← Chapters

ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်

Vol. 45 Ch. 675

ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်

Vol. 45 Ch. 675

"အိပ်မက်လောကလား"

လေဟာနယ်အရှင် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ ပြိုင်ဘက်က သူ့အရိယဖလသန္ဓေနှင့် ဆင်တူနေသည်။

"မင်းက အိပ်မက်ဆိုးအဓိပဓိလား"

မဟာယုခေတ်၏ နောက်ဆုံးမသေမျိုးတစ်ဝက်ကျင့်ကြံသူဖြစ်၍ အိပ်မက်ဆိုးအဓိပဓိအကြောင်း သူသိသည်။

ထိုလူသည် အိပ်မကလောကအရှင်သခင်ဖြစ်သည်။ သူ့ရန်သူများသည် အလွန်တရာနာကျင်သည့်နည်းလမ်းမျိုးဖြင့် အိပ်ပျော်နေရင်း သေသွားကြသည်။

စစ်တပ်နှစ်ခု တိုက်ခိုက်သည့်အချိန်များရှိသည်။ ထိုအချိန်မျိုးတွင် သူက သန်းချီသည့်ရန်သူစစ်သည်တို့ကို အိပ်ပျော်ရင်းလမ်းလျှောက်သည့်အခြေအနေရောက်အောင် ထိန်းချုပ်ပြီး အချင်းချင်းသတ်ဖြတ်ခိုင်းသည်။

ရန်သူဘက်မှ စစ်သူကြီးများလည်း အိပ်ရင်းလမ်း‌လျှောက်နေသည့် သန်းချီသည့်စစ်သည်များအလယ်တွင် သေရသည်။

ပထမယုအင်ပါယာကို နိုင်ငံ့ဆရာကသာမကူညီခဲ့လျှင် အိပ်မက်ဆိုးအဓိပဓိကို အနိုင်ယူနိုင်ဖို့ မသေချာလှ။

အိပ်မက်ဆိုးက ပြန်မဖြေ။ အေးစက်သည့်သူ့အကြည့်က အဖြေဖြစ်သည်။

သူနိုးထပြီးနောက် မှော်အဆောင်များကို ဤနေရာတွင် ဖြန့်ခဲ့သည်။ သေမျိုးများ၏ အိပ်မက်များကို သိမ်းယူပြီး သူအိပ်မက်အရိယဖလသန္ဓေကို စွမ်းအားမြှင့်ခဲ့သည်။

အိပ်မက်အရိယဖလသန္ဓေ ပြည့်စုံလာဖို့ အိပ်မက်မျိုးစုံ စုစည်းဖို့လိုသည်။

မဟာချန်ခေတ်အဆုံးသတ်ချိန် ပထမယုအင်ပါယာကို သူရှုံးပြီးကတည်းက သူအိပ်စက်နေခဲ့သည်။ ခေတ်အမျိုးမျိုးတွင် သူနိုးထသည်။

ခေတ်တစ်ခုစီတွင် သီးခြားစရိုက်သဘာဝများရှိသဖြင့် အိပ်မက်မျိုးစုံဖန်တီးကြသည်။

ယနေ့ခေတ်၏အိပ်မက်များသည် သူ့အရိယဖလသန္ဓေကို များစွာအားဖြည့်ပေးသည်။ မသေမျိုးများဖန်တီးသည့် အမွှာမြစ်ကိုသာရလျှင် မသေမျိုးတစ်ဝက်များကြားတွင် သူ့ကိုဘယ်သူမှယှဉ်နိုင်မည်မဟုတ်။

ယခုလောလောဆယ် လေဟာနယ်အရှင်ကို အရင်ဆုံးရှင်းရမည်။

ရှီချန်းနှင့် မုန်ကျင်းကျိုးတို့ အိပ်မက်မက်သလိုဖြစ်နေသည့်အခြေအနေမှ နိုးထလာသည်။ ရှီချန်းက အိပ်မက်မှော်ပညာတတ်ထားသူဖြစ်၍ အရင်ဆုံးနိုးထသည်။

နိုးထလာသည်ဟုပြောခြင်းသည် သိပ်မတိကျ။ အိပ်မက်နယ်မြေမှ သူတို့မထါက်ရသေး။ လေဟာနယ်လောကနှင့် အိပ်မက်လောက တစ်ခုတည်းဖြစ်နေသည်။ 'အိပ်မက်တစ်ဝက်'အနေအထားဖြစ်သည်။

"ရှေးခေတ်မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်လား"

လုယန်မိတ်ဆက်ပေးသဖြင့် မုန်ကျင်းကျိုး အတော်အံ့ဩသွားသည်။ အခြေအနေက ပို၍ပြင်းထန်လာသည်။

မသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ပွဲကို အခွင့်ကောင်းယူ၍ ချီတစ်ခုအရှင်က မြို့တော်သခင်နှင့် အရာရှိများကို အချုပ်အနှောင်မှကယ်တင်၍ အခြေအနေရှင်းပြသည်။

အကြောင်းသိရပြီး‌နောက် မြို့တော်သခင် အသက်မရှူနိုင်အောင်ဖြစ်သွားသည်။

ချန်ကျန်းလို နေရာငယ်လေးတစ်ခုက မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်၏ တိုက်ပွဲနယ်မြေ ဘယ်လိုဖြစ်နိုင်မည်နည်း။

"အရှင်၊ ဘယ်သူနိုင်မယ်ထင်လဲ"

ချီတစ်ခုအရှင် ခေါင်းခါသည်။ အဓိပ္ပါယ်မရှိသည့်မေးခွန်းဖြစ်သည်။

"ဘယ်သူနိုင်နိုင် ငါတို့က သူတို့တိုက်ခိုက်နည်းတွေကို မြင်ပြီးသွားပြီ။ ဘယ်သူမှ ငါတို့ကို အသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူး။

အခု တစ်ခုတည်းသောအစီအစဉ်က သူတို့နှစ်ယောက်တိုက်ခိုက်လို့ အပြင်းအထန်ဒဏ်ရာရတဲ့အချိန်ကိုစောင့်ဖို့ပဲ။ ပြီးရင် ငါစွမ်းအားကုန်သုံးပြီး အငိုက်ဖမ်းတိုက်ခိုက်မယ်။

ဒါမှ အနိုင်ရနိုင်ခြေရှိတယ်"

"ဒါဆို အရှင့်ကိုပဲ ကျုပ်တို့အားကိုးပါတယ်"

မြို့တော်သခင် ချက်ချင်းကျေးဇူးတင်စကားဆိုသည်။

ဤကိစ္စသည် ချန်ကျန်းမြို့တော်၏ သန်းချီသည့်လူများ၏အသက်နှင့် ပတ်သက်နေသည်။

ချီတစ်ခုအရှင် ဘာမှပြန်မပြော။ လောလောဆယ် ပြောချင်စိတ်လဲမရှိ။

ထိုတာဝန် ဘယ်လာက်ခက်ခဲပြီး အောင်မြင်နိုင်ခြေဘယ်လောက်နည်းသည်ကို သူသာသိသည်။

ထိုမသေမျိုးတစ်ဝက်နှစ်ယောက်သည် သေရေးရှင်ရေးအခြေအနေများကို တိုက်ခိုက်ဖြတ်ကျော်ခဲ့သူများဖြစ်သည်။

သူတို့ရှုံးနိမ့်ခဲ့လျှင်ပင် ဘယ်သူကအနိုင်ယူခဲ့သည်ကို ထည့်သွင်းစဉ်းစားသင့်သည်။

တိုက်ပွဲအတွေ့အကြုံက ကြက်သီးထလောက်အောင် များလွန်းသည်။ သူတို့ကို ဒဏ်ရာရအောင်တိုက်ခိုက်ပြီး အားနည်းချက်ပေါ်အောင်လုပ်နိုင်ဖို့အခွင့်အရေးက နည်းပါးလွန်းသည်။

သို့သော် ဘယ်လိုဖြစ်ဖြစ် ကြိုးစားကြည့်ရုံသာရှိသည်။

"အေးခဲမယ်"

လေဟာနယ်အရှင်ဖန်တီးလိုက်သည် လေဟာနယ်ဝဲကတော့က အိပ်မက်ဆိုး၏ စကားတစ်ခွန်းကြောင့် ရပ်တန့်သွားသည်။ လေဟာနယ်အေးခဲသွားသည်။ အချိန်ရပ်တန့်သွားသလိုရှိသည်။

လေဟာနယ်၏ ထိုးခွဲလာသည့်စွမ်းအား ပျောက်ကွယ်သွားသည်။

သူသည် အိပ်မက်လောကအရှင်သခင်ဖြစ်သည်။ အိပ်မက်နယ်မြေထဲတွင် စကားလုံးမှော်ပညာအစွမ်းမျိုး ရထားသည်။

လေဟာနယ်အရှင်ဖန်တီးသည် မှော်လက်နက်တစ်ရာနီးပါးကို သူလည်း ဖန်တီးနိုင်သည်။

"ဖန်တီးမယ်"

သူ့နောက်ဘက်တွင်လည်း မှော်လက်နက်တစ်ရာနီးပါး ပေါ်လာသည်။ မှော်လက်နက်များချင်း လေထဲတွင် တိုက်ခိုက်ကြသည်။ ဖြစ်ပေါ်လာသည့် အသံအားလှိုင်းကြောင့် လေထုတုန်ခါနေသည်။

"မိုးမြေနိယာမ"

"မိုးမြေနိယာမ'

နှစ်ယောက်လုံး မိုးမြေနိယားမစွမ်အားကို ပြိုင်တူထုတ်သုံးသည်။ သူတို့ဦးခေါင်းက ကောင်းကင်တွင်ရှိသည်။ သူတို့ခြေထောက်များက မြေပြင်ပေါ်မြဲမြဲရပ်ထားသည်။ မှော်စွမ်းအင်မျိုးစုံကို ဖျက်ဆီးနိုင်သည့် မသေမျိုးလက်နက်များရှိနေသည်။

အိပ်မက်ဆိုးသည် တကယ်နာမည်ကျော်သည်။ သို့သော် လေဟာနယ်အရှင်သည်လည်း သာမန်လူမဟုတ်။

လွန်ခဲ့သည့်နှစ်တစ်သိန်းက ကျန်းနှင့်မုန်မိသားစုများသာ ပူးပေါင်းတိုက်ခိုက်ခြင်းမပြုခဲ့လျှင် လက်ရှိခေတ်ဤလောကကို ဘယ်သူအုပ်စိုးနေမည်ဆိုသည်မှာ မသေချာလှ။

"ရောဂါကပ်ဆိုး။ ကောင်းကင်နှင့်လူ ပျက်စီးခြင်းငါးပါး"

အိပ်မက်ဆိုး ရက်စက်သည့်ကျိန်စာပညာတစ်ခု သုံးလိုက်သည်။

အိပ်မက်နယ်မြေတွင်သာ သုံးနိုင်သည့် မှော်ပညာတစ်ခုဖြစ်သည်။

မသေမျိုးမဖြစ်သေးသမျှ ဘယ်ကျင့်ကြံသူမှ ကောင်းကင်နှင့်လူပျက်စီးခြင်းငါးပါးကို မလွန်မြောက်နိုင်။ (**အို၊နာ၊သေ ဒုက္ခမျိုးဖြစ်ပါသည်။ အသေးစိတ်ဖော်ပြချက်မပါပါ)

သက်တမ်းဘယ်လောက်ရှည်သည်ဖြစ်စေ ကောင်းကင်သို့ဘယ်လောက်တက်နိုင်သည်ဖြစ်စေ နောက်ဆုံးတွင် ပျက်စီးခြင်းငါးပါးဒဏ်ကို ခံရမည်။ အချိန်စွမ်းအားကို မလွန်ဆန်နိုင်။

ချက်ချင်းဆိုသလိုပင် လေဟာနယ်အရှင်က ဆံဖြူအဘိုးအိုတစ်ယောက်အသွင်ပြောင်းသွားသည်။ ခါးကုန်းလာသည်။ သူ့ကိုယ်မှ အနံ့ဆိုးတစ်ခုထွက်လာသည်။

သူ့ဘေးပတ်လည်တွင် ညည်းတွားနေသည့်ဝိညာဉ်များစွာ ပေါ်လာသည်။ အရေအတွက်များလွန်းသဖြင့် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသည်။ ထိုဝိညာဉ်များသည် သူ့ဘဝတစ်လျှောက် သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့သူတို့၏ ဝိညာဉ်ဖြစ်သည်။

"ကပ်ဆိုးတွေကို ကြားခံနဲ့ အစားထိုး၊ ဒုက္ခတွေအားလုံး ကင်းကွာမယ်"

လေဟာနယ်အရှင်၏လက်ထဲတွင် လက်ဝါးအရွယ် ကောက်ရိုးအရုပ်တစ်ခုပေါ်လာသည်။

ဆံချဉ်မျှဉ်တစ်ခု အရုပ်တွင်ပတ်လိုက်သည်။ ကောက်ရိုးအရုပ်မီးလောင်ပြာကျသွားသည်။

လေဟာနယ်အရှင် မူလအသွင်ပြန်ဖြစ်လာသည်။ မရေမတွက်နိုင်သည့် နာကျည်းဝိညာဉ်များက အနက်ရောင်မိုးစက်များအဖြစ်ပြောင်း၍ ကျဆင်းလာသည်။

ကောက်ရိုးလူသားအစားထိုးပညာသည် မသေမျိုးအဆင့်တက် ကောင်းကင်ဆင်းရဲ (သို့မဟုတ်) မသေမျိုးကပ်ဆိုးမျိုးနှင့်မကြုံလျှင် ထိုကောက်ရိုးလူသားက အသက်တစ်ချောင်းကိုကယ်နိုင်သည်။

"မသေမျိုးမိုးကြိုးနဲ့ ကျိုင်းကောင်တွေကိုချေဖျက်၊ လူသားလောကကို သန့်ရှင်းမယ်"

ခရမ်းပြာ မသေမျိုးမိုးကြိုး လောကသို့ဆင်းလာသည်။ မသေမျိုးမိုးကြိုးအစစ်ထက် တစ်ဆင့်သာနိမ့်သည်။

သက်ရှိအားလုံးဝိညာဉ်အားလုံး ကောင်းကင်မိုးကြိုးရှေ့မှောက်တွင် ကျိုင်းကောင်များလိုသာဖြစ်သည်။ ပိုးမွှားအုပ်သာဖြစ်သည်။ မထင်မရှား အားအင်ချိနဲ့သည့်အရာများသာဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ချီတစ်ခုအရှင် ကြက်သီးထသွားသည်။

ထိုအဆင့်မိုးကြိုးနှင့် ရင်ဆိုင်ရလျှင် သူ့ကိုယ်သူပင် ကာကွယ်နိုင်မည်မဟုတ်။

မသေလျှင်ပင် ဒဏ်ရာအပြင်းအထန်ရပေလိမ့်မည်။

"သစ်ခြောက်ပင် နွေဦးနှင့်ဆုံ၊ နွေဦးက ကမ္ဘာမြေသို့ပြန်"

ခြေတစ်လှမ်းတိုးလိုက်သည်နှင့် အိပ်မက်ဆိုးခြေထောက်အောက်မှ အမြစ်မပါသည့် သစ်ပင်ကြီးတစ်ခု ဆန့်ထွက်လာသည်။

အကိုင်းအခက်များ လှုပ်ရှားနေသည်။ အချိန်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။

ခရမ်းပြာမသေမျိုးမိုးကြိုး တဖြေးဖြေးကျုံ့ဝင်၍ ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကိုကြည့်၍ နတ်မယ်ရယ်နေသည်။

"မသေမျိုးမဖြစ်ကြသေးခင်မှာ ယင်ထန်နဲ့အချိန်(မသေမျိုး)က အဲလိုတိုက်ခိုက်ခဲ့ကြတာ။ ယင်ထန်က မိုးကြိုးနဲ့တိုက်ခိုက်တော့ အချိန်မသေမျိုးက အချိန်ကို နောက်ပြန်ဆုတ်လိုက်တယ်။

ဘာမိုးကြိုးမှ ဆင်းမလာနိုင်ဘူး။ ယင်ထန်က သေမတတ်ဒေါသထွက်တယ်လေ"

နတ်မယ်ပြောသည့်တိုက်ပွဲအကြောင်း သမိုင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသည်။ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မဟာချန်ခေတ်က ထိုကျမ်းများတကယ်ရှိခဲ့သည်။

ထိုတိုက်ပွဲအကြောင်းသိထားသဖြင့် အိပ်မက်ဆိုးက ဤနည်းလမ်းဖြင့် တုံ့ပြန်ခြင်းဖြစ်သည်။

လေဟာနယ်လောကနှင့် အိပ်မက်လောကတွင် သူတို့တိုက်ခိုက်နည်းများက အဆုံးမရှိသလိုပင်ဖြစ်သည်။ မသေမျိုးအဆင့်အောက်မှ ဘယ်နည်းလမ်းမဆို သုံးနိုင်သည်။

မီးတောက်စစ်တစ်ရာ့ရှစ်မျိုးကို သူတို့ဖန်တီးနိုင်သည်။ လေဟာနယ်ကို ဖျက်ဆီးနိုင်သည်။ အသုံးပြုနိုင်သည့် နတ်စွမ်းရည်များက မရေမတွက်နိုင်လောက်အောင်များလွန်းသည်။

အသုံးချနိုင်သည့်နည်းလမ်းများ တူနေသောကြောင့်လည်း အနိုင်အရှုံးမကွဲပြာဘဲ တိုက်ပွဲကြန့်ကြာနေခြင်းဖြစ်သည်။

မုန်ကျင်းကျိုး အတော်စိုးရိမ်လာသည်။

"လောင်လု၊ ဘယ်သူနိုင်မယ်ထင်လဲ"

လုယန်ခေါင်းခါသည်။

"အနိုင်အရှုံးဆုံးဖြတ်ရမှာက သူတို့မဟုတ်ဘူး"

"ဘာကိုပြောတာလဲ"

လုယန်ဘာမှမပြောဘဲ ဦးခေါင်းအထက် ဘာမှမရှိသည့်နေရာဆီသာ လက်ညှိုးထိုးပြသည်။

အစောပိုင်းက အိပ်မက်ဆိုးအဓိပဓိ လေဟာနယ်လောကသို့ ချိုးဖျက်ဝင်ချိန်တွင် အက်ကြောင်းတစ်ခုပေါ်လာသည်။ အပြင်လောကနှင့် ခဏတာချိတ်ဆက်သွားသည်။

လုယန်က ထိုအခွင့်အရေးကို အသုံးချခဲ့သည်။

ရုတ်တရက် နှစ်ဘက်လုံး ပြိုင်တူတိုက်ပွဲရပ်သွားသည်။

လေဟာနယ်လောကနှင့် အိပ်မက်လောကတို့ အပြင်ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားသော်လည်း ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို သူတို့ရလိုက်သည်။ ကြောက်စရာဖြစ်တည်မှုတစ်ခု လျင်မြန်စွာချဉ်းကပ်လာနေသလို ခံစားရသည်။

"ဖျောင်း"

သူတို့ဦးခေါင်းအထက် အနက်ရောင်လေဟာနယ်တွင် လူတစ်ကိုယ်စာအက်ကြောင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။

လေဟာနယ်အရှင် မျက်လုံးပြူးသွားသည်။ အိပ်မက်ဆိုးကျူးကျော်လာစဉ်က လေဟာနယ်လောကကို တစ်ဘက်လူတိုက်ခိုက်နေမှန်း အာရုံခံမိသည်။ ဤတစ်ကြိမ် သူဘာမှအာရုံမခံမိဘဲ အက်ကြောင်းပေါ်လာခြင်းဖြစ်သည်။

လေဟာနယ်လောက အိပ်မက်လောက၏နံရံများက ပုံရိပ်တစ်ခုလိုဖြစ်နေသလားမသိ။ စက္ကူဆုတ်ဖြဲသလို လွယ်ကူလွန်းနေသည်။

လှပသည့်သဏ္ဌာန်တစ်ခု အက်ကြောင်းထဲမှ အေးအေးလူလူဝင်လာသည်။ အက်ကြောင်းက အတော်ကြာအောင် ပြန်စေ့မသွား။

မျက်နှာကအေးစက်သည်။ ခံစားချက်အရိပ်အယောင် လုံးဝမရှိ။

ရှေးဟောင်းမသေမျိုးတစ်ဝက်နှစ်ယောက်ကို ရှိသည်ဟုပင် သဘောထားပုံမပေါ်။

အောက်ဘက်မှ လုယန်ကိုမြင်သည်နှင့် သူ့မျက်နှာနည်းနည်းပျော့ပျောင်းသွားသည်။ သို့သော် ချက်ချင်းနဂိုပုံစံအတိုင်း ပြန်ဖြစ်လာသည်။

"မင်းဘယ်သူလဲ"

အိပ်မက်ဆိုး ထိုမိန်းကလေးကို သတိဖြင့်ကြည့်နေသည်။

ထိုမိန်းကလေးကို သူမသိ။

မိန်းကလေးက သူတို့နှစ်ယောက်ကို လှမ်းကြည့်သည်။ သူ့လေသံက တည်ငြိမ်သည်။ အတက်အကျမရှိ။ မိုးမြေပျက်စီးလျှင်ပင် သူစိတ်လှုပ်ရှားမည့်ပုံမပေါ်။

"ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ယွမ်မုန်မုန်"

*****************************

All Chapters