← Chapters

မိစ္ဆာအားအင်များကို ဦးညွှတ်ခြင်း

Vol. 37 Ch. 515

မိစ္ဆာအားအင်များကို ဦးညွှတ်ခြင်း

Vol. 37 Ch. 515

အန်လင်း၏ မျက်နှာထက်ရှိ ဆန်းကြယ်သောအပြုံးက မြူနှင်းဝိညာဉ် သားရဲ၁၂ကောင်အား ကျောရိုးတစ်လျှောက် စိမ့်အေးသွားစေတော့သည်။

သူက မြူနှင်းဝိညာဉ်သားရဲ ၁၂ယောက်မှ တစ်ယောက်စီအတွက် အစာသွပ်ပေါက်စီပေါင်းအိုး ၁၂ခုကို ထုတ်လိုက်လေ၏။

အစာသွပ်ပေါက်စီများမှ စွဲမက်ဖွယ် ရနံ့က လှိုင်ဂူတစ်ခုလုံးကို ပျံ့နှံ့သွားပြီး လျှိုချူးချူး၊ လင်းယင်နှင့် တခြားသူများက သွားရေကျမည်ကို ကာကွယ်ရန် တံတွေးမျိုချလိုက်ရလေ၏။

"ဒီဟာက 'တပိုင်ရဲ့ လျစ်လျစ်ရှုခြင်းခံရတဲ့ အစာသွပ် ပေါက်စီတွေ' စားကြည့်ကြ။"

မြူနှင်းဝိညာဉ် သားရဲများက ချက်ချင်းပင် ခုန်ဝင်လာကြပြီး အစာသွပ်ပေါက်စီများကို အငမ်းမရ စားကြလေတော့၏။

ထို့ပြင် သူတို့က တစ်ခါစပြီး စားလိုက်သည်နှင့် စားသောက်ခြင်းကို မရပ်တန့်နိုင်တော့ပါပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြူနှင်းဝိညာဉ် သားရဲများအားလုံးက သူတို့၏ ပေါင်းအိုးများထဲမှ ပေါက်စီများအားလုံးကို အကုန်စားပြီးနောက် အန်လင်းကို ထပ်မံမျှော်လင့်နေသော မျက်လုံးများဖြင့် ကြည့်နေကြလေ၏။

"မင်းတို့ ငါနဲ့ လိုက်ခဲ့ရင် အဲ့လိုမျိုး အရသာရှိတဲ့ အစာသွပ်ပေါက်စီတွေ နေ့တိုင်းစားရမှာ။" အန်လင်းက ကမ်းလှမ်းလိုက်လေ၏။

ထိုသည်ကို ကြားပြီးနောက် မြူနှင်းဝိညာဉ် သားရဲ အများစုက သူတို့၏ သစ္စာခံခြင်းကို အန်လင်းထံသို့ နားမလည်နိုင်သော ဘာသာစကားဖြင့် ကျိန်ဆိုလိုက်ကြလေ၏။

သို့သော် သူ့ကမ်းလှမ်းချက်ကို ခိုင်ခိုင်မာမာငြင်းဆိုကာ ရှေ့ဆုံးတွင် ရပ်နေကြသော တချို့လည်း ရှိနေကြသေးပေ၏။ ဥပမာအားဖြင့် ရွှယ်ကျန်းထျန်မှာ ထိုအုပ်စု၏ ခေါင်းဆောင်ပင် ဖြစ်လေ၏။

ထိုအခိုက်အတန့်၌ အန်လင်း၏ အမူအရာမှာ အလွန်အေးစက်ကာ ကြမ်းတမ်းသွားပြီး ပြောလိုက်လေ၏။ "ငါ့ဆီမှာ သစ္စာခံပြီး အစာသွပ်ပေါက်စီစားမလား ဒါမှမဟုတ်... အသေခံကြမလား။"

သူက သူ့၏ ခြိမ်းခြောက်မှုနှင့် တစ်ဆက်တည်း အံ့ဖွယ်မီးတောက်နည်းစနစ်ကို အသက်သွင်းလိုက်လေ၏။ သူ့၏ မျက်လုံးများက ရွှေရောင်အလင်းဖြင့် တောင်ပနေသောအချိန်တွင်  ရွှေရောင်လှိုင်းတစ်ခုက မြူနှင်းဝိညာဉ် သားရဲ၁၂ကောင်ဆီသို့ အထူးခွန်အားဖြင့် ကျဆင်းလာလေ၏။

မြူနှင်းဝိညာဉ် သားရဲများက သူတို့၏ စွမ်းအားများအားလုံး ချိတ်ပိတ်ခံထားရသည်ဖြစ်ရာ အန်လင်းမှာ သူတို့ကြားတွင် လမ်းလျှောက်လာသော စစ်နတ်ဘုရားတစ်ပါးပုံ ပေါက်နေလေ၏။ ထိုအခိုက်အတန့်၌ စစ်နတ်ဘုရားမှာ သူတို့အား စူးစိုက်ကြည့်နေပြီး  သူတို့အား နာခံကာ အသက်ရှင်မည်လား သို့မဟုတ် ခုခံကား သေဆုံးမည်လားဟူသည့် ရွေးချယ်ချက်ကို ပေးနေလေ၏။

မြူနှင်းဝိညာဉ် သားရဲများအားလုံးက လွန်စွာပင် ကြောက်လန့်သွားကြလေ၏။ ယခင်က အလွန် ခိုင်မာစွာ ရပ်နေသော ရွှယ်ကျန်းထျန်ပင်လျှင် အန်လင်း၏ ခွန်အားကြောင့် လွှမ်းမိုးခံလိုက်ရ၏။ ထိုသည်က အန်လင်းကို အရည်လဲ့နေသော မျက်လုံးကြီးတစ်စုံဖြင့် စိုက်ကြည့်ကာ နှုတ်ခမ်းများက တုန်ယင်နေပြီး "နာခံပါမယ်" ဟူသောစကားများကို ပြောရန်ဆဲဆဲ ဖြစ်နေလေ၏။

လျှိုချူးချူးမှာ အံ့ဩသွားရ၏။ သူက သူမထက်ပင် လှည့်စားတတ်သော နည်းလမ်းကို သုံးမည်ဟု မထင်ထားပါချေ။

ထိုသည်များက ဤမျှအထိချစ်စဖွယ် မြူနှင်းဝိညာဉ် သားရဲများဖြစ်ကြ၏...။ အန်လင်းက ထိုကဲ့သို့ ရက်စက်သော စကားလုံးများကို သူတို့အား မည်ကဲ့သို့များ ပြောဆိုနိုင်ပါသနည်း။

"နင်အရမ်း လွန်သွားပြီ အန်လင်း။ မြူနှင်းဝိညာဉ် သားရဲတွေက အရမ်းကို ချစ်ဖို့ကောင်းတာ။ နင်က သူတို့ကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ခြောက်နေရတာလဲ။" လျှိုချူးချူးက မနေနိုင်တော့ပဲ ဒေါသဖြင့် ဆိုလိုက်လေ၏။

"ငါက အတည်ပြောနေတာ။ မင်းတို့ ရွေးချယ်မှုက ဘာလဲ။" အန်လင်းက မြူနှင်းဝိညာဉ် သားရဲများကို အေးစက်စက်အမူအရာဖြင့် မေးလိုက်လေ၏။ သူ့၏ အသံမှာ ဂုဏ်သိက္ခာ၊ ညီမျှမှုတို့အပြည့်နှင့်ဖြစ်နေပြီး ​ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ပင်။

"ရီးရီးရားရား..." မြူနှင်းဝိညာဉ် သားရဲများ အားလုံးက အန်လင်းပတ်လည်တွင် လူးလိမ့်ကာ သူ့တို့၏ တောင်ပံများကို ရိုကျိုးစွာ တစ်ဖျတ်ဖျတ်ခတ်နေကြလေ၏။

"အဲ့တော့ ဒါက အကြပ်ကိုင်တာပေါ့... ငါ... ငါလက်ခံပါတယ်..." ရွှယ်ကျန်းထျန်က နှိမ့်ချခြင်းနှင့် ရိုသေခြင်းတို့အပြည့်နှင့် အသံဖြင့် ပြောလိုက်လေ၏။

"ရီးရီးရား..." တခြားသော မြူနှင်းဝိညာဉ် သားရဲ၁၁ကောင်က တစ်ပြိုင်တည်း ဆိုလိုက်ကြလေ၏။

လျှိုချူးချူးက မြူနှင်းဝိညာဉ်သားရဲများကို ငေးကြည့်ကာ မယုံနိုင်စွာဖြင့် မျက်လုံးအပြူးသားဖြစ်နေလေ၏။

သူတို့က လက်ခံလိုက်တယ်...။ သူတို့က တကယ်ကြီး လက်ခံလိုက်တယ်...။

သူတို့က အဲ့လိုမျိုး ရက်စက်တဲ့ ပိုင်ရှင်ကို ခစားဖို့ သဘောတူလိုက်တယ်...။

"ဟီးဟီး... ဒီဟာက သွေးအဆီအနှစ် နည်းနည်းတော့ လိုမှာ။" အန်လင်းက ရယ်မောကာ သူ့လက်နှင့် ချိတ်စည်းများ ပြုလုပ်လိုက်ပြီး သူ့၏ လက်ချောင်းတစ်ချောင်းကို လှီးဖြတ်ပစ်လိုက်လေ၏။

ရွှေရောင်သွေးအဆီအနှစ်တစ်ခုစီက မြူနှင်းဝိညာဉ် သားရဲ ၁၂ကောင်ဆီသို့ ပျံသန်းသွားလေ၏။

စိတ်ဝိညာဉ် သားရဲ စာချုပ်များမှာ နှစ်ဦးနှစ်ဖက်စလုံးမှ စာချုပ်ချုပ်ဆိုရန် အလိုရှိသည့် အခြေအနေအောက်တွင် ချုပ်ဆိုခြင်းဖြစ်၍ ညီမျှသော စာချုပ်တစ်ခုကို ဖန်တီးလိုက်ကြ၏။

တစ်ဖက်ဖက်မှ စာချုပ်ချုပ်ဆိုခြင်းကို ငြင်းဆန်လိုက်ပါက ပေါင်းစပ်မှုက ကျဆုံးမည်ဖြစ်သည်။

ရွှေရောင်သွေးအဆီအနှစ် ၁၂စက်က မြူနှင်းဝိညာဉ် သားရဲ ၁၂ကောင်၏ ခေါင်းပေါ်သို့ ပြာတ်ကျသွားလေ၏။ သွေးက သူတို့၏ ခန္ဓာကိုယ်များထဲသို့ ရောနှောသွားပါက စာချုပ်မှာ အောင်မြင်စွာ ချုပ်ဆိုပြီး ဖြစ်ပေလိမ့်မည်။

အန်လင်းက မြူနှင်းဝိညာဉ် သားရဲများကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေ​​ပြီး သူ့နှလုံးသားက အေးစက်လှသော အအေးဓာတ်ထဲသို့ တိုးဝင်သွားလေ၏။

သွေးအဆီအနှစ်က မြူနှင်းဝိညာဉ် သားရဲများ၏ ခေါင်းထဲသို့ ကျရောက်သွားသော်လည်း တစ်ခုသည်မှ စုပ်ယူခြင်း မခံရပါပေ။ ရွှေရောင်သွေးအဆီအနှစ် အစက်များက မြူနှင်းဝိညာဉ် သားရဲများ၏ ခေါင်းထက်တွင် အရောင်ဖျော့ဖျော့လင်းလက်နေပြီး တစ်ခုစီက အန်လင်း၏ နှလုံးသားကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေပေ၏။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..." အန်လင်းက သူ့ကိုယ်သူရေရွတ်ကာ သူ့မျက်လုံးထဲမှ အလင်းများက မှေးမှိန်သွားလေတော့သည်။

ထိုသည်ကို မြင်ပြီးနောက် လျှိုချူးချူး၏ မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာလေ၏။ "ဟားဟား... နင်က မြင်းတစ်ကောင်ကို ရေဆီကို ခေါ်သွားလို့ရပေမဲ့ သောက်ခိုင်းလို့တော့မရဘူး။ နင်က စစ်မှန်တဲ့ သစ္စာတရားနဲ့ စိတ်ရင်းကို ခြိမ်းခြောက်ပြီး လုပ်ယူလို့မရဘူး။"

သူမ၏ အသံက ပျောက်ကွယ်သွားစဉ်မှာပင် သွေးအဆီအနှစ်က ပစ်မှတ်တစ်ခုဆီသို့ ပေါင်းစပ်သွားသည့် အသံဖျော့ဖျော့က အနီးနားမှ ထွက်ပေါ်လာလေ၏။

အန်လင်းနှင့် လျှိုချူးချူးတို့နှစ်ဦးစလုံးက အသံလာရာသို့ ခေါင်းလှည့်လိုက်ပြီး အတူတကွ သက်မချလိုက်ကြ၏။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..." လျှိုချူးချူး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး သူမမျက်လုံးထဲမှ အလင်းရောင်များက မှေးမှိန်သွားကာ တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။

အန်လင်း၏ မျက်နှာပေါ်ရှိ မှင်သက်နေသော အမူအရာက ရွှင်ပြသွားပြီး ရွှယ်ကျန်းထျန်ဆီသို့ ခုန်ဝင်သွားကာ တင်းတင်းဖက်ထားလိုက်လေတော့သည်။ "အဟားဟားဟား... ရွှယ်ကျန်းထျန် မင်းကို ချစ်တယ်နော်..."

ရွှယ်ကျန်းထျန်က အနည်းငယ် ရှက်သွားပြီး ချစ်စရာသွားငယ်လေးများကို ဖုံးကာပစ်လိုက်လေ၏။ "ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေနဲ့။ ငါ... ငါက နင့်ကို သခင်အဖြစ် လက်ခံချင်လို့မဟုတ်ဘူး။ နင်ခုဏက ထုတ်လိုက်တဲ့ အော်ရာကြောင့်မို့သာ အဲ့လိုလုပ်ဖို့ တွန်းအားပေးခံလိုက်ရတာ..."

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ...။ နင်က အရမ်းချစ်စရာကောင်းတော့ ဘာပြောပြော အမှန်ပါပဲ။"

အန်လင်းက သူ့၏ ပါးကို ရွှယ်ချန်းထျန်၏ နှင်းဖြူဖြူအမွေးများကို ပြုံးဖြီးကာ ပွတ်သပ်လိုက်လေ၏။

လျှိုချူးချူး: "..."

လျှိုချူးချူးက သူမ၏ မျက်နှာထက်တွင် နာကျင် စိတ်ပျက်ဟန်ဖြင့် ရင်ဘတ်ပေါ်တွင် လက်တင်လိုက်လေ၏။

ရွှယ်ကျန်းထျန်က အတင်းအကြပ် နာခံလိုက်ရသည်ဟု ပြောသောအခါ အတည်ပြောသည်မဟုတ်သည်ကို သူမသိပေ၏။ မည်သို့ဆိုဆို စိတ်ဝိညာဉ် သားရဲ စာချုပ်မချုပ်မီတွင် နှစ်ဖက်စလုံးက စာချုပ်ချုပ်ရန် အပြည့်အဝ ဆန္ဒရှိရမည်ဖြစ်သည်။

သာမန်အခြေအနေများအောက်တွင် အန်လင်း၏ ရက်စက်သော နည်းလမ်းက မြူနှင်းဝိညာဉ် သားရဲများ၏ နှလုံးသားထဲတွင် မကောင်းသော ခံစားချက်များ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပေ၏။ သို့သော် မည်သူက ထင်မည်နည်း... ရွှယ်ကျန်းထျန်က ခြိမ်ခြောက်မှုကို မဆန့်ကျင်ပါပေ...။ ထိုသည်က လျှိုချူးချူးလုံးဝ နားမလည်နိုင်သောအရာဖြစ်ပေ၏။

"ရွှယ်ကျန်းထျန်၊ မင်းရဲ့ လက်အောက်ခံတွေကို ငါ့ရဲ့စိတ်ဝိညာဉ် သားရဲဖြစ်လာဖို့ သိမ်းသွင်းကြည့်လို့မရဘူးလား။" အန်လင်းက ရွှယ်ကျန်းထျန်ကို ဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်လေ၏။

ရွှယ်ကျန်ထျန်က သူ့တောင်ပံကို ခတ်လိုက်ကာ ပြန်ဖြေလိုက်၏။ "ဒုက္ခခံမနေနဲ့တော့။ ငါတို့ မြူနှင်းဝိညာဉ်သားရဲတွေရဲ့ ဉာဏ်ရည်တိုးတက်မှုက အတော်လေး နောက်ကျတယ်။ အဲဒါအပြင် ငါတို့ရဲ့ ရေခဲအမျိုးအစားတာအို အခြေခံက အရမ်းကို အစွမ်းထက်တာ။ ချိတ်ဆွဲခြင်း ရေခဲကန်ရဲ့ ပျိုးထောင်ခြင်း စွမ်းအားနဲ့ ပေါင်းစည်းလိုက်ရင် တစ်ဦးဆီဖြစ်ခြင်းက အရမ်းပြင်းထန်တယ်။ အဲဒါမို့ သူတို့ရဲ့ ဉာဏ်ရည်က မမြင့်မားလာမချင်း တစ်ယောက်ယောက်နဲ့ စိတ်ဝိညာဉ် သားရဲ စာချုပ်ချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"

"အိုး..." ထိုသည်ကို ကြားပြီးနောက် အန်လင်းက ရုတ်တရက် သဘောပေါက်သွားလေ၏။ သူ့၏ တခြားသော သွေးစက် ၁၁ခုစလုံးက ကျရှုံးခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပါချေ။

ထိုသည်ကို ကြားပြီးနောက် လျှိုချူးချူး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ မြေပြင်ပေါ်သို့ လဲကျတော့မလိုပင် ဖြစ်သွားလေ၏။

အဲ့တော့ အန်လင်း မအောင်မြင်ရတဲ့ အကြောင်းအရင်းက အဲဒါကြောင့်ပေါ့...။

အန်လင်းက လျှိုချူးချူးအား အားနာလှသည့် အမူအရာဖြင့် ကြည့်လိုက်လေ၏။ "စိတ်မကောင်းပါဘူး... အဲဒါက ဒီလိုမျိုး ဖြစ်မယ်လို့ ငါလဲ မထင်ထားဘူးလေ...။"

လျှိုချူးချူးက ငေးငေးငိုင်ငိုင်ဖြင့် သူမ၏ ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာမှ မပြောပါချေ။ သူမက ခံစားချက်များကို မည်ကဲ့သို့ ​ဖော်ပြရမည်ကိုပင် မသိတော့ပါချေ။

သူမအလိုချင်ဆုံးသော စိတ်ဝိညာဉ် သားရဲမှာ ရွှယ်ကျန်းထျန်ဖြစ်၏။ ရွှယ်ကျန်ထျန်က သူများဦးသွားပြီ ဖြစ်သော်လည်း တခြားမြူနှင်းဝိညာဉ် သားရဲတစ်ကောင်ကို လက်ခံနိုင်ပါသေး၏။ သို့သော်... သူမက တခြားမည်သည့် မြူနှင်းဝိညာဉ် သားရဲနှင့်မှ စိတ်ဝိဉာဉ် သားရဲစာချုပ် ပြုလုပ်ရန် အခွင့်အရေး မရှိပါပေ။

သူမက ဝမ်းနည်းမှု ခံစားချက်မျ အလယ်တွင် နစ်မြုပ်နေကာ သူမ၏ မျှော်လင့်ချက်နှင့် အိပ်မက်များက ပျက်စီးသွားလေ၏...။

"တခြားနည်း တကယ်ပဲ မရှိတော့ဘူးလား။ သူတို့ရဲ့ ဉာဏ်ရည်ကို တိုးမြှင့်ပေးတာမျိုးပဲ ဖြစ်ဖြစ်ပေါ့။ ငါတကယ်ပဲ တစ်ကောင်လောက်တော့ လိုချင်လို့ပါ..." လျှိုချူးချူးက နှုတ်ခမ်းဆူလိုက်ကာ မြေပြင်ပေါ်ရှိ မြူနှင်းဝိညာဉ်သားရဲများကို ငုံ့ကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင် မျက်ရည်များက အရောင်လဲ့လာလေတော့သည်။

ရွှယ်ကျန်းထျန်က အေးစက်စွာ ရယ်လိုက်လေ၏။ "ဟမ့်... နင်က ငါ့ရဲ့ လက်အောက်ခံတွေ အကုန်လုံးကို လွတ်ပေးဖို့ ရည်ရွယ်ချက်ရှိခဲ့တာကို ထောက်ထားပြီးတော့ ငါ့နှလုံးသားရဲ့ ကြင်နာမှုကနေပြီးတော့ နည်းလမ်းတစ်ခုတော့ပြောပြမယ်။"

လျှိုချူးချူး၏ မျက်လုံးများ အရောင်တောက်သွားကာ မျှော်လင့်ချက်များ အသစ်ပြန်လည်ဖြစ်ထွန်းလာလေ၏။ "ဘာနည်းလမ်းလဲ။"

ရွှယ်ကျန်းထျန်က မြူနှင်းဝိဉာဉ် သားရဲတစ်ကောင်ကို သူ့တောင်ပံများထဲမှ တစ်ခုနှင့် ညွှန်ပြလိုက်လေ၏။ "အဲဒါက ငါ့ညီလေး ရှောင်ပေါထျန်ပဲ။ သူက လောလောဆယ် စစ်မှန်စွမ်းအား နောက်ဆုံးအဆင့်မှာ။ သူ့ကို စစ်မှန်စွမ်းအား အထွတ်အထိပ်အဆင့်ကို တက်အောင် လုပ်နိုင်ရင် သူ့ရဲ့ ဉာဏ်ရည်ကလည်း ရင့်ကျက်လာမှာ သေချာပြီးတော့ သူနဲ့ စိတ်ဝိညာဉ် သားရဲစာချုပ် ချုပ်လို့ ရလောက်မယ်။"

"သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကို မြင့်တင်ပေးရမယ်..." လျှိုချူးချူးက အလေးအနက်တွေးတောကာ မျက်မှောင် ကြုတ်လိုက်လေ၏။ ထို့နောက် သူမက ရေခဲစွမ်းအင်နှင့် ပေါင်းစပ်ထားသော အင်မော်တယ် သစ်သီး သုံးလုံးကို ထုတ်လိုက်ပြီး ရွှယ်ပေါထျန်ဆီသို့ အပြုံး​​လေးဖြင့် လှည့်လိုက်လေ၏။ "ဒီဟာတွေက အဆင့်၈ အင်မော်တယ်သစ်သီးဖြစ်တဲ့ ဆီးနှင်းအဆီအနှစ် ဝံပုလွေ သစ်သီးတွေပဲ။ ငါကဒါတွေကို မြူနှင်းနတ်မိမယ် ၂ယောက်ကို သတ်ပြီး ရလာတာ။ မင်က ငါ့ရဲ့ စိတ်ဝိညာဉ်သားရဲဖြစ်လာဖို့ သဘောတူရင် ဒါတွေ နင့်ကိုကျွေးမယ်လေ။ ဘယ်လိုလဲ။"

အံ့ဩတကြီး ဖြစ်နေသော အန်လင်းက သူ့၏ တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်လေ၏။

သူက မြူနှင်း နတ်မိမယ် နှစ်ယောက်ကိုတောင် သတ်ခဲ့တာ...။ သူက ရှေးဟောင်း ထိုက်ချူနယ်မြေထဲမှာ လူဘယ်နှယောက်တောင် သတ်ခဲ့တာလဲ...။

ရွှယ်ပေါထျန်က အဆင့် ၈ အင်မော်တယ် သစ်သီး နှစ်လုံးကို လိုအင်အပြည့်နှင့် ကြည့်လိုက်ကာ  သူ့တောင်ပံကို တဖျတ်ဖျတ်ခပ်နေပြီး မြေပြင်တွင် လူးလိမ့်နေပြီး နားမလည်နိုင်သော စကားများကို ရေရွတ်နေလေ၏။

"ဟီးဟီးဟီး... ငါအဲဒါကို သဘောတူတယ်လို့ ယူဆလိုက်မယ်..." လျှိုချူးချူးက ပြောကာ ဆီးနှင်းအဆီအနှစ် ဝံပုလွေသစ်သီးကို ရွှယ်ပေါထျန်ဆီသို့ ပေးလိုက်လေ၏။

ရွှယ်ပေါထျန်က သူ့ပါးစပ်ကို ဖွင့်ကာ အင်မော်တယ်သစ်သီးကို စတင် ဝါးနေပေတော့သည်။

စားပြီးသည့်နောက်တွင် သူက လျှိုချူးချူးကို ကြီးမား လုံးဝန်းသော မျက်လုံးများဖြင့် သနားစဖွယ် ကြည့်နေလေ၏။

"လိမ္မာတဲ့ ကောင်လေး..." လျှိုချူးချူးက ရွှယ်ပေါထျန်ကို ပွတ်သပ်လိုက်၏။ သူမက မိခင်ဗီဇဖြင့် လွှမ်းမိုးခံလိုက်ရပြီး ဒုတိယ ဆီးနှင်းအဆီအနှစ် ဝံပုလွေသစ်သီးကို ကမ်းပေးလိုက်လေ၏။

ရွှယ်ပေါထျန်က ဆီးနှင်းအဆီအနှစ်ဝံပုလွေ သစ်သီးကို အားရပါးရ စားသုံးလိုက်ပြီး လျှိုချူးချူးကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်နေလေ၏။

ရွှယ်ပေါထျန်၏ ကျင့်ကြံခြင်း အခြေခံက တိုးတက်လာသည့် လက္ခဏာ မပြသသောအခါ လျှိုချူးချူးက စိုးရိမ်မှုဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေ၏။ သို့သော်လည်း သူမက တတိယ ဆီးနှင်းအဆီအနှစ် ဝံပုလွေသစ်သီးကို ထပ်မံကမ်းပေးလိုက်လေ၏။

ရွှယ်ပေါထျန်က တတိယ ဆီးနှင်းအဆီအနှစ် ဝံပုလွေကိုလည်း အလျင်အမြန်ပင် ထပ်မံစားသုံးလိုက်ပြီး ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ပြသရင်း အဖြူရောင် အမွေးပွ ဘောလုံးတစ်လုံးကဲ့သို့ လှိမ့်နေလေ၏။ သို့သော် လျှိုချူးချူး၏ နှလုံးသားမှာ အသက်ရှုကြပ်သည်အထိ တုန်ယင်လာတော့၏။

သူက အင်မော်တယ် သစ်သီးသုံးလုံးကို ခွေးကျွေးလိုက်ရသည်လား။ ဘာဖြစ်လို့ မြူနှင်းဝိညာဉ်သားရဲရဲ့ ကျင့်ကြံခြင်းအခြေခံက ထူးခြားမှုမရှိရတာလဲ။

အန်လင်းက လျှိုချူးချူး၏ ကြေကွဲသွားသည့် အမူအရာကို မြင်သောအခါ လည်ချောင်းရှင်းလိုက်လေ၏။ "အဟမ်း... နင်က သူ့ခန္ဓာကိုယ်ပေါ်က ချိတ်စည်းကို ပြန်ဖြည်ဖို့ မေ့နေလို့ မြူနှင်းဝိညာဉ် သားရဲက ထိုးဖောက်မှုမလုပ်နိုင်တာ မဖြစ်နိုင်ဘူးလား။"

"အာ... ဟုတ်သားပဲ။" လျှိုချူးချူး၏ အမူအရာက ချက်ချင်းပင် မျှော်လင့်ချက်အသစ်များနှင့် တောက်ပလာလေ၏။

သူမက လက်ချောင်းများကို ဖိလိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခုက ရွှယ်ပေါထျန်၏ ပြည့်ဖောင်း လုံးဝန်းသောခန္ဓာကိုယ်မှ ထိုးထွက်လာလေ၏။ ထိုနောက် ချက်ချင်းပင် သူ့၏ အော်ရာက သိသိသာသာ တောက်ပလာလေ၏။

ဘုန်း...

ရွှယ်ပေါထျန်က ပုလင်းဝတစ်ခုအထိ ထိုးဖောက်သွားပုံရပြီး အေးစက်လှသော အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်မှ ဖြာထွက်စပြုလာလေ၏။

"ငါ့ညီလေးက စစ်မှန်စွမ်းအား အထွတ်အထိပ်အဆင့်ကို ထိုးဖောက်သွားပြီကွ...။" ရွှယ်ကျန်းထျန်၏ မျက်လုံးများက စိတ်လှုပ်ရှားစွာ အရောင်တောက်လာလေ၏။

လျှိုချူးချူး၏ လက်များက လိပ်ပြာတစ်ကောင်ကဲ့သို့ တစ်ဖြတ်ဖြတ်ခတ်နေပြီး ချိတ်စည်းများကို ပြုလုပ်ကာ သူမ၏ လက်ကို လှီးဖြတ်လိုက်ပြီး သွေးအဆီအနှစ် တစ်စက်ကို ရွှယ်ပေါထျန်ဆီသို့ ပို့လိုက်လေ၏။ "ရွှယ်ပေါထျန်၊ ငါနဲ့လိုက်ခဲ့။ အသီးတွေ ထပ်စားရအောင်လို့ လူတွေအတူတူ သတ်ကြမယ်လေ။"

ရွှယ်ပေါထျန်မာ အင်​မော်တယ်သစ်သီး၏ ကတိစကားကြောင့် လုံးဝလွှမ်းမိုးခံလိုက်ရပြီး လျှိုချူးချူး၏ သွေးအဆီအနှစ်ကို အားရပါးရစုပ်ယူကာ စာချုပ်ကို ပြီးပြည့်စုံစေလိုက်၏။

လျှိုချူးချူးက ရွှယ်ပေါထျန်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ကာ ပြောလိုက်လေ၏။ "အိုး... နင်က အရမ်းချစ်စရာကောင်းတာပဲ။ ငါက နင်ရွှယ်ကျန်းထျန်ထက် ချစ်စရာကောင်းလာအောင် ကျွေးမယ်။ နင့်ရဲ့ ထူးဆန်းတဲ့ နာမည်ကြီးကို ပြောင်းပစ်ရအောင်။ အခုကစပြီး ရွှယ်ပေါထျန်ဆိုတာကြီးအစား နင့်ကို ရွှယ်မုန်မုန်လို့ ခေါ်ကြမယ်။"

"ရီးရီးရားရား..." ရွှယ်မုန်မုန်က ဤနာမည်အသစ်ကို အလွန်ကျေနပ်ဟန်ဖြင့် သူ့ခေါင်းကို ငြိမ့်လိုက်လေ၏။

အန်လင်း : "..."

ရွှယ်ကျန်းထျန်က ဒေါသတကြီး နှာပွလာပေ၏။ "ငါပေးထားတဲ့ နာမည်ကို နင်က ဘယ်လိုလုပ်ပြီး စွန့်ပစ်ရဲတာလဲ။ မင်းကလဲ အဲဒါကို အရမ်းပျော်နေတယ် ဟုတ်လား။ မင်းက ငါ့ရဲ့ တကယ့်ညီလေး မဟုတ်တော့ဘူး။"

----------------

All Chapters