← Chapters

ဧရာမ ကြယ်အစုအဝေးတောင်

Vol. 37 Ch. 520

ဧရာမ ကြယ်အစုအဝေးတောင်

Vol. 37 Ch. 520

အန်လင်းက သူ့၏ မှုန်ဝါးနေသော မျက်လုံးများကို ဖွင့်လိုက်ရာ သူ့၏ ဝမ်းဗိုက်ပေါ်တွင် တစ်ခုခုက ထိုင်နေသည်ကို တွေ့လိုက်ရ၏။

သူက ထိုအရာကို အဝေးသို့ ရိုက်ထုတ်လိုက်ရာ ထိုသည်က နွေးထွေသောအမွေးပွ ဘောလုံးတစ်လုံးကဲ့သို့ နွေးထွေးပြီး အမွေးထူလှသည်ကို တွေ့လိုက်ရလေ၏။

"ပါးပါး ကျန်းထျန်ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲတာလဲ ဒီမိုက်မဲပြီး အားနည်းတဲ့ အမှိုက်ကောင်ကတော့..." ကြည်လင်ပြီး မာဆပ်ဆပ်အသံတစ်ခုက အိပ်မက်ယောင်နေသကဲ့သို့ ရေရွတ်လိုက်လေ၏။

အန်လင်း : "..."

အန်လင်းမှာ ရွှယ်ကျန်းထျန်ကို ငုံ့ကြည့်ကာ ကန်ပြီး မနိုးရသေးတွင် အနည်းငယ် ပြောစရာမဲ့နေလေ၏။

"အိုး... ဘီလူးအန်လင်း၊ နင်ဘယ်မှာလဲ။" တီနာသည်လည်း နိုးလာကာ စိတ်ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်လိုက်လေ၏။

သူတို့က ကြီးမားသော အနက်ရောင် တောင်ကြီးတစ်ခုပေါ်တွင် ရောက်နေခြင်းပင်။

သူမက ခေါင်းမော့ကြည့်လိုက်ရာ ထိုအနက်ရောင်တောင်ကြီးက မျက်စိတစ်ဆုံး ရှိနေသည်ကို တွေ့လိုက်ရပြီး တောင်ထိပ်မှာ ကမ္ဘာ့အပြင်ဘက်သို့ တိုက်ရိုက်ထိုးဖောက်နေသကဲ့သို့ပင်။ တောင်၏ မျက်နှာပြင်ပေါ်တွင် ညဘက်တွင် နောက်ပနေသော ကြယ်များကဲ့သို့ အလင်းပျောက်လေးများ တစ်ဖြတ်ဖြတ်လက်နေလေ၏။

"လှလိုက်တာ... ဒီဟာက ကြယ်တောင်ကြီးလား။"

တီနာက တောင်ပတ်လည်သို့ အံ့ဩတကြီး လှည့်ကြည့်လိုက်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။

ထိုသည်ကိုကြားပြီးနောက် အန်လင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ ကြယ်တောင်...

ဒီဟာက ဧကရာဇ် ဇစ်ဝေးပြောတဲ့ ဧရာမ ကြယ်အစုအဝေးတောင်များလား။

ကြီးမားသော တောင်ကြီး၏ ပတ်လည်ကို လျှောက်ကြည့်လိုက်ပြီး သူ့၏ မျက်လုံးများက ပြူးကျယ်သွားကာ ထိုသည်၏ ပြင်ပ ပုံသဏ္ဍာန်မှာ ဧကရာဇ် ဇစ်ဝေးသူ့အား ပြောပြလိုက်သည်နှင့် တစ်ထပ်တည်းတူနေသည်ကို တွေ့လိုက်သောအခါ သူ့၏ နှလုံးသားက တိုးဝှေ့သွားလေ၏။

ခြေရာကောက်၍မရနိုင်သော တစ်ခြားကမ္ဘာမှ တောင်ကြီး။ ထိုသည်က သူယခုတွင် အတိအကျ ရပ်နေသည် တစ်ခု မဟုတ်ပေဘူးလား။

အန်လင်းက သူ့၏ ပတ်ဝန်းကျင်သို့ လျှောက်မကြည့်ရသေးခင်တွင် ဤအခြေအနေကို ပြန်တွေးရန်လိုအပ်သည်ဟု ခံစားလိုက်ရ၏။

ရွှယ်ကျန်းထျန်နှင့် တီနာမှလွဲ၍ လျှိုချူးချူး၊ လင်းယင်၊ ဟုန်ဒူနှင့် ရွှယ်မုန်မုန်တို့အားလုံးက ပျောက်ဆုံးသွားလေ၏။

ထိုသည်က... သူက သူတို့နှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု မရှိခဲ့သည်မို့ တခြားတစ်နေရာသို့ နေရာကူးပြောင်းခံလိုက်ရသည် ဖြစ်နိုင်လား။

သူ့အတွက်မူ ထိုသည်က အ​ြဖစ်နိုင်ဆုံးသော ရှင်းလင်ချက်ဖြစ်လေ၏။ သူတို့ လေးဦးစလုံးမှာ သူ့နောက်မှ တိုက်ရိုက်ဖြစ်နေ၍ တောင်ကြီး၏ ငြင်းဆိုခြင်းခံလိုက်ရသည်မှာ လုံးဝ မဖြစ်နိုင်ပါပေ။ တခြားဖြစ်နိုင်​ချေမှာမူ သူတို့က ​ကုန်းမြေကြီး ပြိုပျက်ခြင်းကြောင့် ဖျက်ဆီးခံလိုက်ရသည်ဖြစ်ကာ ထိုသည်က သူမတွေးချင်သော အရာတစ်ခုဖြစ်ပေ၏...။

အန်လင်းက လှည့်ကြည့်လိုက်ရာ တောင်တန်းများကို မြင်လိုက်လေ၏။ ထိုတောင်များအားလုံးမှာ အနက်ရောင်ဖြစ်နေကာ သူတို့နည်းနှင့် သူတို့အတော်ပင် ရှည်လျားသော်လည်း ဧရာမကြယ်အစုအဝေးတောင်နှင့် ယှဉ္နို်င်ရန်တော့ အလွန်လိုအပ်နေပါသေး၏။

သူတို့အထက်မှ ကောင်းကင်မှာ မရေမတွက်နိုင်သော ကြယ်များနှင့် ပြည့်နှက်နေလေ၏။

ခဏလေး... တစ်ခုခုကတော့ သိပ်မူမမှန်သလိုပဲ...

သူက အထက်ကောင်းကင်သို့ မော့်ကြည့်လိုက်ရာ ကြယ်များက အလွန်ရှင်းလင်းကာ စစ်မှန်နေပြီး သူနှင့် ကောင်းကင်ကြားတွင် မည်သည့် အတားအဆီးမှ မရှိပဲ ကြယ်များမှ အလင်းက ဤကမ္ဘာပေါ်သို့ တိုက်ရိုက် ကျဆင်းနေသကဲ့သို့ တောက်ပနေလေ၏။

"ဒီက ကောင်းကင်က ကွဲပြားနေတယ်လို့ ငါက ဘာလို့ ခံစားနေရတာပါလိမ့်..." အန်လင်းက တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။

အန်လင်းက ခေါင်းခါလိုက်ကာ ထိုအတွေးရထားကြီးကို စွန့်ပစ်လိုက်လေ၏။ ထို့နောက် သူက ရွှယ်ကျန်းထျန်ကို နှိုးလိုက်ပြီး သူ့၏ သိုလှောင်လက်စွပ်ထဲမှ ရွှေရောင် အင်မော်တယ် သစ်သီးသုံးခုကို ထုတ်လိုက်ပြီး နှစ်လုံးကို ရွှယ်ကျန်းထျန်နှင့် တီနာဆီသို့ ပေးလိုက်လေ၏။

သူတို့ လွတ်မြောက် လာခဲ့သည့် ဘေးဆိုးကြီးကို ကြံ့ကြံ့ခံပြီးနောက် သုံးယောက်စလုံးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြ၏။ သူတို့ရဲ့ ကြွက်သားဖွဲ့စည်းပုံ၊ သွေးကြောများ၊ ကိုယ်အင်္ဂါတွေနှင့် အရေးကြီး သက်ရှိစွမ်းအင်ပင်လယ်ပြင်တွေမှာ ဒဏ်ရာအကြီးအကျယ်ရခဲ့လေသည်။ သူတို့က သဘာဝအတိုင်း ပြန်ကောင်းလာရန်အတွက် အချိန် တစ်လအထိ ကြာနိုင်ပါပေ၏။

သို့ဖြစ်၍ အစွမ်းထက် အသက်အားအင် စွမ်းအားများနှင့် ပြည့်နှက်နေသော အဆင့် ၈ အင်မော်တယ်သစ်သီးများက ဤအခိုက်အတန့်တွင် သူတို့အတွက် အလွန်အရေးကြီးပေ၏။ သစ်သီးများက အပြည့်အဝ ပြန်ကောင်းရန် လိုအပ်သော အချိန်ပမာဏကို သိသိသာသာလျော့နည်းသွားစေပါ၏။

အန်လင်းက ရွှယ်ကျန်းထျန်နှင့် တီနာကို သူ့သူငယ်ချင်းများအဖြစ် တွေးတောထားပြီး ဖြစ်လေ၏။ သို့ဖြစ်၍ သူက ရွှေရောင် အင်မော်တယ်သစ်သီး သုံးလုံးစလုံးကို ထုတ်လိုက်ကာ တုံ့ဆိုင်းခြင်းမရှိပဲ ခွဲဝေလိုက်လေ၏။

ရွှယ်ကျန်းထျန်နှင့် တီနာမှာ သူ့၏ အပြုအမူကြောင့် အလွန်ပင် စိတ်ထဲတွင် ခံစားသွားရပြီး နှစ်ဦးစလုံးက သူတို့၏ အင်မော်တယ်သစ်သီးများကို ပီတိနှင့် ကျေးဇူးတင်ခြင်းတို့ဖြင့် စားသုံးနေလေတော့သည်။

အန်လင်းက သူ့၏ အင်မော်တယ်သစ်သီးကို စတင်စားသုံးလိုက်ပြီး ကြွယ်ဝသော အသက်အားအင် စွမ်းအားများက သူ့တစ်ကိုယ်လုံးကို ဖြန့်ကျက်သွားပြီး အမြဲစိမ်းနည်းစနစ်ဖြင့် ပေါင်းစပ်ကာ သူ့၏ ဒဏ်ရာများအားလုံးကို အလွန်လျင်မြန်သောနှုန်းဖြင့် ကုစားလိုက်လေ၏။

ရွှယ်ကျန်းထျန်က အင်မော်တယ်သစ်သီးကို စားသုံးပြီးနောက် မြေကြီးပေါ်တွင် ရုတ်တရက် လှဲလိုက်လေ၏။ သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ရှိနေပြီး သူ့ခန္ဓာကိုယ်မှာ အပြာရောင်အလင်းမျိုးစုံဖြင့် တောက်ပနေပြီး မောပန်းခြင်းကို ​ဖြေဖျောက်နေသကဲ့သို့ပင်။

"ဒီသစ်သီးက တကယ့်ကို အံ့ဖွယ်ဆေးတစ်ခုပဲ။ အတော်လေး အရသာရှိတာတင်မကဘူး စားပြီးတော့ ငါ့တစ်ကိုယ်လုံးက ပေါ့ပါးသွားသလိုပဲ။ သခင်က တကယ့်ကို လူ​ကောင်းပဲ။ သခင်က ​ေစတနာတရား၊ ကြင်နာခြင်းနဲ့ ကရုဏာတရားတဲ့ရဲ့ စံနမူနာပဲ..." ရွှယ်ကျန်းထျန်က ချီးကျူးမှုများ အဆက်အပြတ် ပြုလုပ်လာလေ၏။

အန်လင်း : "..."

တီနာမှာ သေးငယ်သောကြောင့် သူမက အတော်ပင် နှေးနှေးစားသုံးပြီး နောက်ဆုံးမှ ပြီးဆုံးသူဖြစ်လေ၏။

ကံကောင်းစွာပင် သူမ၏ အစာချေစနစ်မှာ အလွန်သန်မာပေ၏။ သိုမဟုတ်ပါက သူမက ဤကဲ့သို့ သစ်သီးအကြီးကြီးတစ်လုံးကို စားရန် တစ်နေ့တာအောင် ကြာနိုင်ပေ၏။

တီနာသည်လည်း ရွှေရောင် အင်မော်တယ်သစ်သီးကို စားသုံးပြီးနောက် စိတ်ကျေနပ်စွာ လှဲလိုက်ပြီး သူမ၏ ဗိုက်လေးကို ပွတ်သပ်ကာ အပြုံးတစ်ခု ပေါ်လာလေတော့သည်။

"ဟမ်။ နေပါအုံး။ ငါ့ကိုယ်ထဲမှာ စွမ်းအင်အသစ်တစ်ခု တိုးလာကို ငါခံစားမိတယ်။" တီနာက အံ့ဩမှုဖြင့် မျက်လုံးများပြူးကျယ်သွားလေ၏။

အန်လင်းနှင့် ရွှယ်ကျန်းထျန်က တီနာကို ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် အလွန်တောက်ပသော ရွှေရောင် လင်းလက်လာသည်ကို တွေ့လိုက်ရလေ၏။ ထိုသည်က အလွန် သန့်စင်ပြီး မြင့်မြတ်သော စွမ်းအင်ဖြစ်ပေ၏။

"နာလေး၊ ဘယ်လိုနေလဲ။ နေမကောင်းဘူးလား။" အန်လင်းက အနည်းငယ် အလန့်တကြားအသံဖြင့် ​မေးလိုက်လေ၏။

တီနာက ခေါင်းခါပြကာ အနည်းငယ် ငေးငိုင်သောအမူအရာဖြင့် မျက်တောင်ခပ်လိုက်လေ၏။ "ငါ အဆင်ပြေတယ်။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က ထူးဆန်းပြီး ပေါ့ပါးနေတယ်လို့ ခံစားရတယ်။ အတားအဆီးတစ်ခုက ကျိုးပျက်သွားသလိုပဲ။ ငါက ပျံထွက်သွားတော့မယ်လို့ ခံစားရတယ်..."

ပျံထွက်သွားတော့မယ်...။ ထိုသည်ကို ကြားပြီးနောက် အန်လင်းက ပို၍ပင် စိတ်ပူလာလေ၏။

ထိုအချိန်မှာပင် တီနာ၏ ခေါင်းပေါ်မှ ကြယ်စုံသော ​ကောင်းကင်တွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေ၏။ ထို့နောက် အချင်းဝင် ကီလိုမီတာပေါင်းများစွာကို ဖုံးအုပ်ထားသော အဖြူရောင် လေပွေကြီးတစ်ခုက ခေါင်းထက်တွင်ပေါ်လာကာ အချင်းဝက် ကီလိုမီတာပေါင်းများစွာနှင့် သက်ရှိစွမ်းအင်က အံ့ဩဘနန်းပေါ်လာလေ၏။

အန်လင်းနှင့် ရွှယ်ကျန်းထျန်တို့၏ မျက်လုံးများက ပြူးကျယ်လာကာ အတွေးတစ်ခုက သူတို့စိတ်ထဲတွင် ပေါ်လာလေ၏။

"တင်းလင်း..."

အသံတစ်ခုက လေထုကို ဖြတ်သန်းကာ ထွက်ပေါ်လာပြီး ရှည်လျား ကြီးကျယ်သော အဖြူရောင် ပုံရိပ်တစ်ခုက လေပွေထဲမှ ပျံထွက်လာကာ လေထဲတွင် ပေါ်လာလေ၏။

ပုံရိပ်မှာ ရွှေရောင်ဆံပင်၊ နားရွက်ချွန်ချွန်၊ မြစိမ်းရောင် မျက်လုံးများနှင့် အလွန်ချောမောလှသော သွင်ပြင်များနှင့် နတ်သားတစ်ပါးဖြစ်လေ၏။ သူ့၏ ခန္ဓာကိုယ်နှင့် မျက်နှာတစ်ခုလုံးက ကမ္ဘာပေါ်ရှိ ကောင်းမွန်ခြင်းများ စုပေါင်းနေသည့် သရုပ်သကန်နှင့် တူလှပေ၏။

"မြင့်မြတ်နတ်သားခေါင်းဆောင်..." တီနာက ကောင်းကင်ရှိ ပုံရိပ်ကို ငေးကြည့်ကာ ငေးမောပြီး ရေရွတ်လိုက်လေ၏။

မြင့်မြတ်နတ်သားခေါင်းဆောင်ဟု အခေါ်ခံလိုက်ရသော ပုံရိပ်က တီနာကို ငုံ့ကြည့်လိုက်ပြီး သူ့မထံကို လက်ချောင်းတစ်ချောင်းညွှန်ပြကာ ဘာသာစကားတစ်ခုနှင့် ပြောဆိုနေလေ၏။

အန်လင်းက ပုံရိပ်ပြောနေသည်ကို နားမလည်ပါပေ။ သို့သော် သူ့အသံမှာ ကမ္ဘာပေါ်ရှိ ကောင်းကင်ဘုံတေးဂီတနှင့် တူလှပြီး နားထောင်ရုံနှင့်ပင် ကောင်းချီးများ အပန်းဖြေခြင်းများနှင့် ပြည့်နေလေ၏။

အချိန်တစ်ချို့ ကုန်ဆုံးသွားပြီးနောက် မြင့်မြတ်နတ်သားခေါင်းဆောင်၏ ပုံရိပ်မှာ ပျောက်ကွယ်စပြုလာပြီး သူ့၏ ​ပျောက်ကွယ်ခြင်းနှင့်အတူ အဖြူရောင် လေပွေကလည်း ပျောက်ကွယ်သွားလေ၏။

အန်လင်းက သတိပြန်ဝင်လာပြီး မြင့်မြတ်နတ်သားခေါင်းဆောင်က ပျောက်သွာသည်ကို မြင်သောအခါ စိတ်ပျက်ခြင်းများ သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။

"နာလေး၊ နင် နေလို့ပိုကောင်း..."

အန်လင်းက တီနာကို ကြည့်ရန် လှည့်လိုက်သော်လည်း စကားဆုံးအောင်မပြောရသေးခင်မှာပင် တုံ့ဆိုင်းသွားလေ၏။

ရွှယ်ကျန်းထျန်သည်လည်း သတိပြန်ဝင်လာပြီး တီနာကိုကြည့်လိုက်ရာ အလွန်ထိတ်လန့်သွားလေ၏။ "မယုံနိုင်စရာပဲ၊ ဒီဟာက မယုံနိုငစရာကောင်းလိုက်တာ...။"

သူတို့နှစ်ဦးစလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး တီနာဆီသို့ပြန်လှည့်ကာ တံတွေးမျိုချလိုက်လေ၏...။

တီနာရပ်နေသော နေရာတွင် အဖြူရောင် ဘောလုံးတစ်လုံးရှိနေလေ၏။ ဘောလုံးမှာ ငွေကြိုးများဖြင့် တည်ဆောက်ထားပုံရပြီး ခပ်ဖျော့ဖျော့လင်းနေပေ၏။

"တီနာက ဥပြန်ဖြစ်သွားတာလား။" ရွှယ်ကျန်းထျန်က အလန့်တကြားဆိုလိုက်၏။

အန်လင်း၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားလေ၏။ "နတ်သမီးတွေက ဥကနေ မွေးတဲ့ သတ္တဝါတွေမဟုတ်ဘူး။"

သူက အဖြူရောင် ဘောလုံးလေးကို ဂရုတစိုက်ကောက်ကိုင်လိုက်ပြီး သူ့အိတ်ကပ်ထဲသို့ထည့်ကာ အကာအကွယ် ထပ်မံပေးနိုင်ရန်အတွက် မန္တန်နည်းစနစ်များ ထောက်ပံပေးလိုက်လေ၏။ "တီနာ ဘာဖြစ်သွားတာလဲ ငါလဲမသိဘူး။ ဒါပေမဲ့ အဲဒါက ကောင်းတာတစ်ခုခုပဲ နေမှာပါ။"

မြင့်မြတ်နတ်သားခေါင်းဆောင်က အရမ်းပြည့်စုံနေတဲ့ ပုံပဲ...။

အဲ့လို လှပတဲ့ နတ်သားက မကောင်းတာတော့ မလုပ်နိုင်လောက်ပါဘူး။

အန်လင်းက စာအုပ်များကို အဖုံးဖြင့် ဆုံးဖြတ်တတ်သူဖြစ်ရာ ထိုသည်က သူချက်ချင်းချလိုက်သော ကောက်ချက် ဖြစ်ပေ၏။

သူက တီနာမှာ အမွေအနှစ်တစ်ချို့ ခံယူနေခြင်း သို့မဟုတ် သူမ၏ ကျင့်ကြံခြင်းအခြေခံတွင် ထိုးဖောက်ခြင်းတစ်ခုခု ပြုလုပ်နေခြင်းဟု ပိုမိုယုံကြည်နေပေ၏။

မည်သို့ဆိုဆို တီနာမှာ ထိုက်ချူ ကုန်းမြေပေါ်တွင် ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်နှင့် ညီမျှသော မြင့်မြတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေ​ပြီဖြစ်၏။

နတ်သမီးများမှာ အသက်အားအင် စွမ်းအားများကို အလွန်အာရုံခံလွယ်ကြပြီး စိတ်ဝိညာဉ် ဆေးတောင့်တစ်ခု သောက်သုံးပြီးနောက် သူမ၏ ကျင့်ကြံခြင်းအခြေခံက မွှေနှောက်နေသည်ဟု ပြောခဲ့ဖူး၏။ ရွှေရောင်အင်မော်တယ် သစ်သီးမှာ ထိုစိတ်ဝိညာဉအ ဆေးတောင့်ထက် အသက်အားအင် စွမ်းအားများ သိသိသာသာပိုများလေ၏။ သို့ဖြစ်၍ ထိုသစ်သီးကို စားသုံးလိုက်ခြင်းက တီနာကို ချိုးဖောက်ခြင်းတစ်ခုပြုလုပ်နိုင်ရန် ကူညီပေးလောက်သည်ဟုတွေးခြင်းမှာ အတွေးလွန်နေခြင်း မဟုတ်ပါပေ။

သို့သော် ဒီလိုမျိုး ထိုးဖောက်ခြင်းက အတိဒုက္ခကျော်လွှားခြင်း လိုအပ်တယ်မဟုတ်ဘူးလား။ အဲ့အစား သူမက ဘာလို့ ငွေဘောလုံတစ်လုံး ဖြစ်သွားတာလဲ။

အန်လင်းက သူကိုယ်သူ စတင်ပြီး သံယဝင်လာလေ၏။

သူက သက်ပြင်းရှည်ကြီးတစ်ခုကို ချကာ ခေါင်းခါလိုက်ပြီး ထိုအတွေးရထားကြီးကို ပယ်ဖျက်လိုက်ပြီး သူ့ရှေ့မှ ကြီးမားလှသော တောင်ကြီးကို မော့်ကြည့်လိုက်လေ၏။ "ဘာပဲဖြစ်ဖြစ်ကွာ။ အရင်ဆုံး ဒီတောင်ကို လေ့လာကြည့်ကြစို့...။"

-------------

All Chapters