← Chapters

သံသယများစွာ

Vol. 45 Ch. 666

သံသယများစွာ

Vol. 45 Ch. 666

ရှုအန်းက အားနာဟန်ဖြင့်ပြုံး၍

"ကျုပ်မိဘနှစ်ယောက်လုံးက ကျင့်ကြံသူတွေပါ။ အမွေအတော်များများကျန်ခဲ့တယ်။ ဒါပေမယ့် ကျုပ်က ပါရမီညံ့တော့ ကျင့်စဉ်လမ်းပေါ် မတက်နိုင်ခဲ့ဘူး။

ခင်ဗျားတို့သုံးယောက်အတွက် ရယ်စရာလိုဖြစ်ပြီ"

မကျင့်ကြံနိုင်သဖြင့် စာအုပ်များကို စိတ်နှစ်လေ့လာခဲ့သည်။ မိဘများ သိက္ခာမကျစေရန် နာမည်တစ်ခုရရန် ကြိုးစားခဲ့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ နန်းတွင်စာမေးပွဲများတွင်လည်း သူအောင်မြင်မှုမရခဲ့။

ထိုအကြောင်းများ တစ်ခြားလူကို သူပြောလေ့မရှိ။ သို့သော် လုယန်တို့ကတော့ ချွင်းချက်ဖြစ်သည်။

ကျုန်းမင်ထံမှ သူကြားထားသည်။ ရှီချန်းနှင့် သူ့ကာကွယ်သူနှစ်ယောက်သည် အခြေတည်အဆင့် သို့မဟုတ် ရွှေသန္ဓေအဆင့်ဖြစ်နိုင်သည်ဟု ပြောသည်။

ထိုအဆင့်မြင့်ကျင့်ကြံသူမျိုးသည် သူ့ပိုင်ဆိုင်မှုကို စိတ်ဝင်စားမည်မဟုတ်။

ရှုမိသားစုဂိတ်တံခါးအတွင်းဘက်တွင် အဝါရောင်မှော်အဆောင်တစ်ခုရှိသည်။ အရင်လာသွားသည့် သရဲနှင်ဆရာက ကပ်ခဲ့ခြင်းဖြစ်သည်။

သိပ်အသုံးမဝင်သော်လည်း စိတ်ကိုနည်းနည်းငြိမ်းချမ်းစေသည်။

သူတို့လေးယောက် ရှုအိမ်တော်ထဲသို့ဝင်လာချန်တွင် ခြံထဲတွင် တံမျက်စည်းလှည်းနေသည့် ကောင်မလေးတစ်ယောက်ကိုတွေ့သည်။

ရိုးရှင်းသည့်အဝတ်အစားအရ အစေခံမိန်းကလေးဖြစ်မည်။

သူ့သခင်က ဧည့်သည်သုံးယောက်ခေါ်လာသည်ကို မြင်သဖြင့် အနှောက်အယှက်မဖြစ်စေရန် ချက်ချင်းဘေးဖယ်ပေးသည်။

အစေခံမလေးက အတော်ဆွဲဆောင်မှုရိုသည်။ မုန်ကျင်းကျိုး ဒုတိယအကြိမ် လှည့်ကြည့်လိုက်သည်။

"ဒါက ရှောင်ခွေ့ပါ"

ရှုအန်းက ပြုံး၍ပြောသည်။

"မနှစ်က စာမေးပွဲဖြေဖို့သွားတဲ့အချိန် တောင်ပေါ်ဘုံကျောင်းတစ်ခုမှာ တစ်ညနားရင်း ရှောင်ခွေ့နဲ့တွေ့ခဲ့တာပါ။

လူဆိုးတွေ သူ့နောက်ကလိုက်နေလို့ ကာကွယ်ပေးဖို့ ကျုပ်ကိုအကူအညီတောင်းတယ်။ သိပ်မကြာခင် လူဆိုးတွေက ဘုံကျောင်းထဲ ဝင်လာတယ်။

ကျုပ်က သူ့ကိုကာကွယ်ပေးခဲ့တယ်။ ဒီကျေးဇူးကို တစ်ခြားဘာနဲ့မှပြန်မဆပ်နိုင်လို့ အစေခံလုပ်ပါရစေလို့ သူအတင်းပြောတယ်လေ"

"ဆရာတို့ကို ဂါရဝပြုပါတယ်"

ရှောင်ခွေ့က မဝံ့မရဲလေသံဖြင့်ပြောသည်။ သူ့အသံက တိုးညှင်းညင်သာသည်။

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။ ထိုကောင်မလေးသည် သရဲမဖြစ်ကြောင်း သိလိုက်သည်။

လေးယောက်သား ပန်းပွင့်များချိတ်ထားသည့် ဂိတ်တံခါးကိုဖြတ်ပြီး ဒုတိယခြံဝင်းသို့ ဝင်သည်။ သားသားနားနားဝတ်ဆင်ထားသည့် မိန်းမတစ်ယောက် အခန်းထဲမှထွက်လာသည်။

"ယောက်ျား၊ ရှင်ပြန်လာတာအချိန်မီလေးပဲ။ ရှင်ဝယ်ထားတဲ့ နှစ်သုံးရာမှိုပွင့်စွတ်ပြုတ် ပြင်ထားပြီးပြီ။...ဒီသုံးယောက်က ဘယ်သူတွေလဲ"

လုယန်တို့ကိုမြင်သည်နှင့် သူဌေးမ စကားရပ်သွားသည်။

"ရှန်ယု၊ ဒီကဆရာသုံးယောက်ကို မြန်မြန်နှုတ်ဆက်လိုက်ပါ။ ငါမင်းကိုပြောတယ်လေ။ အခုတလော ငါလုံးဝအိပ်ရေးမဝဘူး။

သရဲတစ်ကောင်ငါ့ကို ချောက်လှန့်နေသလိုပဲ။ ဒါကြောင့် တစ်နေ့လုံး ထုံထုံထိုင်းထိုင်းဖြစ်နေတယ်။ ကျင့်ကြံသူတွေဖိတ်ခေါ်ခဲ့တာလည်း ဘာမှမထူးဘူး။

အခုနကပဲ အကိုကျုန်းမင်က ဒီဆရာသုံးယောက်ဆီ ငါ့ကိုညွှန်းပေးဖို့ သွားပြီးအကူအညီတောင်းလာတာ။

သူတို့က တကယ်အစွမ်းထက်တဲ့ ဆရာတွေပါ။...မိတ်ဆက်ပေးပါ့ရစေ။ ဒါက ကျုပ်မိန်းမ လျိုရှန်ယုပါ"

"ဪ... အမလျိုပေါ့"

"ဆရာတို့ကို ဂါရဝပြုပါတယ်"

လျိုရှန်ယုက လေး‌လေးစားစားနှုတ်ဆက်သည်။

"အိမ်ရှင်မဆိုတော့ ကျွန်မယောက်ျားနေ့တိုင်း ဒုက္ခခံနေရတာကိုမြင်ရတာ ရင်နာတယ်။ ဒါပေမယ့် ကျွန်မလည်း ဘာမှမကူညီနိုင်ဘူးလေ။

ဆရာတို့သုံးယောက် လိုက်လာပေးတာ ကျေးဇူးတင်ပါတယ်ရှင်"

"အော်မီတော်ဖော်၊ ကိုယ်တော် အကောင်းဆုံးကြိုးစားပါ့မယ်"

ရှီချန်း သတိဖြင့်တုံ့ပြန်သည်။ ယုံကြည်မှုလွန်ကဲသလို မဖြစ်ချင်။

ထိုမိန်းမသည် မြွေနတ်ဆိုးဖြစ်သည်။

"ဒီဘက်ကိုကြွပါဆရာတို့"

ရှုအန်းက ဧည့်ခံဖို့အတွက် ခန်မတစ်ခုထဲသို့ ဖိတ်ခေါ်သည်။

"မလိုပါဘူး။ လိုအပ်တာတွေကြိုတင်ပြင်ဆင်ဖို့အတွက် ခင်ဗျားအိမ်ထဲမှာ ကျုပ်တို့လှည့်ပတ်ကြည့်ရဦးမယ်"

"ကောင်းပါပြီခင်ဗျာ ကောင်းပါပြီ"

ရှုအန်း ဝမ်းသာသွားည်။

စွမ်းအားရှင်အစစ်တို့သည် လှုပ်ရှားရာတွင် တကယ်စိတ်မြန်လက်မြန်ရှိသည်။

"ရှောင်ကျူး၊ ဒီကိုလာဦး"

ရှုအန်း လှမ်းခေါ်သည်။

သိပ်မကြာမီ မီးပူတိုက်ရင်းအလုပ်များနေသည့် ‌နောက်ထပ်အစေခံတစ်ယောက် အမြန်လျှောက်လာသည်။

ရှောင်ကျုး၊ ဒီကဆရာသုံးယောက်ကို အိမ်တော်ထဲ လှည့်ပတ်ပြလိုက်ပါဦး"

"ဟုတ်ကဲ့"

ရှောင်ကျူးက အတော်လှသည်။ မျက်လုံးများက ကြယ်ရောင်တောက်နေသည်။

သူ့ပုံစံအစစ်ကို လုယန်မြင်ရသည်။ မြေခွေးနတ်ဆိုးဖြစ်သည်။

သူတို့သုံးယောက်ကို ရှောင်ကျူးက ဦးဆောင်ခေါ်သွားသည်။ လျိုရှန်ယုက အနက်ရောင်စွတ်ပြုတ်တစ်ပန်းကန်ယူလာသည်။ နှစ်သုံးရာမှိုပွင့်ဖြင့်လုပ်ထားသည့် ဆေးစွတ်ပြုတ်ဖြစ်သည်။

ရှုအန်းအခြေအနေက မှိုတစ်ပွင့်လုံးကို တစ်ခါတည်းမစားနိုင်။

မှိုတစ်စိတ်တစ်ပိုင်းဖြင့်သာ စွတ်ပြုတ်လုပ်ရသည်။

မုန်ကျင်းကျိုး စွတ်ပြုတ်ကိုအနံ့ခံကြည့်ပြီးနောက် မျက်မှောင်နည်းနည်းကျုံ့သွားသည်။

သိပ်မသေချာသော်လည်း စွတ်ပြုတ်ထဲတွင် သွေးနံ့နည်းနည်းရသလိုခံစားရသည်။

ရှုအိမ်တော်ကို သေချာလှည့်ပတ်စစ်ဆေးပြီးနောက် အခြေအနေကို သူတို့ကောင်းကောင်းနားလည်လာသည်။

တံခါးသုံးပေါက်ရှိသည့် အိမ်တော်ကြီးတွင် လူငါးယောက်နေသည်။ ရှုအန်းနှင့် သူ့မိန်းမအပြင် အစေခံသုံးယောက်ရှိသည်။

အရှင်းဆုံးပြောရလျှင် လူသားဟူ၍ ရှုအန်းတစ်ယောက်သာရှိသည်။

တတိယအစေခံနာမည်က ရှောင်ချိုး။ ရတနာဝိညာဉ်တစ်ခုဖြစ်သည်။

ညနေပိုင်း ညစာစားခါနီးတွင် ရှုအန်းက လုယန်တို့ကို မေးသည်။

"ဆရာတို့ တစ်ခုခုရှာတွေ့လား"

"သတိထားမိတာတစ်ချို့တော့ရှိပါတယ်။ ဒါပေမယ့် အသေးစိတ်အခြေအနေကိုတော့ ညကျမှပဲသိနိုင်လိမ့်မယ်"

သံသယဖြစ်စရာကိစ္စ များလွန်းသည်။ ဘယ်သူတာဝန်ရှိသည်ကို မသိရသေး။

"ဒါဆိုကျုပ် ဆရာတို့ကို ကြိုပြီးကျေးဇူးတင်ပါတယ်ဗျာ"

ဖယောင်းတိုင်းမီးများ ငြိမ်းလိုက်သည်။ သူတို့သုံးယောက် ရှုအန်းကုတင်ဘေးတွင် ကျင့်စဉ်ဝင်နေကြသည်။ ရှုအန်းက စိတ်ချလက်ချ နှစ်ချိုက်စွာအိပ်မောကျသွားသည်။

ရုတ်တရက် ရနံ့တစ်ခုလွင့်ပျံလာသည်။ လုယန်တို့အသိစိတ်များ ပေါ့ပါးလာပြီး အိပ်ပျော်သွားသည်။

မိန်းမလှတစ်ယောက် တံခါးကိုတွန်းဖွင့်၍ ဝင်လာပြီး သူတို့သုံးယောက်အဖြစ်ကို ပြုံး၍ကြည့်နေသည်။

"သခင်က အစွမ်းထက်တဲ့လူတွေခေါ်လာတယ်ထင်ခဲ့တာ။ လက်စသတ်တော့ ရွှေသန္ဓေအဆင့်လေးသုံးယောက်ပဲ"

သူဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ သုံးယောက်လုံး ရွှေသန္ဓေအဆင့်ဖြစ်သည်။

"ငါ့သခင်ကို ဘယ်အချိန်ကျမှ ငါသရုပ်မှန်ကိုဖွင့်ပြောနိုင်မှာလဲ"

အိပ်ပျော်နေသည့်ရှုအန်းမျက်နှာကိုကြည့်၍ မိန်းမလှက လျှာတစ်ချက်သပ်သည်။ အဝတ်အစားချွတ်သည်။ ငြင်သာစွာနမ်းသည်။

သူတို့နှစ်ယောက် ကိုယ်ချင်းမထိကြ။ သို့သော် အန်းရှုနှုတ်ခမ်းမှ ယန်ချီအမျှင်တန်းတစ်ခုကို မိန်းမလှက စုပ်ယူလိုက်သည်။

ထို့နောက် မိန်းမလှက သူ့လက်များဖြင့် ရှုအန်းကို ပွတ်သပ်သည်။

လုယန်တို့သုံးယောက် အိပ်ပျော်ချင်ယောင်ဆောင်နေကြသော်လည်း မြင်ကွင်းကို သေချာစောင့်ကြည့်၍ သိစိတ်အာရုံမှ အချင်းချင်းဆက်သွယ်နေကြသည်။

"ရှုအန်းက တကယ်မနာလိုဖြစ်ရလောက်အောင်ကို ကံကောင်းတာပဲ။ ဒီသရဲမရဲ့ကျင့်စဉ်အဆင့်က မနိမ့်လှဘူး"

"သူယန်ချီအားနည်းနေတာ မဆန်းတော့ပါဘူး"

"လက်စသတ်တော့ ရှုအန်းယန်ချီကို စုပ်ယူနေတာ အစေခံရှောင်ခွေ့ကိုး"

"သူက အတော်တော့ဟန်ဆောင်ကောင်းတယ်"

သရဲများသည် ရုပ်ဝတ္ထုများကို မထိနိုင်။ ထို့ကြောင့် နေ့ခင်းပိုင်းက ခြံထဲတွင် တံမျက်စည်းလှည်းနေသည် သူတို့ဝိညာဉ်အစွမ်းဖြင့် ထိန်းချုပ်၍ ဟန်လုပ်နေခြင်းသာဖြစ်သည်။

ရှောင်ခွေ့ ကိုမြင်ကတည်းက သုံးယောက်လုံး ရိပ်မိကြသည်။

ယခုလည်း ထိုနည်းတူပင်ဖြစ်သည်။ ရှောင်ခွေ့က ရှုအန်း၏ယန်ချီကို စုပ်ယူ၍ အိပ်မက်တစ်ခုထဲတွင် ရှုအန်းနှင့်နွယ်ယှက်ရုံသာဖြစ်သည်။ ရမ္မက်သရဲများက ထိုနည်းလမ်းမျိုးသုံးလေ့ရှိသည်။

မုန်ကျင်းကျိုးက သရဲများအပေါ် အာရုံခံနိုင်စွမ်း အထူးထက်မြက်သည်။ ထို့ကြောင့် ရှောင်ခွေ့ ကို နှစ်ခါပြန်ကြည့်မိခြင်းဖြစ်သည်။

ခဏနှီးနှောဖလှယ်ပြီးနောက် ရှောင်ခွေ့ အခန်းထဲမှ ကျေနပ်စွာထွက်သွားသည်။ လုယန်တို့သုံးယောက် စုံစမ်းစစ်ဆေးရန် နောက်မှချက်ချင်းလိုက်သွားသည်။

ညာဉ့်နက်ပိုင်းဖြစ်၍ ဆိုင်အတော်များများပိတ်ထားပြီးဖြစ်သည်။

ရှောင်ခွေ့က တံခါးပိတ်ထားသည့်ဆိုင်တစ်ခုရှေ့တွင် ရပ်သည်။ ဘေးပတ်လည်တွင် လူရှိမရှိကြည့်ပြီးနောက် သစ်သားတံခါးကို အသာခေါက်သည်။

အထဲမှလူက သူလာမည်မှန်း သိပြီးဖြစ်ဟန်တူသည်။ တံခါးချက်ချင်းလာဖွင့်သည်။

ရှောင်ခွေ့ ဆိုင်ထဲသို့ ရဲရဲတင်းတင်းဝင်သွားသည်။

လုယန် ဆိုင်ဆိုင်းဘုတ်ကို မော့ကြည်။

'နောက်တစ်ခေါက်'ချန်ကျန်းမြို့ အသားကင်ဆိုင်ခွဲ။

"ကျုပ်တို့ဆိုင်ကို လာစစ်ဆေးတာ ကြိုဆိုပါတယ် ဂိုဏ်းခွဲသခင်"

ဆိုင်စားပွဲထိုးက လေးလေးစားစားပြောသည်။

"ငါဘယ်နှခါပြောရမှာလဲ။ ငါတို့ကိုးငရဲဂိုဏ်းက တရားဝင်စီးပွားရေးလုပ်နေတာ။ ငါ့ကို ဆိုင်ရှင်လို့ပဲခေါ်ပါ"

"ဟုတ် ဟုတ်ကဲ့"

စားပွဲထိုးက စာရင်းစာအုပ်တစ်ခုထုတ်ပေးသည်။

"ဒါက ဒီနေ့ဝင်ငွေပါ"

ရှောင်ခွေ့ စာရင်းစာအုပ်ကိုဖွင့်ပြီး အရောင်းစာရင်းတစ်ခုချင်းစီ စစ်ဆေးသည်။

အသားကင်ဆိုင်သည် ကိုးငရဲဂိုဏ်း၏ အဓိကလုပ်ငန်းဖြစ်သည်။ လုံးဝအမှားခံ၍မရ။

ဂိုဏ်းခွဲသခင်စိတ်ကြည်နေသည်ကိုကြည့်၍ စားပွဲထိုးကပြောသည်။

"ဆိုင်ရှင်၊ ဟိုရှုအန်းရဲ့အစေခံအဖြစ် တကယ်ဆက်နေချင်သေးတာလား။ ဆိုင်ရှင်ရဲ့အဆင့်အတန်းနဲ့ ဘာလို့ဒုက္ခခံနေတာလဲ။

သရုပ်မှန်အစစ်ကို ထုတ်ပြောပြီး သူ့ကိုဖမ်း။ ပြီးရင်ဒီခေါ်လာခဲ့လိုက်ရုံပဲလေ။ သူအားလုံး လိုက်လျောရမှာပါ"

စားပွဲထိုး အလိုမကျဖြစ်နေသည်။ နတ်ဝိညာဉ်အဆင့်ရှိသည့် သူတို့ဂိုဏ်းခွဲသခင်က သေမျိုးတစ်ယောက်အိမ်တွင် အစေခံလုပ်နေရသည်။

ရှောင်ခွေ့ က သူ့စိတ်ကူးကို အပြတ်ငြင်းပယ်သည်။

"မဖြစ်ဘူး။ သခင်လေးက ငါ့ကိုကယ်ခဲ့တာ။ ငါဘယ်လိုလုပ်ပြီး သူ့ကိုဒီလိုဆက်ဆံနိုင်မှာလဲ။

ငါ့သရုပ်မှန်ကိုထုတ်ပြောဖို့က ပိုလို့တောင်မဖြစ်နိုင်သေးဘူး။ ငါဘယ်သူလဲသိသွားရင် နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ကို လက်ခံထားမှုနဲ့ သူတရားစွဲခံရမှာပေါ့။

အဲလိုဆို နန်းတွင်းစာမေးပွဲတွေ သူဘယ်လိုဆက်ဖြေနိုင်တော့မှာလဲ"

*********************************

All Chapters