ကူညီရမှာလား မကူညီရဘူးလား
Vol. 37 Ch. 516
လျှိုချူးချူးက သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး ရွှယ်ကျန်းထျန်၏ ဒေါသတကြီး ရှုံ့ချသံကို လျစ်လျူရှုလိုက်ပြီး ကျန်ရစ်သော မြူနှင်းဝိညာဉ် ၁၀ကောင်ဆီသို့ တည်ကြည်သော မျက်နှာထားဖြင့် လှည့်လိုက်လေ၏။ "ငါတို့က ဒီမြူနှင်းဝိညာဉ် သားရဲတွေကို ဒီအတိုင်းပဲ ဒီမှာ ထားခဲ့မှာလား။ သူတို့ကလဲ ချစ်စရာကောင်းတာပဲ။ သူတို့ကို ထားခဲ့ရမှာ နှမြောစရာကြီးလို့ ခံစားရတယ်။"
အန်လင်းက ပုခုံးတွန့်ကာ ပြန်ဖြေလိုက်လေ၏။ "ငါတို့က သူတို့နဲ့ စိတ်ဝိညာဉ် သားရဲ စာချုပ်လဲ ချုပ်လို့မရဘူး။ အဲ့တော့ သူတို့ကို ထိုက်ချူကုန်းမြေကြီးကို ခေါ်သွားလို့မရဘူး။ အဲဒါဆို ဒီမှာ ထားခဲ့မှပဲ ရမှာ။"
"ဟင်း..." လျှိုချူးချူးက ထိုမြူနှင်းဝိညာဉ် သားရဲများနှင့် အလွန်ပင် မခွဲခွာလိုပါပေ။ သူမက သူတို့ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ညင်သာသော အသံဖြင့် ပြောလိုက်၏။ "မင်းတို့က ကြီးလာပြီးတော့ အပြင်းအထန် ကျင့်ကြံရမယ်နော်။ ငါ နောက်နှစ်၅၀၀ကျရင် ပြန်လာပြီးတော့ အရသာရှိတဲ့ အစားတွေ စားပြီး ကမ္ဘာကြီးကိုလေ့လာဖို့ လာခေါ်မယ်။ ငါ့ကို စောင့်နေရမယ်နော်။ ဟုတ်ပြီလား။"
အန်လင်းက အနည်းငယ် ပြောစရာမဲ့သွားလေ၏။ နှစ်၅၀၀...။ သူမက အရမ်းအဝေးကြီးကို တွေးနေတာ မဟုတ်ဘူးလား။
မြူနှင်းဝိညာဉ်သားရဲများ အားလုံးက လျှိုချူးချူးဘေးသို့ ဝိုင်းရံလာကြပြီး နာမလည်နိုင်သောစကားများ ပြောဆိုနေကြကာ သူမကို နှုတ်ဆက်လိုက်ကြလေ၏။ ရွှယ်မုန်မုန်သည်လည်း တောင့်တောင့်တတဟန်ဖြင့် သူတို့နှင့် စကားပြောနေကာ နှုတ်ဆက်စကား ဆိုနေကြသကဲ့သို့ပင်။
ထိုအခိုက်တွင် ရွှယ်ကျန်းထျန်မှာ အလွန်ပင် ပို၍ ဣန္ဒြေရနေပေ၏။ သူက နှုတ်ဆက်ကဗျာတစ်ခုကို တည်တည်ကြည်ကြည် ရွတ်ဆိုကာ ပြီးပြည့်စုံသော ခေါင်းဆောင်တစ်ဦး၏ စိတ်ဝိညာဉ်ကို ဥပမာ ပြနေလေ၏။
စိတ်ဝိညာဉ် သားရဲ စာချုပ် အောင်မြင်စွာ ချုပ်ဆိုပြီးနောက် လျှိုချူးချူးက တခြားသော မြူနှင်းဝိညာဉ် သားရဲများ အားလုံးအပေါ်မှ ချိတ်စည်းကို ပယ်ဖျက်ကာ နောက်ဆုံးအနေဖြင့် နှုတ်ဆက်လိုက်လေ၏။
ထို့နောက် အန်လင်းနှင့် တခြားသူများက ချိတ်ဆွဲခြင်းရေခဲကန်မှာ သူတို့သည်းခံနိုင်ရန် အလွန်ပင် အေးလှသည်မို့ အလျင်အမြန်ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြလေ၏။
သူမ၏ လက်တံများကို အသုံးပြုပြီးနောက် လင်းယင်က ရေခဲရုပ်ထုဖြစ်နေသော ဟုန်ဒူကို လှိုင်းဂူထဲမှ ထုတ်လိုက်လေ၏။
စိတ်ဆိုးနေသော အမူအရာဖြင့် အန်လင်းက သူ့၏ အံ့ဖွယ်မီးတောက်များကို အသုံးပြုကာ ဟုန်ဒူကို အရည်ပျော်စေလိုက်၏။
လှိုင်ဂူထဲမှ ထွက်လာပြီးနောက် ဟုန်ဒူ၏ စိတ်ဝိညာဉ် မီးတောက်က ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားခြင်းကို ဖျောက်ဖျက်ကာ တဖြည်းဖြည်း မီးပြန်လင်းလာပေ၏။
သူက အန်လင်း၊ လျှိုချူးချူးနှင့် ချစ်စဖွယ် လုံးဝန်နေသော မြူနှင်းဝိညာဉ် သားရဲများကို လှည့်ကြည့်ကာ သူတို့နှင့်အတူ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပျံသန်းလာခဲ့၏။
"ငါတစ်ခုခုကို လွတ်သွားသေးလား။" သူက သိလိုစိတ်အပြည့်နှင့် မေးလိုက်၏။
အန်လင်းက ရှင်းမပြချင်တော့၍ ထေ့ငေါ့ကာ ပြန်ဖြေလိုက်လေ၏။ "ဟုတ်တယ်။ ချင်မင်ဆက်က နန်းကျသွားပြီလေ။"
သို့ဖြစ်၍ လူတိုင်းက နယ်မြေအဆီအနှစ်သလင်းကျောက်များကို ရှာဖွေရန် ပြန်လည်စတင်လိုက်ကြ၏။
"ငါတို့သွားမဲ့ နောက်တစ်နေရာက ကောင်းကင်ဘုံ မြူနှင်းချောက်နက်တောင်ရဲ့ တောင်ထိပ်ပဲ။ အဲဒါက ကောင်းကင်ဘုံ ချောက်နက်နဲ့ အနီးဆုံးနေရာပဲ။ ပြီးတော့ အဲ့မှာ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ပေါ်လာနိုင်ချေ အတော်များတယ်။" အန်လင်းက မြေပုံ အသေးလေးတစ်ခုကို ထုတ်ကာ စကားမပြောခင် အရေးကြီးသော နေရာတစ်ချို့ကို တံဆပ်ကပ်လိုက်လေ၏။
ကောင်းကင်ဘုံ မြူနှင်းချောက်နက်တောင်မှာ သူတို့ရှိနေသော နေရာနှင့် ကီလိုမီတာ ၅၀၀ကျော်သာ ဝေးပြီး သူတို့က အဝေးရှိ ကောင်းကင်တွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခုကို တွေ့နိုင်ပေ၏။
သူတို့က တောင်နှင့် ပိုပိုနီးလာသည်နှင့်အမျှ အနက်ရောင် အက်ကွဲကြောင်းကြီးထဲမှ ဖျက်ဆီးနိုင်သော စွမ်းအားကို အာရုံခံမိလာလေ၏။
သူတို့က အက်ကွဲကြောင်းထဲတွင် ဘာရှိသလဲဆိုသည်ကို မပြောနိုင်ပါပေ။ သူတို့၏ ရှုထောင့်မှ ကြည့်ပါက ထိုသည်မှာ အရာအားလုံးကို ဝါးမြိုပစ်မည့် အလွန်ကြီးမားသည့် ပါးစပ်ကြီးနှင့် တူပေ၏။ အက်ကွဲကြောင်းကြီးက ဖရိုဖရဲနှင့် ဖျက်ဆီးတတ်သော စွမ်းအားများ ထုတ်လွတ်နေလေ၏။
အတန်ကြာ ပျံသန်းပြီးနောက် လျှိုချူးချူးက တောင်တစ်ခု၏ ထိပ်ကို ရွေးချယ်ကာ သူမ၏ အဝေးကြည့် မျက်လုံးများကို အသုံးပြုပြီး ကောင်းကင်ဘုံ မြူနှင်းချောက်နက်တောင်၏ အဓိကတောင်ထိပ်ရှိ အခြေအနေကို လေ့လာလိုက်၏။ သူမက ရန်သူများက သူ့တို့ကို မမြင်ခင်၌ ရန်သူ၏ တည်နေရာကို ရှာဖွေရန် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုနိုင်သော စွမ်းရည်ကို အသုံးပြုနိုင်သည်မို့ အဖွဲ့ထဲတွင် အကောင်းဆုံး ကင်းထောက်ဖြစ်လေ၏။
လျှိုချူးချူးက တောင်ထိပ်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေလိုက်ပြီး အဓိက တောင်ထိပ်သို့ အာရုံစိုက်ပြီး ငေးကြည့်လိုက်သောအခါ အံ့ဩသောအမူအရာတစ်ခုက သူမ၏ မျက်နှာထက်တွင် ပေါ်လာလေ၏။
သူမက လှောင်ပြောင်သော အသံဖြင့် ရယ်မောကာ ပြောလိုက်၏။ "ဟမ့်... ငါတို့ပြောသလိုပဲ အဓိကတောင်ထိပ်ပေါ်မှာ ဆန်ကုန်မြေလေးတွေကြား တိုက်ပွဲတစ်ခုဖြစ်နေတယ်..."
အန်လင်းက နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်ပြီး မေးလိုက်လေ၏။ "ဆန်ကုန်မြေလေးတွေကြားက တိုက်ပွဲ..."
"တောင်ပေါ်မှာ မြူနှင်းနတ်မိမယ် ၆ယောက်နဲ့ နဂါး၄ကောင်က တိုက်ပွဲဖြစ်နေကြတယ်။ ကျွတ်... အဲ့နဂါးတွေက အစွမ်းထက်တာ အသေအချာပဲ မြူနှင်းနတ်မိမယ်တွေက သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး..." လျှိုချူးချူးက သူတို့ရန်သူများ၏ ကံခေမှုကို ကျေနပ်စွာ ကြည့်နေရင်း မှတ်ချက်ပေးလိုက်၏။
ထိုသည်ကို ကြားပြီးနောက် အန်လင်းက ရုတ်တရက် သဘောပေါက်သွားလေ၏။ နဂါးများမှာ အနောက်ပိုင်း ကောင်းကင်ဘုံနဂါးတောအုပ်ထဲမှ နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင်များဖြစ်ကြပြီး ကောင်းကင်ဘုံခုံရုံး၏ ဆန့်ကျင်ဘက် စွမ်းအားတစ်ခုဖြစ်ပေ၏။
သူတို့မှာ အလွန်အမင်း ပြည့်စုံသော အမွေအနှစ်များနှင့် အစွမ်းထက် အားအင်တစ်ခုဖြစ်၍ အလွန်ပင် အစွမ်းထက်သော ကျင့်ကြံသူများဖြစ်ကြပြီး သူတို့အားလုံးမှာ ကျင့်ကြံခြင်းအခြေခံတူသော ကျင့်ကြံသူများကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်စွမ်း ရှိပေ၏။
"ကြည့်ရတာ ငါတို့က နဂါးတွေက မြူနှင်းနတ်မိမယ်တွေ အကုန်လုံးကို သတ်ပစ်တာကို ထိုင်စောင့်နေပြီးမှ အလစ်ဝင်တိုက်ပြီး နဂါးတွေ အကုန်လုံးကို သတ်လိုက်လို့ရတယ်။ သိုလှောင်လက်စွပ် ၁၀ခုတောင်..." လျှိုချူးချူး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားပြီး ထိုကြီးမားသော အခွင့်အရေးကို တွေးတောနေလေ၏။
ထိုသည်က လျှိုချူးချူး၏ အလုပ်နှင့်ဆိုင်သောရောဂါဖြစ်သည်ကို သိပေ၏။
သို့သော် သူက တကယ်တော့ သူမ၏ အစီအစဉ်ကို မငြင်းဆိုပါပေ။ သူက မြူနှင်းနတ်မိမယ်များကို စိတ်မခုနေပါသော်လည်း သူတို့ကို စာနာစိတ်တော့မရှိပါချေ။
သူ့၏ သူငယ်ချင်း ရှန်းကွမ်ယီပင် မြူနှင်းနတ်မိမယ်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး သို့ဖြစ်၍ သူတို့က နဂါးများ၏ သတ်ဖြတ်ခြင်းခံရပါလျှင်မူ သူတို့အတွက် စိတ်မကောင်းဖြစ်မည် မဟုတ်ပါပေ။
ခဏလေး... ရှန်းကွမ်ယီ...။
အတွေးတစ်ခု ရုတ်တရက် ပေါ်လာသောအခါ အန်လင်း၏ အမူအရာက ရှုံ့မဲ့သွားလေတော့သည်။
ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် မြူနှင်းနတ်မိမယ်များက ရှေးဟောင်း အံ့ဖွယ်အပိုင်းကို ဝင်နိုင်ကြတယ်။ အဲဒါဆို ရှန်းကွမ်ယီလဲ ဒီမှာ ရှိလောက်လား။ ဘာပဲဖြစ်ဖြစ် သူမကလည်း ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။
ထိုအခိုက်၌ ကောင်းကင်ဘုံ ချောက်နက် တောင်ထိပ်၏ အဓိက တောင်ထိပ်ပေါ်တွင်...
လေပြင်းများက ဓားချွန်ချွန်များသဖွယ် ခန္ဓာကိုယ် ပတ်လည်တွင် လည်ပတ်နေသည့် အရွယ်အစားအားဖြင့် ပေတစ်ရာခန့်ရှိသော အနက်ရောင် နဂါးတစ်ကောင်က မြူနှင်းနတ်မိမယ် တစ်ဦး၏ ရေခဲသလင်းကျောက် အကာအကွယ် ဖွဲ့စည်းခြင်းအား ကြောက်မက်ဖွယ် အင်အားဖြင့် ဖြိုခွင်းကာ သူမ၏ ခန္ဓာကိုယ်အား အညှာအတာမဲ့ အပိုင်းပိုင်း ဖြဲပစ်လိုက်လေ၏။
"ဟားဟားဟားဟား... အဲဒါဆိုလဲ ငါက ဒီမြူနှင်းနတ်မိမယ်ရဲ့ အဓိက စွမ်းအင်ကို ယူမယ်ကွ။" အနက်ရောင် နဂါးက မြူနှင်းနတ်မိမယ်၏ ခန္ဓာကိုယ်အား မျိုချလိုက်ပြီး ရက်စက်သော အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။
"ငါနင့်ကို သတ်မယ်..." နန်းတော်ခေါင်းဆောင် ချီ၏ ကြီးမားသောရေခဲတောင်ပံကြီးက ပြန့်ကားလာကာ သူမက အနက်ရောင်နဂါးဆီသို့ တိုးဝင်သွားပြီး သူမ၏ လက်များဖြင့် ရှေးဟောင်းချိတ်စည်းတစ်ခုကို ပြုလုပ်လိုက်လေ၏။ အပြာရောင် ရှေးဟောင်းချိတ်စည်းက ကျယ်ပြန့်လာကာ နဂါး၏ ပတ်လည်ရှိ လေပြင်းများကို ဖျောက်ဖျက်ပစ်လိုက်ပြီး သူ့ခန္ဓာကိုယ်အား တိုးဝင်သွားလေ၏။
ဘုန်း...
အနက်ရောင်နဂါး၏ ခန္ဓာကိုယ်က ရှေးဟောင်းချိတ်စည်း၏ အားအင်အောက်သို့ ဝင်ရောက်သွားပြီး နောက်သို့ ပျံထွက်သွားကာ ပါးစပ်မှ သွေးများ ထွက်လာလေ၏။
ထိုအခိုက်မှာပင် မြူနှင်းနတ်မိမယ်တစ်ဦး၏ နာနာကျင်ကျင် အော်ဟစ်သံက အနီးနားမှ ထွက်ပေါ်လာလေ၏။
နန်းတော်ခေါင်းဆောင်ချီက လှည့်ကြည့်လိုက်ရာ ရွှေရောင် အမြွှာဓားနှစ်ချောင်း ကိုင်ထားသော အဖြူရောင်နဂါးတစ်ကောင်က မြူနှင်းနတ်မိမယ်တစ်ဦး၏ ခန္ဓာကိုယ်အား နှစ်ပိုင်းပိုင်းလိုက်သည်ကို တွေ့လိုက်ရ၏။
"နန်းတော် ခေါင်းဆောင်၊ ကျွန်မတို့ ပြေးမှရမယ်။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်မတို့ အကုန်လုံးသေကုန်လိမ့်မယ်။" ကျစ်လစ်သော မြူနှင်းနတ်မိမယ်တစ်ဦးက နန်းတော်ခေါင်းဆောင် ချီကို အသည်းအသန် တောင်းပန်လိုက်၏။
သူမက ဒီနေရာတွင် သူမကိုယ်သူမ မစတေးလိုပါ။ သေဆုံးခြင်း၏ အကြောက်တရားက သူမတွင်ရှိသော တိုက်ပွဲဆန္ဒများအားလုံးကိာ ဖောက်ဖျက်ပစ်လိုက်ပေ၏။
နန်းတော်ခေါင်းဆောင်ချီက အေးစက်စက်အမူအရာဖြင့် တုန့်ပြန်လိုက်၏။ "လုဝေး... ငါတို့ရဲ့ မစ်ရှင်ကို မမေ့နဲ့။ ငါတို့က ဘာပဲဖြစ်ဖြစ် ရှန်းကွမ်ယီကို လက်လျော့လို့မရဘူး။ သူမက သေမယ်ဆိုရင်တောင် သူမ မသေခင်မှာ ငါတို့သေမှ ရမယ်။"
လုဝေးက သူမ၏ အောက်နှုတ်ခမ်းကို မခံမရပ်နိုင်ခြင်း မကျေနပ်ခြင်းတို့ဖြင့် ကိုက်ချလိုက်လေ၏။
ထိုအခိုက်တွင် ခန္ဓာကိုယ်တစ်ခုလုံးကို အပြာရောင် လျှပ်စီးဖြင့် လွှမ်းခြုံထားသော လျှပ်စီးနဂါးတစ်ကောင်က သူမအပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ဆင်းသက်လာလေ၏။
နန်းတော်ခေါင်းဆောင်ချီ၏ ကာကွယ်မှုမရှိပါက သူမက လွန်မြောက်ရန် အခွင့်အရေး မရှိပါပေ။ သူမက လွတ်မြောက်ရန် ကြိုးစားပါက သူမကိုစောင့်မျှော်နေမည့်အရာအားလုံးမှာလဲ သေဆုခြင်းသာ ဖြစ်ပေလိမ့်မည်...။
ရိုးရှင်းလှစွာပင် လွတ်လမ်း လုံးဝ မရှိပါပေ။ လုဝေးက သူမ၏ ဓားကို ခေါင်းပေါ်သို့ မြှောက်လိုက်၏။ ထို့နောက် သူမက ဟစ်ကြွေးသံတစ်ခု ပြုလိုက်ကာ လျှပ်စီးနဂါးဆီသို့ အစွမ်းကုန် တိုးဝင်သွားလိုက်ရာ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများကြောင့် အဝေးသို့ လွင့်ထွက်သွားရလေ၏။
အပြာရောင် လျှပ်စီးက အလွန်အစွမ်းထက်ရုံသာမကပဲ သူမ၏ သက်ရှိစွမ်းအင်ကိုလဲ ချိတ်ပိတ်နိုင်ပြီး သူမ၏ တစ်ကိုယ်လုံးကို အကြောသေသွားစေ၏။
သူမအပေါ်သို့ ဆင်းသက်လာသော လျှပ်စီးနဂါးကို ကြည့်နေရင်းနှင့် စိတ်ပျက်အားငယ်မှုက သူမမျက်နှာထက်တွင် ပေါ်လာလေ၏။
သူမ၏ မျက်နှာထက်တွင် ဖြေမဆည်နိုင်သော အပြုံးတစ်ခု ပေါ်လာလေ၏။ သူမက တစ်စုံတစ်ယောက်အတွက် အမြှောက်ဆံတစ်ခုကဲ့သို့ စတေးခံရန် ဤအထိပင် ရောက်လာခဲ့ရ၏။
သို့သော် ထိုအချိန်မှာပင် သူမရှေ့တွင် သူ့ဓား၏ ပတ်လည်တွင် ရွှေရောင်လျှပ်စီး လည်ပတ်နေသည့် အနက်ရောင်တစ်လက်ကိုင်ထားသော ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာလေ၏။
လျှပ်စီးနဂါးက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ငါတို့ရဲ့ တိုက်ပွဲထဲမှာ ကြားဝင်ရဲတယ်လား လူသား။ ထွက်သွားစမ်း...။ ဒါမှမဟုတ်ရင် ငါ့ရဲ့ လျှပ်စီးနဲ့ သေအောင် မီးမြှိုက်ပစ်လိုက်မယ်။"
စကားပြောနေစဉ်မှာပင် နဂါး၏ ခန္ဓာကိုယ်ပတ်လည်ရှိ လျှပ်စီးက အမျိုးသား၏ ခန္ဓာကိုယ်ထက်သို့ ကမ္ဘာမြေအက်ကွဲစေသည့် အားအင်ဖြင့် ဆင်းသက်လာပြီး ဖြစ်ပေ၏။ ကောင်းကင်တစ်ခုလုံးက အပြာရောင် ခြယ်သွားကာ မိုးခြိမ်းသံများက ကောင်းကင်နှင့် မြေကြီးတစ်လျှောက်တွင် ပျံ့နှံ့လာလေ၏။
အဖြူရောင် ဝတ်ရုံနှင့် အမျိုးသားက အေးစက်စွာပြုံလိုက်၏။ "ငါ့ကို သေအောင် မီးမြှိုက်မယ်...။ အဲဒါက ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံး ဟာသပဲ။"
"မင်းက တကယ့် လျှပ်စီးဆိုတာ ဘာလဲဆိုတာတောင် မသိသေးပါဘူး..."
သူ့၏ အနက်ရောင်ဓားကို အသုံးပြုကာ အမျိုးသားက အဝေးရှိ လျှပ်စီးနဂါးဆီသို့ တည်ကြည်သောအမူအရာဖြင့် ခုတ်ပိုင်းပစ်လိုက်ပြီး နေရာလပ်ကို အမှုန့်ခြေပစ်နိုင်သော စွမ်းအင်နှင့် ပြည့်နေသော ရွှေရောင်လျှပ်စီးက လေထုကို ဖြတ်သန်းကာ လင်းလက်သွားလေ၏။ ထိုအခိုက်၌ အပြာရောင် လျှပ်စီးကြောင်းများအားလုံးက သူတို့ကိုယ်ပိုင်စိတ်ရှိသည့်ဟန်ဖြင့် ရုတ်တရက် နောက်သို့လှည့်ကာ ရွှေရောင်လျှပ်စီးကြောင်းများနှင့် ပေါင်းစပ်သွားပြီး နဂါးဆီသို့ ပျံသန်းသွားလေ၏။
"မ... မဖြစ်နိုင်တာ..."
လျှပ်စီးနဂါး၏ မျက်လုံးများက စိတ်ရှုပ်ထွေးစွာဖြင့် အလန့်တကြား ပြူးကျယ်သွားလေ၏။
ထို့နောက်မှာပင် ရွှေရောင် လျှပ်စီးက သူ့ခန္ဓာကိုယ်အား နှစ်ပိုင်း ပိုင်းပစ်လိုက်ကာ လေထဲတွင် ခမ်းနားလှသော ရွှေရောင်လမ်းကြောင်းတစ်ခုနှင့် သွေးမိုးတစ်ခုကို ပေါင်းစပ်ကာ ချန်ရစ်ထားခဲ့လိုက်လေ၏။
လုဝေးက သူမရှေ့တွင် ဖြစ်သွားသော မြင်ကွင်းကို အကြောင်းသား ငေးကြည့်ကာ ယုံကြည်မှုအပြည့်နှင့် အစွမ်းထက်သော အမျိုးသားတစ်ဦး၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားလေတော့၏။
"နင်က... လူသားတစ်ယောက်ပဲ။"
"ငါ့ကို လူသားတစ်ယောက်က ကယ်လိုက်တယ်..."
လုဝေးက အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။
---------------------