← Chapters

မြွေဆုံးနှိမ်ဘုံကျောင်း

Vol. 45 Ch. 668

မြွေဆုံးနှိမ်ဘုံကျောင်း

Vol. 45 Ch. 668

သွေးစရောင်းကတည်းက ဘာကံကောင်းမှုမျိုးမှ မကြုံခဲ့ရဟု မုန်ကျင်းကျိုးထင်မိသည်။

ပထမဆုံး ဆောင်ကြာမြိုင်တွင် စိတ်သမာဓိလေ့ကျင့်သည့် ရှီချန်း။

ထို့နောက် ရှုအန်း၏ ဟာရမ်ဇာတ်ရှုပ်။

အဓိကအကျဆုံးက ထိုနှစ်ယောက်လုံး သူ့သွေးသန္ဓေကို သုံးခဲ့သူများဖြစ်သည်။

လျိုရှန်ယု ယူလာသည့်စွတ်ပြုတ်ထဲမှ သွေးနံ့ကို သူရခဲ့သည်။ လက်စသတ်တော့ သူ့သွေးဖြစ်နေသည်။

ဟာရမ်တွင် ပြဿနာဖြစ်လျှင် ဘာလုပ်သင့်သနည်း။

အဓိကတရားခံကို သတ်လိုက်ရုံသာဖြစ်သည်။ ပြဿနာအားလုံး ငြိမ်းသွားမည်။

သို့မဟုတ် ရှုအန်းအသက်ကို ချမ်းသာပေးလည်းရသည်။ တစ်ကိုယ်တော်ကျိန်စာလက်သီးတစ်ချက် ထိုးလိုက်ရုံသာဖြစ်သည်။

ခြံထဲတွင် မြွေနတ်ဆိုး၊ သရဲကျင့်ကြံသူ၊ မြေခွေးနတ်ဆိုး၊ ရတနာဝိညာဉ်တို့ အပြင်းအထန်တိုက်ခိုက်နေသည်။

အသံလုံမှော်စက်ဝန်းကာထား၍သာ တော်တော့သည်။ မဟုတ်လျှင် ကင်းလှည့်အရာရှိများ အစောကြီးကတည်းက ရောက်လာပေလိမ့်မည်။

လျိုရှန်ယုက ခန္ဓာကိုယ်တစ်ချက်လှုပ်ခါပြီး 'ကျန်း'ဆယ်ချီရှည်လျားသည့် မြွေဖြူကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသည်။ ကိုယ်လုံးက ရေစည်ထက်ပင် ကြီးသေးသည်။ လျှာနှစ်ခွကိုထုတ်ရင်း တရှူးရှူး အသံမြည်နေသည်။

အေးစက်စက်မျက်လုံးများက အစေခံသုံးယောက်ကို စိုက်ကြည့်နေသည်။

"သခင်ရှုနဲ့ငါ စတွေ့တွေ့ချင်း ချစ်ခဲ့ကြတာ။ ချင်မင်နွေဦးမိုးစက်တွေကြားမှာ တစ်သက်တာလက်တွဲဖို့ ကတိပြုခဲ့ကြတာ။

နင်တို့လို့ မကောင်းဆိုးဝါးတွေ နတ်ဆိုးတွေ ဝင်နှောက်ယှက်စရာအကြောင်းရှိလို့လား"

မြွေကိုယ်လုံးကို တစ်ပတ်လှိမ့်၍ သူဝှေ့ယမ်းလိုက်သည်။ မြေပြင်တုန်ခါသွားပြီး အက်ကြောင်းများထလာသည်။ ကြီးမားသည့်ပါးစပ်ကိုဟ၍ အစေခံသုံးယောက်ကို မျိုချလိုက်သည်။

ရှောင်ချိုး လက်နှစ်ဘက်ကို ဆန့်ထုတ်သည်။ မရေမတွက်နိုင်သည့် အနက်ရောင်ဝိညာဉ်များက ညအမှောင်နှင့်ပေါင်းစပ်ပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးသည်။

သူ့နတ်ဝိညာဉ်လည်း ပေါ်လာပြီး မြေဖြူ၏ပါးစပ်ကို တားဆီးသည်။

"မြင်မြင်ချင်းချစ်တော့ရော ဘာအရေးလဲ။ သေရေးရှင်ရေးကြားမှာ အစမ်းသပ်ခံမထားတဲ့အချစ်ဆိုတာ အပြောသက်သက်ပဲ။

အဲဒီ့နေ့က ငါ့သရုပ်မှန် ပေါ်သွားတယ်။ အစိုးရရုံးတော်က ငါ့ကိုလိုက်ဖမ်းတယ်။ သခင်က ငါ့ပုံစံကိုဖုံးကွယ်ဖို့ သူ့ရဲ့စာပေစွမ်းအင်ရောင်သုံးခွင့်ပေးခဲ့လို့ ငါဆက်ပြီးအသက်ရှင်ခဲ့တာ။

သူတော်ဝင်စာမေးပွဲဖြေတာကို ထိခိုက်နိုင်တဲ့ ထူးခြားတဲ့ငါ့ဖြစ်တည်မှုကြောင့်သာမဟုတ်ရင် အစောကြီးကတည်းက သခင်ကိုရင်ဖွင့်ပြီး ငါလက်ထပ်ခဲ့မှာ။ နင်လည်း မယားကြီးဖြစ်လာစရာ အကြောင်းမရှိဘူး"

ရှောင်ကျူးက မူလပုံစံဖြစ်သည့် နှင်းဖြူရောင်မြေခွေးဝိညာဉ်အဖြစ် ပြောင်းသည်။ လှပသည်။ ဖျတ်လတ်သည်။ ချစ်စရာကောင်းသည်။

"နှင်းကျမယ်"

ရုတ်တရက် ထူထဲသည့်နှင်းများ ခြံထဲတွင် စတင်ကျဆင်းလာသည်။ အပူချိန်လည်း ထိုးကျသွားသည်။ ဝင်သက်ထွက်သက်များ နှင်းငွေ့ဖြစ်လာသည်။ ရေများအေးခဲသွားသည်။

"ငါက နှင်းမြေခွေးရဲံဝိညာဉ်ပဲ။ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က မုဆိုးတစ်ယောက်ရဲ့ထောင်ချောက်ထဲကနေ သခင့်ရဲ့ဘိုးဘေးက ငါ့ကိုကယ်ခဲ့တယ်။ တားမြစ်မြေမှာ ငါလျှောက်ဿွားရင်း သစ်သီးတစ်လုံးကိုမျိုချမိလို့ ငါ့ကိုယ်ထဲက ရှေးဟောင်းသွေးဆက် နိုးထလာတယ်။

သွေးဆက်စွမ်းအားနဲ့ လူသားပုံစံဖြစ်အောင် ကျင့်ကြံခဲ့တယ်။ သခင့်ဘိုးဘေးကို လူသားအသွင်နဲ့ကျေးဇူးဆပ်ဖို့ လာခဲ့ပေမယ့် သူကမြူမှန်အဖြစ် ပြောင်းသွားခဲ့ပြီ။

ဒါကြောင့် သခင့်ကိုပဲ ငါကျေးဇူးပြန်ဆပ်မယ်။ ငါ့သရုပ်မှန်ကို သခင်လက်မခံမှာစိုးရိမ်ခဲ့လို့သာမဟုတ်ရင် အရင်ကတည်းက ငါ့ခံစားချက်တွေ သူ့ကိုဖွင့်ပြောပြီးပြီ"

လျန်ရှန်ယု အေးစက်စက်ရယ်သည်။

"ညဘက်တွေ နင်တို့ ခိုးကြောင်ခိုးဝှက် ဝင်ယူကြလို့ သခင့်ရဲ့စွမ်းအင်တွေ လျော့ပါးသွားတာတောင် နင်တို့မှာ အကြောင်းပြချက်ကိုယ်စီနဲ့ပါလား။

နှစ်သုံးရာမှိုပွင့်အကြောင်း စုံစမ်းခဲ့တာ ငါပဲ။ သန့်စင်ယန်သွေးစက်ကိုဝယ်ခဲ့တာ ငါပဲ။ နင်တို့က ဘာလုပ်ခဲ့လို့လဲ။ ဒီညသာ နင်တို့တစ်ပြိုင်တည်း ပေါ်မလာရင် နင်တို့လူသားမဟုတ်တာ ငါသိဦးမှာမဟုတ်ဘူး။

သခင်က ရွှေသန္ဓေအဆင့်သုံးယောက်ကို အပြင်ကဖိတ်ခေါ်လာရတဲ့အဆင့်ထိ ရောက်ခဲ့တယ်"

မြွေဖြူလျန်ယိက လေပြင်းတစ်ခုဖန်တီးသည်။ အရိုးခိုက်မတတ်အေးစိမ့်သည်။ အနားသို့ရောက်လာသည်နှင့် အလိုလိုတုန်လှုပ်ခြောက်ခြားစေနိုင်သည်။

ရှောင်ချိုးက အတားအဆီးတစ်ခုဖွင့်၍ ရှန်ယု၏တိုက်ခိုက်မှုကို ယာယီတားဆီးသည်။ သူ့မူလပုံစံက ကျောက်စိမ်းဆွဲပြားဖြစ်သည်။ အကာအကွယ်မှော်ရတနာဖြစ်သည်။

"ဒေါသကိုထိန်းပါ သခင်မ။ ကျွန်မကို နိုးထလာခဲ့တာ သခင့်ကြောင့်ပါ။ ဒါပေမယ့် သူ့ကိုဘယ်လိုရင်ဆိုင်ရမှန်းမသိလို့ ကျွန်မသရုပ်မှန်ကိုဖွင့်ပြောဖို့ တုံ့ဆိုင်းနေခဲ့တာပါ။ လှည့်စားဖို့ မရည်ရွယ်ပါဘူး"

ဒုတိယတစ်ချီ တိုက်ပွဲဖြစ်ခါနီးတွင် ဗုဒ္ဓနာမရွတ်ဖတ်သံတစ်ခုပေါလာသဖြင့် လေးယောက်လုံးလန့်သွားပြီး လှုပ်ရှားမှုရပ်သွားသည်။

"အော်မီတော်ဖော်၊ ဒကာမတို့တိုက်ပွဲကို ခဏရပ်ပေးနိုင်မလား"

ရှီချန်း ခြံဝင်းထဲ ဆင်းလာသည်။ ကာကွယ်သူနှစ်ယောက်လည်း ပါလာသည်။ တစ်ယောက်က ဓားကိုင်ထားသည်။ နောက်တစ်ယောက်က လက်သီးဆုပ်အသင့်ပြင်ထားသည်။

"နင်တို့ နိုးလာတာလား။ မဟုတ်ဘူး...နင်တို့ အစကတည်းက နိုးနေတာပေါ့"

မိန်းမလေးယောက် မျက်နှာနည်းနည်းပျက်သွားသည်။ စိုးရိမ်ရိပ်သန်းလာသည်။ ထိုသုံးယောက် နိုးနေသည်ကို တစ်ယောက်မှ သတိမထားမိကြ။

"အဲလိုမဖြစ်နိုင်ပါဘူး။ ငါထုတ်လိုက်တဲ့ညှို့ဓာတ်ရနံ့က နတ်ဝိညာဉ်အစောပိုင်းအဆင့်ဆို သုံးနာရီလောက် သတိလစ်နေမှာပါ"

ရှောင်ခွေ့က အံ့အားအသင့်ဆုံးဖြစ်သည်။ သူ့ညှို့ဓာတ်ရနံ့ ဘယ်လောက်ပြင်းထန်သည်ကို သူသိသည်။

ရွှေသန္ဓေဆင့်များ ခံနိုင်ရည်မရှိနိုင်။

ပိုအရေးကြီးသည့်ပြဿနာက ထိုသုံးယောက်လုံး သူတို့သရုပ်မှန်ကို သိနေသည်။

သူတို့ခင်ပွန်းသာသိသွားလျှင် ဘာဆက်လုပ်ရမည်မသိတော့။

"နင်တို့က တစ်ချိန်လုံး အိပ်ပျော်ချင်ယောင်ဆောင်နေခဲ့တာပေါ့"

မိန်းမလေးယောက်လုံး ရှက်စိတ်ကြောင့် ပါးနှစ်ဘက်နီရဲလာကြသည်။

ယနေ့ည အိပ်ယာထဲတွင် ရှုအန်းနှင့်သူတို့ဖြစ်ပျက်ခဲ့သမျှအားလုံး ထိုသုံးယောက်မြင်ခဲ့သည်။

ရှက်စိတ်နှင့်ဒေါသစိတ်ကြောင့် လေးယောက်လုံး တစ်ပြိုင်တည်းတိုက်ခိုက်ကြသည်။

မြွေဖြူကိုယ်လုံးက ဝေ့ယမ်းနေသည်။ သရဲများစွာ ထွက်ပေါ်လာသည်။ နှင်းများကျလာသည်။ ကျောက်စိမ်းဆွဲပြားမှ ဝိညာဉ်စွမ်းအားပြသည်။

"ကိုယ်တော်က ပြဿနာဖြစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး"

မိန်းမလေးယောက် ပူးပေါင်းတိုက်ခိုက်နေသော်လည်း ရှီချန်းက အမူအရာမပျက်။ ဗုဒ္ဓမှော်ရတနာထုတ်၍ လေထဲသို့ပစ်လွှတ်လိုက်သည်။

ရတနာမှာ ရွှေရောင်ဖျော့အလင်းတစ်မျိုး ထွက်လာပြီး မိန်းမလေးယောက်ကို လွှမ်းခြုံသွားသည်။ မလှုပ်နိုင်ကြတော့။

"ဒါ...ဒါက ဘယ်လိုမှော်ရတနာလဲ"

ကျောက်စိမ်းဆွဲပြားဝိညာဉ် ရှောင်ချိုးက သူ့ထက်အဆင့်မြင့်သည့် မှော်ရတနာတစ်ခု၏ ကြီးမားသည့်စွမ်းအင်ဖိအားကို ခံစားရသည်။

"မိန်းကလေးတို့ ကျုပ်တို့သုံးယောက်ကို မနိုင်ပါဘူး"

ရှီချန်းက သက်ပြင်းချက်၍ လေးယောက်လုံးကို လွှတ်ပေးလိုက်သည်။

ရွှေရောင်သဏ္ဌာန်တစ်ခု သူ့နောက်ဘက်တွင် ပေါ်လာသည်။ ဘယ်လက်တွင် ဝါဇရတုတ်ကိုင်၍ ညာလက်တွင် ဓမ္မစက်ဝန်းကိုင်ထားသည်။

ဆယ့်ခြောက်ပေရွှေခန္ဓာ၏ စံပြပုံရိပ်ဖြစ်သည်။

လုယန်လက်ထဲရှိ ချင်ဖုန်းဓားမှ အေးစိမ့်သည့်အလင်းတစ်ခု တောက်ပလာသည်။ ထွက်လာသည့်ဓားချီက တောက်ပစူးရှလွန်းသည်။

မုန်ကျင်းကျိုးက ခေါင်းသုံးလုံးလက်ခြောက်ဘက်ပုံစံပြောင်းသည်။ ခွန်အားကြီးသည့်လက်မောင်းများက တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည် လက်သီးချက်တိုင်းက မြေပြင်ကိုထိုးခွဲနိုင်သည်။

မျက်နှာက တင်းမာကြမ်းတမ်းသည်။ မျက်လုံးထဲတါင် ဒေါသရိပ်ပြည့်နေသည်။

"နတ်ဝိညာဉ်..မဟုတ်ဘူး ဝိညာည်ပြောင်းအဆင့်လား"

လျိုရှန်ယိတို့လေးယောက် ချက်ချင်းမျက်နှာဖြူရော်သွားကြသည်။

ထိုသုံးယောက်လုံး ကျင့်စဉ်အဆင့်အတူတူလောက်ရှိသည်။ ထုတ်ပြသည့်စွမ်းအားက ဝိညာဉ်ပြောင်းအဆင့်ဖြစ်ကြောင်း သံသယဖြစ်စရာမလို။

ဗုဒ္ဓမှော်ရတနာမရှိလျှင်ပင် ထိုသုံးယောက်ထဲက ဘယ်သူမဆို သူတို့ကိုအနိုင်ယူနိုင်သည်။

ချန်ကျန်းမြို့တော်တွင် အစိုးရရုံးတော်မှ ဝိညာဉ်ပြောင်းအဆင့် နှစ်ယောက်သာရှိသည်ဟု သိထားခဲ့သည်။

သူတို့ယောက်ျားက ထိုသုံးယောက်ကို ဘယ်ကရှာတွေ့လာသည်မသိ။

မိန်းမလေးယောက် ငြိမ်ကျသွားသဖြင့် ရှီအန်း ရွှေခန္ဓာကိုပြန်သိမ်းသည်။ လုယန်တို့လည်း မူလအနေအထား ပြန်ပြောင်းလိုက်သည်။

"ရှုအန်းယုံကြည်အားကိုးလို့ သူယန်ချီလျော့နည်းရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ကျုပ်လာခဲ့တာပါ။ မိန်းကလေးတို့ ကိုယ်တော့်ကို အခက်တွေ့အောင် မလုပ်ကြပါနဲ့"

မိန်းမ‌လေးယောက် သဘောတူကြသည်။ အတော်အပိုးကျိုးသွားသည််။

လျိုရှန်ယုက လူအသွင်ပြန်ပြောင်း၍ လုယန်တို့သုံးယောက်ကို စကားပြောရန် ခန်းမထဲသို့ဖိတ်ခေါ်သည်။

"ဒီကိစ္စမဆွေးနွေးခင် ကျုပ်ကိုယ်ကျုပ်မိတ်ဆက်ပါရစေ။ ကျုပ်ရဲ့ဓမ္မနာမည်က ရှီချန်ပါ။ စွန်စီးဘုံကျောင်းက တပည့်တစ်ယောက်ပါ။"

မိန်းမလေးယောက် မျက်နှာပျက်သွားကြပြန်သည်။ စိုးရိမ်ထိတ်လန့်လာသည်။

စွန်းစီးဘုံကျောင်းတပည့်များအကြောင်း အပြင်လောကတွင် သိသူနည်းသည်။ ထို့ကြောင့် ရှီချန်း၏ရည်ရွယ်ချက်ကို သူတို့မမှန်းဆနိုင်ကြ။

ရှောင်ခွေ့က အကြောက်ဆုံးဖြစ်သည်။ ကိုးငရဲဂိုဏ်းခွဲသခင်ဖြစ်၍ သူ့သရုပ်မှန်ပေါ်သွားလျှင် ပြေးမလွတ်မည်ကိုကြောက်နေသည်။

"ဒကာမလျိုက နတ်ဆိုးနယ်မြေမှာရှိတဲ့ မြွေဖြူမျိုးနွယ်ကလား"

"ဟုတ်ပါတယ်"

သူဝန်ခံသည်။

"ကျုပ်ပေးတဲ့အကြံကို နားထောင်ပါ ဒကာမလျို။ ဒကာမနဲ့ ဒကာရှုအန်းရဲ့ ဆက်ဆံရေးမျိုးဟာ တကယ်မသင့်တော်ပါဘူး"

လျိုရှန်ယိ မျက်နှာဖြူလျော်သွားသည်။ စိတ်ထဲတွင် လေးလံလာသည်။

"လူသားနဲ့နတ်ဆိုး ဗီဇလမ်းကြောင်းချင်းမတူလို့ ကျွန်မတို့ အတူဆက်မနေသင့်ဘူးလို့ ကိုယ်တော်အကြံပြုချင်တာလား"

ရှီချန်းခေါင်းခါသည်။

"မဟုတ်ပါဘူး။ ကျုပ်ပြောချင်တာက လက်ထပ်မှတ်ပုံတင်တဲ့အခါ ကိုယ့်မျိုးနွယ်ကို အတည်ပြုရမယ်။ ဒကာအန်းက ဒကာမရဲ့သရုပ်မှန်ကို မသိဘူး။

ဒီတော့ တရားဝင်လင်မယားမဖြစ်သေးဘူး။ အမည်ခံလင်မယားအဆင့်ပဲရှိတယ်။ ဒကာမတို့နှစ်ယောက် အစိုးရရုံးတော်မှာ သွားပြီးမှတ်ပုံတင်ကြဖို့ ကျုပ်အကြံပြုချင်တာပါ"

********************************

All Chapters