ရှန်းကွမ်ယီနှင့် ထပ်မံ တွေ့ဆုံခြင်း
Vol. 37 Ch. 517
ထိုကဲ့သို့ တွေးတောခြင်းကြောင့် လုဝေးအား မည်သူမှ အပစ်တင်၍ မရပါပေ။ မည်သို့ဆိုဆို မြူနှင်းနတ်မိမယ်များမှာ လူသားမျိုးနွယ်၏ ရန်သူများ ဖြစ်ကြပေ၏။
ထိုသည်မှာ တစ်ဖက်နှင့် တစ်ဖက် ချေမှုန်းပစ်ရမည့် ဆက်ဆံရေးမဟုတ်သော်လည်း မျိုးနွယ်စုနှစ်ခုအကြားမှ ဆက်ဆံရေးမှာ မည်သည့်အခါမှ မပြေလည်ခဲ့သည်မှာတော့ ငြင်းဆန်၍ မရပါပေ။
စိတ်ဝိညာဉ် တစ်သောင်း အင်မော်တယ်ဂိုဏ်းနှင့် ဗာမီလီယမ် ငှက်ဂိုဏ်းတို့ကို ကျူးကျော်ဝင်ရောက်ပြီးနောက် မျိုးနွယ်နှစ်ခုအကြားမှ ဆက်ဆံရေးမှာ ပို၍ပင် ဆိုးဝါးသွားပြီး မြင်သည်နှင့် တိုက်ပွဲဖြစ်လောက်သည်အထိ ဖြစ်သွားလေ၏။
ယခုတွင် သူမကို တယ်တင်လိုက်သော အစွမ်းထက် လူသားတစ်ဦးအတွက်တော့ သူမမှာ လုံးဝပင် နားမလည်နိုင်အောင် ဖြစ်နေလေ၏။
"ကျေးဇူးပါ..." လုဝေးက တဖြည်းဖြည်း အသိစိတ်ဝင်လာပြီး ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်လေ၏။
အမျိုးသားက သူမကို မျက်လုံးထောင့်မှ လှည့်ကြည့်လိုက်၏။ သို့သော် သူ့၏ အေးစက်စက် သွင်ပြင်များပေါ်တွင် အမူအရာလုံးဝပင် ရှိမနေပါချေ။
သူက တောင်ထိပ်ရှိ ရေခဲသလင်းကျောက်ကြီးကို မော့ကြည့်လိုက်ပြီး အမူအရာက သိိသိသာသာ ပြောင်းလဲသွားလေ၏။
"အဲ့တော့ တကယ်ပဲ နင်ပေါ့... အမရှန်းကွမ်ယီ။"
အမျိုးသားမှာ အန်လင်းမှ လွှဲ၍ တခြားသူ မဟုတ်ပါပဲ သူက ရေခဲသလင်းကျောက်အတွင်း၌ တရားထိုင်နေသော အမျိုးသမီးကို အောက်မေ့ ပျော်ရွှင်စွာ ကြည့်လိုက်လေ၏။
အမျိုးသမီးက သူမ၏ မျက်လုံးများကို တင်းတင်းစေ့ထားပြီး သူမ၏ နှင်းကဲ့သို့ ဖြူစွတ်စွတ် အသားအရေပေါ်တွင် အပြာရောင် ၀တ်စုံကို ၀တ်ထား၏။ သူမ၏ ခါးအောက်ထိ ရောက်နေသော အနက်ရောင် ဆံပင်ရှည်များသည် မြူနှင်းနတ်မိမယ်များကြားတွင် ဖြစ်လေ့ဖြစ်ထရှိသော ငွေရောင်ဆံပင်များအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ သူမ၏ နဖူးကြားတွင် အနက်ရောင် သင်္ကေတတစ်ခုက လင်းလက်နေပြီး ကောင်းကင်ရှိ အက်ကွဲကြောင်းဆီမှ စွမ်းအားတစ်မျိုးကို မဆုတ်မနစ် စုပ်ယူနေလေ၏။
"အစ်မ ရှန်းကွမ်ယီ ကျွန်တော်ပါ။ အန်လင်းလေ။" အန်လင်းက သလင်းကျောက်၏ အပြင်မှ အော်ခေါ်လိုက်လေ၏။
ရှန်းကွမ်ယီ၏ မျက်လုံးများက အနည်းငယ် တုန်ယင်သွားသော်လည်း သူမက မျက်လုံးမဖွင့်လာပါပေ။
"အန်လင်း... သူက အန်လင်းလား။" ခုဝေးက အမျိုးသားကို စိုက်ကြည့်ကာ ရေရွတ်လိုက်ပြီးအံ့အားသင့်သော အမူအရာတစ်ခုက သူမမျက်နှာထက်တွင် ပေါ်လာလေ၏။
အန်လင်း၏စွမ်းဆောင်မှုပုံပြင်များသည် မြင့်မြတ်ရေခဲကုန်းမြေများတစ်လျှောက်လုံးတွင် ပျံ့နှံ့နေပြီး၊ ထို့ကြောင့်ပင် သူ့အား ထိုနေရာတွင် ဒဏ္ဍာရီဆန်ဆန်အဆင့်အတန်းတစ်ခုသို့ မြှင့်တင်ထားလေ၏။
တခြားသော အစွမ်းထက် မြူနှင်းနတ်မိမယ်လေးများက သူသည် မြင့်မြတ်ဗာမီလီယမ် မီးတောက်ကို ရရှိရန် ရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်ဟု ယုံကြည်ကြ၏။
အန်လင်း၏ရုတ်တရက် ထွက်ပေါ်လာမှုသည် မြူနှင်းနတ်မိမယ်များနှင့် နဂါးများကြားမှ တိုက်ပွဲတွင် အခြေအနေများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်လေ၏။
"အန်လင်း..." သူမ မျက်နှာထက်တွင် အံ့ဩမှု၊ မယုံနိုင်မှုတို့ဖြင့် နန်းတော်ခေါင်းဆောင် ချီက ကြီးမားသော သလင်းကျောက်ကြီး ဘေးတွင် ရပ်နေသော အမျိုးသားကို ငေးကြည့်လိုက်လေ၏။
"ငါ့အစ်ကိုသတ်တဲ့အတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်။"
လျှပ်စီးနဂါး၏သေဆုံးမှုကိုမြင်ပြီးနောက် ကြီးမားသောမီးတောက်နေသောနဂါးကြီးသည် လုံးဝအမျက်ဒေါသဖြစ်နေလေ၏။ ထိုသည်က သူ့၏ လက်သည်းကြားတွင် သေလုမြောပါးဖြစ်နေတဲ့ နှင်းအပျိုကို စွန့်ပစ်လိုက်ကာ အန်လင်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေ၏။ အကန့်အသတ်မဲ့ ကြက်သွေးရောင် မီးတောက်များက ၎င်း၏ပါးစပ်မှ စီးဆင်းလာကာ ကြက်သွေးရောင် လှိုင်းလုံးကြီးများအဖြစ် အန်လင်းပေါ်သို့ ပြိုကျလာလေသည်။
သေးငယ်သော ပုံရိပ်လေးတစ်ခုက လေထုကို ဖြတ်သန်းကာ အရှိန်ပြင်းပြင်းဖြင့် အန်လင်းရှေ့တွင် ပေါ်လာလေ၏။ သူမက သူမ၏ အဖြူရောင် ဓားရှည်ကို လေထုကို ဖြတ်ပိုင်းလိုက်သောအခါ ကြီးမားသော အပြာရောင် ကြာပွင့်တစ်ပွင့်က အန်လင်းနှင့် သူမကို်ယ်တိုင်အား ချက်ချင်း လွှမ်းခြုံသွားလေ၏။
ဘုန်း...
ကြက်သွေးရောင် မီးတောက်များက တောင်ထိပ်တစ်ခုလုံးကို ဝါးမြိုပစ်လိုက်ပြီး တောင်ထိပ်အား မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်လေ၏။
နှိုင်းယှဉ္ကြည့်ပါက သိိသိသာသာ သေးငယ်သော ကြာပန်းငယ်လေးက မီးတောက်များတွင် အရည်မပျော်သွားရုံတင်မကပဲ တောက်တောက်ပပနှင့် ပိုပြီးလှပလာလေ၏။
"ငါ့ကို စိတ်မပူနဲ့ တီနာ။ သွားပြီး တခြားကျန်တဲ့နဂါးတွေကို ဂရုစိုက်လိုက်။" အန်လင်းက ညွှန်ကြားလိုက်၏။
"ဟုတ်ပြီ။" တီနာ၏ သေးငယ်သော ပုံရိပ်လေးက လေထဲတွင် ဖြတ်ပျံသွားပြီး မီးတောက်ပင်လယ်ကို ဖြတ်ကာ မီးတောက်နဂါးဆီသို့ တိုးဝင်သွားလေ၏။
"ကိုယ်နေရာကိုယ်သိစမ်း အင်းစက်ကောင်..." မီးတောက်နဂါးက သူ့ဆီပျံသန်းလာသော ပုံရိပ်အသေးလေးအား အေးစက်စွာ လှောင်ပြောင်လိုက်လေ၏။ ထို့နောက် ထိုသည်က သူ့၏ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ကာ ကြောက်မက်ဖွယ် မီးတောက်များက ထိုအထဲမှ ထွက်လာလေ၏။
သို့သော် ထိုအချိန်မှာပင် မြူနှင်းဝိညာဉ် သားရဲနှစ်ကောင်က ရုတ်တရက် လေထုကို ဖြတ်သန်းကာ တောက်ပလာပြီး မီးတောက်နဂါးဆီသို့ ဉက္ကာခဲ အဖြူနှစ်ခဲ သဖွယ် ပျံသန်းသွားကာ အထူမြူနှင်း စွမ်းအင်နှင့် ပြည့်နှက်နေသော ပိုင်နက်နယ်မြေကို ဖန်တီးပြီး မီးတောက်နဂါး၏ လူပ်ရှားမှုများကို ခေတ္တမျှ တုံ့ဆိုင်းသွားလေ၏။
"ဟမ့်... ရေအိုင်လောက်..."
မီးတောက် နဂါးက သူ့၏ စကားကိုပင် ဆုံးအောင် ပြောခွင့်မရလိုက်ခင်မှာပင် အဖြူရောင် လျှပ်စီးများနှင့် မရေမတွက်နိုင်သော လက်တံများက လေထုကို ထိုးဖောက်ကာ ထိုအရာ၏ လောင်ကျွမ်းနေသော ခန္ဓာကိုယ်အား အမိဖမ်းလိုက်လေ၏။
ထို့နောက် မီးတောက် ကျောက်ဘီလူးကြီးတစ်ကောင်က ကောင်းကင်မှ ဆင်းသက်လာကာ မီးတောက်နဂါး၏ ဦးခေါင်းဆီသို့ ဖျက်ဆီးစေနိုင်သော စွမ်အားဖြင့် သူ့၏ လက်သီးကို ပိတ်ထိုးလိုက်လေ၏။
ဘုန်း...
ကြီးမားသော အသံလှိုင်းကြီးတစ်ခုက နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။
မီးတောက်နဂါးက သူ့ခေါင်းမှ အလွန်နာကျင်သွားသည်ဟု ခံစားလိုက်ရပြီး ထုတ်လွတ်တော့မည့်ဆဲဆဲ မန္တန်နည်းစနစ်ကိုပင် စွန့်ပစ်လိုက်ရလေ၏။
ထိုအချိန်မှာပင် မြူနှင်းဝိညာဉ် သားရဲနှစ်ကောင်က သူ့၏ ဝမ်းဗိုက်သို့ ဝင်တိုက်လိုက်လေ၏။
နှင်းဝိညာဉ်သားရဲများသည် အခြားအရာများတွင်တော့ အလွန်မတော်ပါပေ။ သို့ေသာ် တည့်တိုး တိုက်ခတ်ခြင်းသည် သူတို့နှင့်အတူမွေးဖွားလာခဲ့သည့် သဘာဝစွမ်းရည်တစ်ခုဖြစ်လေ၏။ ၎င်းတို့၏ တိုက်ခတ်ခြင်းအတွင်း၌ ပြည့်နှက်နေသော စွမ်းအားသည် ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးထံမှ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်း၏ စွမ်းအားနှင့် ညီမျှပေသည်။
ဘုန်း...
မီးတောက်နဂါး၏ ဝမ်းဗိုက်တွင် ကြီးမားသော အချိုင့်တစ်ခု ပေါ်လာပြီး ကီလိုမီတာပေါင်းများစွာရှိ ဦးတည်ချက်ပေါင်းစုံသို့ ဖြာထွက်သွားမည့် အသံလှိုင်းတစ်ခုကို ဖန်တီးလိုက်လေ၏။
ထိုသည်က အလန့်တကြား မျက်လုံးများ ပြူးကျယ်သွားကာ သွေးနှင့် မီးအပြည့် အန်ထုတ်လိုက်လေ၏။
မီးတောက်နဂါးက ခေါင်းမော့လိုက်သောအခါတွင် အထူးမြူနှင်းစွမ်းအားဖြင့် ပြည့်နှက်နေသော အလွန်တောက်ပသည့် အပြာရောင်ဓားအလင်းတန်းတစ်ခုက လေထုကိုဖြတ်ကာ သူ့ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရလေ၏။
သူယခင်က အထင်သေးခဲ့သော ပုံရိပ်လေးမှာ ယခုတွင် ကြောက်ရွံ့စိတ်များ ဖြစ်လာစေ၏။ ထိုသည်မှာ သူ့၏ ကြီးမားသော ခန္ဓာကိုယ်အား လွှမ်းခြုံသွားမည့် ကံကြမ္မာဆိုးကို အာရုံခံမိသည့် အချိန်လည်းဖြစ်ပေ၏။
မီးတောက်နဂါးမှာ လုံးဝပင် စိတ်ပျက်အားငယ်နေလေ၏။ ဤကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ် အများအပြားဆီမှ အတွဲညီညီ ပေါင်းစပ် တိုက်ခိုက်မှုအောက်တွင် ထိုသည်က ကြီးမားသော သက်ရှိ သဲအိတ်တစ်အိတ်အဖြစ် လျော့ကျသွားလေ၏။
မီးတောက် နဂါးဆီသို့ ဆင်းသက်လာသော အပြာရောင်ဓားအလင်းတန်းမှာ ထိုအရာကို နှစ်ပိုင်း ခွဲပစ်ကာ သူ့အသက်ကို ချက်ချင်းပင် အဆုံးသတ်ပစ်လိုက်၏။
ဓားနှစ်လက် ကိုင်ဆောင်ထားသော အဖြူရောင် နဂါးကြီးသည် အဝေးက နဂါးနက်ကို မကြည့်ခင်၌ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် မြူနှင်းနတ်မိမယ်တစ်ဦးကို သတ်ပစ်လိုက်လေ၏။ သူတို့က မျက်လုံးချင်းဆုံလိုက်သည်နှင့် နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ချက်ခြင်း ပြေးသွားကြလေ၏။
"နင်တို့ ပြေးလို့ မလွတ်ပါဘူး။" နန်းတော်ခေါင်းဆောင် ချီက သူမနှင့်အနီးဆုံး နဂါးနက်ဆီသို့ ခုန်အုပ်ပစ်လိုက်၏။
အနက်ရောင် နဂါးက အော်ဟစ်လိုက်ကာ ကြောက်မက်ဖွယ် လေဖိအားက သူ့ပတ်လည်တွင် ဘောလုံးတစ်ခု၏ ပုံစံဖြင့် ကျယ်ပြန့်လာပြီး အနီးနားရှိတောင်များကို တုန်ယင်စေကာ နန်းတောင်ခေါင်းတောင် ချီကို နောက်ဆုပ်ရန် တွန်းအား ပေးလိုက်လေ၏။
"ဟီးဟီး... အရှိန်မှာဆိုရင် ဘယ်သူကမှ ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူးကွ။"
အနက်ရောင်နဂါးသည် ၎င်း၏ခန္ဓာကိုယ်ကို လှည့်ပတ်နေသော လေဖြင့် အဝေးသို့ ပျံသန်းရန် ၎င်း၏ကြီးမားသောအတောင်ပံများကို မဖြန့်မီတွင် နန်းတော်ခေါင်းဆောင်ချီအား ကဲ့ရဲ့လှောင်ပြောင်သော အကြည့်တစ်ချက်ကို ပို့လွှတ်လိုက်လေ၏။
ကြက်သွေးရောင်လျှပ်စီးကြောင်းနှင့် အတူ ပန်းရောင်မြှားတစ်စင်းသည် လေထုကို ထိုးဖောက်ဝင်ရောက်လာလေသည်။
နဂါးနက်၏မျက်နှာထက်ရှိ အပြုံးက ရုတ်တရက် အေးခဲသွားပြီး တစ်ခုသော ဦးတည်ရာဆီသို့ လှည့်သွားစဉ် ၎င်း၏ မျက်ဆံများက သိသိသာသာ ကျုံ့သွားလေ၏။
ပန်းရောင်အလင်းတန်းတစ်ခုသည် ၎င်း၏အမြင်အာရုံနယ်ပယ်တွင် ထိတ်လန့်ဖွယ်ရာအရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာပြီး မကြာမီမှာပင် ကြက်သွေးရောင် အလင်းတစ်ခု ဖြစ်လာကာ ထို့နောက် ၎င်း၏ကမ္ဘာသည် လုံးဝအမှောင်ထုထဲသို့ ကျရောက်သွားလေ၏။
မြှားများသည် နဂါးနက်၏ဦးခေါင်းကိုဖြတ်၍ ၎င်း၏ ကြီးမားသောဦးခေါင်းကို ချက်ခြင်းပင် အမှုန့်ချေပစ်လိုက်ကြ၏။
နဂါးနက်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသောအခါ အခြားသော နှင်းအပျိုလေးများအားလုံး ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
နန်းတော်ခေါင်းဆောင် ချီသည် မြှားလာခဲ့သည့်လမ်းကြောင်းကို လှည့်ကြည့်ကာ ကြောက်ရွံ့ထိတ်လန့်မှုကို မထိန်းနိုင်တော့ပဲ အံ့ဩတကြီးပြောလိုက်လေ၏။ “ငါ့ရဲ့ အံ့ဖွယ်အာရုံကိုသုံးပြီး လေးသမားကို အာရုံမခံနိုင်ဘူး။ သူတို့က ငါ့ရဲ့အမြင်အာရုံပြင်ပမှာတောင် ရောက်နေတာပဲ။ အတော်ကို ကြီးကျယ်ခမ်းနားတဲ့ လက်စွမ်းကို ပြလိုက်နိုင်တာပဲ။"
နဂါးဖြူသည် ဆုတ်ခွာရာတွင်ပင် လျင်မြန်စွာ ပျံသန်းနိုင်စေရန် ၎င်း၏ အသက်စွမ်းအင်ကို လောင်ကျွမ်းစေသော ဆန်းကြယ်နည်းစနစ်ကို ချက်ချင်းထုတ်လွှတ်လိုက်လေ၏...။
တစ်ကီလိုမီတာကျော် အဝေးတွင် လျှိုချူးချူးက သူမ၏ ပန်းရောင် လေးကိုင်းကို ချလိုက်ပြီး ဖြူဖျော့နေသာ မျက်နှာသွင်ပြင်များဖြင့် သက်ပြင်းခပ်ဖွဖွ ချလိုက်လေ၏။
"အဲဒါက သိုလှောင် လက်စွပ်တစ်ခုပဲလေ။ နှမြောစရာကြီး..." သူမက စိတ်ပျက်လက်ပျက် ဆိုလိုက်လေ၏။
ထိုမြှားသည် သူမ ပစ်လွှတ်နိုင်သော အစွမ်းထက်ဆုံး မြှားဖြစ်လေ၏။ နဂါးဖြူသည် အလွန်လျင်မြန်လာ၏။ အကယ်၍ သူမသည် ၎င်းကို သတ်လိုပါက မိမိကိုယ်မိမိ အလွန်အကျွံ အားထုတ်ရမည်ဖြစ်ပြီး ယင်းအခြေအနေတွင် ပြင်းထန်စွာ ဒဏ်ရာရမည်ဖြစ်ပေသည်။ အားထုတ်ရကျိုးနပ်သည် မဟုတ်သည်မှာ ရှင်းလင်းလှပေ၏။
ပုံရိပ်လေးတစ်ခုက လေထုကို ဖြတ်သန်းကာ အလောင်းတစ်လောင်းမှ နောက်တစ်ခုဆီသို့ ဖြတ်သွားလေ၏။
တီနာမှာ အဖွဲ့၏ သိုလှောင်လက်စွပ် ရှင်းလင်းရေးသမား ဖြစ်လာကာ မကြာမီပင် နဂါးမျိုးနွယ် သုံးကောင်နှင့် မြူနှင်းနတ်မိမယ် သုံးယောက်တို့၏ သိုလှောင်လက်စွပ်ကို ပြုံးဖြီးဖြီးနှင့် အန်လင်းဆီသို့ သယ်ဆောင်လာပေ၏။
ကျန်ရစ်သော မြူနှင်းနတ်မိမယ် သုံးဦး၏ မျက်နှာများက တီနာ လုပ်နေသည့်အရာကို မြင်သောအခါ ရှုံ့မဲ့သွားကြသော်လည်း ဘာမှ မပြောရဲပါပေ။ သူတို့က အန်လင်းနှင့် တခြားသူများကို သတိတကြီး မကြည့်မီတွင် သူတို့ကိုယ်သူတို့ ခပ်တင်းတင်း ပွေ့ဖက်လိုက်ကြလေ၏။
အန်လင်းက အရာရာ တည်ငြိမ်သွားသည့်အခါ ခွဲဝေပေးမည့် သိုလှောင်လက်စွပ် ခြောက်ကွင်းကို သိမ်းဆည်းထားလိုက်လိုက်လေ၏။
သူ့မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်ခုနှင့် သူက ကျန်ရစ်သော မြူနှင်းနတ်မိမယ်သုံးဦးကို အကြည့်ပို့လိုက်၏။ "ဟုတ်ပြီ။ ငါတို့ အလုပ်လေး စကြတာပေါ့။"
-------------