← Chapters

ထောင်ချောက်

Vol. 45 Ch. 662

ထောင်ချောက်

Vol. 45 Ch. 662

"ဟုတ်ပါတယ်။ ဒီလူပါ"

ဒေါင်းက ကြောင်တက်တက်မျက်နှာဖြင့် ခေါင်းငြိမ့်သည်။

ရုံးတော်၏လှုပ်ရှားမှုက မြန်လွန်းသဖြင့် သူ့စိတ်တုံ့ပြန်မှုက လိုက်မမီဖြစ်နေသည်။

"ဒါဆို မှားစရာမရှိတော့ပါဘူး"

အရာရှိ စိတ်သက်သာရာရသွားသည်။

တစ်နေကုန်အပင်ပန်းခံလှုပ်ရှားပြီးမှ လူမှားဖမ်းမိခဲ့လျှင် အကြီးအကျယ် အရှက်ကွဲလိမ့်မည်။

သို့သော် လူမှားဖမ်းမိလျှင်ပင် ယခုသူတို့ဖမ်းထားသူသည်လည်း လူကောင်းမဟုတ်ပါ။

လက်ရှိသက်သေအထေက်အထားအရ ဖမ်းမိသည့်လူသည် အကြမ်းဖက်မှုများစွာကျူးလွန်ခဲ့သည့် ရာဇဝတ်သားဖြစ်သည်။

သူ့ကိုဖမ်းဆီးရာတွင် ပါဝင်ခဲ့သူအားလုံး ဂုဏ်ပြုချီးမြှင့်မှုရကြလိမ့်မည်။

"စည်းမျဉ်းစည်းကမ်းအရ အတည်ပြုမှတ်တမ်းတစ်ခု ဖြည့်ဖို့လိုပါသေးတယ်။ ကျုပ်တို့နဲ့အတူ ရုံးတော်ကိုလိုက်ခဲ့ပေးနိုင်မလား"

တာဝန်ဝတ္တရားရှိသည်ဖြစ်၍ ဒေါင်း ခေါင်းငြိမ့်လိုက်သည်။

"သူတို့ကိုလည်း ခေါ်လာလို့ရမလား"

လုယန်တို့အားလုံးကို လက်ညှိုးထိုးပြပြီး ဒေါင်းပြန်မေးသည်။

ရုံးတော်သို့တစ်ယောက်တည်းသွားရမည်ကို နည်းနည်းစိုးရိမ်နေသည်။

"ရပါတယ်။ ဒါပေမယ့် သက်သေမှတ်တမ်းယူနေချိန်အတွင်းမှာတော့ သူတို့စောင့်ကြည့်နေလို့မရဘူး"

ဒေါင်း၏စိုးရိမ်စိတ်ကို အရာရှိနားလည်သည်။ လူဆိုသည်မှာ ထိုသို့ပင်ဖြစ်သည်။

သူတို့စကားပြောနေစဉ် နောက်ထပ်အရာရှိနှစ်ယောက် လှေခါးမှတက်လာသည်။

"ခင်ဗျားတို့ထဲမှာ မိန်းကလေးဖူလင်းဆိုတာ ဘယ်သူလဲ။...အား အကိုလီလည်း ရောက်နေတာလား။ တရားခံသွားဖမ်းတယ်ဆိုလားလို့"

ရောက်လာသည့်နှစ်ယောက်ရာ အရာရှိခေါင်းဆောင်ကိုမြင်ရသဖြင့် အံ့အားသင့်သွားသည်။

အကိုလီက ပုံမှန်လေသံဖြင့် ပြန်ပြောသည်။

"အင်း..အခုပဲ ဖမ်းပြီးတာ။ အခု နစ်နာသူဆီက အတည်ပြုချက်ယူနေတာ။ မင်းတို့ရော ဘာလာလုပ်တာလဲ ရှောင်ဝူ"

"ဪ..ကျုပ်တို့ အခုပဲ တရားခံတစ်ယောက်ကို စစ်ဆေးမေးမြန်းခဲ့တယ်။ သူ့ထွက်ဆိုချက်အရ ဖူလင်းဆိုတဲ့မိန်းကလေးကိုသတ်ဖို့ ဟုန်မျိုးရိုးလူမိုက်ကို ငှားဖို့ကြိုးစားခဲ့တယ်လို့ ထွက်ဆိုတယ်လေ။

ဒါကြောင့် ကျုပ်တို့လည်း အတည်ပြုချက်လာယူတာပါ။ မိန်းကလေးဖူလင်းဆိုတာ ဘယ်သူလဲ"

"ကျွန်...ကျွန်မပါ"

ဖူလင်းက ကုတင်ပေါ်မှထာပြီး ဒေါင်းဘေးတွင်ရပ်သည်။

သို့သော် သူ့ကိုသတ်ချင်နေသည့်လူဟူ၍ စဉ်းစားမရ။

အကိုလီ "..."

ရှောင်ဝူ "..."

လူသတ်သမားတွေက ခင်ဗျားတို့ညီအမတွေနားမှာပဲ ရစ်ဝဲနေတာများလား...

"မိန်းကလေးနှစ်ယောက်လုံး ကျုပ်တို့နဲ့လိုက်ခဲ့ပေးပါ"

ညီအမနှစ်ယောက် ခေါင်းငြိမ့်မည်။

"မိန်းကလေးဒေါင်း...မနေ့ညက မင်းကိုသတ်ဖို့လာတဲ့လူက ချီအဆင့်ပဲရှိလို့ မင်းကံကောင်းတယ်။

သူ့ထွက်ဆိုချက်အရ သူ့အထက်မှာ အခြေတည်အဆင့်၊ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့် ကြေးစားတွေရှိသေးတယ်တဲ့။

သူ့တာဝန်ကျရုံးရှင် သူ့ထက်ပိုစွမ်းအားကြီးတဲ့ လူသတ်သမားတွေ မင်းနောက်ကိုလိုက်လာမှာ။

တည်းခိုခန်းကို ဒီလူသတ်သမား ညဘက်မှာခိုးဝင်နိုင်ခဲ့တာ ကျုပ်တို့ပေါ့ဆမှုပါ။ စိတ်ချပါ မိန်းကလေး။ အခု သဲလွန်စရပြီဆိုတော့ ဒီလိုကိစ္စမျိုး နောက်ထပ်လုံးဝမဖြစ်စေရပါဘူး"

မနေ့ညက ထိုလူသတ်သမားသာ ထိုသို့ဝန်မခံခဲ့လျှင် အစိုးရရုံးက ဝိညာဉ်ပြောင်းအဆင့်သုံးယောက် နတ်ဝိညာဉ်အဆင့်ဆယ်ငါးယောက်ကို တာဝန်ပေးမည်မဟုတ်။

ထိုထက်အဆင့်ပိုမြင့်သည့် ကျင့်ကြံသူများ လျှို့ဝှက်လွှတ်ခဲ့ခြင်းမရှိမရှိ အကိုလီမသိ။

မနေ့ညကလိုပင် သူတို့အုပ်စု ရုံးတော်သို့ ထပ်ရောက်လာပြန်သည်။

တံခါးစောင့်အရာရှိ အံ့အားသင့်သွားသည်။ သူသည် ညဆိုင်းတာဝန်ကျသူဖြစ်သည်။ လူတစ်စုကို နှစ်ညဆက်တိုက်မြင်ရသည်မှာ ထူးဆန်းနေသည်။

"မိန်းကလေးဒေါင်းကို ခြိမ်း‌ခြောက်ခဲ့တဲ့လူရဲ့နောက်ခံကို ကျုပ်စုံစမ်းချင်ပါတယ်"

ရှီချန်းက အရာရှိကိုပြောသည်။

"စိတ်မကောင်းပါဘူး ကိုယ်တော်၊ အမှုတစ်ခုရဲ့အသေးစိတ်အချက်တွေကို မသက်ဆိုင်တဲ့လူတွေ စုံစမ်းခွင့်မရှိဘူးဆိုတဲ့ စည်မျဉ်းရှိလို့ပါ"

အရာရှိကရှင်းပြသည်။ ရှီချန်းက နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။

မဟာရှားသည် ထိုအပိုင်းတွင် အတော်တိကျသည်။

မသေမျိုးငါးဂိုဏ်းသည် ဥပဒေပြုဩဇာ ပိုင်ဆိုင်ထားသော်လည်း ထိုဩဇာကို ပုဂ္ဂလိကဆန္ဒအတွက် စူးစမ်းခွင့်မရှိ။ ပေးအပ်ထားသည့် ဥပဒေဩဇာ၏ရည်ရွယ်ချက်ကို ဆန့်ကျင်ရာရောက်သည်။

မနေ့ညက မျက်မြင်သက်သေအဖြစ်ထွက်ဆိုချိန်တွင် မှတ်တမ်းတွင် သာမန်ကျင့်ကြံသူများအဖြစ်သာ ဖော်ပြခဲ့သည်။ မသေမျိုးဂိုဏ်းဝင်ဖြစ်ကြောင်း မပြောခဲ့။

ရှီချန်းအတွေ့အကြုံအရ မသေမျိုးငါးဂိုဏ်းဝင်ဖြစ်ကြောင်းပြောလိုက်လျှင် မြို့တော်သခင်ကို အသိပေးသလိုဖြစ်သွားမည်။ နွေးထွေးစွာကြိုဆိုခံရမည်ကတော့ သေချာသည်။

သို့သော် ဘယ်အချိန်ထွက်သွားမည်ကိုလည်း အရိပ်အမွက်ပြောဖို့ နည်းလမ်းရှာရတော့မည်။

မသေမျိုးငါးဂိုဏ်း၏ ဩဇာအဆင့်အတန်းက မြင့်မားသည်။ သူတို့ဝင်ပါလိုက်လျှင် တစ်နှစ်စာ၏အလုပ်တန်ဖိုး ပျက်စီးသွားမည်။

ညီအမနှစ်ယောက်ကို အရာရှိနှစ်ဖွဲ့ကခေါ်သွားပြီး မှတ်တမ်းယူသည်။ လုယန်တို့သုံးယောက်က အမှုကိုင်တွယ်ဖြေရှင်းသည့်နေရာတွင် နေခဲ့သည်။ ရလာဒ်ကိုစောင့်နေသည်။

"နတ်မယ်၊ တရားခံစစ်ဆေးမေးမြန်းတာကို ခင်ဗျားနားထောင်နိုင်လား"

လုယန် သိလိုစိတ်ကို မထိန်းနိုင်တော့။

နတ်မယ်က သိစိတ်နယ်မြေမှ ခမ်းနားသည့်နံရံပေါ်တွင် ပန်းချီဆွဲနေသည်။ လက်တစ်ဘက်တွင် စုတ်တံကိုင်ထားသည်။ သူ့ခြေရင်းတွင် ဆေးရည်ပုံးများပြည့်နေသည်။ မျက်နှာတွင်လည်း ကာလာစုံပေကျံနေသည်။

ဘာပုံဆွဲနေသည်ကို လုယန်ခန့်မှန်းမရ။

"ကောင်းပြီလေ"

နတ်မယ်ပြန်ဖြေသည်။ စုတ်တန်ကို ဆေးရည်ပုံးတစ်ခုထဲ ပစ်ချပြီး မျက်နှာကို လက်ခုံဖြင့်သုတ်သည်။ ဆေးရောင်များသာ ပိုပြန့်သွားသည်။

ထို့နောက် ဖမ်းထားသည့်လူအား စစ်ဆေးမေးမြန်းနေသည်ကိုကြည့်ဖို့ လုယန်ကို ဝိညာဉ်အာရုံမျှပေးသည်။

စစ်ကြောရေးခန်းက မှော်စက်ဝန်းများဖြင့် ကာကွယ်ထားသည်။ ဝိညာဉ်အာရုံမထိုးဖောက်နိုင်အောင် အထူးတလည်ဒီဇိုင်းထွင်ထားသည်။

သို့သော် ထိုထက်ပိုအားကောင်းသည့် နတ်မယ်၏အာရုံကို မပိတ်ဆို့နိုင်။

လူပုံက ခံ့ညားသည်။ ကောက်ကျစ်မည့်ဟန်ပန်ရှိသည်။ လက်နှစ်ဘက်ကို ဝိညာဉ်ချုပ်သော့ဖြင့် ခတ်ထားသည်။ ဝိညာဉ်စွမ်းအား မသုံးနိုင်အောင် ပိတ်ဆို့ထားသည်။

ဝါရင့်အရာရှိနှစ်ယောက် အတော်ခေါင်းခဲနေသည်။ ထိုလူသည် စိတ်ရောဂါတစ်ခုရှိသည်ဟု ယူဆကြသည်။ သူ့အတွေးက သာမန်လူများနှင့် ကွဲပြားနေသည်။ ဟန်ဆောင်နေသလား တကယ်ရူးနေသလား သေချာမသိသေး။

"မင်းနာမည်"

တရားခံက အဆက်မပြတ်ရယ်နေသည်။ သူ့အကျင့်အတိုင်း လက်သည်းများကို ကစားသည်။ သို့သော် ဝိညာည်ချုပ်သော့ခတ်ထားသဖြင့် ကစား၍မရ။

"ဟား၊ ငါ့နာမည်ကို ဒီလောက်ခပ်ပြတ်ပြတ်မေးရဲတဲ့လူကို ပထမဆုံးမြင်ဖူးတာပဲ။ ပြောလိုက်ပါမယ်လေ။ ငါ့နာမည် ယဲ့ရှောက်တဲ့"

"အသက်"

"ထောင့်ခြောက်ရာ"

"ဘုန်း"

အရာရှိက စားပွဲကို ဒေါသတကြီးရိုက်လိုက်သည်။ ထို့နောက် ယဲ့ရှောက်ကိုလက်ညှိုးထိုးပြီူး အော်သည်။

"မင်းအမှန်အတိုင်းပြောနော်။ လာပြီးအရူးကွက်မနင်းနဲ့"

ယဲ့ရှောင်မျက်လုံးများ မှေးစင်းသွားသည်။

"မင်းနေရာမှာသာငါဆိုရင် လက်ကိုမြှောက်မှာမဟုတ်ဘူး။ ဘာမှဟုတ်တဲ့ အဆင့်နိမ့်ကျင့်ကြံသူကများ ငါ့ကိုလက်ညှိုးထိုရဲတယ်ပေါ့။

ငါနဲ့စကားပြောဖို့ အရည်အချင်းမီတဲ့ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ခေါ်လိုက်"

အတွေ့အကြုံရှိသည့် အရှာရှိနောက်တစ်ယောက်က တစ်စုံတစ်ခု တွေးမိသွားဟန်ရှိသည်။ သူ့အဖော်ကို ဘေးသို့ဆွဲဖယ်ပြီး ယဲ့ရှောက်ကို မေးသည်။

"မင်းက ကျင့်စဉ်အသစ်ပြန်စတဲ့ ရှေးခေတ်စုစည်းခြင်းအဆင့်ကျင့်ကြံသူလား"

"မင်းနည်းနည်းတော့ ဦးနှောက်ရှိသားပဲ"

အရာရှိနှစ်ယောက် နားလည်သွားသည်။ ယခုအားလုံး ရှင်းလင်းလာသည်။

"သီးခြားနာမည်မျိုးရှိလား"

"ငါဘယ်သူမှန်းမသိဘဲနဲ့ မင်းတို့ကငါ့ကိုဖမ်းတယ်ပေါ့။ အတော်အတင့်ရဲတာပဲ။ ငါက ညနန်းဆောင်ဂိုဏ်းချုပ် ယဲ့ရှောက်ကွ။

မဟာယုအင်ပါယာတောင် ငါ့ကို လေးလေးစားစားဆက်ဆံရတယ်"

အရာရှိနှစ်ယောက် ရှေးဟောင်းအသိဗဟုသုတများ ပြန်စဉ်းစားသည်။ ထိုအဖွဲ့အစည်းမျိုး ရှေးခတ်က တကယ်ရှိခဲ့သည်ထင်သည်။

သတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ မဟာယုခေတ် နှစ် ၆၀၀၀၀ အတွင်းက တည်ထောင်ခဲ့သည်။ ယနေ့မှစတွက်လျှင် နှစ် ၁၄၀၀၀၀ ကြာပြီဖြစ်သည်။

"ဒါဆိုဘာလို့ ကျင့်စဉ်ပြန်စပြီးနောက်မှာ လူသတ်ဂိုဏ်းကို ဆက်ပြီးတည်ထောင်ခဲ့တာလဲ"

ယဲ့ရှောက်ဟူသည့် ဤလူသည် လူသတ်ဂိုဏ်းအသစ်တစ်ခု တည်တောင်ထားသည်။ အင်အားတောင့်တင်းသည်။

"ပိုးမွှားနှစ်ကောင်၊ မင်းတို့က ငါ့အစီအစဉ်ကို မေးရဲတယ်ပေါ့။ မင်းတို့ကိုပြောပြလည်း ကိစ္စတော့မရှိပါဘူး။

မဟာကပ်အပြိုင်အဆိုင်ကာလမှာ လူသားတွေရဲ့အားထုတ်မှုက အကန့်အသတ်ရှိလာမယ်။ အ‌ထောက်အပံ့ရင်းမြစ်ရဖို့ တစ်ယောက်တည်းတိုက်ခိုက်ရင် အင်အားကြီးအဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့် ညနန်းဆောင်ကို ငါပြန်တည်ထောင်ခဲ့တာ။ ဘယ်လိုကျင့်ကြံသူမျိုးက စွမ်းအားအကြီးဆုံးလဲ မင်းတို့သိလား။

ဓားတစ်ချက်နဲ့အားလုံကိုဖျက်ဆီးနိုင်တဲ့ ဓားကျင့်ကြံသူမဟုတ်ဘူး။ ပြိုင်ဘက်ကင်းခန္ဓာပိုင်ရှင် ခန္ဓာကျင့်ကြံသူတွေမဟုတ်ဘူး။

ဒါတွေက လူရှေ့သူရှေ့မှာ တိုက်ခိုက်ဖို့အတွက်ပဲ။ ကျင့်ကြံသူတွေကြားမှာ တိုက်ခိုက်တယ်ဆိုတာ အကန့်အသတ်မရှိဘူး။ လုပ်ကြံသတ်ဖြတ်တာဟာ အကောင်းဆုံးတိုက်ခိုက်နည်းပဲ။ ဒါကြောင့် လုပ်ကြံရေးသမားတွေဟာ စွမ်းအားအကြီးဆုံးပဲ"

ပြောနေရင်းမှ သူဖြေးညှင်းစွာထရပ်လာသည်။

"ညနန်းတော် လူသားလောကကို ပြန်လာတာနဲ့ မင်းတို့အားလုံး စတေးခံရမယ်။ ငါစိတ်ဝင်စားတဲ့ ဒေါင်းဆိုတဲ့ ဟိုကောင်မလေး။ သူလည်း ငါ့လက်ကမလွတ်နိုင်ဘူး။ ငါ့ရှေ့မှာဒူးမထောက်ရင် သူသေရမယ်လို့ ပြောပြီးသား။ ငါ့ကိုဆန့်ကျင့်နိုင်တဲ့လူ မမွေးသေးဘူးကွ"

အရာရှိ စားပွဲကို ဘုန်းခနဲရိုက်ပြန်သည်။

"ထိုင်စမ်း၊ ကောင်းကောင်းပြောစမ်း"

သို့သော် သူ့စကားကို မကြားလေသကဲ့သို့ ယဲ့ရှောက်က သူ့ဘာသာဆက်ပြောသည်။

"ငါကကျင့်စဉ်ပြန်စထားတာဆိုတော့ ငါ့ကိုကာကွယ်နေတဲ့လူတွေလည်း ရှိတာပေါ့ကွာ"

အရာရှိနှစ်ယောက် မျက်နှာပျက်သွားသည်။ သူတို့သဘောပေါက်သွားသည်။ မဖမ်းမိလိုက်သည့် ကြံရာပါတစ်ယောက်ရှိခဲ့သည်။ ထိုလူသည် ကျင့်စဉ်စွမ်းအားမနိမ့်လှ။

ကြောက်စရာစွမ်းအင်ဖိအားတစ်ခု မြို့တော်သခင်၏အိမ်တော်ကို လွှမ်းခြုံသွားသည်။ စုစည်းခြင်းအဆင့်ကျင်ကြံသူဖြစ်သည်။

ညအမှောင်ထဲတွင် ထိုကျင့်ကြံသူက ကြီးမားသည့်သူ့လက်ကို ဆန့်ထုတ်၍ စစ်ကြောရေးခန်းကို ကာကွယ်ထားသည့် မှော်စက်ဝန်းများကို ဖျက်ဆီးပစ်သည်။ ခေါင်မိုးကို ဆွဲလှန်ပြီးနောက် လေးလေးစားစားပြောသည်။

"ဂိုဏ်းချုပ်၊ ကျုပ်နောက်ကျသွားတယ်"

"ဒုဂိုဏ်းချုပ်၊ နောက်ဆုံးတော့ ငါ့ကိုလာခေါ်ပြီပေါ့"

ဒုဂိုဏ်းချုပ်ကို ငယ်ငယ်ကတည်းက ယဲ့ရှောက်လေ့ကျင့်ပေးခဲ့သည်။ သခင်ကျွန်မှော်တံဆိပ်ကပ်ထားသည်။ ကျင့်စဉ်ပြန်စထားပြီး သူတို့နှစ်ယောက်ကြား ကျင့်စဉ်အဆင့်များစါာ ကွာခြားသည့်တိုင် ဒုဂိုဏ်းချုပ်သည် ယဲ့ရှောက်အမိန့်ကိုသာနာခံရမည်။

ရုတ်တရက် စုစည်းခြင်းအဆင့်သုံးယောက် ကောင်းကင်သို့တက်လာသည်။ ဒုဂိုဏ်းချုပ်ကို ပစ်မှတ်ထားသည်။ အားလုံးက ဒုဂိုဏ်းချုပ်ထက် စွမ်းအားကြီးသည်။

"နယ်စားက တကယ်ကြိုတွေးတတ်တယ်။ နောက်ကွယ်ကလူတွေ တကယ်ရှိနေတာပဲ"

"လျှာရှည်မနေနဲ့ကွာ။ သူ့ကိုမြန်မြန်ဖမ်းမယ်။ ဒါမှငါတို့ အိမ်ပြန်နားလို့ရမှာ"

"သူကတကယ် ငါးအကြီးစားပဲ"

ဒုဂိုဏ်းချုပ် သူတို့ကိုဒေါသတကြီးစိုက်ကြည့်သည်။

"ရှားနိုင်ငံရဲ့ခွေးတွေ"

သူတို့ထောင်ချောက်မိခြင်းဖြစ်သည်။ ရှားနိုင်ငံက အလစ်ချောင်းတိုက်ဖို့ပြင်ထားသည်။

ဒုဂိုဏ်းချုပ် လှည့်ပြေးသည်။ သို့သော် စုစည်းခြင်းအဆင့်သုံးယောက်ကသူ့ကို အလွတ်မပေး။

အားလုံးပြိုင်တူတိုက်ခိုက်ပြီး ဒုဂိုဏ်းချုပ်ကို ဖမ်းသွားကြသည်။

အရာရှိနှစ်ယောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချသည်။ ယဲ့ရှောက်ကို ထိုင်ခုံပေါ်ပြန်တွန်းချသည်။

"ထိုင်ပါ၊ ကောင်းကောင်းဖြေပါ"

"ငါဝန်ခံပါ့မယ်"

******************************

All Chapters