← Chapters

အမှန်ပြောသူ

Vol. 45 Ch. 669

အမှန်ပြောသူ

Vol. 45 Ch. 669

လျိုရှန်ယု သူ့သရုပ်မှန်အစစ်ကို ရှုအန်းအားမပြောရဲခဲ့။ ထို့ကြောင့် သူတို့နှစ်ယောက် ဘယ်တုန်းကမှ လက်ထပ်မှတ်ပုံမတင်ဖြစ်။

ရှုအန်းကလည်း ထိုကိစ္စများကို သိပ်အရေးမစိုက်။

သူ့မိန်းမစိတ်မပါသဖြင့် ထိုအတိုင်းထားလိုက်သည်။

ရှီချန်းစကားကြောင့် အစေခံသုံးယောက် မျက်လုံးများအရောင်လက်လာသည်။

အန်းရှုနှင့် လျိုရှန်ယိသည် အချင်းချင်း လင်မယားလို အမြဲတမ်း ခေါ်ဝေါ်ဆက်ဆံနေသော်လည်း လက်ထပ်မှတ်ပုံတင်မလုပ်ရသေး။

မှန်သည်။ အစိုးရရုံးတော်တွင် လက်ထပ်မှတ်ပုံတင်လျှင် အနည်းဆုံးတော့် နှစ်ဘက်လုံး၏ ဘဝသရုပ်မှန်ကို အတည်ပြုရသည်။

မှတ်ပုံမတင်ရသေးသဖြင့် တရားဝင်ဇနီးမဟုတ်။

လျိုရှန်ယိသည် သူတို့သုံးယောက်နှင့် တန်းတူအဆင့်သာရှိသည့်သဘောဖြစ်သည်။

ထိုကိုယ်တော်သည် ဘွဲ့နာမည်နှင့် တကယ်ထိုက်တန်သည်။ သူတို့မမြင်နိုင်သည့် ပြဿနာများကို မြင်သည်။

"ဒကာမတို့လေးယောက် ဒကာရှုနဲ့ တစ်လှည့်စီ ယန်ချီစုပ်ယူနေကြလို့ သူ့အားနည်းလာတာပါ။ ဒါကိုတော့ ကိုယ်တော်လည်း မကူညီနိုင်ဘူး။

ဒါပေမယ့် ဒီကကျုပ်အကိုတော်ကတော့ ဖြေရှင်းပေးနိုင်ပါတယ်။ ကျုပ်အကိုတော်မှာ ယန်အားတိုးသွေးသန္ဓေ ရှိပါတယ်။ ဒကာမလျိုလည်း ဒီသွေးအကြာင်း သိပြီးသားဖြစ်မှာပါ။

ရေရှည်အတွက်ကြည့်ပြီး ယန်အားတိုးသွေးသန္ဓေ လေးငါးစက်လောက်ဝယ်ဖို့ ကိုယ်တော်အကြံပေးချင်ပါတယ်"

ရှီချန်းက မုန်ကျင်းကျိုးကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးသည်။

မုန်ကျင်းကျိုးက ခပ်တည်တည်မျက်နှာဖြင့် ယန်အားတိုးသွေးစက်ပါသည့် ပုလင်းငယ်များကို ထုတ်လိုက်သည်။

"တစ်စက်ကို ဝိညာဉ်ကျောက်တစ်သိန်းပါ"

မိုးထိခေါင်ခိုက်နေသည့် ဈေးနှုန်းကို သူတောင်းသည်။

မှောင်ခိုဈေးကွက်တွင် ရောင်းခဲ့စဉ်က ဈေးချိုလွန်းသွားကြောင့် သူသိသည်။

ရှေးဟောင်းခေတ်၏ အသန်မာဆုံးတစ်ကိုယ်တော်ဝိညာဉ်မြစ်မှ သွေးသည် ယန်အားတိုးစေသည်။ ကျောက်ကပ်အားဖြည့်ပေးသည်။ အသက်ရှည်စေသည်။ အဆိပ်အားလုံးကိုနိုင်သည်။ မှတ်ဉာဏ်တိုးစေသည်။

ရုပ်ခန္ဓာအားကောင်းစေသည်။ ထိုမျှအံ့ဩစရာကောင်းသည့် ပစ္စည်းမျိုးကို ဝိညာဉ်ကျောက်ရှိတိုင်း ဝယ်၍မရ။

သွေးတစ်စက် ဝိညာဉ်ကျောက်တစ်သိန်းသည် ဈေးကြီးသလော။

လုံးဝဈေးမကြီးပါ။

"ကျွန်မ ငါးစက်ဝယ်မယ်"

လျိုရှန်ယိက ရှိသမျှအကုန်ပုံအောသည်။ အစေခံသုံးယောက်က 'တရားဝင်မယား'ရာထူးအတွက် သူနှင့်ယှဉ်ပြိုင်ချင်ကြကြောင်း သူသိသည်။

တရားဝင်မယားရာထူး ဆုံးရှုံးသွားလျှင် နောင်တစ်ချိန် သူ့ယောက်ျားအချစ်ခံရဖို့ အစေခံသုံးယောက်နှင့် ဘယ်နှစ်ကြိမ် ယှဉ်ပြိုင်ရမည်မသိ။

ထို့ကြောင့် ယနေ့ သွေးစက်ပိုဝယ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်မခြောက်စက်ဝယ်မယ်"

ရှောင်ခွေ့က ပြောသည်။

အသးကင်ဆိုင်သည် ရောင်းကောင်းသည်။ ဆိုင်မန်နေဂျာဖြစ်၍ ကော်မရှင်ကောင်းကောင်းရသည်။ ထို့ကြောင့် မိန်းမလေးယောက်ထဲတွင် သူအချမ်းသာဆုံးဖြစ်သည်။

"ကျွန်မ ကျွန်မ သုံးစက်ဝယ်မယ်"

ရှောင်ကျူးက သိပ်ယုံကြည်ချက်မရှိ။ ပုံမှန်မဟုတ်သည့်ဘဝနောက်ခံမှ လာသူဖြစ်၍ ဝိညာဉ်ကျောက်များများမရှိ။

ရှောင်ချိုးအခြေအနေက ပို၍ပင် ဝမ်းနည်းစရာကောင်းသည်။ သူသည် ရတနာဝိညာဉ်ဖြစ်သည်။ ဝိညာဉ်ကျောက်တစ်တုံးမှမရှိ။

မုန်ကျင်းကျိုးက ပုလင်းငယ်ဆယ့်လေးခုထားခဲ့ပြီး ကျန်သည့်ပလင်းများကို ပြန်သိမ်းသည်။ ဝိညာဉ်ကျောက်ဆယ့်လေးသိန်းကို အေးအေးလူလူလက်ခံယူသည်။

ကျွတ်...ဒီဝိညာဉ်ကျောက်တွေရတာက ပျော်ရွှင်ကြည်နူးတဲ့ခံစားချက်မျိုး လုံးဝမပေါ်ပါလား...

"ဒါဆိုကျုပ် အကိုတော်တို့နှင့် ဒကာရှုအခန်းထဲကိုသွားပြီး အရုဏ်ချိန်ထိ စောင့်မယ်။ ခြံထဲက တိုက်ပွဲသဲလွန်စတွေ ရှင်းကြပါ မိန်းကလေးတို့"

ရှောင်ကျူးကျေးဇူးကြောင့် နှင်းကျခဲ့သဖြင့် ခြံဝင်းထဲတွင် အရိုးခိုက်အောင် အေးနေဆဲဖြစ်သည်။

သုံးလေးနာရီကြာပြီးနောက် ရှုအန်း နိုးလာသည်။ အတော်လန်းဆန်းနေသည်။

"ဆရာတို့၊ ညက အခြေအနေထူးလား။ ဒီနေ့မနက် အိပ်ယာနိုးတော့ အများကြီးပိုအားပြည့်လာသလိုပဲ"

မုန်ကျင်းကျိုးတွေးနေသည်။

မနေ့ညကသောက်တဲ့ ယန်သွေးစက်ကြောင့်သာမဟုတ်ရင် သရဲရယ်၊ နတ်ဆိုးရယ်၊ ရတနာဝိညာဉ်ရယ် ချစ်တင်းနှောတာနဲ့ ဒီနေ့ အိပ်ယာထဲကတောင် ခင်ဗျားထွက်နိုင်မှာမဟုတ်ဘူး။

"အော်မီတော်ဖော်၊ မနေ့ညက အကျိုးရှိခဲ့ပါတယ်။ ပြဿနာကို ဖြေရှင်းပြီးပြီ။ ဒကာတော် ယန်ချီအားနည်းတာမျိုး နောက်ထပ်ခံစားရတော့မှာ မဟုတ်ပါဘူး။

ရှုအန်း အပျော်စိတ်ကြောင့် မျက်လုံးများအရောင်လက်လာသည်။

အကိုကျုံးညွှန်းလိုက်သည် ဆရာသည် တကယ်အစွမ်းထက်သည်။

"အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုယ်တော်။ ဒါဆို အခကြေးငွေကရော"

"ငွေပြားငါးရာဆို လုံလောက်ပါတယ်"

ရှုအန်း အံ့အားသင့်သွားသည်။ ဈေးချိုလွန်းသောကြောင့်ဖြစ်သည်။

ဆရာပေါင်းများစွာ သူအကူအညီတောင်းခဲ့သည်။ တစ်ယောက်မှ သူ့ပြဿနာကို ဖြေရှင်းမပေးနိုင်ကြ။ သို့သော် ဤကိုယ်တော်က တစ်ညတည်းဖြေရှင်းပေးသွားသည်။ ငါးရာသာတောင်းသည်။

မိဘအမွေရထားသူအဖို့ ငွေပြားငါးရာသည် ဘာမှမပြောပလောက်။

"ဒါနဲ့ ကျုပ်ကဘာလို့ အမြဲတမ်း စွမ်းအားနည်းနေတာလဲ"

"အချိန်တန်လာရင် ဒကာတော် ကိုယ့်ဘာသာသိလာပါလိမ့်မယ်"

"အဲ...ဪ"

ဤကိုယ်တော် စကားလုံးပဟေဠိကစားနေသလောဟု ရှုအန်းတွေးမိသည်။ အားလုံးက လျှို့ဝှက်ဆန်းကြယ်သည်။

အဝတ်အစားများသိမ်းပြီးနောက် ရှုအန်း မနက်စာစားပြီး ဂန္တဝင်ကျမ်းစာများဖတ်ရန်ပြင်သည်။

တံခါးမှထွက်လိုက်ချိန်တွင် သူ့မိန်းမနှင့်အစေခံသုံးယောက် ဝင်ပေါက်တွင် စနစ်တကျ တန်းစီနေသည်ကို မြင်လိုက်ရသည်။

"ယောက်ျား/ကျေးဇူးရှင်/သခင်၊ ကျွန်မ လျှို့ဝှက်ထားတဲ့ကိစ္စ တစ်ခုရှိပါတယ်"

အခေါ်အဝေါမှလွဲ၍ မိန်းမ‌လေးယောက် ပြိုင်တူအသံထွက်လာသည်။

"တကယ်တော့ ကျွန်မက မြွေနတ်ဆိုးပါ/သရဲကျင့်ကြံသူပါ/မြေခွေးနတ်ဆိုးပါ/ရတနာဝိညာဉ်ပါ"

လေးယောက်လုံး စွမ်းအားကိုယ်စီထုတ်၍ မူလပုံစံကို ပြကြသည်။ ရှည်လျားကြီးမားသည့်မြွေဖြူ၊ ယင်လေပြင်းများ ဝေ့ဝဲဖုံးလွှမ်းနေသည့် သရဲ၊ အမွှေးပွမြေခွေး၊ ကျောက်စိမ်းတံဆိပ်ပြားထဲသို့ မှေးမှိန်ပျောက်ကွယ်သွားသည့် ရတနာဝိညာဉ်။

ရှုအန်း မျက်ဖြူလန်၍ ချက်ချင်းသတိလစ်သွားသည်။

လုယန် သက်ပြင်းချသည်။ ဤသတ္တိလောက်ဖြင့် မရသေး။

သို့သော် နောက်ပိုင်းကိစ္စများက သူတို့နှင့်မဆိုင်တော့။

မနက်စောစောလူရှင်းနေသည့် လမ်းများကိုဖြတ်၍ တည်းခိုခန်းသို့ ပြန်ကြသည်။

သူတိုသုံးယောက် တည်းခိုခန်းထဲဝင်သွားသည်ကို မျက်လုံးတစ်စုံက တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။ ထို့နောက် သူ့လက်အောက်ခံများကို ညွှန်ကြားသည်။

"ခေါင်းဆောင်ကိုပြောလိုက်။ သူတို့တည်းခိုခန်းကိုပြန်ရောက်ပြီလို့။ လှုပ်ရှားဖိုအချိန်ကျပြီ"

တစ်ညလုံး ဟိုလှည့်ဒီလှည့် နေခဲ့ရသဖြင့် သူတို့သုံးယောက်ပင် စွမ်းအားကုန်ခမ်းလာသည်။ ကောင်းကောင်းနားဖို့လိုသည်။

နောက်တစ်နာရီအကြာတွင် လူတစ်ယောက် လုယန်အခန်းတံခါးကို လာခေါက်သည်။

"အထဲမှာ လူရှိလား..."

လုယန် တင်ပျဉ်ခွေထိုင်နေရင်းမှ မျက်လုံးပွင့်လာသည်။ သို့သော် သိပ်အိပ်ရေးမဝသေး။ ပြည့်ပြည့်ဝဝအနားမယူရသေး။

ဘယ်သူလာရှာသနည်း။

ဝိညာဉ်အာရုံဖြန့်၍ ကြည့်လိုက်သည်။ စင်္ကြံလမ်းတွင် လူပေါင်းများစွာရပ်နေသည်။ ရုံးတော်အရာရှိဝတ်စုံများဝတ်ထားသည်။

လုယန် ထရပ်၍ တံခါးဖွင့်သည်။ အနည်းငယ်ဗိုက်ရွှဲသည့် သက်လတ်ပိုင်းလူတစ်ယောက်ကို တွေ့ရသည်။

လုယန်ကိုမြင်သည်နှင့် သူဝေဝေဆာဆာပြုံးသည်။

"တာအိုလမ်းစဉ်ဂိုဏ်းကလုယန်ဆိုတာထင်တယ်။ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်မျိုးရိုးက လျိုပါ။ ချန်ကျန်းမြို့ရဲ့ မြို့တော်သခင်ပါ"

လုယန် အံ့အားသင့်သွားသည်။ သူရှိနေမှန်း မြို့တော်သခင်ဘယ်လိုသိသွားသလဲ စဉ်းစားမရ။

ထို့နောက် သူနားလည်လာသည်။ ဆိုင်ရှင်ဟုန်ရှေ့တွင် သူကြွားလုံးထုတ်ခဲ့သည်။ သူ့ကိုယ်ပိုင်နာမည်ကို ပြောခဲ့သည်။ ဆိုင်ရှင်ဟုန်ကို စစ်ဆးမေးမြန်းနေချိန် သတင်းပေါက်သွားခြင်းဖြစ်မည်။

ပေါ့ဆလွန်းသည်။ ထိုအချိန်က ဟန်ရေးပြဖို့သာ စိတ်လောနေသည်။ နောက်ဆက်တွဲကို မစဉ်းစားခဲ့။

သခင်လျိုက ဘေးခန်းမှ မုန်ကျင်းကျိုးနှင့် ရှီချန်းကိုလည်း လုယန်အခန်းထဲသို့ ဖိတ်ခေါ်သည်။

သခင်လျိုက ပြုံးချိုသည့်မျက်နှာဖြင့်

"နာမည်ကျော်တူမောင်သုံးယောက် ချန်ကျန်းကို လာလည်တာတောင် နှုတ်မဆက်ဘူး။ ကျုပ်တို့ကို တကယ့်သူစိမ်းတွေလို ဆက်ဆံတာပဲ။ မသေမျိုးဂိုဏ်းက မစ်ရှစ်တစ်ခုရှိလို့ ဒီကိုရောက်လာကြတာများလား"

"အော်မီတော်ဖော်၊ ကျုပ်တို့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ချို့ကြောင့် ချန်ကျန်းကိုရောက်လာတာပါ"

ကိုယ်ရေးကိုယ်တာဟု ကြားသည်နှင့် မြို့တော်သခင်၏အပြုံးက ပို၍ဝေဆာလာသည်။

"တူမောင်တို့ စိတ်မရှိရင် ဒီည ကျုပ်ရဲ့အိမ်တော်မှာ ညစာလာစားပါလား"

ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လာတာဆိုရင်.... သိပ်ကောင်းတာပေါ့...မင်းတို့ကိစ္စကို ငါမြန်မြန်ကူညီဖြေရှင်းပေးမယ်။ ဒါမှ မင်းတို့မြန်မြန်ပြန်မှာလေ...

ထိုစဉ် လုယန်က

"အစကတော့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ လာတာပါ။ ဒါပေမယ့် ချန်ကျန်းမြို့တော်မှာ နတ်ဆိုးဂိုဏ်းနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ကျုပ်တို့တွေ့တယ်"

နတ်ဆိုးဂိုဏ်းဟုကြားသည်နှင့် သခင်လျို မျက်နှာပျက်သွားသည်။

"ကျုပ်လူလွှတ်ပြီး ကူညီပေးဖို့လိုလား"

လုယန် ခေါင်းခေါ၍ အလေးအနက်ပြောသည်။

"ကျုပ်တို့ လျှို့ဝှက်ပြီးစုံစမ်းနေတာ။ ရုံးတော်ကလူတွေပါလှုပ်ရှားမယ်ဆိုရင် အခြေအနေရှုပ်ထွေးလာမယ်။ ရန်သူကို တပ်လှန့်သလိုဖြစ်သွားနိုင်တယ်။

လက်ရှိသဲလွန်စတွေအရ ကိုးငရဲဂိုဏ်း လှုပ်ရှားမှုတစ်ချို့ ချန်ကျန်းမှာ တွေ့ရတယ်။ သူတို့လှုပ်ရှားနေတာ အတော်ကြာပြီ။

ကျုပ်တို့ကနဦးသုံးသပ်ချက်အရ လှုပ်ရှားမှုကိုခေါင်းဆောင်နေတဲ့လူက ယောက်ျားတွေရဲ့ယန်ချီကို စားရတာကြိုက်တဲ့ သရဲကျင့်ကြံသူတစ်ယောက်ပါ။

အခု နစ်နာသူအမျိုးသားတစ်ယောက်ရှိနေပြီ။ ကျုပ်တို့အချိန်မီရောက်လို့ သူကံကောင်းသွားတာ။ အန္တရာယ်ကလွတ်ပြီး အသက်မသေအောင် ထိန်းသိမ်းနိုင်ခဲ့တယ်။

ဒီသရဲကျင့်ကြံသူက နတ်ဝိညာဉ်အဆင့်လေးယောက်တိုက်ပွဲမှာလည်း ပါခဲ့တယ်။ အဖွဲ့အစည်းမျိုးစုံ ယှဉ်ပြိုင်ကြတာ။ ဘယ်သူမှအညံ့မခံဘူး။ အခြေအနေက အရမ်းရှုပ်ထွေးတယ်။

ဟုတ်တယ်မို့လား အကိုရှီချန်း"

"အော်မီတော်ဖော်၊ ဘုန်ကြီးတွေဟာ မုသားမပြောဘူး။ အကိုတော်လုယန်ပြောတာ အမှန်ပါပဲ"

*******************************

All Chapters