ကြယ်လေးတွေက မင်းကို သေအောင်ဖိခြေပစ်နိုင်တယ်
Vol. 37 Ch. 521
ဤနေရာသို့ မလာခင်တွင် ဧကရာဇ် ဇစ်ဝေးက သူ့အား ဧရာမကြယ်အစုအဝေးတောင်ပေါ်တွင် ရှိမည်ဖြစ်သော ချစ်ခြင်းမေတ္တာ သစ်သီးကိုခူးလာခဲ့ရန် မစ်ရှင်တစ်ခု ပေးအပ်လာခဲ့၏။
ဤကြီးမားလှသည့် တောင်ကြီးက အထက်တွင် ဖော်ပြခဲ့သည့် ဧရာမကြယ်အစုအဝေးတောင်ဖြစ်ပုံရ၍ ချစ်ခြင်းမေတ္တာသစ်သီးကိုရှာရန် အန်လင်း၏ ပစ်မှတ်မှာ အလွန်ပင် ရှင်းလင်းပေ၏။
အန်လင်းက တောင်ကြီးပတ်လည်တွင် ဖြည်းညင်းစွာ ပျံသန်းသွားလိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်လေ၏။ သူက ချစ်ခြင်းမေတ္တာသစ်သီးကို တောင်ထိပ်၌တွေ့ရမည်ဆိုသည်အား အာမခံချက် မရှိသောကြောင့် တောင်ထိပ်သို့ တိုက်ရိုက် သွားရောက်ရန်အတွက် အလျင်မလိုပါပေ။
ကျောက်ဆောင်များ၊ ချောက်ကမ်းပါးများ၊ တောင်ပို့များ... ဤတောင်ကြီးအပေါ်ရှိ အရာအားလုံးမှာ ပိန်းပိတ်အောင် မှောင်နေပေ၏။ ထိုကြောင့်ပင် တောင်ပေါ်ရှိ အဖြူရောင်အလင်းပျောက်ကလေးများအားလုံးက အလွန်တောက်ပနေကာ မျက်လုံးထဲတွင် ထင်းနေခြင်းဖြစ်ပေ၏။ ထိုသည်မှာ တောင်ကြီးက ညကောင်းကင်ယံဖြစ်ပြီး အလင်းပြောက်လေးများမှာ ညအချိန်တွင် တောက်ပနေသော လှပသည့် ကြယ်ပွင့်ကလေးများ ကဲ့သို့ပင်။
အန်လင်းက အလင်းပြောက်ဖြူလေးတစ်ခုစီသို့ ဆင်းသက်လိုက်ရာ ထိုအဖြူရောင်အလင်းပြောက်လေးက တောင်ကြီး၏ ကျောက်သားမျက်နှာပြင်ထဲတွင် ရှိနေသည်ကို တွေ့လိုက်ရလေ၏။
အနက်ရောင် ကျောက်တုံးကြီးမှာ တစ်ဝက်တစ်ပျက်မြင်နိုင်၍ ဖြတ်သန်း တောက်ပလာမည့် အလင်းမရှိပါပေ။
သူက ထိုသည်များက ဘာလဲဆိုသည်ကို အနည်းငယ် သိချင်နေ၍ သူ့၏ မိစ္ဆာရှင်းဓားကို ဆွဲထုတ်ကာ ကျောက်တုံးနက်ကြီးကို ခွဲပိုင်းပစ်လိုက်လေ၏။
အတန်ကြာပြီးနောက် သူက အဖြူရောင်အလင်းများထုတ်လွှတ်နေသော အရာဝတ္ထုဆီသို့ ရောက်ရှိသွားလေ၏။ ထိုသည်က အဖြူရောင် တောက်ပနေသည့် အမှုန့်များဖြစ်ကာ သူ့အား အလင်းထွက်သည့်အမှုန့်များကို သတိရစေ၏။
အန်လင်းက ထိုအမှုန့်များ အပေါ်တွင် သူ့၏ အံ့ဖွယ်စစ်မေးခြင်းနည်းစနစ်ကို အသုံးပြုလိုက်ရာ ချက်ချင်းပင် အချက်အလင်းများအတန်းလိုက် သူ့စိတ်ထဲတွင် ပေါ်လာလေ၏။
ကြယ်အဆီအနှစ်- ဧရာမကြယ်အစုအဝေးတောင်မှ စုပ်ယူထားသော ကြယ်များ၏ စွမ်းအင်မှ ဖန်တီးထားသော အရာဝတ္ထုတစ်ခုဖြစ်၏။
ဖော်ပြချက်မှာ အလွန်ရှင်းလင်းတိုတုတ်ပေ၏။ အမှုန့်၏ အကျိုးသက်ရောက်မှုများ သို့မဟုတ် ထိုကဲ့သို့ နောက်ထပ် အချက်အလက်များ မရှိတော့ပါပေ။
အန်းက အတန်ကြာတွေးတောပြီးနောက် ကြယ်အဆီအနှစ်များကို အနာဂတ်တွင် အသုံးဝင်လိုဝင်ငြား စုဆောင်းလိုက်လေ၏။
အနည်းငယ်ထပ် ပျံသန်းပြီးနောက် သူက အဝေးမှ ကျယ်ပြန့်လှပြီး အဖြူရောင် အလင်းတောက်တောက်များ ထုတ်လွတ်နေသည့် မြေကွက်တစ်ကွက်ကို တွေ့လိုက်လေ၏။
"ဟမ်...။ အဲ့ကြယ်အဆီအနှစ်က ကြည့်ရတာ အတော်လေး တောက်ပနေတာပဲ။" အန်လင်းက အံ့ဩတကြီး ဆိုလိုက်လေ၏။
သို့သော် အလင်းလာရာကို အနီးကပ် သေချာကြည့်လိုက်သောအခါ သူ့မျက်လုံးများက သရဲတစ်ကောင်တွေ့ရသကဲ့သို့ ပြူးကျယ်သွားလေ၏။
ထိုသည်မှာ ထောင့်တစ်ဒါဇင်ခန့်ပါသော လုံးဝန်းသည့်ရွှေရောင် ခန္ဓာကိုယ်နှင့် အရွယ်အစားမှာ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်၏ တစ်ဝက်ခန့်ရှိသော သတ္တဝါတစ်ကောင်ဖြစ်၏။ ထိုသတ္တဝါမှာ ခြေထောက်ကဲ့သို့ ပြုမူနေသော ဦးမှင်တစ်စုံရှိနေပြီး ထိုအရာ၏ ခန္ဓာကိုယ်တစ်ခုလုံးက အရောင်ဖျော့ဖျော့လင်းလက်နေသည်မှာ ကောင်းကင်မှ ကြယ်အစစ်တစ်ခုကဲ့သို့ပင်...
ထိုသည်မှာ ကြယ်အဆီအနှစ် တစ်ချို့မဟုတ်ပါပေ။ ထိုသည်က သက်ရှိကြယ်တစ်ကောင်ပင်ဖြစ်ပါ၏...။
ရွှယ်ကျန်းထျန်မှာ ထိုသတ္တဝါကို အလန့်တကြား ငေးကြည့်နေလေ၏။ "စောက်ကျိုးနည်း...။ ကောင်းကင်ကနေ ကြယ်ခူးတယ်ဆိုတဲ့ ငါ့ရဲ့အိပ်မက်က မကြာခင်မှာ အမှန်ဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ့ကို အဲ့ကြယ်ကို ဖမ်းခွင့်ပြုပါ။"
အန်လင်း : "..."
ရွှယ်ကျန်းထျန်မှာ အန်လင်း ပြန်ဖြေရန် အခွင့်အရေးမရခင်မှာပင် ထိုကြယ်ဆီသို့ ပစ်ဝင်သွားလေ၏။
သက်ရှိကြယ်ပေါ်တွင် မျက်လုံးများဟု ထင်ရသော တောက်တောက်ပပ အစက်ကလေးနှစ်စက်က ရုတ်တရက် ပေါ်လာလေ၏။ ထိုမျက်လုံးနှစ်လုံးက ရွှယ်ကျန်းထျန်ဆီသို့ ချက်ချင်းပင် အာရုံစိုက်သွားကာ အံ့ဩတကြီးအော်သံတစ်ခုပြုလုပ်ပြီး ရွှယ်ကျန်ရန်ဆီသို့ ခုန်ဝင်လာလေ၏။ ထိုအရာက တိုက်ခိုက်လိုက်သော နည်းလမ်းမှာ ရွှယ်ကျန်းထျန်၏ နည်းလမ်းနှင့် သိသိသာသာ ဆင်တူနေပြီး နှစ်ဦးစလုံးမှာ သူတို့၏ ခန္ဓာကိုယ်များကို ဖြိုဖျက်ရေးယန္တရားအဖြစ် အသုံးပြုလိုက်လေ၏။
ဘုန်း...
အပြာရောင်အလင်းတန်းတစ်ခုက ရွှေရောင်အတန်းတစ်ခုနှင့်ဝင်တိုက်ကာ အလွန်အစွမ်းထင်လှသည့် စွွမ်းအင်ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်ကာ အချင်းဝင် ပေတစ်ထောင်ကျော်ရှိ တောင်တန်းများကို ပြိုပျက်သွားစေလေ၏။
ရွှေရောင်ကြယ်မှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူ့ခန္ဓာကိုယ်မှာ အနည်းငယ် ယမ်းခါသွားကာ ထိုတိုက်ခတ်ခြင်းပြီးနောက် ဒုတိယအကောင်းဆုံး ဖြစ်နေပုံရသည်မှာ သိသာလှပေ၏။ သို့သော် ထိုသည်က အရှုံးကို လက်မခံလိုပဲ ကြွေးကြော်သံတစ်ခုပြုကာ ရွှယ်ကျန်းထျန်ဆီသို့ ထပ်မံတိုးဝင်လာလေ၏။
ဘုန်း ဘုန်း ဘုန်း...
တိုက်ခတ်မှုများ အတန်းလိုက် ဖြစ်ပေါ်လာကာ ပေါက်ကွဲမှု လှိုင်းများကို ဖြစ်ပေါ်နေစေ၏။
ရွှယ်ကျန်းထျန်မှာ မြူနှင်းဝိဉာဉ် သားရဲများ၏ ခေါင်းဆောင်ဖြစ်ပြီး စစ်မှန် စွမ်းအား အထွတ်အထိပ်အဆင့်ရှိ အလွန်အစွမ်းထက်သော သားရဲတစ်ကောင်ဖြစ်ပေ၏။ နှိုင်းယှဉ္ရပါသော် ရွှေရောင်ကြယ်မှာ အနည်းငယ် ပိုပြီးအားနည်းကာ ထိုသည်က တိုက်ခတ်မှုအနည်းငယ်ပြီးနောက် ရေမရှိသော ငါးတစ်ကောင်ကဲ့သို့ မောပန်းကာ မြေပြင်ပေါ်သို့ ခွေကျသွားလေ၏။
ရွှယ်ကျန်းထျန်က လှောင်ရယ်ကာ သူ့တောင်ပံများမှ လက်တစ်ချောင်းကို ဖန်တီးလိုက်ပြီး မြေပေါ်မှ ရွှေရောင်ကြယ်ကို ကောက်ကာ အန်လင်းဆီသို့ ပျော်ရွှင်စွာ သယ်ဆောင်လာလေ၏။ "ဟီးဟီး... ကြယ်လေးကို ဂရုစိုက်ပေးပါ သခင်။ သခင့်အတွက် ငါ ခူးလာတာ။"
အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် ရှုံ့တွသွားသော်လည်း ခေါင်းငြိမ့်ပြလိုက်လေ၏။ "ကျေးဇူး..."
အန်လင်းက ရွှေရောင်ကြယ်ကို သူ့လက်ထဲတွင် ကိုင်လိုက်ကာ စိတ်ဝင်တစား ကြည့်ရှုလိုက်လေ၏။
ရွှေရောင်ကြယ်မှာ ရွှယ်ကျန်းထျန်ကြောင့် သတိလစ်သွားပြီ ဖြစ်၍ အန်လင်းကို လုံးဝ မလွန်ဆန်နိုင်ပါပေ။
ကြယ်အား ထိရသည်မှာ နွေးထွေးပြီး နူးညံ့လှ၏။ ထိုသည်က ခဲဖျက်အကြီးကြီးတစ်ခုကဲ့သို့ပင်။ တောက်ပ လင်းလက်သော အရောင်တစ်ခုကို သူ့ခန္ဓာကိုယ်မှ ထုတ်လွတ်နေလေ၏။ အလင်းမှာ အတော်လေး ညင်သာပြီး မျက်စိပသာဒ ဖြစ်စေလေ၏။
ဘဲနှင့်တူသော လိမ်ယှက်နေသည့် ခြေထောက်နှစ်ချောင်းက ဦးမှင်နှစ်ခု၏ အနီးတွင် ချိတ်ဆွဲထားလေ၏။ အလင်းပျောက်လေး သုံးစက်လဲရှိနေပြီး နှစ်ခုမှာ မျက်လုံးများဖြစ်ကာ တတိယတစ်ခုမှာ ပါးစပ်ဖြစ်ပေ၏။
"Patrick Star... အဲဒါ မင်းလား။" အန်လင်းက မေးလိုက်လေ၏။
ရွှေရောင် ကြယ် : "..."
အန်လင်းက ဤသည်မှာ ဧကရာဇ် ဇစ်ဝေးပြောဖူးသည့် ကြယ်တာရာသားရဲများထဲမှ တစ်ကောင်ဖြစ်မည်ဟု ခံစားရလေ၏။ သူက မူလတွင် ကြယ်တာရာသားရဲများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အညှာအတာမဲ့သော သတ္တဝါများဟု ထင်ခဲ့သည်ဖြစ်သော်လည်း ယခုတွင် တစ်ကောင်ကို တွေ့ပြီးနောက်... ထိုသည်က အမှန်တကယ်တော့ ထိုကဲ့သို့ ဖြစ်ပုံမရပါပေ။
"ငါ့ကို ချက်ချင်း လွတ်ပေးစမ်း။ ငါ့ကို အန္တရာယ်ပြုရဲရင် ကြယ်တွေက မင်းကို အဆုံးအဖြတ် ပြုလုပ်ပေးလိမ့်မယ်။" သဘာဝဆန်သော အသံဖျော့ဖျော့က ရုတ်တရက် ထွက်လာပြီး အန်လင်းက ကြယ်ကို လန့်ပြီး ပြုတ်ကျတော့မလိုပင် ဖြစ်သွားလေ၏။
ကြယ်တာရာသားရဲမှာ ရှေးဟောင်းလူသားစကား ပြောလိုက်ခြင်းပင်။
"နင်က ကြယ်တာရာ သားရဲလား။" အန်လင်းက သိလိုစိတ်အပြည့်နှင့် မေးလိုက်လေ၏။
"ငါက တန်ခိုးကြီး ကြယ်အစုအဝေးကောင်းကင်မျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ဦးပဲ။ ငါကို ချက်ချင်း လွတ်ပေးစမ်း ငတုံးလူသား။ အဲ့လိုမှ မဟုတ်ရင် မင်းက မရေမတွက်နိုင်တဲ့ ကြယ်တွေရဲ့ သေအောင် ဖျက်ဆီးခြင်းကို ခံရလိမ့်မယ်။" ကြယ်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"အိုး..." အန်လင်းက ကြယ်ကို သွားခွင့်မပြုလိုက်မီတွင် ခေါင်းငြိမ့်ပြလိုက်လေ၏။
ကြယ်က အနည်းငယ် တုံ့ဆိုင်းသွားကာ ငေးငိုင်နေသော အမူအရာဖြင့် မျက်တောင်ခတ်လိုက်လေ၏။ ထိုသည်က အန်လင်းက သူလုပ်သည့်အတိုင်း တုန့်ပြန်မည်ဟု မထိထားခဲ့သည်မှာ သိသာပေ၏။
သူက ငါ့ကို ဒီလိုပဲ လွတ်ပေးလိုက်တာလား။
ထိုသည်က လည်ချောင်းရှင်းကာ သူ့ကိုယ်သူ စုစည်းလိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေ၏။ "မင်းက ကိုယ့်နေရာကို သိပြီး ငါတို့ရဲ့ ကြယ်အစုအဝေးကောင်းကင် မျိုးနွယ်စုကို ကြောက်ရွံ့တာမြင်ရတော့ ကောင်းတယ်။ ငါက စိတ်ကောင်းထားပြီးတော့ ဒီတစ်ခါ မင်းကို လွတ်ပေးလိုက်မယ်။"
အန်လင်းက အလွန် တည်ကြည်သော အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်လေ၏။ "နင် မှန်တယ်။ ငါက ချစ်ခြင်းမေတ္တာသစ်သီးအကြောင်း နင်တစ်ခုခုများ သိမလားလို့ မေးချင်ယုံတင်ပါပဲ။"
"ချစ်ခြင်းမေတ္တာသစ်သီး...။ မင်းက ချစ်ခြင်းမေတ္တာသစ်သီးကို ခိုးဖို့ ကြိုးစားနေတာလား။ အဲဒါက ဒီတောင်ရဲ့ ထိပ်မှာရှိတဲ့ ချစ်ခြင်းမေတ္တာအပင်မှာ ပေါက်တဲ့ ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်ရတနာပဲ။ မင်းက အဲဒါကို ချဉ္းကပ်ရဲရင် မျိုးနွယ်စု အဖွဲ့ဝင်တွေရဲ့ မြင်တာနဲ့ မင်းကို သုတ်သင်ကြလိမ့်မယ်။ ငါက ဘာပဲဖြစ်ဖြစ် မင်းကို အဲ့အကြောင်းတစ်ခုမှ ပြောပြမှာမဟုတ်ဘူး။" ကြယ်က အလွန်အမင်း အသက်ဝင်သော တုံ့ပြန်မှုတစ်ခု ပြုလုပ်လိုက်လေ၏။
ထိုသည်ကို ကြားပြီးနောက် အန်လင်း၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားလေ၏။ ကြယ်က အခုလေးတင် သူသိချင်တဲ့ အရာတွေ အကုန်လုံးကို ပြောပြလိုက်ပြီ မဟုတ်ဘူးလား။
အဲ့တော့ ချစ်ခြင်းမေတ္တာသစ်သီးက တကယ်ပဲ ဧရာမ ကြယ်အစုအဝေးတောင်ရဲ့ ထိပ်မှာ ရှိတာပေါ့...
ကောင်းတယ်...။
"ဟီးဟီး ငါမင်းကို မယုံပါဘူး။ မင်းတို့ မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တွေက ဘယ်လောက်တောင် သန်မာလို့လဲ။ သူတို့က ငါ့ကို မသတ်နိုင်ပါဘူး...။" အန်လင်းက အေးစက်စွာ လှောင်ပြောင်လိုက်လေ၏။
"ဟမ့်...။ ငါ့မျိုးနွယ်စုက ချစ်ခြင်းမေတ္တာ သစ်ပင်ရဲ့ အစောင့်အရှောက်တွေပဲ။ အဲ့မှာ ငါ့ထက်အစွမ်းထက်တဲ့ ကြယ်တာရာ သားရဲတွေ တစ်ရာကျော် ရှိတယ်။ အဲ့အမွေးဖြူအလုံးနဲ့ ယှဉ်နိုင်တဲ့ ခွန်အားနဲ့ ကြယ်တာရာသားရဲတွေ တစ်ဒါဇင်လောက်တောင်ရှိတယ်။ မင်းက သူတို့က မင်းကို မသတ်နိုင်ဘူးလို့ ပြောရဲသေးတယ်လား...။" ကြယ်က အေးစက်စွာ လည်ချောင်းရှင်းလိုက်ပြီး အန်လင်းကိုအထင်သေးစွာ ငုံ့ကြည့်လိုက်လေ၏။
အန်လင်းမှာ ကြယ်၏ တုန့်ပြန်မှုကို အလွန်ကျေနပ်နေလေ၏။
သူက ကြယ်ကို သူလိုချင်သမျှ အချက်အလက်များ သူ့ကို ပေးလာရန် လိမ်ရသည်မှာ အလွန်လွယ်ကူလိမ့်မည်ဟု မထင်ထားပါပေ။ အလွန်နိမ့်ကျသော IQနှင့် တစ်စုံတစ်ယောက်ကို ဆက်ဆံ ပြောဆိုရသည်မှာ သူ့နှလုံးသားထဲတွင် သာလွန်မှုတစ်ခုကို ဖြစ်တည်လာစေ၏...။
ဤကြယ်က ဝိညာဉ် ဖွဲ့စည်းခြင်း စဦးအဆင့် သို့မဟုတ် ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ္နိုင်သော တိုက်ခိုက်နိုင်စွမ်းအားကို ပိုင်ဆိုင်ထားပုံရပေ၏။ ဆိုလိုသည်မှာ ဝိညာဉ် ဖွဲ့စည်းခြင်း စဦးအဆင့် သို့မဟုတ် ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကြယ်များ တစ်ရာကျော် ရှိပြီး ထိုအထဲမှ တစ်ဒါဇင်ခန့်မှာ ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ဖြစ်ပေ၏။ ထိုကဲ့သို့ ကြောက်မက်ဖွယ် တည်ရှိမူက သူ့ကို သတ်နိုင်ရန် လုံလောက်ပေ၏။
သူက အစီအစဉ္ တစ်ခုကို တွေးရပေမည်။
ခဏလေး...။
အန်လင်းက ရုတ်တရက် ဤနယ်မြေထဲသို့ မဝင်မီတွင် ဧကရာဇ် ဇစ်ဝေး သူ့အား ပေးခဲ့သော ပုံရိပ်ယောင် ကြယ်စင်ဝတ်ရုံကို သတိရကာ သူ့၏ မျက်လုံးများက အရောင်တောက်သွားလေ၏။ ဝတ်ရုံတွင် အလွန်အစွမ်းထက်သော ဖုံးကွယ်မှုနှင့် ကိုယ်ဖျောက်နိုင်သော စွမ်းရည်များပါရှိကာ ကြယ်တာရာ သားရဲများ၏ ထောက်လှမ်းခြင်းမှ လွတ်မြောက်နိုင်မည်မှာ အသေအချာပင် ဖြစ်၏။ ယခုက ၀တ်စုံကို အသုံးပြုရန် ပြီးပြည့်စုံသည့် အခွင့်အရေး မဟုတ်ပေဘူးလား။
ထိုသည်ကို တွေးကာ သူက ပုံရိပ်ယောင် ကြယ်စင် ဝတ်ရုံကို သူ့၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်လေ၏။ ထိုသည်က ပါဝင် ပစ္စည်းပေါ်တွင် ကြယ်အစက်အပြောက်များ တောက်ပနေသော အနက်ရောင် ဝတ်ရုံတစ်ခုဖြစ်ကာ ဆန်းကြယ်သော သွင်ပြင်ကို ပေးနေလေ၏။
အန်လင်းက ပုံရိပ်ယောင် ကြယ်စင်ဝတ်ရုံကို ဝတ်ဆင်လိုက်ရာ သူ့နှင့် အတိအကျပင် လိုက်ဖက်နေသည်ကို တွေ့လိုက်ရ၏။ ကြယ်အစက်အပြောက်များနှင့် အနက်ရောင် ပစ္စည်းမှာ ဧရာမကြယ်အစုအဝေးတောင်၏ မျက်နှာပြင် သွင်ပြင်နှင့် ထပ်တူညီလုနီးနီးပင်ဖြစ်၍ ပြီးပြည့်စုံအောင် ကိုယ်ပျောက်နေစေပေ၏။
"အဲ့တော့ ငါက မင်းကို တတ်နိုင်သမျှ အမြန်ဆုံးဒီကနေ ထွက်သွားပြီးတော့ မင်းရဲ့ မူလအစီအစဉ် ဖျက်သိ်မ်းဖို့ အကြံပေးလိုက်မယ်..." ကြယ်က စကားပြောရင်း အန်လင်းဆီသို့ လှည့်လိုက်သောအခါ သူ့မျက်ဆံများက သိသိသာသာ သေးငယ်သွားပြီး အံ့ဩတကြီး ပါးစပ်အဟောင်းသား ဖြစ်နေပေ၏။ "သူဘယ်ရောက်သွားတာလဲ။"
"စောက်ကျိုးနည်း...။ ငါက မင်းကို ထွက်သွားဖို့ ပြောပေမဲ့ အဲ့လောက်ကြီး နာခံပြီးတော့ ချက်ချင်း ထွက်သွားဖို့ မလိုပါဘူး။" ကြယ်က အံ့ဩတကြီး ဆိုလိုက်လေ၏။
အန်လင်းက ကြယ်ရှေ့တွင် ရပ်နေဆဲဖြစ်ကာ ကြောင်အနေလေ၏။
အန်လင်း : "..."
-----------------