လေဟာနယ်အရှင်
Vol. 45 Ch. 671
"ဒီမှာဖြစ်သွားတာလဲ"
တည်းခိုခန်းထဲမှ လုယန်တို့သုံးယောက် အချင်းချင်းကြည့်ပြီး နားမလည်နိုင်အောင်ဖြစ်နေသည်။
မျက်တောင်တစ်ခတ်အတွင်း သူတို့ဘေးပတ်လည်တွင် အရောင်များမှေးမှိန်သွားသည်။ ပြတင်းပေါက်ကိုတွန်းဖွင့်၍ကြည့်သည်။ အပြင်ဘက်လမ်းလည်း ထိုသို့သာဖြစ်သည်။
လုယန် ဝိညာဉ်အာရုံဖြန့်၍ ဘေးပတ်လည်မှအရာများကိုကြည့်သည်။
ရုပ်ဝတ္ထုနှင့် အချိန်ကာလ လုံးဝပြောင်းလဲမသွား။
အရောင်ပြောင်းသွားသဖြင့် ဤနေရာတွင် ဘာမှန်းမသိသည့်အပြောင်းအလဲဖြစ်သွားသည်က သေချာသည်။
"နတ်မယ်၊ဘာတွေဖြစ်နေတာလဲသိလား"
နတ်မယ်ခံအာရုံခံကြည့်သည်။
"အင်း..နင်တို့ကို တစ်ခြားလေဟာနယ်ထဲ ဆွဲခေါ်သွားတာထင်တယ်။ ဒါက လူတစ်ယောက်ထိန်းချုပ်ထားတဲ့ လေဟာနယ်ပဲ။
တစ်မြို့လုံးကို ဒီထဲဆွဲခေါ်လာပြီး အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်လိုက်တာ။ မြို့ပြင်မှာရှိတဲ့လူတွက ချန်ကျန်းမြို့ကြီးပျောက်သွားပြီး မြေပေါ်မှာချိုင့်ခွင့်ကြီးကျန်ခဲ့တာကို မြင်ရလောက်တယ်။
အရိယဖလသန္ဓေစွမ်းအားနဲ့တူတယ်။ ဒါပေမယ့် ရှေးဟောင်းခေတ်မှာပေါ်ခဲ့တဲ့ အရိယဖလမျိုးတော့မဟုတ်ဘူး။ ငါဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး"
လုယန် "..."
"လောင်လု၊ အခြေအနေက ဘာတဲ့လဲ။ မသေမျိုးက ဘာပြောလဲ"
မုန်ကျင်းကျိုး လုယန်ကို တီးတိုးမေးသည်။
"ငါတို့တော့ ဒုက္ခအကြီးကြီးရောက်နေပြီ"
ရုတ်တရက် အဝေးမှ စွမ်းအင်လှိုင်းလှုပ်ရှားမှုများ ပေါ်လာသည်။
"အကျဉ်းထောင်ရှိတဲ့ဘက်ဆီကပဲ"
လုယန်အာရုံက အထက်မြက်ဆုံးဖြစ်သည်။
"သွားကြည့်ရအောင်"
"ဒကာမနှစ်ယောက်၊ ဒီမှာနေခဲ့ပါ။ မကြာခင် ကျုပ်တို့ပြန်လာခဲ့မယ်"
....
"လေဟာနယ်လောကလား"
ချီတစ်ခုအရှင်က ဗူးသီးခြောက်ရတနာကိုကိုင်၍ အရပ်မြင့်မြင်သဏ္ဌာန်ကို စိုက်ကြည့်နေသည်။
သမိုင်းမှတ်တမ်းများအရ မဟာယုခေတ်အဆုံးတွင် တစ်လောကလုံး ပရမ်းပတာဖြစ်နေသည်။ သူရဲကောင်းများက ဩဇာကိုလိုချင်ကြသည်။
ကျန်းမိသားစုနှင့် မုန်မိသားစုတို့ အပြည့်အဝအားကောင်းမလာသေးမီ လောကကိုသိမ်းပိုက်နိုင်ခြေရှိသည့် အဖွဲ့အစည်းတစ်ခုရှိခဲ့သည်။
မဟာယုခေတ်နှောင်းတွင် အကြီးဆုံးဂိုဏ်းဖြစ်သည့် လေဟာနယ်ဂိုဏ်းဖြစ်သည်။
မသေမျိုးတစ်ဝက်အဆင့်ဖြစ်သည့် ဂိုဏ်းတည်ထောင်သူကို လေဟာနယ်အရှင်ဟု ခေါ်ကြသည်။
သို့သော် ကျန်းနှင့်မုန်မိသားစုများ အင်အားတောင့်တင်းလာချိန်တွင် လေဟာနယ်ဂိုဏ်းက တောင့်မခံနိုင်တော့ဘဲ ဖျက်ဆီးခံရသည်။
လေဟာနယ်အရှင်ဘယ်ရောက်သွားသည်ကို ဘယ်သူမှမသိကြတော့။ သူ့အရိယဖလသန္ဓေကို လေဟာနယ်လောကအရိယဖလသန္ဓေဟုခေါ်သည်။ သီးခြားလေဟာနယ်အသစ်များ ဖန်တီးနိုင်သည်။
လူများကို လေဟာနယ်သစ်ထဲ အတင်းဆွဲခေါ်နိုင်စွမ်းရှိသည်။
လေဟာနယ်ထဲရောက်ပြီး ဘာဆက်ဖြစ်သည်ကိုတော့ ရှေးမှတ်တမ်းများက ဖော်ပြမထား။
ထိုလေဟာနယ်သစ်မျိုးကို 'လေဟာနယ်လောက'သို့မဟုတ် 'လေဟာနယ်ဘုံ'ဟုခေါ်သည်။
"မင်းက လေဟာနယ်အရှင်လား"
အရပ်မြင့်မြင့်လူ နည်းနည်းအံ့ဩသွားဟန်ရှိသည်။
"ဪ...ငါ့ကိုမှတ်မိသေးတဲ့လူ ရှိဦးမယ်လို့ ထင်မထားဘူး။ ဈေးထဲကစာအုပ်တွေမှာ ငါ့အကြောင်းမှတ်တမ်းတွေမပါဘူး။
မင်းက မဟာရှားရဲ့ထိပ်သီးကျင့်ကြံသူဆိုတော့ အတွင်းသတင်းတွေရထားတယ်ထင်တယ်"
သူ့နောက်ခံကိုတစ်ဘက်လူက သိပြီးဖြစ်၍ သူ့မျက်နှာအစစ်ကို ဖုံးကွယ်မထားတော့။
သူ့ကိုယ်မှအနက်ရောင်အချပ်များ ကွာကျသွားသည်။ ခံ့ညားသည့်မျက်နှာတစ်ခု ပေါ်လာသည်။
"ကျန်းပင်ကန်းက နိုင်ငံ့ကံကြမ္မာစွမ်းအားကို အခြေခံပြီး မဟာရှားကို တည်ထောင်ခဲ့တယ်။ နိုင်ငံကံကြမ္မာစွမ်းအားဟာ တည်ငြိမ်မှုနဲ့ တိုးတက်စည်ပင်မှုပေါ် အခြေခံတယ်။
မတည်ငြိမ်အောင်လုပ်ဖို့ဆိုရင် လူသတ်အဖွဲ့အစည်းတည်ထောင်တာထက် ပိုပြီးထိရောက်တာ ဘာမှမရှိဘူးလေ"
ကျန်းပင်ကန်းသည် ပထမဆုံးရှားအင်ပါယာဖြစ်သည်။
လေဟာနယ်အရှင် ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချသည်။
"မဟာရှားအုပ်ချုပ်ရေးစနစ်က တင်းကြပ်လွန်းတာ ဆိုးတယ်။ အဆင်ပြေမယ့် လူသတ်အဖွဲ့အစည်းမျိုး ရှာမတွေ့ဘူး။
ဒီတော့ ရှေးဟောင်ကျင့်ကြံသူတွေထဲကပဲ ရှာရတယ်။ ကံကောင်းချင်တော့ ဒီညနန်းဆောင်ဂိုဏ်းကိုတွေ့တယ်။
ညနန်းဆောင်ကို စည်းရုံးသိမ်းသွင်းပြီး မင်းကိုသတ်နိုင်မယ့်အခွင့်အရေးကို ငါယူလိုက်တာပါ"
"မင်းလိုအဆင့်နဲ့ဆို ပြောတဲ့စကားက ကြီးလွန်းတယ်ကွ"
ချီတစ်ခုအရှင် ဘူးသီးခြောက်ရတနာကို ဖွင့်လိုက်သည်။ အဆုံးစမဲ့ခရမ်းရောင်ချီတစ်ခု ဖဲကြိုးစတစ်ခုခဲ့သို့ ထိုးထွက်လာပြီး လေဟာနယ်အရှင်ဆီ လွင့်ပြန်သွားသည်။
ထိုစွမ်းအားည် သူငယ်ငယ်ကတည်းက ကျင့်ကြံခဲ့သည့် မူလချီဖြစ်သည်။ လူများကိုတုပ်နှောရန် ကြိုးများအဖြစ်သုံးနိုင်လောက်အောင် ပျော့ပျောင်းသည်။ တောင်နင့်ပင်လယ်၊ လေဟာနယ်ကို ဖျက်ဆီးနိုင်လောက်အောင် ခိုင်ခံ့သည်။
လေဟာနယ်အရှင် နောက်သို့ ပေါ့ပါးစွာခုန်ဆုတ်၍ ရှောင်တိမ်းသွားသည်။
ချီတစ်ခုအရှင် နည်းနည်းနောင်တရသွားသည်။ သူ့တိုက်ခိုက်မှုက ဟန်ပြသာဖြစ်သည်။ အမှန်က လေဟာနယ်ကို ထိုးဖောက်ပြီး လေဟာနယ်လောကကို ချိုးဖျက်လိုခြင်းဖြစ်သည်။
သို့သော် လေဟာနယ်လောကသည် အရိယဖလသန္ဓေ၏စွမ်းအားဖြစ်သည်။ မူလခရမ်းချီစွမ်းအင်ဖြင့် ချိုးဖျက်၍မရနိုင်။
လေဟာနယ်လောက အနည်းငယ်တုန်ခါသွားသည်ကို ခံစားမိသဖြင့် လေဟာနယ်အရှင် အေးစက်စက်လှောင်ပြုံးပြုံးသည်။
"မူလခရမ်းချီက ဒီလောက်စွမ်းအားရှိမယ်လို့ ထင်မထားဘူး။ မူလချီစစ်ကို စုစည်းပြီ အရိူးရှင်းဆုံးအဖြစ်ကို ပြန်သွားတယ်။ ချီသန့်စင်တဲ့နည်းက တကယ်ထူးခြားတယ်။
စိတ်မကောင်းစရာပဲ။ မူလချီမျိုးဆက်က ဒီမှာအဆုံးသတ်တော့မယ်"
သူသာသတိမထားခဲ့လျှင် မူလခရမ်းချီကြောင့် တကယ်ဒဏ်ရာရခဲ့နိုင်သည်။
ခဏစဉ်းစားပြီးနောက် လေဟာနယ်အရှင် လက်ဖျောက်တစ်ချက်တီးသည်။ ညနန်းဆောင်အဖွဲ့ဝင်များကို ထိန်းချုပ်ထားသည့် ခြေကျင်းလက်ထိပ်များ လှောင်အိမ်များ ပျက်စီးသွားသည်။
"မြို့ထဲကလူတွေကို မင်းတို့စိတ်ကြိုက် သွားသတ်ပြီး သူတို့ကိုအာရုံလွှဲပါ"
လွတ်ငြိမ်းခွင့်ရလိုက်သလိုပင်ဖြစ်သည်။ မသေမျိုတစ်ဝက်၏အမိန့်ရထားပြီဖြစ်၍ ညနန်းဆောင်မှလူများ ဘယ်သူမသတ်ရဲဘဲနေမည်နည်း။
ထိုပြင် လူသတ်အဖွဲ့အစည်းသို့ဝင်သူတိုင်း လူသတ်ရသည်ကို မပျော်သည့်လူမရှိ။
ချီတစ်ခုအရှင် ဒေါသထွက်သွားသည်။
"အတင့်ရဲလှချည်လားကွ။ ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ်- 'ညနန်းဆောင်အဖွဲ့ဝင်အားလုံး မလှုပ်ရှားနိုင်စေရ'"
သို့သော် မျှော်လင့်ထားသည့် အချုပ်အနှောင်က ဖြစ်မလာ။ ညနန်းဆောင်အဖွဲ့ဝင်များ လွတ်လပ်စွာ လှုပ်ရှားကြသည်။
"သူတို့ကိုသတ်ကြ"
မြို့တော်သခင် အော်ဟစ်အမိန့်ပေးသည်။ အရာရှိများ ချက်ချင်းလှုပ်ရှားကြသည်။ သာမန်လူများက ဤလူသတ်သမားများရှေ့တွင် သိုးသူငယ်များပမာသာဖြစ်လိမ့်သည်။ ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်။
"ငါမင်းတို့ကို လှုပ်ရှားခွင့်ပေးလို့လား"
လေဟာနယ်အရှင် ခြောက်ကပ်ကပ်ရယ်မောသည်။ ကြီးမားသည့် အနက်ရောင်လှောင်အိမ်တစ်ခုဖြင့် သခင်လျိုတို့အဖွဲ့ကို ပိတ်လှောင်လိုက်သည်။
ချီတစ်ခုအရှင် မျက်နှာတင်းသွားသည်။ လေဟာနယ်အရှင်ထိုလှောင်အိမ်ကို ဘယ်လိုဖန်တီးလိုက်မှန်း သူမသိ။
တိုက်ပွဲကို လေ့လာနေသည့်နတ်မယ်က ရုတ်တရက် နားလည်လာသည်။
"ဪ...ဒီလိုကိုး။ ဒီနေရာက မသေမျိုးတစ်ဝက်တစ်ယောက်ရဲ့ ကိုယ်ပိုင်နယ်မြေပဲ။ စည်းမျဉ်းတွေ ဒီနေရာမှာ မသက်ရောက်နိုင်ဘူး။
ဒါပေမယ့် သူ့စိတ်စွမ်းအားသုံးပြီး လေဟာနယ်ကို အသက်သွင်းနိုင်တယ်။ ဒါက သူ့လေဟာနယ်လောကထဲမှာ ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားတစ်မျိုးပေါ့။
လောဟာနယ်လောကဟာ သူ့ပိုင်နက်ပဲ။ ဒီနေရာမှာ သူဘာမဆို ပုံသွင်းဖန်တီးနိုင်တယ်။ အိပ်မက်နယ်မြေတစ်ခုနှင့် ထပ်တူနီးပါးတူတယ်"
လုယန် ချီတစ်ခုအရှင်ဆီ သိစိတ်အာရုံမှ အမြန်လှမ်းပြောသည်။
"အရှင်၊ စည်းမျဉ်းတွေက ဒီနေရာမှာ မသက်ရောက်နိုင်ဘူး။ ပြိုင်ဘက်ရဲ့စွမ်းအားတွေက သူ့အတွေးနဲ့ လေဟာနယ်ကိုအသက်သွင်းပြီး ဖန်တီးတာ။
ညနန်းဆောင်ကလူတွေကို ကျုပ်တို့ရှင်းလိုက်မယ်"
လုယန် ဤနေရာတွင်ရှိနေမည်ဟု ချီတစ်ခုအရှင် ထင်မထားခဲ့။
လုယန်တို့သုံးယောက် ညနန်းဆောင်မှလူသတ်သမားများကို တရကြမ်း ကြားဖြတ်တိုက်ခိုက်သည်။
"နတ်ဝိညာဉ်အဆင့်သုံးယောက်ကများ ငါတို့လမ်းကို လာပိတ်ရဲတယ်ပေါ့"
ယဲ့ရှောက်၏ကာကွယ်သူ ဒုဂိုဏ်းချုပ်ဖန်က လှောင်ပြုံးပြုံး၍ သူ့လက်ကိုဆန့််ထုတ်လိုက်သည်။
"ဖျောင်း"
နောက်ထပ်လက်ဝါးတစ်ဘက် လေထဲတွင်ပေါ်လာပြီး ဒုဂိုဏ်းချုပ်ဖန်၏လက်ဝါးကို ပိတ်ဆို့သည်။
"ဒီလူကို ငါ့တာဝန်ထားလိုက်"
မြို့ထဲမှ သဏ္ဍာန်တစ်ခု ပျံတက်လာသည်။ အစာပိုင်းက ဒုဂိုဏ်းချုပ်ဖန်ကို အလစ်တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
တိုက်ခိုက်မှုအောင်မြင်ပြီးနောက် ကျန်သည့်ကိစ္စများကို သူဆက်မပါတော့။ ရထားသည့်အားလပ်ရက်ကို ချန်ကျန်းမြို့တော်တွင် ခံစားနေခဲ့သည်။ ယခုလိုအဖြစ်မျိုးကြုံရမည်ဟု သူလုံးဝထင်မထား။
သူသည် ဒုဂိုဏ်းချုပ်ထက် စွမ်းအားကြီးသော်လည်း ချက်ချင်းအနိုင်ယူနိုင်လောက်သည်ထိတော့မဟုတ်။
"သူတို့က နတ်ဝိညာဉ်အဆင့်သုံးယောက်တည်းပါ။ အတူတူတိုက်ကြမယ်ဟေ့"
ညနန်းဆောင်မှ နတ်ဝိညာဉ်အဆင့်လူသတ်သမားများက လုယန်တို့ကို သိပ်အထင်မကြီး။
ရွှေခန္ဓာက မြေထဲမှထိုးထွက်လာသည်။ လက်ဝါးတစ်ချက်က နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို အသေရိုက်သတ်သည်။ အသားပုံဘဝရောက်သွားသည်။
မုန်ကျင်းကျိုးက ခေါင်းသုံးလုံးလက်ခြောက်ဘက်ပုံစံအသွင်ပြောင်း၍ လူသတ်သမားအုပ်စုကြား မုန်တိုင်းတစ်ခုလို ပြေးဝင်သွားသည်။
လူသတ်သမားတစ်ယောက်က သူ့ကို နောက်ကျောဘက်မှ အလစ်တိုက်ခိုက်ရန်ကြိုးစားသည်။ သူ့ဓားမြှောင်က မုန်ကျင်းကျိုးအရေပြားကိုပင် မထိုးဖောက်နိုင်မှန်း သိလိုက်ရသည်။
"ဓားဆေးကန်"
လုယန် အော်ခေါ်လိုက်သည်။ ဓားဆေးကန်က သူ့မှော်လက်စါပ်ထဲမှ ပျံထွက်လာပြီး နတ်ဝိညာဉ်အဆင့်လူသတ်သမားတစ်ယောက်ကို ကြိတ်ချေသွားသည်။
ဓားရှည်နှစ်လက်က ဓားဆေးကန်ထဲမှရေကိုခါထုတ်၍ လုယန်ဘေးတွင် ကာကွယ်သူများပမာ ဝဲပျံနေသည်။
"ကိုယ်ပွား"
လုယန် ကိုယ်ပွားတစ်ခုခွဲလိုက်သည်။ တစ်ယောက်ကချင်ဖုန်းဓား နောက်တစ်ယောက်က မိန်ယွဲ့ဓားကိုင်သည်။ ဓားနှစ်လက်စွမ်းအားပေါင်းစပ်လိုက်သည်။ ဓားချီက မြေပြင်ကိုထိုးခွဲသွားသည်။
သူတို့အရောင်အဝါက အားလုံးကိုလွှမ်းခြုံသည်။ လူသတ်သမားများကို အစိတ်စိတ်ခုတ်ပိုင်းသည်။
ကျန်နေသည့်လူသတ်သမားများ ထိတ်လန့်တုန်လှုပ်သွားသည်။
ထိုသုံးယောက်သည် နတ်ဝိညာဉ်အဆင့်မဟုတ်သည်မှာ သေချာသည်။
*********************************