မြူနှင်းနတ်မိမယ်များနှင့် ဆက်သွယ်ခြင်း
Vol. 37 Ch. 518
အလုပ်စကြမယ်...။
ထိုသည်ကို ကြားပြီးနောက် မြူနှင်းနတ်မိမယ် သုံးဦးက တစ်ပြိုင်နက်တည်း တုန်ယင်သွားကြလေတော့၏။
သူတို့မှာ နဂါးမျိုးနွယ်စုနှင့်တိုက်ပွဲတွင် စွမ်းအင် အလွန်အကျူး သုံးစွဲထားပြီးဖြစ်၏။ အန်လင်းနှင့် တခြားသူများ ပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းနှင့် ဆိုလျှင် အန်လင်းတို့က သူတို့အား တိုက်ခိုက်ခဲ့ပါက မြူနှင်းနတ်မိမယ်များက တောင့်ခံရန် အခွင့်အရေးမရှိပါပေ။
"နင်က ဘာလိုချင်တာလဲ။" နန်းတော်ခေါင်းဆောင် ချီက အေးစက်စက်အသံဖြင့် မေးလိုက်လေ၏။
လုဝေးသည်လည်း အန်လင်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်ပြီး သူမ၏ လက်ထဲရှိ ဓားရှည်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်လေ၏။
အန်လင်းကပြုံးကာ ခေါင်းခါလိုက်လေ၏။ "နငါတို့က ငါဘယ်သူလဲဆိုတာ သိပြီးသားဆိုတော့ ငါ့ရဲ့ ရည်ရွယ်ချက်ကို မှန်းမကြည့်နိုင်ဘူးလား။ ရှန်းကွမ်ယီကြောင့်သာ မဟုတ်ရင် အခုဆို နင်တို့အကုန်လုံး သေနေလောက်ပြီ။"
သူက ဆက်မပြောခင် နောက်ကျောတွင် လက်များကို ချိတ်ထားလိုက်လေ၏။ "အဲဒါဆို အခု... ငါက မေးခွန်း တစ်ချို့နဲ့ စမယ်။ နံပါတ် တစ်က ရှန်းကွမ်ယီက သလင်းကျောက်ထဲမှာ လာလုပ်နေတာလဲ။"
မြူနှင်းနတ်မိမယ် သုံးဦးစလုံးက အန်လင်း၏ အေးစက်စက်အမူအရာကို တိတ်ဆိတ်စွာ ငေးကြည့်နေလေ၏။
အန်လင်း : "နင်တို့က ဘာမှ မပြောကြတော့ဘူးလား။"
"အဲဒါက လျှို့ဝှက်ချက်ပဲ။ အဲ့တော့ နင့်ကို ဘာမှ မပြောနိုင်ဘူး။" နန်းတော်ခေါင်းဆောင်ချီက ခိုင်မာစွာ ပြန်ဖြေလိုက်လေ၏။
"ငါနင့်ကို သတ်မယ်ဆိုတောင် မပြောဘူးလား။" အန်လင်းက မေးလိုက်၏။
"မပြောဘူး။" နန်းတော် ခေါင်းဆောင်ချီက စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် ပြန်ဖြေလိုက်လေ၏။
အန်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့၏ သတ်ဖြတ်လိုစိတ်များကို ချန်ရစ်ခြင်းမရှိ ထုတ်လွှတ်လိုက်လေ၏။
တစ်ချိန်တည်းမှာပင် ရွှေရောင် အလင်းတစ်ခုက သူ့မျက်လုံးများကို ဖြတ်ကာ တောက်ပသွားပြီး ရွှေရောင် လှိုင်းတစ်ခုက အပြင်ဘက်သို့ တစ်ဟုန်ထိုး တိုးလာလေ၏။
လုဝေးနှင့် တခြားမြူနှင်းနတ်မိမယ်များက အန်လင်းကို တောင့်တင်းစွာ စိုက်ကြည့်လိုက်သည်မှာ သူက သူ့၏ အဆုံးအဖြတ်ကို ပေးအပ်တော့မည့် အထူးစစ်နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။
ထိုသို့ဆိုလျှင်တောင်မှ သူတို့က အံတင်းတင်းကြိတ်ကာ ပြောဆိုရန် ငြင်းဆန်နေလေ၏။
ထို အော်ရာကို ကြုံတွေ့ရသောအခါ ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်မှာလဲ တုန်ယင်လာလေတော့၏။
ဒီမှာပဲ... သခင့်ရဲ့ မကျော်လွှားနိုင်တဲ့ တော်ဝင်အော်ရာပဲ။ သူ့နောက်ကို လိုက်ရင် ငါက သေချာပေါက် သစ်ဆန်းတဲ့ အမြင့်နေရာတွေကို ရောက်မှာ သေချာတယ်။
အန်လင်းက မြူနှင်းနတ်မိမယ်များ၏ တုံ့ပြန်မှုကို မြင်သောအခါ စိတ်ထဲ၌ သက်ပြင်းချလိုက်လေ၏။ သူက အမရှန်းကွမ်ယီက သလင်းကျောက်ထဲမှ ထွက်ရန်အတွက် မြူနှင်းနတ်မိမယ်များ၏ အကူအညီကို လိုလားဆိုသည်ကို စိတ်မပူနေပါက သူက သူတို့အား အစောကြီးကတည်းက သတ်ပစ်မည် ဖြစ်ပေ၏။
သို့ဖြစ်၍ နှစ်ဖက်စလုံးက ချောင်ပိတ်နေလေတော့သည်။
လုဝေး၏ မျက်လုံးများက ရွှယ်ကျန်းထျန်နှင့် ရွှယ်မုန်မုန်တို့ထံတွင် ဝဲခိုနေပြီး တောက်လောင်နေသော အလိုဆန္ဒက သူမ၏ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေပေ၏။
အဲဒါတွေက မြူနှင်းဝိညာဉ် သားရဲတွေပဲ...။ သူတို့က သူမ၏ စိတ်ကူးယဉ္ထဲမှ စိတ်ဝိညာဉ်သားရဲများ ဖြစ်ပေ၏။
သူတို့က အရမ်းချစ်စရာကောင်းတာပဲ။ သူတို့ကို အရမ်းကို ထိချင်လာပြီ။
သူမ၏ မစ်ရှင်က သူမအား ဤတောင်ပေါ်မှ ထွက်ခွာရန် တားမြစ်နေသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက သူမဟာ မြူနှင်းဝိညာဉ်သားရဲတစ်ကောင်ကို သူ့ဘာသာသူ ဖမ်းရန်အတွက် သေချာပေါက် ကြိုးစားမယ်ဖြစ်ပေ၏။
"အန်လင်း၊ ငါတို့ဘာဆက်လုပ်ရမလဲ။" လင်းယင်က အန်လင်းဆီသို့ မြောသွားပြီး မေးလိုက်၏။
အန်လင်းလည်း ဘာလုပ်ရမှန်းမသိဖြစ်နေလေ၏။ မြူနှင်းနတ်မိမယ်များက ဤကဲ့သို့ အစွမ်းထက်သော နဂါးမျိုးနွယ်စု ကျင့်ကြံသူသူများနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ပြေးရန် ငြင်းဆန်ခဲ့ကြသောကြောင့် ၎င်းတို့ထံမှ အတင်းအကြပ် အဖြေတောင်းရန် နည်းလမ်းမရှိပါပေ။
ငါတို့က သလင်းကျောက်ကို ခွဲပစ်လိုက်ရင်ရော။" ဟုန်ဒူက အကြံပေးလာ၏။
အန်လင်း၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားကာ ဟုန်ဒူကို ပြောစရာမဲ့စွာ ကြည့်နေလေ၏။
ဒီငတုံးသာ ရှန်းကွမ်ယီကို ကယ်ဖို့ တာဝန်ကျရင် သူမက ချီဖောက်ပြန်ခြင်းနဲ့ သေချာပေါက်အဆုံးသတ်သွားရလိမ့်မယ်။
"အဲဒါဆိုလဲ တခြား မေးခွန်း မေးအုံးမယ်။ မြင့်မြတ်ရေခဲ ကုန်းမြေတွေမှာ ရှန်းကွမ်ယီရဲ့ ရာထူးက ဘာလဲ။" အန်လင်းက မေးလိုက်လေ၏။
လုဝေးက ပြုံးကာ ဖြေလိုက်၏။ "နင်က အဲဒါကို စိတ်ပူစရာမလိုပါဘူး။ သူမက မန်ဇီ..."
ဖြန်း...
လုဝေး၏ လက်နောက်ဘက်က နန်းတော်ခေါင်းဆောင်၏ ရိုက်နှက်ချက်ကို ခံလိုက်ရပြီး သူမက ဒေါသတကြီးဖြင့်လည်း ကြည့်ရှုလိုက်ပေ၏။
သူမက ချက်ချင်းပင် တိတ်ဆိတ်သွားပြီး တွဲလောင်းကျနေသော ဘောလုံးတစ်ခုကဲ့သို့ ခေါင်းငုံ့သွားလေ၏။
အန်လင်းက မျက်လုံးလှန်လိုက်သော်လည်း မရပ်တန့်ပါပေ။ "ရှန်းကွမ်ယီက ဒီလိုမျိုး ဘယ်လောက်ကြာကြာ ဖြစ်နေမှာလဲ။ သူမက ဘယ်အချိန် ထွက်လာမှာလဲ။"
မြူနှင်းနတ်မိမယ်သုံးဦးလုံးက တိတ်ဆိတ်နေပေတော့၏။
အန်လင်း : "ဟင်း... ဟုတ်ပြီ။ အဲဒါဆိုလဲ ကိုယ့်ကိုကိုယ် မိတ်ဆက်ရအောင်။ နင်တို့ နာမည်တွေ ဘယ်လိုခေါ်လဲ။"
မြူနှင်း နတ်မိမယ် သုံးဦး : "..."
နန်းတော်ခေါင်းဆောင် ချီက သူ့မေးခွန်းကို ခဏလောက်စဉ်းစားလိုက်ပြီး “ငါ့နာမည်က ချီရီယောင်ပါ။ ရှန်းကွမ်ယီကို နင်နဲ့အတူ ပြန်ခေါ်သွားဖို့ စီစဉ်နေတယ်ဆိုရင်တော့ အဲဒါကို မေ့လိုက်ဖို့ အကြံပေးချင်တယ်။ သူမက မြင့်မြတ်ရေခဲ ကုန်းမြေတွေရဲ့ တရားဝင်အဖွဲ့ဝင်ဖြစ်နေပြီးတော့၊ ငါတို့ မြူနှင်းနတ်မိမယ်တွေရဲ့ ကျင့်ကြံခြင်း နည်းလမ်းနဲ့ ကျင့်ကြံနေပြီးနေပြီ။ အဲဒါတင်မကဘူး အကြမ်းဖျဉ်းပြောရရင် သူမကိုယ်တိုင်လဲ မြူနှင်းနတ်မိမယ်တစ်ဦး ဖြစ်နေပြီ။"
အန်လင်းက သူ့လက်များကို ဖြန့်ကားလိုက်လေ၏။ "နင်က အဲဒါကို စိုးရိမ်နေဖို့မလိုပါဘူး။ အဲဒါတွေက သူ့မကို ငါကိုယ်တိုင်ပဲ မေးလိုက်မယ်။"
အန်လင်း၏ စကားများကို တုံ့ပြန်လိုက်သကဲ့သို့ ကြည်လင်ပြီး မာဆပ်ဆပ် အက်ကွဲသံတစ်ခုခုက ရုတ်တရက် ထွက်ပေါ်လာလေ၏။
ခွမ်း...
အပြာရောင်လှိုင်းများသည် အပြင်ဘက်သို့ ဖြာထွက်သွားပြီး ပတ်ဝန်းကျင်ရှိ အပူချိန်များက သိသိသာသာ ကျဆင်းသွားကာ စက်ဝိုင်းပုံအပေါက်တစ်ခုက ရုတ်တရက် သလင်းကျောက်တ
တွင် ရုတ်တရက် ပေါ်လာလေ၏။
လူတိုင်းသည် ၎င်းတို့၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုဖြင့် ဖန်သားပြင်ကို ချက်ချင်းလှည့်ကြည့်လိုက်ကြလေသည်။
ရှန်းကွမ်ယီ၏ အပြာရောင် ၀တ်စုံသည် လေထဲတွင် လူးလွင့်နေပြီး သူမက စက်ဝိုင်းပုံ အပေါက်မှ ထွက်လာရာ သူမအား တောင်ထိပ်ပေါ်တွင် ပွင့်လန်းနေသော အပြာရောင်ကြာပန်းတစ်ပွင့်ကဲ့သို့ ပုံပေါ်နေစေ၏။
သူမက သူမ၏ ရွှေရောင် မျက်လုံးများကို ဖွင့်လိုက်ပြီး တော်ဝင် အားအင်ခပ်ဖျော့ဖျော့တစ်ခုက ရွှေ့သို့ ထိုးထွက်လာကာ သူမအား ချဉ္းကပ်မရနိုင်သော မိဘုရားတစ်ပါးကဲ့သို့ ဖြစ်နေစေ၏။
"အစ်မ ရှန်းကွမ်ယီ၊ အောင်အောင်မြင်မြင်နိုးထလာနိုင်လို့ ဂုဏ်ယူပါတယ်။" ချီရီယောင်က ဂုဏ်ယူသည့်အပြုံးတစ်ခု ပေးအပ်လာလေ၏။
"အစ်မ ရှန်းကွမ်ယီ၊ ငါက နင့်ကို ပြန်ခေါ်သွားဖို့ ဒီရောက်နေတာ။" အန်လင်းက ပြုံးကာ လက်ယမ်းပြလိုက်၏။
ရှန်းကွမ်ယီက အန်လင်းဆီသို့ လှည့်ကာ အေးစက်စက်အမူအရာဖြင့် ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။ "ငါတို့ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ် အန်လင်း။ ဒါပေမဲ့ ငါက မြင့်မြတ်ရေခဲ ကုန်းမြေတွေရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီးပြီ။ ငါပြန်မလိုက်တော့ဘူး။"
အန်လင်းက ထိုသည်ကိုကြားပြီးနောက် တုံ့ဆိုင်းသွားလေ၏။ "အစ်မက ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ အခက်အခဲတစ်ခု များကြုံလို့လား။ ဒါမှမဟုတ်လဲ တစ်ခုခုက အမရဲ့ ဆန္ဒကို ချုပ်ကိုင်ထားလို့လား။ အဆင်ပြေပါတယ်။ ကျွန်တော် အမကို ကူညီပေးမယ်။"
"မဟုတ်ဘူး။ အဲ့လိုမဟုတ်ဘူး။ ငါက ဒီဆုံးဖြတ်ချက်တွေ အကုန်လုံးကို ငါ့စိတ်နဲ့ငါလုပ်ခဲ့တာပါ။"
ရှန်းကွမ်ယီက ခေါင်းခါပြကာ မြူနှင်းနတ်မိမယ်သုံးဦးဆီသို့ တုံ့ဆိုင်းခြင်းမရှိ လျှောက်လာခဲ့လေ၏။
အန်လင်းက အံတင်းတင်းကြိတ်လိုက်လေ၏။ "ဗာမီလီယမ်ငှက်ဂိုဏ်းက အမရဲ့အိမ်ပါဆို။ အမပြန်လာမှာကို စောင့်နေတဲ့ လူတွေ အများကြီးရှိတယ်။ ဘာလို့ ပြန်မလာတော့တာလဲ။ ပြီးတော့ ဂိုဏ်းရဲ့ ရန်သူတွေနဲ့ ဘယ်လိုလုပ်ပြီး ပူးပေါင်းနိုင်ရတာလဲ။"
ရှန်းကွမ်ယီ၏ ခြေလှမ်းများက တုံ့ဆိုင်းသွားကာ သူမ၏ ရွှေရောင်မျက်လုံးများက လှိုင်းများထလာပြီး သူမ၏ လက်ချောင်းများက အနည်းငယ် တုန်ယင်သွားလေတော့သည်။
"ဂိုဏ်းရဲ့ ရန်သူ..."
"လူတွေက ပြောင်းလဲတတ်တယ်။ သူငယ်ချင်းပဲဖြစ်ဖြစ် မိသားစုဝင်ပဲဖြစ်ဖြစ် ရန်သူမဖြစ်လာနိုင်တာတော့မဟုတ်ပါဘူး..."
သူမက အန်လင်းဆီသို့ အပြုံးလေးနှင့်လှည့်လိုက်ပြီး ညင်သာသောအသံလေးဖြင့် ပြောလိုက်၏။ "ငါနင့်ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါတို့က ဘက်ရွေးပြီးသွားကြပြီလေ။ နင်က လူသားတစ်ယောက်ဖြစ်ပြီးတော့ ငါက မြူနှင်းနတ်မိမယ်တစ်ယောက်ပဲ။ အဲ့တော့ ကျေးဇူးပြုပြီး နောက်တစ်ခါ ငါတို့ပြန်တွေ့ကြရင် ဒီလိုမျိုး မလုပ်ပါနဲ့။"
"နန်းတော် ခေါင်းဆောင်ချီ၊ သွားစို့။" အန်လင်း၏ အမူအရာကိုပင် မကြည့်ပဲ သူမက အဝေးသို့ ကြည့်ကာ ထွက်သွားလေ၏။
မြူနှင်းနတ်မိမယ် သုံးဦးက အန်လင်းနှင့် တခြားသူများကို နောက်ဆုံးတစ်ခေါက်ကြည့်ကာ ရှန်းကွမ်ယီ၏ နောက်မှ လိုက်လာကြ၏။
"ခဏနေအံုး..."
အန်လင်း၏ အသံက ထပ်မံ ထွက်ပေါ်လာလေ၏။
ရှန်းကွမ်ယီနှင့် မြူနှင်းနတ်မိမယ်များက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ချီရီယောင်က အေးစက်စက်အသံဖြင့် မေးလိုက်လေ၏။ "ရှန်းကွမ်ယီက နင့်ကို အခြေအနေကို ရှင်းပြပြီးပြီလေ။ ဘာလိုချင်သေးလို့လဲ။"
"နင်တို့ရဲ့ သိုလှောင်လက်စွပ်တွေပေးခဲ့။" အန်လင်းက အမိန့်ပေးလိုက်၏။
မြူနှင်းနတ်မိမယ် သုံးဦး : "..."
"အိုး... သေချာပေါက် ရှန်းကွမ်ယီကတော့ ချွင်းချက်ပေါ့..." အန်လင်းက သူ့၏ ရှေ့မှစကားအား ပြင်ဆင်လိုက်၏။
ရှန်းကွမ်ယီ: "..."
"ဘာ... နင်က ငါတို့ရဲ့ သိုလှောင်လက်စွပ်တွေနဲ့ ဘာလုပ်မလို့လဲ။" ချီရီယောင်က အန်လင်းကို အံ့ဩတကြီး ကြည့်လိုက်၏။
"ငါအဲဒါကို တကယ်ကြီး ရှင်းပြရအုံးမှာလား။ ငါတို့က နင်တို့ကို ကယ်ခဲ့တာလေ။ အဲ့တော့ နင်တို့က ပြန်ပေးရမှာပေါ့။ ငါ့တို့ဆီမှာ နင်တို့ရဲ့ သိုလှောင်လက်စွပ်တွေ ထားခဲ့။ ဒါမှမဟုတ်ရင်တော့ ငါက အတင်းအကြပ် ယူရလိမ့်မယ်။" အန်လင်းက အေးစက်စက်အသံဖြင့် ခြိမ်းခြောက်လိုက်၏။
အန်လင်းပြောနေစဉ်တွင် လင်းယင်၊ ဟုန်ဒူ၊ တီနာနှင့် မြူနှင်းဝိညာဉ် သားရဲ၂ကောင်တို့က မြူနှင်းနတ်မိမယ်များကို ဝန်းရံလိုက်ကြ၏။ သူက သိုလှောင်လက်စွပ်များကို အတင်းအကြပ်ယူမည်ဟု ပြောသည်မှာ အတည်ပြောခြင်း ဖြစ်သည်မှာ ရှင်းလင်းလှပေ၏...။
ချီရီယောင်၏ နှုတ်လမ်းများက အနည်းငယ် တွန့်ကွေးသွား၏။ သူမက ကိစ္စရပ်များက ဤကဲ့သို့ ဖြစ်သွားမည်ဟု လုံးဝ မထင်ထားခဲ့ပါပေ။
တခြားသော မြူနှင်းနတ်မိမယ်နှစ်ဦးမှာ အန်လင်းကို မျက်နှာသေဖြင့် ငေးကြည့်ကာ လုံးဝပင် ပြောစရာမဲ့နေကြလေ၏။
လူတိုင်းက ကောင်းကောင်းမွန်မွန် ခွဲခွာမည် မဟုတ်ပေဘူးလား။ သူက ဘာလို့ ရုတ်တရက်ကြီး သူတို့ကို ဓားပြထတိုက်ရတာလဲ။
ရှန်းကွမ်ယီက သက်ပြင်းချက်လိုက်လေ၏။ "အဲ့တာဆိုလဲ ထားလိုက်ပါ။ နန်းတော်ခေါင်းဆောင် ချီ၊ ကျွန်မတို့မှာ တကယ်ပဲ ရွေးစရာမရှိတော့ဘူး..."
ချီရီယောင်က အန်လင်းကို ခါးခါးသီးသီး စိုက်ကြည့်နေသည်မှာ သူ့၏ မျက်နှာတွင် မှတ်ဉာဏ်ထဲတွင် သေရာပါရေးထိုးနေသကဲ့သို့ပင်။
"ယူလိုက်..." သူမက သူမ၏ သိုလှောင်လက်စွပ်ကို ချွတ်လိုက်ကာ အန်လင်းဆီသို့ ပစ်ပေးလိုက်၏။
လုဝေးက အန်လင်းကို မျက်ရည်လုမတတ် အမူအရာဖြင့် စိုက်ကြည့်နေလေ၏။ ဤလူသားက သူမ၏ သိုလှောင်လက်စွပ်ကို ဓားပြတိုက်သည်အထိ နိမ့်ကျလိမ့်မည်ဟု သူမထင်မထားခဲ့ပါပေ။ သူ့ရဲ့ လူသားဆန်မှုက ဘယ်မှာလဲ။ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူ့ရဲ့ ဣန္ဒြေက ဘယ်မှာလဲ။
သူမက သူမ၏ သိုလှောင်လက်စွပ်ကို တိတ်တဆိတ်ဆွဲချွတ်ကာ အန်လင်းဆီသို့ ပစ်ပေးလိုက်ပြီး သူမ၏ နှလုံးသားက အပိုင်းပိုင်းကွဲကြေသွားသည်ကို မြင်ယောင်လိုက်လေ၏။
ကျန်ရစ်သော မြူနှင်းနတ်မိမယ်၏ ရင်ဘတ်မှာ မြင့်တက်လာပြီး ဒေါသတကြီး ဖြစ်နေသည့်တိုင် သူမက သူမ၏ သိုလှောင်လက်စွပ်ကိုလည်း ပေးအပ်ရန်မှ တခြားရွေးစရာမရှိခဲ့ပါချေ။
"အဲဒါဆိုလဲ ပြီးတော့။ နောက်မှတွေ့မယ်..." အန်လင်းက လက်ကိုဝှေ့ယမ်းကာ ကျေနပ်သောအမူအရာဖြင့် ပျောက်ကွယ်သွားလေ၏။
အမှန်တကယ်မှာ သူက ရှန်းကွမ်ယီကို အလွန်လွယ်ကူစွာ လွတ်ပေးလိုက်ရသည့် တခြားအကြောင်း ရှိပါသေး၏။ ရှန်းကွမ်ယီက သူ့ဘက်သို့ လိုက်ခဲ့ပါက သူမသည် မြင့်မြတ်ရေခဲကုန်းမြေများအတွက် သစ္စာဖောက် ဖြစ်သွားပေမည်။ သို့သော် ရှန်းကွမ်ယီ၏ နေရာကူးပြောင်းခြင်း တံဆိပ်က မြင့်မြတ်ရေခဲကုန်းမြေများဆီသို့သာ ပြန်ပို့ပေးမည်ဖြစ်ကာ သူမက သစ္စာဖောက်အဖြစ် ယူဆခြင်းခံရပေမည်...။
ထိုအခါတွင် သူမက အမှန်တကယ်ပင် ဒုက္ခရောက်မည်ဖြစ်၏။
သို့ဖြစ်၍ သူက ရှန်းကွမ်ယီကို ကယ်တင်သည့် အခြေအနေသို့ မရောက်ခင်တွင် အသေးစိတ်အစီအစဉ်တစ်ခု ဆွဲရပေမည်။
မြူနှင်းနတ်မိမယ်သုံးဦးက ယင်ကောင်များ မြိုချလိုက်ရသကဲ့သို့ ဒေါသတကြီး အမူအရာများဖြင့် ခွဲခွာသွားလေ၏။
သူတို့က ထိုအချိန် ထိုနေရာ၌ပင် သူတို့ နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ပါက အန်လင်းကို သုတ်သင်ကာ သူတို့၏ သိုလှောင်လက်စွပ်များကို ပြန်ယူမည်ဟု ကျိန်ဆိုလိုက်ကြလေ၏။
----------