အန်လင်းက ထိုသည်ကို မြင်ပြီးနောက် သူ့၏ အံ့ဖွယ် မီးတောက်ပင်လယ်ကို ရုပ်သိမ်းစပြုလိုက်လေ၏။ သူက အံ့ဖွယ်မီးတောက် ပင်လယ်ကို ဤကဲ့သို့ အကာအကွယ်မဲ့အခြေအနေတွင် မြူနှင်းဝိညာဉ် သားရဲများအပေါ်သို့ အသုံးပြုပါက သူတို့အားလုံးမှာ ချက်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ရွှေရောင် သင်္ကေတများက မြုနှင်းဝိညာဉ် သားရဲများဆီသို့ ကျဆင်းလာပြီး မဖျက်ဆီးနိုင်သော လက်ထိပ်များကို ဖန်တီးလိုက်ကာ သူတို့၏ စွမ်းအားများ အားလုံးကို ချိတ်ပိတ်ပစ်လိုက်လေ၏။
လျှိုချူးချူး၏ ပန်းရောင် ဂါဝန်မှာ သူမပတ်လည်တွင် ဖောင်းကားသွားပြီး အေးဆေးသည့်အသံဖြင့် ရှင်းပြလိုက်လေ၏။ "ဟုတ်တယ်။ ငါ့ရဲ့ အံ့ဖွယ်မိစ္ဆာဖျောက်ဖျက်မြှားက ချိတ်ပိတ်ရေး နည်းစနစ်တစ်ခုပဲ။ မင်းတို့က တစ်နာရီကြာအောင် ဘာစွမ်းအင်မှ သုံးလို့ရမှာမဟုတ်ဘူး။"
ချွင်...
မြူနှင်းဝိညာဉ် သားရဲများအားလုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ကူကယ်ရာမဲ့စွာ လူးလှိမ့်နေလေတော့သည်။
ထို လုံးဝန်း၊ ပြည့်ဝိုင်းသော မြူနှင်းဝိဉာဉ် သားရဲများကိုမြင်ပြီးနောက် လျှိုချူးချူး၏ တည်ငြိမ်သော မျက်နှာသွင်ပြင်မှာ ပြိုပျက်သွား၏ သူမ၏ မျက်လုံးများက အရောင်တောက်လာပေတော့သည်။
"ဝါး... အဲ့တစ်ကောင်က ငါ့ဟာပဲ။"
သူမက ရွှယ်ကျန်းထျန်ဆီသို့ တိုးဝင်လိုက်ပြီး တင်းတင်းဖက်ထားကာ သူမ၏ ညင်သာလှသော ပါးလေးကို ရွှယ်ကျန်းထျန်၏ နူးညံ့သောအမွှေးဖြင့် ပွတ်သပ်နေလေ၏။
အန်လင်းသည်လည်း တခြားအကြောင်းကြောင့်မဟုတ်ပဲ ၁၂ကောင်ထဲတွင် အဝဆုံးသော မြူနှင်းဝိညာဉ္သားရဲဖြစ်သဖြင့် ရွှယ်ကျန်းထျန်ဆီသို့ တိုးဝင်လိုက်၏။ ထိုသည်က အရောင်အစိုဆုံးသော အမွှေးများရှိကာ အကြီးဆုံး၊ အဝိုင်းဆုံး မျက်လုံးများရှိပြီး မြင်ရသမျှတွင် ချစ်စရာအကောင်းဆုံး ဖြစ်လေ၏။
သူက လက်တစ်ဖက်ကို သူ့၏ ဖောင်းကား လုံးဝန်းသော ခန္ဓာကိုယ်ပေါ်တွင် တင်ကာ ပွတ်သပ်နေပြီး တစ်ခြားလက်တစ်ဖက်က မာကြော ရှုပ်ထွေးသော တောင်ပံများကို ပွတ်သပ်နေလေ၏။
"အိုး...။ သူတို့က မြူနှင်းဝိညာဉ် သားရဲတွေဆိုပေမဲ့ ဘာလို့ အရမ်းနွေးနေရတာလဲ။ ခေါင်းအုံးအနေနဲ့တောင် သုံးလို့ရတယ်။" အန်လင်းက သူ့လက်ကို အန်လင်းနှင့် လျှိုချူးချူးတို့လက်ထဲတွင် သက်သေချင်စိတ်ပေါက်နေသော မျက်နှာထားဖြင့် မလှုပ်မယှက် ရှိနေသော ရွှယ်ကျန်းထျန်၏ တစ်ကိုယ်လုံး ရွေ့လျားနေပြီး ဆိုလိုက်လေ၏။
"ဝေးဝေးသွားစမ်း...။ ဒီမြူနှင်းဝိညာဉ် သားရဲက ငါ့ဟာ။" လျှိုချူးချူးက အန်လင်းကို စိုက်ကြည့်လိုက်လေ၏။
"ဘယ်လိုလုပ်ပြီး နင့်ဟာဖြစ်ရမှာလဲ။ သူ့အပေါ်မှာ နင့်တံဆိပ်တပ်ထားတာလဲ မဟုတ်ပဲနဲ့။" အန်လင်းက ပြန်ချေပလိုက်လေ၏။
"ဂရုမစိုက်ဘူး။ ငါ့ဟာပဲ။" လျှိုချူးချူးက ပြန်ပြောလိုက်လေ၏။
"ငါ့ဟာ။" အန်လင်းကလည်း အလျော့ပေးရန် ဆန္ဒမရှိပါပေ။
သို့ဖြစ်၍ သူတို့နှစ်က စစ်ပွဲတစ်ခုကို အပြုလာလေပြီ။
သနားရာ ရွှယ်ကျန်းချန်မှာ ဘောလုံးဝိုင်းတစ်ခုမှ ဘဲဥပုံ ဘောလုံးတစ်ခုအဖြစ် အဆွဲခံလိုက်ရလေ၏။
"အခုချက်ချင်း ရပ်ကြပါတော့။ ငါက တစ်ယောက်ကိုမှ ဦးညွတ်မှာ မဟုတ်ဘူး။ ငါက မင်းတို လူသားတွေကို ငါ့ရဲ့ပိုင်ရှင်အဖြစ်လက်ခံမဲ့အစား သေပဲသေလိုက်မယ်။ အဲ့တော့ ငါ့ကို အကြမ်းဖက်ဖို့ ကြိုးစားနေတာကို မေ့လိုက်တော့။" ရွှယ်ကျန်းထျန်၏ မျက်လုံးများက တောက်ပနေကာ စူးရှနေပြီး သူ့၏ ချစ်စဖွယ် သွားများကို ခြိမ်းခြောက်ဟန်ဖြင့် လှစ်ဟပြသလိုက်လေ၏။
မြူနှင်းဝိညာဉ် သားရဲတစ်စုက သူတို့၏ ခေါင်းဆောင်ကို ကယ်တင်ရန် မြေပြင်တွင် လူးလိမ့်နေကြလေ၏။ သို့သော်လည်း သူတို့အားလုံးက အန်လင်းနှင့် လျှိုချူးချူး၏ ကန်ထုတ်ခြင်းကို ခံလိုက်ရလေ၏။
သူတို့နှစ်ဦးစလုံးက ရွှယ်ကျန်းထျန်ကို မျက်စိကျနေကြလေ၏။
"အိုး... ငါသိပြီ။ စိတ်ဝိညာဉ် သားရဲစာချုပ်က ပါဝင်သူတွေက စာချုပ် ချုပ်ချင်စိတ်ရှိမှပဲ တည်ဆောက်လို့ရတာမလား။ ငါတို့က ရွှယ်ကျန်းထျန်ကို သူ့ဘာသာ ရွေးခိုင်းသင့်တယ်။" လျှိုချူးချူးက အကြံပေးလာ၏။
အန်လင်းက ထိုသည်ကို ခေတ္တမျှ တွေးတောနေပြီး လျှိုချူးချူး၏ အကြံပြုချက်ကို သဘောတူလိုက်လေ၏။
တီနာနှင့် လင်းယင်က ဘေးတွင် တိတ်တဆိတ်ရပ်နေပြီး အန်လင်းနှင့် လျှိုချူးချူးတို့ ငြင်းခုန်နေကြသည်ကို ကြည့်ရှုနေ၏။
လင်းယင်က ထိုမြူနှင်းဝိညာဉ် သားရဲများကို ကြည့်လိုက်သော်လည်း ဘာမှ မခံစားရပါပေ။
သူမက ကွဲပြားလှသော အလှအပစံနှုန်းတစ်ခု ရှိနေသည်မှာ ရိုးရှင်းလှပေ၏။
သူမက အနောက်ဘက် ပင်လယ်၏ ရေဘဲဝမင်းသားကဲ့သို့ လုံးဝန်းသော လက်တံများနှင့် သတ္တဝါများကို ပိုနှစ်ခြိုက်ပေ၏။
မြူနှင်းဝိညာဉ်သားရဲများက အစွမ်းထက် ရေခဲတာအိုအခြေခံနှင့် ဒဏ္ဍာရီလာ စိတ်ဝိညာဉ် သားရဲများ ဖြစ်သည်သာ မဟုတ်ပါက သူမက ဤနေရာကို စွန့်စားပြီး လာရောက်မည်မဟုတ်ပါပေ။
"ငါက ဒီအကြံကို ပြောတာဆိုတော့ သူ့ကို ယဉ်ပါးအောင်ကြိုးစားဖို့က ငါပထမဆုံး ဖြစ်သင့်တယ်။" လျှိုချူးချူးက လက်ဦးမှုယူလိုက်လေ၏။
အန်လင်းက ထိုသည်ကို အတန်ကြာတွေးတော့လိုက်ပြီး ခေါင်းငြိမ့်သဘောတူလိုက်၏။ ဤသည်အတွက် ရန်ဖြစ်ရမည့်အကြောင်းမရှိကာ သူတို့က ရှေ့ဆက်လို့ ရတော့မည်မဟုတ်ပါပေ။ ထို့အပြင် သူက ရွှယ်ကျန်းထျန်က လျှိုချူးချူးကဲ့သို့ လူမျိုး ယဉ္ပါးအောင် လုပ်၍မရသော သတ္တဝါတစ်ကောင် ဖြစ်သည်ဟု ယုံကြည်ေပ၏။
လျှိုချူးချူး၏ မျက်နှာထက်တွင် ရွှင်ပြသော အပြုံးတစ်ခုပေါ်လာပြီး သူမက ရွှယ်ကျန်းထျန်၏ နူးညံ့ ဖြူဖွေးသော အမွေးများကို ပွတ်သတ်ကာ ပြောပြောင်းပြီး ချော့မြူသော အသံဖြင့် ပြောလိုက်၏။ "ထျန်ထျန်လေး..."
ရွှယ်ကျန်းထျန်နှင့် အန်လင်းတို့နှစ်ဦးက တစ်ပြိုင်တည်းပင် တုန်ယင်သွားလေတော့၏။
"ကျေးဇူးပြုပြီး ငါ့ရဲ့ စိတ်ဝိဉာဉ် သားရဲလေး လုပ်ပါလား။ ငါက နင့်ကို နေ့တိုင်းချစ်ပေးမယ်။ နင်နဲ့ကစားပေးမယ်။ ပြီးတော့ အရသာရှိတဲ့ အစားအစာတွေ ကျွေးမယ်။ ပြီးတော့ နင်လိုချင်သမျှ အဝတ်အစား၊ လက်နက်၊ အရုပ် ဒါမှမဟုတ် ဆေးတွေအကုန်လုံး ပေးမယ်လေ..." လျှိုချူးချူးက နူးညံ့ပျော့ပြောင်းလှသောအသံဖြင့် ပြောကာ သူမ၏ မျက်လုံးများထဲတွင် ချစ်မြတ်နိုးသော အမူအရာများ ပြသနေလေ၏။
"ထားလိုက်စမ်းပါ။ ငါကတော့ သေဖို့ လမ်းတစ်ခုပဲ ရှိရင်တောင် နင့်ရဲ့ လက်အောက်ခံ မလုပ်ဘူး။" ရွှယ်ကျန်းထျန်က အလွန်ခိုင်မာစွာ ပြန်ဖြေလိုက်၏။
အန်လင်းက ထိုသည်ကို ကြားရသည်အား အလွန်ကျေနပ်သွားလေ၏။ သူ့၏ စိတ်ဝိညာဉ် သားရဲများ အားလုံးက သတ္တိနှင့် စိတ်ဓာတ်ခိုင်မာသင့်ပေ၏။
လျှိုချူးချူးက မရပ်တန့်ပါပေ။ သူမက ဆက်ပြောလာ၏။ "နင်က ငါ့ရဲ့ စိတ်ဝိညာဉ် သားရဲဖြစ်လာဖို့ သဘောတူရင်။ ငါက တခြား မြူနှင်း ဝိညာဉ် သားရဲတွေအကုန်လုံးကို လွတ်ပေးမယ်လို့ ကတိပေးတယ်။"
"ဖွီး..." အန်လင်းက သွေးအပြည့် အန်တော့မလိုပင် ဖြစ်သွားရ၏။
"တကယ်လား..." ရွှယ်ကျန်းထျန်၏ မျက်လုံးများက ချက်ချင်ပင် အရောင်တောက်လာလေ၏။
မြူနှင်းဝိညာဉ် သားရဲများအားလုံးက ဤအခြေအနေတွင် အလွန်အဖိုးတန်သည်ဖြစ်ရာ ရွှယ်ကျန်းထျန်က ခေါင်းဆောင်အနေနှင့် သူတို့အတွက် အကောင်းဆုံးဖြစ်သည်ကို ရွေးချယ်ရပေမည်။ လျှိုချူးချူးက သူတို့ကို သွားခွင့်ပြုဖို့ ကတိပေးပါက သူက လျှိုချူးချူး၏ စိတ်ဝိညာဉ်သားရဲဖြစ်လာရန် တွေးတောနိုင်ပေ၏။
"မဟုတ်ဘူး။ သေချာပေါက် အမှန်မဟုတ်ဘူးပေါ့ဟ။" အန်လင်းက ရွှယ်ကျန်းထျန်ကို လျှိုချူးချူး၏ လက်ထဲမှ ဒေါသတကြီး ဆွဲယူလိုက်ကာ ပြောလိုက်၏။ "နင်က အဲ့လို လှည့်စားတဲ့ ဗျူဟာတစ်ခုကို ဘယ်လိုလုပ်ပြီး သုံးရဲရတာလဲ။ ရွှယ်ကျန်းထျန်က ဒီမှာ ချစ်စရာအကောင်းဆုံ ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမဲ့ တခြား မြူနှင်းဝိညာဉ် သားရဲတွေကို လွှတ်ပေးဖို့ဘယ်လိုလုပ်ပြီး ကတိပေးလို့ရမှာလဲ။ တခြားလူတွေရဲ့ ခံစားချက်တွေကို ထည့်မတွက်တော့ဘူးလား။"
လျှိုချူးချူးက နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်၏။ "သူတို့က ငါတို့ကို ပိုင်ရှင်အဖြစ် လက်မခံရင် ငါတို့က အဲ့မြူနှင်းဝိညာဉ်သားရဲတွေကို ထိုက်ချူကုန်းမြေကြီးကို ပြန်သယ်သွားလို့မရဘူးလေ...။ နင်က ငါနဲ့ ပူးပေါင်းပြီးတော့ တခြားမြူနှင်းဝိညာဉ် သားရဲတွေကို လွှတ်ပေးမယ်ဆိုရင် ငါနင့်ကို ပိုက်ဆံနည်းနည်းပေးမယ်လေ။"
"ဟီးဟီး... ငါက သူတို့အားလုံးက ငါ့ကို ပိုင်ရှင်အဖြစ် လက်ခံအောင် လုပ်နိုင်တယ်လို့ ပြောရင် နင်ယုံမှာလား။" အန်လင်းက အေးစက်စွာ ပြောလိုက်လေ၏။
"အဲဒါ ဆိုလဲ ဟုတ်ပြီလေ။ လုပ်ကြည့်ပါအုံး။" လျှိုချူးချူးက စိန်ခေါ်လိုက်လေ၏။
အန်လင်းက တခြား မြူနှင်းဝိညာဉ် သားရဲများကို လှည့်ကြည့်ကာ ကောက်ကျစ်သောအပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။
---------------