← Chapters

ကောင်းကင်ကြီး ပြိုသွားပြီ

Vol. 37 Ch. 519

ကောင်းကင်ကြီး ပြိုသွားပြီ

Vol. 37 Ch. 519

ရှန်းကွမ်ယီက သူမ၏ ဓားထက်မှ မြူနှင်းနတ်မိမယ်များ သုံးဦးနှင့်အတူ ပျံသန်းသွားလေ၏။

သူတို့၏ မစ်ရှင်မှာ ပြီးမြောက်သွားလေပြီ။ သူတို့လုပ်ရန် လိုသည်မှာ ရှန်းကွမ်ယီကို ကာကွယ်ရန်နှင့် အချိန်တစ်လ အပြီးသတ်မည်ကို စောင့်ရန်သာဖြစ်၏။ ထို့နောက်တွင် သူတို့က မြင့်မြတ်ရေခဲကုန်းမြေများဆီသို့ နေရာကူးပြောင်းကာ ပြန်ပို့ခံရမည် ဖြစ်သည်။

အန်လင်းက ရှန်းကွမ်ယီကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်လေ၏။ အထူးသဖြင့် သူမ၏ ဘဝက အခက်အခဲများနှင့် မည်သို့ ပြည့်နှက်နေသည်ကို တွေးမိသောအခါဖြစ်လေ၏။

သူက ရှန်းကွမ်ယီမှာ သူမ၏ စိတ်ဆန္ဒဖြင့် မြင့်မြတ်ရေခဲ ကုန်းမြေများတွင် နေနေခြင်းမဟုတ်သည်ကို ယုံကြည်သော်လည်း သူမအတွက် သူလုပ်နိုင်သည်မှာ သိပ်မရှိပါပေ...။

ပန်းရောင်အလင်းတန်းတစ်ခုက အဝေးမှ သူတို့ထံသို့ ပျံသန်းလာလေ၏။

လျှိုချူးချူးမှာ စစ်ပွဲ၏ အကျိုးအမြတ်များကို ဝေစုခွဲရန် ဤနေရာသို့ လာရောက်ဖို့ စိတ်အားထက်သန်နေလေ၏။

အန်လင်းက သိုလှောင်လက်စွပ်ခြောက်ကွင်းကို ထုတ်လိုက်ပြီး ထိုထဲမှ သုံးခုမှာ နဂါးမျိုးနွယ်စုမှ ပိုင်ဆိုင်ကာ သုံးခုမှာ မြူနှင်းနတ်မိမယ်များ၏ သိုလှောင်လက်စွပ်များ ဖြစ်လေ၏။

ပထမဆုံး ရွေးခွင့်ရသည်မှာ အန်လင်းနှင့် တီနာဖြစ်၍ အန်လင်းက နဂါးမျိုးနွယ်စုမှ ပိုင်ဆိုင်သော သိုလှောင်လက်စွပ်နှစ်ကွင်းနှင့် မြူနှင်းနတ်မိမယ်များပိုင်ဆိုင်သော သိုလှောင်လက်စွပ်တစ်ခုကို အလျင်အမြန် ဆွဲယူလိုက်လေ၏။ လျှိုချူးချူးမှာ နဂါးများပိုင်ဆိုင်သော သိုလှောင်လက်စွပ်တစ်ခုကို ရရှိပြီး၊ လင်းယင်နှင့် ဟုန်ဒူတို့က မြူနှင်းနတ်မိမယ်များပိုင်ဆိုင်သော နောက်ဆုံး သိုလှောင်လက်စွပ်နှစ်ကွင်းကို ရရှိလေ၏။

လျှိုချူးချူးက သူမအလိုရှိပါက မြူနှင်းနတ်မိမယ်တစ်ဦး၏ သိုလှောင်လက်စွပ်ကို ရွေးချယ်၍ ရသော်လည်း သူမ၏ ကျယ်ပြန့်လှသော လူသတ် ဓားပြတိုက် အတွေ့အကြုံအရ မြူနှင်းနတ်မိမယ်များအားလုံးက အတော်ပင် ဆင်းရဲသိကို သိထားလေ၏။ ယှဉ္ကြည့်ပါက နဂါးမျိုးနွယ်စု အဖွဲ့ဝင်များက သာမန်အားဖြင့် အတော်လေး ချမ်းသာကြ၍ သူမက နဂါးတစ်ကောင်၏ သိုလှောင်လက်စွပ်ကို ရေွးချယ်လိုက်ခြင်းပင်။

အန်လင်းမှာ လျှိူချူးချူး၏ ဆုံးဖြတ်ချက်ကို အလွန်ထောက်ခံပေးနေပေ၏။ သူက ထိုမြူနှင်းနတ်မိမယ်များ ပိုင်ဆိုင်သော သိုလှောင်လက်စွပ်နှင့် အတွေ့အကြုံအလွန်များလေ၏။ မည်သို့ဆိုဆို သူက သိပ်မကြာခင်ကပင် ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ် ၅ဦး၏ သိုလှောင်လက်စွပ်များကို ရရှိခဲ့လေ၏။

သို့သော် သူတို့က သိုလှောင်လက်စွပ်များ၏ ပါဝင်ပစ္စည်းများကို မစစ်ဆေးရသေးခင်မှာပင် ကောင်းကင်နှင့် မြေကြီးတစ်လျှောက် အစွမ်းထက်လှသော တုန်ခါခြင်းများ ထွက်ပေါ်လာလေ၏။

မြေပြင်က တုန်ခါနေသည်သာမကပဲ သူတို့ပတ်လည်ရှိ နေရာလပ်တစ်ခုလုံးကလည်း တုန်ခါနေပေ၏။

"ဟမ်...။ ဘာတွေ ဖြစ်နေတာလဲ။" အန်လင်း၏ အမူအရာက ပြောင်းသွားကာ ပတ်ဝန်းကျင်ကို သတိတကြီး ကြည့်ရှုလိုက်လေ၏။

"ဘီလူး အန်လင်း၊ ကြည့်လိုက်။" တီနာက အလန့်တကြား အော်ဟစ်ကာ အန်လင်း၏ ဆံပင်ကို ဆွဲကိုင်လိုက်လေ၏။

လူတို်င်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။

သူတို့မှာ ကောင်းကင်မှ အက်ကွဲကြောင်းကြီးက ပိုပြီးကျယ်လာသည်ကို တွေ့လိုက်ရပြီး ထိုသည်က ဒေါသကြီးနေသည့် ဧရာမ သားရဲ၏ တစ်ကောင်၏ ပါးစပ်ကဲ့သို့ ထပ်မံ ကျယ်ပြန့်လာနေသည်ကို တွေ့လိုက်ရ၏။

"ပြေးကြ...." အန်လင်းက အော်ဟစ်ကာ အက်ကွဲကြောင်းမှ အဝေးဆီသို့ ချက်ချင်းပင် ပြေးလိုက်လေ၏။

တုန်ခါခြင်းများက ကောင်းကင်နှင့် မြေကြီးကြားတွင် ပြေးလွှားနေဆဲ ဖြစ်ကာ မမြင်နိုင်သော အားအင်တစ်ခုက လူတိုင်းဆီသို့ တိုးဝင်လာလေ၏။ ထိုသည်က ပျက်ဆီးခြင်းနှင့် ပြိုပျက်ခြင်း နိယာမ၏ စွမ်းအားဖြစ်ပါ၍ အကာအကွယ် မန္တန်ဖွဲ့စည်းခြင်း အမျိုးအစားများအားလုံးကို လျစ်လျူရှုနိုင်ပေ၏။ ထိုနိယာမ၏ စွမ်းအားမှာ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိုးဖောက်ပစ်နိုင်ပြီး သက်ရှိ သတ္တဝါများ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် သက်ရောက်နိုင်ပေ၏။

အန်လင်းနှင့် တခြားသူများ ပြုလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အသက်ရှင်ရန် ပြေးခြင်းသာ ဖြစ်လေ၏။

သို့သော် ကောင်းကင်ရှိ အရှိန်ပြင်းပြင်းနှင့် အက်ကွဲကြောင်းကြီးက ပိုပိုကျယ်ပြန့်လာသည်မှာ အဆုံးအထိ အဖိခံလိုက်ရသော ရာဘာဘော်လုံးနက်ကြီးတစ်လုံးကဲ့သို့ပင်။ ဖိအားကို လွှတ်ချလိုက်ပါက ထိုသည်မှာ အပြင်ဘက်သို့ ပေါက်ကွဲကျယ်ပြန့်လာမည်ဖြစ်၏။

အက်ကွဲကြောင်းကြီးက မျက်တောင်တစ်ခတ်အတွင်းမှာပင် ကီလိုမီတာပေါင်းများစွာ ကျယ်ပြန့်လာပြီး အထက်ဘက်ရှိ အပြာရောင်နှင့် ခရမ်းရောင်ကောင်းကင်က အဆုံးမရှိ အမှောင်ထုနှင့် ဗဟာနတ္ထိကို ပေးရန်အတွက် အပြည့်အဝ မပြိုကျလာသေးသည့် မှန်တစ်ချက်ကဲ့သို့ပင်။

ဖျက်ဆီးတတ်သော စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်စပြုလာပြီး ကောင်းကင်ကို စုတ်ဖြဲပစ်ကာ အောက်ဘက်မှ မြေကြီးကို ချေမှုန်းပစ်လိုက်လေ၏...။

အန်လင်းနှင့် တခြားသူများက ထိုစွမ်းအား၏ ရိုက်ခတ်ခြင်းခံရပြီး သူတို့၏ ပြင်ပအင်္ဂါများက ဖျက်ဆီခြင်းနိယာမ၏ စွမ်းအားအောက်တွင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်စပြုလာလေ၏။

အန်လင်း၏ ကျောရိုးတစ်လျှောက်လုံးက စိမ့်တက်လာကာ စိတ်ပျက်အားငယ်သော အမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။

သူတို့ပျံသန်းနေသော အမြန်နှုန်းမှာ အက်ကွဲကြောင်းကြီး ကျယ်ပြန့်လာသော နှုန်းထက် ပိုပြီး နှေးနေ၏။ ဤကဲ့သို့ ဆက်ဖြစ်နေပါက သူတို့အားလုံးက သေရတော့မည်ဖြစ်သည်။

အန်လင်းက သူတို့က လက်ရှိတွင် မည်သည်ကို ကြုံတွေ့နေရသည်ကို အကြမ်းဖျဉ္း ခန့်မှန်းမိပါ၏။ ထိုသည်မှာ ကုန်းမြေကြီး၏ ဤအပိုင်းက ပြိုကျနေခြင်းဖြစ်သည်...။

သူတို့ ရှိနေသော ရှေးဟောင်း ထိုက်ချူနယ်မြေမှာ သူ့၏ မူလအကျယ်အဝန်း၏ ၁၀၀ပုံ၁ပုံထက်နည်းသည်အထိ လျော့ချခြင်းကို ခံခဲ့ရပြီးဖြစ်ပြီး ထိုသည်က ယနေ့အထိပင် ပြိုကျနေဆဲဖြစ်ကာ သက်သေအနေဖြင့် ထိုသည်က ဤနေရာတွင် လူတိုင်းကို ရိုက်ခတ်လာပြီဖြစ်လေ၏...။

ဒီဟာက ဘယ်လို စောက်ကျိုးနည်း နိယာမကြီးလဲဟ။

"ဝါးးး... ဘီလူးအန်လင်း၊ အပြင်ကမ္ဘာက အရမ်းကြောက်စရာကောင်းတာပဲ။ ဒီဟာက နောက်ဆုံး အဆုံးသတ်စစ်ပွဲကြီးလား..." တီနာ၏ ခန္ဓာကိုယ်လေးက ထိန်းမရအောင် တုန်ယင်နေကာ သူမက အန်လင်း၏ ဆံပင်ကို ဆွဲကိုင်လိုက်ပြီး သူမရှေ့မှ ပြိုကျနေသောကုန်းမြေကြီးကို လှည့်ကြည့်လိုက်လေ၏။

"စိတ်မပူပါနဲ့။ ငါတို့ ဒီကနေ အသက်ရှင်ရက် ထွက်သွားနိုင်မှာပါ။" အန်လင်းက သူမကို နှစ်သိမ့်ဖို့ ကြိုးစားရင်း ပြောလိုက်လေ၏။

"ဝါးးး..." တီနာက ငိုနေဆဲဖြစ်ကာ ရုတ်တရက် သူမ၏ သေးငယ်သော ပါးစပ်လေးပို ဖွင့်လိုက်လေ၏။ "အွတ်..."

အန်လင်း၏ ပခုံးပေါ်တွင် သွေးစက်လေး စွန်းထင်သွားလေ၏။

အန်လင်း : "..."

ရွှယ်ကျန်းထျန်သည်လည်း အန်လင်း၏ ဘေးတွင် ပျံသန်းနေပြီး အထူးပင် စိတ်လှုပ်ရှားနေပုံ ရလေ၏။ "ငါက ကောင်းကင်ကြီး ပြိုကျလာတဲ့နေ့ကို တွေ့ရဖို့အသက်ရှင်နေတာလို့ ဘယ်သူက ထင်မှာလဲ... ဟင်း... ကောင်းကင်ကြီးကတောင် အရမ်းကိုကျိုးပဲ့လွယ်တာပဲ။ သနားစရာကောင်းလိုက်တာ။ ငါက အခုဆို ရည်မှန်းချက်ပျောက်သွားပြီ။ ငါအနာဂတ်မှာ ဘယ်သူ့ကို ခုတ်ပိုင်းရတော့မှာလဲ။"

သူ့အသံက တိုးသွားပြီး ရွှယ်ကျန်းထျန်က ရုတ်တရက် အန်လင်းကို လှည့်ကြည့်ကာ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားလေ၏။ "သခင်၊ နင်က အရမ်းအစွမ်းထက်တယ်လို့ ငါထင်တယ်။ အွတ်..."

ရွှယ်ကျန်းထျန်က စကားပြော​ပြီးနောက် ချက်ချင်းပင် သွေးအပြည့်အန်ထုတ်လိုက်လေ၏။ ထိုသည်က နိယာမ၏ စွမ်းအားကြောင့် ဒဏ်ရာများစွာရထားသည်မှာ ရှင်းလင်းလှပေ၏။

အန်လင်း : "..."

ကောင်းကင်ကြီးက တုန်ခါနေကာ သူတို့ပတ်လည်မှ နေရာလပ်မှာ ပြိုကျနေလေ၏။ ဖရိုဖရဲဖြစ်ခြင်းနှင့် ဖျက်ဆီးခြင်း၏ လေပြင်းများက လေထုကို ဖြတ်သန်းလာကာ အောက်ဘက်မှ မြေကြီးကို ချေမှုန်းပစ်လေ၏။ သူတို့ပတ်လည်မှာ အရာရာက ပျက်ဆီး ပြိုလဲခြင်းနှင့် ဖျက်ဆီးခြင်းတို့သာ ကျယ်ပြန့်နေပြီး မျှော်လင့်ချက်ပင် မမြင်နိုင်ပါပေ။

အနက်ရောင် အက်ကွဲကြောင်းကြီးက ဤကုန်းမြေပေါ်ရှိ အရာရာကို ဝါးမျိုပစ်မည့် အဆုံးမဲ့ ကျယ်ပြန့်လှသော အနက်ရောင် ပါးစပ်ကြီးတစ်ခု ဖြစ်လာလေ၏။ ထိုဖျက်ဆီးခြင်းနိယာမ၏ ကြောက်မက်ဖွယ်စွမ်းအားက လူတိုင်း၏ ခန္ဓာကိုယ်များကို တိုက်စားသွားသည်မှာ သူတို့က သေဆုံးခြင်းသို့ တစ်လက်မစီ တိုးတိုးသွားသကဲ့သို့ပင်။

လူတိုင်းက လုံးဝပင်စိတ်ပျက်နေလေ၏။ ကမ္ဘာတစ်ခုလုံးမှာ သူတို့ပတ်လည်တွင် လုံးဝပင် ဖျက်ဆီးခံနေရပြီး သူတို့က ထိုဖျက်ဆီးခြင်း လှောင်အိမ်ကြီးထဲတွင် လွတ်လမ်းမရှိ ပိတ်မိနေသကဲ့သို့ပင်။

ဖျက်ဆီးခြင်းက ဤကမ္ဘာပေါ်တွင် တစ်ခုတည်းသော တည်ရှိမှုဖြစ်လာပြီး လူတိုင်းက အပျက်အစီးမရှိသော ကောင်းကင်၏ အစိန်အပိုင်းက မည်သည့်နေရာတွင် ရှိနေသည်ကို မြင်ကွင်းမှ ပျောက်ဆုံးသွားကြသော်လည်း သူတို့က အစွမ်းကုန် ရှေ့ဆက်နေကြဆဲဖြစ်ကာ ပသက်ရှင်နိုင်ရန် အခွင့်အရေးသေးသေးလေးကို ရှာဖွေနေကြလေ၏။

အန်လင်း ရုတ်တရက် ဖရိုဖရဲ ကမ္ဘာကြီး၏ အလယ်တွင် မျှော်လင့်ချက် အလင်းရောင်လေးကဲ့သို့ အမှောင်ထုထဲမှ အလင်းတစ်ခုကို လှမ်းမြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။

"အဲ့ကို ပျံသွားကြ...." အန်လင်းက အော်ဟစ်ကာ ပျံသန်းရာ ဦးတည်ချက်ကို အလင်းလာရာဆီသို့ ပြောင်းလိုက်လေ၏။

လူတိုင်းက ချက်ချင်းပင် အန်လင်းနောက်သို့ လိုက်လာကြပြီး ထိုအမှောင်ထုထဲမှ အလင်းတန်းလေးဆီသို့ ပျံသွားလိုက်ကြလေ၏။

သူတို့က ပိုပို၍ နီးကပ်လာသောအခါ နောက်ဆုံးတွင် အလင်း၏ ရင်းမြစ်ကို ရှာတွေ့သွားလေ၏။

ထိုသည်က တောင်တစ်လုံးဖြစ်ပေ၏။

ထိုသည်က ပိန်းပိတ်အောင်မှောင်နေသော ကောင်းကောင်တွင် ပြောင်းပြန် ချိတ်ဆွဲထားသော တောင်တစ်ခုဖြစ်လေ၏။

တောင်ကြီးက အလင်းပြောက်လေးများဖြင့် တောက်ပနေသည်မှာ ထိုသည်က ညကောင်းကင်ယံ၏ ကြယ်တောက်တောက်ကလေးများကဲ့သို့ပင်။

လူတိုင်းက ထိုတောင်ကြီးကို မြင်လိုက်သောအခါ ကန္တာရထဲတွင် အလွန်ရေငတ်ခြင်းကြောင့် သေလု​မြောပါး အခြေအနေမှ အိုအေစစ်လေးတစ်ခုကို ရုတ်တရက် ရှာတွေ့သွား သကဲ့သို့ပင်။ သူတို့၏ နှလုံသားထဲတွင် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာပြီး သူတို့က ချက်ချင်းပင် တုံ့ဆိုင်းခြင်းမရှိ အရှိန်အပြည့်တင်ကာ ထိုတောင်ဆီသို့ အပြေးနှင်လိုက်ကြလေ၏။

​ေတာင်ကြီးမှာ ဤကဲ့သို့ ကြောက်မက်ဖွယ် ပတ်ဝန်းကျင်၏ အောက်တွင် ခြစ်ရာတစ်ခုပင် မရှိပဲ ကျန်နေခဲ့သည်မှာ အလွန်ထူးခြားလှသော တည်ဆောက်ပုံ ရှိရပေမည်။ ထိုသို့နှင့်ပင် ထိုသည်က သူတို့၏ အသက်ရှင်နိုင်ရာ တစ်ခုတည်းသော အခွင့်အရေးဖြစ်လာပုံရပေ၏။

ထိုအချိန်မှာပင် ဧရာမတောင်ကြီးက တံလျှပ်တစ်ခုကဲ့သို့ ရုတ်တရက် လင်းလိုက်မှိန်လိုက်ဖြစ်ကာ တည်ရှိမှု ပေါ်လိုက်ပျောက်လိုက်ဖြစ်လာလေ၏။

ထိုသည်ကို မြင်သောအခါ လျှိုချူးချူး၏ ပါးပြင်ထက်တွင် မျက်ရည်များ စီးကျလာတော့သည်။

သူတို့က နောက်ဆုံးမှ အသက်ရှင်ရန် မျှော်လင့်ချက်ကို ပြန်တွေ့ခဲ့သည်ဖြစ်ပြီး ထိုသည်က အတုဖြစ်နေပေ၏။ ထိုသည်က ထင်ယောင်ထင်မှာခြင်းတစ်ခုသာ ဖြစ်နေပေ၏။

အန်လင်းက လက်မလျော့ပါပေ။ သူက တံလျှပ်ကဲ့သို့ တောင်ကြီးဆီသို့ ဆက်လက် ပျံသန်းသွားနေလေ၏။

နောက်ဆုံးတွင် သူက ပြောင်းပြန်တောင်ကြီး၏ ထိပ်သို့ ရောက်ရှိသွားကာ နောက်ဆုံးတိုးဝင်မှုကို ပြုလိုက်လေ၏။

ဘုန်း...

ဖျက်ဆီးစေတတ်သော စွမ်းအားများက သူ့၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ့ပတ်လည်မှ နေရာလပ်က တောက်ပကာ ပုံပျက်လာသည်ကို ခံစားလိုက်ရ၏။ ထိုက်နောက် ချက်ချင်းပင် အကွာအဝေး တွန့်ကွေးခြင်းနှင့် ပျက်ဆီးခြင်းတို့၏ အလွန်ကြောက်မက်ဖွယ် လုံးထွေးမှုကြီးက သူ့အား အလွန်ပင် မူးဝေကာ အော်ကလီဆန်သွားစေလေ၏။

တီနာနှင့် ရွှယ်ကျန်းထျန်တို့က အန်လင်းကို တင်းတင်းဆုတ်ကိုင်ကာ အမြင်အာရုံ ချို့တဲ့ခြင်း သို့မရောက်မီတွင် အတူတကွ အော်ဟစ်လိုက်ကြလေ၏။

လျှိုချူးချူး၊ ဟုန်ဒူ၊ လင်းယင်နှင့် ရွှယ်မုန်မုန်တို့အားလုံးကလည်း တောင်ဆီသို့ တဟုန်ထိုး တိုးဝင်လာကာ သူတို့၏ ခန္ဓာကိုယ်များက ကုန်းမြေကြီး၏ ပြိုကျနေသော အပိုင်းမှ ပျောက်ကွယ်သွားပြီး နေရာလပ်က သူတို့ပတ်လည်တွင် လှိုင်းများထလာလေတော့သည်။

​ကောင်းကင်နှင့် မြေကြီးက တုန်ခါနေဆဲ ဖြစ်ပေ၏။

မကြာမီတွင် နေရာလပ်တစ်ခုလုံးက လုံးဝပင် ကွဲကြေသွားကာ ဖရိုဖရဲဖြစ်ခြင်းက အရာရာဆီသို့ တိုဝင်လာလေ၏။ မြေပြင်က ဗလာအဖြစ်သို့ လျော့ချခံရကာ အရာရာမှာ စွမ်းအင်တစ်မျိုးအဖြစ် ပျောက်ကွယ်သွားပြီး လေထုထဲသို့ ပေါင်းစပ်သွားကာ ခြေရာလက်ရာမရှိ ပျောက်ဆုံးသွားလေတော့သည်...။

------------

All Chapters