← Chapters

ကောင်းချီး

Vol. 45 Ch. 667

ကောင်းချီး

Vol. 45 Ch. 667

"ဒီအသားကင်ဆိုင်ကို တကယ်ကိုးငရဲဂိုဏ်းက ဖွင့်ထားတာပဲ။ ဒီနတ်ဆိုးကို အခုချက်ချင်းကျုပ်သွားဖမ်းမယ်။ အကိုတော်နှစ်ယောက်လည်း ကူညီပေးပါ"

ရှီချန်းလှုပ်ရှားရန်ပြင်သည်။ လုယန်တို့က တားရသည်။

"မလုပ်နဲ့ မလုပ်နဲ့။ သူက ကျုပ်တို့နဲ့ တစ်ဘက်တည်းပါ။ အကြမ်းနည်းသုံးစရာမလိုဘူး"

"တစ်ဘက်တည်း...ဟုတ်လား"

ရှီချန်းမျက်လုံးတွင် နားမလည်သည့်အရိပ်များပြည့်နေသည်။

ရှီချန်းစရိုက်ကို ယုံကြည်သဖြင့် တာအိုလမ်းစဉ်ဂိုဏ်း၏ အတွင်းပိုင်းလုပ်ဆောင်ချက်တစ်ချို့ ထုတ်ပြောဖို့ လုယန်တို့ဆုံးဖြတ်လိုက်သည်။

"တကယ်တော့ ကောင်းကင်ရုံးတော်ဂိုဏ်းဆိုတာ ကျုပ်တို့တည်ထောင်ထားတာပါ..."

နှစ်ယောက်သား စိတ်ရှည်လက်ရှည် ဇာတ်ရည်လည်အောင် ရှင်းပြကြသည်။

သူတို့စကားဆုံးပြီးနောက် ရှီချန်း အတော်ကြာအောင် အသံတိတ်သွားသည်။ စကားတစ်ခွန်းမှမပြော။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် ဉာဏ်နီဉာဏ်နက်အပြည့်ရှိကြောင်း သတိထားဆက်ဆံဖို့လိုကြောင်း ဆရာတော်ကျဲ့ရှား သူ့ကိုအမြဲသတိပေးခဲ့သည်မှာ မဆန်းတော့။

ထိုစကားကို အစက သူအလေးအနက်မထားခဲ့။ ယခုမှ နားလည်လာသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်ပတ်သက်သည့် ကောလဟာလအားလုံး အကိုလု၏ဖန်တီးချက်ဖြစ်နေသည်။

ထိုသတင်းသာပြန့်သွားလျှင် အကြီးအကျယ်ဂယက်ထသွားမည်မှာ သေချာသည်။

"အကိုတော်တို့ ကျုပ်ကိုယုံကြည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"

သို့ဆိုလျှင် ဤဆိုင်ခွဲသည် လုယန်တို့နှင့်လည်း တစ်ဝက်ဆိုင်သည်။ လှုပ်ရှားဖို့အဆင်မပြေ။

သုံးယောက်သား တပ်ခေါက်ပြန်လာပြီး အမှားအယွင်မဖြစ်အောင် ဆက်၍အိပ်ချင်ယောင်ဆောင်ကြသည်။

ဟန်ဆောင်မှုစပြီး သိပ်မကြာမီ နောင်ထပ်မိန်းမလှတစ်ယောက် အခန်းထဲဝင်လာသည်။

အိပ်ပျော်နေသည့်သုံးယောက်ကိုကြည့်ပြီး စိတ်သက်သာရာရသွားဟန်ရှိသည်။

အစေခံရှောင်ကျူးဖြစ်သည်။

"အမရှောင်ခွေ့ ကတော့ တကယ်ပါလား။ ညှို့ဓာတ်ရနံ့ရဲ့အာနိသင်က အရမ်းကောင်းတာပဲ။

ငါ့ကျင့်စဉ်စွမ်းအားက အမရှောင်ကွေနဲ့ ယှဉ်နိုင်ပေမယ့် သူက ကိုးငရဲဂိုဏ်းခွဲသခင်ဖြစ်ပြီး အခုငါတို့က လူသားနယ်မြေထဲမှာဆိုတော့ သူ့ကိုအနိုင်ယူလို့မရဘူး။

ဒါပေမယ့် ကိစ္စတော့မရှိပါဘူး။ သူက ယန်ချီကိုပဲစားနိုင်တာ။ အိပ်ယာထဲမှာ ငါတို့သူဌေးကို ဘာမှမလုပ်နိုင်ဘူး။ အိပ်မက်ထဲမှာပဲ သာယာနိုင်တာ။ အဲဒါက တကယ်လက်တွေ့လောက် ဘယ်ကျေနပ်စရာကောင်းမှာလဲ။

အစက မနက်ဖြန်ညမှလာမယ်လို့ ငါတွေးထားတာ။ ဒါပေမယ့် ငါတို့သူဌေးက မှိုပွင့်စားထားတော့ သူ့ယန်ချီအားကောင်းနေမှာ။ ငါ့ခွဲတမ်းကိုယူလည်း ဒုက္ခမဖြစ်နိုင်ပါဘူး"

ပြောနေရင်းမှာပင် ရှောင်ကျူး အဝတ်စချွတ်သည်။ မွှေးပွအမြီးနှင့် နားရွက်များပေါ်လာပြီး ရှုအန်းကိုပွေ့ဖွက်လိုက်သည်။

လုယန် "..."

မုန်ကျင်းကျိုး "..."

ရှီချန်း "..."

"ဘယ်လိုလုပ်ကြမလဲ။ တားကြမလား"

"နေ့ခင်းပိုင်းက ရှုအန်းစားတဲ့မှိုပွင့်က သူ့အလုပ်သူလုပ်နေပြီထင်တယ်။ သူ့ယန်ချီက အားကောင်းနေတုန်းပဲ"

"ရှောင်ကျူးမှာ မကောင်းတဲ့ရည်ရွယ်ချက်မျိုး မရှိလောက်ပါဘူး"

ကိစ္စပြီးသွားချိန်တွင် ရှောင်ကျူး ကျေနပ်စွာ ထွက်သွားသည်။

သုံးယောက်သား ထရပ်ရန်ပြင်ကြသည်။ ထိုစဉ် တံခါးတွန်းဖွင့်သံထပ်ပေါ်လာပြီး တတိယမြောက်လူတစ်ယောက် မဝံ့မရဲပုံစံဖြင့် ဝင်လာသည်။

အစေခံ ရှောင်ချိုးဖြစ်သည်။

ရှောင်ခွေ့ လိုပင် စိတ်ညှို့ရနံအလုပ်ဖြစ်မဖြစ် စစ်ဆေးသည်။ လုယန်တို့ အိပ်ပျော်နေသည်ကိုကြည့်၍ စိတ်သက်သာရာရသွားသည်။

ရှုအန်းကိုယ်ပေါ်တွင် လဲလျောင်း၍ ယန်ချီကို စုပ်ယူသည်။ ထို့နောက် ရှုအန်း၏နားအနီးသို့ကပ်၍

"သခင်၊ ရှောင်ချိုး သခင့်ကိုသဘောကျတယ်"

လုယန်တို့သုံးယောက် သိစိတ်အာရုံမှ အချင်းချင်းလျှို့ဝှက်ဆက်သွယ်နေသည်။

"သူက ရတနာဝိညာဉ်ဆိုတာတော့သိတယ်။ သူ့ပုံစံအစစ်ကို မင်းတို့မြင်နိုင်လား"

"ကိုယ်တော့်အမြင်အာရုံက သိပ်မထက်မြက်ဘူး။ မမြင်ရဘူး"

"ကျောက်စိမ်းဆွဲပြားပါ။ နတ်ဝိညာဉ်အဆင့်တစ်ယောက်က ဖန်တီးထားတာ။ အဆင့်တက်နိုင်တဲ့ မှော်ပစ္စည်းတစ်ခုပဲ"

လုယန်အမြင်အာရုံက မုန်ကျင်းကျိုးနှင့် တန်းတူသာရှိသော်လည်း နတ်မယ်၏ အကူအညီရှိနေသည်။

"သူ့မိဘတွေက သာမန်ချီအဆင့်ကျင့်ကြံသူတွေပဲလို့ ရှုအန်းကပြောတယ်။ ဝိညာဉ်ရှိတဲ့ မှော်ပစ္စည်းမျိုးကို ချီအဆင့်ကျင့်ကြံသူ‌တွေ မရနိုင်လောက်ဘူး"

ဝိညာဉ်ရှိသည့်မှော်ရတနာမျိုးက တွေ့ရခဲသည်။

လုယန်မြင်ဖူးသည့် အဆင့်မြင့်ဆုံးပစ္စည်းဝိညာဉ်များသည် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများ၏ဝိညာဉ်ကို သန့်စင်ထားခြင်းဖြစ်သည်။

ရှောင်ချိုး၏သရုပ်မှန်က ထိုလောက်အဆင့်မမြင့်။ သို့သော် ချီအဆင့်ကျင့်ကြံသူများ ရနိုင်သည့်ပစ္စည်းမျိုးလည်းမဟုတ်။

"သူ့မိဘတွေ့ အမှတ်မထင်တွေ့ခဲ့တာဖြစ်မယ်။ မှောင်ခိုဈေးတို့ဘာတို့မှာ တွေ့တာမျိုးပေါ့။ ဘာရတနာမှန်းမသိဘဲ ဒါကိုယူလာပြီး ရှုအန်းအတွက် အမွေအဖြစ်ချန်ခဲ့မယ်။

ရှုအန်းက ဒါကိုတစ်ချိန်လုံးဝတ်ထားတော့ ကျောက်စိမ်းဆါဲပြားက သူ့ဆီက ယန်ချီ ဒါမှမဟုတ် အသက်ဓာတ်ကိုစုပ်ယူမယ်။ ဒါကြောင့် နိုးထလာတာဖြစ်မယ်"

ထို့ကြောင့်လည်း ရှောင်ချိုးက ရှုအန်းကို အတော်သံယောဇဉ်တွယ်နေခြင်းဖြစ်မည်။

ရှောင်ချိုး အရသာခံ၍ ယန်ချီစုပ်ယူနေစဉ် သဏ္ဌာန်နှစ်ခု နောက်တစ်ကြိမ်ထပ်ရောက်လာသည်။

ရှောင်ခွေ့ နှင့်ရှောင်ကျူးဖြစ်သည်။ ယနေ့လိုအခွင့်အရေးမျိုးက ရှားပါးသဖြင့် နောက်တစ်ကြိမ်ခံစားဖို့လာခြင်းဖြစ်သည်။

ကံကြမ္မာတိုက်ဆိုင်ပြီး တံခါးဝတွင် တစ်ယောက်နှင့်တစ်ယောက် တွေ့ကြသည်။

"ရှောင်ချိုး နင်ဒီကို ဘာလို့ရောက်လာတာလဲ။ နင်ကကျင့်ကြံသူလား"

ရှောင်ချိုး ထိတ်န့်သွားသည်။

ရှောင်ခွေ့ နှင့်‌ ရှောင်ကျူးလည်း အတော်အံ့အားသင့်နေကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်အခြေအနေတစ်‌ယောက်သိကြသည်။ သို့သော် ရှောင်ချိုးလည်း လူသားမဟုတ်ကြောင်း သူတို့မသိကြ။

"မဟုတ်ဘူး။ နင်က ရတနာဝိညာဉ်တစ်ခုပဲ။ ငါတို့သခင်ပျောက်သွားတဲ့ ကျောက်စိမ်းဆွဲပြားက နင်မဟုတ်လား"

သူတို့သခင်က မိဘများချန်ထားခဲ့သည့် ကျောက်စိမ်းဆွဲပြားအကြောင်း ပြောဖူးသည်။ အမှတ်တရပစ္စည်းဖြစ်၍ နေ့ရောညပါ ဝတ်ဆင်ထားသည်။

သို့သော် တစ်နေ့တွင် ထိုကျောက်စိမ်းဆွဲပြား ထူးဆန်စွာ ပျောက်သွားသည်။ ဘယ်လိုရှာရှာမတွေ့တော့။ ထို့ကိစ္စကြောင့် ရှုအန်း အတော်စိတ်မကောင်းဖြစ်ခဲ့သည်။

ယခုပြန်တွေးကြည့်လျှင် ကျောက်စိမ်းဆွဲပြားက ဤအိမ်တော်တွင် တစ်ချိန်လုံးရှိနေခဲ့သည်။

ရှောင်ချိုးက မရဲတရဲခေါင်းငြိမ့်၍ အမနှစ်ယောက်၏ ခန့်မှန်းချက်ကို အတည်ပြုပြီး ရှုအန်းဘေးမှ ထလာသည်။

ရှောင်ခွေ့ ဒေါသဖြင့် အံတင်းတင်းကြိတ်သည်။

"သခင့်ဆီက ငါယူတဲ့ယန်ချီပမာဏကို အမြဲသတိထားခဲ့တယ်။ သူဘာလို့ဒီလောက် အားနည်းနေတာလဲ စဉ်းစားလို့မရခဲ့ဘူး။

အားလုံးက နင့်ကြောင့်ကိုး"

သူ့သခင် ပြန်မကျန်းမာမည်စိုး၍ လေးရက်တစ်ကြိမ်သာ သူခိုးဝင်ခဲ့သည်။

အစေခံသုံးယောက် ဘယ်သူမှအလျှော့မပေး။ အားလုံးက ရှုအန်းနှင့်အတူ ဆက်နေချင်ကြသည်။

သူတို့စွမ်းအင်ရောင်များ အချင်းချင်းရိုက်ခတ်သွားသည်။ ရှုအန်းက အိပ်ပျော်နေရင်း မသဲမကွဲညည်းသည်။ သုံးယောက်လုံးလန့်သွားပြီး လှုပ်ရှားမှုရပ်ကြသည်။

မတတ်သာတော့သဖြင့် နောက်ထပ်'အိပ်ခန်းလှုပ်ရှားမှု' မလုပ်တော့ဘဲ မကျေမနပ်ထွက်သွားကြသည်။

အပြင်ထွက်လိုက်သည်နှင့် ခြံဝင်းထဲမှ လျိုရှန်ယုနှင့် တည့်တည့်တိုးသည်။ လျိုရှန်ယုမျက်နှာက ဒေါသကြောင့်တွန့်လိမ်နေသည်။

"နင်တို့...နင်တို့အားလုံး လူသားမဟုတ်ဘူးပေါ့"

လျိုရှန်ယု အံတင်းတင်းကြိတ်၍ပြောသည်။

ဤရက်ပိုင်းအတွင်း သူ့ယောကျ်ား တဖြေးဖြေးအားနည်းလာသည်။ သူအာရုံခံစားမှုများလွန်းသဖြင့် ယင်နှင့်ယန် မညီမမျှဖြစ်ပြီး သူ့ယောက်ျားစွမ်းအင်ကုန်ခမ်းသွားသည်ဟု ထင်ခဲ့သည်။

ထို့ကြောင့် သူတို့ချစ်ခန်းဖွင့်သည့်အချိန်ကို လျှော့ချခဲ့သည်။

သူ့ယောက်ျားက သရဲအကြောင်းပြောချိန်တွင် အပြင်ပန်း၌ ကြောက်ချင်ယောင်ဆောင်သော်လည်း စိတ်ထဲတွင် ကြောက်စိတ်လုံးဝမရှိ။ မဖြစ်နိုင်မှန်း သိနေသည်။

နတ်ဝိညာဉ်အဆင့်မြွေနတ်ဆိုးဖြစ်သည့် သူ့မျက်စိအောက်တွင် သရဲဘယ်လိုလိုရှိနိုင်မည်နည်း။

သို့သော်ယခု တကယ်ရှိနေမှန်း သိလိုက်ရသည်။

ရှောင်ခွေ့ က နတ်ဝိညာဉ်အဆင့်သရဲဖြစ်နေသည်။

ရှောင်ကျူးက နတ်ဝိညာဉ်အဆင့် မြေခွေးနတ်ဆိုးဖြစ်သည်။

ရှောင်ချိုးက မှော်ရတနာ၏ဝိညာဉ်ဖြစ်သည်။

ခုနက သူတို့ချင်း စွမ်းအင်ရောင်တိုက်ခိုက်မှုသာမလုပ်ခဲ့လျှင် သူလုံးဝရိပ်မိမည်မဟုတ်။ သူ့ယောက်ျားအားနည်းရခြင်းသည် သူ့ကြောင့်ဟုသာ ထင်နေဦးမည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထူးဆန်းသည့် ယန်အားတို့သွေးစက်ရောင်းသူတစ်ယောက်ကို မှောင်ခိုဈေးတွင် သူတွေ့ခဲ့သည်။ ထို့ကြောင့် သွေးတစ်စက်ဝယ်ပြီး မှိုစွတ်ပြုတ်ထဲ ရောထည့်ခဲ့သည်။ ယနေ့ သူကိုယ်တိုင်ပျော်ပါးခံစားရန် အသင့်ပြင်ထားသည်။

လုယန်တို့ကိုတော့ သူထည့်မတွက်။ သတိလစ်သွားအောင်လုပ်နိုင်သည်။

ယခု သူပင်ခန်းဆောင်မဝင်ရသေး။ အစေခံမသုံးယောက်က သူ့ယောက်ျားအခန်းထဲမှ ထွက်လာသည်။

သန့်စင်ယန်သွေးစက်ကို ထိုသုံးယောက်ပျော်ပါးနိုင်ဖို့ ဈေးကြီးပေး၍ သူဝယ်ခဲ့ရသလိုဖြစ်နေသည်။

အစေခံသုံးယောက်ကလည်း လျိုရှန်ယု၏ ပုံစံအစစ်ကို အစကတည်းကသိပြီးဖြစ်သည်။ အရင်ရောက်နှင့်သူဖြစ်၍ သူ့သရုပ်မှန်ကို ရှုအန်းမသိအောင် ဖုံးကွယ်ထားနိုင်သည်။

အစေခံများက သူ့ကိုတိတ်တဆိတ်စောင့်ကြည့်နေကြသည်ကိုတော့ သူမသိ။

"သခင်မ၊ ကျွန်မရှင်းပြပါရစေ"

အကြောက်တတ်ဆုံးဖြစ်သည့် ရှောင်ချိုးက သူ့ကိုယ်သူလျှောက်လဲချက်ပေးရန် ကြိုးစားသည်။

လျိုရှန်ယုက ရှုအန်းအခန်းထဲသိ့ အသံလုံမှော်စက်ဝန်းတစ်ခု ပစ်လွှတ်သည်။ ထို့နောက် ရှုအိမ်တော်တစ်ခုလုံးလွှမ်းခြုံ၍ မှော်စက်ဝန်းတစ်ခု တည်ဆောက်သည်။ အပြင်လောကနှင့် စည်ခြားလိုက်သည်။

"ရှင်းပြနေလည်း အပိုပဲ။ ကျင့်ကြံသူလောကစည်းမျည်းအရ စွမ်းအားဟာ လုပ်ပိုင်ခွင့်ပဲ။

ဒီနေ့ ကိုယ့်သခင်ကိုခိုးပြီးပြစ်မှားတဲ့ အစေခံတွေရဲ့အကျိုးဆက်ကို နင်တို့သိအောင်ပြမယ်"

ရှောင်ခွေ့ က အကြောက်အရွံ့မရှိ။ ကိုးငရဲဂိုဏ်းခွဲသခင်ဖြစ်သည့် သူသည် ချန်ကျန်းမြို့တော် မြေ‌အောက်လောကတွင် အင်အားအကြီးဆုံးဖြစ်သည်။

လျိုရှန်ယိလို တစ်ခြားကရောက်လာသည့် မြွေနတ်ဆိုးကို ကြောက်စရာအကြောင်းမရှိ။

"ရှုအန်းက ကျွန်မအပေါ် ကြင်နာပေးတယ်။ သူ့ကိုမထားခဲ့နိုင်ဘူး"

ရှောင်ကျူးကလည်း ပြတ်သားသည်။

"ရှုအန်းရဲ့ဘိုးဘေးက ကျွန်မအသက်ကို ကယ်ခဲ့တယ်။ ဒီကျေးဇူးကြွေးကို လူသားအသွင်ပြောင်းလာခဲ့တာ။ အခု သူ့မျိုးဆက်ကိုပဲ ကျေးဇူးဆပ်နိုင်တော့မယ်"

ရှောင်ချိုးက ကြောက်တတ်သော်လည်း ရှုအန်းကိစ္စနှင့် ပတ်သက်လာလျှင် ဆုံးဖြတ်ချက်ခိုင်မာသ်ည။

"သခင်ကြောင့် ကျွန်မနိုးထနိုင်ခဲ့တာ။ ကျွန်မတစ်ဘဝလုံးကို သခင့်အပိုင်ပဲဖြစ်ရမယ်"

ခြံဝန်းထဲတွင် နတ်ဝိညာဉ်အဆင့်လေးယောက် တိုက်ပွဲစရန် တာစူနေသည်။

အိပ်ချင်ယောင်ဆောင်နေသည့်သုံးယောက်လည်း ရုတ်တရက်ဖြစ်လာသည့်အခြေအနေကြောင့် အံ့အားသင့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

"ဘယ်လိုလုပ်ကြမလဲ"

လုယန်က ကျန်နှစ်ယောက်အမြင်ကိုမေးသည်။

မုန်ကျင်းကျိုးက အံကိုတင်းတင်းကြိတ်လိုက်သည်။ မီးပွားများ လွင့်စင်လာတော့မလားထင်ရသည်။

"ရှုအန်းကိုအရင်သတ်ကြမယ်ကွာ"

*******************************

All Chapters