← Chapters

ချစ်ခြင်းမေတ္တာသစ်ပင်ပေါ်မှ တစ္ဆေ

Vol. 37 Ch. 522

ချစ်ခြင်းမေတ္တာသစ်ပင်ပေါ်မှ တစ္ဆေ

Vol. 37 Ch. 522

အန်လင်းက ကြယ်တာရာသားရဲ၏ အမူအရာကို မြင်ပြီးနောက် ခေတ္တကြောင်အသွားလေ၏။

သူက သူ့၏ လက်များကို ပြန်ပြီးငုံ့ကြည့်လိုက်ရာ ထိုသည်များက ကိုယ်မပျောက်သေးသည်ကို တွေ့လိုက်ရ၏။

"နင်က ငါ့သခင်ရဲ့ တည်ရှိမှုကို ဘယ်လိုလုပ်ပြီးတော့ အလေးမထားပဲ နေရဲတာလဲ။" ရွှယ်ကျန်းထျန်က ကြယ်တာရာ သားရဲ၏ မျက်နှာကို ရိုက်ချလိုက်လေ၏။

ဖြန်း...

ရွှယ်ကျန်းထျန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ "ငတုံးကောင်... ငါ့ရဲ့သခင်က မင်းရှေ့တည့်တည့်မှာ ရပ်နေတာဟ။"

ကြယ်တာရာသားရဲက သူ့၏ ဦးမှင်နှင့် မျက်နှာကို ပွတ်လိုက်ပြီး စိတ်ရှုပ်ထွေးသော အမူအရာတစ်ခုက သူ့မျက်နှာထက်တွင်ပေါ်လာကာ ဒေါသတကြီး ဆိုလိုက်၏။ "အရေမပါတာတွေ...။ အဲ့မှာ ဘာမှလည်း မရှိပဲနဲ့။"

ဖြန်း...

ရွှယ်ကျန်းထျန်က ကြယ်တာရာသားရဲကို နောက်ထပ် ရိုက်ချက်တစ်ခု ဆုချလိုက်လေ၏။ "မင်းက တကယ်ကို မောက်မာခြင်းရဲ့ နမူနာပဲ...။ ငါ့ရဲ့ သခင်ကို ဘယ်လိုလုပ်ပြီး ဗလာကြီးလို့ ပြောရဲတာလဲ။"

အန်လင်း : "..."

"မင်း..." ကြယ်တာရာသားရဲ၏ မျက်လုံးများက ပြူးကျယ်လာကာ သူ့ခန္ဓာကိုယ်က ဒေါတကြီး မြောက်တက်လာလေ၏။

ထိုသည်က အနိုင့်ကျင့်ခံရသည်ဟု ခံစားလိုက်ရ၏။

"ဘာလဲ...။ မင်းက ထပ်ပြီး ရန်ဖြစ်ချင်လို့လား။" ရွှယ်ကျန်းထျန်က ခြိမ်းခြောက်လိုက်လေ၏။

ကြယ်တာရာသားရဲ၏ အမူအရာက ချက်ချင်း မျက်လွှာချသွားလေ၏။ မှန်ပါ၏။ အခုဆိုလျှင် သေချောပေါက်ကို အနိုင့်ကျင့်ခံနေရတာဖြစ်နေပြီ။

ဖြန်း...

ကြယ်တာရာ သားရဲ၏ မျက်နှာထက်သို့ နောက်ထပ် ရိုက်ချက်တစ်ခု ကျရောက်လာလေ၏။

ကြယ်တာရာသားရဲက ရွှယ်ကျန်းထျန်ကို အမူအရာမဲ့ စိုက်ကြည့်နေပေတော့သည်။

ရွှယ်ကျန်းထျန်က သူ့၏ တောင်ပံနှစ်ခုကို လေထဲသို့ ​ေမြှာက်လိုက်ကာ သူ့၏ အပစ်ကင်းမှုကို ဖော်ပြလိုက်လေ၏။ "ဒီတစ်ခါ ငါမဟုတ်ဘူး။ အဲဒါ ငါ့သခင်ပဲ။"

ကြယ်တာရာသားရဲက မျက်ရည်ကျလု ဆဲဆဲ ဖြစ်နေလေ၏။ "တခြား ဘယ်သူမှမရှိဘူး...။ မင်းက ငါ့ကို ရိုက်ရတာ ပျော်နေတယ်ဆိုရင်တောင် ငါ့ကို ငတုံးတစ်ကောင်လို ဆက်ဆံလို့မရဘူး..."

ဖြန်း...

တခြားသော ကျယ်လောင်သည့် ရိုက်သံတစ်ခုက ကြယ်တာရာ သားရဲ၏ မျက်နှာထက်သို့ ကျရောက်လာလေ၏။

ထိုသည်က လေထဲတွင် တောင်ပံများ မြှောက်ထားသော ရွှယ်ကျန်းထျန်ကို ငေးကြည့်ကာ ဤတစ်ကြိမ်တွင်တော့ အမှန်ပင် ကြောင်အနေလေတော့သည်။

ထိုသည်က သူမဟုတ်ပါပေ။

စောက်ကျိုးနည်း...။

အန်လင်းက ထိုသည်ကို မြင်ကာ အံ့ဩတကြီး ဖြစ်နေလေ၏။

အကျိုးဆက်ကို ကြောက်ရွံ့ခြင်းမရှိပဲ တစ်စုံတစ်ယောက်အား ရိုက်ရသည့် ဤခံစားချက်...။ ထိုသည်က အလွန်ပင် အံ့ဩဖွယ် ဖြစ်ပေ၏။

ကြယ်၏ အံ့ဩတကြီး အမူအရာက ဟန်ဆောင်နေဟန်မရပါပေ။ ဆိုလိုသည်မှာ ထိုသည်က အမှန်တကယ်ပင် သူအား မမြင်နိုင်ဟုပင်။

ဤပုံရိပ်ရောင်ကြယ်စင် ဝတ်ရုံမှာ ကြယ်တာရာသားရဲများ၏ ကိုယ်ပျောက်ဝတ်ရုံထက်ပင် ပို၍ အကျိုးရှိလေ၏။ သူ့အား မြင်ကွင်းမှ ဖျောက်ဖျက်ပေးနိုင်ရုံသာမက ထိုသည်က သူ့၏ တည်ရှိမှုကို ချိတ်ပိတ်ပေးကာ သူပြုလုပ်သော အသံများကိုလည်း တိတ်ပေး၏။ ကြယ်တာရာသားရဲ၏ မျက်လုံးထဲတွင် သူက အခြေခံအားဖြင့် လေထဲသို့ ပျောက်ကွယ်သွားလေ၏။

ရွှယ်ကျန်းထျန်သည်လည်း တစ်ခုခုလွဲနေသည်ဟု ခံစားရပြီး အန်လင်းအား သူ့၏ ကြီးမား လုံးဝန်းသော မျက်လုံးကြီးများဖြင့် တမ်းတမ်းတတကြည့်လိုက်လေ၏။

သူ့အား ပြန်တိုက်ခိုက်မည်ကို မကြောက်လန့်ပဲ ကြယ်များကို ရိုက်နိုင်ရန် ခွင့်ပြုပေးသည့် ကိုယ်ပျောက်ဝတ်ရုံ- သူလဲ ထိုသည်ကို လိုချင်ပါ၏။

အန်လင်းက ရွှယ်ကျန်းထျန်ဆီသို့ အပြုံးတစ်ခုဖြင့် လျှောက်သွားလိုက်လေ၏။ "မင်းက ငါ့ရှေ့က သွားချင်လား ဒါမှမဟုတ် ငါ့နောက်က နေချင်လား။"

ရွှယ်ကျန်းထျန်၏ ကြီးမားလုံးဝန်းသော မျက်လုံးများတွင် အပြာရောင် လှိုင်းငယ်များ ဖြတ်ပြေးသွားကာ အဆုံးသတ်တွင် အဖြူရောင် အမွှေးများက ထောင်လာလေ၏။ "ဘာတွေလုပ်နေတာလဲ။ မဟုတ်ဘူး...။ ငါအဲဒါကို လက်မခံဘူး။ မင်းငါ့ကို အဲ့လိုလုပ်လို့မရဘူး။"

အန်လင်း : "မင်းဘာတွေ လျှောက်တွေးနေတာလဲ။ ငါပြောတာက မင်းလဲ ဝတ်ရုံအောက်ကို ဝင်ပုန်းသင့်တယ်လို့ ပြောတာ။"

ရွှယ်ကျန်းထျန်က ထိုသည်ကို ကြားပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားပြီး သက်ပြင်းချလိုက်လေ၏။ "ငါက သခင်က ရွံ့စရာ စိတ်ဖောက်ပြန်နေတဲ့ ငကြောင်ကောင်မျိုးတွေလို့ ထင်သွားတာ။"

အန်လင်း၏ ရင်ဘတ်က တင်းကြပ်သွားကာ သွေးအပြည့် အန်ချတော့မလိုပင် ဖြစ်သွားလေ၏။ "အဲဒါဆို ခုဏက ဘာတွေ တွေးနေတာလဲ။"

"ငါ ရှေ့က သွားမယ်။" ရွှယ်ကျန်းထျန်က အန်လင်း၏ မေးခွန်းကို ရှောင်ရှားလိုက်လေ၏။

အန်လင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ရှေ့တွင် ရွှယ်ကျန်းထျန်အတွက် နေရာတစ်ခုကို ပြုလုပ်လိုက်ပြီး သူ့အား ကိုယ်ဝန်ရှိ အမျိုးသမီးတစ်ဦးကဲ့သို့ ပုံပေါက်သွားစေ၏။

ထိုအခိုက်တွင် ကြယ်မှာ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ပုံပေါ်နေ၏။ အဖြူရောင် ဘောလုံးက သူ့မျက်စိရှေ့ကပင် ပျောက်ကွယ်သွားလေ၏။

အန်လင်းက ထွက်ခွာတော့မည့်အချိန်မှာပင် ရွှယ်ကျန်းထျန်၏ အသံက ထွက်ပေါ်လာ၏။ "ခဏလေး...။"

"ဘာလဲ..." အန်လင်းက မေးလိုက်၏။

"ခဏလောက် ကြယ်နားကို တိုးလိုက်အုံး။" ရွှယ်ကျန်းထျန်က ညွှန်ကြားလိုက်လေ၏။

အန်လင်း : "..."

ကြယ်မှာ နေရာတွင် ကြောင်ရပ်နေဆဲဖြစ်ပြီး ထိုသည်က မျက်နှာကို ထပ်ပြီး ဖြတ်ရိုက်ခံလိုက်ရလေ၏။

ဖြန်း...

ကြယ်က အံ့ဩ၊ နာကျင်မှုနှင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ သူ့၏ နီရဲယောင်ကိုင်းနေသော မျက်နှာကို ပွတ်သပ်လိုက်လေ၏။

စူးရှသော နာကျင်မှု၊ အနိမ့်ချခံရခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် အားငယ်ခြင်းတို့ လွှမ်းမိုးနေမှု...

"ဝါးး... ဒီလို ဖြစ်အောင် ငါက ဘာများ လုပ်မိလို့လဲ။"

ထိုခံစားချက်များ အားလုံးက နောက်ဆုံးတွင် ကြယ်အား မျက်ရည်များ ကျလာသည်အထိ တွန်းပို့လိုက်လေတော့သည်။

တစ်ချိန်တည်းမှာပင် ရွှယ်ကျန်းထျန်မှာ အန်လင်း၏ လက်ထဲတွင် ရွှင်မြူးစွာ လှောင်ရယ်နေလေ၏။ "ဟားဟားဟား... အဲ့ကြယ်ငတုံးက ရယ်ရလိုက်တာ။ အဲဒါက အရမ်းတုံးတာပဲ။ ဟားဟားဟား..."

အန်လင်းက မျက်လုံးလှန်လိုက်ကာ ဧရာမကြယ်အစုအဝေးတောင်၏ ထိပ်သို့ ပျံသန်းသွားလေတော့သည်။

"ကြယ်လေးတွေကို ရိုက်ရတာ အရမ်းကျေနပ်စရာ ကောင်းတာပဲ။" ရွှယ်ကျန်းထျန်၏ ရယ်သံက နောက်ဆုံးတွင် လျော့ပါးလာကာ သူ့၏ တောင်ပံက ကြယ်ကို ရိုက်လိုက်သည့် ခံစားချက်ကို ပြန်လည်အရသာခံနေလေ၏။

အန်လင်းက သူ့၏ တုံးအမှုက ကူးစက်တတ်မည်ကို စိုးသောကြောင့် သူနှင့်စကားမပြောချင်ပါပေ။

ဧရာမ ကြယ်အစုအဝေးတောင်မှာ အလွန်မြင့်မားပြီး အန်လင်းက တောင်ထိပ်သို့ ဆက်လာစဉ်၌ အောင်ဘက်တွင် ကြယ်တာရာသားရဲများကို မြင်ခဲ့လေ၏။

သို့သော် သူတို့ထဲမှ တစ်ယောက်မှ အန်လင်း၏ တည်ရှိမှုကို မထောက်လှမ်းနိုင်ပါပေ။ သူတို့အားလုံးက သူတို့ဘေးမှ ဖြတ်သွားသော လေပြင်းကြောင့် အနည်းငယ် တွေဝေသွား​သော်လည်း ထိုသည်ကို အများကြီး မတွေးမိကြပါ​ေချ။

ပေတစ်သောင်း၊ ပေသုံးသောင်း၊ ပေတစ်သိန်း စသည်ဖြင့်...။

သူက တောင်ကို ဆက်တက်လာသောအခါ ကြယ်တာရာသားရဲများ၏ အရေအတွက်က သိပ်သည်းလာလေ၏။

အန်လင်းက လှိုင်ဂူထဲတွင် နေထိုင်သော ကြယ်တာရာသားရဲများနှင့် မတ်စောက်သော ကမ်းပါးများတွင် ကြယ်အလင်းရောင် ခံနေကြသော ကြယ်တာရာသားရဲများကိုလည်း တွေ့ရလေ၏။

ပေနှစ်သိန်း၊ ပေသုံးသိန်း၊ ပေငါးသိန်း စသည်ဖြင့်...

ထိုသည်က အန်လင်းတိုင်တိုင်းတာဖူးသမျှတွင် အမြင့်မားဆုံးတောင် ဖြစ်လေ၏။

ပေငါးသိန်းအမြင့်သို့ ရောက်ရှိပြီးသောအခါ သူက နောက်ဆုံးတွင် ကြယ်တာရာသားရဲများစွာနှင့်အတူ တောင်ထိပ်ကို မြင်လိုက်ပေ၏။

သူတို့က တောင်ထိပ်တွင် လမ်းလျှောက်နေကြသော ကြယ်တစ်စုကဲ့သို့ စုပြုံနေကြပြီး သူတို့ခန္ဓာကိုယ်မှ ထွက်နေသော အလင်းကပင် သူတို့တွေ့ခဲ့သော ကြယ်များထက်ပို၍ လင်းလက်နေပေ၏။

သူက ပေတစ်ထောင်ကျော် မြင့်မားသော အပင်ကြီးတစ်ပင်နှင့် ထိုအပင်တွင် ချစ်ခြင်းမေတ္တာသစ်သီး တွဲလောင်းကျနေသည်ကို မြင်ပြီးနောက် အလွန်တက်ကြွသွားလေ၏။

ထိုသည်က သူပုံများထဲတွင် မြင်ခဲ့ဖူးသော ချစ်ခြင်းမေတ္တာသစ်သီးနှင့် တစ်ထပ်တည်းတူနေသည်မို့ မှားစရာမရှိပါပေ။

ချစ်ခြင်းမေတ္တာသစ်သီးမှာ ရွှယ်ကျန်းထျန်၏ အရွယ်အစားခန့်ရှိပြီး အလွန်တောက်ပသော အလင်းများဖြင့် တဖြတ်ဖြတ်လက်နေသည်မှာ အပင်တစ်ပင်တွင် တွဲလောင်းကျနေသော ကြယ်တစ်ပွင့်ကဲ့သို့ပင်။

အန်လင်းအားပို၍ ကျေနပ်စေသည်မှာ ချစ်ခြင်းမေတ္တာသစ်သီးမှာ တစ်လုံးတည်းပင်းမဟုတ်သည့်အပြင် စုစုပေါင်း သုံးလုံးရှိနေခြင်းပင် ဖြစ်ပေ၏။

ကောင်းတယ်...။

သူက ဧကရာဇ် ဇစ်ဝေးကို တစ်လုံးပေးပြီး သူ့အတွက် နှစ်လုံးသိမ်းထားလို့ရတယ်...။

ချစ်ခြင်းမေတ္တာသစ်သီးပင်၏ ပတ်လည်တွင် ကြယ်အလင်းရောင်ခံကာ လေထဲမှ ကြယ်စွမ်းအင်ကို စုတ်ယူနေကြသော ကြယ်တာရာသားရဲများ အလွန်များပေ၏။

ပါးစပ်ထောင့်များတွင် သွားရည်များစီးကျနေကာ ချစ်ခြင်းမေတ္တာ သစ်သီးကို တောင်းတောင်းတတ စိုက်ကြည့်နေကြသော ကြယ်တာရာ သားရဲတစ်ချို့လဲ ရှိပေ၏။

သို့သော် ထိုအခိုက်မှာပင် ချစ်ခြင်းမေတ္တာသစ်သီးတစ်လုံးက သူတို့မျက်စိရှေ့မှာပင် ပျောက်ကွယ်သွားလေ၏...။

ကြယ်တာရာသားရဲများအားလုံးက တုံ့ဆိုင်းသွားကာ သူတို့၏ မျက်လုံးများကို ပွတ်လိုက်ပြီး ချစ်ခြင်းမေတ္တာသစ်ပင်ကို ထပ်မံကြည့်လိုက်ရာ နောက်ထပ်သော ချစ်ခြင်းမေတ္တာသစ်သီးတစ်လုံးက ထပ်မံပျောက်ဆုံးသွားကာ တစ်ခုတည်း ကျန်တော့သည်ကို တွေ့လိုက်ရ၏။

"မျိုး... မျိုး... မျိုးနွယ်စု ခေါင်းဆောင်၊ တစ်ခုခုတော့ မှားနေပြီ။" ကြယ်တာရဲ သားရဲတစ်ချို့က အလန့်တကြား အော်ဟစ်လာကြ၏။

အလွန်တောက်ပသော ရွှေရောင်အလင်းတန်းဖြင့် တောင့်တောင့်တင်းတင်း ကြယ်တစ်ပွင့်က ပေါ်လာပြီး "ဘာလဲ...” ဟု နှေးကွေးသော အသံဖြင့် မေးလိုက်၏။

“ကျေးဇူးပြုပြီး ချစ်ခြင်းမေတ္တာ သစ်ပင်ကို ကြည့်လိုက်။ အဲ့ပေါ်က ချစ်ခြင်းမေတ္တာသစ်သီးတွေ ရုတ်တရက် ပျောက်သွားတယ်...။” ကြယ်တာရာသားရဲက ထိတ်လန့်တကြား အသံနှင့် ဆိုလိုက်လေ၏။

"ဟားဟား... မင်းက ငတုံးလား ဂေါ်ဒမ်...။ ချစ်ခြင်းမေတ္တာ သစ်သီးက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပျောက်သွားမှာလဲ...။" မျိုးနွယ်စုခေါင်းဆောင်က ရယ်မောကာ ချစ်ခြင်းမေတ္တာ သစ်ပင်ဆီသို့ သူ့မျက်လုံးများကို အကြည့်ပို့လိုက်လေ၏။

ထိုအရာ၏ မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း အေးခဲလာသည်နှင့်အတူ ပျောက်ဆုံးသွားလေတော့သည်။

ချစ်ခြင်းမေတ္တာသစ်သီးမှာ အရင်က တွဲလောင်းကျနေခဲ့သော ချစ်ခြင်းမေတ္တာသစ်သီးများ၏ အရိပ်အယောင်ပင် မရှိတော့ပါချေ...။

"ဘာ... ဘာဖြစ်သွားတာလဲ။"

မျိုးနွယ်စု ခေါင်းဆောင်၏ မျက်လုံးက အံ့ဩမှု၊ မယုံနိုင်မှုတို့ဖြင့် ပြူးကျယ်သွားလေ၏။

ခဏကြာပြီးနောက် ထိုသည်က အလန့်တကြား အသံဖြင့် အော်ဟစ်လိုက်လေ၏။ "ရန်သူ ကျူးကျော် ဝင်ရောက်လာတယ်...။ ငါတို့ရဲ့ မြင့်မြတ်သစ်သီးက အခိုးခံလိုက်ရတယ်...။ သူခိုးတွေ မလွတ်စေနဲ့ဟေ့...။"

စာစဉ် ၃၇ ပြီး၏။

-------------

All Chapters